Reaping The Universe's Gifts Astrology

Reaping The Universe's Gifts Astrology Reap your benefits from the universe by knowing yourself and connecting to your inner self using astrology.

Hello 👋 ဒီနေတော့ admin ရဲ့ Universeလက်ဆောင်လေးတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းတစ်ခုကို စဉ်းစားမိပါတယ်။ တောက်လျှောက်က ကိုယ့်အ...
03/01/2026

Hello 👋

ဒီနေတော့ admin ရဲ့ Universeလက်ဆောင်လေးတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းတစ်ခုကို စဉ်းစားမိပါတယ်။ တောက်လျှောက်က ကိုယ့်အတွေးတွေကိုပဲ မျှဝေခဲ့တာများတာဆိုတော့ ဒီနေ့တော့ ကိုယ်နဲ့စိတ်ဝင်စားတာတူတဲ့ သူတွေဆီက အတွေးအမြင်တွေကို ပြန်ကြားချင်တဲ့ တောင့်တမှုလေးတစ်ခုပေါ်လာပါတယ်။

ဒီAstrology, Tarotစတဲ့ ရုပ်လွန်ပညာရပ်တွေနဲ့ Psychology စတဲ့ စိတ်ပညာရပ်တွေပေါ်မှာ ကိုယ့်ရဲ့ အတွေးအမြင်လေးတွေ ဘယ်လိုရှိလဲ၊ ဘယ်လိုခံယူထားလဲ စသဖြင့် ကိုယ့်ရဲ့ အတွေးအမြင် ခံယူချက်တွေကို comment‌လေးမှာ လွတ်လွတ်လပ်လပ် မျှဝေပေးစေလိုပါတယ်။

Adminကလည်း comment နှစ်ခုကိုရွေးပြီး birth chart reading လေးတွေ လက်ဆောင်ပြန်ပေးပါ့မယ်။

ဒီလိုလုပ်တာရဲ့ တကယ့်ရည်ရွယ်ချက်က ကိုယ်နဲ့ စိတ်ဝင်စားတာတူတဲ့သူတွေရဲ့ အတွေးအမြင်တွေကို သိချင်တာ၊ ရှုထောင့်သစ်တွေကို ကြားချင်တာပါ၊ comment တွေက်ိုဖတ်ပြီး ကောင်းမကောင်းဝေဖန်ချင်တာမဟုတ်ပါဘူး။

မျှဝေတယ်ဆိုတာ ကိုယ့်ကိုကိုယ်စစ်မှန်စွာ ဖော်ပြတဲ့ နည်းတစ်မျိုးပါပဲ။ အားလုံးရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အမြင်တွေကို လေးစားပြီးသားမလို့ ဖတ်တဲ့သူတွေက တစ်မျိုးမြင်မှာ၊ ကိုယ့်အတွေးအမြင်က မထိရောက်မှာစတာတွေ အတွေးမလွန်ဘဲ ကိုယ့်ရဲ့ အတွေးတွေကို လွတ်လွတ်လပ်လပ်ပဲ မျှဝေခဲ့ပေးစေချင်ပါတယ်။

2026အတွက် အလုပ်အကိုင်လမ်းကြောင်းဆိုပြီး ကိုယ့်ဟာကိုယ် ဖတ်ကြည့်ဖြစ်တော့ ဒီcardလေးပါလာတယ်၊ သူ့အဓိပ္ပာယ်လေးနဲ့ ကိုယ့်ခံစားခ...
01/01/2026

2026အတွက် အလုပ်အကိုင်လမ်းကြောင်းဆိုပြီး ကိုယ့်ဟာကိုယ် ဖတ်ကြည့်ဖြစ်တော့ ဒီcardလေးပါလာတယ်၊ သူ့အဓိပ္ပာယ်လေးနဲ့ ကိုယ့်ခံစားချက် တိုက်ဆိုင်နေတော့ ပြောပြချင်သွားတယ်..

Milky Wayတဲ့၊ သူ့အဓိပ္ပာယ်လေးက နဂါးငွေ့တန်းကြီးထဲက ကြယ်တစ်လုံးဖြစ်နေရတာကိုပင် ကိုယ်ကပျော်လိမ့်မယ်၊ ပြိုင်ဖက်တွေအများကြီးရှိနေပေမယ့် ဒီလမ်းကြောင်းပေါ် ကတစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေရခြင်းကပင် ကိုယ့်ကိုတောက်ပစေလိမ့်မယ်‌၊ ဒီလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရရှိနိုင်မယ်တဲ့။

ခံစားချက်နဲ့ တိုက်ဆိုင်သွားတာက ဘယ်လိုလဲဆိုတော့ ဒီနောက်ပိုင်းမှာ ဟောတဲ့ပြောတဲ့ ဆရာ၊ ဆရာမလေးတွေလည်း ပိုပိုများလာတယ်၊ ဒီလမ်းကြောင်းပေါ်မှာ ကိုယ့်ထက်ပေါက်မြောက်အောင်မြင်နေခဲ့ပြီးသား စီနီယာတွေလည်း များတယ်၊ တကယ်ပဲ ကိုယ့်အတွက်နေရာရှိသေးရဲ့လား၊ ရေရှည်အားကိုးလုပ်သွားဖို့ အဆင်ပြေပါ့မလား၊ sustainable ဖြစ်ပါ့မလားစသဖြင့် အဲ့ဒီလိုအတွေးလေးတွေ ဝင်နေခဲ့တယ်။

ဒါပေမယ့် ဒီcardလေးရဲ့ အဓိပ္ပာယ်ကြောင့် ရှုထောင့်ပြောင်းသွားတယ်။ နဂါးငွေ့တန်းမှာကြယ်တွေများသလို ဒီလမ်းကြောင်းပေါ်မှာ အပြိုင်လင်းလက်‌နေတဲ့သူတွေများပေမယ့် ဒီနဂါးငွေ့တန်းပေါ်မှာရှိနေလို့ကို ကိုယ်ဟာအားလုံးနဲ့အတူ တောက်ပခွင့်ရမယ့် ကြယ်လေးတစ်လုံးတဲ့။

ကဒ်လေးကလည်း community လူ့အသိုင်းအဝန်းတစ်ခုကို ရည်ညွှန်းဖော်ပြတတ်တဲ့ကဒ် three of cupsရဲ့ clarifierအနေနဲ့ ကျလာတာ။ ဒီအသိုင်းအဝန်းထဲမှာ ကိုယ်က အတောက်ပဆုံးဖြစ်လာအောင် ကြိုးစားရမှာမျိုးမဟုတ်ဘူး၊ အသိုင်းအဝန်းထဲကသူအချင်းချင်း support ပေးရင်းပဲ ကိုယ့်ပုံစံလေးနဲ့ ကိုယ်လင်းလက်နေရုံနဲ့ လုံလောက်တယ်ဆိုတဲ့ message လေး၊ နဂါးငွေ့တန်းရဲ့သဘောကိုက ကြယ်အစုအဝေးဖြစ်နေလို့ ပိုပြီးလင်းလက်တောက်ပသလို ကိုယ်က ဒီနဂါးငွေ့တန်းပေါ်က ကြယ်လေးတစ်လုံးဖြစ်နေလို့ အားလုံးနဲ့ အတူ တောက်ပခွင့်ရမယ်ဆိုတဲ့ သဘောမျိုး။

Message လေးက စိတ်အေးချမ်းစေခဲ့၊ အမြင်‌ပြောင်းစေခဲ့ပါတယ်..

Happy New Year 2026!!🎉🎉New Year ညအတွက် ဖောက်ပေးတဲ့ birth chart reading giveawayလေးကို ရရှိသွားတဲ့ ကံထူးရှင်လေးပါ..🍀၊ ပါဝ...
31/12/2025

Happy New Year 2026!!🎉🎉

New Year ညအတွက် ဖောက်ပေးတဲ့ birth chart reading giveawayလေးကို ရရှိသွားတဲ့ ကံထူးရှင်လေးပါ..🍀၊ ပါဝင်ပေးခဲ့ကြသူတွေ အသီးသီးကိုလည်း ကျေးဇူးတင်ပါတယ်🤎

အားလုံးပဲ နှစ်သစ်အကူးအပြောင်းကို စိတ်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေ🪶🪶🪽

Year End Messages (General Reading)ခဏလောက်စိတ်ကို တည်ငြိမ်အောင်စုစည်းပြီး အောက်က ပုံ‌လေးတွေကနေ ကိုယ်နဲ့ ဆက်နွယ်တယ်လို့ ခ...
31/12/2025

Year End Messages (General Reading)

ခဏလောက်စိတ်ကို တည်ငြိမ်အောင်စုစည်းပြီး အောက်က ပုံ‌လေးတွေကနေ ကိုယ်နဲ့ ဆက်နွယ်တယ်လို့ ခံစားရတဲ့ ပုံတစ်ပုံကို အာရုံစိုက် ရွေးချယ်ပါ၊ ပြီးရင် ပုံ‌အောက်က messages လေးကို ဖတ်ကြည့်ပါ။

ရွေးချယ်လို့မရဖြစ်နေရင် ကိုယ့်အတွက် ကိုက်ညီတဲ့ messagesမပါနေတာကြောင့် ဖြစ်နိုင်တာမလို့ ဝါသနာအရ အတင်းရွေးမနေဘဲ ကျော်သွားဖို့ အကြံပြုပါတယ်😁

Happy new year ပါ! နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ..🍀

31/12/2025

နှစ်ဟောင်းအကုန် နှစ်သစ်အကူး အထိမ်းအမှတ်အနေနဲ့ နောက်ထပ်လုပ်လေ့ရှိကြတာက New Year Resolutionsပါ၊ New Year Resolutions ချမှတ်ပုံနဲ့ အတူ ဒီနေ့နဲ့ နှစ်သစ်ကူးပြီး တစ်ရက် နှစ်ရက်အတွင်း ရိုးရိုးရှင်းရှင်းနဲ့ လိုက်လုပ်လို့ရမယ့် အရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး energy cleansing အတွက် -

ရေချိုးကိုယ်လက်သန့်စင်တဲ့အခါ စိတ်ထဲမှာ ဒီရေတွေဟာ နှစ်ဟောင်းကကျန်နေတဲ့ မလိုအပ်တဲ့ energy တွေကို သန့်စင်ဖယ်ရှားပေးသွားတယ်၊ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတဲ့ energy အဟောင်းတွေဟာ ဒီရေတွေနဲ့အတူ စီးဆင်းမြောပါသွားတယ်လို့ အာရုံပြုရင်းချိုးပေးပါ၊

နှစ်ဟောင်းက မလိုအပ်တဲ့ အရာတွေကို ရေက ဖယ်ရှားပေးပြီး နှစ်သစ်မှာ ကောင်း‌မွန်တဲ့အသစ်အသစ်သော အရာတွေအတွက် အဟောင်းတွေက နေရာဖယ်ရှားပေးသွားတယ်လို့ အာရုံပြုပေးပါ၊ နှုတ်က ရွတ်ဆိုရင်း ရေချိုးပေးပါ

ရေရဲ့ပင်ကိုဓာတ်မှာကိုက သန့်ရှင်းစေခြင်းနဲ့ ငြိမ်းအေးစေခြင်းသဘောရှိတဲ့အတွက် energy clearing နဲ့ healing အတွက် ရေက အရိုးရှင်းဆုံးနဲ့ ထိရောက်မှုရှိတဲ့သဘာဝဓာတ်တစ်ခုဖြစ်ပါတယ်။ ဒီလိုနှစ်သစ်အကူးအပြောင်းမှာပဲ မဟုတ်ဘဲ ပုံမှန်မှာလည်း လိုအပ်ရင် လိုအပ်သလို ရေချိုးကိုယ်လက်သန့်စင်တဲ့အခါ ဒီလိုမျိုး အာရုံပြုချိုးလို့ရပါတယ်၊ ပူဆွေးမှုတွေများနေတဲ့ အချိန်မှာလည်း လုပ်လို့ရပါတယ်။

(အသုံးမလိုတဲ့ စုပုံနေတဲ့အရာတွေ၊ ခြေသည်းလက်သည်း၊ ဆံပင်အကျွတ်ကအစ စွန့်ပစ်ဖြစ်တဲ့အခါမှာလည်း မလိုအပ်တဲ့ energy အဟောင်းတွေ၊ ကံအညံ့တွေ ပါသွားပြီ၊ ကောင်းတဲ့အရာတွေအတွက် နေရာသစ်တွေရှိလာပြီလို့ အာရုံပြုပြီး စွန့်ပစ်လို့ရပါတယ်)

ရေချိုးသန့်စင်ပြီး အေးအေးဆေးဆေးဖြစ်တဲ့ အချိန်မှာ ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက် စိတ်တည်ငြိမ်အောင် တရားထိုင်ပါ၊ တရားထိုင်စေချင်တဲ့ အကြောင်းရင်းက မသိစိတ်နဲ့ ပိုပြီးနီးစပ်စေဖို့ဖြစ်ပါတယ်၊

လူတွေရဲ့ မသိစိတ်က သိစိတ်ကသိနိုင်တာထက် အဆပေါင်းများစွာ ပိုသိပြီး အဆပေါင်းများစွာ အလုပ်လုပ်ပါတယ်။ နှစ်သစ်သန္နိဌာန်ချမှတ်တယ်၊ ဆုတောင်းတွေပြုလုပ်တယ်ဆိုတာ မသိစိတ်အတွက် programလေးတွေ ချမှတ်ပေးလိုက်တဲ့သဘောပါပဲ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ဆုတောင်းတွေက မသိစိတ်ထဲကို နက်နက်ရှိုင်းရှိုင်းရောက်သွားတဲ့အခါ မသိစိတ်ကနေ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်နိုင်စေမယ့် နည်းလမ်းတွေကို သူ့ဟာသူရှာကြံပြီး ကိုယ့်ကို ကိုယ်ဖြစ်ချင်တာတွေနဲ့ နီးစပ်လာအောင် လုပ်ပေးနိုင်တဲ့ သဘောရှိပါတယ်။

(စိတ်တည်ငြိမ်တဲ့အချိန်တွေ၊ သိစိတ်အိပ်ပျော်ချိန်တွေမှာ မသိစိတ်က အားကောင်းပါတယ်၊ အဲ့ဒါကြောင့် အိပ်ကာနီးအချိန် affirmation တွေရွတ်ပေးတာက အကျိုးများတတ်တာဖြစ်ပါတယ်၊

ကိုယ်က အခြေအနေတစ်ခုခုအတွက် အဖြေလိုချင်တဲ့အခါ အိပ်ကာနီး သိချင်တာကို သေချာအာရုံပြုပြီး မသိစိတ်ကိုမေးတဲ့အခါ အိပ်မက်ကတဆင့် ကိုယ်သိချင်တဲ့ အခြေအနေအတွက် အဖြေကို မြင်မက်တတ်တာက မသိစိတ်ရဲ့ အဆုံးအစမရှိတဲ့ သိနိုင်စွမ်းနဲ့ ဉာဏ်ပညာကို အသုံးချပုံနည်းလမ်းတစ်ခုဖြစ်ပါတယ်)

အပေါ်ကရေးတာလေးကို ပြန်ဆက်ရရင် တရားထိုင်ပြီးတဲ့အခါ စိတ်တည်ငြိမ် ငြိမ်သက်နေတဲ့အချိန် ကိုယ်ဒီနှစ်မှာ လုပ်မယ်လို့ သန္နိဌာန်ချမှတ်ချင်တဲ့အရာတွေကို တည်တည်ကြည်ကြည်နဲ့ ရှင်းရှင်းလင်းလင်းအာရုံပြုပါ၊ စာအုပ်မှာ ချရေးတာမျိုးလည်း လုပ်လို့ရပါတယ်။ ကိုယ်သန္နဌာန်ချထားသလို ဖြစ်အောင် လုပ်မယ်လို့ ကိုယ့်ကိုကိုယ် ကတိပေးပါ။ ဒီသန္နိဌာန်လေးတွေက ရိုးရိုးရှင်းရှင်းလေးတွေပဲဆိုလည်း အဆင်ပြေပါတယ်၊ အဓိကက ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာလေးတွေ ကိုယ်တကယ်လုပ်ချင်တဲ့အရာလေးတွေကို နှစ်သစ်ဆုံးဖြတ်ချက်အဖြစ် ချမှတ်ဖို့ပါပဲ၊

ဥပမာ၊ အလုပ်အားအားမအားအား နေ့တိုင်း ဆယ်မိနစ်လောက်တရားထိုင်ဖြစ်အောင် ထိုင်မယ်ဆိုတာမျိုး၊ နေ့တိုင်း ဘာသာစကားလေ့လာဖို့ အနည်းဆုံးမိနစ်ဘယ်‌လောက်အချိန်ပေးမယ်ဆိုတာမျိူး၊ မိနစ်ဘယ်လောက်လေ့ကျင့်ခန်းလုပ်ဖြစ်အောင်လုပ်မယ်ဆိုတာမျိုး စသဖြင့် ကိုယ့်အတွက် အကျိုးရှိတဲ့အရာလေးတချို့ကို တကယ်ခိုင်ခိုင်မာမာနဲ့ တိတိကျကျချမှတ်ပေးပါ၊ ပြုပြင်ချင်တဲ့ အရာတွေကိုလည်း သန္နိဌာန်အနေနဲ့ ထည့်ချမှတ်လို့ရပါတယ်။

နှစ်‌ဟောင်းအကုန် နှစ်သစ်အကူးကာလဟာ အတိတ်ကအရာတွေ၊ လိုအပ်ချက်တွေကို နောက်မှာချန်ခဲ့ပြီး အသစ်က စတင်နိုင်တယ်ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်၊ ကုန်လွန်ခဲ့တဲ့ နှစ်ကို ပြန်သုံးသပ်ပြီး လာမယ့်နှစ်သစ်မှာ ကိုယ်လိုချင်တဲ့ တိုးတက်မှုတွေ၊ ဖြစ်ချင်တဲ့ ပြောင်းလဲမှုတွေကို သတ်မှတ်လို့ ကောင်းတဲ့အချိန်အခါတစ်ခုဖြစ်ပါတယ်။ နှစ်စက ချမှတ်ခဲ့တဲ့ ဒီသန္နိဌာန်လေးတွေဟာ နှစ်တစ်နှစ်လုံးအတွက် ကိုယ့်ကို ရည်ရွယ်ချက်နဲ့အတူ လမ်းကြောင်းတစ်ခု၊ လမ်းညွှန်မှုတစ်ခုပေးနေသလို လုပ်ဆောင်ပေးနိုင်ပါတယ်။

သန္နိဌာန်လေးတွေချမှတ်တာနဲ့အတူ ကိုယ့်စိတ်ထဲက နှစ်နှစ်ကာကာဖြစ်ချင်တဲ့အရာလေးတစ်ခု နှစ်ခုကို တိတိကျကျဆုတောင်း manifest တာမျိုးလည်းလုပ်လို့ရပါတယ်၊ ဥပမာ၊ နောက်နှစ်ကို တစ်လဝင်ငွေဘယ်လောက်ဝင်ချင်တယ်ဆိုတာမျိုး၊ နိုင်ငံခြားနဲ့ ပတ်သတ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းရချင်တယ်ဆိုတာမျိုး စသဖြင့် လက်တွေ့ဆန်ပြီး ကိုယ့်စိတ်ထဲက နှစ်နှစ်ကာကာလိုချင်တဲ့အရာလေးတွေ၊ ဖြစ်နိုင်မယ်လို့ ကိုယ်တကယ်ယုံကြည်တဲ့အရာလေးတွေကို ထည့်ဆုတောင်းလို့ရပါတယ်၊ စိတ်ထဲမှာလည်း တကယ်ဖြစ်နိုင်မယ်လို့ ယုံကြည်ပြီး ဖြစ်လာလို့ ပျော်ရွှင်နေသလို ခံစားရင်း ဆုတောင်းmanifestလုပ်နိုင်ပါတယ်။

အားလုံးပဲ အေးချမ်းစွာနဲ့ နှစ်သစ်ကို‌ကြိုဆိုနိုင်ပြီး နှစ်သစ်က ကောင်းမွန်တဲ့အရာတွေနဲ့ ကြိုလင့်နေပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။ နှစ်သစ်မှာ အစကောင်းတွေ ရရှိပြီး အေးချမ်းပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်🍀

Birth Chart Reading available at 34000ks!ဒီနေ့ New year ညမှာ birth chart reading တစ်ဦးစာ giveawayလည်း ဖောက်ပေးပါမယ်။ ပါဝ...
31/12/2025

Birth Chart Reading available at 34000ks!

ဒီနေ့ New year ညမှာ birth chart reading တစ်ဦးစာ giveawayလည်း ဖောက်ပေးပါမယ်။ ပါဝင်ချင်သူတွေက comment မှာ တစ်ခုခုမန့်သွား‌ပေးရုံပါပဲ..🍀

Birth Chart Reading ဖတ်ဖို့ မွေးနေ့၊ မွေးချိန်အတိအကျ၊ မွေးတဲ့မြို့စတဲ့ အချက်အလက်လေးတွေလိုအပ်ပါတယ်။
(မွေးချိန်လေးက အတတ်နိုင်ဆုံးအတိအကျဖြစ်ဖို့နဲ့ အချက်အလက်လေးတွေ မှန်ဖို့ အရေးကြီးပါတယ်

မွေးတဲ့မြို့က အမိဝမ်းက မွေးတဲ့အချိန် ရောက်နေတဲ့ မြို့ကိုဆိုလိုတာပါ

မွေးချိန်အတိအကျမသိခဲ့ရင်၊ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်မယ်ထင်တဲ့အချိန်ကို ဖော်ပြပေးနိုင်ပါတယ်)

**တစ်ခုသတိထားစရာက admin ဖတ်ပေးတဲ့ birth chart reading လေးတွေက ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်ရဲ့ အလားအလာတွေ၊ ကိုယ့်ရဲ့မသိစိတ် pattern တွေကို နက်နက်ရှိုင်းရှိုင်းနားလည်စေဖို့ရည်ရွယ်ပါတယ်။ ဘဝမှာကြုံကြိုက်ရတတ်တာတွေ၊ ကျော်ဖြတ်ရမယ့် သင်ခန်းစာ‌တွေကိုလည်း စိတ်ပညာရှုထောင့်ကနေ ဖော်ပြပေးပါတယ်။ ရှေ့ဖြစ်ဟောပုံစံ ဘယ်အသက်အရွယ်မှာ ဘာတွေဖြစ်မယ်ဆိုတာမျိုးတော့ မပါပါဘူး၊ ကျန်းမာရေးတွေ၊ သေခြင်းနဲ့ ပတ်သတ်တာတွေလည်း အသေးစိတ်ပါဝင်လေ့မရှိပါဘူး။**

အောက်မှာလည်း Birth chart reading နဲ့အတူ တခြားရရှိနိုင်တဲ့ Tarot reading package လေးတွေလည်း ဖော်ပြပေးထားပါတယ်။

Tarot reading အတွက်ကတော့ ဖတ်ချင်တဲ့ကာယကံရှင်ရဲ့ မျက်နှာပေါ်တဲ့ ပုံလေးလိုပါတယ်။

ကိုယ့်စိတ်ထဲသိချင်တဲ့ မေးခွန်းအတိအကျတစ်ခုခုရှိရင် သိချင်တဲ့မေးခွန်းရဲ့ အတိမ်အနက်အပေါ်မူတည်ပြီး မေးခွန်းတစ်ခုကို 5000ksကနေ - 10000ksကြားရှိပါမယ်။

**Tarot reading ယူတဲ့အခါ သတိထားစရာက Tarotက energy ဖတ်တာဆိုတော့ လက်ရှိ energy ကနေ ဘယ်လိုရှေ့ဆက်ဖြစ်နိုင်တယ်ဆိုတာမျိုး ပေါ်တာမလို့ ကံတရားကြိုသတ်မှတ်ထားသလို သဘောမျိုး၊ အနာဂတ်ကို အတိအကျခန့်မှန်းသလိုမျိုးတော့ မသိနိုင်ပါဘူး၊ ကိုယ့်ရွေးချယ်မှု လုပ်ကိုင်မှုအပေါ် မူတည်ပြီး အခြေအနေလေးတွေ ပြောင်းလဲနိုင်ပါတယ်၊

Readingက ခန့်မှန်းချက်ထက် guidance သဘောပိုဆန်နိုင်ပါတယ်၊ အခြေအနေတစ်ခုနဲ့ ပတ်သတ်ပြီး ကိုယ်နားလည်ချင်တာတစ်ခုခုရှိတဲ့အခါ၊ ဘာလုပ်သင့်လဲ အကြံဉာဏ်လိုချင်တဲ့အခါ အသုံးဝင်ပါတယ်။**

Readings are intended for personal insight and self-reflection.🤎

■ ကိုယ့်စိတ်အတွင်းပိုင်း သဘာဝတွေကို ထင်ဟပ်ဖြစ်ပေါ်တတ်တဲ့ အပြင်လက်တွေ့ဘဝ 'Energy attracts' ဆိုတဲ့ စကားရှိပါတယ်၊ ကိုယ့်ရဲ့...
30/12/2025

■ ကိုယ့်စိတ်အတွင်းပိုင်း သဘာဝတွေကို ထင်ဟပ်ဖြစ်ပေါ်တတ်တဲ့ အပြင်လက်တွေ့ဘဝ

'Energy attracts' ဆိုတဲ့ စကားရှိပါတယ်၊ ကိုယ့်ရဲ့ energy က လက်တွေ့အဖြစ်အပျက်တွေကို ဆွဲဆောင်တယ်ဆိုတဲ့ law of attraction သဘောတရားကို လူတော်တော်များများရင်းနှီးကြပြီး ဖြစ်ပါလိမ့်မယ်၊ ဒီဆောင်းပါးမှာတော့ ဘာ့ကြောင့်ဘဝမှာ တူညီတဲ့ အဖြစ်အပျက်တွေ ထပ်ကာထပ်ကာ ဖြစ်တတ်သလဲဆိုတာကို law of attraction သဘောတရားနဲ့ စိတ်ပညာအပေါ် အခြေခံပြီး လက်တွေ့ကျကျ ချဥ်းကပ်ရေးသားဖော်ပြပေးချင်ပါတယ်။

Law of attraction ရဲ့အခြေခံသဘောတရားက အတွေးတွေ၊ ခံစားချက်တွေအပါအဝင် လောကကြီးထဲက အရာရာတိုင်းဟာ energy တွေနဲ့ ဖွဲ့စည်းထားတယ်၊ ကြိမ်နှုန်းတစ်ခုမှာ တုန်ခါဖြစ်ပေါ်နေတယ်ဆိုတာပဲဖြစ်ပါတယ်။ energy တွေဟာ တူညီတဲ့ energy ကို ဆွဲဆောင်တယ်ဆိုပြီး ယုံကြည်ယူဆကြပါတယ်။ ကိုယ့်ရဲ့ လွှမ်းမိုးတဲ့အတွေးတွေ၊ ခံစားချက်တွေက သူတို့နဲ့ ကိုက်ညီတဲ့ အဖြစ်အပျက်တွေကို ဖြစ်ပေါ်စေတယ်လို့ ယူဆပါတယ်။

စိတ်ပညာအရလည်း ကိုယ့်ဘဝထဲ ထပ်ကာထပ်ကာဖြစ်ပေါ်တတ်တဲ့ အဖြစ်တွေဟာ ကိုယ့်ရဲ့အတွင်းကျတဲ့ သဘာဝကို ထင်ဟပ်နေတတ်ပါတယ်။ အဖြစ်အပျက်တွေက ကိုယ်တိုင်သတိမထားမိတဲ့ အတွင်းစိတ်patternတွေကို ထင်ဟပ်နေတတ်ပါတယ်။ စိတ်ဒဏ်ရာတွေဟာ နောက်ထပ်နာကျင်စရာအဖြစ်တွေကို ဘဝထဲဆွဲငင်နေမိတတ်ပါတယ်။

ဒါပေမယ့် မကောင်းတဲ့အဖြစ်တွေကို ဘဝက ကိုယ့်ကိုအပြစ်ပေးနေတယ်လို့မမြင်ဘဲ 'ဒီအဖြစ်အပျက်တွေက ငါ့ကို ငါ့အတွင်းစိတ်က စိတ်ဒဏ်ရာတွေအကြောင်း ပြသပေးနေတယ်၊ သင်ယူတိုးတက်ဖို့ အခွင့်အရေးပေးနေတယ်'လို့ မြင်ရမှာဖြစ်ပါတယ်။ ကိုယ်ကြုံတွေ့ရတတ်တဲ့ ဘဝအဖြစ်အပျက်တွေကို အကဲခတ်ခြင်း၊ ကိုယ့်ရဲ့ ထပ်ကာထပ်ကာပြုမူမိတတ်တဲ့ pattern တွေ၊ အမူအကျင့်တွေကို ဆန်းစစ်ခြင်းဖြင့် ကိုယ့်ကိုကိုယ်နားလည်လာမှာ၊ healing လုပ်စရာတွေကို မြင်လာမှာဖြစ်ပါတယ်။

ကောင်းတဲ့အဖြစ်တွေကို ဆွဲငင်နိုင်ဖို့ အပြုသဘောအတွေးတွေ အတင်းလုပ်ယူတွေးခြင်းထက် စိတ်ဒဏ်ရာအမြစ်ကို နားလည်ပြီး healing လုပ်နိုင်ကာ တည်ငြိမ်၍လွယ်လွယ်ကူကူမယိမ်းယိုင်တတ်တော့တဲ့၊ ရှင်းလင်းရင့်ကျက်တဲ့ အတွင်းစိတ်ကို ရရှိလာခြင်းက ပို၍ပင်အဖိုးတန်ပါတယ်။ အတွင်းပိုင်း energy က ဖရိုဖရဲမဖြစ်တော့ဘဲ balance ဖြစ်လာပြီ၊ တစ်ပိုင်းတစ်စစီဖြစ်မနေတော့ဘဲ ပေါင်းစည်းမိပြီဆိုရင် သဘာဝအတိုင်း ပိုပြီးကောင်းတဲ့အဖြစ်တွေနဲ့ vibe မိလာမှာဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ စိတ်ပညာအရ တူညီတဲ့အခြေအနေတွေကို ထပ်ကာထပ်ကာကြုံရတတ်တဲ့ အကြောင်းရင်းမှာ မသိစိတ်က ကိုယ်နဲ့ရင်းနှီးပြီးသား ပုံစံတူတွေကို ရွေးချယ်နေမိလို့ ဖြစ်တတ်ပါတယ်။ မသိစိတ် pattern တွေဟာ ငယ်ဘဝအတွေ့အကြုံတွေမှာ စတင်အခြေခံပြီး ဖြစ်ပေါ်လာတတ်ပါတယ်။

ဥပမာ၊ ကလေးတစ်ယောက်က စိတ်ခံစားချက်အရ လုံခြုံစွာမကြီးပြင်းခဲ့ရဘူး၊ အရိပ်အကဲကြည့်နေခဲ့ရတတ်တယ်၊ လူကြီးတွေ ကိုယ့်ကိုအမြင်ကြည်အောင် ကြိုးစားနေခဲ့ရတယ်ဆိုရင် ဒီကလေးဟာ အချစ်ဆိုတာ အဲ့ဒီလိုပဲ ကြိုစားရယူရတတ်တယ်ဆိုတဲ့ မသိစိတ်ယုံကြည်မှုနဲ့ ကြီးပြင်းလာတတ်ပါတယ်။ အရွယ်ရောက်တဲ့အခါ people pleaser type ဖြစ်လာတတ်ပါတယ်။ လူတွေကိုယ့်ကို လက်ခံအောင် ကိုယ်ကပေးဆပ်တတ်မှ၊ အနစ်နာခံတတ်မှလို့ မသိစိတ်က ယုံကြည်နေတတ်ပါတယ်။ အချစ်ရေးမှာလည်း ငယ်ငယ်တည်းက ကိုယ်သိတဲ့ ရင်းနှီးနေတဲ့ အချစ်ပုံစံကို ရွေးချယ်နေမိတတ်တာကြောင့် အချစ်ခံရဖို့ ကြိုးစားနေရမလို၊ ကိုယ့်တန်ဖိုးကို သက်သေပြနေရမလို ခံစားရစေတဲ့လူတွေကိုပဲ သွားငြိတွယ်နေမိတတ်ပါတယ်။

ကိုယ်ပေးဆပ်လုပ်ကိုင်ပေးလည်း တကယ့်တကယ် လူတွေက ကိုယ့်အားထုတ်မှုတွေကိုလေးစားတန်ဖိုးထားခဲပါတယ်။ ကိုယ့်အားထုတ်မှုတွေဟာ ပေါပေါရနေတဲ့အရာလို ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီလိုနဲ့ မမျှတတဲ့ဆက်ဆံရေးတွေ၊ စိတ်နာကျင်စရာအဖြစ်တွေကို အမြဲလိုကြုံတွေ့နေရတတ်ပါတယ်။

ဒီလိုကိုယ့်ဘဝထဲ ခဏခဏကြုံနေရတဲ့ pattern တွေကို ဆန်းစစ်ခြင်းအားဖြင့် ကိုယ့်ရဲ့ငယ်ဘဝကပါလာတဲ့ မသိစိတ်အကျင့်တွေကို နားလည် healing လုပ်နိုင်စွမ်းရှိတတ်ပါတယ်။ healing လုပ်နိုင်လာတာနဲ့အမျှ မသိစိတ်အကျင့်အတိုင်း ရွေးချယ်မိနေရာကနေ ကိုယ့်အတွက် ပိုပြီးကောင်းတဲ့ ရွေးချယ်မှုတွေကို ပြောင်းလဲလုပ်တတ်လာမှာ ဖြစ်ပါတယ်။ healing လုပ်ရင်းနဲ့လည်း ငယ်ငယ်တည်းက ကိုယ်ရင်းနှီးလာတဲ့ အတွေ့အကြုံတွေထက် အမှန်တကယ် ကိုယ်ဘာလိုချင်တာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိလာတတ်ပါတယ်။

ဥပမာ၊ ကိုယ့်အားထုတ်မှုကို တန်ဖိုးမထားတဲ့သူတွေအတွက် ကိုယ့်ကိုကိုယ်အနစ်နာခံနေတတ်ရာကနေ အကန့်အသတ်တွေထားတတ်လာတာမျိုး၊ အချစ်ရေးမှာဆိုလည်း toxic ဖြစ်တဲ့ pattern တွေကို စွန့်ခွာပြီး ကိုယ်အမှန်တကယ်လိုချင်တဲ့ အချစ်၊ အမှန်တကယ်လိုချင်တဲ့ ဆက်ဆံရေးပုံစံကဘယ်လိုဆိုတာ နားလည်လာတာမျိုး ဖြစ်တတ်ပါတယ်။

အဲ့ဒီလိုနဲ့ healing ဖြစ်လာတဲ့ ကိုယ့်ရဲ့ energy က ပိုပြီးကောင်းတဲ့အရာ၊ ပိုပြီးကောင်းတဲ့သူတွေနဲ့ အလိုလိုကိုက်ညီလာမှာဖြစ်သလို မသိစိတ် pattern တွေကို နားလည်သတိပြုမိခဲ့တဲ့အတွက်လည်း ကိုယ်တိုင်က ရှင်းလင်းတဲ့အသိနဲ့ ကိုယ့်အတွက် ကောင်းတဲ့အရာတွေကို ရွေးချယ်တတ်လာမှာဖြစ်ပါတယ်။

ဆောင်းပါးလေးရဲ့ အချုပ်က ပြင်ပအဖြစ်အပျက်တွေဟာ ကိုယ့်ရဲ့ အတွင်းပိုင်း အခြေအနေကို ရောင်ပြန်ဟပ်ဖြစ်ပေါ်တတ်ပါတယ်။ မကောင်းတဲ့ အဖြစ်တွေကိုလည်း ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်အတွင်းစိတ်ကို ပိုနားလည်စေမယ့်၊ ရင့်ကျက်လာစေမယ့် အတွေ့အကြုံတွေအဖြစ် မြင်တတ်ရင် အကျိုးရှိပါတယ်။ ရေသောက်မြစ်နဲ့တူတဲ့ ကိုယ့်စိတ်အတွင်းပိုင်းက ကျန်းမာသန်စွမ်းလာတာနဲ့အမျှ ပြင်ပအဖြစ်အပျက်တွေကလည်း အခက်အလက်တွေ ဖြာထွက်ဝေဆာလာမှာပါဆိုတာပဲဖြစ်ပါတယ်။

ရန်ကုန်ရောက်ဖြစ်တုန်း Tarot Bank Myanmar ကနေ ဒီနေ့သွားဝယ်ယူခဲ့တဲ့ tarot & oracle deckလေးတွေ၊ ရန်ကုန်မလာခင်တည်းက လိုချင်တ...
24/12/2025

ရန်ကုန်ရောက်ဖြစ်တုန်း Tarot Bank Myanmar ကနေ ဒီနေ့သွားဝယ်ယူခဲ့တဲ့ tarot & oracle deckလေးတွေ၊
ရန်ကုန်မလာခင်တည်းက လိုချင်တာတွေ ရှာလိုက် သွားမှာလိုက်နဲ့😁၊ ဆိုင်ရောက်တော့လည်း လိုက်ကြည့် လိုက်ရှာနဲ့ deckလေးတွေ မနည်းစုံစုံလင်လင်ရလာခဲ့တယ်၊

deckလေးတွေလည်းစုံစုံလင်လင်၊ ဈေးနှုန်းလည်း မှန်မှန်နဲ့ အဆင်ပြေပြေဝယ်နိုင်လို့Tarot Bank Myanmarကိုလည်း ကျေးဇူးတင်ပါတယ်၊ crystalလေးတွေ လက်ဆောင်ထည့်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်🤎

ထူးထူးခြားခြားဆို Smith Waite borderless edition deckလေးရဲ့ ပေးရတဲ့ဈေးနဲ့ ရတဲ့ ကဒ်သားကို အရမ်းအံ့ဩမိသွားတာ၊

ဝယ်လာတဲ့အထဲ authentic deckလေး 3 decksပါတယ်၊ သုံးခုလုံးရဲ့ guidebookထူထူလေးတွေကို လေ့လာကြည့်ရမှာလည်း အရမ်းစိတ်ဝင်စားနေပြီ🤎

Unboxing videoလေးတော့ နောက်ရက်မှ editပြီး တင်လိုက်တော့မယ်

ဒီလိုမျိုးလေးတွေကြောင့် စာတွေလည်း ထပ်ရေးချင်စိတ် ပိုဖြစ်ပါတယ်
13/12/2025

ဒီလိုမျိုးလေးတွေကြောင့် စာတွေလည်း ထပ်ရေးချင်စိတ် ပိုဖြစ်ပါတယ်

Sun sign နဲ့ Moon sign ဘယ်လိုခွဲရမလဲ မေးထားကြတဲ့ သူတွေတွေ့လို့ပါ။ မသိသေးတဲ့ သူလေးတွေအတွက် birth chart ထုတ်နည်းနဲ့ chart ...
08/12/2025

Sun sign နဲ့ Moon sign ဘယ်လိုခွဲရမလဲ မေးထားကြတဲ့ သူတွေတွေ့လို့ပါ။ မသိသေးတဲ့ သူလေးတွေအတွက် birth chart ထုတ်နည်းနဲ့ chart ကို ကြည့်နည်း အခြေခံလေးပါ။

Admin အောက်မှာ birth chart ထုတ်လို့ရတဲ့ app link လေး shareထားပေးပါတယ်၊ google မှာလည်း birth chart calculator ဆိုပြီး ရိုက်ရှာရုံနဲ့ birth chart ထုတ်ပေးတဲ့ website လေးတွေလည်း တွေ့နိုင်ပါတယ်။

Source: AstroMatrix

https://share.google/fVIfSwVCUl3TOyFAz

(App name က AstroMatrixပါ၊ linkဝင်ရမပြေရင် play storeမှာ ရိုက်ရှာလို့ရအောင်ပါ)

ကိုယ့်ရဲ့ မွေးနေ့၊ မွေး‌ချိန်၊ အချက်အလက်လေးတွေ အသီးသီး ထည့်ပေးလိုက်ရုံနဲ့ ကိုယ့်ရဲ့ personal birth chart တစ်ခုထုတ်ပေးပါလိမ့်မယ်။

Admin.. shareပေးထားတဲ့ appလေးကတော့ adminတို့လို့ birth chart ဖတ်ပေးတဲ့သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ အောက်ကပုံတွေက app ကို သုံးပြီး ထုတ်ထားတဲ့ chartပါ။

Sun sign, Moon sign ခွဲတတ်ချင်တဲ့ သူတွေက ပထမပုံကို ကြည့်ပါ၊ Sun ဆိုတဲ့ အလျားလိုက်အကွက်လေးမှာ သူ့ဘေးမှာတွေ့ရတဲ့ Ta**us ဆိုတာ Sun signပါ၊ ဘေးအစွန်းနားကတော့ Sunက ဘယ်‌houseထဲမှာ ရှိနေလဲဆိုပြီး ပြထားတာပါ၊ 11thဆိုတာ Sun က 11th houseထဲမှာ ရှိနေတယ်ဆိုတဲ့ သဘောပါ။

Moon sign ကို သိချင်ရင်လည်း အဲ့ဒီလိုပဲ moon ဆိုတဲ့ အလျားလိုက် အကွက်လေးကို ကြည့်ရုံပါပဲ၊ Moon ဆိုတဲ့ဘေးနားက Scorpio က birth chart ပိုင်ရှင်ရဲ့ moon sign ကို ဖော်ပြတာပါ။

admin..တို့လို birth chartဖတ်ပေးတဲ့ သူတွေအတွက်ကတော့ ဒီappကထုတ်ပေးတဲ့ chart က ကြည့်ရ တော်တော်အဆင်ပြေတဲ့ chartပုံစံမျိုးပါ၊ signရော house ရော အတန်းလိုက်လေး ပြထားမလို့ ကြည့်ရတာ တော်တော်ရှင်းလင်း ထိရောက်ပါတယ်။ Lilith, Chiron, Juno စသဖြင့် placements လေးတွေလည်း အစုံပါပါတယ်၊ ကိုယ်ကြည့်ချင်တာပဲ ဖော်ပြီး၊ မကြည့်ချင်တာတွေကိုလည်း setting မှာ ပြန်ဖျောက်လို့ရပါတယ်၊ house system တွေဘာညာ အကုန်ကိုယ်လိုချင်သလို ချိန်လို့ရပါတယ်၊ Solar return chartတွေ၊ Draconic Chart စသဖြင့် chart အစုံလည်း ထုတ်ကြည့်လို့ရပါတယ်။

ကိုယ့် birth chart ကို ကြည့်ဖတ်ပေးတဲ့ birth chart reading လေးတွေလိုချင်ရင်လည်း adminဆီမှာ service လာယူလို့ရပါတယ်။

Adminရဲ့ birth chart reading လေးမှာ အခြေခံအားဖြင့် ဒီလို ခေါင်းစဥ်ခွဲလေးတွေ ပါဝင်ပါတယ်

Personality Overview

Emotional Nature

Learning, Thinking and Communication

》Soul Purpose, Life Purpose and Potential

》Struggle, Challenges, Shadow Work, Pontential Personal Growth

》Subconscious, Inner Trauma, Personal Growth through understanding and healing

Career & Financial

Love & Relationships

တစ်ခုသတိထားစရာက admin ဖတ်ပေးတဲ့ birth chart reading လေးတွေက ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်ရဲ့ အလားအလာတွေ၊ ကိုယ့်ရဲ့မသိစိတ် pattern တွေကို နက်နက်ရှိုင်းရှိုင်းနားလည်စေဖို့ရည်ရွယ်ပါတယ်။ ဘဝမှာကြုံကြိုက်ရတတ်တာတွေ၊ ကျော်ဖြတ်ရမယ့် သင်ခန်းစာ‌တွေကိုလည်း စိတ်ပညာရှုထောင့်ကနေ ဖော်ပြပေးပါတယ်။ ရှေ့ဖြစ်ဟောပုံစံ ဘယ်အသက်အရွယ်မှာ ဘာတွေဖြစ်မယ်ဆိုတာမျိုးတော့ မပါပါဘူး၊ ကျန်းမာရေးတွေ၊ သေခြင်းနဲ့ ပတ်သတ်တာတွေလည်း အသေးစိတ်ပါဝင်လေ့မရှိပါဘူး။

Moon sign - Scorpio  တွေဟာ ပင်ကိုအရ ခံစားချက်အလွန်ပြင်းထန်နက်နဲတတ်ပါတယ်။ သူတို့ရဲ့ ဒီလို ခံစားချက်ပြင်းထန်မှုဟာ ကျိန်စာတ...
07/12/2025

Moon sign - Scorpio တွေဟာ ပင်ကိုအရ ခံစားချက်အလွန်ပြင်းထန်နက်နဲတတ်ပါတယ်။ သူတို့ရဲ့ ဒီလို ခံစားချက်ပြင်းထန်မှုဟာ ကျိန်စာတစ်ခုလိုလည်း ဖြစ်ပြန်၊ လက်ဆောင်တစ်ခုလိုလည်း ဖြစ်တတ်ပါတယ်။ Moon ဟာ Scorpio sign မှာ အရမ်းအားနည်းပါတယ်။ ပျော့ပြောင်းပြီး တည်ငြိမ်မှုကို နှစ်သက်တဲ့ 'လဂြိုလ်'ဟာ Scorpio လို ပြင်းထန်တဲ့ sign မျိုးမှာ သူ့ရဲ့ ပင်ကိုအရည်အသွေးတွေကို ပြသဖို့ ရုန်းကန်နေရတတ်ပါတယ်၊

(Astrology အရ moon in scorpio ကို Moon က fall မှာ ရောက်ရှိနေတယ်လို့ ခေါ်ပါတယ်။ အားနည်းတယ် debilitated ဖြစ်တယ်လို့လည်း ပြောပါတယ်။ Scorpio ရဲ့ ဆန့်ကျင်ဖက်sign - Ta**us မှာကျ Moon က အားကောင်းပါတယ်။ Astrology အရ exalted ဖြစ်တယ်လို့ ခေါ်ပါတယ်။)

Scorpio moon တွေဟာ ငယ်ငယ်မှာတည်းက ခံစားချက်ပြင်းထန်ပြီး ခံစားထိခိုက်လွယ်ပေမယ့် သူတို့ခံစားချက်ကို အမှန်တကယ်နားလည်လက်ခံပေးခံရတာမျိုး ရှားတတ်ပါတယ်။ များသောအားဖြင့် scorpio moon တွေဟာ အမေနဲ့ ပတ်သတ်ပြီး အားနည်းချက်ရှိတတ်ပါတယ်။ အမေနဲ့ ပတ်သတ်ပြီး နာကျင်မှုတွေရှိပေမယ့် အမေ့ကို ပိုချစ်တာ၊ တွယ်တာတာမျိုးရှိတတ်ပါတယ်။ အမေက တော်ရုံကြင်နာမှုမပြတာ၊ စိတ်ကြီး စိတ်ဆတ်တာမျိုးရှိတတ်ပါတယ်။

ခန့်မှန်းနားလည်ရခက်ပြီး ရုတ်တရက်ထပေါက်ကွဲလေ့ရှိတတ်တဲ့ မိခင်မျိုးကြောင့် Scorpio moon တွေဟာ ငယ်စဥ်ကတည်းက စိတ်လုံခြုံမှုမရှိဘဲ ကြီးပြင်းလာရတတ်ပါတယ်။ မိခင်နဲ့ မိခင်ဖက်က အသိုင်းအဝိုင်းကြောင့် စိတ်ဒဏ်ရာတွေရှိတတ်ပါတယ်။ ကလေးတစ်ယောက်အတွက် လုံလောက်တဲ့ နွေးထွေးမှုနဲ့ မေတ္တာအကြင်နာတွေကို မရရှိခဲ့ဘဲ ရှိတတ်ပါတယ်။ ကိုယ့်ခံစားချက်တွေကိုလည်း ဘယ်သူကမှ တကယ်နားလည်ပြီး အရေးတယူလုပ်တာ မခံခဲ့ရဘဲ ရှိတတ်ပါတယ်။ ဒါ့ကြောင့် scorpio moon တွေဟာ သိမ်ငယ်စိတ်တွေရှိတတ်ပါတယ်။ ကိုယ့်ခံစားချက်တွေဟာ အရေးမပါဘူးလို့ ထင်တတ်ပါတယ်။ မျိုသိပ်လာတတ်ပါတယ်။ ကိုယ်တိုင်ရဲ့ ခံစားချက်တွေနဲ့ ပတ်သတ်ပြီး ရှက်ရွံ့စိတ်၊ သိမ်ငယ်စိတ်တွေရှိလာပါတယ်။

ဒီလိုအချက်တွေကြောင့် scorpio moon တွေဟာ ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ ခံစားချက်တွေကို ငြင်းပယ်ဖိနှိပ်ထားမိတတ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ခံစားချက်တွေဟာ အချိန်မရွေးပေါက်ကွဲထွက်လာနိုင်တဲ့ ဗုံးတစ်ခုလို အတွင်းပိုင်းမှာ တာဆူနေတတ်ပါတယ်။ ပြင်ပမှာ ငြိမ်သက်နေပေမယ့် အထဲကခံစားချက်တွေ ပေါက်ကွဲထွက်လာဖို့ အစပြုပေးမယ့် မီးပွားတစ်စပဲ လိုအပ်တတ်ပါတယ်။

မီးပွားစလာစင်တာနဲ့ ကိုယ်တိုင်ရှက်ရွံ့ဖိနှိပ်ထားတဲ့ ခံစားချက်တွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ မထိန်းနိုင် မသိမ်းနိုင် ပေါက်ကွဲထွက်လာတတ်ပါတယ်။ နာကျင်ရှက်ရွံ့မှုနဲ့ ကြောက်စိတ်တွေဟာ ဒေါသအဖြစ်ပေါ်ထွက်လာတတ်ပါတယ်။ အဲ့ဒါကြောင့် scorpio moon တွေဟာ ခံစားချက်တစ်ခုခုအစပျိုးလာပြီဆိုတာနဲ့ ပြဿနာတစ်ခု သေသေချာချာဖြစ်ပြီးမှ ပြီးတတ်ပါတယ်။ ခံစားချက်တွေဟာ ပြင်းထန်လွန်းတာကြောင့် ကိုယ်တိုင်တောင် ကြိတ်ခံစားဖို့ ခက်တတ်ပါတယ်။

ဒါပေမယ့် ဒီပေါက်ကွဲထွက်လာတဲ့ ခံစားချက်တွေဟာ နားလည်မှုလွဲခံရခြင်းနဲ့ ပြဿနာတက်ခြင်းမှာပဲ အဆုံးသတ်သွားရတတ်ပြန်ပါတယ်။ ကိုယ်တကယ်လိုချင်တဲ့ နားလည်ပေးခံရမှု၊ ကိုယ့်နာကျင်ခြင်းကို မြင်ပေးမှုတို့ကိုတော့ မရရှိနိုင်ဘဲ ရှိတတ်ပါတယ်။ ဒီလိုအဖြစ်ကြောင့် ကိုယ့်ရဲ့ ပေါက်ကွဲမိတဲ့ ခံစားချက်တွေအပေါ် ရှက်ရွံ့သိမ်ငယ်စိတ် ထပ်ဝင်ပြန်ပါတယ်။ ဒီလိုနဲ့ သံသရာလည်နေတတ်ပါတယ်။

ဒီသံသရာကို ရပ်ဖို့ Scorpio moon တွေဟာ ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို မငြင်းပယ် မဖိနှိပ်ဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်လိုအပ်တဲ့ နားလည်မှုကို ကိုယ်တိုင်က အရင် ကိုယ့်ကိုကိုယ်ပေးတတ်ဖို့ အရေးကြီးပါတယ်။ ခံစားချက်တွေကို မြင်ပေးဖို့ အသိအမှတ်ပြုတတ်ဖို့ လိုအပ်ပါတယ်။ ခံစားချက်တွေက ပြသနေတဲ့ အတွင်းပိုင်းက နာကျင်မှုကို မြင်အောင်ကြည့်တတ်၊ ကိုယ့်ကိုကိုယ်နှစ်သိမ့်ပေးတတ်ဖို့လိုပါတယ်။

ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ပြန်လည်ရင်ဆိုင်ရတဲ့ အလုပ်ဟာ မလွယ်ကူပေမယ့် Scorpio moon တွေဟာ စိတ်ခံစားချက်ပြင်းထန်သလောက် ခံနိုင်ရည်အားကောင်းတာကြောင့် ခံစားချက်တွေကို ပြန်လည်ရင်ဆိုင်ကုစားနိုင်စွမ်းရှိသူတွေ ဖြစ်ကြပါတယ်။ healing လုပ်နိုင်စွမ်း အားကောင်းပါတယ်။ ကိုယ်တိုင်ရဲ့ ခံစားချက်ကိုသာမက တခြားသူတွေရဲ့ ခံစားချက်ကိုပါ နားလည်နိုင်စွမ်း၊ ကုစားနိုင်စွမ်း ရှိတတ်ပါတယ်။

နက်နဲတဲ့ စိတ်ခံစားချက်တွေကိုပဲ အကြောင်းပြုပြီး သိသာတဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ပြောင်းလဲမှု၊ စိတ်ပိုင်းဆိုင်ရာအရ နက်နဲတဲ့ နားလည်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ ပင်ကိုအရ intuition ခေါ် ဝမ်းတွင်းသိ အားကောင်းတတ်ပါတယ်။ မရိုးသားမှုတွေနဲ့ လူတွေရဲ့ အမှောင်ခြမ်းကိုယ်ရည်ကိုယ်သွေးတွေကို ခံစားသိနိုင်စွမ်းရှိကြပါတယ်။

ဒီလိုအရည်အသွေးတွေကြောင့် scorpio moon တွေဟာ healers ၊ psychological counsellors ၊ therapists စသဖြင့် ဖြစ်လာတတ်ကြပါတယ်။

Scorpio moon တွေဟာ late bloomer အမျိုးအစားဖြစ်ပါတယ်။ ငယ်ရွယ်ချိန်မှာ ကိုယ့်ခံစားချက်ကို ဘယ်လိုကိုင်တွယ်ရမှန်းမသိဖြစ်တတ်ပါတယ်။ စိတ်ခံစားချက်အရ နာကျင်အားနည်းရမှာကို ကြောက်သလောက် ကိုယ့်စိတ်ဒဏ်ရာတွေကို လာထိဆွနေတဲ့ အဖြစ်တွေကို များစွာကြုံတွေ့ရတတ်ပါတယ်။ အဓိကအားဖြင့် အချစ်ရေးမှာ နာကျင်စရာတွေကို သိသိသာသာကြုံရတတ်ပါတယ်။

စိတ်ဒဏ်ရာတွေကို healing မလုပ်နိုင်သေးခင်မှာ အလွယ်တကူခံစားပေါက်ကွဲလွယ်တာမျိုး၊ တစ်ဖက်လူကို ကိုယ့်ကိုကိုယ်တောင် သတိမထားမိဘဲ စမ်းသပ်နေမိတာမျိုး၊ သဝန်တိုလွယ်တာ၊ အားငယ်လွယ်၊ သိမ်ငယ်လွယ်တာမျိုးတွေ ရှိတတ်ပါတယ်။

စိတ်ဒဏ်ရာတွေဟာ သံလိုက်လိုမျိုး တူညီတဲ့နာကျင်မှုကို ထပ်ခံစားရစေမယ့် သူတွေကို ဆွဲဆောင်နေမိတတ်ပါတယ်။ သဘောက ကိုယ်က အစွန့်ပစ်ခံရမှာကြောက်ရင် ရှောင်ဖယ်တတ်၊ရှောင်လွှဲသွားတတ်တဲ့သူမျိုးတွေကို ဘဝထဲဆွဲဆောင်နေမိတတ်ပါတယ်။ ကိုယ်ကတန်ဖိုးထားမခံရမှာစိုးရင် ကိုယ့်တန်ဖိုးကို သက်သေပြနေရမလို ခံစားရစေမယ့် သူတွေကို ဘဝထဲ ဆွဲဆောင်မိတတ်ပါတယ်။ ကိုယ်က အငြင်းပယ်ခံရမှာကြောက်ရင် ပူလိုက်အေးလိုက် ခန့်မှန်းရခက်တဲ့သူတွေကို ဘဝထဲ ဆွဲဆောင်နေမိတတ်ပါတယ်။

အဲ့ဒါအပြင် scorpio moon တွေရဲ့ energy ဟာ အကြောင်းကြောင်းကြောင့် တခြားသူတွေရဲ့ စိတ်ဒဏ်ရာတွေကို အလွယ်တကူထိဆွမိတတ်ပါတယ်။ scorpio moonတွေရဲ့ နက်နဲမှုအောက်မှာ လူတွေဟာ သူတို့ကိုယ်တိုင် မျက်နှာလွှဲနေတဲ့ အတွင်းစိတ်က စိတ်ဒဏ်ရာတွေကို ဆက်ပြီးမသိချင်ယောင်ဆောင်ဖို့ခက်တတ်ပါတယ်။ ဒီလိုအချက်တွေကြောင့် scorpio moon တွေရဲ့ ငယ်စဥ်အချိိန် ရင်းနှီးတဲ့ ဆက်ဆံရေးတွေဟာ ပြင်းထန်ပူလောင်လွန်းတတ်ပါတယ်။

စိတ်ခံစားချက်အရ အမှန်တကယ်သတ္တိရှိသူတွေ၊ စိတ်ဒဏ်ရာတွေကနေ မရှောင်ပုန်းဘဲ shadow work လုပ်ခဲ့သူတွေ၊ ကိုယ်တိုင်နက်နဲပြီး ရင့်ကျက်တဲ့သူတွေကသာ scorpio moon တွေရဲ့ နက်နဲမှုကို နားလည်တန်ဖိုးထားတတ်ပါတယ်။

Scorpio moon တွေကိုယ်တိုင်လည်း ကိုယ့်စိတ်ဒဏ်ရာတွေကို နားလည်ပြီး healing လုပ်နိုင်လာတာနဲဲ့အမျှ ငယ်စဥ်ကလို နာကျင်မှုပေးမယ့်သူတွေကို ဘဝထဲ ဆွဲဆောင်နေမိတာမျိုး မဖြစ်တော့ဘဲ ကိုယ့်အတွက်မှန်ကန်တဲ့သူတွေကို ရှင်းရှင်းလင်းလင်းသိနိုင်စွမ်း ရှိလာတတ်ပါတယ်။

Scorpio moon တွေဟာ နာကျင်မှုကို အသိပညာနဲ့ ခွန်အားအဖြစ် ပြောင်းလဲနိုင်ကြသူတွေဖြစ်ပါတယ်။ ကိုယ့်စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ခဲ့တဲ့ ခရီးတစ်လျှောက် နက်နဲတဲ့ စိတ်ပိုင်းဆိုင်ရာနားလည်မှုနဲ့ အသိပညာတွေကို ရရှိခဲ့တတ်ကြပါတယ်။ ရင့်ကျက်သွားတဲ့၊ ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ပိုင်နိုင်သွားတဲ့ scorpio moon တွေဟာ အတည်ငြိမ်ဆုံး၊ အသန်မာဆုံး၊ ဝမ်းတွင်းသိအားအကောင်းဆုံးလူမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။

05/12/2025

*trigger warning* (ရင်ဖွင့်တဲ့သဘောမျိုးရေးထားပြီး heavy ဖြစ်တဲ့စာမျိုးမလို့ နဂိုတည်းက feeling သိပ်မကောင်းတဲ့သူတွေ မဖတ်သင့်ပါဘူး၊ admin နည်းနည်း depressive mood ဖြစ်နေလို့😅၊
ဒီလို heavyဖြစ်တဲ့ ရင်ဖွင့်စာမျိုးရေးရတာ အားနာပါတယ်)

ဒီလပိုင်းတွေမှာ ရှင်သန်ရတာ ဘယ်လိုခံစားရလဲဆိုတော့ အဆင်မပြေတဲ့ခံစားချက်ကိုပဲ စဉ်ဆက်မပြတ်ပြုပြင်နေရသလို ခံစားရတယ်

အကြောင်းအရင်းကိုလည်း အဖြေမရှာချင်လောက်အောင် ပင်ပန်းနေတယ်၊ စိတ်ဒဏ်ရာတွေကိုလည်း ရင်ဆိုင်ရတာ ငြီးငွေ့နေတယ်

အဆင်မပြေတဲ့ခံစားချက်တွေကို ပြေချင်ယောင် ဆောင်မထားနိုင်တော့ဘူး၊ တခြားသူတွေကို အားဖြစ်စေတဲ့ စာရေးရမယ့်အစား ဒီလိုစာမျိုးတွေ မရေးချင်ပေမယ့် စိတ်ခံစားချက်တွေကို တစ်နည်းနည်းနဲ့ ဖွင့်ထုတ်ဖို့ လိုအပ်နေတယ်

နှစ်စထဲက စိတ်ဒဏ်ရာဟောင်းတွေကို ပုံစံသစ်တစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး ကိုယ့်စိတ်ကို နားလည်အောင် ဆန်းစစ်ဖြစ်ခဲ့ပေမယ့် နာကျင်မှုနဲ့ စိတ်အလုပ်များမှု နှစ်ခုပေါင်းပြီး စိတ်တွေပင်ပန်းကျန်ရစ်ခဲ့တယ်၊ ခြောက်ကပ်ကပ်ခံစားချက်၊ နေထိုင်ရတာ အဓိပ္ပာယ်မရှိသလို ခံစားချက်က ကြာရှည်နေတယ်

သိသိသာသာအထီးကျန်နေမိပြီး အားငယ်စိတ်တွေ တအားများနေတယ်၊

တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်ပေမယ့် ဒီစကားတွေ ဘယ်သူ့သွားပြောရမလဲမသိဘူး၊ ရင်ဖွင့်ချင်ခဲ့တာကြာပါပြီ၊ နောက်ဆုံးတော့ ရင်ဖွင့်ဖြစ်သွားပြီ

Adminလည်း ပြန်အဆင်ပြေလာမှာပါ၊ စိတ်အဆင်ပြေလာရင်တော့ creative sparkတွေ ပြန်အားကောင်းပြီး စာတွေ ပုံမှန်ပြန်ရေးနိုင်မှာပါ၊ ဒီနှစ်ထဲတော့ ဘယ်လောက်ပဲ စာပုံမှန်တင်ဖြစ်ဖို့ ကြိုးစားလည်း မတင်နိုင်ခဲ့ဘူး

Address

Yangon

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Reaping The Universe's Gifts Astrology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram