20/07/2022
Nipro Dose Saver Vaccination Syringe ကို အသုံးပြုရင် ရနိုင်တဲ့ အားသာချက်လေးတွေကို Video လေးနဲ့ ကြည့်ပီးကြပီ ထင်ပါတယ်နော်...☺️☺️☺️☺️
ဒီနေ့မှာတော့ မင်မင်တို့က အားသာချက်လေးတွေထဲက တမျိုးအကြောင်းကို စာလေးနဲ့ ရှင်းပြမယ်နော်...👌👌👌👌
ပထမဆုံး အနေနဲ့ Non Dead Space ရဲ့ အားသာချက်လေးကိုမရှင်းပြမီ Dead Space ဆိုတာကို အရင်ရှင်းပြပေးပါမယ်..
Dead Space ဆိုတာက ဆေးထိုးပြွန်ရဲ့ထိပ်ပိုင်းနေရာလွတ်ရယ် (Tip of Syringe), ဆေးထိုးအပ်နဲ့ဆေးထိုးပြွန်ကြားက နေရာလွတ်ရယ် ( Needle Hub), ဆေးထိုးအပ်အတွင်းကနေရာလွတ် (Inside of Needle) ရယ်မှာရှိတဲ့ နေရာလွတ်တွေကိုစုပေါင်းပီးခေါ်တာပါ... (ပထမပုံမှာကြည့်ပါနော်)
Dead Space ထဲမှာ ကျန်ခဲ့နိုင်တဲ့ဆေးပမာဏတွေကတော့...
Regular Syringe မှာ 0.082ml ကျန်ရှိပါတယ်..
Low Dead Space Syringe မှာတော့ 0.062ml ကျန်ရှိပါတယ်...
Non Dead Space Syringe မှာတော့ 0.002ml ကျန်ရှိပါတယ်.... (ဒုတိယပုံမှာ Dead Space တွေကို ယှဥ်ပြထားပါတယ်)
မင်မင်တို့ပြောပြမယ့် အားသာချက်လေးကတော့ ....
Nipro ရဲ့ Dosesaver Non Dead Space Syringe ကို အသုံးပြုပီး Vaccine ထိုးနှံပါက...
Vaccine Center များအနေဖြင့် ကာကွယ်ဆေးလေလွင့်ဆုံးရှုံးမှု ပမာဏ အနည်းဆုံးထိ လျော့ပါးသွားမည် ဖြစ်သလို 😲😲😲😲
ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများအနေဖြင့်လဲ ကာကွယ်ဆေးပမာဏ ကို အတိအကျ ရရှိပါမည်....😊😊😊