Hyalgan - Knee Health Center

Hyalgan - Knee Health Center ဒူးနာကင်းဝေး ကျန်းမာရေး
Hyaluronic Acid ထိုးသွင်းပေး 💉

အသက်အရွယ်ရလာတာနဲ့အမျှ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် လှုပ်ရှားမှုပုံစံ၊ နေထိုင်စားသောက်မှုပုံစံနဲ့ ကိုယ်အလေးချ...
24/04/2026

အသက်အရွယ်ရလာတာနဲ့အမျှ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် လှုပ်ရှားမှုပုံစံ၊ နေထိုင်စားသောက်မှုပုံစံနဲ့ ကိုယ်အလေးချိန်များလာတဲ့အပေါ်လိုက်ပြီး ဒူးနာဝေဒနာတွေ အဖြစ်များကြပါတယ် ။ များသောအားဖြင့် အမျိုးသမီးတွေကပိုပြီးတော့ ဒူးနာဝေဒနာခံစားရတာကို တွေ့ရတတ်ပါတယ်။

ဒါကတော့ အမျိုးသမီးတွေရဲ့ ဒူးဖွဲ့စည်းပုံနဲ့ အမျိုးသားတို့ရဲ့ ဒူးဖွဲ့စည်းပုံဟာ ကွာခြားတဲ့အပြင် အမျိုးသမီးတွေရဲ့ ဟော်မုန်းပြောင်းလဲမှုကြောင့်နဲ့လည်း သက်ဆိုင်ပါတယ် 💁‍♂️

အမျိုးသမီးတွေထက် ဒူးနာဝေဒနာဖြစ်ဖို့ အကြောင်းပြချက်နည်းလှတဲ့ အမျိုးသားတွေမှာ ဒူးနာလာပြီဆိုရင်တော့ ပိုလို့သတိထားသင့်ပါတယ်။
ဒါကြောင့် အမျိုးသားတွေမှာ ဒူးနာခြင်းကင်းဖို့ဆိုရင် ဒီအချက်တွေကို လုပ်ဆောင်နိုင်ပါတယ် ✅

☑️ အားကစားပြင်းပြင်းထန်ထန် လုပ်ခြင်းရှောင်ပါ။
☑️ ပေါ့ပါးပြီး သွားလာရအဆင်ပြေစေမယ့် ဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်ပါ။
☑️ ခန္ဓာကိုယ် ဝိတ်ထိန်းပါ။
☑️ လှုပ်ရှားမှုများတဲ့နေ့တွေမှာ ခြေထောက်တွေကို နှိပ်နယ်ပေးပါ။

နောက်ပြီး အမျိုးသားတွေရော အမျိုးသမီးတွေပါ အသက်ကြီးလာတာနဲ့ ဒူးနာခြင်းကင်းစေဖို့ ဒီလိုအစားအစာလေးတွေကို စားပေးသင့်ပါတယ်။
☑️ အစေ့အဆံများ
☑️ ပဲအမျိုးမျိုး
☑️ ကြက်သွန်ဖြူ
☑️ အစိမ်းရောင်ရှိတဲ့ အသီးအနှံတွေကို များများစားပေးသင့်ပါတယ် 🫘🫛🧄

ဒူးနာခြင်းကို သက်သာ‌စေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

ဒူးနာပျောက်စေဖို့ ဆေးမြီးတိုနဲ့ကုတယ်လို့ ပြောတဲ့နေရာမှာ အိမ်တွင်းကုထုံးတွေဖြစ်တဲ့ ရေနွေးအိတ်ကပ်တာတို့ ရေခဲကပ်တာတို့ နောက...
22/04/2026

ဒူးနာပျောက်စေဖို့ ဆေးမြီးတိုနဲ့ကုတယ်လို့ ပြောတဲ့နေရာမှာ အိမ်တွင်းကုထုံးတွေဖြစ်တဲ့ ရေနွေးအိတ်ကပ်တာတို့ ရေခဲကပ်တာတို့ နောက်ပြီး အိမ်နားကဆေးဆိုင်ကနေ ဒူးနာတာသက်သာအောင် အကိုက်အခဲပျောက်ဆေးလေး
ဝယ်သောက်လိုက်တာတို့ စတာတွေကို ပြောတာဖြစ်ပါတယ် 🏃‍♀️💊

အခုလို တိုးတက်လာတဲ့ခေတ်နဲ့အညီ အသစ်အသစ်သော၊ ပိုမိုအဆင့်မြင့်‌သော ကုသမှုတွေကို ခံယူနိုင်နေပြီမို့လို့ ဒူးနာဝေဒနာရှိနေသူတိုင်းအတွက် ကုထုံးအသစ်တွေဖြစ်တဲ့
ချဉ်ဆီရည်အစားထိုးခြင်းနဲ့ Platelet Rich Plasma (PRP) လိုမျိုး ကုထုံးတွေလည်း ပေါ်လာပါပြီ။ ဒီလိုကုထုံးတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ကုသမှုခံယူနိုင်ပါတယ် 💉👩‍⚕️

Platelet Rich Plasma (PRP) ကုထုံးကတော့ ကာယကံရှင်ရဲ့ သွေးကိုယူပြီး သွေးရည်ကြည်ထဲက သွေးနီဥဆဲလ်တွေကို ခွဲထုတ်ကာ ဒူးနာမှုပျောက်ကင်းစေဖို့အတွက် Hyaluronic Acid ဖြစ်တဲ့ (ချဉ်ဆီရည်)ကို ထပ်ပေါင်းပြီး လူနာရဲ့ ဒူးခေါင်းထဲပြန်ထည့်တဲ့ ကုထုံးသစ်ဖြစ်ပါတယ်။
ဒီလိုကုထုံးတွေကို ဒူးနာဝေဒနာပေါ်အခြေခံကာ တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေရဲ့ လမ်းညွှန်မှုကိုလိုက်ပြီး ကုသမှုတွေခံယူနိုင်ပါပြီ 👩‍⚕️

ဒူးနာခြင်းကို သက်သာ‌စေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

Hyaluronic Acid ကို ဒူးခေါင်းထဲ ဘယ်လိုအချိန်မှာ ထိုးသင့်သလဲဆိုရင်တော့...  ☑️ ဆေးသောက်လို့ မသက်သာတော့ရင် ☑️ အသက် (၅၀)နှစ်...
22/04/2026

Hyaluronic Acid ကို ဒူးခေါင်းထဲ ဘယ်လိုအချိန်မှာ ထိုးသင့်သလဲဆိုရင်တော့...

☑️ ဆေးသောက်လို့ မသက်သာတော့ရင်
☑️ အသက် (၅၀)နှစ်နှင့် အထက်ဖြစ်လို့ ဒူးခေါင်းကို ခွဲစိတ်ဖို့အတွက် ခွဲစိတ်ခန်းဝင်ဖို့ ကြောက်နေပြီဆိုရင်
☑️ အိမ်တွင်းကုထုံးတွေကို ဆက်လုပ်ဖို့ စိတ်ကုန်လာပြီဆိုရင်

ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ အမြန်ဆုံးတိုင်ပင်ပြီးတော့ ချဉ်ဆီရည်အစားထိုး ကုသနည်းဖြစ်တဲ့ Hyaluronic Acid ထိုးခြင်းကို အမြန်ဆုံးလုပ်ဆောင်သင့်ပါတယ်။ ချဉ်ဆီရည်တွေနည်းလွန်းပြီး ဒူးနာတဲ့အခါမှာလည်း Hyaluronic Acid ကို ဒူးဆစ်ထဲထည့်ပြီး ချဉ်ဆီရည်ဖြည့်တဲ့ ကုသမှုတွေ လုပ်ဆောင်နိုင်ပါတယ် 👨‍⚕️👩‍⚕️

ဒူးနာခြင်းကို သက်သာ‌စေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

စတီးရွိုက်ထိုးခြင်းက ဒီလိုအန္တရာယ်တွေကို ဖြစ်စေနိုင်တယ်ဆိုတာ သင်သိပါသလား❓ ဒူးနာသက်သာအောင် စတီးရွိုက်ထိုးတော့မယ်လို့ ဆုံး...
21/04/2026

စတီးရွိုက်ထိုးခြင်းက ဒီလိုအန္တရာယ်တွေကို ဖြစ်စေနိုင်တယ်ဆိုတာ သင်သိပါသလား❓

ဒူးနာသက်သာအောင် စတီးရွိုက်ထိုးတော့မယ်လို့ ဆုံးဖြတ်ပြီးရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိထားသင့်ပါတယ်။

▪️ အရေပြားတွေပါးလာပြီး အရောင်ပြောင်းလာခြင်း။
▪️ နာရီပေါင်းများစွာ မျက်နှာနီရဲခြင်း။
▪️ အိပ်ရေးပျက်ခြင်း။
▪️ ဆီးချိုရောဂါ ဝေဒနာရှင်တွေဆိုရင် ရက်အတော်ကြာတဲ့အထိ သွေးတွင်းသကြားဓာတ် အဆမတန်မြင့်မားခြင်း။
▪️ သွေးတိုးရောဂါ ဝေဒနာရှင်တွေကတော့ ယာယီသွေးတိုးခြင်းနှင့် အစာစားချင်စိတ်တွေ ပိုပြီးဖြစ်ပေါ်စေနိုင်ပါတယ်။

စတီးရွိုက်ထိုးဆေးတွေက လူတိုင်းနဲ့ ဓာတ်မတည့်တာကြောင့် မထိုးခင်မှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှသာ လုပ်ဆောင်သင့်ပါတယ်။

ဒူးနာခြင်းကို သက်သာ‌စေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

ဒူးနာ၊ ဒူးကိုက် အမြန်ပျောက်နည်း (၅) ခု ✅ဒူးနာ၊ ဒူးကိုက်တာက အဝလွန်တဲ့ အမျိုးသား/အမျိုးသမီးတွေ၊ သက်ကြီး ဖိုးဖိုးဖွားဖွားတွ...
20/04/2026

ဒူးနာ၊ ဒူးကိုက် အမြန်ပျောက်နည်း (၅) ခု ✅

ဒူးနာ၊ ဒူးကိုက်တာက အဝလွန်တဲ့ အမျိုးသား/အမျိုးသမီးတွေ၊ သက်ကြီး ဖိုးဖိုးဖွားဖွားတွေနဲ့ အားကစားသမားတွေ၊ အလေးအပင် အရမ်းသယ်ရတဲ့သူတွေမှာ အဖြစ်များကြပါတယ်။

ဒီတော့ ဒူးနာ၊ ဒူးကိုက်တာကို ပျောက်ချင်တယ်ဆိုရင် ဒီနည်းလမ်းတွေကို လုပ်ဆောင်ကြည့်နိုင်ပါတယ်။

☑️ အစားလျှော့ခြင်း
အဝလွန်ခြင်းကို ထိန်းနိုင်ဖို့အတွက် အစားလျှော့ဖို့လည်း လိုအပ်ပါတယ်။
ဒါမှ ခန္ဓာကိုယ်က Balance ဖြစ်ပြီး ဒူးကဝိတ်တွေကို ထမ်းထားစရာမလိုတော့ပဲ ဒူးနာသက်သာစေမှာ ဖြစ်ပါတယ်။

☑️ လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်းကို တနေ့နာရီဝက်၊ တစ်နာရီလောက် ပုံမှန်လုပ်ပါ။ ဒူးနာ၊ ဒူးကိုက် ဖြစ်နေတယ်ဆိုရင်လည်း ဒူးနာတာကို သက်သာစေမယ့် အိမ်တွင်းလေ့ကျင့်ခန်းတွေကို YouTube ကနေလေ့လာပြီး လိုက်လုပ်ကြည့်နိုင်ပါတယ်။

☑️ သောက်ဆေးများသောက်ခြင်း
ဒူးနာတာကို သက်သာစေဖို့ ဆေးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသောက်နိုင်ပါတယ်။ ဒါပေမယ့် ဆေးသောက်တာကတော့ ရေရှည်မှာ အစာအိမ်နဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်ဆေးသောက်မယ် ဆိုရင် နည်းစနစ်တကျသောက်ဖို့တော့ လိုအပ်ပါတယ်။

☑️ ချဉ်ဆီရည် အစားထိုးကုသခြင်း
ဒူးဆစ်ထဲကို ချဉ်ဆီရည်ထိုးပြီး အစားထိုးကုသခြင်းဖြင့် ဒူးနာဝေဒနာ သက်သာစေဖို့ ကုသမှုတွေ ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်နိုင်ပါတယ်။

☑️ ဒူးခွဲစိတ်ကုသခြင်း
ဒါကတော့ နောက်ဆုံးအချက်ပဲ ဖြစ်ပါတယ်။ ဒူးနာခြင်းကို ပျောက်ကင်းဖို့ လိုအပ်တယ်ဆိုရင်တော့ ဒူးဆစ်အစားထိုး ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်ပါတယ်။

ဒူးနာခြင်းကို သက်သာ‌စေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

အပြေးသမားတွေ၊ စက်ဘီးစီးတဲ့သူတွေ၊ စကိတ်စီးတဲ့သူတွေ အစရှိတဲ့ အားကစားနည်းတွေကို မကြာခဏ ပြုလုပ်ကြရသူတွေအနေနဲ့ ခုံညင်းရိုးထိပ...
20/04/2026

အပြေးသမားတွေ၊ စက်ဘီးစီးတဲ့သူတွေ၊ စကိတ်စီးတဲ့သူတွေ အစရှိတဲ့ အားကစားနည်းတွေကို မကြာခဏ ပြုလုပ်ကြရသူတွေအနေနဲ့ ခုံညင်းရိုးထိပြီး အရွတ်ရောင်တတ်ပါတယ်။ ဒါကြောင့် ဒီလိုအားကစားသမားတွေဆီမှာ
ဒူးနာဝေဒနာ မကြာခဏ ဖြစ်လေ့ရှိတတ်ကြပါတယ်။

ဘတ်စကတ်ဘော ကစားတဲ့သူတွေ၊ စကိတ်စီးတဲ့သူတွေဆိုရင်တော့ ဒူးဆစ်ကို အားပြုပြီး လုပ်ရတဲ့အတွက် ဒူးနာနိုင်ချေ ပိုများတာကြောင့် အားကစားမလုပ်ခင်မှာ အကြောလျှော့ခြင်းကိုလုပ်ပါ။ ပြီးရင် ဒူးစွပ်ကို စွပ်ပြီး အားကစားပြုလုပ်သင့်ပါတယ်။ အားကစားပြုလုပ်တဲ့အခါမှာလည်း ပြင်းပြင်းထန်ထန်မလုပ်မိဖို့ လိုအပ်ပါတယ်။

ဒူးနာသက်သာစေဖို့

▪️ဆေးသောက်ခြင်း

▪️ရေနွေးအိပ်ကပ်ခြင်း

▪️ရေခဲကပ်ခြင်း စတာတွေကို အားကစားသမားတို့အနေနဲ့ လုပ်ဆောင်နိုင်တဲ့အပြင် ဒီထက်ပိုဆိုးလာရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး
ကုသမှုကိုခံယူနိုင်ပါတယ်။

ဒူးနာခြင်းကို သက်သာ‌စေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ 🍀 #ဒူးဆစ်ရောင်  #ဒူးနာဝေဒနာ  #ဒူးနာကင်းဝေးကျန်းမာရေး         ...
13/04/2026

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ 🍀

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

Synovial Fluid (ချဉ်ဆီရည်) နဲ့ ဒူးနာသက်သာအောင် ဒူးဆစ်ထဲထိုးရတဲ့ Hyaluronic Acid ရဲ့ ကွာခြားချက်  ◾ဒူးအတွင်းပိုင်းမှာရှိတ...
12/04/2026

Synovial Fluid (ချဉ်ဆီရည်) နဲ့ ဒူးနာသက်သာအောင်
ဒူးဆစ်ထဲထိုးရတဲ့ Hyaluronic Acid ရဲ့ ကွာခြားချက်

◾ဒူးအတွင်းပိုင်းမှာရှိတဲ့ ချဉ်ဆီရည်ကို (Synovial Fluid) လို့ ခေါ်ပါတယ်။ ဒီချဉ်ဆီရည်ဟာ အဆစ်ကိုချောစေတဲ့အပြင် အရိုးနုများနှင့် ဆဲလ်များကို အာဟာရဖြည့်ပေးပါတယ်။ Synovial အရည်အများစုကို ဒူးတွင်တွေ့ရပြီး ခန္ဓာကိုယ်မှာရှိနေတဲ့ သဘာဝချဉ်ဆီရည်ပဲ ဖြစ်ပါတယ်။

◾ Hyaluronic Acid ကတော့ အသက်ကြီးသူတွေနဲ့ ဒူးဆစ်နာခြင်းကို ခံစားနေရသူတွေ၊ သဘာဝအတိုင်းရှိတဲ့ Synovial Fluid နည်းသွားတဲ့ သူတွေအတွက် အစားထိုးကုသမှုတွေကို လုပ်ဆောင်တဲ့နေရာမှာ အသုံးပြုတာဖြစ်ပါတယ်။

◾ ဒီတော့ Synovial Fluid က သဘာဝအတိုင်းဖြစ်လာတဲ့
ချဉ်ဆီရည်လို့ သတ်မှတ်ရမှာဖြစ်ပြီး Hyaluronic Acid ကတော့ Synovial Fluid နေရာမှာ အစားထိုးပြီး ဒူးနာသက်သာအောင် လုပ်ဆောင်ပေးနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။

ဒူးနာခြင်းကို သက်သာ‌စေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

အမျိုးသမီးတွေအပြင် အမျိုးသားတွေမှာပါ အသက်လေးနည်းနည်းရလာတာနဲ့ ကိုယ်အလေးချိန်တိုးလာတတ်ပါတယ်။ ဝိတ်တက်လာပြီဆိုတာနဲ့ ခန္ဓာကို...
12/04/2026

အမျိုးသမီးတွေအပြင် အမျိုးသားတွေမှာပါ အသက်လေးနည်းနည်းရလာတာနဲ့ ကိုယ်အလေးချိန်တိုးလာတတ်ပါတယ်။ ဝိတ်တက်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်က Balance မဖြစ်တော့ဘဲ အပေါ်ပိုင်းက ပိုလို့ကြီးလာကြပါတယ်။ ဒါဆိုရင်တော့ အပေါ်ဝိတ်ကို အဓိကထိန်းထားရတဲ့ ဒူးခေါင်းတွေက စတင်နာလာပါပြီ။

ဒါ့အပြင် နေထိုင်စားသောက်မှုပုံစံမမှန်ကန်ဘဲ အစားကို သာမန်ထက်လွန်ကဲစွာ စားသုံးကြပြီး အဝလွန်နေတဲ့ လူငယ်လူရွယ်တွေမှာလည်း ဒူးနာဝေဒနာခံစားရတတ်ပါတယ်။

ဒီလိုမျိုး အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ ဒူးနာဝေဒနာ မခံစားရစေဖို့…

🔸ဝိတ်ကို ထိန်းပါ။
🔸အစားကို ပုံမှန်ထက်အလွန်အကျွံစားခြင်း ရှောင်ပါ။
🔸လှုပ်ရှားမှုတခု နေ့စဉ်လုပ်ဆောင်ပေးပါ။
🔸ရေများများသောက်ပါ။
🔸ဒူးနာလာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးကုသမှုခံယူပါ။

ဒူးနာခြင်းကို သက်သာစေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

အသက် (၄၀-၅၀) ကျော်နောက်ပိုင်းနဲ့ လှုပ်ရှားမှုနည်းသူတွေမှာ ဒူးချဉ်ဆီခမ်းခြောက်ခြင်းက အဖြစ်များပါတယ်။ ဒူးခေါင်းမှာရှိတဲ့ ခ...
11/04/2026

အသက် (၄၀-၅၀) ကျော်နောက်ပိုင်းနဲ့ လှုပ်ရှားမှုနည်းသူတွေမှာ ဒူးချဉ်ဆီခမ်းခြောက်ခြင်းက အဖြစ်များပါတယ်။ ဒူးခေါင်းမှာရှိတဲ့ ချဉ်ဆီက လှုပ်ရှားမှုပြုလုပ်ပေးရင် ထွက်ပါတယ်။ ဒူးနာနေတယ်ဆိုပြီး လမ်းမလျှောက်တာမျိုး၊ အိမ်ထဲမှာပဲ နေတော့တာမျိုးဆိုရင်တော့ ဒူးနာခြင်းဝေဒနာက ပိုဆိုးလာမှာပါ။ ဒါကြောင့်မို့ ဒူးနာသူတွေကို ပေါ့ပေါ့ပါးပါး
အိမ်တွင်းလေ့ကျင့်ခန်းတွေ လုပ်ဆောင်စေပြီး ပြန်လည်ကုသကြပါတယ်။ ☺️

အခုဆိုရင် Hyaluronic Acid ကို ဒူးဆစ်ထဲထည့်ပြီး
ချဉ်ဆီရည်ဖြည့်ကာ ဒူးနာဝေဒနာသက်သာအောင် ကုသမှုခံယူနိုင်နေပြီဖြစ်ပါတယ် 🤩

ဒီကုထုံးဟာ ဒူးဆစ်ထဲချဉ်ဆီရည်တွေ နည်းလွန်းပြီး ဒူးနာတာမသက်သာရင် လုပ်ဆောင်ဖို့ သင့်တော်တဲ့ကုထုံးဖြစ်ပါတယ်။ ဒူးနာဝေဒနာ ခံစားနေရမှုအပေါ်မူတည်ပြီး ချဉ်ဆီအစားထိုးကုသမှုကို သက်ဆိုင်ရာဆရာဝန်ကြီးတွေနဲ့
တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်နိုင်ပါတယ်။

ဒူးနာခြင်းကို သက်သာစေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

Hyaluronic Acid (HA injection) ထိုးခြင်းက ဆိုးကျိုးရှိလား ❓ ✅ Hyaluronic Acid Injection က ရေဓာတ်ကို အခြေခံထားလို့ ဘေးထွက...
09/04/2026

Hyaluronic Acid (HA injection) ထိုးခြင်းက ဆိုးကျိုးရှိလား ❓

✅ Hyaluronic Acid Injection က ရေဓာတ်ကို အခြေခံထားလို့ ဘေးထွက်ဆိုးကျိုး အင်မတန်နည်းတဲ့အပြင် နာကျင်မှု‌ဝေဒနာကို အထိရောက်ဆုံးသက်သာစေပါတယ်။ Hyaluronic Acid ဟာ ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်လွှတ်တဲ့ Sugar ဓာတ်တစ်မျိုးပဲဖြစ်ပြီး ရေဓာတ် အဆ ၁၀၀၀ နဲ့ ညီမျှပါတယ်။

✅ Skincare ပစ္စည်းတွေမှာတောင် Hyaluronic Acid ကို Hydrating Ingredient အနေနဲ့ ထည့်သွင်းထုတ်လုပ်ကြပြီး
ဓာတ်မတည့်မှုဖြစ်ခြင်းနဲ့ ယားယံမှုဖြစ်ခြင်းတို့ကို လုံးဝမရှိစေတဲ့အပြင် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း မရှိပါဘူးဗျ။

တကယ်လို့ သင်ဟာ ဒူးနာသူတစ်ယောက်ဆိုရင် ဒီ Group ကို join ထားဖို့ အကြံပြုလိုက်ပါတယ်နော်။

Group Link : https://www.facebook.com/groups/kneehealthmyanmar/

ဒူးနာခြင်းကို သက်သာ‌စေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

❗ဒူးဆစ်နာခြင်းဝေဒနာကို သက်သာစေဖို့အတွက် ဒူးဆစ်ထဲကို Hyaluronic Acid ထိုးပြီး ကုသမှုခံယူလို့ရ‌နေပြီနော်...❗   - တစ်နှစ်မှ...
09/04/2026

❗ဒူးဆစ်နာခြင်းဝေဒနာကို သက်သာစေဖို့အတွက် ဒူးဆစ်ထဲကို Hyaluronic Acid ထိုးပြီး ကုသမှုခံယူလို့ရ‌နေပြီနော်...❗

- တစ်နှစ်မှာ ဆေးထိုးရမယ့် ပျမ်းမျှအကြိမ်အရေအတွက်ကို တတ်ကျွမ်းတဲ့ ဆရာဝန်တွေက ဝေဒနာပေါ်မှာ မူတည်ပြီးတော့ သတ်မှတ်ထားပါတယ် 👩‍⚕️

- အခုလို HA (Hyaluronic Acid) Treatment ကို ခံယူပြီးပြီဆိုရင်တော့ နေ့စဉ်အိမ်မှာပဲ အလွယ်တကူ လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးခြင်းက ဒူးနာဝေဒနာကို သက်သာစေမယ့် အကောင်းဆုံးနည်းလမ်းပါ။

ဒီနည်းလမ်းတွေကတော့…

✅ အိပ်နေစဥ် (ဒါမှမဟုတ်) ထိုင်နေစဥ် ခြေထောက်ကို တင်ပါးနှင့်တဖြောင့်တည်းထား၍ မြှောက်ပေးခြင်း။

✅ ခြေဖဝါးတဖက်ကို တထစ်အမြင့်တွင်နင်းထားပြီး အခြားတဖက်ကို တထစ်အနိမ့်တွင် နင်းထားကာ အမြင့်တထစ်တက်ခြင်း၊ အောက်တထစ်ဆင်းခြင်း။

✅ ထိုင်ခုံပေါ်တွင်ထိုင်နေပြီး နောက်လက်ဖြင့် မ ထောက်ဘဲထခြင်း၊ ပြန်ထိုင်ခြင်း။

✅ ထိုင်ခုံကိုကိုင်ပြီး ဆောင့်ကြောင့် Squat ထိုင်ခြင်းစတဲ့ အိမ်တွင်းလေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

ဒူးနာခြင်းကို သက်သာစေတဲ့ Hyaluronic Acid (HA Injection) အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞 09 - 960 654 999 ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

- ဒူးနာဝေဒနာခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးနေတဲ့ ဒီ Group လေးကိုလည်း Join ထားကြဦးနော် 🥰

Group Link : https://www.facebook.com/groups/kneehealthmyanmar/

#ဒူးဆစ်ရောင် #ဒူးနာဝေဒနာ #ဒူးနာကင်းဝေးကျန်းမာရေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hyalgan - Knee Health Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share