Health ShieldPro by Dr MO

Health ShieldPro by Dr MO PREVENTION is better than CURE!

🍄 ကြိုတင်ကာကွယ် အဆိပ်ရှိမှိုအန္တရာယ် 🍄 👩‍⚕️ ဒီနေ့တော့ အခုလိုမိုးရာသီ မှိုတွေလှိုင်လှိုင်ပေါနေတဲ့အချိန်တွေမှာ အဖြစ်များတဲ...
26/06/2023

🍄 ကြိုတင်ကာကွယ် အဆိပ်ရှိမှိုအန္တရာယ် 🍄

👩‍⚕️ ဒီနေ့တော့ အခုလိုမိုးရာသီ မှိုတွေလှိုင်လှိုင်ပေါနေတဲ့အချိန်တွေမှာ အဖြစ်များတဲ့ အဆိပ်ရှိမှိုအန္တရာယ် အကြောင်းဆွေးနွေးပါမယ်........

🍄 မှိုအမျိုးအစားအများကြီးရှိသည့်အနက် စားနိုင်သောမှိုအမျိုးအစားနှင့် စားရန်မသင့်သောအဆိပ်ရှိမှို အမျိုးအစားများကို ကွဲပြားစွာသိသင့်ပါတယ်။

🍄 အဆိပ်ရှိမှိုမျိုးများစားသုံးမိပါက မှိုဆိပ်သင့်ခြင်း လက္ခဏာများခံစားရကာ အသက်အန္တရာယ်ဆုံးရှုံးရတတ်ပါတယ်။

🍄 စာဖတ်သူတို့အနေနဲ့ မှိုတွေရဲ့ ပြင်ပအသွင် အပြင်ကို ကြည့်ခြင်းအားဖြင့် စားနိုင်သောမှိုမျိုးနှင့် စားရန်မသင့်သောအဆိပ်ရှိမှိုမျိုးတို့ကို အကြမ်းဖျဥ်းခွဲခြားသိနိုင်ပါလိမ့်မယ်။

❌ အကယ်၍ စာဖတ်သူတို့တွေ့သောမှိုလေးတွေ သည်
☠ ထူးခြားသောအရောင်အသွေးတောက်ပနေတတ်ခြင်း၊
☠ မှိုပွင့်ပေါ်တွင် အကြေးများပြန့်ကျဲနေတတ်ခြင်း၊
☠ မှိုရိုးတံတွင် ခြေကျင်းကဲ့သို့ပါရှိခြင်း၊
☠ မှိုပွင့်အခြေတွင် အခွက်လေးဖြစ်နေတတ်ခြင်း၊
☠ အစိမ်းရောင် မှိုမျိုးမှုန်များထုတ်လွှတ်တတ်ခြင်း၊
☠ မှိုပွင့်အောက်ပါးဟပ်များဖြူနေခြင်း စသဖြင့် ပုံသဏ္ဍာန်ထူးခြားနေပါက အဆိုပါမှိုသည် စားရန်မသင့်သော အဆိပ်ရှိမှိုမျိုးဖြစ်နေနိုင်တယ်လို့ သတိပြု သင့်ပါတယ်။

✅ ဒါ့အပြင် မှိုအမျိုးအစားကို ကောင်းစွာနားမလည်၊ မသိရှိပါက မစားခြင်းသည် မှိုဆိပ်သင့်ခြင်းကို ကာကွယ်နိုင်သော အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

🍄 မှိုဆိပ်သင့်သောလက္ခဏာများမှာ
🤢 မှိုစားပြီး၁၅မိနစ်မှ ၄၀မိနစ်အတွင်းခေါင်းမူးခြင်း၊
🤢 အော့အန်ခြင်း၊
🤢 ဗိုက်နာခြင်း၊
🤢ဝမ်းလျှောခြင်း၊
🤢 စိတ်ခြောက်ခြားကာ ကယောင်ကတမ်းပြောခြင်း၊
🤢အလွန်အမင်းစိတ်တက်ကြွလာခြင်း စသည်တို့ဖြစ်ပါတယ်။

☠ ☠ ☠ မှိုဆိပ်သင့်ခြင်းလက္ခဏာများသည် ပြင်းထန်ပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

🍄 မှိုဆိပ်သင့်ခြင်း လက္ခဏာပြင်းထန်မှု အတိုင်းအတာသည် စားမိသော မှိုအမျိုးအစားနှင့် ပမာဏ၊ ပါဝင်သော အဆိပ်ဓာတ်အမျိုးအစားနှင့် ပမာဏ၊ စားသုံးမိသူ၏ အသက်အရွယ် နှင့် ကိုယ်ခံအား တို့အပေါ်မူတည်ပါတယ်။

🚑 မှိုဆိပ်သင့်လက္ခဏာခံစားနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံ / ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူသင့်ပါတယ်။

👉 ဗဟုသုတရစေရန်အလို့ငှာ စားရန်မသင့်သော အဆိပ်ရှိမှိုအမျိုးအစားတချို့၏ ပုံများကိုဖော်ပြပေးလိုက်ရင်းနှုတ်ဆက်လိုက်ပါတယ်။

Dr. MO
11pm, 26.6.2023

#မှို

Photo -

🌴"အုန်းရည် နှင့် ကျန်းမာရေး"🌴❓ဆီးချိုသမားတွေ အုန်းရည်သောက်လို့ရလား❓ကိုယ်ဝန်ဆောင်တွေ အုန်းရည်သောက်လို့ရလား❓ကလေးငယ်တွေ အုန...
25/06/2023

🌴"အုန်းရည် နှင့် ကျန်းမာရေး"🌴

❓ဆီးချိုသမားတွေ အုန်းရည်သောက်လို့ရလား
❓ကိုယ်ဝန်ဆောင်တွေ အုန်းရည်သောက်လို့ရလား
❓ကလေးငယ်တွေ အုန်းရည်သောက်လို့ရလား

👩‍⚕️ ဟုတ်ပါပြီ….. အပေါ်ကမေးခွန်းတွေကတော့ အုန်းရည်နဲ့ပတ်သတ်ပြီး မကြာခဏအမေးခံရတဲ့ မေးခွန်းလေးတွေဖြစ်ပါတယ်။ စာဖတ်သူတွေထဲမှာ ဒီလိုသံသယလေးတွေရှိနေရင်တော့ ကျွန်မနဲ့အတူ အုန်းရည်အကြောင်း သေချာလေ့လာလိုက်ကြရ အောင်.....

🌴အုန်းရည် >>> အုန်းသီးထဲကရတဲ့အရည်ကြည်ပေါ့။ အရသာနဲနဲချိုသလိုလေးရှိပြီး nutty smell လေးရမယ်။ မြန်မာနိုင်ငံလို Tropical country မှာ အလွယ်တကူရနေတဲ့ အသီးရဲ့ natural drink မှာပါဝင်တဲ့ ကျန်းမာရေး အထောက်အကူပြုအကျိုး ကျေးဇူးတွေအကြောင်း သေချာသိသွားရင် စာဖတ်သူတို့ တော်တော်အံ့အောသွားပါလိမ့်မယ်။

🌴 အာဟာရတန်ဖိုးအရ အုန်းရည် တစ်ခွက် (245 ml)မှာ အကြမ်းအားဖြင့် Fat -0.5 gram၊ Cholesterol - 0g ၊ Calories 9 g- ၊ Dietary fibre- 2.6g ၊ Protein – 1.7 g ၊ Potassium -600mg ခန့်ပါဝင်ပါတယ်။ ဒါပေမဲ့ အုန်းပင်ပေါက် ရောက်ရာဒေသရဲ့မြေဆီလွှာအနေအထား၊ အုန်းသီးရဲ့ သက်တမ်းအနုအရင့်နှင့် အလုံးအရွယ်စား အကြီးအသေးပေါ်မူတည်ပြီး အနည်းငယ်ကွာဟချက်တွေရှိနိုင်ပါတယ်။

📌 အကျိုးကျေးဇူးတွေအနေနဲ့
✅ အုန်းရည်ဟာ အရသာအနည်းငယ်ချိုသလိုရှိပေမဲ့ Gycemic Index နိမ့်တာကြောင့် ဆီးချိုသမားတွေ သောက်ရင် သွေးတွင်းအချိုဓာတ် ထိုးတက်တာမျိုးမဖြစ်စေနိုင်ပါဘူး။

✅ အုန်းရည်မှာ electrolytes ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အထူးသဖြင့် Potassium ဓာတ် အလွန်ကြွယ်ဝတာမို့လို့ ခန္ဓာကိုယ်မှဆုံးရှုံးသွားသော Electrolytes ဓာတ်တွေကို အမြန်ဆုံးပြန်လည်
ဖြည့်တင်းပေးနိုင်သော အာနိသင်ရှိပါတယ်။

✅ ဒါတွေအပြင် အုန်းရည်ဟာ ရောဂါတခုခုကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်ဆုံရှုံးနေချိန်တွေနဲ့ Work out လုပ်ပြီးချိန်များမှာသောက်နိုင်သော ခန္ဓာကိုယ်ကို လန်းဆန်းစေနိုင်တဲ့ re-energizer တမျိုးလည်းဖြစ်ပါတယ်။

✅ တချို့သော သုတေသနလေ့လာချက်တွေအရ အုန်းရည်ဟာ သွေးဖိအား (Blood pressure)နှင့် သွေး တွင်း Cholesterol ပမာဏကိုလည်း အတိုင်း အတာတစ်ခုအထိ ထိန်းညှိပေးနိုင်သည့်အပြင် အုန်း ရည်မှာ Cytocines တွေ ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါသေးတယ်လို့သိရပါတယ်။

✅ အုန်းရည် မှာ Calories နဲ့ Fat ပါဝင်နှုန်းဟာ တခြားသောဖျော်ရည်/အချိုရည်များထက် လွန်စွာလျော့နည်း တာကြောင့် “weight တော့လျှော့နေတယ်... အချိုရည်တခုလောက်တော့ သောက်ချင်တယ်” ဆိုတဲ့ ခန္ဓာကိုယ်အလေးချိန်ထိန်းနေသူတွေ အနေနဲ့ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

✅ အပေါ်မှာဖော်ပြခဲ့တဲ့အာနိသင်တွေကြောင့် အုန်း ရည်ကို ကိုယ်ဝန်ဆောင်မိခင်တွေသောက်သုံးပေးလျှင် ကိုယ်ဝန်ဆောင်ချိန် ပထမ ၃ လအတွင်းမှာဖြစ်တတ်တဲ့ ဝေဒနာများကို သိသာစွာလျော့ပါးစေနိုင်ပါ တယ်။

✅ ထို့အတူ The American Academy of Pediatrics ရဲ့လေ့လာအကြံပေးချက်များအရ ကလေးငယ်များ အသက် ၁ နှစ်ပြည့်ပြီးချိန်မှစ၍ အုန်းရည်ကို အနည်းငယ်စီ စတင်စမ်းသပ်တိုက် ကြည့်လို့ရပါတယ်လို့သိရပါတယ်။ ကလေးများ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် ဖျားနာ ခြင်းများတွင် ဓာတ်ဆားရည်တိုက်မရချိန် အုန်းရည် အစားထိုးတိုက်ပေးပါက ခန္ဓာကိုယ်မှဆုံးရှုံးသွား သော ရေဓာတ်နှင့် electrolytes ဓာတ်များကို အမြန်ပြန်လည်ပြည့်စေနိုင်ပါတယ်။

✅ ဒါ့အပြင် အုန်းရည်ဟာ သဘာဝ anti-aging drink တမျိုးလည်းဖြစ်တာကြောင့် ခန္ဓာကိုယ်မှ Collagen ထုတ်ခြင်းကို ပံ့ပိုးပေးကာ အသားအရည်ကိုတင်းရင်းစိုပြေစေပါတယ်။ အုန်းရည်ကို သောက်လို့လည်း ရသလို တချို့သော မျက်နှာပေါင်းတင် Powered mask များကို ဖျော်စပ်ရာမှာ အသုံးပြုရင်လည်း အာနိသင် ပိုကောင်းစေပါသေးတယ်။ ( အသုံးပြုမည့်အုန်းရည် သန့်ရှင်းဖို့တော့လိုပါတယ်)

ကဲ…ဒီလောက်ဆိုရင်တော့ အုန်းရည်ရဲ့အကျိုးကျေးဇူးတွေကို နားလည်သွားပြီလို့ယူဆပါတယ်။
❌❌ စာဖတ်သူများကို အထူးသတိထားစေလိုတာကတော့ အုန်းရည်က ကျန်းမာရေးအတွက်အ ထောက်အကူပြုတယ်ဆိုပေမဲ့ အုန်းသီးကိုခွဲတဲ့နေရာနှင့် အသုံးပြုတဲ့ဓားတွေ၊ ထည့်မည့်ခွက်/အိတ်တွေမသန့်ရှင်းရင်တော့ ဘတ်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ခေါင်းမူးခြင်းစသော အစာအဆိပ်သင့်လက္ခဏာများဖြစ်ပေါ်စေတတ်ပါတယ်။ အုန်းသီးကိုခွဲပြီးစအချိန် အုန်းရည်လတ်ဆတ်နေစဥ်မှာပင် မြန်မြန်ကုန်အောင်သောက်သုံးသင့်ပါတယ်။ ကျောက်ကပ်ရောဂါ ဝေဒနာရှင်များနှင့် ဓာတ်မတည့်ရောဂါ ရှိသူများအနေနဲ့တော့ သတိဖြင့်သာ သောက်သုံးသင့်ပါတယ်။ ကျန်သူများအားလုံးလည်း “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့စကားအတိုင်း အလွန်အကျွံသောက်သုံးခြင်းတော့မပြုသင့်ပါဘူးလို့အကြံပြုရင်း “အုန်းရည်နှင့်ကျန်းမာ ရေး” အကြောင်းကို နိဂုံးချုပ်လိုက်ပါတယ်။
နောက်ရက်တွေမှာ ဘယ်လိုကျန်းမာရေးအသိပညာပေးအကြောင်းအရာလေးတွေ ဖော်ပြပေးမလဲသိရှိနိုင်စေဖို့ Page ကို like and follow လေးနှိပ်ထားပေးပါ။


Dr. MO 👩‍⚕️
6pm, 25.6.2023

#အုန်းရည် #ကျန်းမာရေး #ကိုယ်ဝန်ဆောင် #ဆီးချို #ကလေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Health ShieldPro by Dr MO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category