Thomas Hobbes Bab - Psychology

Thomas Hobbes Bab - Psychology Higher education creates Higher Income

Control your lust God will be Blest

သမ္မကျမ်းစာကာတွန်းရုပ်ပြ
27/06/2025

သမ္မကျမ်းစာကာတွန်းရုပ်ပြ

ဤအကောင်းဆုံးစာအုပ်တွင် သမ္မာကျမ်းစာကို သက္ကရာဇ်အလိုက်ဖော်ပြပြီး အဓိကဖြစ်ရပ်များကို အလွယ်တကူ နားလည်မှတ်မိနိုင်သော ကာတွန်းစာအုပ်ပုံစံ(ဖောမတ်)ဖြင့် ဖော်ပြပေးထားသည်။

27/06/2025

စိတ်ပျက်ဖို့ကောင်းတဲ့လူ့လောကကြီးမှာ

27/06/2025
27/06/2025

Dreamworks ရဲ့ဖန်တီးမှုတွေထဲမှာ အကြိုက်ဆုံး character က Puss in boots ထဲက Lobo aka Death လို့ပြောလို့ရတယ်။ ဒီ post ရေးရခြင်းရည်ရွယ်ချက်က Lobo ကို Villain တစ်ယောက်အဖြစ်အမြင်မှားနေတာကို ရှင်းအောင် ပြောပြပေးတာပါ။

Puss in Boots The last wish စထွက်တုန်းက Lobo ကို Puss ရဲ့ Villain လို့ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့နောက်ပိုင်း Lobo က Villain တစ်ယောက်မဟုတ်ပဲ Puss ရဲ့အကြောက်တရား ကို သတိပေးချက်တစ်ခုဖြစ်တယ်ဆိုတာသတိထားမိတယ်။ Lobo က Death ဖြစ်တာကြောင့် သူက သဘာဝ တရား ဖြစ်ပြီး ကိုယ့်ဘဝကို တန်ဖိုးမထားတဲ့ Puss ကိုသတိပေးဖို့လာခဲ့တာပါ။ တကယ်တန်း Movie ရဲ့ Villain က Big Jack ဖြစ်ပါတယ်။

Lobo က Puss အတွက်ပဲ လာတယ်ဆိုတာပိုသိသာစေတဲ့အချက်က Puss တို့ Dark Forest ထဲမှာရှိနေတုန်း လူတိုင်းပုံကို Map မှာမြင်ရပေမဲ့ Lobo ပုံကတော့မပါခဲ့ပါဘူး။ နောက်ပြီး Lobo က movie ရဲ့ villain မဟုတ်ဘူးဆိုတာပိုသိသာစေတဲ့အချက်က Puss ထွက်ပြေးပြီး Cat Mama အိမ်ရောက်လာတော့ Puss ကသူ့ပျော်ပျော်နေတက်တဲ့ ဘဝ ကိုစွန့်လွတ်ခဲ့ပါတယ်။ တကယ်လို့ Lobo သာ Villain ဖြစ်ခဲ့ရင် Cat mama အိမ်လိုက်လာမှာပါ။ ဒါပေမဲ့ Lobo ကလိုက်မလာတဲ့အပြင် Puss နဲ့ Kitty တို့ Jack ပစ္စည်းလုတဲ့အချိန်ရောက်မှပြန်ပေါ်လာတာကိုကြည့်ရင် Lobo က Puss အတွက်ပဲရှိနေတာပါ။ Puss ကိုပညာပေးဖို့ရောက်နေတာပါ။

Lobo ဘာလို့ puss နောက်ကိုဖြေးဖြေးပဲလိုက်ရလဲဆိုရင် Lobo ရဲ့အလုပ်က Puss ကိုလာ Tet တာမဟုတ်ပဲ Puss ရဲ့လုပ်ရက်ကြောင့် Tay သွားတဲ့အခါ Puss Soul ကိုယူသွားဖို့ပါ။ အဲ့တာကြောင့် Puss နဲ့ချတိုင်း အနိုင်ယူလို့ရပေမဲ့ Puss ကိုသူ့အသက်တန်ဖိုး ကိုနားလည်စေဖို့လောက်ပဲတိုက်ခိုက်တာမြင်ရပါတယ်။ လူသားအပါအဝင် သက်ရှိတိုင်းက မTay ခင်အမြင်မှန်ရတက်ကြပေမဲ့ Puss အတွက်က Lobo မှလာပညာမပြရင် ဘယ်တော့မှအမြင်မှန်မရနိုင်တာကြောင့် Lobo ရောက်လာတာပါ။ Lobo ဘာလို့ မြေခွေးပုံဖြစ်နေရလဲဆိုရင် ကြောင် ကမြေခွေးကြောက်လို့ပါ။ Death ဖြစ်တဲ့အတွက် သူကြိုက်တဲ့ပုံပြောင်းနိုင်ပြီး death ကသူ့ သားကောင်ကြောက်မဲ့ပုံကိုရွေးပြီးလာတက်ပါတယ်။ ကြောင်တွေက မြေခွေး ကိုကြောက်ကြပါတယ်။

ဒါပေမဲ့ Dreamworks ရဲ့ Character ပုံဖော်ကျွမ်းကျင်မှုကြောင့် Fan တော်တော်များများက Lobo ကို Villain အဖြစ်မြင်နေကြပါတယ်။

Yes
27/06/2025

Yes

AI က PhD ဘွဲ့ရတွေနဲ့ ယှဉ်နိုင်ပြီလို့ OpenAI CEO ပြော

ဆမ်အော့တ်မန် ပြောသလိုဆို AI က အောက်ခြေသိမ်းအလုပ်ကနေ ပညာရှင်အဆင့်အထိ စိန်ခေါ်နိုင်ပြီဆိုတဲ့သဘောပါပဲ။

တလောကပဲ AI နည်းပညာက junior-level အလုပ်တွေ လုပ်နိုင်နေပြီလို့ သူ ပြောထားတာပါ။ AI agents တွေက အငယ်တန်းဝန်ထမ်းတွေလိုပဲဆိုပြီး ပြောလို့မှ မဆုံးသေးခင် အခု AI က PhD ဘွဲ့ရတွေကို ယှဉ်နိုင်ပြီဆိုပြီး ထပ်ပြောပါတယ်။

"တချို့နေရာတွေမှာ AI က ကမ္ဘာ့ထိပ်တန်းပရိုဂရမ်မာတစ်ယောက်လိုပါပဲ။ ကမ္ဘာ့အခက်ဆုံးဆိုတဲ့ သင်္ချာပြိုင်ပွဲမှာ အမြင့်ဆုံးရမှတ်ရအောင် AI က လုပ်နိုင်တယ်။ ဒါမှမဟုတ်လည်း PhD ပညာရှင်တစ်ယောက်ပဲ ဖြေရှင်းနိုင်မယ်လို့ ထင်ထားတဲ့ ပြဿနာတွေကိုလည်း AI တွေက ဖြေရှင်းနိုင်ပါတယ်။"

ဒါက သူ့ညီ ဂျက်အော့တ်မန်နဲ့ Uncapped podcast မှာ ပြောသွားတာပါ။ AI တွေ အစွမ်းထက်လာတာနဲ့အမျှ နည်းပညာကုမ္ပဏီအလုပ်တွေမှာ လူလျှော့တာ ပိုများလာပါတယ်။ Anthropic CEO ဒါရီယို အာမိုဒေးက AI နည်းပညာဟာ အငယ်တန်း entry-level ကော်လာဖြူအလုပ်အကိုင် ထက်ဝက်နေရာ အစားထိုးလာတော့မယ်လို့ သတိပေးထားပါတယ်။

Amazon ကုမ္ပဏီကလည်း နောက်နှစ်တွေဆို လူလျှော့ပြီး Generative AI tools နဲ့ AI agents တွေ ပိုသုံးသွားမယ်လို့ ပြောနေပါတယ်။ AI နည်းပညာပေါက်ကွဲမှုက လုပ်ငန်းခွင်အတွေ့အကြုံမရှိသေးတဲ့ ဘွဲ့ရ GenZ လူငယ်တွေပေါ်လည်း အလုပ်အကိုင်စိန်ခေါ်မှုတွေ ကြုံရဖို့ ရှိပါတယ်။

အိုင်တီအလုပ်အကိုင်တွေက ဒီနှစ်ပိုင်းမှာ လူလျှော့မှုတွေ များသထက်များလာပါတယ်။ Layoffs.fyi ရဲ့ အချက်အလက်အရဆို ၂၀၂၂ နဲ့ ၂၀၂၄ ခုနှစ်အတွင်း နည်းပညာဝန်ထမ်းပေါင်း ၆ သိန်းနီးပါး အလုပ်အကိုင် ပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်တွေမှာ AI ကြောင့် လူလျှော့မှု များသထက် များလာမှာ ဖြစ်ပေမယ့် Agentic AI ကျွမ်းကျင်သူတွေကတော့ ကုမ္ပဏီတွေ လက်မလွှတ်နိုင်တဲ့ အဖိုးတန်အရင်းအမြစ် ဖြစ်လာတော့မှာပါ။

27/06/2025

Address

Yangon

Opening Hours

Tuesday 09:00 - 15:00
Wednesday 09:00 - 14:00
Thursday 09:00 - 13:00
Saturday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Thomas Hobbes Bab - Psychology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram