Treat With Me

Treat With Me Building The Better Lives

အနုပညာနဲ့ နှလုံးသားတို့ပေါင်းစည်းမှုကို အထူးအလေးထားတဲ့ "Hearts in Harmony" Art Exhibition နှလုံးသားတို့နီးကြဖို့ အနုပညာပ...
12/12/2025

အနုပညာနဲ့ နှလုံးသားတို့ပေါင်းစည်းမှုကို အထူးအလေးထားတဲ့ "Hearts in Harmony" Art Exhibition နှလုံးသားတို့နီးကြဖို့ အနုပညာပြပွဲဟာ ၂၀၂၅ ခုနှစ်အတွက် အောင်မြင်စွာ ကျင်းပပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ဒီပြပွဲမှာ တက်ရောက်လာသူ တစ်ဦးချင်းစီရဲ့ အာရုံငါးပါးနဲ့ ခံစားမှုတွေ၊ ပါဝင်ကူညီစီစဉ်ပေးသူ တစ်ဦးချင်းစီရဲ့ စိတ်စေတနာအပြည့်နဲ့ အားထုတ်မှုတွေက ပြပွဲရဲ့ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းအဓိပ္ပာယ်ရှိအောင် ဖော်ပြပေးနိုင်ခဲ့ကြပါတယ်။

Together With Me Group အောက်ရှိ Treat With Me၊ Talk With Me၊ Transform With Me တို့နဲ့အတူ မိတ်ဖက်အဖွဲ့ Future Bridge Initiative တို့ပူးပေါင်းပြီး စီစဉ်ခဲ့တဲ့ ဒီပြပွဲဟာ စားသုံးသူရေးရာ၊ မျိုးဆက်ပွားကျန်းမာရေး၊ ဂျဲန်ဒါတန်းတူညီမျှမှု၊ စိတ်ကျန်းမာရေး၊ မိဘအုပ်ထိန်းမှုနယ်ပယ်များအပေါ် အနုပညာနဲ့ လူမှုရေးအမြင်တွေကို တပြိုင်တည်း ဖော်ပြနိုင်ခဲ့ကြပါတယ်။

Together With Me Group အဖွဲ့အစည်းအနေနဲ့ ပြပွဲအောင်မြင်မှုအတွက် ပါဝင်အားဖြည့်ပေးသူတိုင်းကို နွေးထွေးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် Treat With Me ကလှုပ်ရှား လုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍအပါအဝင် သက်ဆိုင်ရာ လူ့အခွင့်အရေးကဏ္ဍတိုင်းမှာ ပိုမိုအားထည့် ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိကိုလဲ တရားဝင်ထပ်လောင်းအတည်ပြုပြောကြားရင်း ပကတိပန်းတိုင်များဆီသို့ ဆက်လက်ချီတက်လျက်ရှိကြကြောင်း အသိပေးအပ်ပါတယ်။


#နှလုံးသားတို့နီးကြဖို့





#တသားတည်း

"Hearts in Harmony" Art Exhibition🖌️"နှလုံးသားတို့ နီးကြဖို့" အနုပညာပြပွဲဒီအနုပညာပြပွဲဟာဆိုရင်တော့ With Me Foundation အေ...
06/12/2025

"Hearts in Harmony" Art Exhibition🖌️
"နှလုံးသားတို့ နီးကြဖို့" အနုပညာပြပွဲ

ဒီအနုပညာပြပွဲဟာဆိုရင်တော့ With Me Foundation အောက်ကနေ သီးခြားရပ်တည် လည်ပတ်နေကြတဲ့ Treat With Me - ကိုယ်ကျန်းမာရေး ကူညီပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်း၊ Talk With Me - စိတ်ကျန်းမာရေး ကူညီပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်း၊ Transform With Me - ငြိမ်းချမ်းရေးနှင့် ရေရှည်ပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်းတို့ကနေ နှစ်စဉ် ပူးပေါင်းစီစဉ် ပြုလုပ်ကျင်းပတဲ့ နေကျအနုပညာပြပွဲ တစ်ခုပဲဖြစ်ပြီး ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ မိတ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Bridge Initiative အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းစီစဉ်ပြုလုပ်ဖြစ်ပါတယ်။

ကျွန်မတို့ လူသားတွေမှာ နှလုံးသားတွေကိုယ်စီရှိကြပါတယ်။ ဒီနှလုံးသားလေးတွေ တစ်ခုနှင့်တစ်ခု နီးစပ်ကြမယ်ဆိုရင် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှု‌တွေ၊ မပြေလည်မှုတွေဟာ အထိုက်အလျောက် လျော့ပါးသွားမှာဖြစ်ပြီး လူသားတစ်ယောက်ချင်းစီရဲ့ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံတဲ့ နေပျော်တဲ့ဘဝကို ရရှိပိုင်ဆိုင်‌နိုင်မှာ ဖြစ်ပါတယ်။ ဒီလို နှလုံးသားချင်း နီးဖို့အတွက် ကျွန်မတို့ စီစဉ်တဲ့ အခုပြပွဲလေးက တံတားလေး တစ်စင်း ဖြစ်ပါရစေ။

ဒီလို အဓိပ္ပာယ်လေးနဲ့ပဲ ကျွန်မတို့ ပြပွဲရဲ့ အမည်ကို "နှလုံးသားတို့ နီးကြဖို့ - Hearts in Harmony "လို့ အမည်ပေးထားပါတယ်။
ဒီတစ်ခေါက် အနုပညာပြပွဲလေးရဲ့ Themes အနေနဲ့ ပြသသွားမဲ့ နယ်ပယ်တချို့ကို ဖော်ပြပါရစေ။ ဒီနယ်ပယ်တွေကတော့
✓စားသုံးသူရေးရာတရားမျှတမှုနှင့် အကာအကွယ်ရရှိမှု (Consumers Justice and Protection)
✓မျိုးဆက်ပွားကျန်းမာရေးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ နယ်ပယ် (CSE and HIV/AIDS)၊
✓ဂျဲန်ဒါ ရေးရာ တန်းတူညီမျှမှုနှင့် လူမှုရေးရာ ထည့်သွင်းပါဝင်မှုဆိုင်ရာ နယ်ပယ် (Gender Equality and Social Inclusion)၊
✓စိတ်ကျန်းမာရေးဆိုင်ရာ နယ်ပယ် (Mental Health)၊
✓မျိုးဆက်ကွာဟမှု (Generation Gap) နှင့် မိဘအုပ်ထိန်းမှုဆိုင်ရာ နယ်ပယ် (Parenting) တို့ကို အဓိကထား ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဒီအနုပညာပြပွဲမှာ သက်ဆိုင်ရာ ပြပွဲရဲ့ Themes များအောက်ကနေ မတူညီသော ပန်းချီ အနုပညာလက်ရာများ၊ ပေါင်းစပ် ပုံဖော်ထားသော ရုပ်ဝတ္ထု အနုပညာ လက်ရာများ၊ ကဗျာနှင့် သံချပ်ရွတ်ဖတ်မှုများ၊ စကားဝိုင်းများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်သွားမှာ ဖြစ်တဲ့အတွက် မတူညီတဲ့ အနုပညာလက်ရာတွေကို မိမိရဲ့ အာရုံငါးပါး အပြည့်အဝ အသုံးချပြီး လာရောက် ခံစားဖို့အတွက် နွေးထွေး လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ရပါတယ်။

လာရောက်ကြည့်ရှုခံစားရန် စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါ စိတ်ဝင်စားမှုဖော်ပြချက်ဖောင်ကို ကြိုတင်ဖြည့်ထားနိုင်ကြောင်း အသိပေးအပ်ပါတယ်။ ဖောင်ဖြည့်စွက်ထားခြင်းကြောင့် ပြပွဲနီးကပ်ချိန်မှာ ဖုန်းSMS ဖြင့် သတိတရလှမ်းအသိပေးနိုင်ခြင်း၊ နောင်ပြပွဲများအတွက် Email မှတဆင့် အကြောင်းကြားဆက်သွယ်ချိတ်ဆက်နိုင်ခြင်းတို့ကို ပြပွဲစီစဉ်သူများဘက်မှ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

💥ပြပွဲတက်ရောက်ရန် စိတ်ဝင်စားဖော်ပြခြင်းဖောင် -
https://docs.google.com/forms/d/e/1FAIpQLSfeygLdoMLdNnQKXOcGKvepcgdMpko8Ou5S4_uWP4e3awVjag/viewform?usp=publish-editor

🔗Event Name - "Hearts in Harmony" Art Exhibition (နှလုံးသားတို့နီးကြဖို့)

🔗Event Date - 10.12.2025 (Wednesday)

🔗Event Time - 9:30 AM to 12:30 PM

🔗Event Location - PBS Training Center, G 103&105, Ground Floor, Diamond Tower, Corner of Pyay Road and Nar Nat Taw Road, Kamaryut Tsp, Yangon, Myanmar.


#နှလုံးသားတို့နီးကြဖို့






#တသားတည်း

"Hearts in Harmony" "နှလုံးသားတို့ နီးကြဖို့" အနုပညာပြပွဲ ၂၀၂၅ ခုနှစ် အတွက် အနုပညာဖန်တီးမှုအား ဖိတ်ခေါ်ခြင်း 🎨ဒီအနုပညာပြ...
06/12/2025

"Hearts in Harmony" "နှလုံးသားတို့ နီးကြဖို့" အနုပညာပြပွဲ ၂၀၂၅ ခုနှစ် အတွက် အနုပညာဖန်တီးမှုအား ဖိတ်ခေါ်ခြင်း 🎨

ဒီအနုပညာပြပွဲဟာဆိုရင်တော့ With Me Foundation အနေနဲ့ အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ် ပြုလုပ်ကျင်းပနေကျ အနုပညာပြပွဲ တစ်ခုဖြစ်ပြီး ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ Future Bridge Initiative နဲ့အတူ ပူးတွဲစီစဉ်တင်ဆက်တာဖြစ်ပါတယ်။

ဒီပြပွဲမှာ ပြပွဲရဲ့ ဆိုလိုရင်းနဲ့ လိုက်ဖက်ကိုက်ညီတဲ့ အနုပညာဖန်တီးမှုလက်ရာတွေကို မေတ္တာနဲ့ ပြသဖို့အတွက် အနုပညာရှင် Artist များကို လေးစားချစ်ခင်စွာ ဖိတ်ခေါ်ချင်ပါတယ်။

ကျွန်မတို့ လူသားတွေမှာ နှလုံးသားတွေကိုယ်စီရှိကြပါတယ်။ ဒီနှလုံးသားလေးတွေ တစ်ခုနှင့်တစ်ခု နီးစပ်ကြမယ်ဆိုရင် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှု‌တွေ၊ မပြေလည်မှုတွေဟာ အထိုက်အလျောက် လျော့ပါးသွားမှာဖြစ်ပြီး လူသားတစ်ယောက်ချင်းစီရဲ့ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံတဲ့ နေပျော်တဲ့ဘဝကို ရရှိပိုင်ဆိုင်‌နိုင်မှာ ဖြစ်ပါတယ်။ ဒီလို နှလုံးသားချင်း နီးဖို့အတွက် ကျွန်မတို့ စီစဉ်တဲ့ အခုပြပွဲလေးက တံတားလေး တစ်စင်း ဖြစ်ပါရစေ။

အထက်ဖော်ပြပါ အဓိပ္ပာယ်ဂုဏ်သတ္တိများနဲ့အတူ ကျွန်မတို့ ပြပွဲရဲ့ အမည်ကို "နှလုံးသားတို့ နီးကြဖို့ - Hearts in Harmony "လို့ အမည်ပေးထားပြီး လူသားတွေမှာ ကိုယ်စီရှိကြတဲ့ နှလုံးသားတွေတစ်ခုနဲ့တစ်ခု နီးနီးစပ်စပ်ရှိကြခြင်းအားဖြင့် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှု‌တွေ၊ မပြေလည်မှုတွေ အထိုက်အလျောက် လျော့ပါးစေဖို့နဲ့ မည်သည့်လုပ်ငန်းနယ်ပယ်မှာမဆို စားသုံးသူကို ဗဟိုပြုတဲ့ ကိုယ်ချင်းစာတရားအခြေခံသော အခင်းအကျင်းကို ပေါ်ပေါက်စေလိုတဲ့ အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။

အထူးသဖြင့် အောက်ပါနယ်ပယ်များမှာ နှလုံးသားချင်း နီးစပ်ခြင်းဖြင့် လူသားတစ်ယောက်ချင်းစီရဲ့ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံတဲ့ နေပျော်တဲ့ဘဝဖန်တီးပုံဖော်နိုင်စေချင်တာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက် အနုပညာပြပွဲလေးရဲ့ Themes အနေနဲ့......
✓စားသုံးသူရေးရာတရားမျှတမှုနှင့် အကာအကွယ်ရရှိမှု (Consumers Justice and Protection)
✓မျိုးဆက်ပွားကျန်းမာရေးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ နယ်ပယ် (CSE and HIV/AIDS)၊
✓ဂျဲန်ဒါ ရေးရာ တန်းတူညီမျှမှုနှင့် လူမှုရေးရာ ထည့်သွင်းပါဝင်မှုဆိုင်ရာ နယ်ပယ် (Gender Equality and Social Inclusion)၊
✓စိတ်ကျန်းမာရေးဆိုင်ရာ နယ်ပယ် (Mental Health)၊
✓မျိုးဆက်ကွာဟမှု (Generation Gap) နှင့် မိဘအုပ်ထိန်းမှုဆိုင်ရာ နယ်ပယ် (Parenting) တို့ကို အဓိကထား ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဒီအနုပညာပြပွဲမှာ သက်ဆိုင်ရာ ပြပွဲရဲ့ Themes များအောက်ကနေ မတူညီသော ပန်းချီ အနုပညာလက်ရာများ၊ ပေါင်းစပ် ပုံဖော်ထားသော ရုပ်ဝတ္ထု အနုပညာ လက်ရာများ၊ ကဗျာနှင့် သံချပ်ရွတ်ဖတ်မှုများ၊ စကားဝိုင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းစီစဥ်သွားမှာ ဖြစ်တဲ့အတွက် မတူညီတဲ့ အနုပညာလက်ရာတွေကို လူငယ်များနဲ့ လူတန်းစာအလွှာအစုံ ကြည့်ရှုခံစားနိုင်စေဖို့ အနုပညာဖန်တီးမှုများဖြစ်တဲ့ ပန်းချီ၊ ပေါင်းစပ်ပုံဖော်ထားတဲ့ ရုပ်လုံးကြွအနုပညာများကို အဓိကထား လာရောက်ပြသနိုင်ကြောင်း သတင်းကောင်းပါးရင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ရှင်။

ပေးပို့ရန် နောက်ဆုံးရက်အနေနဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ကို သတ်မှတ်ထားပြီး ပွဲအချက်အလက်များကိုလည်းဖော်ပြလိုက်ရပါတယ်။

🔗Event Name - "Hearts in Harmony" Art Exhibition (နှလုံးသားတို့နီးကြဖို့)

🔗Event Date - 10.12.2025

🔗Event Time - 9:30 AM to 12:30 PM

🔗Event Location - PBS Training Center, G 103&105, Ground Floor, Diamond Tower, Corner of Pyay Road and Nar Nat Taw Road, Kamaryut Tsp, Yangon, Myanmar.


ပါဝင်ပြသမည့် အနုပညာဖန်တီးသူများအနေဖြင့် စိတ်ဝင်စားမှုနှင့် သဘောတူညီမှုဖောင်ကို ဖြည့်သွင်းပေးရန် လိုအပ်မှာဖြစ်ပြီး အောက်ပါ အချက်အလက်များကိုလည်း ကြိုတင်အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

၁။ ပြပွဲတွင် ပြသမည့် အနုပညာဖန်တီးမှုများသည် ဖန်တီးသူများဘက်မှ မေတ္တာဖြင့် (အခမဲ့) ကူညီပြသသွားရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်စေအပ်ပါသည်။

၂။ အောက်ပါ အချက်များသည် ပြပွဲစီစဉ်သူများဘက်မှ အနုပညာဖန်တီးသူများအပေါ် လုပ်ဆောင်ပေးမည့်အရာများဖြစ်ကြောင်း ရှင်းလင်းစွာသိရှိပြီး ဖြစ်စေအပ်ပါသည်။

- ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊
- ပြပွဲအတွင်း ရိုက်ကူးသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများကို ပြန်လည်ပေးခြင်း၊
- ရုပ်သံမှတ်တမ်းတွင်း ကျေးဇူးတင်လွှာတွင် အမည်ထည့်သွင်းရေးသားဂုဏ်ပြုခြင်း၊
- အနုပညာရှင်အမည်များအား စင်မြင့်ထက်မှတဆင့် ကျေးဇူးတင်လွှာ ဖတ်ကြားကြေညာဂုဏ်ပြုခြင်း တို့အားစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။ ပါဝင်ပြသမည့် အနုပညာဖန်တီးမှုတစ်ခုချင်း အတွက် ဖန်တီးမှု အမည်၊ ဖန်တီးမှုအမျိုးအစား (ဥပမာ-ပန်းချီ၊ ကာတွန်း၊ သုံးဘက်မြင်ရုပ်စုံ စသည်)၊ အရွယ်အစား၊ ရောင်းချပါက ဈေးနှုန်း၊ အသေးစိတ်ဖော်ပြချက် တို့ကို ရေးသားပေးပါရန် မေတ္တာရပ်ခံပါသည်။
(အသေးစိတ်ဖော်ပြချက် မပါဝင်ပါက ပြပွဲစ္စဉ်သူများဘက်မှ "ကြည့်ရှုသူ၏ခံစားမှုဖော်ပြချက်" ဖြင့် Details Description ကိုဖော်ပြသွားမည်ဖြစ်ကြောင်း ခွင့်တောင်းအပ်ပါသည်။)

၄။ ပြပွဲလာရောက်ကြည့်ရှုသူများအား ရောင်းချလိုပါက မိမိကိုယ်ပိုင်ဈေးနှင့်တကွ ရောင်းချနိုင်ပြီး ဖန်တီးမှု ပစ္စည်းအား ပြပွဲပြီးမှသာ ယူဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရှိပြီးဖြစ်ပါသည်။

အထက်ပါအချက်များကို သဘောတူညီပြီးပါက အောက်ပါဖောင်အတွင်း ဖြည့်သွင်း၍ အနုပညာဖန်တီးသူများ၏ ဖန်တီးမှုများအား ပြပွဲအတွင်း အကောင်းဆုံးထားရှိပြသနိုင်ဖို့ ချိတ်ဆက်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

💥Open Call Form for Artists (Hearts in Harmony Art Exhibition 2025)

https://docs.google.com/forms/d/e/1FAIpQLSdj5LHllzExWnMQxCmF-I7mwxgBarLYakofWnIbENQmaUvxug/viewform?usp=dialog

💥အသေးစိတ်ဆက်သွယ်မေးမြန်နိုင်ရန် တာဝန်ခံအမည်နှင့် ဖုန်းနံပါတ် - မနော်မိုးပြည့်ပြည့်အောင် (09766259795)

💥ပေးပို့ရန်လိပ်စာ - အမှတ်(၆၆၄/ခ)၊ ဒုတိယထပ်၊ ဝရုဏာ(၄)လမ်း(အထက် ဘလောက်)၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

အနုပညာဖန်တီးသူတဦးချင်းစီမှ ပေးပို့လာမည့် အနုပညာဖန်တီးမှုလက်ရာ တစ်ခုချင်းစီသည် ပြပွဲဖြစ်မြောက်ရေးနှင့် ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင့် ပြပွဲစီစဉ်သူများဘက်မှ အပြည့်အဝယုံကြည်ပါသည်။ တချိန်တည်းမှာလည်း အနုပညာဖန်တီးမှုလက်ရာ တစ်ခုချင်းစီကို တန်ဖိုးထားမြတ်နိုး ဂုဏ်ယူစွာပြသသွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။

အနုပညာဖန်တီးသူများအား ပါဝင်ပူးပေါင်းကူညီပေးပါရန် နွေးထွေးစွာဖိတ်ခေါ်လျက်......


#နှလုံးသားတို့နီးကြဖို့






#တသားတည်း

03/12/2025

Together With Me Group နှင့် Treat With Me ၏ Founder နှင့် Chief Visionary Officer ဖြစ်သူ ကိုမျိုးမင်းသူ၏ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် အထူးအမှာစကား။
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။)

Special Message from Mr. Myo Min Thu, Founder and Chief Visionary Officer of Treat With Me and Together With Me Group, on the occasion of the International Day of Persons with Disabilities
(3 December 2025)


🩺 အနှောင့်အယှက်များကို ကျော်ကာဖြတ်၊ တုံ့ပြန်မှုဖြင့် ရှေ့သို့ဆက်။ 🎗️လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် အေအ...
01/12/2025

🩺 အနှောင့်အယှက်များကို ကျော်ကာဖြတ်၊ တုံ့ပြန်မှုဖြင့် ရှေ့သို့ဆက်။ 🎗️

လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် အေအိုင်ဒီအက်စ်ရောဂါ ကင်းစင်သည့် အနာဂတ်ဆီသို့ (Treat With Me)

​Today is !
​ယနေ့သည် ကမ္ဘာ့ အေအိုင်ဒီအက်စ်ရောဂါ ကင်းစင်ရေးနေ့ ဖြစ်ပါသည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တိုးတက်မှုများ ရရှိပြီးနောက်တွင် AIDS ရောဂါကင်းစင်သည့် အနာဂတ်တစ်ခုသည် ကျွန်ုပ်တို့ လက်တစ်ကမ်း၌ ရှိနေပြီဖြစ်သည်။
​UNAIDS ၏ ထုတ်ပြန်ချက်အရ HIV ကူးစက်ခံရမှုသည် ကမ္ဘာတဝန်းတွင် ကျဆင်းခဲ့ပြီး HIV ရောဂါပိုးရှိသူများ၏ ၇၅ ရာခိုင်နှုန်းကျော်သည် လက်ရှိတွင် Antiretroviral Therapy (ART) ကုသမှုများကို ရယူနေကြပြီဖြစ်သည်။ (Ref: UNAIDS Global AIDS Update 2025)

၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း အိတ်ချ်အိုင်ဗီ ရောဂါပိုးရှိသူ စုစုပေါင်း ခန့်မှန်းခြေ ၄၀.၈ သန်းရှိပြီး AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးကြီးသည့် စိန်ခေါ်မှု ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
​​၂၀၂၄ ခုနှစ်တွင် လူပေါင်း ၂၅.၆ သန်းသည် HIV အတွက် ART ကုသမှု ခံယူနေကြပါသည်။ (Ref: The Global Fund)

​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ၂၀၃၀ ပြည့်နှစ်တွင် AIDS ရောဂါ ကင်းစင်ရေး ပန်းတိုင်ကို သတ်မှတ်ထားပြီး ၎င်းပန်းတိုင်ရောက်ရှိရန်အတွက် ၉၅-၉၅-၉၅ ပန်းတိုင်များ (ရောဂါသိရှိသူ ၉၅%၊ ကုသမှုခံယူသူ ၉၅%၊ ပိုးထိန်းချုပ်နိုင်သူ ၉၅%) ကို မျှော်မှန်းထားသည့်အတိုင်း ရရှိနိုင်နိုင်စေရန် အစွမ်းကုန် အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက်ရှိနေပါသည်။
​သို့သော်လည်း နိုင်ငံတကာ ရန်ပုံငွေများ လျော့ကျလာခြင်း၊ ပြည်တွင်း ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကဲ့သို့သော အနှောင့်အယှက်များ (Disruptions) တို့သည် ခက်ခဲစွာ ရရှိထားသည့် တိုးတက်မှုများကို ကြီးမားကျယ်ပြန့်စွာ ခြိမ်းခြောက်လျက်ရှိနေပါသည်။ WHO က အဓိက ထုတ်ပြန်ထားချက်များအရ လူ့အခွင့်အရေးအခြေခံသော ချဉ်းကပ်မှုနှင့် ရပ်ရွာလူထု ခေါင်းဆောင်မှုသည် AIDS ရောဂါတိုက်ဖျက်ရေးအတွက် အရေးပါသော အင်အားဖြစ်ကြောင်း ဖော်ပြထားပါသည်။

​Treat With Me ပြည်သူ့ကျန်းမာရေး အထောက်အပံ့ပေးသောအဖွဲ့အစည်းသည်လည်း အဖွဲ့အားကောင်းသော ရပ်ရွာအခြေပြု စနစ်ဖြင့် လူငယ်အင်အားကို ဦးစားပေးလျက် ရှေ့ဆက်ကာ ​ယနေ့ကျရောက်သော ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့တွင် CSE နှင့် HIV/AIDS ရောဂါ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်မဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြပြီး အခြား ဦးဆောင်လုပ်ကိုင်နေကြသော လူမှုအသိုက်အဝန်းများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ခေါင်းဆောင်မှုများကို Treat With Me မှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

​မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗီရှိသူများသည် ကုသစောင့်ရှောက်မှု ရယူရာ၌ အမည်းစက်ထင်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကြောင့် အတားအဆီးများ ဆက်လက် ကြုံတွေ့နေရဆဲဖြစ်ပါသည်။ Treat With Me သည် အားလုံးပိုမိုအကျုံးဝင်ပြီး လူထုအခြေပြုသော ကျန်းမာရေးစနစ်အားကောင်းလာစေရန် လူထုကိုဗဟိုပြုလျက် ဦးစားပေးပံ့ပိုးလျက်ရိှပါသည်။
​ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားသည့် ရပ်ရွာအခြေပြု ကျန်းမာရေးစနစ်ကို အားဖြည့်ပေးခြင်းသည် ရောက်ရှိရန်ခက်ခဲသော ဒေသများရှိ အိတ်ချ်အိုင်ဗီရှိသူများဆီသို့ လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီစေရန် အဓိကသော့ချက်ဖြစ်ပါသည်။
​တစ်သီးပုဂ္ဂလ ဝန်ဆောင်မှုများထက် ကျန်းမာရေးဝန်ဆောင်မှု အမျိုးမျိုးကို စုံစုံလင်လင် ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် လူမှုအသိုက်အဝန်း၏ ကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး လူတိုင်းအကျုံးဝင်မှုနှင့် ကုသစောင့်ရှောက်မှုဆီ လက်လှမ်းမီမှုတို့ကို များစွာ တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။

​ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုသည် ရဲရင့်သော ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုများအပြင် AIDS ရောဂါကို အဆုံးသတ်ရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်လိုသော စိတ်ဆန္ဒအပေါ်တွင် မူတည်နေပါသည်။
​Treat With Me မှ အိတ်ချ်အိုင်ဗီရှိသူများ အပါအဝင် မည်သူမျှ နောက်မကျန်ခဲ့စေရန်နှင့် လူတိုင်းအတွက် လက်လှမ်းမီနိုင်သော၊ အကျုံးဝင်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်အတွက် အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
​"အနှောင့်အယှက်များကို ကျော်ကာဖြတ်၊ တုံ့ပြန်မှုဖြင့် ရှေ့သို့ဆက်"

The slogan for World AIDS Day 2025 - "Overcoming disruption, transforming the AIDS response."

အပစ်ပယ်ခံရမှုနှင့် အမည်းစက်ထင်ခြင်းမှ ကင်းဝေးစွာ၊ အားလုံးရဲ့ မေတ္တာတရားဖြင့် စည်းလုံးစွာ ရပ်တည်ကြပါ။

​ #လက်လှမ်းမီသောစောင့်ရှောက်မှု

{Credit & Reference}

​The Global Fund - https://www.theglobalfund.org/en/events/world-aids-day/ (2024)

​Australian Embassy in Myanmar
​UNAIDS - Global AIDS Update (2025)

​World Health Organization (WHO) - WHO Global Health Sector Strategy on HIV 2022–2030

✨CSE Peer Educator Skills Up Training Invitation ✨✓သင်တန်းသည် CSE အခြေခံသဘောတရားနှင့် လှုပ်ရှားဆောင်ရွက်မှုအတွေ့အကြုံရှိ...
17/10/2025

✨CSE Peer Educator Skills Up Training Invitation ✨

✓သင်တန်းသည် CSE အခြေခံသဘောတရားနှင့် လှုပ်ရှားဆောင်ရွက်မှုအတွေ့အကြုံရှိထားပြီးသူများအတွက် ဒီဇိုင်းရေးဆွဲထားသောသင်တန်းဖြစ်ပါသည်။

✓Treat With Me Peer Educator များနှင့် Volunteer များအတွက် ဦးစားပေးစီစဉ်ထားသော သင်တန်းအမျိုးအစားဖြစ်သော်လည်း အခြားကိုက်ညီသူ ဆရာ၊ ဆရာမများအတွက်လဲ အကျိုးရှိစေချင်သောငှာ အချိန်တိုအတွင်း ယခုကဲ့သို့ Public ဖွင့်၍ သင်တန်းသားလက်ခံခြင်းပါသည်။

✓နေ့ရက် - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ၊ ၄ ရက်တာသင်တန်း။

✓အချိန် - မြန်မာစံတော်ချိန် ည ၇ နာရီမှ ၁၀ နာရီအထိ။ (၁ ရက်လျှင် ၃ နာရီကြာချိန်)

✓နေရာ - Zoom Platform

✓သင်တန်းနည်းပြဆရာများ - ဒေါက်တာဉာဏ်ဖုန်းမြင့် (MD, MSc Mahidol)၊ ကိုမျိုးမင်းသူ (Community Educator)

✓သင်တန်းလျှောက်ထားရန် လင့် -
🔗https://forms.gle/hXA2KbDDwtcpU7ZAA

✓ညနေ ၅ နာရီတွင် Email မှ တဆင့်အကြောင်းပြန်မည်ဖြစ်ပြီး အကြောင်းကြားခြင်းမခံရပါက အကြောင်းအရာအခြေအနေမကိုက်ညီခြင်းကြောင့် ရွေးချယ်ခြင်းမခံရကြောင်း အလိုအလျောက်သိစေအပ်ပါသည်။ အခြားသင်တန်းများရှိက Email မှ တဆင့် ထပ်မံအသိပေးအကြောင်းသွားပါ့မည်။

Treat With Me
Public Health Support Organization
CSE Department

🚨ဆယ်ကျော်သက်လူငယ်များရဲ့ ယနေ့ခေတ် လိင်မှုရေးရာ ခေတ်ရေစီးကြောင်း (ဦးစားပေး ဆွေးနွေးမည့် ကဏ္ဍ - အာသာဖြေခြင်းနှင့် လိင်စိတ်...
11/10/2025

🚨ဆယ်ကျော်သက်လူငယ်များရဲ့ ယနေ့ခေတ် လိင်မှုရေးရာ ခေတ်ရေစီးကြောင်း (ဦးစားပေး ဆွေးနွေးမည့် ကဏ္ဍ - အာသာဖြေခြင်းနှင့် လိင်စိတ်ကြွဆေးဝါးများ) [1.25]

🚨Treat With Me ရဲ့ အစီအစဉ်သစ်ဖြစ်တဲ့ "Health in Action Dialogues" Community Health Talk Series ရဲ့ ပထမဦးဆုံးပွဲပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်ပွဲရဲ့ ဦးစားပေး ဆွေးနွေးမဲ့ ကဏ္ဍအဖြစ် "အာသာဖြေခြင်းနှင့် လိင်စိတ်ကြွဆေးဝါးများ" ဆိုတဲ့ ခေါင်းစဉ်ကိုရွေးချယ်ထားပြီး လူငယ်များမေးမြန်းထားကြတဲ့ သက်ဆိုင်ရာမေးခွန်းတွေကို သက်ဆိုင်ရာ ကျန်းမာရေးနယ်ပယ်မှ ကျွမ်းကျင်ပုဂ္ဂိုလ်များမှ ပြန်လည် ဖြေကြားရင်း ကျန်းမားရေး အသိပညာဗဟုသုတများ ဝေမျှဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် မေးခွန်းများကို အောက်ဖော်ပြပါ လင့်မှတဆင့် ကြိုတင်မေးမြန်းလို့ရသလို ပွဲရောက်မှ မေးမြန်း၍လဲ ရနိုင်မှာဖြစ်ပါတယ်။

🔗မေးခွန်းများ ဝင်ရောက်မေးမြန်ရန်လင့်

https://docs.google.com/forms/d/e/1FAIpQLSfShGOuHeAl3_Exu8KBRwX7FmEO3wZFxZ4bqxcGLSoBYY3Kdg/viewform?fbclid=IwY2xjawNXe1RleHRuA2FlbQIxMQABHlq-VumqgPdWiK0L6gf714Bf4aF7wzkowyd_7DIuFwfE0LyS7Wl2vgb1p3Wo_aem_jtX0gtNSmi10nvriHwK5jA

🚨ဒီပွဲကို သက်ဆိုင်ရာ ကျန်းမာရေးနယ်ပယ်မှ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆရာ ဒေါက်တာ ဉာဏ်ဖုန်းမြင့် က Speaker အဖြစ်ဟောပြောဆွေးနွေးဖြေကြားပေးသွားမည်ဖြစ်ပြီး ဆရာ့ရဲ့ ကိုယ်ရေးအကျဉ်းလေးကို တပါတည်းမိတ်ဆက်ခွင့်ပြုပါ။

🔗ဒေါက်တာဉာဏ်ဖုန်းမြင့်သည် ဆေးပညာဘွဲ့ (MD) နှင့် ထိုင်းနိုင်ငံ မဟီဒေါလ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးသိပ္ပံမဟာဘွဲ့ (MSc) တို့ကို ရရှိထားပြီး၊ HIV ကာကွယ်ရေး၊ ရပ်ရွာလူထုကျန်းမာရေးနှင့် ကျန်းမာရေးစနစ်ဆိုင်ရာ သုတေသနနယ်ပယ်များတွင် ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိသော ထူးချွန်သည့် ပြည်သူ့ကျန်းမာရေးပညာရှင်တစ်ဦး ဖြစ်ပါသည်။ ဒေါက်တာသည် နာမည်ကြီး ပြည်တွင်းအဖွဲ့အစည်းများတွင် HIV ကာကွယ်ရေးဆရာဝန်အဖြစ် အဓိကကျသော ရပ်ရွာလူထုအုပ်စုများအတွက် ကာကွယ်ကုသရေးလုပ်ငန်းများကို ဦးဆောင်ခြင်း၊ မြန်မာနိုင်ငံ၏ HIV ကာကွယ်ရေးနည်းဗျူဟာသစ်ဖြစ်သော PrEP အစီအစဉ်အတွက် နည်းပညာဆိုင်ရာ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခြင်းနှင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ရွှေ့ပြောင်းအခြေချသူများနှင့် နေရပ်စွန့်ခွာသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သုတေသနများ ပြုလုပ်ခြင်းတို့ဖြင့် HIV ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအပါအဝင် အခြားကျန်းမာရေးဆိုင်ရာလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ထို့အပြင် ကျန်းမာရေးဝန်ထမ်းများ၊ သက်တူရွယ်တူပညာပေးသူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် လက်တွေ့ကျသောကျွမ်းကျင်မှု၊ သက်သေအထောက်အထားအခြေပြု ဗဟုသုတနှင့် စွမ်းရည်မြှင့်တင်ပေးမှုတို့ကို အလေးထားသည့် သင်တန်းများစွာကို ပို့ချပေးသူတစ်ဦးလည်းဖြစ်ပြီး ဒေါက်တာ့၏ အဓိကကျွမ်းကျင်မှုများတွင် HIV ကာကွယ်ရေးနှင့် ကုသရေး၊ PrEP နှင့် ဘေးအန္တရာယ်လျှော့ချရေးနည်းလမ်းများ၊ ရပ်ရွာအခြေပြုကျန်းမာရေးစနစ်များ အားကောင်းစေရေးလှုပ်ရှားမှုများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် သုတေသနပြုခြင်းနှင့် တင်ပြတောင်းဆိုခြင်းလုပ်ငန်းများ စသည်တို့ပါဝင်ပါသည်။

🚨Treat With Me ရဲ့ "Health in Action Dialogues" Community Health Talk Series [1.25] အဖြစ်ပြုလုပ်ကျင်းပမဲ့ ဆယ်ကျော်သက်လူငယ်များရဲ့ ယနေ့ခေတ် လိင်မှုရေးရာ ခေတ်ရေစီးကြောင်း (ဦးစားပေး ဆွေးနွေးမည့် ကဏ္ဍ - အာသာဖြေခြင်းနှင့် လိင်စိတ်ကြွဆေးဝါးများ) ပွဲမှာ တက်ရောက်ဖို့ စာရင်းပေးသွင်းရန်အတွက် Treat With Me ရဲ့ messenger မှာ လာရောက်ကာ "Health in Action 1.25" ဟု ပေးပို့ကာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ ပေးပို့ရာမှာ
-အမည်၊
-ဖုန်းနံပါတ်၊
-Email လိပ်စာ၊
-အသက်၊
-နေရပ်လိပ်စာ မြို့နယ် (အတိအကျမလို)
တို့ကိုပါ ပူးတွဲပေးပို့ပေးဖို့ လိုအပ်ပါတယ်ရှင်။

ဒီ Personal Data တွေပေါ်အခြေခံပြီး ပိုကောင်းသောအစီအစဉ်များပြုလုပ်ရန်အတွက်နှင့် ပွဲအ‌ကြောင်း သတင်းပေးရန်အတွက်သာ ရည်ရွယ်ပြီး အခြားသောနေရာများမှာလုံးဝ အသုံးပြုမည်မဟုတ်ကြောင်း ကတိပြုပါတယ်ရှင့်။

အချက်အလက်များရရှိလာတာနဲ့ မကြာမီအချိန်အတွင်း သက်ဆိုင်ရာပွဲတာဝန်ခံကနေ ပွဲတက်ရောက်ရန် Zoom Link ကိုပြန်လည်ပေးပို့လာမှာပဲဖြစ်ပါတယ်။

🚨ပွဲသတင်းအချက်အလက်များ

✓ ပွဲခေါင်းစဉ် - ဆယ်ကျော်သက်လူငယ်များရဲ့ ယနေ့ခေတ် လိင်မှုရေးရာ ခေတ်ရေစီးကြောင်း (ဦးစားပေး ဆွေးနွေးမည့် ကဏ္ဍ - အာသာဖြေခြင်းနှင့် လိင်စိတ်ကြွဆေးဝါးများ)

✓ နေ့ရက် - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် (တနင်္လာနေ့)

✓ အချိန် - ည ၆ နာရီခွဲမှ ၈ နာရီခွဲ

✓ ပလပ်ဖောင်း - Zoom Platform

ပြည်သူလူထုအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၍ ဘေးကင်းလုံခြုံကြပါစေကြောင်း Treat With Me အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းရင်း မကြာမီပြုလုပ်မဲ့ ပွဲလေးကို တက်ရောက်ဖို့ နွေးထွေးလှိုက်လှဲစွာဖိတ်ခေါ်လိုက်ရပါတယ်။



📣 Treat With Me မှ ပုံမှန်တင်ဆက်ပြုလုပ်သွားမည့် အစီအစဉ် ၄ ခုကို စတင် မိတ်ဆက်ခြင်းTreat With Me ပြည်သူ့ကျန်းမာရေးဆိုင်ရာ ...
11/10/2025

📣 Treat With Me မှ ပုံမှန်တင်ဆက်ပြုလုပ်သွားမည့် အစီအစဉ် ၄ ခုကို စတင် မိတ်ဆက်ခြင်း

Treat With Me ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးမှုပေးသော အဖွဲ့အစည်းသည် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်ကုသမှုစနစ်လက်လှမ်းမီရေးနှင့် မျိုးဆက်ပွားကျန်းမာရေးအပါအဝင် အခြားသော ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း ကဏ္ဍအသီးသီးကို ၂၀‌၂၂ ခုနှစ်ကတည်းက တစိုက်မတ်မတ် လုပ်ကိုင် ဆောင်ရွက်လာသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

Treat With Me အဖွဲ့အစည်း၏ ရည်မှန်းချက် ပန်းတိုင်မှာ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်ကုသမှုစနစ်ကို လက်လှမ်းမီရရှိကာ ကိုယ်ကျန်းမာရေး ကောင်းမွန်စွာဖြင့် ပျော်ရွှင်စွာ သက်တမ်းစေ့ ရှင်သန်နေထိုင်နိုင်ရေး၊ ရေရှည်ကျန်းမာကြံ့ခိုင်သန်စွမ်းသော မျိုးဆက်များ ဖြစ်တည်စေရေးကို ရှေးရှုလျက် လူသားနှင့် ကမ္ဘာအကျိုးကို စွမ်းဆောင်သယ်ပိုးပေးနိုင်သည်ထိ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူမှုအဖွဲ့အစည်းကြီးတစ်ခု ဖန်တီးတည်ဆောက်ကာ ကမ္ဘာသစ်ဆီသို့ ချီတက်နိုင်ရေး ဖြစ်ပါသည်။

လက်ရှိတွင် Treat With Me အဖွဲ့အစည်းသည် ပန်းတိုင်တူ မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရည်အချင်းပြည့်ဝသော ဆက်ကျော်သက် သက်တူရွယ်တူ အချင်းချင်းအသိပညာမျှဝေပေးနိုင်သူ လူငယ်များ ပြုစုပျိုးထောင်မွေးထုတ်လျက် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

ယခုတစ်ခါမှာတော့ မြန်မာနိုင်ငံရှိ ဆယ်ကျော်သက် လူငယ်များအတွက် လိင်မှုနှင့် မျိုးဆက်ပွား ကျန်းမာရေး အပါအဝင် အခြားကျန်းမာရေးနှင့်သက်ဆိုင်သော အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုအဖြစ်အောက်ပါအစီအစဉ်သစ် ၄ ခုကို ထပ်မံမိတ်ဆက်လိုက်ရပါသည်။

🟢 Health in Action Dialogues (လက်တွေ့လှုပ်ရှား ကျန်းမာရေး - ဆွေးနွေး စကားဝိုင်းများ အစီအစဉ်)

ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးအကြောင်းကို လူထုနှင့် တိုက်ရိုက်ဆွေးနွေးနိုင်သော ပွဲများ၊ Panel Discussion များ၊ ဟောပြောပွဲများ၊ စကားဝိုင်းများ စီစဉ်ပြုလုပ်ကျင်းပခြင်း။

🔵 Adolescent Mailbox (ဆယ်ကျော်သက်စာတိုက်ပုံး - မေးခွန်းများလက်ခံခြင်း အစီအစဉ်)

ဆယ်ကျော်သက်များအတွက် မေးခွန်းများ၊ အကြံပြုချက်များ၊ စိတ်ခံစားမှုများကို လုံခြုံစွာမျှဝေနိုင်သော Youth-led Communication & Support Space အဖြစ် ဖန်တီးထားရှိခြင်းနှင့် ပြန်လည်ချိတ်ဆက်ဖြေကြားပေးခြင်း။

🟡 Community Pulse Myanmar (လူထုတေးသွား ရင်ခုန်သံများ - လူထုအခြေပြု သုတေသန အစီအစဉ်)

လူထုအတွင်းရှိ ကျန်းမာရေးနှင့် စိတ်ခံစားမှုအတွေ့အကြုံများကို Youth Researchers များက Survey, Photovoice, Focus Group များဖြင့် အချက်အလက်စုဆောင်းခြင်းဖြင့် သုတေသနလုပ်ဆောင်ခြင်း။

🔴 Gen Lead Health Support Activities (မျိုးဆက်အခြေပြု ဦးဆောင်လှုပ်ရှားမှု အစီအစဉ်)
လူငယ် လူထုအသံများနှင့် ကျန်းမာရေးအစိပညာများကို ပြန်လည် ဟောပြောမျှဝေခြင်း၊ Advocacy Campaign များ၊ Policy Dialogue များဖြင့် ပြောင်းလဲမှုအတွက် အသုံးချခြင်း၊ တွန်းအားပေးခြင်း။

🔄 လူငယ်နဲ့ လူထုကို လက်တွေ့ကျကျ အခြေပြု၍ လှုပ်ရှားမှု၊ အသံ၊ သုတေသန၊ ထောက်ခံမှုတို့ကို စနစ်တကျပေါင်းစပ် လက်တွဲပြီး Treat With Me အဖွဲ့အစည်းမှ ရည်မှန်းသော ပန်းတိုင်များဆီသို့ ဗျူဟာကျကျ ချဉ်းကပ်ရန်ရည်ရွယ်လုပ်ဆောင်သွားမည့် အစီအစဉ်များဖြစ်ကြပါသည်။

👉 Treat With Me page တွင် ပိုမိုသိရှိလိုသူများအတွက် အစီအစဉ်အသေးစိတ်များကို မကြာမီ မျှဝေပေးသွားမည်ဖြစ်ပါသဖြင့် လူငယ်များ၊ CSO/OPD များ၊ စိတ်ကျန်းမာရေးနှင့် လူထုကျန်းမာရေးကို စိတ်ဝင်စားသူများအားလုံးကို အတူပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ရန် နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။











🌍"World Mental Health Day - ကမ္ဘာ့စိတ်ကျန်းမာရေးနေ့"🧡စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးဆိုတာ အမြဲယှဉ်တွဲနေတတ်တဲ့သဘောရှိပြ...
10/10/2025

🌍"World Mental Health Day - ကမ္ဘာ့စိတ်ကျန်းမာရေးနေ့"🧡

စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးဆိုတာ အမြဲယှဉ်တွဲနေတတ်တဲ့သဘောရှိပြီး အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်အရေးပါတဲ့အရာများဖြစ်ကြပါတယ်။ လူသားတစ်ဦး အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံအကျဆုံးအရာတွေဖြစ်တဲ့ စားဝတ်နေရေးဆိုတာဟာလဲ ကိုယ်စိတ်နှစ်ပါးကျန်းမာနေမှသာ အဲ့အတွက် အင်အားစိုက်ထုတ်ကြိုးစားရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။

အဘက်ဘက်ကနေ ခက်ခဲကျပ်တည်းနေကြရတဲ့ အခြေအနေမျိုးတွေမှာ ရှင်ကျန်ရုန်းကန်နေရတဲ့ လူတိုင်း၊ လူတိုင်း စိတ်ကျန်းမာရေးအကူအညီအထောက်အပံ့တွေကို လက်လှမ်းမှီနိုင်ဖို့လဲ အင်မတန်အရေးကြီးလှပါတယ်။

ဒီအတွက်ကြောင့်ပဲ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာဖြန့်ဝေဖို့နှင့် စိတ်ကျန်းမာရေး ခံစားနေရတဲ့သူတွေကို ခွန်အားပေးဖို့အတွက် ၁၉၉၇ ခုနှစ်မှ စတင်ပြီးအောက်တိုဘာလ ၁၀ ရက်နေ့ကို ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ရယ်လို့ သတ်မှတ်ပြီး နှစ်စဉ်ခေါင်းစီးအမျိုးမျိုးနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီး ကမ္ဘာတဝှမ်း ကျင်းပကြပါတယ်။

ယခု ၂၀၂၅ ခုနှစ်အတွက် ခေါင်းစီးလေးကတော့
“Access to Services: Mental Health in Catastrophes and Emergencies” ပဲဖြစ်ပါတယ်။

ဒီခေါင်းစီးလေးကို Treat With Me အပါအဝင် Together With Me အောက်က အဖွဲ့အစည်းများကတော့ "​ဘေးဒုက္ခနှင့် အရေးပေါ်အခြေအနေများကြား လက်လှမ်းမှီဖို့လိုအပ်သော စိတ်ကျန်းမာရေးဝန်ဆောင်မှုများ" လို့မြန်မာလိုလေး ဘာသာပြန်ဆိုထားကြပါတယ်။

စိတ်ကျန်းမာရေးဆိုတာ ကိုယ်တဦးတည်း တယောက်တည်းအဆင်ပြေဖို့ဆိုတာထက် တဦးတယောက်တိုင်း အဆင်ပြေမှသာ သာယာအေးချမ်းတဲ့ လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ မိမိစိတ်အဆင်မပြေခြင်းကြောင့်ဆိုတဲ့ အကြောင်းပြချက်ဟာ တဘက်လူ တဘက်သားကို ထိခိုက်နစ်နာအောင်လုပ်ဆောင်ဖို့ လက်-န-က်တစ်ခုမဟုတ်ဘူးဆိုတာပါပဲ။ ဒါကြောင့်မို့ အားလုံး စိတ်ကျန်းမာရေးအဆင်ပြေဖို့လိုအပ်တာဖြစ်ပြီး ဒီအခြေအနေဟာရိုးရှင်းသလောက်လွယ်ကူတဲ့အရာတစ်ခုတော့လဲ ဟုတ်မနေပြန်ပါဘူး။

✓အသက်အရွယ်အလိုက် လူတန်းစားမရွေးတန်းတူညီမျှစွာ စိတ်ကျန်းမာရေးအသိပညာတွေရှိနေရပါမယ်။
✓မိမိကိုယ်မိမိ မိမိရဲ့ ကိုယ်စိတ်နှလုံး ၃ ပါးစလုံးကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်နိုင်ရပါမယ်။
✓တပါးသူတွေ လိုအပ်လာရင်ကူညီဖို့ ရင်းမြစ်တွေ အမြဲအသင့်ဖြစ်နေစေပြီး ကူညီရန် ဆန္ဒရော၊ အခြေအနေပါရှိနေရမယ်။

ဒီလိုမှသာ ခက်ခဲတဲ့အခြေအနေတွေတိုင်းမှာ လူတိုင်း လက်လှမ်းမှီစေမဲ့ စိတ်ကျန်းမာရေးကူညီပံ့ပိုးမှုတွေကို ဖန်တီးဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်းပြောကြားရင်း Treat With Me ရဲ့ စာဖတ်သူပရိသတ်များလဲ စိတ်ကျန်းမာရေးအကူအညီတစုံတရာလိုအပ်လာပါက သွေးချင်းမိတ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ Talk With Me မှာ နေ့စဉ် မနက် ၉ နာရီမှ ည ၁၂ နာရီအထိ စာနဲ့ရိုက်ပြီး ဆွေးနွေးရင်ဖွင့်လို့ရမဲ့ ဝန်ဆောင်မှုလေးရှိကြောင်း လက်တို့အသိပေးအကြောင်းကြားအပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းလျက်.......🧡


08/10/2025

💬 "Awareness Sharing Session တွေပြီးသွားတိုင်း Q&A အချိန်မှာ ဆယ်ကျော်သက်လူငယ်တွေဘက်က တက်လာတဲ့ မေးခွန်း Question တွေက အရမ်းကိုမှ လုံးဝ Deep Thinking ဖြစ်တဲ့ Question တွေထွက်လာတာကို ကြည့်ခြင်းအားဖြင့် သူတို့ဘယ်လောက်စိတ်ပါဝင်စားပြီး ဘယ်လောက်အကျိုးရှိခဲ့တယ်ဆိုတဲ့ တိုးတက်မှုတွေကို မြင်တွေ့ရပါတယ်။" (မသက်ဇင်ဦး - ရေးမြို့၊ မွန်ပြည်နယ်)

💬 "CSE အရေးကိစ္စတွေဟာ လက်ရှိမှာဖြစ်ပျက်နေတဲ့ အရာတွေဖြစ်တယ်။ ယနေ့ခေတ်လူငယ်တွေ မရှိမဖြစ် သိသင့်တဲ့အရာတွေလဲဖြစ်ပါတယ်။ ဒီအရာတွေသိထားမှ လူငယ်တွေမဖြစ်သင့်တာမဖြစ်ရအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲ့အတွက် ကျွန်မတို့လူငယ်တွေက အရေးကြီးပြီး ကျွန်မတို့လူငယ်တွေ ကိုယ်တိုင်ကပဲ ပါဝင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။" (မနော်မိုးပြည့်ပြည့်အောင် - ဘားအံမြို့၊ ကရင်ပြည်နယ်)

Treat With Me ရဲ့ CSE Awareness လှုပ်ရှားဆောင်ရွက်မှုများမှာ တသားတည်းအတူလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြတဲ့ Peer Educators Volunteer (Peetors - ပီးတား) များ၏ ရင်တွင်း ခံစားချက်စကားသံများ🎙️

💥Peer Educator ~ မနော်မိုးပြည့်ပြည့်အောင် (ဘားအံ၊ ကရင်ပြည်နယ်)၊ မသက်ဇင်ဦး (ရေး၊ မွန်ပြည်နယ်)

ကျန်ရှိနေသေးတဲ့ Peer Educator များ၏ ရင်တွင်းစကားသံများကိုလည်း အလျဉ်းသင့်သလို ဆက်လက်တင်ပြပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်တိုက်တွန်းရင်း တက်ကြွလူငယ်များရဲ့ ရင်တွင်းခံစားချက်တွေကို ကြည့်ရှုခံစားကာ ပီတိထုံကူး ကြည်နူးစရာ အခိုက်အတန့်များအဖြစ် ဂုဏ်ပြုအား‌ပေး လိုက်ကြရအောင် ဖိတ်ခေါ်အပ်ပါတယ်.....🧡












#တသားတည်း

မင်္ဂလာပါ..... လူငယ်တို့ရေ .....🧡Treat With Me ရဲ့ Volunteer Recruitment Program လေးဟာဆိုရင် Batch-8 ကို ရောက်ရှိလို့လာပ...
05/10/2025

မင်္ဂလာပါ..... လူငယ်တို့ရေ .....🧡

Treat With Me ရဲ့ Volunteer Recruitment Program လေးဟာဆိုရင် Batch-8 ကို ရောက်ရှိလို့လာပြီမို့ အခွင့်အလမ်းသစ်တွေကို စောင့်မျှော်နေတဲ့ လူငယ်တွေကို Together With Me Group ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ Treat With Me Public Health Support Organization ကနေ တဖန်ပြန်လို့ ကြိုဆိုလိုက်ပါတယ်....... 🎉

ဒီတစ်ခေါက်မှာလဲ စေတနာ့ဝန်ထမ်း Peer Educator Volunteers ဦးရေ ၄၀ ကို ၆ လကြာ တူတူလေ့လာ၊ တူတူလေ့ကျင့်၊ တူတူမျှဝေဖို့ ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။

ဒီတစ်ခေါက် Peer Educator Volunteer Program ဟာဆိုရင် အရင့်အရင် Batch တွေတုန်းက "ကိုယ်တိုင်လေ့လာ၊ Training ယူ၊ လူငယ်တွေကို ပြန်မျှ‌ဝေ" ဆိုတဲ့ ပုံစံကိုမှ ပိုမိုထိရောက်စွာ လှုပ်ရှားဆောင်ရွက်နိုင်ဖို့ ပိုမိုလေးနက်ပြင်းထန်တဲ့ သင်ကြားမှု၊ သင်ယူမှု အစီအစဉ်များနဲ့အတူ စနစ်တကျ စီစဉ်ထားတာဖြစ်ပါတယ်ရှင့်။

ဒီတခေါက် Peer Educator Volunteer Program မှာပါဝင်ဖို့ဆိုရင် လူငယ်တို့အနေနဲ့ ဒီအချက် (၂) ချက် ရှိဖို့ အဓိကလိုအပ်ပါတယ်။

(၁) Passion စိတ်ဆန္ဒပြင်းမှု
>> လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကိုယ်ခန္ဓာကျန်းမာရေး၊ ဂျဲန်ဒါရေးရာ စတာတွေနဲ့ သက်ဆိုင်တဲ့ ဗဟုသုတ၊ အသိပညာတွေကို မိမိ လူမှုပတ်ဝန်းကျင် Community မှာရှိတဲ့သူများ၊ အခြားသူများကို ပြန်လည် မျှဝေပြောပြသင်ကြားလိုစိတ်ရှိသူ၊ မြန်မာနိုင်ငံရှိ ပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များရဲ့ လိင်နဲ့မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး အသိပညာ Comprehensive Sexuality Education (CSE) သိမှု Level အဆင့်ကို မြှင့်တင်လိုစိတ်ရှိသူ၊ ဆန္ဒပြင်းပြသူ ဖြစ်ဖို့.....

(၂) Commitment ကတိတည်မှု
>> လေ့လာခြင်း - လေ့ကျင့်ခြင်း - ပြန်လည်မျှဝေခြင်း ခရီးစဉ်တလျှောက်တွင် သတ်မှတ်ကာလတစ်ခု ပြီးဆုံးသည်အထိ ကတိကဝတ်ရှိရှိ တက်တက်ကြွကြွ အတူပါဝင်လုပ်ဆောင်နိုင်သူ ဖြစ်ဖို့.....

ဒီအချက် (၂) ချက်နဲ့ပြည့်စုံပြီဆိုရင်တော့ Treat With Me Team က မိတ်ဆွေနဲ့အတူ ၆ လတာ အတူလက်တွဲလုပ်ဆောင်ဖို့ရာ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါတယ်ရှင့်။

ဒီ Volunteer Program မှာ ဘာလို့ပါဝင်သင့်တာလဲ၊ ပါဝင်လိုက်လို့ ဘာတွေဘယ်လိုအကျိုးရှိသွားမှာလဲ ဆိုတာလေးတွေ ဆက်မပြောခင် ကျွန်မတို့ Treat With Me Organization ရဲ့လုပ်ဆောင်နေတဲ့ အကြောင်းအချင်းအရာ ၊ CSE Peer Educator ဆိုတာက ဘာတွေလဲဆိုတာလေးကို ဦးစွာအရင်မိတ်ဆက်ပေးပါရစေရှင့်🌷

🔸Treat With Me ဆိုတာကတော့ လူတွေရဲ့ အခြေခံကျန်းမာ‌ရေးကို ကူညီထောက်ပံ့ပေးနေတဲ့ Non-Profit အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Together With Me Group တသားတည်းလူငယ်အဖွဲ့အစည်းကြီးရဲ့ Division အဖွဲ့အစည်းအခွဲ တစ်ခုလည်းဖြစ်ပါတယ်။ CSE ဆိုတာကတော့ Comprehensive Sexuality Education - ပြီးပြည့်စုံသော လိင်မှုဘဝဆိုင်ရာအသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းတွေဖြစ်ပြီး Peer Educator ဆိုတာကတော့ ဒီ CSE အပါအဝင် ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အခြေခံသိသင့်သိထိုက်တဲ့ ဗဟုသုတပညာရပ်တွေကို ကျွမ်းကျင်သူများထံမှ စနစ်တကျ နှံ့နှံ့စပ်စပ်သင်ယူလေ့လာထားပြီး အကြိမ်ကြိမ်အဖန်ဖန်လေ့ကျင့်မှု ပြည့်ဝအောင်ပြုလုပ်ကာ လူငယ် အချင်းချင်းပြန်လည်မျှဝေပေးနိုင်သူများကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

Treat With Me ရဲ့ အကြောင်းအသေးစိတ်ကိုတော့အောက်ပါ Link လေးမှာ ဖတ်ရှုနိုင်ပါတယ်။ (Volunteer လျှောက်မဲ့သူများကတော့ မဖြစ်မနေ ဖတ်ပေးဖို့လိုအပ်ပါတယ်။)

https://m.facebook.com/story.php?story_fbid=240965412061947&id=100084454684147&mibextid=Nif5oz

ဒီလို လူမှုအကျိုးပြုအဖွဲ့အစည်းတခုမှာ Volunteer လုပ်ရင်း ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ 💁‍♀️

✅သက်ဆိုင်ရာ ကျန်းမာရေးနယ်ပယ်က ဝါရင့် ဆရာ၊ ဆရာမ၊ ပညာရှင်များရဲ့ စနစ်တကျ Design ဆွဲထားတဲ့ Training သင်ရိုးတွေ၊ လေ့ကျင့်သင်ကြားပြသပေးမှုတွေ.....

✅ကိုယ်လုပ်ကိုင်ရတဲ့ Position နယ်ပယ်က လုပ်နည်းကိုင်နည်းတွေ၊ လမ်းညွှန်ပြသမှုတွေ၊ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ.....

✅နယ်ပယ်အစုံက လူအများနဲ့ အတူတူလေ့လာ၊ အလုပ်အတူတူလုပ်ရင်း ရလာမယ့် ၆ လတာမှ တသက်တာချည်နှောင်နိုင်မဲ့ သံယောဇဥ် Network တွေ.....

✅လူတွေရဲ့ ကျန်းမာရေးအခက်အခဲတွေကို အတူတူဝေမျှခံစား ကူညီအဖော်ပြုပေးရင်းကနေ ရလာမယ့် ဘာနဲ့မှလဲလို့မရတဲ့ ပီတိတွေ.....

✅Volunteering ကာလမှာ သင်ယူသွားနိုင်မဲ့ Problem Solving Skill ၊ Soft Skill တွေ၊ EQ နဲ့ Attitude တွေ.....

✅Volunteer ကာလပြီးသွားရင် ရနိုင်မဲ့ အသိအမှတ်ပြု Certificate တွေ ဖြစ်ပါတယ်ရှင့်။

✅ဒါတွေအပြင် CSE Online/ Offline Awareness ပွဲတွေကို မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ၆ ခုက တချို့သောနေရာများ၊ ရန်ကုန်မြို့ရဲ့ နေရာအနှံ့မှာပြုလုပ်ခြင်းမှတဆင့် စုံလင်ကွဲပြားလှတဲ့နေရာအသီးသီးမှ ပြည်သူတွေရဲ့အ‌တွေးအမြင်၊ နေထိုင်မှုပုံစံ၊ မျိုးဆက်ပွားကျန်းမာရေးအခန်းကဏ္ဍက သူတို့ရဲ့ လက်ရှိ နေ့စဉ်လက်တွေ့ဘဝမှာ ဘယ်လိုအတိုင်းအတာ၊အခြေအနေတွေအထိ ပါဝင်သက်ရောက်နေမှု စတဲ့ ဖြစ်ရပ်အစုံစုံ၊ ကိစ္စရပ်ပေါင်းများစွာ၊ အတွေ့အကြုံကောင်း များစွာကို ကိုယ်တိုင်ကိုယ်ကျ ရရှိ၊ သိရှိနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

အခုခေါ်ယူတဲ့ စေတနာ့ဝန်ထမ်းနေရာက ဘယ် Position အတွက်လဲ ဆိုရင်တော့ 🤔

🎗 Peer Educator Volunteers (40 Posts)

Volunteer Duration ကတော့ ၆ လ ဖြစ်ပါတယ်။ 🗓 အောက်တိုဘာ ၁၅ ရက်နေ့ကနေ စမှာပဲဖြစ်ပါတယ်။

🎯 ဒီ ၆ လအတွင်းမှာ ဘာတွေလုပ်ဆောင်ရမှာလဲ။

✓ ကိုယ်တိုင် CSE Knowledge တွေပြည့်ဝနေစေဖို့ Team နဲ့အတူတူ Training တက်၊ လေ့လာမှုတွေ၊ ဆွေးနွေးမှုတွေလုပ်ကြရမယ်။
✓ ပုံမှန် တလမှာ အနည်းဆုံး တကြိမ်တော့ မျက်နှာစုံညီ Meetingလေးတွေရှိမယ်။
✓ Activities Idea လေးတွေအတူတကွ Brainstorm လုပ်ကြမယ်။
✓ လစဉ် CSE & HIV/AIDS Awareness Session လေးတွေကို Online/Offline ကနေ Team နဲ့အတူ Sharing Session လေးတွေ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။

ဒီလို ကိုယ်တိုင်ရော၊ Community အတွက်ပါ အကျိုးများစေမဲ့ လှုပ်ရှားမှုလေးတွေ ပုံမှန်လုပ်သွားကြရင်း တိုးတက်မှုတွေကို အကောင်အထည်ဖော်ရင်း လူမှုအကျိုးပြုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။🫶

🚨ဒါ့အပြင် ဒီတစ်ခေါက် Batch မှာ စီစဉ်ထားတဲ့ နောက်ဆက်တွဲထပ်တိုး အစီအစဉ်ကတော့ (၆) လတာ Volunteer ကာလ ပြီးမြောက်သွားပြီဖြစ်တဲ့ Peer Educators တွေရဲ့ သိရှိ၊တတ်မြောက်ထားတဲ့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး၊ နှစ်ဦးနှစ်ဖက် အဆင်ပြေပါက Treat With Me Organization မှာ ပင်တိုင် Peer Educator အနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ တာဝန်ပေးခန့်အပ်ကာ အပြန်အလှန်သဘောတူညီမှုနဲ့တကွ ရေရှည်အတူလက်တွဲ လုပ်ဆောင်သွားကြမှာပဲဖြစ်ပါတယ်။

အခု Volunteer လျှောက်ဖို့ လုပ်ရမဲ့အချက်လေးတွေကတော့

1️⃣ Treat With Me Page လေးကို Like and Follow လုပ်ပေးထားရပါမယ်။

2️⃣ Treat With Me Page မှာတင်ထားတဲ့ Post တွေထဲက Post တခုခုကိုဖတ်ပြီး အဲ့ Post အောက်မှာ မိမိနှစ်သက်ရာ Comment တခုခုမန့်ပေးရပါမယ်။ (Sticker ဖြစ်ဖြစ်၊ စာသားဖြစ်ဖြစ်ရပါတယ်။)

3️⃣ ပြီးရင်တော့ Application Form လေးဖြည့်ပြီး လျှောက်ထားလို့ရပါပြီရှင် ။ 🤗

Application Form လေးကို သေသေချာချာ ပြည့်ပြည့်စုံစုံလေး ဖြေပေးလေလေ၊ အရွေးချယ်ခံရဖို့ အခွင့်အရေးပိုရှိလေလေ ဖြစ်တာမို့လို့ တကယ်စိတ်ပါဝင်စားတယ်ဆိုရင် သေချာလေးဖြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ✊

(အရင်လျှောက်ဖူးပေမဲ့ ရွေးချယ်ခြင်းမခံခဲ့ရတာမျိုးရှိရင်လည်း ထည့်သွင်းရေးသားစေချင်ပါတယ်။ သေချာပြန်လည်စီစစ်ပြီး ဦးစားပေး စစ်ဆေးပေးပါ့မယ်။ နောက်ဆုံးရွေးချယ်ခြင်းခံရခြင်း၊ မခံရခြင်းကတော့ ဖြေဆိုထားမှုအပေါ်တွေမှာ လူမှန်၊ နေရာမှန်ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ အဓိကထား ဆုံးဖြတ်ရွေးချယ်သွားမှာပဲ ဖြစ်ပါတယ်။)

"လျှောက်ထားရန် သက်ဆိုင်ရာ link "
-------------------------------------------------------

🔗Batch 8 Volunteer Application Form link -

https://docs.google.com/forms/d/e/1FAIpQLSfZrITPRHXnk3GJhS-Dsp-wCbqB-J_7pD1NQlBsDbCd9Kq8kg/viewform?usp=header
---------------------------------------------
--------------

Application Form ကိုတော့ အောက်တိုဘာလ ၁၁ ရက်နေ့၊ စနေနေ့၊ နေ့လယ် ၁ နာရီတိတိမှာ ပိတ်မှာဖြစ်လို့ Deadline မတိုင်မီ လျှောက်ထားပေးပြီး Volunteer လုပ်ချင်တဲ့ သူငယ်ချင်းတွေရှိရင်လည်း လက်တို့ပေးလိုက်ကြပါဦးနော်။ 🥰

ရွေးချယ်ခံရတဲ့သူတွေကိုတော့ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၁၂ နာရီမတိုင်ခင်မှာ Email ပို့ပေးပြီး ဖုန်း SMS ဖြင့်သော်လည်းကောင်း၊ ဖုန်းဆက်၍‌သော်လည်းကောင်း အကြောင်းကြားပေးသွားမှာလည်းဖြစ်ပါတယ်။ 🥳
(၁၅ ရက်နေ့အတွင်း ဆက်သွယ်လာခြင်း မရှိပါက ယခုတခေါက်မှာ အကြောင်းကြောင်းကြောင့် ရွေးချယ်ခြင်းမခံရ‌တာဖြစ်ကြောင်း အလိုအလျောက်သိရှိစေအပ်ပါတယ်ရှင့်။)

ဒီကာလကြီးမှာ ပြည်သူအချင်းချင်းလည်းကူညီခွင့်ရပြီး ကိုယ့်ရဲ့ Development ကိုရော Community Development ကိုပါ Attitude မှန်မှန်နဲ့ လုပ်ဆောင်နိုင်ဖို့ ရလာတဲ့အခွင့်အရေးကို လက်မလွှတ်ပဲ ချက်ချင်းဆုပ်ကိုင်လိုက်ပါစို့နော်။ မိုးရွာတုန်း ရေခံရတာဖြစ်လို့ လူမှန်၊ နေရာမှန်၊ အချိန်မှန် ဖြစ်တယ်လို့ယူဆရင် ချက်ချင်းသာ လျှောက်လိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ✊🧡





#တသားတည်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Treat With Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Treat With Me:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram