Wendy in Neverland

Wendy in Neverland Tarot, Astrology, Numerology & Spiritual Insight

Black Moon Lilith ⚸Lilith လို့ပြောလိုက်တာနဲ့ Dark Feminine Archetype ဆိုတာကို တော်တော်များများ သိကြပါတယ်။ ဒါပေမယ့် သူက S...
25/02/2026

Black Moon Lilith ⚸

Lilith လို့ပြောလိုက်တာနဲ့ Dark Feminine Archetype ဆိုတာကို တော်တော်များများ သိကြပါတယ်။ ဒါပေမယ့် သူက Sexual Desire တစ်ခုတည်းကို ကိုယ်စားပြုတာတော့ မဟုတ်ပါဘူး။ Lilith က လူတွေရဲ့ဖိနှိပ်ထားတဲ့ အလိုဆန္ဒတွေ၊ ပုန်ကန်ချင်တဲ့ စိတ်ခံစားချက်တွေ၊ Dark Side / Shadow Side တွေကိုလည်း ကိုယ်စားပြုပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Lilith ရှိတဲ့ House က ပုံမှန်အတိုင်းလုပ်ရတာကို ဆန့်ကျင်ချင်တဲ့ အကျင့်စရိုက်ရှိတတ်ပါတယ်။

House အကုန်လုံးအတွက် Generally ပြောရမယ်ဆိုရင် …

1st House Lilith တွေက သူတို့ရဲ့ပုံစံအစစ်အမှန်ကို ထုတ်ပြရတာ မကြောက်ပါဘူး။ လူတွေသတ်မှတ်ထားတဲ့ ပုံစံတွေ၊ စည်းတွေဘောင်တွေကို ချိုးဖောက်ရတာလည်း သဘောကျပါတယ်။ သူတို့ရဲ့ပင်ကိုပုံစံက တခြားသူတွေအတွက် ဆွဲဆောင်မှုရှိပြီးတော့ ထူးခြားနေတတ်ပါတယ်။ ဒါပေမယ့် 1st House မှာ တခြား Planet နဲ့အတူတူ Conjunct ဖြစ်နေတာ၊ ဒါမှမဟုတ် တခြား Planet တွေနဲ့ Hard Aspect ရှိနေတာဆိုရင်တော့ အချိန်အတိုင်းအတာ တစ်ခုအထိ ကိုယ့်ကိုကိုယ် ကောင်းကောင်းနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။

2nd House Lilith တွေကတော့ Self Worth Issue ရှိတတ်ပါတယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှု၊ ငွေကြေးတွေနဲ့ ပက်သက်ပြီးတော့ မှန်ကန်အောင် ကြိုးစားတည်ဆောက်တတ်ဖို့ လိုအပ်ပါတယ်။ တချို့သူတွေမှာ Body Shaming Trauma ရှိတတ်တာကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုကို ဘယ်လိုပုံစံဖြစ်ဖြစ် လက်ခံတတ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ငွေကြေးနဲ့ပက်သက်ရင် ငွေဝင်ငွေထွက် ကြမ်းတတ်ပါတယ်။

3rd House Lilith တွေကတော့ စကားပြောတဲ့အခါ အရမ်းတည့်တိုးဆန်ပြီး တခြားသူတွေ နားထောင်ရခက်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း ကိုယ့်စိတ်ထဲရှိတာတွေ ပြောသင့်ပြောထိုက်တာတွေကို ထုတ်ပြောဖို့ခက်တာ၊ အရမ်း မြိုသိပ်ထားတတ်တာလည်း ရှိပါတယ်။ ကိုယ့်ရဲ့ Communication Skill ကိုမြှင့်တင်ဖို့လိုပြီးတော့ အသံကိုသေချာအသုံးချဖို့လိုပါတယ်။ တစ်ခါတလေမှာ ကိုယ့်ဘက်က စိတ်ရင်းနဲ့ ထုတ်ပြောလိုက်တဲ့စကားက တခြားလူအတွက် နားလည်မှုလွဲသွားစေတာမျိုး ဖြစ်တတ်ပါတယ်။

4th House Lilith ကတော့ Family ထဲက Black Sheep ပါပဲ။ လူကြီးမိဘတွေနဲ့ တွေးခေါ်စဉ်းစားပုံတွေ ကွာခြားတတ်ပြီးတော့ အိမ်ရဲ့စည်းကမ်းတွေကို ချိုးဖောက်တာ၊ နေရာသစ်ကို ထွက်သွားဖို့ကြိုးစားတာတွေ ရှိတတ်ပါတယ်။ အများစုမှာ Mother Wound ဒါမှမဟုတ် Ancestral Karma ကို Healing လုပ်ရတတ်ပါတယ်။ ပြီးတော့ မျိုးရိုးလိုက် လက်ဆင့်ကမ်းလုပ်ကိုင်လာတဲ့ စီးပွါးရေးတွေကို ကိုယ့်လက်ထပ်မှာ ပိတ်သိမ်းလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။

5th House Lilith ကတော့ ထူးခြားတဲ့ဝါသနာတွေ ရှိတတ်ပါတယ်။ Creativity အားကောင်းတယ်၊ Sexually Active ဖြစ်တယ်၊ Sexual Desire ပြင်းထန်တယ်။ တချို့သူတွေမှာ Childhood Trauma ရှိကြပြီးတော့ ကလေးတွေကိုမုန်းတတ်ပါတယ်။ အချစ်ရေးမှာ Partner ကို ချုပ်ချယ်တာ၊ အကျပ်ကိုင်တာမျိုးလည်း လုပ်တတ်ကြပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို အစွန်းရောက်မသွားအောင် ထိန်းချုပ်တတ်ဖို့ လိုအပ်ပါတယ်။

6th House Lilith တွေကတော့ 9 to 5 Job တွေနဲ့ အံဝင်ခွင်ကျမရှိတာကို တော်တော်များများ တွေ့ရပါတယ်။ သူတို့က အမိန့်ပေးခံရတာ၊ အတင်းအကျပ်ခိုင်းစေတာတွေကို လုံးဝသဘောမကျပါဘူး။ ပြီးတော့ Daily Routine တွေကို အချိန်ဇယားနဲ့ ပုံသေလုပ်ဆောင်ဖို့ ခက်ခဲပါတယ်။ စိတ်ပါနေတဲ့အချိန်ဆို ကာလ၊ ဒေသတွေ ခေါင်းထဲမထည့်ပဲ အားစိုက်လုပ်တတ်သလို စိတ်မပါဘူးဆိုရင်လည်း လုပ်သင့်တာတွေကို ဒီအတိုင်းပစ်ထားတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းနဲ့ ပိုသင့်တော်တဲ့သူတွေဖြစ်ပါတယ်။

7th House Lilith တွေကတော့ အချစ်ရေးမှာ Power Struggle တွေများပါတယ်။ သန်မာတဲ့ Partners တွေကို Attract လုပ်တတ်ပြီးတော့ နှစ်ဖက်လုံးက အလျော့မပေးပဲ အားပြိုင်ရတတ်ပါတယ်။ တစ်ဖက်လူရဲ့လွှမ်းမိုးမှုကို လက်မခံနိုင်တာ၊ Toxic Relationship ကို သိသိရက်နဲ့ ဖက်တွယ်ထားတာတွေလည်း ရှိတတ်ပါတယ်။ တချို့သူတွေဆိုရင် ကိုယ်မကြိုက်တဲ့ပုံစံရှိတဲ့လူကိုမှ စွဲလမ်းသွားတတ်ပါတယ်။

8th House Lilith တွေကတော့ Psychic Ability အားကောင်းသလို Sexual Power လည်းရှိပါတယ်။ လူတွေရဲ့စိတ်ခံစားချက်တွေကို အနက်ရှိုင်းဆုံးအထိ နားလည်ပြီးတော့ လျှို့ဝှက်ချက်တွေကို တူးဖော်ရတာကြိုက်ကြပါတယ်။ စန်းပွင့်တဲ့သူတွေ၊ လူရှိန်ရတဲ့သူတွေလည်း ဖြစ်ပါတယ်။ တချို့သူတွေမှာ Nearly Death Experience တွေကြုံရတတ်ပြီးတော့ ကိုယ့်ကိုကိုယ် အပြည့်အဝနားလည်ထားတဲ့သူတွေက Healer, Mentor တွေ ဖြစ်လာတတ်ပါတယ်။

9th House Lilith တွေကတော့ ဘာသာရေးနဲ့ ရှေးရိုးဆွဲတဲ့အယူအဆတွေကို မေးခွန်းထုတ်တတ်ကြပါတယ်။ တခြားသူတွေရဲ့ အစဉ်အလာ အယူအဆတွေထက် ကိုယ်ယုံကြည်ရာကိုပဲ လက်ကိုင်ထားတတ်ကြတဲ့သူတွေပါ။ ယုံကြည်မှုလည်း အားကောင်းသလို ထူးခြားတဲ့အတွေးအမြင်တွေလည်း ရှိတတ်ပါတယ်။ ဘယ်သူမှမသင်ပေးပဲ နားလည်နေတာတွေ၊ ဆက်စပ်တွေးခေါ်နိုင်စွမ်း အားကောင်းတာတွေ ရှိကြပါတယ်။ တချို့သူတွေက ကြီးမားတဲ့ ဘဝအပြောင်းအလဲတွေကို တွေ့ကြုံပြီးတော့ Spiritual Awakening ဖြစ်တတ်ပါတယ်။ နေရာအထူးအဆန်းတွေကို ခရီးသွားရတာလည်း ကြိုက်ကြပါတယ်။

10th House Lilith တွေကတော့ တခြားသူတွေသတ်မှတ်တဲ့ အောင်မြင်မှုတွေကို စိတ်မဝင်စားကြပါဘူး။ ကိုယ့်ဘဝရဲ့ အောင်မြင်မှုကို ကိုယ့်ဘာသာ သတ်မှတ်ပြီး ကိုယ့်ကမ္ဘာနဲ့ကိုယ် နေထိုင်တတ်တဲ့သူတွေပါ။ သူများနဲ့မတူတဲ့ Career လမ်းကြောင်းကို လျှောက်တတ်တဲ့ စွန့်ဦးတီထွင်သူတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် Career နဲ့ပက်သက်ရင် Up and Down တော့များပါတယ်။ ခေါင်းဆောင်ကောင်းတွေ၊ စွန့်စားရဲတဲ့သူတွေလည်း ဖြစ်ပါတယ်။ လူတွေဆီက ဝေဖန်ခံရတာတွေလည်း ကြုံရတတ်ပါတယ်။

11th House Lilith တွေကတော့ အများနဲ့တစ်ယောက် ရွာပြင်ထွက်နေရတတ်တဲ့သူတွေပါ။ ပုံမှန်လူမှုအသိုင်းအဝိုင်းနဲ့ သိပ်ပြီးတော့ အစေးမကပ်ပါဘူး။ တခြားသူတွေအတွက် လူထူးဆန်းဖြစ်နေတတ်ပေမယ့် ဘယ်သူဘယ်လိုထင်ထင် ဂရုမစိုက်တာများပါတယ်။ ဒါပေမယ့် ပရဟိတလုပ်ငန်းတွေ၊ ပြုပြင်ပြောင်းလဲရေး၊ တော်လှန်ရေးတွေမှာတော့ စိတ်အားထက်သန်ကြပါတယ်။ ကိုယ်မှန်တယ်ထင်တာကို ခေါင်းမာမာနဲ့ လုပ်တတ်တဲ့သူတွေပါပဲ။ အပေါင်းအသင်းတွေရဲ့ မနာလိုတာကိုလည်း ခံရတတ်ပါတယ်။

12th House Lilith တွေကတော့ အထီးကျန်တဲ့ခံစားချက်၊ အနားကလူတွေနဲ့ အဆက်ပြတ်နေတဲ့ ခံစားချက်တွေကို Handle လုပ်ရတတ်ပါတယ်။ ထူးဆန်းတဲ့အိပ်မက်တွေကို မက်တတ်ပြီးတော့ ကိုယ့်ရဲ့စွမ်းရည်တွေကို အလွယ်တကူ မတူးဖော်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ Intuition အားကောင်းသလို တချို့သူတွေ အကြားအမြင် သိသိသာသာ ရတတ်ပါတယ်။ ဒီလူတွေမှာ ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားချင်တဲ့ အကျင့်ရှိသလို မမြင်ရတဲ့အရာတွေကို စိတ်ခြောက်ခြား ကြောက်ရွံ့နေတာမျိုး ရှိတတ်ပါတယ်။ တစ်ယောက်တည်းနေတတ်ဖို့ ကြိုးစားသင့်တဲ့သူတွေ ဖြစ်ပါတယ်။ တစ်ယောက်တည်းနေတော့မှ ကိုယ့်ရဲ့အရည်အသွေးတွေကို ပိုနားလည်လာတတ်ပါတယ်။

ဒါလေးတွေကတော့ အကြမ်းဖျင်းပြောပြတာပေါ့နော်။ အသေးစိပ်သိချင်တယ်ဆိုရင် ကိုယ့်ရဲ့ Lilith က ဘယ်နေရာ၊ ဘယ် Sign မှာရှိတယ်၊ ဒီဂရီဘယ်လောက်မှာရှိတယ်၊ ဘယ် Planet တွေနဲ့ Aspect ရှိတယ်ဆိုတာတွေကို ChatGPT / Gemini တို့မှာ သွားမေးကြည့်ပါ။ ကိုယ်ဘာတွေသိထားဖို့လိုမလဲ၊ ဘာတွေပြင်ရမလဲ နားလည်လာပါလိမ့်မယ်။

အခုနောက်ပိုင်း လူတွေက အရမ်းအလျင်လိုလာကြသလို သွက်လက်တဲ့သူ၊ ပြောရဲဆိုရဲတဲ့သူတွေက နေရာအသီးသီးမှာ ပိုပြီးအသိအမှတ်ပြုခံရတာ ပု...
25/02/2026

အခုနောက်ပိုင်း လူတွေက အရမ်းအလျင်လိုလာကြသလို သွက်လက်တဲ့သူ၊ ပြောရဲဆိုရဲတဲ့သူတွေက နေရာအသီးသီးမှာ ပိုပြီးအသိအမှတ်ပြုခံရတာ ပုံမှန်လိုပါပဲ။ ရှေ့ထွက်နိုင်မှ တော်ရာကျတဲ့​ခေတ်​ပေါ့။ တစ်နေ့ကလည်း ပိုစ့်လေးတစ်ခုတွေ့မိတယ်။ Introvert ဆိုတော့ တခြားသူတွေထက် ပိုနောက်ကျကျန်ခဲ့သလို ခံစားရတယ်၊ ကိုယ်မလုပ်နိုင်တဲ့အရာတွေကို အတင်းအကြပ် ဖိအားပေးလုပ်နေရသလိုပဲတဲ့။ တကယ်တော့ လူတိုင်းမှာ မတူညီတဲ့ကိုယ်ပိုင်ပုံစံတွေ ရှိပြီးသားပါ။ ဒါကိုတခြားသူနဲ့ မတူတူအောင် အတင်းအကြပ်ပြောင်းလဲတာက ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်မခံတာနဲ့ အတူတူပါပဲ။ ကိုယ့်ရဲ့ပုံစံအစစ်က စတုဂံဆိုရင် စက်ဝိုင်းဖြစ်ဖို့ ရုန်းကန်စရာမလိုပါဘူး။ ကိုယ့်ရဲ့ဖြစ်တည်မှု၊ ကိုယ့်ရဲ့ပုံစံကို နားလည်လက်ခံပြီးတော့မှ တခြားသူတွေနဲ့ ကိုယ်ဘယ်လိုမျိုး ပေါင်းသင်းဆက်ဆံမလဲ၊ ကိုယ့်ကိုကိုယ် ဘယ်လို Show Up လုပ်မလဲ၊ ကိုယ့်ရဲ့ Energy ကို ဘယ်လိုအသုံးချမလဲ စဉ်းစားရမှာပါ။ Spiritual ဘက်ကကြည့်မယ်ဆိုရင်လည်း Universe က အလျင်မလိုပါဘူး။ Wendy တို့ကိုပေးနေတဲ့ Message တွေထဲမှာလည်း 'စိတ်ရှည်ပါ' 'အချိန်ယူပါ' ဆိုတဲ့ အမှာစကားက မကြာခဏ ပါလာတတ်တယ်မလား။ လူတစ်ယောက်က ကိုယ့်ကိုကိုယ် ပိုသိဖို့ကြိုးစားချင်တယ်ဆိုရင် အရှိန်လျော့ဖို့၊ ရပ်တန့်ဖို့လိုပါတယ်။ အတွေးတွေများရမယ်၊ ခံစားချက်တွေကို သတိကပ်ရမယ်၊ သဘာဝနဲ့ချိတ်ဆက်ရမယ်။ ဒါမှသာ ကိုယ်အရင်က သတိမထားမိတာတွေကို မြင်လာမှာဖြစ်ပါတယ်။ Emotional Spiral အရကြည့်မယ်ဆိုရင်လည်း Boredom က Middle Point ဖြစ်ပါတယ်။ ကိုယ့်မှာ လုပ်စရာတွေစုပုံပြီး မအားမလပ်ဖြစ်နေမယ်။ အပေါင်းအသင်းတွေနဲ့ပဲ အမြဲတမ်းအချိန်ကုန်ပြီးတော့ ပြင်ပကဖြစ်ပျက်သမျှတွေကိုပဲ စိတ်ဝင်စားနေမယ်ဆိုရင် Inner World ကို ပြန်ကြည့်ဖို့ခက်ပါတယ်။ ဒါကြောင့် အဖြေတွေရှာဖို့ ကြိုးစားတဲ့အခါမှာ ငြိမ်သက်မှုကို ရှာဖို့လိုပါတယ်။ အ​ပေါ်ကစကားကို ပြန်ဆက်ရရင် Introvert ပဲဖြစ်ဖြစ် Extrovert ပဲဖြစ်ဖြစ် ကိုယ့်ပုံစံနဲ့ကိုယ် အောင်မြင်မှုတွေကို ဖန်တီးနိုင်ကြပါတယ်။ ဒါကိုပုံစံတစ်ခုနဲ့ လိုက်တိုင်းတာနေစရာ မလိုပါဘူး။ ကိုယ်က ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ မတူညီပဲ ကွဲထွက်နေတယ်ဆိုရင်တောင် ကိုယ်ကမှားယွင်းနေတာမဟုတ်ပါဘူး။ တချို့နေရာတွေမှာ ညှိနှိုင်းမှုတွေ၊ ပြောင်းလဲမှုတွေ လုပ်ရနိုင်ပေမယ့် ကိုယ့်ရဲ့ပုံစံအစစ်ကိုတော့ မမေ့ပျောက်လိုက်သင့်ပါဘူး။ လူတွေရဲ့ဝေဖန်မှုတွေ၊ သတ်မှတ်မှုတွေကို အကုန်လုံး ကိုယ့်ရင်ထဲထည့်နေရင်တော့ ကိုယ်ဟာဘယ်လိုလူလဲဆိုတာ သိအောင်ကြိုးစားဖို့ ခက်ပါလိမ့်မယ်။

(တကယ်လို့ ကိုယ်က Introvert တစ်ယောက်၊ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တယ်ဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ Recommend ပါတယ်။ ဆရာမောရိသျှ ဘာသာပြန်ထားတဲ့ ငြိမ်သက်ခြင်း ဆိုတဲ့ စာအုပ်လေးဖြစ်ပါတယ်)

24/02/2026

Chaos Magnetic များ 🪄

Intuition Test !!ဒီတစ်ခါတော့ သုံးခုထဲကတစ်ခုရွေးရတာမျိုး မဟုတ်တော့ပဲ နည်းနည်းပိုပြီး Advance ဖြစ်သွားပါပြီ။ Wendy လက်ထဲမှ...
23/02/2026

Intuition Test !!

ဒီတစ်ခါတော့ သုံးခုထဲကတစ်ခုရွေးရတာမျိုး မဟုတ်တော့ပဲ နည်းနည်းပိုပြီး Advance ဖြစ်သွားပါပြီ။ Wendy လက်ထဲမှာ ကိုင်ထားတဲ့ပစ္စည်းလေးက ဘာဖြစ်မလဲဆိုတာကို ကိုယ့်ရဲ့ Intuition နဲ့ဖြေကြည့်ပါ။ ဘာအရောင်လဲ၊ ဘယ်လိုပုံရှိလဲ၊ ဘယ်လိုမျိုးလေးဖြစ်မလဲ စသဖြင့် ကိုယ့်ရဲ့ခံစားချက်အတိုင်း ပေါ်လာတာကိုပဲ တန်းပြောကြည့်ပါ။ အတင်းအကြပ် ဦးနှောက်နဲ့လိုက်တွေးတာမျိုး မလုပ်ပါနဲ့။ ဖြတ်ကနဲပေါ်လာတာကသာ အဖြေမှန်ဖြစ်ပါတယ်။ ဒီတစ်ခုကို မှန်အောင်ပြောနိုင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ Intuition က တော်ရုံမဟုတ်တော့ဘူးနော်။ သေချာလေ့ကျင့်ပြီး အသုံးချသင့်ပါတယ်။ အဖြေမှန်ကို ခဏနေရင် Cmt မှာ Update ပြီး Message လေးတစ်ခုလည်း ဖတ်ပေးမယ်နော်။ ^^

222 Portal Message 🦌 🪶 အခုအချိန်မှာ ကြားဖို့လိုနေတဲ့ Message လေးတွေကို ဖတ်ပေးထားပါတယ်ရှင်။
22/02/2026

222 Portal Message 🦌 🪶

အခုအချိန်မှာ ကြားဖို့လိုနေတဲ့ Message လေးတွေကို ဖတ်ပေးထားပါတယ်ရှင်။

Happy Lunar New Year ပါရှင် 🌕✨မီးမြင်းနှစ် စတင်ပြီဖြစ်ပါတယ်။ ဒီ​နေ့က Chinese New Year ဖြစ်တဲ့အပြင် Ramadan, Annular Sola...
17/02/2026

Happy Lunar New Year ပါရှင် 🌕✨

မီးမြင်းနှစ် စတင်ပြီဖြစ်ပါတယ်။ ဒီ​နေ့က Chinese New Year ဖြစ်တဲ့အပြင် Ramadan, Annular Solar Eclipse လည်းဖြစ်သလို Aquarius New Moon ကျရောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ 2026 က အားလုံးအတွက် ထူးခြားတဲ့အပြောင်းအလဲတွေကို သယ်ဆောင်လာတာမို့လို့ ကံကောင်းမှုတွေ၊ အခွင့်အလမ်းကောင်းတွေကို ရရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။ ❤️

Promo လေးက ဒီနေ့ညနောက်ဆုံးပါရှင် 🤎
14/02/2026

Promo လေးက ဒီနေ့ညနောက်ဆုံးပါရှင် 🤎

Valentine Promo 🤎🧸

Venus နဲ့ Harmony Love Wallpaper လေးတွေကို တစ်ခု 5000 ks နဲ့ ဒီနေ့ကနေ Feb 14 ရက်နေ့ညအထိ Promo နဲ့ရပါမယ်ရှင်။ Wallpaper လေးတွေအကြောင်းကို အောက်က Link လေးတွေမှာ ဖတ်ကြည့်ပါ။

https://www.facebook.com/share/17woQ6XUXQ/?mibextid=wwXIfr

https://www.facebook.com/share/1YG2Lkih7V/?mibextid=wwXIfr

Address

Yangon

Opening Hours

Monday 14:00 - 21:00
Tuesday 14:00 - 21:00
Wednesday 14:00 - 21:00
Thursday 14:00 - 21:00
Friday 14:00 - 21:00
Saturday 14:00 - 21:00
Sunday 14:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Wendy in Neverland posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram