Healthy Care Medical Supplement Store

Healthy Care Medical Supplement Store ...

🧡 Pregnacare Original🧡 🤰🏼မေမေတို့အတွက် အရေးကြီးဆုံး ဂရုစိုက်ရဆုံးကာလ ဟာ ဘေဘီလေးတွေကို ကိုယ်၀န်လွယ်ထားတဲ့ အချိန်ပါဘဲကွယ်....
14/02/2025

🧡 Pregnacare Original🧡

🤰🏼မေမေတို့အတွက် အရေးကြီးဆုံး
ဂရုစိုက်ရဆုံးကာလ ဟာ
ဘေဘီလေးတွေကို
ကိုယ်၀န်လွယ်ထားတဲ့ အချိန်ပါဘဲကွယ်....

🤰🏼အစာအဟာရ လုံလောက်စွာရရှိမှသာ
မိခင်ရော ကလေးပါ ကျန်းမာနိုင်မှာပါနော်....

🤰🏼UK Number One ဒီ အားဆေးလေးက ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အတွက်မရှိမဖြစ်
လိုအပ်တဲ့ Iron ,Zinc, VitsD & B12 အပြင်
Folic acid 400ug ပါဝင်လို့ သောက်သုံးရန်
လိုအပ်ပါတယ်နော်....

🤰🏼မိခင်က ကိုယ်၀န်စလွယ်ထဲက မိမိကိုယ်ကို
ဂရုစိုက်ပေးမှသာ မွေးဖွားလာမယ့်
ဘေဘီလေးလည်းကျန်းမာဝဖြိုးပြီးတော့
သန်မာစေမှာပါရှင့်....

🧡 Pregnacare Original🧡 ဆေးကို မှာယူလိုပါက

☎ 09 798 199 585 & 09 681 201 585

Viber - 09 798 199 585 တို့နှင့် အတူ
Page Messenger တို့မှလည်း ဆက်သွယ်
စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်ရှင့်.... 🤗




🤰🏼🤍 Pregnacare Plus Omega-3 🤍🤰🏼🤍 ကိုယ်ဝန်ဆောင် မိခင်တို့ရဲ့လက်စွဲ Pregnacare Plus Omega-3 ဟာဆို Pregnacare tablet နဲ့ Om...
14/02/2025

🤰🏼🤍 Pregnacare Plus Omega-3 🤍🤰🏼

🤍 ကိုယ်ဝန်ဆောင် မိခင်တို့ရဲ့လက်စွဲ
Pregnacare Plus Omega-3 ဟာဆို
Pregnacare tablet နဲ့ Omega 3 softgel
2 မျိုးပါဝင်သည့် dual package
ဆေးဘူးလေးပဲ ဖြစ်ပါတယ် 🤰🏼

🤍 Pregnacare Plus ထဲမှာဆို အာဟာရ ဓာတ်ပေါင်း multivitamin (19) မျိုးနဲ့အတူ 300mg DHA
(ငါးကြီးဆီ) Omega-3 ပါဝင်လို့ ကလေးများရဲ့
ဦးနှောက်ဉာဏ်ရည်၊ အမြင်အာရုံ များဖွံ့ဖြိုးစေရန်အတွက် အထောက်ကူပြုပေးပါတယ် 🤰🏼

🤍 မိခင်များလည်း ကိုယ်ဝန်ဆောင်ချိန်မှစပြီး
နေ့စဥ်ပုံမှန်သောက်သုံးခြင်းဖြင့် မူးဝေအော့အန်ခြင်း၊
စိတ်မမှန်ခြင်း၊ မအီမသာဖြစ်ခြင်းများကို
သက်သာစေပြီး အစာကိုပုံမှန်စားချင်စိတ်
ဖြစ်ပေါ်စေရုံ နှင့် ကလေးများအတွက်ပါ
လိုအပ်တဲ့အာဟာရဓာတ်များကို
ဖြည့်ဆည်းပေးပါသည် 🤰🏼

☎️ 09 798 199 585 & 09 681 201 585

Viber - 09 798 199 585 တို့မှလည်း ဆက်သွယ် မေးမြန်း စုံစမ်း ဝယ်ယူနိုင်ပါတယ်ရှင့်....🤗

#မှတ်ချက်

💥ပစ္စည်းအတုအပ လုံးဝ (လုံးဝ) ရောင်းချခြင်းမရှိပါ။UK Made စစ်စစ် တစ်မျိုးထဲ ဖြစ်ကြောင်းကို 100 % အာမခံ ဖြစ် ရောင်းချပေးနေပါတယ်နော်.....






Well Baby Multi-Vitamin Liquid (150ml)🤗 Baby လေးတွေကို အိပ်ချိန်မှန်စေပြီး အစားစားချင်စိတ်ကိုလည်း ဖြစ်ပေါ်လာ​စေတဲ့အတွက် ...
13/02/2025

Well Baby Multi-Vitamin Liquid (150ml)

🤗 Baby လေးတွေကို အိပ်ချိန်မှန်စေပြီး
အစားစားချင်စိတ်ကိုလည်း ဖြစ်ပေါ်လာ​စေတဲ့အတွက် ကြောင့် well baby Liquid လေးတစ်ဗူးလောက်တော့ဆောင်ထား သင့်ပါတယ်နော်မေမေတို့ရေ 🤱

👶 Well Baby လေးတိုက်​ခြင်းအားဖြင့် Baby လေးတွေအရွယ် ရောက်လာတာနဲ့အမျှ အစားဂျီးများတာတွေ အစားမစားတာတွေ စတဲ့ အရာတွေကနေ ကာကွယ်ပြီးသားဖြစ်စေပါတယ်နော်.... 🥰

👼 Well baby မှာ ဘေဘီလေးတွေအတွက် အထောက်ကူပြုတဲ့ Multi Vitamin 14မျိုး ပါဝင်တာကြောင့်

ဘေဘီလေးတွေရဲ့
ကိုယ်ခံအားကောင်း​လာစေခြင်း ၊
အရိုးအဆစ်တွေသန်မာလာ​စေခြင်း၊
ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေကာ
ကြီးထွားနှုန်းကိုလည်းမြင့်တက်စေပါတယ်နော်....

👼 Well baby ကို အသက် ၆လ မှ ၄နှစ် ကြား ကလေးတွေအတွက်တိုက်ပေးရပါမယ်ရှင့်

♻ ဆေးသောက်နိုင်စေရန်ဆေးညွှန်းကတော့....

🌀- 4 လ မှ 6 လ အတွင်း ကို 2.5ml လက်ဖက်ရည်
ဇွန်းတဝက်

🌀-7 လ မှ 4နှစ် အတွင်း ကို 5ml လက်ဖက်ရည်ဇွန်း 1 ဇွန်း တိုက်ရန်လို့ညွန်းထားပါတယ်။

🌀Well baby ​ ဆေးလေးကို ဗူးစဖွင့်ပြီးနောက် ၁၀ပတ်အတွင်းသောက်ရင်အကောင်းဆုံးပါရှင့် 💙





ကလေးနဲ့အားဆေး******************ကလေးက အစာမစားလို့ ဘာအားဆေးတိုက်ရမလဲ။ ကလေးကပိန်နေလို့၊ ကလေးကို ကိုယ်ခံအားကောင်းစေချင်လို့ ...
11/02/2025

ကလေးနဲ့အားဆေး
******************
ကလေးက အစာမစားလို့ ဘာအားဆေးတိုက်ရမလဲ။ ကလေးကပိန်နေလို့၊ ကလေးကို ကိုယ်ခံအားကောင်းစေချင်လို့ ၊ ဉာဏ်ကောင်းစေချင်လို့ စသဖြင့် မိဘတို့ရဲ့ မေတ္တာ၊ သားသမီးအတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့ဆန္ဒနဲ့ မေးလာတဲ့ မေးခွန်းလေးတွေပါ။

၁။ မွေးကင်းစကနေ ၆ လအထိအရွယ်လေးကို အားဆေးတိုက်ဖို့လိုမလား....

ကလေးကို ကိုယ်ခံအားကောင်းစေဖို့ဆိုရင်ဖြင့် မေမေ့နို့ရည်သာအကောင်းဆုံးပါလို့ပြောပါရစေ။ မေမေကလည်း အာဟာရစုံအောင်စားဖို့ ကိုယ်ဝန်ဆောင်တုန်းကသောက်ခဲ့တဲ့အားဆေးကို အနည်းဆုံးကလေး အသက် ၆ လအထိ ဆက်သောက်သင့်တယ်လို့ဆိုကြပါတယ်။

အကြောင်းကြောင်းကြောင့် မိခင်နို့တိုက်လို့မရဘဲ ဖော်မြူလာနို့မှုန့်တိုက်ရတဲ့မေမေတွေလည်း စိတ်အားမငယ်ပါနဲ့။ ဖော်မြူလာမှာ လိုအပ်တဲ့ ဗီတာမင်တွေ သတ္တုဓာတ်တွေပါပါတယ်။

ဒါ့ကြောင့် ကလေးကလည်း ပေါင်ပြည့် လစေ့တယ်ဆိုရင် အားဆေးမတိုက်လည်းဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် လိုအပ်တယ်ဆိုရင်တော့ ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။ ပေါင်မပြည့် လမစေ့တဲ့ ကလေးငယ်တွေကိုတော့ အားဆေးတိုက်ဖို့လိုပါတယ်။ လသားကလေးငယ်တွေကို အားဆေးတိုက်တဲ့အခါမှာ မသီးအောင်သတိထားဖို့လိုပါတယ်။ တကယ်လို့ဆေးကပျစ်တယ်ထင်ရင် အမေနို့လေးနဲ့ရောတိုက်လို့လည်းရပါတယ်။

၂။ ၆ လကနေ ၅ နှစ်အထိ ကလေးတွေအတွက်...

အားဆေးဆိုတာ ကလေးစားတဲ့အစာမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက သူ့ရဲ့တစ်နေ့တာလိုအပ်ချက်ကိုမပြည့်မီနိုင်ဘူးလို့ ယူဆတဲ့အခါမှာ ဖြည့်စွက်ပေးတဲ့အနေနဲ့ပေးတာပါ။

ဒါကြောင့် မိမိကလေးက အကုန်စုံအောင်စားတယ်ဆိုရင်လည်းမတိုက်လို့ရပါတယ်။ ဒါပေမယ့် ကလေးအများစုကတော့ အစုံစားဖို့မသေချာတတ်တာမို့ အသက် ၆ လကနေ ၅ နှစ်အထိကလေးတွေကို ဗီတာမင် A, C, D နဲ့ သံဓာတ်ပါတဲ့အားဆေးတွေတိုက်သင့်တယ်လို့ဆိုထားတာလည်းရှိပါတယ်။

၃။ ကလေးကအစာမစားလို့ အစာစားစေချင်စိတ်ဖြစ်စေတယ်ဆိုတဲ့အားဆေးတိုက်ချင်လို့ပါဆိုတဲ့မေမေတွေအတွက်...

အားဆေးတိုက်လို့ အစာစားချင်စိတ် ဖြစ်ကိုဖြစ်လာမယ်လို့ပြောလို့မရပါဘူး။ မေမေတို့ အဓိကလုပ်သင့်တာက ကလေးဘာ့ကြောင့် အစာမစားချင်ရတာလည်းဆိုတဲ့အကြောင်းရင်းကိုရှာကြည့်ပါ။ ပြုပြင်ကြည့်ပါ။

ဥပမာ...

၁ နှစ်ကျော်အရွယ်ကလေးတွေဟာ ကျွေးရခက်လာပါပြီ။ ဒါဟာသဘာဝပါ။ သူတို့မှာ စူးစမ်းချင်တာ၊ ဆော့ချင်တဲ့အာရုံတွေများလာတယ်၊ ပြီးတော့ ခန္ဓာကိုယ်ကြီးထွားနှုန်းက လသားအရွယ်ကလောက်မမြန်တော့ပါဘူး။ ဒါ့ကြောင့် လိုအပ်ချက်နည်းလာတာလည်းပါပါတယ်။ ပြီးတော့ အခုသူ့ကိုကျွေးနေတဲ့အစာရဲ့ အရသာ၊ အပျော့အမာကို သူမကြိုက်တာလည်းဖြစ်နိုင်ပါတယ်။ ထမင်းမစားရင် ထမင်းနဲ့အုပ်စုတူတဲ့အထဲက ဂျုံ၊ အာလူးနဲ့လုပ်ထားတာစသဖြင့်ပြောင်းကျွေးနိုင်ပါတယ်။ အရေးကြီးတာကတော့ အာဟာရမဖြစ်စေတဲ့ ရယ်ဒီမိတ်လေဖောင်းအိတ်နဲ့မုန့်တွေ၊ အချိုကဲတဲ့အစားအစာနဲ့ အချိုရည်တွေကို မကျွေးမိစေဖို့ပါပဲ။

၄။ ဉာဏ်ကောင်းစေတယ်ဆိုတဲ့ အားဆေးတွေတိုက်ရမလား..

တိုက်ပါ၊ မတိုက်ပါနဲ့လို့ မပြောလိုပါဘူး။ ဒါပေမယ့် ကလေးတစ်ယောက် ဉာဏ်ကောင်းဖို့ဆိုရာမှာ သူ့ရဲ့မျိုးရိုးဗီဇနဲ့လည်းဆိုင်ပါတယ်။ ကလေးဟာ စိတ်ချလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်မှာ စိတ်ပျော်ရွှင်စွာကြီးပြင်းလာဖို့လည်းလိုပါတယ်။ ဘေးကနေ ကလေးကို ဝိုင်းပြီးစကားတွေပြော၊ ပုံပြင်လေးတွေပြောပြီး ကလေးရဲ့အသိအာရုံကိုလှုံ့ဆော်ပေးနေဖို့လိုပါတယ်။ အစာအာဟာရမျှတစုံလင်စွာစားပြီး ကျန်းမာဖွံ့ဖြိုးဖို့လည်းလိုပါတယ်။ ဒီလိုအချက်တွေ ပေါင်းစုံညီညွတ်မှ ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ကလေးတစ်ယောက်ဖြစ်လာမှာပါ။

၅။ ကလေးမထွားလို့ အားဆေးတိုက်ရမလား...

အားဆေးဆိုတာ ကလေးကို ဝစေတာမဟုတ်ပါ။ အပေါ်မှာရှင်းပြထားတဲ့အတိုင်း ကလေးစားတဲ့အစာမှာပါဝင်တဲ့ ဗီတာမင်ဓာတ်တွေက မလုံလောက်ဘူးယူဆလို့ ဖြည့်စွက်ပေးတဲ့သဘောပဲဖြစ်ပါတယ်။ ကလေးထွားစေချင်တယ်ဆိုရင် အင်အားဖြစ်စေတဲ့အစာတွေကိုအဓိကကျွေးပေးဖို့လိုပါတယ်။

ထမင်း၊ အာလူး၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ဒိန်ချဉ်၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ မြေပဲထောပတ်၊ တစ်နှစ်အထက် ကလေးတွေအတွက် နွားနို့ စသဖြင့် ကျွေးလို့ရပါတယ်။ (ကလေးတွေ ကြီးထွားစေဖို့ နွားနို့ကို ဘယ်လိုတိုက်သင့်တယ်ဆိုတာ သီးသန့်ရေးထားတာရှိပါတယ်)

တစ်နေ့ကို အဓိကအစာ ၃ ကြိမ်နဲ့ သွားရေစာ ၂ ကြိမ် ကျွေးသင့်ပါတယ်။ မိခင်နို့ကိုလည်းကလေးသောက်သရွေ့ အသက် ၅ နှစ် ၆ နှစ်ရောက်ပါစေ တိုက်လို့ရပါတယ်။ ထမင်းပိုစားစေချင်လို့ နို့ဖြတ်ဖို့ကြိုးစားတာမျိုး မလုပ်သင့်ပါ။

၆။ အားဆေးကိုဘယ်အချိန်တိုက်ရမလဲ...

ဗီတာမင်တွေထဲမှာ ရေမှာပျော်ဝင်နိုင်တဲ့အမျိုးအစားနဲ့ အဆီမှာပျော်ဝင်နိုင်တာဆိုပြီးရှိပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် B, C ကို အစာမစားခင်နဲ့ စားပြီး ၂ နာရီအကြာမှာသောက်ပါလို့လည်းပြောကြတာရှိပါတယ်။ ဗီတာမင် B ကို မနက်ပိုင်းမှာသောက်သင့်တယ်လို့ပြောထားတာလည်းရှိပါတယ်။

အဆီမှာပျော်ဝင်တဲ့ ဗီတာမင် A, D, E, K တို့ကိုတော့ အဆီပါတဲ့အစာနဲ့အတူသောက်ရင် စုပ်ယူမှုအားပိုကောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကလေးအားဆေးအများစုဟာ ဒီအမျိုးအစား ၂ မျိုးလုံး ရောနေတာမို့ အားလုံးခြုံငုံမိအောင် နံနက်စာ ဒါမှမဟုတ် နေ့လည်စာစားအပြီးမှာသောက်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

၇။ အချုပ်အနေနဲ့ဆိုရရင်ဖြင့် အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့အတိုင်း မေမေတို့အနေနဲ့ အစားအသောက်ကရတဲ့ အာဟာရတန်ဖိုးတွေကိုနားလည်စေချင်ပါတယ်။ မအားလပ်တဲ့ကြားကပဲ သားသမီးလေးတွေကို အာဟာရပြည့်ဝစွာစားသောက်တတ်အောင် လေ့ကျင့်ပေးစေလိုပါတယ်။ အားဆေးတိုက်နေတာပဲဆိုပြီး ကလေးရဲ့အစားအသောက်အပေါ် အာရုံမစိုက်မိတာမျိုးလည်းမဖြစ်စေချင်ပါ။
ကလေးမှာ ဗီတာမင်ချို့တဲ့တဲ့လက္ခဏာရှိရင်တော့ အားဆေးတိုက်ကိုတိုက်ရမှာဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ ရင်သွေးလေးများကို ပြုစုပျိုးထောင်နိုင်ကြပါစေ.....

Share ခြင်းအားဖြင့်ရင်သွေးငယ်များဆီလက်ဆင့်ကမ်းကြပါစို့...

Crd

#ဒေါက်တာအိ_ကလေးကျန်းမာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Healthy Care Medical Supplement Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram