Shwe Moe Pharmacist and Nurse Aid Training Centre

Shwe Moe Pharmacist and Nurse Aid Training Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Moe Pharmacist and Nurse Aid Training Centre, No (98/B), Thudamar Road, North Oakkalapa Township, Yangon.

08/08/2023

💬 “ ရောဂါအတွက် ပိုးမွေးဖို့လိုတယ် “

🏥 ဒီစကားကို ဆေးရုံ ၊ ဆေးခန်းတွေမှာ မကြာခဏ သုံးလေ့ရှိပါတယ်။ ပိုးမွေးမြူခြင်း (Culture & Sensitivity) ဟာ ရောဂါရှာဖွေကုသတဲ့နေရာမှာ အလွန် အရေးပါပါတယ်။ ဒါပေမယ့် လူအများစုက ပိုးမွေးမြူတာနဲ့ ပတ်သက်ပြီး သိသင့်သလောက် မသိကြပါဘူး။ ဓာတ်ခွဲခန်းမှာ ရောဂါပိုးမွေးမြူရတဲ့အကြောင်းရင်းတွေ ၊ ဘယ်လို မွေးမြူသလဲ ၊ ကုသမှု အတွက် အကျိုးပြုပုံ စတာတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ပိုးမွေးမြူခြင်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောပြပေးသွားပါမယ်။

🦠 ဘာကြောင့် ရောဂါပိုးမွေးဖို့ လိုအပ်သလဲ ❓

- ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးရှိနေလား ...

- ဘယ်ရောဂါပိုးအမျိုးအစားလဲ...

- ဘယ်လိုဆေးတွေနဲ့ ရောဂါပိုးကို တားဆီးနိုင်မလဲ...

စသည်တို့ကို အတိအကျသိရှိရန်အတွက်သာမက
လတ်တလော အဖြစ်များလာတဲ့ ဆေးယဥ်ပါးမှု (Antimicrobial resistance) ကို ကာကွယ်နိုင်ဖို့ ရောဂါပိုးမွေးမြူခြင်း (Culture & Sensitivity) ကို ပြုလုပ်ရပါတယ်။

⛔️ ကမ္ဘာတစ်ဝှမ်းမှာ ဆေးယဥ်ပါးမှု (Antimicrobial resistance) ကြောင့် လူသန်းပေါင်းများစွာ ထိခိုက် ပျက်စီးနေရပါတယ်။ ဆေးမတိုးတော့တဲ့အတွက် ရောဂါမပျောက်ကင်းနိုင်ပဲ နာတာရှည်ရောဂါဖြစ်တဲ့ သူတွေ ရှိသလို အသက်ဆုံးရှုံးရတဲ့သူတွေလည်း အလွန်များပါတယ်။ ဆေးယဥ်ပါးမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ ...

- မလိုအပ်ပဲ ၊ ဆရာဝန်ညွှန်ကြားချက်မပါပဲ ဆေးသောက်ခြင်း (ဥပမာ- ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့် ရောဂါများအတွက် ဘက်တီးရီးယားပိုးသတ်ဆေး သောက်သုံးခြင်း)

- ရောဂါဖြစ်စေသော ပိုးမွှားကို သေချာမသိပဲ ခန့်မှန်းကုသခြင်း

- မလိုအပ်ပဲ ပိုးသတ်ဆေးအမျိုးမျိုးပေး၍ ကုသခြင်း
စသည့် Misuse , Overuse များကြောင့် ပိုးသတ်ဆေးယဉ်ပါးခြင်း ဖြစ်ပါတယ်။

ပိုးမွှားတွေက ဆေးတွေနဲ့ ထိတွေ့မှုများပြီး ဗီဇပြောင်းလဲမှု (Mutations) ဖြစ်ကာ ဆေးအာနိသင် မရှိအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ အဲဒီပိုးမွှားတွေ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်း ပွားများလာပြီး အခြားတစ်ယောက်ဆီကို အလွယ်တကူ ပြန့်နှံ့နိုင်ပါတယ်။ ပိုးသတ်ဆေးယဥ်ပါးရာမှ မလိုလား အပ်သည့် ဆိုးကျိုးများမဖြစ်အောင် မလိုအပ်ပဲ Misuse , Overuse မလုပ်ဖို့ အရေးကြီးသလို ပိုးမွေးမြူပြီး တိကျသေချာတဲ့ ပိုးသတ်ဆေးနဲ့ ဆေးကုသမှုကို ခံယူဖို့ အရေးကြီးပါတယ်။

ပိုးမွေးမြူတယ်ဆိုတာ ဘယ်လိုမျိုးလဲ❓

- ပိုးမွေးမြူတယ်ဆိုတာ ဘက်တီးရီးယား (Bacteria) မွေးမြူတာကို ဆိုလိုပါတယ်။ အခြား ပိုးမွှားတွေက ဓာတ်ခွဲခန်းမှာ မွေးမြူဖို့အတွက် အချိန်အရမ်းကြာမြင့်တာကြောင့် ပြုလုပ်လေ့မရှိကြပါဘူး။

- ဘက်တီးရီးယားပိုးမွေးမြူဖို့အတွက် ပထမအဆင့် လိုအပ်တဲ့ နမူနာ (Sample) ကို ရယူဖို့ လူနာအနေနဲ့ ဓာတ်ခွဲခန်းမှ ညွှန်ကြားသည့်အတိုင်း Sample ယူဖို့ အရေးကြီးပါတယ် (ဥပမာ - ဆီး ၊ ဝမ်း ၊ သလိပ်) ဆီးကို ဘယ်လိုစုဆောင်းရမယ် ၊ တံတွေးမဟုတ်ပဲ ရင်ခေါင်းထဲက သလိပ်ဖြစ်ရမယ် ၊ ထည့်တဲ့ခွက်က သန့်စင်မှုရှိရမယ် စတဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှသာ ရောဂါပိုးကို စစ်ဆေးတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

- သွေး ၊ အနာ ၊ ပြည် ၊ သနံရည် ၊ ကျောရိုးကိုဖောက်ပြီးယူတဲ့ CSF လို Sample တွေကိုတော့ Sample ယူမယ့်နေရာကို ဆရာဝန်မှ စနစ်တကျသန့်စင်ဖို့လိုအပ်သလို အသုံးပြုတဲ့ပစ္စည်းတွေကလည်း သန့်စင်မှုရှိရပါမယ်။ ဆရာဝန်မှ Sample ကို သတ်မှတ်ထားတဲ့ ပုလင်း (transport media) ထဲကို နည်းစနစ်တကျ ထည့်ရပါမယ်။ ထို့နောက် ဓာတ်ခွဲခန်းကို သတ်မှတ်ချိန်အတွင်း ပို့ဆောင်ဖို့ လိုပါတယ်။

- ဓာတ်ခွဲခန်းကို Sample ရောက်လာတဲ့အခါ အဏုဇီဝဗေဒဆရာဝန် (Microbiologist) မှ စစ်ဆေးမှုကို ပြုလုပ်ပါတယ်။ ပိုးပေါက်ဖွားနိုင်ဖို့အတွက် ပိုးတွေစားသုံးဖို့ သကြားဓာတ် ၊ ပရိုတင်းဓာတ် ၊ သွေး ၊ အစရှိတဲ့ အဟာရဓာတ်တွေကို ကျွေးဖို့လိုပါတယ်။ ဒါကြောင့် လူနာရဲ့ Sample ကို အာဟာရဓာတ်တွေ ပါဝင်တဲ့ ကျောက်ကျောခွက် (Agar plate) သို့မဟုတ် အရည် (Broth/Water) ထဲ ထည့်ပြီး ဓာတ်ခွဲခန်း မှာ စနစ်တကျမွေးမြူရပါတယ်။ ယေဘုယျအားဖြင့် ဘက်တီးရီးယားပိုးပေါက်ဖွားချိန် အနည်းဆုံး (၂)ရက် ခန့် ကြာမြင့်နိုင်ပါတယ်။

- အကြောင်းအမျိုးမျိုးကြောင့် ပိုးမပေါက်ခဲ့ရင် ထပ်ပြီး Sample ယူဖို့ လိုအပ်နိုင်ပါတယ်။ ပိုးတစ်မျိုးမက ပေါက်တဲ့အခါမှာလည်း ထပ်မံ ခွဲခြမ်းစိတ်ဖြာဖို့ Selective media လို့ ခေါ်တဲ့ ပိုးတစ်ချို့သာ ပေါက်ဖွား နိုင်တဲ့ media ထဲမှာ ဆက်ပြီး မွေးရပါတယ်။ ရောဂါပိုးအမျိုးအစား /အုပ်စုကို အတိအကျသိပြီးနောက်မှာတော့ ပိုးသတ်ဆေးအမျိုးအစားကို ဆက်လက်စစ်ဆေးခြင်း (Antibiotic Sensitivity Test) ကို လုပ်ဆောင်ရပါတယ်။ အကြမ်းအားဖြင့် ပိုးမွေးမြူချိန် (Culture & Sensitivity) အတွက် စုစုပေါင်း ၃-ရက်မှ ၇-ရက် အထိ ကြာမြင့်နိုင်ပါတယ်။

✅ ရောဂါပိုးမွေးမြူခြင်းဖြင့် တိကျမှန်ကန်သည့် အဖြေရရှိနိုင်ရန် လူနာမှစ၍ ဆရာဝန် ၊ ဓာတ်ခွဲခန်း အဆင့်ဆင့် မှန်ကန်စွာ စနစ်တကျလိုက်နာလုပ်ဆောင်ရန် အလွန်အရေးကြီးပါတယ်။

🔬 လီယို ဓါတ်ခွဲခန်း လိပ်စာများ

❤️ LEO Healthcare Diagnostics & Medical Centre
အမှတ် ၁၅ (A-1)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (ရိပ်သာ မှတ်တိုင်အရှေ့)
Phone - 09 977809085, 09 408932233
Fax-9669 334၊ email- info@leo-healthcare.com
Website-www.leo-healthcare.com

❤️ Kan Yeik Thar Wellness Centre
အမှတ် ၁၅၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊
ရန်ကုန်မြို့။ (Jeff Kitchen အနီး)
Phone - 09 977809091, 09 408932244

❤️ LEO Healthcare Laboratory & Clinic
အမှတ် ၁၅၄ (A)၊ ၁၆လမ်း၊ လမ်းမတော်မြို့နယ်၊
ရန်ကုန်မြို့။ (အပေါ်ဘလောက် လမ်းတို)
Phone - 09 977877712, 09 408932200

❤️ LEO Healthcare Laboratory & Medical Centre
အမှတ် ၄၉(ခ)၊ ကျိုက္ကဆံဘုရားလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (သင်္ဃန်းကျွန်းစံပြဆေးရုံရှေ့)
Phone - 09 977877710 , 09 408932211

❝Service with Profession & Passion❞

&Sensitivity

ရွှေမိုး သူနာပြုအကူကျွမ်းကျင် နှင့် ဆေးဝါးကျွမ်းကျင် သင်တန်း၏ သင်တန်းဆင်းပွဲ အမှတ်တရ
06/08/2023

ရွှေမိုး သူနာပြုအကူကျွမ်းကျင် နှင့် ဆေးဝါးကျွမ်းကျင် သင်တန်း၏ သင်တန်းဆင်းပွဲ အမှတ်တရ

ရွှေမိုး သူနာပြုအကူကျွမ်းကျင် နှင့် ဆေးဝါးကျွမ်းကျင်သင်တန်း ၏ အပတ်စဉ် (၂) အား ထပ်မံ ဖွင့်မည်ဖြစ်ပါသဖြင့် တက်ရောက်လိုသူမျ...
02/08/2023

ရွှေမိုး သူနာပြုအကူကျွမ်းကျင် နှင့် ဆေးဝါးကျွမ်းကျင်သင်တန်း ၏ အပတ်စဉ် (၂) အား ထပ်မံ ဖွင့်မည်ဖြစ်ပါသဖြင့် တက်ရောက်လိုသူများ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီနော်🌷
သင်တန်းအသေးစိတ်ကို page chat box တွင် လာရောက်စုံစမ်းနိုင်သလို
ဖုန်းနံပါတ် 09-5416685 / 09-799 594 746 /
09-887 666 656 သို့လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

29/07/2023

World Hepatitis Day (28th July,2023)

ဇူလိုင် (၂၈) ရက်နေ့ဟာ ကမ္ဘာ့အသည်းရောင် အသားဝါနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း(WHO) က လူအများ ဗိုင်းရပ် ကြောင့်ဖြစ်သော အသည်းရောဂါများကို ဂရုစိုက်ကြရန်ရည်ရွယ်၍ ဇူလိုင် (၂၈) ရက်နေ့ကို ကမ္ဘာ့အသည်းရောင်အသားဝါနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ယခုနှစ် ကမ္ဘာ့အသည်းရောင် အသားဝါနေ့၏ ဆောင်ပုဒ်မှာ “ONE LIFE, ONE LIVER” ဖြစ်ပါတယ်။
အသည်းဟာ နေ့စဉ် လူများအသက်ရှင်နိုင်ရန် အတွက်အရေးကြီးသော လုပ်ငန်းစဉ် ၅၀၀ ကျော်ကို ဆောင်ရွက်ပေးပါတယ်။ အသည်းရောင်အသားဝါရောဂါဖြစ်စေနိုင်သော ဗိုင်းရပ်ပိုးအမျိုးအစားများမှာ A မှ E ထိရှိပါသည်။
ငှင်းအမျိုးအစားများထဲမှာမှ Hepatitis B နှင့် Hepatitis C ကတော့ အသည်းကို ထိခိုက်မှု အများဆုံးဖြစ်စေသော Virus ဗိုင်းရပ်စ်အမျိုးအစား (၂)ခုဖြစ်ပါသည်။
နှစ်စဉ်နှစ်တိုင်း လူတစ်သန်းဟာ အသည်းရောင်အသားဝါရောဂါနှင့် သေဆုံးနေရပါတယ်။အသည်းရောင်အသားဝါရောဂါကြောင့် လူသေဆုံးမှု နည်းစေရန် ကြိုတင်ကာကွယ်နိုင်ပါသည်။ Hepatitis B Virus ကြောင့် ဖြစ်သော အသည်းရောင်အသားဝါရောဂါများအတွက် ကြိုတင်ကာကွယ်နိုင်သော ကာကွယ်ဆေးရှိသလို ထိရောက်သော ရောဂါကုထုံးများရှိပါသည်။ Hepatitis C Virus ကြောင့်ဖြစ်သော အသည်းရောင် အသားဝါရောဂါဆိုလျှင် ပျောက်ကင်းသည် အထိကုသနိုင်လာပြီဖြစ်ပါသည်။ ထို့ကြောင့် ရောဂါစောစီးစွာ သိရှိကုသနိုင်ရန်မှာ အရေးကြီးလှပါသည်။
လူတိုင်းအသည်းကျန်းမာရေးကို ဂရုစိုက်သင့်ပါသည်။ အသည်းကျန်းမာစေရန် ရေများများသောက်ခြင်း၊ အသည်းရောင် အသားဝါ Hepatitis B vaccine ကာကွယ်ဆေး ထိုးထားခြင်း ၊ ကိုယ်ကာယ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ အရက်သေစာ ဆေးလိပ်သောက်သုံးခြင်းများကို ရှောင်ကြဉ်ခြင်း၊ အသည်းရောဂါအတွက် Medical Check Up အချိန်မှန်မှန် ပြုလုပ်ခြင်းများဆောင်ရွက်သင့်ပါသည်။
အသည်းရောဂါ Medical Check Up စစ်ဆးမှုများမှာ
- Laboratory Tests : Liver Function Tests, Tests for Antibodies Specific to three hepatitis viruses: Hepatitis A (HAV), Hepatitis B (HBV) & Hepatitis C (HCV),Alpha FetoProtein (Tumor Marker), Viral Measures (HBV DNA & HCV RNA Viral Load).
- Ultrasound and Imaging Testsတို့ဖြစ်ကြပြီး အထက်ပါtests များကို LEO HEALTHCARE DIAGNOSTICS AND MEDICAL CENTER ၌ စစ်ဆေး၍ ရနိုင်ပါသည်။

🔬 လီယို ဓါတ်ခွဲခန်း လိပ်စာများ
��❤️ LEO Healthcare Diagnostics & Medical Centre
�အမှတ် ၁၅ (A-1)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (ရိပ်သာ မှတ်တိုင်အရှေ့)�Phone - 09 977809085, 09 408932233
�Fax-9669 334၊ email- info@leo-healthcare.com
�Website-www.leo-healthcare.com

�❤️ Kan Yeik Thar Wellness Centre
�အမှတ် ၁၅၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (Jeff Kitchen အနီး)
�Phone - 09 977809091, 09 408932244

�❤️ LEO Healthcare Laboratory & Clinic
�အမှတ် ၁၅၄ (A)၊ ၁၆လမ်း၊ လမ်းမတော်မြို့နယ်၊ �ရန်ကုန်မြို့။ (အပေါ်ဘလောက် လမ်းတို)
�Phone - 09 977877712, 09 408932200

�❤️ LEO Healthcare Laboratory & Medical Centre
�အမှတ် ၄၉(ခ)၊ ကျိုက္ကဆံဘုရားလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (သင်္ဃန်းကျွန်းစံပြဆေးရုံရှေ့)
�Phone - 09 977877710 , 09 408932211
��❝Service with Profession & Passion❞

ďż˝ ďż˝

Photo
19/07/2023

Photo

ရွှေမိုး သူနာပြုအကူကျွမ်းကျင် နှင့် ဆေးဝါးကျွမ်းကျင်သင်တန်း ၏ အပတ်စဉ် (၂) အား 26.07.2023 တွင် စတင်ဖွင့်မည်ဖြစ်ပါသဖြင့် တ...
14/07/2023

ရွှေမိုး သူနာပြုအကူကျွမ်းကျင် နှင့် ဆေးဝါးကျွမ်းကျင်သင်တန်း ၏ အပတ်စဉ် (၂) အား 26.07.2023 တွင် စတင်ဖွင့်မည်ဖြစ်ပါသဖြင့် တက်ရောက်လိုသူများ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီနော်🌷
သင်တန်းအသေးစိတ်ကို page chat box တွင် လာရောက်စုံစမ်းနိုင်သလို
ဖုန်းနံပါတ် 09-5416685 / 09-799 594 746 /
09-887 666 656 သို့လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

သွေးလွန်းတုပ်ကွေး အန္တရာယ် အတွက် အထူးသတိထားကြပါရန်
26/06/2023

သွေးလွန်းတုပ်ကွေး အန္တရာယ် အတွက် အထူးသတိထားကြပါရန်

'' ရွှေမိုး သူနာပြုအကူကျွမ်းကျင် သင်တန်း နှင့် ဆေးဝါးကျွမ်းကျင်သင်တန်း'' ၏ အပတ်စဥ် (၂) အား ထပ်မံဖွင့်လှစ်တော့ မှာ ဖြစ်သည...
21/06/2023

'' ရွှေမိုး သူနာပြုအကူကျွမ်းကျင် သင်တန်း နှင့် ဆေးဝါးကျွမ်းကျင်သင်တန်း'' ၏ အပတ်စဥ် (၂) အား ထပ်မံဖွင့်လှစ်တော့ မှာ ဖြစ်သည့်အတွက် တက်ရောက်မည့် သင်တန်းသူ/သား များ ကြိုတင်၍ စာရင်းပေးသွင်းနိုင်ပါပြီနော်❤❤❤
အလုပ်လုပ်ကိုင်နေသူများအတွက် ''တနင်္ဂနွေနေ့ '' သီးသန့်အတန်း တက်ရောက်ချင်သူများလည်း စာရင်းပေးသွင်းနိုင်ပါပြီနော်
သင်တန်း အသေးစိတ် သိရှိလိုပါက
page messenger တွင် လာရောက်စုံစမ်းနိုင်သလို
ဖုန်းနံပါတ် 09- 5416685 / 09- 799 594746 /
09- 887 666 656 သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်😍

အဖေများနေ့မှာမိသားစု တာဝန်တွေ ကို နေ့မအား ညမနား ထမ်းဆောင်နေတဲ့ အဖေ များအားလုံးဂုဏ်ပြုအပ်ပါတယ်
18/06/2023

အဖေများနေ့မှာ

မိသားစု တာဝန်တွေ ကို နေ့မအား ညမနား ထမ်းဆောင်နေတဲ့ အဖေ များအားလုံးဂုဏ်ပြုအပ်ပါတယ်

🌿🌿 မိမိအသက်မွေးဝမ်းကြောင်း ပညာရပ်အတွက် ခိုင်မာတဲ့ ပညာရပ်တစ်ခု သင်ကြားဖို့ အတွက် အကောင်းဆုံး သင်တန်းကြောင်း တစ်ခုကို ရှာန...
15/06/2023

🌿🌿 မိမိအသက်မွေးဝမ်းကြောင်း ပညာရပ်အတွက် ခိုင်မာတဲ့ ပညာရပ်တစ်ခု သင်ကြားဖို့ အတွက် အကောင်းဆုံး သင်တန်းကြောင်း တစ်ခုကို ရှာနေတဲ့ သူလား?
🌿 ဒါဆိုရင်တော့ အသက်မွေးဝမ်းကြောင်းပြုဖို့ အတွက် အကောင်းဆုံးသင်တန်းဖြစ်တဲ့
🌿 ရွှေမိုး 🌿 ''သူနာပြုအကူကျွမ်းကျင် နှင့် ဆေးဝါးကျွမ်းကျင်သင်တန်း'' လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
🌿 ရွှေမိုး 🌿 သင်တန်းလေးရဲ့ အားသာချက်တစ်ခုအနေနဲ့
ဓာတ်ခွဲခန်းအခြေခံ သင်ခန်းစာများနှင့် ဓာတ်မှန် အခြေခံ ဘာသာရပ်များပါ လက်တွေ့ ပူးပေါင်းသင်ကြားပေးမှာ ဖြစ်ပါတယ်နော်🌿
🎓🎓 အထူးကု ဆရာဝန်ကြီးများ ကိုယ်တိုင် ဦးစီး ပြီး
စာတွေ့ + လက်တွေ့ သင်ကြားပေးကာ လုပ်ငန်းခွင်ဝင်ရောက်တဲ့ အခါ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ဖို့ အထိ စနစ်တကျ သင်ကြားပေးမယ့် သင်တန်းလေးတစ်ခု ဖြစ်လို့
တက်ရောက်ဖို့ အတွက် ဖိတ်ခေါ်လိုက်ပါတယ်🌿
🌿 သင်တန်းသား / သူ များလည်း စတင် လက်ခံနေပါပြီနော်🌿

🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿
📞📞📞 သင်တန်းအကြောင်း အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်
09- 5416685/ 09- 799 594 746 သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်သလို Page Messenger တွင်လည်း ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်နော်😍😍😍
🏥🏥 သင်တန်းလိပ်စာ🏥🏥
🌿 အမှတ် (၉၈/ခ)၊ သုဓမ္မာလမ်းမကြီး၊ ဓမ္မာရုံ မှတ်တိုင်အနီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ ။

ECG နှင့်သက်ဆိုင်သည့် အခြေခံ သင်ခန်းစာများအား စာတွေ့ အပြင် ECG စက်ဖြင့်ပါ လက်တွေ့သင်ကြားပေးလျက်ရှိပါတယ်။
13/06/2023

ECG နှင့်သက်ဆိုင်သည့် အခြေခံ သင်ခန်းစာများအား စာတွေ့ အပြင် ECG စက်ဖြင့်ပါ လက်တွေ့သင်ကြားပေးလျက်ရှိပါတယ်။

ရွှေမိုး သင်တန်းမှ ဆရာဝန် နှင့် သင်တန်းသား/သူ  ၏ ပရဟိတ ကုသိုလ်ယူ ဆေးကုအလှူ
10/06/2023

ရွှေမိုး သင်တန်းမှ
ဆရာဝန် နှင့် သင်တန်းသား/သူ ၏
ပရဟိတ ကုသိုလ်ယူ ဆေးကုအလှူ

Address

No (98/B), Thudamar Road, North Oakkalapa Township
Yangon

Telephone

+9595416685

Website

Alerts

Be the first to know and let us send you an email when Shwe Moe Pharmacist and Nurse Aid Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Moe Pharmacist and Nurse Aid Training Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram