SandikyawOnlineshop

SandikyawOnlineshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SandikyawOnlineshop, Medical supply store, Yangon.

ညပါ ဝတ်အိပ်လို့ရတဲ့ ဒိုင်ဘာလေးက 300ကျော်တဲ့လားGel-based diapers သည် အရည်စုပ်ယူနိုင်စွမ်းမြင့်မားပြီး ကလေး၏အသားအရေကို ခြေ...
19/04/2025

ညပါ ဝတ်အိပ်လို့ရတဲ့ ဒိုင်ဘာလေးက 300ကျော်တဲ့လား

Gel-based diapers သည် အရည်စုပ်ယူနိုင်စွမ်းမြင့်မားပြီး ကလေး၏အသားအရေကို ခြောက်သွေ့စေသည့် အကျိုးကျေးဇူးများရှိပါသည်။ ဒီအမျိုးအစားဒိုင်ဘာများကို နေ့ဘက်နှင့် ညဘက်အတွက် အထူးသင့်လျော်စွာ အသုံးပြုနိုင်ပါသည်။အသုံးပြုရမည့်အခါတွင် အထူးသဖြင့် ညဘက်တွင် အချိန်ကြာရှည်စွာ ကလေးအတွက် အဆင်ပြေစေပါသည်။

ဒါပေမယ့် ကလေး၏ အသားအရေထိခိုက်မှုမရှိစေရန်၊ အချိန်မီပြောင်းလဲပေးခြင်းနှင့် အရည်အသွေးကောင်းမွန်သော ဒိုင်ဘာများကို ရွေးချယ်အသုံးပြုရန် အရေးကြီးပါသည်။

👪 သားယောက်ျားလေးများကို ပြုစုပျိုးထောင်ခြင်းက ထင်သလောက်မလွယ်ပါ။ သုတေသနများအရ သားလေးများက သမီးလေးများထက် ကျောင်းပြေးဖို့၊...
19/04/2025

👪
သားယောက်ျားလေးများကို ပြုစုပျိုးထောင်ခြင်းက ထင်သလောက်မလွယ်ပါ။ သုတေသနများအရ သားလေးများက သမီးလေးများထက် ကျောင်းပြေးဖို့၊ စာမေးပွဲကျဖို့၊ ဆေးလိပ် အရက်နှင့် မူးယစ်ဆေးဝါး စမ်းသုံးကြည့်ဖို့၊ မတော်တဆ ထိခိုက် ဒဏ်ရာ ရဖို့၊ စိတ်ဓာတ်ကျ ရောဂါ ရဖို့ ဖြစ်နိုင်ချေ ပိုများသည်ဟု ဆိုသည်။

👼🏼🙋🏻‍♂️🙅🏻‍♂️
သားယောက်ျားလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို စိတ်ပညာရှင် အချို့က အဆင့် ၃ ဆင့် ခွဲကြသည်။

(၁) မွေးကင်းစမှ ၆ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

🤱🏻👩‍👦သားသည် မိခင်ကို အဓိက တွယ်တာသည်။ ဤ အဆင့်တွင် မိခင်ဆီမှ အရေးကြီးဆုံး၊ အလိုအပ်ဆုံး အရာသည် ချစ်ခြင်းမေတ္တာနှင့် နွေးထွေးလုံခြုံမှုဖြစ်သည်။ မိခင်၏ ဂရုစိုက်မှု၊ ပြုစုစောင့်ရှောက်မှုများက သားငယ်လေး တစ်ယောက်ကို စိတ်ကျန်းမာ ပျော်ရွှင်သည့် ကောင်လေး တစ်ယောက်အဖြစ် ပြောင်းလဲစေနိုင်သည်။

မိခင်၏ အပြောအဆို၊ အပြုအမူများက သားလေး၏ အပြောအဆို၊ အပြုအမူများကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ မိခင်ဆီမှ ဆက်ခံနိုင်သော အရည်အသွေးက ယဉ်ကျေး ပျူငှာ ဖော်ရွေခြင်း ဖြစ်သည်။

(၂) ၆ နှစ်မှ ၁၄ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

👨‍👦🚶🏻‍♂️သားငယ်လေးက ကောင်လေးတစ်ယောက်ဖြစ်လာဖို့ စတင် သင်ယူချင်သည်။ မိခင်ကို တွယ်တာဆဲ ဖြစ်သော်လည်း ဖခင်ကို ပို၍ စိတ်ဝင်စားလာသည်။ ဖခင်၏ စကားလုံး၊ ကိုယ်နေဟန်ထား၊ ဝတ်စားဆင်ယင်မှုတို့ကို မသိမသာ လေ့လာသည်။

ဤ အဆင့်တွင် ကောင်လေး၏ အရည်အချင်းတစ်မျိုးမျိုးကို မြေတောင် စမြှောက်ပေးနိုင်ဖို့ အရေုးကြီးဆုံးက ဖခင် ဖြစ်သလို၊ ကိုယ်ချင်းစာ ကြင်နာတတ်ပြီး အကြမ်းဖက်မှု မလိုလားတတ်စေရန်လည်း ဖခင်က စံနမူနာ ပြနိုင်သည်။ ထို အချိန်ကို နောက်ကျမှ ပြန်မရနိုင်၍ စီးပွား အတွက် အလုပ်များလွန်းသူ ဖေဖေများ ပို ဂရုစိုက်ပါ။

(၃) ၁၄ နှစ် မှ ၁၈ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

👬🕺🏻ဖခင်၏ အပြောအဆို၊ အပြုအမူ တို့ထက် ပတ်ဝန်းကျင်မှ အမျိုးသားတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များကို ကောင်လေးက စတင် သင်ယူချင်သည်။ ဥပမာ အတန်းကြီးမှ ကစားဖော်များ၊ စကားပြောဖော်များ၊ တစ်လမ်းတည်းသား ဂစ်တာတီးဖော် အစ်ကိုကြီးများ၊ ကျောင်းဆရာ၊ ကျူရှင်ဆရာများကို အထင်ကြီးလွယ်သည်၊ မိသားစုထက် ပိုယုံစားလွယ်သည်။

ဤ အဆင့်တွင် မိခင်ရော ဖခင်ပါ လိမ္မာ ပါးနပ်ဖို့ လိုသည်။ အမြင်မတူလျှင် မဆန့်ကျင်ပါနှင့်၊ တူလာအောင် စည်းရုံးပါ။ မတင်းကြပ်ပါနှင့်၊ ပြေလည်ဖို့ ညှိနှိုင်းပါ။ မိမိသားနှင့် ပေါင်းသင်း ဆက်ဆံနိုင်ချေရှိသူများကို ကြိုတင်လေ့လာစူးစမ်းပါ။ တားမြစ်ဖို့ လိုလျှင် အချိန်မီပါစေ။ မိမိသားကို လမ်းမှန်သို့ လက်တွဲခေါ်မည့်သူကို အသိအမှတ်ပြုပါ။ လိုအပ်လျှင် သား လေးစားသော သား၏ ဦးလေး၊ ဘကြီး၊ အဖိုးတို့၏ အကူအညီကို ရယူပါ။

👩🏻‍⚕️သားပိုင်ရှင်များက ကလေး၏ အသက်အပိုင်းအခြားအရ သတိမူစရာများ သတိမူနိုင်ရန်၊ ကျန်းမာပျော်ရွှင် ထူးချွန်ထက်မြက်သော သားယောက်ျားလေးများ ပျိုးထောင်နိုင်ရန် ရည်ရွယ်ရေးပါသည်။
Crd

ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ။အကြိမ်ကြိမ် ပြန်တင်ခဲ့ပြီး သော ပို့စ်အ...
19/04/2025

ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ။
အကြိမ်ကြိမ် ပြန်တင်ခဲ့ပြီး သော ပို့စ်အဟောင်းလေးပါ

ကလေး တွေ ဆိုးတယ် ၊ထိန်း မနိုင်ဘူး တဲ့လား
ခေတ်ဘုန်းသစ်

မေမေ တို့ရေ..ကလေး ရှိတဲ့ အိမ်တိုင်းလိုလိုမှာ တစ်နှစ်ခွဲ နှစ်နှစ်လောက်က စပြီးတော့ ကလေးတွေ ဂျစ်တိုက်တာ ၊ ဂျီကျတာ၊ ပြောစကား နားမထောင်တာတွေကို ကြံရစမြဲပါ။ အဲဒီ့ အခါမှာ ကလေးနဲ့ မိဘ ကြားမှာ တိုက်ပွဲလေးတွေ စလာရတော့တာပါပဲ။ ကလေးတို့ ဂျစ်တိုက်လာတယ်၊ ဂျီကျလာတယ်။ ပြောလို့ ဆိုလို့ မကောင်းဘူး ဆိုတာဟာ တကယ်တော့ မိဘ (လူကြီး) ဘက် က မြင် တဲ့ အမြင်ပါပဲ။

ဒီအရွယ် တစ်နှစ်ကနေ သုံးနှစ်အရွယ်ဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက် ဖွံ့ဖြိုးတဲ့ အချိန်မို့လို့ ကလေးတိုင်းလိုလို ပြောရခက်၊ ဂျီကျတတ်ကြပါတယ်။ ကျွန်မတို့ လူတွေ ရဲ့ ဦးနှောက် ဟာ ဘယ်ဘက် နဲ့ ညာဘက်ခြမ်း ဆိုပြီးတော့ နှစ်ခြမ်း ရှိပါတယ်။ ညာဘက်ခြမ်းက ဒေါသထွက်တာ၊ ပျော်တာ ၊၀မ်းနည်း တာ စတာတွေ ကို ခံစား တတ်တာတွေကိုလုပ်တယ်။ဒေါသထွက်ရင် မျက် နှာ ကွက်ကနဲပျက်တာ၊ ၀မ်းသာရင် မျက်နှာလေးက လင်း ကနဲဖြစ်သွားတာ စတဲ့ ( Facial Expression) တွေကိုလည်း ဦးနှောက် ညာဘက် ခြမ်းပိုင်းကလုပ်ပါတယ်။ ဒေါသထွက်ရင် အသံကဒေါသသံပါလာတာ အသံမြန်လာစူးလာတာ၊ ပျော်ရင် အသံက ပျော်တဲ့ အသံ ပေါက်လာတာ (Tone of Voice) ဒါတွေကိုလည်း ဦးနှောက်ညာဘက်ခြမ်း ကလုပ်ပါတယ်။

ကျွန်မတို့ ရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းကတော့ အကျိုးနဲ့ အကြောင်း( Logical thinking)တွေးခေါ် စဉ်းစားတဲံ့အလုပ် ၊ နာမည် တပ်တဲ့ အလုပ် တွေကို လုပ်ပါတယ်။ ဒီလောက် ဆိုရင် ခံစားမှု နဲ ပါတ်သတ် ပြီးတော့ ဦးနှောက်နှစ်ခြမ်း မှာ ဘယ်အပိုင်းကို ဘာတွေကို လုပ်တယ် ဆိုတာကို မေမေ တို့အကြမ်း အားဖြင့် သဘော ပေါက် လောက်ပါပြီ။

ကလေးတို့ ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အရ အထူးသဖြင့် မွေးစကနေ သုံးနှစ်လောက် အတွင်းမှာ ကလေးတို့ဟာ ညာဘက် ဦးနှောက် အခြမ်းက ၊ ဘက်ဘက် ဦးနှောက်အခြမ်းထက် အရင် စတင် ဖွံ့ဖြိုးပါတယ်။ ဘယ်ဘက် အခြမ်းက ကောင်းကောင်း မဖွံဖြိုးသေးပါဘူး။ ဒါကြောင့် သူတို့ ဟာ ဒေါသထွက်ရင် ဒေါသထွက် တာကို စကားလုံးနဲ့ မဖော်ပြတတ်သေးဘူး။ မထိန်းသိမ်းတတ်သေးဘူး။ စိတ်တိုလာ ရင် ကန်ကြောက်မယ်၊ အော်ဟစ်မယ်၊ ကိုယ်ကို ကြမ်းပြင်ပေါ်လှိမ့်ချမယ်။ ပျော်ရင် ထခုန်မယ်။ ဒါ တွေကို အကနု့သတ် အဆီးတားမရှိသူတို့ လုပ်တတ်ကြပါတယ်။

ပြောဆိုရင် မပြောဘူး။ လူစိမ်းနဲ့ တွေ့ရင် လည်း နှုတ်ဆက်ချင်မှ နှုတ်ဆက်မယ်။ နှုတ်မဆက်လို့ ရိုင်းပါလား ဆိုတာကို သူတို့ ဘယ်လို မှ နားကို မလည် နိုင်သေးပါဘူး။ သူတို့ ပြောချင် ရင် ပြောမယ်။ မပြောချင် ရင် မပြောဘူး ။စိတ်ခံစားချက် အတိုင်း လိုက်တတ်ကြပါတယ်။ အဲလိုပဲ တစ်နေရာ ကို ကလေးနဲ့ အတူတူ လမ်းလျှောက်သွားချိန်မျိုးမှာ သူတို့ စိတ်၀င်စားတာကို တွေ့ရင် အကြာကြီးရပ်ကြည့်ချင် ကြည့်နေမှာပဲ။ အဲလို ရပ်ကြည့်နေလို့ သွားစရာ ရှိတာတွေ နောက်ကျကုန်မယ် လို့ လူကြီးက ဘယ်လောက်ပြောပြော သူတို့ နားမလည်နိုင်သေးပါဘူး။ အကျိုးအကြောင်းကို နာလည် နိုင်တဲ့ဦးနှောက်ဘယ်ဘက်အခြမ်း မဖွံ့ဖြိုးသေးလုိ့ပါပဲ။
ဒီအရွယ်မှာ အကောင်းဆုံး ကလေးပြုစုစောင့်ရှောက်နည်းကတော့ ကလေး နဲ့ တိုက်ရိုက် ပြသနာ ဖြစ်နိုင်တဲ့ အပြုမူ မျိုးကို လူကြီးက ရှောင်ရပါမယ်။ ဥပမာ- ကားနဲ့ ခရီး ကြာကြာသွားတဲ့ အခါမျိုးမှာ ကလေး ပျင်းရင် ဂျီမကျနိုင်အောင်လို့ ကလေးမပျင်းအောင် ( ကစားစရာ၊ ပုံဆွဲစာအုပ် စတာတွေကိုယူသွားတာမျိုး) ကိုယ့်ကားနဲ့ ကိုယ်ဆိုရင် လမ်းမှာ ခဏရပ်တာမျိုးပါ။ အဲလိုပဲ ကလေး ကို အိပ်ချိန်၊ စားချိန် မှန်အောင်လေ့ကျင့် ပေးတာ၊ သူမနှုတ်ဆက်ချင်တဲ့ တစိမ်းကို အတင်း မနှုတ်ဆက်ခိုင်းတာ၊ အယဉ်အကျေး စကား တွေကို ကလေး မပြောချင်တိုင်း အတင်း မပြောခိုင်းရပါဘူး။ အရေးကြီးဆုံး အရာက ကလေး ဘာလုပ်လုပ် ပျော်ဖို့ပါ။ ကလေး ပျော် ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ အရာကို ကစားရင်းနဲ့ ကလေးတို့ကို မသိမသာ သင်ပေးရပါမယ်။ (ဒီအရွယ်ကလေးတွေကို စည်းကမ်းဘယ်လို ပေးရမယ် ဆိုတာကို ပျော်စရာကောင်းတဲ့ စည်းကမ်း ဆိုတဲ့ နာမည် နဲ့ ကျွန်မ ရေးထားဖူးပါတယ်။ )

ကလေးတို့ ဟာ ဂျီ ကျလာပြီ။ အော်ဟစ်လာ ပြီ ၊ သောင်းကျန်းလာပြီ ဆိုရင်တော့ လူကြီးတို့ဟာ ကလေး နဲ့ အပြိုင်လိုက်ပြီးတော့ စိတ်ဆိုး ၊ စိတ်တို၊ အော်ဟစ်၊ ဆူပူ ၊ရိုက်နှက်တာ မျိုး မလုပ်ရပါဘူး။ သူတို့ အကြီးအကျယ် သောင်းကျန်း ခြင်းဟာ သူတို့ ဦးနှောက် ညာဘက်ခြမ်း အလွန်တရာ အလုပ်လုပ်နေခြင်းပါ။ ဒေါသထွက်၊ စိတ်တိုနေတဲ့ စိတ်ကလေး ပြေပျောက်သွားအောင်လို့ သူတို့ ကိုပွေ့ဖက် ရပါမယ်။ သူတို့ ခံစား နေတာကို နားလည် တဲ့ အကြောင်းကို အထိအတွေ့ (ပွေ့ဖက်ခြင်း၊ ကျောလေးသပ်ပေးခြင်း) နဲ့ စိတ်ပြေတဲ့ အထိ လုပ်ပေးရပါမယ် ။ စိတ်လေး အေး ချမ်းသွားတဲ့အ ထိ ချော့မြူပွတ်သပ်ပေးပါ။ ပြီးပြီ ဆိုတော့မှ အေးအေးဆေးဆေး ကလေးကို ပြောပြရပါမယ်။ ဒါမှ မဟုတ် အာရုံလွှဲပေးရပါမယ်။

ကလေးတို့ဟာ မေမေ ဒါ ဘာကြောင့် ဒီလို ဖြစ်တာလဲ။ ဘာကြောင့် ကားက သွား တာလဲ။ ဘာကြောင့် ထမင်း က မဝါဘဲ ဖြူနေတာလဲ ဆိုတဲ့ လူကြီးစိတ်ညစ်ဖွယ်ကောင်းအောင် မေးလာပြီ ဆိုရင်တော့ သူတို့ ဦးနှောက် ဘယ်ဘက်ခြမ်း (အကျိုးအကြောင်းကို နားလည် တဲ့အခြမ်း) ဖွံ့ဖြိုးလာပါပြီ။ ကျွန်မတို့ ရဲ့ ဦးနှောက် ဟာ မွေးကတည်း က ဖွံ့ဖြိုးပြီး ပါလာတာမဟုတ်ပါဘူး ။ ကလေးတို့ ဦးနှောက်ဖွ့ံ့ဖြိုးဖို့အတွက် ကျွန်မတို့ဟာ ကလေးတို့ကို လေ့ကျင့် ပေးဖို့ လိုပါတယ်။ ကလေးဦးနှောက်ဖွံ့ဖြိုးဖို့ အတွက်အေ၇းကြီးဆုံးအရာ က ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာပါ။

အခု လိမ်မာတယ် ၊ အသိရှိတယ် လို့ ပြောကြတဲ့ ကျွန်မရဲ့ ရှစ်နှစ်သား သားကြီး သြရသ ငယ်ငယ်တုံးက ဆိုရင် ဘယ် သူ့ကို မှ လမ်းတွေ့ရင် နှုတ်ဆက်ခိုင်းလို့ မရပါဘူး။ သူ့ကို ချစ်စရာလေး မို့လို့ ချစ်လို့ ကြည့်ရင် သူစိတ်အနှောက်ယှက်ဖြစ်တတ်ပါတယ်။ ဒီကာလ (တစ်နှစ်ကနေ သုံးနှစ်အတွင်း) မှာ ကျွန်မဟာ သား တစ်မျက်နှာကို ပဲ ကြည့်ပြီးတော့ထိန်းကျောင်းခဲ့ရတာပါပဲ။

ကျွန်မတို့ ကလေးတွေ လိမ်မာ၊ထူးချွန်ဖို့ ဆိုတာဟာ ဘ၀တစ်သက်တာ လုံးအတွက် ကျွန်မတို့ က မျိုးစေ့ချပေး ရမှာပါ။ ဒီကာလလေး တစ်ခုတည်းမှာ လူကြီးကို ကြောက်လို့ လိမ်မာ ရတဲ့။ လူလိမ်မာလေးတွေ မဖြစ်စေချင်ပါဘူး။ ကလေးတို့ရဲ့ စိတ် ပိုင်းဆိုင်ရာ ကို ထိခိုက်စေမယ့် အပြု အမူ၊ အပြောအဆိုမျိုး ကို အထူးသဖြင့် ရှောင်ရှားကြဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ် ရှင်။ ကျွန်မ အနေနဲ့ကတော့ ဆိုးတဲ့ ကလေး ဆိုတာကို ဘယ်တုံးကမှ မတွေ့ဘူးခဲ့ပါဘူး။ ကလေးများဟာ မဆိုးပါဘူး။ ကလေးရဲ့ကမ္ဘာ၊ ကလေးအတွေး၊ ကလေးရဲ့ အမြင်ကို လူကြီး တွေက ၀င်မကြည့်၊ ၀င်မတွေး ပေးနိုင်ခြင်းဟာ ကလေး တွေကို ဆိုးတယ် လို့ ထင် ရတဲ့အကြောင်းရင်းပါ



Ref:The Whole Brain by Danial J Siegel
2.Family Discipline by Nancy

ဘာမှ မရှိတဲ့အချိန်မျိူးမှာမှ ဘယ်သူက" မိသားစု" ဆိုတာ သိရတယ်။ဒုက္ခဖြစ်ချိန်ရောက်မှဘယ်သူက "မိတ်ဆွေ" ဆိုတာ သိရတယ်။ပိုက်ဆံချေ...
17/04/2025

ဘာမှ မရှိတဲ့အချိန်မျိူးမှာမှ
ဘယ်သူက" မိသားစု" ဆိုတာ သိရတယ်။

ဒုက္ခဖြစ်ချိန်ရောက်မှ
ဘယ်သူက "မိတ်ဆွေ" ဆိုတာ သိရတယ်။

ပိုက်ဆံချေးသုံးရတဲ့အချိန်ကြုံမှ
ဘယ်သူက "လက်တွေ့ကူညီတယ်"ဆိုတာ သိရတယ်။

အကျတ်တည်းဆုံး(အမှောင်ထဲရောက်ချိန်)မှ
ဘယ်သူက "တွဲခေါ်တယ်" ဆိုတာ သိရတယ်။

နောက်ဆုံး
မင်းမှာ ခက်ခဲရုန်းကန်ရချိန်ပိုက်ဆန်မရှိတဲ့အချိန်ရောက်မှ " လက်တွဲဖော်" ဆိုတဲ့ အဓ္ိပ္ပါယ်ကို သိရမယ်။
ဆိုးတူကောင်းတူ မျှဝေလို့ရမှ
"လူရွေးမှန်မမှန်" သိရမယ်။

သဲကွဲခဲ့ပါတယ်...။သဲကွဲသွားပါတယ်...။
ပြီးတော့ သိခွင့်ရပါတယ်။
အဆိုးတွေထဲက ကောင်းခြင်းတွေဆိုတာ
သဲကွဲစွာ သိရခြင်းတွေပါ။
မျက်နှာဖုံးအောက်က ရုပ်မှန်ကိုမြင်ရခြင်းပါ။
ဒိအတွက်..
အားလုံးကိုလှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။

ဒိုင်ဘာ  Grade Aအလွတ် ရှယ်အသစ်ရောက်  50 ပါကို 22500😍 gel type😍 အထူသား😍 error လုံးဝမပါ😍 good QualtityM Xl Xxl ###l X###l ...
16/04/2025

ဒိုင်ဘာ Grade Aအလွတ် ရှယ်အသစ်ရောက် 50 ပါကို 22500
😍 gel type
😍 အထူသား
😍 error လုံးဝမပါ
😍 good Qualtity
M Xl Xxl ###l X###l ထိရ

16/04/2025
ဒိုင်ဘာတခု 300 ကျော်နဲ့100%Gel type100%error ကင်း100%လုံးဝ မပါးပါဘူးဘယ်မှာမှ မရနိုင်တဲ့ စျေးနဲ့ Qualtityလိုချင်ရင် ဒီိကိ...
14/04/2025

ဒိုင်ဘာတခု 300 ကျော်နဲ့
100%Gel type
100%error ကင်း
100%လုံးဝ မပါးပါဘူး
ဘယ်မှာမှ မရနိုင်တဲ့ စျေးနဲ့ Qualtity
လိုချင်ရင် ဒီိကိုလာပါနော်
60 ပါကိုမှ 22500

👶 Diaper ဆိုနူးညံ့ရမယ် ၊ အမိုက်စားအရည်အသွေး ရှိတာမှ ရွေးချယ်ချင်တဲ့ မေမေတို့အတွက် 🤱

နူးညံ့မှုအပြည့် ၊ ယိုစိမ့်မှု 2ဆ ကာကွယ်ပေးမယ့် diaperအကြည်ထုတ်လေး ရှိတယ်နော်
expလဲ2027ထိဆိုတော့ကဲဘာလိုသေးလဲ
sကနေ2xlထိအရုပ်ကလဲတပုံထဲဆိုတော့ဆ်ိုဒ်ရောပါလာမှာဆိုဒ်မှာလဲမပူရdiaperပေါမှာဆိုဒ်ပါPသား😍

✨စုပ်ယူမှုအားကောင်းပြီး ဘေဘီလေးတို့ ၀တ်ဆင်ထားရင် နူးညံ့အိစက်မှု အပြည့်နဲ့ လှုပ်ရှားမှုတိုင်းမှာ လွတ်လပ်ပေါ့ပါးစေမယ့် Diaper ဖြစ်တာကြောင့် မေမေတို့အတွက်ရော၊ ဘေဘီလေး အတွက်ပါ အကောင်းဆုံး ရှိနေပေးမယ့် Diaperလေးပါနော်

🥰m60
🥰L60ခု
🥰xl60ခု
🥰2xl60ခု
ဘယ်ဆ်ိုဒ်ယူယူ22500
လက်ကားကုန်သည်ကြီးများတွက်စျေးအထူးရှယ်စျေးရှိမယ်နော်🥰

𝐁𝐚𝐛𝐲 လေးတွေအတွက် မေမေတို့ အလွယ်တကူမှာယူချင်တယ်ဆိုရင်တော့....👇
09793369869

Address

Yangon

Website

Alerts

Be the first to know and let us send you an email when SandikyawOnlineshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share