𝑆𝑢𝑧𝑎𝑛 𝑄𝑢𝑒𝑒𝑛 𝑇𝑎𝑟𝑜𝑡

  • Home
  • Myanmar
  • Yangon
  • 𝑆𝑢𝑧𝑎𝑛 𝑄𝑢𝑒𝑒𝑛 𝑇𝑎𝑟𝑜𝑡

𝑆𝑢𝑧𝑎𝑛 𝑄𝑢𝑒𝑒𝑛 𝑇𝑎𝑟𝑜𝑡 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝑆𝑢𝑧𝑎𝑛 𝑄𝑢𝑒𝑒𝑛 𝑇𝑎𝑟𝑜𝑡, Astrologist & Psychic, Yangon.
(1)

ဆရာမ ဆူဈာန် 🌙
လောကီပညာနှင့် ဘဝလမ်းညွှန်မှုဆိုင်ရာ အကြံပေး ။
"ယုံကြည်မှုတိုင်းအတွက် အမှန်ကန်ဆုံး အဖြေရှိစေရမည် ။"
📞 09 780 888 042 (Viber/Telegram/KPay, Wave)
📥 တိုင်ပင်ဆွေးနွေးရန် စာပို့ထားနိုင်ပါသည်။

02/03/2026

✨ ဒီနေ့ တစ်နေ့လုံးအတွက် ကြီးကြီးမားမားတွေ ချက်ချင်းမလုပ်နိုင်သေးရင်တောင် စိတ်မပျက်ပါနဲ့။ အခုချက်ချင်းလုပ်နိုင်တဲ့ အသေးမွှားဆုံး အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင် အရင်စတင်လိုက်ပါ။

ဒီနေ့မှာ လုပ်စရာရှိတဲ့ အလုပ်တွေအားလုံး အဆင်ပြေချောမွေ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်…✨🌟

Retrograde ကာလမှာ သိထားသင့်တဲ့ “ 12 “ Zodiac Signs အကြောင်း 🐚✨🕯️“Retrograde ကာလဆိုတာကံဆိုးတဲ့အချိန်မဟုတ်ဘူးကိုယ့်ကိုယ်ကိ...
27/02/2026

Retrograde ကာလမှာ သိထားသင့်တဲ့ “ 12 “ Zodiac Signs အကြောင်း 🐚✨🕯️“Retrograde ကာလဆိုတာကံဆိုးတဲ့အချိန်မဟုတ်ဘူးကိုယ့်ကိုယ်ကို ပြန်တွေ့ဖို့စကြာဝဠာက အချိန်ပေးထားတဲ့ ကာလပါ” 🪐🌏🌞💫✨

♈ Aries – အလျင်စလိုစိတ်ကို စမ်းသပ်တဲ့ကာလ

Retrograde ကာလမှာ Aries တွေအတွက် အကြီးဆုံးစမ်းသပ်ချက်က စိတ်အလျင်စလို ပါ။
စိတ်ထဲထင်တာကို ချက်ချင်းလုပ်မိလွယ်ပြီး “လုပ်ပြီးမှ စဉ်းစားမိတာမျိုး ” ဖြစ်သွားနိုင်ပါတယ်။
အလုပ်ပြောင်းချင်စိတ်၊ ဆက်ဆံရေးဖြတ်ချင်စိတ်တွေ ပေါ်လာနိုင်ပေမယ့် ဒီကာလမှာ ဆုံးဖြတ်ချက်ကြီးတွေ ချရင် နောင်တရလွယ်ပါတယ်။
လုပ်ချင်စိတ် ပေါ်လာတဲ့အချိန်တိုင်း ခဏရပ်ပြီး ကိုယ့်ကိုယ်ကို မေးကြည့်ပါ — ဒါက အမှန်တကယ်လိုချင်တာလား၊ စိတ်လှုပ်ရှားမှုလား ဆိုတာကိုပါ။

♉ Ta**us – လုံခြုံမှုကို ပြန်စစ်ရမယ့်အချိန်

Ta**us တွေအတွက် Retrograde က ငွေကြေးနဲ့ လုံခြုံမှုဆိုင်ရာ အတွေးတွေကို ပြန်စစ်ခိုင်းတဲ့ကာလ ဖြစ်ပါတယ်။
မလိုအပ်တာတွေ ဝယ်ချင်စိတ် တက်လာနိုင်ပြီး “ထားထားလို့ကောင်းမလား” ဆိုတဲ့ အကြောင်းပြချက်နဲ့ Spending များသွားနိုင်ပါတယ်။
လူတွေကို ယုံကြည်လွယ်လာပြီး ပစ္စည်း၊ ငွေကြေးကိစ္စမှာ နောက်မှ စိတ်မချမ်းသာဖြစ်နိုင်ပါတယ်။
ဒီကာလမှာ အသစ်ဝယ်ဖို့ထက် ရှိပြီးသားကို ဘယ်လိုအသုံးချမလဲ ကို စဉ်းစားရင် ပိုအကျိုးရှိပါလိမ့်မယ်။

♊ Gemini – စကားနဲ့ စာတွေက စမ်းသပ်မှုဖြစ်လာမယ်

Gemini အတွက် Retrograde ဆိုတာ ဆက်သွယ်ရေးကို အထူးသတိထားရမယ့်ကာလ ပါ။
မက်ဆေ့ချ်မှားပို့ခြင်း၊ စကားတစ်ခွန်းကြောင့် အထင်လွဲမှုကြီးဖြစ်သွားခြင်းတွေ ဖြစ်လွယ်ပါတယ်။
မပြောရသေးတဲ့ စကားတွေ ပြောချင်လာပြီး နောက်မှ “မပြောခဲ့သင့်ဘူး” လို့ ခံစားရနိုင်ပါတယ်။
ဒီအချိန်မှာ စကားနည်းနည်း၊ စဉ်းစားပြီးပြောခြင်းက Gemini အတွက် အကာအကွယ်အကြီးဆုံး ဖြစ်ပါတယ်။

♋ Cancer – အတိတ်စိတ်ခံစားမှုတွေ ပြန်တက်လာမယ်

Cancer တွေအတွက် Retrograde ကာလဟာ အတိတ်အမှတ်တရတွေ၊ စိတ်နာတွေ ပြန်တက်လာတဲ့အချိန် ဖြစ်ပါတယ်။
အရင်က ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ပြန်တွေးမိပြီး စိတ်မလုံခြုံဖြစ်လာနိုင်ပါတယ်။
ချစ်သူ၊ မိသားစုနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်လွယ်လာတတ်ပါတယ်။
ဒီကာလမှာ စိတ်ကို ဖိနှိပ်မထားဘဲ လက်ခံကြည့်ခြင်း က Cancer အတွက် အရေးကြီးပါတယ်။ Healing က မရှောင်ပြေးလို့ မရပါဘူး။

♌ Leo – အလင်းရောင်နောက်က စမ်းသပ်မှု

Leo တွေအတွက် Retrograde က Ego ကို စမ်းသပ်တဲ့ကာလ ပါ။
အသိအမှတ်ပြုမခံရသလို ခံစားရနိုင်ပြီး “ငါ့ကို မမြင်ကြဘူးလား” ဆိုတဲ့ စိတ်ဝင်စားမှု ပေါ်လာနိုင်ပါတယ်။
Authority clash ဖြစ်နိုင်ပြီး ကိုယ့်စကားကို မလိုက်နာတဲ့အခါ စိတ်မကောင်းဖြစ်လွယ်ပါတယ်။
ဒီအချိန်မှာ တိတ်တိတ်လေး အလင်းထွက်နိုင်ခြင်း က Leo ကို ပိုတောက်ပစေပါလိမ့်မယ်။

♍ Virgo – ကိုယ့်ကိုယ်ကို မညှင်းပန်းဖို့ သင်ယူရမယ့်ကာလ

Virgo တွေအတွက် Retrograde ကာလဟာ Perfect ဖြစ်ချင်တဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကို ဖိအားပေးမိတဲ့အချိန် ဖြစ်ပါတယ်။
အသေးစိတ်တိုင်းကို စိုးရိမ်မိပြီး စိတ်ပင်ပန်းလာနိုင်ပါတယ်။
ကိုယ့်အမှားကို ကိုယ်မလွှတ်နိုင်သလို အခြားသူရဲ့ အမှားကိုလည်း လက်မခံနိုင်ဖြစ်လာတတ်ပါတယ်။
ဒီကာလမှာ “လုံလောက်ပြီ” လို့ ကိုယ့်ကို ပြောနိုင်ခြင်းက အရေးကြီးဆုံး ကုသမှု ဖြစ်ပါတယ်။

♎ Libra – ကိုယ့်အတွက် ဆုံးဖြတ်ရမယ့်အချိန်

Libra တွေအတွက် Retrograde က လူအမြင်နဲ့ ကိုယ့်စိတ်ကြား အလွန်အမင်း လှုပ်ရှားရတဲ့ကာလ ပါ။
မဆုံးဖြတ်နိုင်ဘဲ အချိန်ဆွဲနေရင်း ကိုယ့်လိုအပ်ချက်ကို မေ့သွားနိုင်ပါတယ်။
Relationship မှာ ကိုယ်ပဲ ပေးနေပြီး ကိုယ်မရတာတွေကို သတိထားမိလာနိုင်ပါတယ်။
ဒီအချိန်မှာ ကိုယ့်အတွက် Yes ပြောဖို့ သင်ယူရမယ့် သင်ခန်းစာ ပါ။

♏ Scorpio – လျှို့ဝှက်ချက်တွေကို စမ်းသပ်တဲ့ကာလ

Scorpio တွေအတွက် Retrograde က ယုံကြည်မှုနဲ့ လျှို့ဝှက်ချက်ကို စမ်းသပ်တဲ့အချိန် ဖြစ်ပါတယ်။
ယုံကြည်လို့ အရာအားလုံး ဖွင့်ပြမိပြီး နောက်မှ နာကျင်နိုင်ပါတယ်။
စိတ်ထဲ ဖိထားတဲ့ ဒေါသ၊ နာကြည်းမှုတွေ ပေါက်ကွဲလာနိုင်ပါတယ်။
ဒီကာလမှာ မပြောဘဲထားနိုင်ခြင်းက အားနည်းချက်မဟုတ်ဘဲ အားသာချက် ဖြစ်ပါတယ်။

♐ Sagittarius – အကောင်းမြင်မှုကို မြေပြင်ချရမယ့်အချိန်

Sagittarius တွေအတွက် Retrograde က အလွန်အကျွံ မျှော်လင့်မှုကို ပြန်စစ်ခိုင်းတဲ့ကာလ ပါ။
အစီအစဉ်မရှိဘဲ စတင်မိပြီး လမ်းကြောင်းပျောက်နိုင်ပါတယ်။
ကတိပေးထားတာတွေ မပြည့်မီနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို စိတ်မကောင်းဖြစ်လာနိုင်ပါတယ်။
ဒီအချိန်မှာ အိပ်မက်ကို မလျှော့ဘဲ Plan ကို တင်းကျပ်ဖို့ လိုပါတယ်။

♑ Capricorn – အနားယူဖို့ ခွင့်ပြုရမယ့်ကာလ

Capricorn တွေအတွက် Retrograde က အလုပ်နဲ့ ကိုယ့်တန်ဖိုးကို ခွဲခြားစေတဲ့ကာလ ပါ။
အလုပ်မလုပ်ရင် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို ခံစားရနိုင်ပါတယ်။
တာဝန်တွေကို ကိုယ်တစ်ယောက်ထဲ ထမ်းပြီး Burnout ဖြစ်နိုင်ပါတယ်။
ဒီအချိန်မှာ အနားယူခြင်းက နောက်ဆုတ်ခြင်းမဟုတ်ဘူး ဆိုတာကို လက်ခံဖို့ လိုပါတယ်။

♒ Aquarius – ချိတ်ဆက်မှုကို ပြန်ရှာရမယ့်အချိန်

Aquarius တွေအတွက် Retrograde က လူတွေကနေ ခွာသွားမိတဲ့ စိတ်ကို ပြန်သတိပေးတဲ့ကာလ ပါ။
ကိုယ့်အတွေးထဲပဲ နေနေမိပြီး အခြားသူတွေနဲ့ အကွာအဝေးကြီးလာနိုင်ပါတယ်။
Teamwork ပျက်လွယ်ပါတယ်။
ဒီအချိန်မှာ ကိုယ့်အတွေးတွေကို မျှဝေခြင်းက Healing ဖြစ်ပါတယ်။

♓ Pisces – စိတ်ကူးယဉ်နဲ့ အမှန်ကြား ခြားနားမှု

Pisces တွေအတွက် Retrograde က Illusion ကို ဖယ်ရှားခိုင်းတဲ့ကာလ ပါ။
လူတွေစကားကို လွယ်လွယ်ယုံပြီး နောက်မှ နာကျင်နိုင်ပါတယ်။
စိတ်ပင်ပန်းလွယ်ပြီး အာရုံခံစားမှု မြင့်မားလာပါတယ်။
ဒီအချိန်မှာ မြေပြင်ပေါ်ကို ပြန်ရပ်နိုင်ခြင်းက Pisces ကို ကာကွယ်ပေးပါလိမ့်မယ်။

^ Retrograde ကာလမှာ အားလုံးပဲ စိတ်လျော့ပြီး အဆင်အပြေဆုံး နည်းလမ်းကို ရှာဖွေနိုင်ပြီး အေးချမ်းကြပါစေ ^

^ LOVE YOU ALL ♡ ^

Feb 14 ကမှ အရေးတကြီး စီမံဖြစ်တဲ့ အစီအမံလေး၊(၁၂)ရက်အတွင်း အဆင်ပြေ ထူးခြား😍🥰✨🕯️🐚🦋  💫✨
27/02/2026

Feb 14 ကမှ အရေးတကြီး စီမံဖြစ်တဲ့ အစီအမံလေး၊
(၁၂)ရက်အတွင်း အဆင်ပြေ ထူးခြား😍🥰✨🕯️🐚🦋

💫✨

“ ဗုဒ္ဓဟူးသမီးလေးရဲ့ အစီအရင် အောင်မြင်မှု 💓✨”  ✨
27/02/2026

“ ဗုဒ္ဓဟူးသမီးလေးရဲ့ အစီအရင် အောင်မြင်မှု 💓✨”

✨

"မင်း ရဲ့ Soulmate က ဘယ်လိုလူမျိုး ဖြစ်မလဲ?" 🐚✨“ မျက်စိမှိတ်ပြီး စိတ်ကို ငြိမ်အောင်ထားပါ။ ကိုယ့်စိတ်ထဲ အကြိုက်ဆုံး တစ်ပု...
26/02/2026

"မင်း ရဲ့ Soulmate က ဘယ်လိုလူမျိုး ဖြစ်မလဲ?" 🐚✨

“ မျက်စိမှိတ်ပြီး စိတ်ကို ငြိမ်အောင်ထားပါ။ ကိုယ့်စိတ်ထဲ အကြိုက်ဆုံး တစ်ပုံကို ရွေးချယ်ပြီး အဖြေကို ဖတ်ကြည့်ပါနော် “




25/02/2026

🐚✨🦋 ဒီနေ့ တစ်နေ့တာလုံးမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံလာပါစေ၊ မင်းမှာ ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။

Telegram Channel လေးကိုလည်းJoin ထားပေးကြပါအုန်းရှင် 🫶🏻🐚🕯️🦋🐚💓 🧿
24/02/2026

Telegram Channel လေးကိုလည်း

Join ထားပေးကြပါအုန်းရှင် 🫶🏻🐚🕯️🦋🐚💓

🧿

📌 နှလုံးသားရေးမှာ ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးမယ့် "Love Spell Jar" ❤️( ကိုယ့်ရဲ့ Relationship ထဲမှာ ပိုပြီးနွေးထွေးတဲ...
24/02/2026

📌 နှလုံးသားရေးမှာ ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးမယ့် "Love Spell Jar" ❤️

( ကိုယ့်ရဲ့ Relationship ထဲမှာ ပိုပြီးနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ ရရှိစေဖို့ ဒါမှမဟုတ် ဆွဲဆောင်မှုရှိတဲ့ Energy မျိုး ပိုင်ဆိုင်နိုင်ဖို့အတွက် LOVE SEPLL JAR ( ♥_♥) လေးတွေ ပြင်ဆင်ပေးထားပါတယ်။)

ကိုယ့်ကိုပိုချစ်လာစေဖို့၊ လက်ရှိအချစ်ရေး ပိုမိုခိုင်မြဲစေဖို့နဲ့ ဆွဲဆောင်မှုအားကောင်းစေဖို့ ရည်ရွယ်ပြီး စီစဉ်ထားတာပါ။ ❤️

📝 ချစ်ခြင်းမေတ္တာရဲ့ Energy ကို လက်ခံရယူချင်ရင်တော့ Messenger မှာ အသေးစိတ် မေးမြန်းနိုင်ပါပြီ။

📌 စီးပွားလာဘ်လာဘနဲ့ ငွေဝင်လမ်းတွေ ပွင့်လန်းစေဖို့ "Money Spell Jar" 💰

(ငွေကြေးကံကောင်းမှုဆိုတာ ကြိုးစားမှုအပြင် ကံတရားရဲ့ ပံ့ပိုးမှုလည်း လိုအပ်ပါတယ်နော်။ လုပ်ငန်းဆောင်တာတွေ အဆင်ပြေချောမွေ့ပြီး ငွေဝင်ကြမ်းစေဖို့ ရည်ရွယ်စီရင်ထားပါတယ်။)

လုပ်ငန်းတိုးတက်စေဖို့၊ မမျှော်လင့်ဘဲ ငွေဝင်လာစေဖို့နဲ့ ငွေကြေးဆိုင်ရာ အဟန့်အတားတွေ ကျေပျောက်စေဖို့။

"အိတ်ကပ်ထဲ ငွေတွေအမြဲမြဲနေဖို့ ဒီ Money Jar လေးကို ဆောင်ထားလိုက်တော့နော်။" 💰💰

📌 ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးမှာ ပျားရည်လို ချိုမြိန်စေမယ့် "Honey Jar" 🍯

(စကားပြောဆိုရာမှာ အောင်မြင်ချင်သူတွေ၊ ရန်လိုမှုတွေကင်းဝေးပြီး အေးချမ်းချင်သူတွေအတွက် Honey Jar လေးက အကောင်းဆုံးပါ။)

လူချစ်လူခင်ပေါများစေဖို့၊ စကားပြောအောင်မြင်စေဖို့နဲ့ မိသားစု/လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့စေဖို့။❤️😻

🍯 "ဘဝကို ပျားရည်လို ချိုမြိန်အေးချမ်းစေဖို့ Honey Jar လေးကို အခုပဲ မှာယူလိုက်ပါ။"

သင်ကြုံတွေ့နေရတဲ့ အခက်အခဲများအတွက် SuZan Queen Tarot မှာ အဖြေရှာနိုင်ပါပြီ။

* အချစ်ရေး၊ လူမှုရေး၊ စီးပွားရေး အကျပ်အတည်းများ
* ကျန်းမာရေး၊ ငွေကြေးနှင့် ပညာရေး ကိစ္စရပ်များ
* နိုင်ငံခြားထွက်ရန် အသေးစိတ်တိုင်ပင်လိုသူများ
တားရော့ဟောပြောရုံသာမက လိုအပ်သည့် အစီအရင်၊ ယတြာနှင့် အဓိဌာန်ပွဲများ ကိုလည်း စနစ်တကျ ပြုလုပ်ပေးနေပြီဖြစ်လို့ ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
🔮 ရရှိနိုင်သော Package များကို Page ထဲတွင်ပုံများနှင့်ကြည့်ရှုနိုင်ပါသည်။

ဘဝရဲ့ ခရီးလမ်းမှာ ပင်ပန်းနွမ်းနယ်နေတဲ့အခါ ဒါမှမဟုတ် ရှေ့ဆက်ဖို့ အားအင်လိုနေတဲ့အခါ Universe က မင်းကိုပေးချင်တဲ့ Message လ...
21/02/2026

ဘဝရဲ့ ခရီးလမ်းမှာ ပင်ပန်းနွမ်းနယ်နေတဲ့အခါ ဒါမှမဟုတ် ရှေ့ဆက်ဖို့ အားအင်လိုနေတဲ့အခါ Universe က မင်းကိုပေးချင်တဲ့ Message လေးတစ်ခု ရှိပါတယ်။

✨ Universe Message for You
"မင်း အခုရောက်နေတဲ့နေရာဟာ မင်းသွားရမယ့် ပန်းတိုင်မဟုတ်သေးပါဘူး။ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေက မင်းကို ပိုပြီးသန်မာအောင်၊ ပိုပြီးထိုက်တန်တဲ့သူဖြစ်အောင် ပြုစုပျိုးထောင်ပေးနေတဲ့ (အကူးအပြောင်းကာလ) တစ်ခုသာ ဖြစ်ပါတယ်။" ပန်းတိုင်းက တစ်ချိန်တည်း မပွင့်ကြပါဘူး။ မင်းရဲ့ အချိန်အခါရောက်လာရင် မင်းဟာ အလှပဆုံး ပွင့်လန်းလာမှာပါ။လောကကြီးက မင်းကို အရှုံးပေးဖို့ ဖန်တီးထားတာမဟုတ်ဘဲ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး ပိုကောင်းတဲ့ Version တစ်ခုဖြစ်လာဖို့ တွန်းပို့နေတာပါ။ဒီနေ့ မင်းလုပ်ခဲ့တဲ့ ကြိုးစားမှုအသေးလေးတွေက နောက်ဆုံးမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဖြစ်လာပါလိမ့်မယ်။
စိတ်ဓာတ်ကျတဲ့အခါ "ငါ ဘာလို့ ဒါတွေကြုံနေရတာလဲ" လို့ မမေးပါနဲ့။ "ဒီအရာက ငါ့ကို ဘာသင်ပေးနေတာလဲ" ဆိုတဲ့ အမြင်နဲ့ ကြည့်ကြည့်ပါ။ အဖြေက မင်းကို ရှေ့ဆက်ဖို့ လမ်းပြပေးပါလိမ့်မယ်။

“ သူ့ရင်ထဲက မင်းအပေါ် စစ်မှန်တဲ့ ခံစားချက်က ဘာလဲ ? 💓 ““ မျက်စိမှိတ်ပြီး စိတ်ကို ငြိမ်အောင်ထားပါ။ ကိုယ့်စိတ်ထဲ အကြိုက်ဆုံ...
19/02/2026

“ သူ့ရင်ထဲက မင်းအပေါ် စစ်မှန်တဲ့ ခံစားချက်က ဘာလဲ ? 💓 “

“ မျက်စိမှိတ်ပြီး စိတ်ကို ငြိမ်အောင်ထားပါ။ ကိုယ့်စိတ်ထဲ အကြိုက်ဆုံး တစ်ပုံကို ရွေးချယ်ပြီး အဖြေကို ဖတ်ကြည့်ပါနော် “

💐✨

17/02/2026

11:11 🍀💐

🧧 Chinese New Year ( Fire Horse) နှစ်မှာ ဘယ်လိုကံကောင်းခြင်းတွေ ရောက်ရှိလာ မလဲ? 🧧“ မျက်စိမှိတ်ပြီး စိတ်ကို ငြိမ်အောင်ထား...
17/02/2026

🧧 Chinese New Year ( Fire Horse) နှစ်မှာ ဘယ်လိုကံကောင်းခြင်းတွေ ရောက်ရှိလာ မလဲ? 🧧

“ မျက်စိမှိတ်ပြီး စိတ်ကို ငြိမ်အောင်ထားပါ။ ကိုယ့်စိတ်ထဲ အကြိုက်ဆုံး တစ်ပုံကို ရွေးချယ်ပြီး အဖြေကို ဖတ်ကြည့်ပါနော် “

Address

Yangon

Telephone

+959780888042

Website

Alerts

Be the first to know and let us send you an email when 𝑆𝑢𝑧𝑎𝑛 𝑄𝑢𝑒𝑒𝑛 𝑇𝑎𝑟𝑜𝑡 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝑆𝑢𝑧𝑎𝑛 𝑄𝑢𝑒𝑒𝑛 𝑇𝑎𝑟𝑜𝑡:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram