22/12/2025
22.12.2025 🎂❤🎂
အလှူရှင် - မ မေသူဇာ မွေးနေ့အလှူ ❤
Happy Birthday ပါ မ မေသူဇာ ရယ် ❤❤🎂🎂❤❤
ချမ်းအေးတဲ့ဒီဇင်ဘာလနဲ့အတူ မွေးနေ့ရှင် ဖြစ်တဲ့ မ မေသူဇာ မှသားသားမီးမီးများထံလာရောက်ပြီး မွေးနေ့ကိတ်အတူခွဲခဲ့ကြပါသည်။
ထို့အပြင် သားသားမီးမီးများအတွက် မနက်စာ ၊ နေ့လည်စာ အဟာရဒါန အပြင် မုန့် ၊ အအေးများနှင့် အလှူငွေများကိုလှူဒါန်းပေးသွားပါတယ် ။
ယခုလို သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းပေးမှုအတွက် ဂေဟာကျောင်းမှအထူးပင်ကျေးဇူးတင်ရှိပါတယ်။
အတူတကွလာရောက်ပြီး မေတ္တာပြပေးတဲ့ မိတ်ဆွများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ယခုလို လှူဒါန်းရခြင်းကြောင့် မွေးနေ့ရှင်ဖြစ်တဲ့ မမေသူဇာ တစ်ယောက် မွေးနေ့မှစ၍ ဘဝမှာစိတ်၏ကျန်းမာခြင်းကိုယ်၏ချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံနိူင်ပါစေ ။
အလုပ်အကိုင်လုပ်ငန်းစီးပွားများလည်း ဆထပ်မကတိုးပွားအောင်မြင်နိူင်ပါစေ။
လိုအင်ဆန္ဒများလည်း တလုံးတဝတည်း ပြည့်စုံနိုင်ပါစေ။
နောက်နောင်မှာလည်းအလှူနဲ့ရေစက်လက်နဲ့မကွာအမြဲတမ်းလှူနိူင်ဒါန်းနိူင်ပါစေကြောင်းဂေဟာကျောင်းရှိသားသားမီးမီးများမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။