Yaung Chi Thit-YCT by Dr.W

Yaung Chi Thit-YCT by Dr.W Caring & sharing medical knowledge and health tips.

🌀🌀 သိထားသင့်တဲ့ collagen အမျိုးအစားများ 🌀🌀  Type 1 Collagen=============- ခန္ဓာကိုယ် အရေပြားတွေကို တင်းရင်းလှပစေဖို့နဲ့ ...
24/05/2023

🌀🌀 သိထားသင့်တဲ့ collagen အမျိုးအစားများ 🌀🌀

Type 1 Collagen
=============
- ခန္ဓာကိုယ် အရေပြားတွေကို တင်းရင်းလှပစေဖို့နဲ့ အရေးအကြောင်းတွေကို လျော့နည်းသက်သာဖို့ အဓိက လုပ်ဆောင်ပေးနိုင်တယ်။
- အသားအရေအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ဖို့ ရေဓာတ်ကိုပြန်လည်ဖြည့်ဆည်းပေးနိုင်တယ်။
- ခန္ဓာကိုယ် ကြွက်သားတွေ၊ မျက်စိနဲ့ အရိုး ကျန်းမာရေးတို့အတွက် အထောက်အကူပြုပေးနိုင်တယ်။
- လက်သည်း/ခြေသည်းနဲ့ ဆံကေသာ ကျန်းမာသန်စွမ်းဖို့ အထောက်အကူပေးတယ်။
➡ ငါးတွေဆီကနေ အဓိကရရှိတဲ့ Collagen ပဲဖြစ်ပါတယ်။ (Marine Collagen)

Type 2 Collagen
=============
- အရိုးအဆစ်တွေကိုကာကွယ်ပေးတဲ့ အရိုးနု (cartilage)လို့ခေါ်တဲ့ တွယ်ဆက်တစ်သျှူးလေးတွေအတွက် အလွန် အရေးပါတဲ့
collagen တစ်မျိုးဖြစ်ပါတယ်။
- မျက်စိကျန်းမာရေးနဲ့ အရိုးအဆစ်ကျန်းမာရေးတို့အတွက် အထောက်အကူပေးတယ်။
➡ သဘာဝ အရိုးပြုတ်ရည်ကနေ ကြွယ်ဝစွာရရှိနိုင်ပြီး အမဲသား မှတဆင့်လည်းရရှိနိုင်ပါတယ်။ (Bovine Collagen)

Type 3 Collagen
=============
- ခန္ဓာကိုယ် အူလမ်းကြောင်းတလျှောက်နဲ့ ကြွက်သားတွေ ၊ သွေးကြောနံရံတွေနဲ့သားအိမ်မှာ အများဆုံး တွေ့ရတဲ့ collagen တစ်မျိုး
ဖြစ်ပါတယ်။
- အူလမ်းကြောင်း ကျန်းမာရေးကို အဓိက အထောက်အကူပြုပေးနိုင်ပါတယ်။
- Type 1 collagen နဲ့တွဲဖက်ပြီး အရေပြားကျန်းမာရေးနဲ့ ရေဓာတ်ဖြည့်ဆည်းပေးခြင်းကို ပိုမိုလုပ်ဆောင်ပေးနိုင်တယ်။
➡အမဲသားကနေထုတ်လုပ်ထားတဲ့ collagen peptides တွေကနေကြွယ်ဝစွာ ရရှိနိုင်ပါတယ်။



💊 Vitamins Supplements လေးတွေ ဘယ်အချိန်သောက်သင့်လဲ? ဘယ်လိုသောက်ရမလဲ?💊(အပိုင်း ၃)>> အဆီမှာပျော်ဝင်တဲ့ Vitamin များ (Fat s...
11/05/2023

💊 Vitamins Supplements လေးတွေ ဘယ်အချိန်
သောက်သင့်လဲ? ဘယ်လိုသောက်ရမလဲ?💊(အပိုင်း ၃)

>> အဆီမှာပျော်ဝင်တဲ့ Vitamin များ (Fat soluble vitamins)

- Vitamin A
- Vitamin D
- Vitamin E
- Vitamin K တို့ဖြစ်ကြပြီး ဒီ Vitamin တွေပါဝင်တဲ့
Supplements တွေကို သောက်သုံးတဲ့အခါ အဆီပါဝင်တဲ့
အစားအသောက်တွေစားသုံးပြီးချိန်မှာ သောက်သုံးပေး
ခြင်းဖြင့် ခန္ဓာကိုယ်က စုပ်ယူအသုံးချနိုင်စွမ်း ပိုများစေပါ
တယ်။

>> ဒါ့ပြင်အဆီမှာပျော်ဝင်တဲ့ Vitamins တွေကို ခန္ဓာကိုယ် မှာ သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းရှိလို့ သင့်တော်တဲ့ ပမာဏအတိုင်းသာ သောက်သုံးပေးဖို့လိုအပ်ပါတယ်။

💥 Vitamin A

>> မျက်စိကျန်းမာရေးအတွက်အလွန်အထောက်အကူပြု
ပေးနိုင်တဲ့ Vitamin ဖြစ်ပြီး စားသုံးလိုက်တဲ့ အာဟာရတွေ
ကနေ လုံလုံလောက်လောက်ရလေ့ရှိပါတယ်။

💥 Vitamin D

>> ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားစနစ်၊ အရိုးကျန်းမာရေးနဲ့
ဆဲလ်တွေဖွံ့ဖြိုးဖို့အတွက် အလွန်အရေးပါပါတယ်။

>> Vitamin D ကို Vit K , Magnesium တို့အတူသောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ် အတွက်လိုအပ်တဲ့
ပမာဏကိုထိန်းထားနိုင်ပြီး စုပ်ယူနိုင်စွမ်းလည်း ပိုမြင့်မား
စေပါတယ်။

💥 Vitamin E

>> အစွမ်းထက် Antioxidant ဖြစ်ပြီး ခန္ဓာကိုယ် သွေး
လှည့်ပတ်စနစ်နဲ့ ကိုယ်ခံစွမ်းအား ကောင်းစေဖို့ အထောက်အကူပြုတယ်။

💥 Vitamin K

>> သွေးခဲခြင်း ၊ အရိုးကျန်းမာရေးနဲ့ နှလုံးကျန်းမာရေး
တို့အတွက် လိုအပ်တဲ့ Vitamin တစ်မျိုးဖြစ်ပါတယ်။



💊 Vitamins Supplements လေးတွေဘယ်အချိန်သောက်သင့်လဲ? ဘယ်လိုသောက်ရမလဲ? 💊  (အပိုင်း ၂)💥  Vitamin B>> ရေမှာပျော်ဝင်တဲ့ Vitami...
08/05/2023

💊 Vitamins Supplements လေးတွေဘယ်အချိန်
သောက်သင့်လဲ? ဘယ်လိုသောက်ရမလဲ? 💊 (အပိုင်း ၂)

💥 Vitamin B
>> ရေမှာပျော်ဝင်တဲ့ Vitamin ဖြစ်လို့ အစားစားပြီးဖြစ်
စေ / မစားခင်ဖြစ်စေ အဆင်ပြေသလို သောက်သုံးပေး
နိုင်ပါတယ်။

>> Vitamin B ဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဥ်တွေနဲ့ စွမ်းအင်
ထုတ်လုပ်ပေးရာမှာ အထူးအရေးပါလို့ နံနက်စောစောပိုင်း အချိန်တွေမှာ ပိုမိုသောက်သုံးပေးသင့်ပါတယ်။

>> ဥပမာ- Vitamin B12 ချို့တဲ့သူတွေမှာ Vitamin B
Supplements လေးတွေကို အစားမစားသေးခင်ရေတဖန်ခွက်နဲ့ သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်က လိုအပ်
တဲ့ Vitamin ပမာဏကို ပြည့်ပြည့်ဝဝစုပ်ယူ အသုံးချ
နိုင်မှာ ဖြစ်ပါတယ်။

💥 Vitamin C
>> ခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့ အစွမ်းထက်
antioxidant vitamin တစ်မျိုးဖြစ်ပြီး ကိုယ်ခံစွမ်းအား
စနစ်နဲ့ အာရုံကြောအဖွဲ့အစည်းတွေ ဖွံ့ဖြိုးဖို့ အတွက်
အထောက်အကူပြုပါတယ်။ ဒါ့ပြင် Collagen တွေ
တည်ဆောက်ရေးမှာလည်း အရေးပါပါတယ်။

>> Vtamin C supplements လေးတွေကို ပုံစံအမျိုးမျိုး
နဲ့ ရရှိနိုင်ပါတယ်။
- Ascorbic acid
- Ascorbic acid with bioflavonoids
-Liposomal Viamin C
-Calcium Ascorbate တို့ဖြစ်ကြပါတယ်။

>> Vitamin C ကို တနေ့တာရဲ့ အဆင်ပြေတဲ့အချိန်တွေမှာ သောက်သုံးပေးလို့ရပြီး ascorbic acid ပါဝင်တဲ့
Supplement လေးတွေကိုတော့ အစားစားပြီးသောက်သုံး
ပေးခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်
acid ဓာတ်မြင့်တက်လာခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

>> မြင့်မားတဲ့အပူရှိန်နဲ့ အလင်းရောင်ဟာ Vitamin C ရဲ့
အာနိသင်ကို ထိခိုက်ပျက်စီးစေနိုင်တာ ကြောင့် အေးပြီး
ခြောက်သွေ့တဲ့ ၊ အလင်းတိုက်ရိုက်မထိတဲ့နေရာတွေမှာ
သိုလှောင်သိမ်းဆည်းသင့်ပါတယ်။

>> ပိုလျှံတဲ့ Vitamin C ကိုခန္ဓာကိုယ်က စွန့်ထုတ်ရတာ
ဖြစ်လို့ တနေ့တာ အတွက် Vitamin C 1000 mg ပမာဏ
အတွင်းမှာသာ သောက်သုံးပေးသင့်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)


💊 Vitamins Supplements လေးတွေဘယ်အချိန်သောက်သင့်လဲ? ဘယ်လိုသောက်ရမလဲ? 💊>> ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ဟာ လုပ်ငန်းဆောင်တာတ...
05/05/2023

💊 Vitamins Supplements လေးတွေဘယ်အချိန်သောက်သင့်လဲ? ဘယ်လိုသောက်ရ
မလဲ? 💊

>> ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ဟာ လုပ်ငန်းဆောင်တာတွေကို ပုံမှန်အလုပ်လုပ်နိုင်ဖို့ Vitamin လို့ခေါ်တဲ့သက်စောင့်ဓာတ် (13)မျိုး
လိုအပ်ပါတယ်။ (9) မျိုးကတော့ရေမှာပျော်ဝင်နိုင်တဲ့ Vitamin တွေဖြစ်ပြီးကျန်တဲ့ (4)မျိုးကတော့ အဆီမှာပျော်ဝင်နိုင်တဲ့ Vitamin
တွေဖြစ်ပါတယ်။

>> ခန္ဓာကိုယ်ကလိုအပ်တဲ့ Vitamins တွေကို နေ့စဥ်ပုံမှန်စားသောက်နေတဲ့ အစားအစာတွေကနေအများဆုံး ရရှိနိုင်ပြီး အချို့သူတွေ
ကတော့ လိုအပ်တဲ့ပမာဏကိုရရှိနိုင်ဖို့ Supplements လို့ခေါ်တဲ့ ဖြည့်စွက်စာတွေကို သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

>> ပုံမှန်အားဖြင့် Vitamin supplements အများစုဟာ အဆင်ပြေတဲ့အချိန်မှာ သောက်သုံးပေးလို့ရပြီး အချို့ Vitamins တွေကတော့
ခန္ဓာကိုယ်က အကောင်းဆုံးစုပ်ယူအသုံးချနိုင်ဖို့ လိုအပ်တဲ့အခြေအနေတွေရှိတာကြောင့် မှန်ကန်ကောင်းမွန်တဲ့ပုံစံနဲ့အချိန်တို့မှာ သောက်သုံး ပေးဖို့လိုအပ်ပါတယ်။

>> ရေမှာပျော်ဝင်နိုင်တဲ့ Vitamin များ (Water soluble vitamins)
-Vitamin C နဲ့
-Vitamin B complex လို့ခေါ်တဲ့ Vit B အုပ်စုဝင်တွေဖြစ်ကြတဲ့
(1).Vitamin B1(Thiamine)
(2).Vitamin B2 (Riboflavin)
(3).Vitamin B3 (Niacin)
(4).Vitamin B5 (Pantothenic acid)
(5).Vitamin B6 (Pyridoxine)
(6).Vitamin B7 (Biotin)
(7).Vitamin B9 (Folic acid)
(8).Vitamin B12 (Cobalamin) - တို့ဖြစ်ကြပါတယ်။

>> ရေမှာပျော်ဝင်နိုင်တဲ့ Vitamins တွေဟာ ခန္ဓာကိုယ်မှာသိုလှောင်သိမ်းဆည်းထားနိုင်စွမ်း မရှိတဲ့အတွက် ပုံမှန်စားသုံးပေးခြင်း၊
ပုံမှန်သောက်သုံးပေးခြင်း တို့ကိုပြုလုပ်ပေးဖို့ အထူးလိုအပ်ပါတယ်။ ခန္ဓာကိုယ်ကပိုလျှံလာတဲ့ Vitamins တွေလည်း ဆီးလမ်းကြောင်းကနေအလွယ်တကူစွန့်ထုတ်ပေးပါတယ်။
(ဆက်လက်ဖော်ပြပါမည်)


♻️ G6PD ချို့တဲ့ရောဂါ (G6PD Deficiency) - ၂ ♻️>> G6PD ချို့တဲ့ခြင်းဟာ မွေးရာပါရောဂါတစ်ခုဖြစ်ပြီးမျိုးရိုးဗီဇဆိုင်ရာချို့...
01/05/2023

♻️ G6PD ချို့တဲ့ရောဂါ (G6PD Deficiency) - ၂ ♻️

>> G6PD ချို့တဲ့ခြင်းဟာ မွေးရာပါရောဂါတစ်ခုဖြစ်ပြီး
မျိုးရိုးဗီဇဆိုင်ရာချို့ယွင်းမှုကြောင့်ဖြစ်လို့ ပျောက်ကင်း
အောင် ကုသလို့မရနိုင်ပါဘူး။ G6PD ချို့တဲ့ခြင်းဟာ
ကူးစက်တတ်တဲ့ရောဂါတစ်ခုလည်းမဟုတ်ပါဘူး။

>> G6PD ရောဂါရှိတဲ့ ကလေးငယ်တွေရဲ့ မိဘအုပ်ထိန်းသူတွေဟာ ကလေးတွေနဲ့ မတည့်တဲ့ အစား
အစာ၊ဆေးဝါး၊အသုံးအဆောင် တွေကိုသေချာမှတ်သားထားပြီး ရှောင်ကြဥ်စေခြင်းဖြင့် ကာကွယ်မှုပေးနိုင်ရင်
သာမန်ကလေးငယ်တွေလို နေထိုင်သွားနိုင်မှာလည်း
ဖြစ်ပါတယ်။

🚫 အထူးသတိပြု ရှောင်ကြဥ်ရမယ့် အရာများ 🚫

❗️ကူးစက်ရောဂါတွေဖြစ်ပွါးစေနိုင်တဲ့ ဗိုင်းရပ်စ်နဲ့ ဘက်
တီးရီးယားပိုးများ၊

❗️အချို့သော အကိုက်အခဲပျောက်ဆေးများနှင့်ကိုယ်ပူ
ကျဆေးများ

❗️ပိုးသတ်ဆေးများ ( အများအားဖြင့်ဆေးနာမည်တွင်
'' Sulf '' ပါသောဆေးများ)
->Sulphonamides
->Co-trimoxazole (Septrin)
->Dapsone
->Chloramphenicol
->Nitrofurantoin
->Nalidixic acid

❗️ငှက်ဖျားရောဂါကုဆေးများ
->Chloroquine
->Hydroxy chloroquine
->Primaquine
->Quinine
->Mepacrime

❗️အခြားဆေးများ
->Methyldopa
->Vitamin (Large Doses)
->Some anti-cancer drugs

❗️အစားအစာ
->Fava beans (တောင်ကြီးပဲ)

❗️အသုံးအဆောင်များ
->ပရုတ်လုံးနှင် ပရုတ်ပါသောအသုံးအဆောင်များ

‼️ Iron နဲ့ သံဓာတ်ပါတဲ့ Vitaminအားဆေးလေးတွေကိုတော့ သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှသာ တိုက်
ကျွေးသင့်ပါတယ်။



♻️ G6PD ချို့တဲ့ရောဂါ (G6PD Deficiency) ♻️>> G6PD ဆိုတာ (Glucose  6  Phosphate Dehydrogenase) လို့ခေါ်တဲ့ enzyme တစ်မျို...
29/04/2023

♻️ G6PD ချို့တဲ့ရောဂါ (G6PD Deficiency) ♻️

>> G6PD ဆိုတာ (Glucose 6 Phosphate Dehydrogenase) လို့ခေါ်တဲ့ enzyme တစ်မျိုးဖြစ်ပြီး
သွေးနီဥလေးတွေကို ဓာတ်တိုးပျက်စီးမှု အန္တရာယ်ကနေ
ကာကွယ်ပေးတဲ့ အလွန်အရေးပါတဲ့ ဓာတုပစ္စည်းဖြစ်ပါတယ်။

>> သာမန်ကျန်းမာသူတွေမှာ G6PD ပမာဏလုံလောက်စွာ ပါဝင်ပြီး G6PD Deficiency ဖြစ်နေသူတွေ
မှာတော့ ပမာဏလျော့နည်းနေတတ်ပါတယ်။ G6PD ချို့
တဲ့ခြင်းဟာ မျိုးရိုးလိုက်လက်ဆင့်ကမ်းဖြစ်ပွါးတတ်တဲ့
ရောဂါတစ်ခုဖြစ်ပြီး မျိုးရိုးဗီဇဆိုင်ရာချို့ယွင်းမှု (Gene
mutation) ကြောင့်ဖြစ်ကာ ယောင်္ကျားလေးတွေမှာ အဖြစ်များပါတယ်။

>> G6PD ချို့တဲ့သူအများစုဟာ သာမာန်အချိန်တွေမှာ
လက္ခဏာပြလေ့မရှိဘဲ ဓာတ်မတည့်ခြင်းကိုဖြစ်စေတတ်
တဲ့ (အစားအသောက်၊ဆေးဝါး၊ ရောဂါပိုးကူးစက်ခံရခြင်း၊အသုံးအဆောင်) စတာတွေနဲ့ ထိတွေ့မိတဲ့အခါ ရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။

>> ဓာတ်မတည့်မှုကိုဖြစ်စေတဲ့အရာတွေကြောင့် G6PD
ချို့တဲ့သူတွေရဲ့ Oxygen ကိုသယ်ဆောင်ထားတဲ့ သွေးနီဥ
လေးတွေဟာ အလွယ်တကူပေါက်ကွဲပြီး ပျက်စီးဆုံးရှုံးရပါတယ်။ အကျိုးဆက်အနေနဲ့ သွေးအားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ နုံးခြင်းတို့ ခံစားရပါတယ်။ သွေးနီဥ
လေးတွေအလွန်အမင်းပျက်စီးလာတဲ့အခါ ထွက်ပေါ်လာတဲ့ ဘေးထွက်ပစ္စည်းတွေကြောင့် Jaundice လို့ခေါ်တဲ့
အသားဝါခြင်း/ မျက်စိဝါခြင်း တို့ဖြစ်လာနိုင်ပါတယ်။

👉 G6PD ချို့တဲ့သူအများစု ခံစားရလေ့ရှိတဲ့လက္ခဏာ
တွေကတော့
-> အသားအရေဖြူဖပ်ဖြူရော်ဖြစ်ခြင်း (သွေးအားနည်း)
-> အလွယ်တကူ မောပန်းခ်ြင်း/ မူးဝေခြင်း
-> နှလုံးခုန်မြန်ခြင်း
-> အသက်ရှုမြန်ခြင်း/ အသက်ရှုမဝခြင်း
-> မျက်လုံး/ အသားဝါခြင်း
-> ဆီးအရောင်ရင့်ခြင်း
-> အလွယ်တကူ ဖျားနာတတ်ခြင်း
-> ဘေလုံး (Spleen) ကြီးလာခြင်း တို့ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်...)


🍀🍀 Natural Detox  🍀🍀🍵🍵  Green tea (လက်ဖက်စိမ်း) 🍵🍵>>  Green tea (လက်ဖက်စိမ်း) ဟာ ခန္ဓာကိုယ်အတွက်အလွန်အစွမ်းထက်တဲ့ သဘာဝ S...
14/03/2023

🍀🍀 Natural Detox 🍀🍀

🍵🍵 Green tea (လက်ဖက်စိမ်း) 🍵🍵

>> Green tea (လက်ဖက်စိမ်း) ဟာ ခန္ဓာကိုယ်အတွက်
အလွန်အစွမ်းထက်တဲ့ သဘာဝ Super Detox တစ်မျိုးပဲ
ဖြစ်ပါတယ်။ Green tea ကို နံနက်စောစောပိုင်းတွေနဲ့
နေ့လည်စာစားပြီး (၁-၂) နာရီအတွင်း တစ်နေ့ကို (၂-၃)
ခွက်ခန့် ပုံမှန်သောက်သုံးပေးခြင်းဖြင့် အကျိုးကျေးဇူး
များစွာ ရရှိမှာဖြစ်ပါတယ်။

✅ ခန္ဓာကိုယ် အတွက်အလွန်အကျိုးပြုတဲ့ Polypheols
အုပ်စုဝင် Antioxidants တွေအများအပြားပါဝင်ပါတယ်။

✅ ခန္ဓာကိုယ်တွင်း အဆီတွေကိုလောင်ကျွမ်းစေဖို့ အ
ထောက်အကူပြုပါတယ်။

✅ စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်ပြီး ဦးနှောက်မှတ်ဉာဏ်
စွမ်းအားကို ကောင်းစေတယ်။

✅ သွေးပေါင်ကျစေပြီး နှလုံးကျန်းမာရေးကောင်းစေတယ်။

✅ အဆစ်အမြစ်ရောင်ခြင်းကို ကာကွယ်ပေးနိုင်ပြီး
အရိုးအဆစ်တွေကျန်းမာရေးအတွက် အထောက်အကူ
ပြုတယ်။

✅ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး တုပ်ကွေးဖျား
နာခြင်းများမှ ကာကွယ်ပေးနိုင်တယ်။

✅ ရေဓာတ်ဆုံးရှုံးခြင်းကိုလည်း ပြန်လည်ဖြည့်တင်းပေး
နိုင်ပါတယ်။

✅ သွားနှင့်ခံတွင်း ကျန်းမာရေးကိုလည်းကောင်းစေပြီး
ခံတွင်းအနံ့ဆိုးခြင်းမှ ကာကွယ်ပေးနိုင်တယ်။

✅ အဆုတ်ကျန်းမာရေးကို အထောက်အကူပြုပြီး
ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ်ကျန်းမာရေး
ထိခိုက်ခြင်းမှလည်း လျော့နည်းသက်သာစေတယ်။

✅ အရက်သောက်ခြင်း၊ အသည်းရောင်အသားဝါပိုး
ကူးစက်ခြင်းတို့ကြောင့် အသည်းထိခိုက်ခြင်းကိုလည်း
လျော့နည်း သက်သာစေတယ်။



☀️☀️  ရာသီဥတု သိသိသာသာပူလာတဲ့အတွက် သတိထားသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။✅ Sunscreen လိမ်းပေးပါ..       နေရောင်ခြည်မှ...
11/03/2023

☀️☀️ ရာသီဥတု သိသိသာသာပူလာတဲ့အတွက် သတိထားသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

✅ Sunscreen လိမ်းပေးပါ..
နေရောင်ခြည်မှာပါတဲ့ လူကိုအန္တရာယ်ဖြစ်စေတဲ့ UV
rays တွေကိုကာကွယ်နိုင်ဖို့ Sunscreen လိမ်းပေးဖို့လိုအပ်ပါတယ်။ Sunscreen က UV rays တွေအသားထဲ
စိမ့်ဝင်မှုကို လျော့နည်းသက်သာစေပါတယ်။

✅ သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားတွေ
ဝတ်ပါ..
အနက်ရောင် ရှိတဲ့အဝတ်အစားတွေဝတ်ခြင်းမှ
ရှောင်ပါ။ အရောင်ဖျော့ပြီးပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်
သက်သာဖြစ်စေမယ့် အဝတ်အစားတွေကိုဝတ်ပါ။ ဦးထုပ်/ ထီး ဆောင်းပါ။ ခန္ဓာကိုယ်ကို နေရောင်ခြည်
တိုက်ရိုက်ထိခြင်းမှ တတ်နိုင်သမျှ ရှောင်ပါ။

✅ ရေများများသောက်ပါ..
တနေ့ကို ရေ အနည်းဆုံး (၈)ဖန်ခွက် သောက်ပါ။
သဘာဝသစ်သီးဖျော်ရည်၊ အရွက်ဖျော်ရည်တို့ကို
အလျင်းသင့်သလိုသောက်ပေးပါ။

✅ ကိုယ်လက်လှုပ်ရှားမှု မလုပ်ခင် ရေကိုကြိုသောက်
ထားပါ..
ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တဲ့အခါ
ရေဓာတ်ဆုံးရှုံးမှုတွေ ဖြစ်နိုင်လို့ ကြိုတင်ကာကွယ်တဲ့
အနေနဲ့ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။

✅ ကိုယ်လက်လှုပ်ရှားမှု လုပ်နေစဥ်မှာရေဓာတ်ဖြည့်ပါ..
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးလို့ မိနစ် (၂၀) ကြာတိုင်း ရေ/အရည် (၈) အောင်စခန့်သောက်ပေးဖို့ လိုပါတယ်။

✅ နေပူထဲထွက်ပြီးအလုပ်လုပ်ရမယ့် အချိန်တွေကို
စီမံခန့်ခွဲပါ။
UV ညွှန်းကိန်းမြင့်တဲ့ အချိန်တွေဖြစ်တဲ့ နံနက်(၁၀)
နာရီမှ ညနေ(၄)နာရီ အတွင်းနေရောင်ခြည်နဲ့တိုက်ရိုက်
ထိတွေ့ခြင်းမှ တတ်နိုင်သလောက်ရှောင်ကြဥ်ပါ။

‼️ ဆီး အရောင်ကိုသတိပြုပေးပါ..
ဆီး အရောင်ရင့်လာခြင်းဟာ ရေဓာတ်ခန်းခြောက်
ခြင်းကိုပြတဲ့ လက္ခဏာဖြစ်လို့ သတိထားပေးဖို့လိုပါတယ်။

❌ အရက်နဲ့ ကဖင်းဓာတ်ပါတဲ့ဖျော်ရည်တွေသောက်သုံးခြင်းမှ ရှောင်ပါ။
အရက်နဲ့ ကဖင်းဓာတ်ပါတဲ့ဖျော်ရည်တွေဟာ ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေတဲ့အတွက် ပူပြင်းတဲ့
ရာသီဥတုမှာ သတိထားပြီးသောက်သုံးသင့်ပါတယ်။

❗️အပူဒဏ်ရဲ့သက်ရောက်မှုကို အများဆုံးခံစားရသူတွေ
ဖြစ်တဲ့
- မွေးကင်းစကလေးတွေ
- ကလေးသူငယ်တွေ
- သက်ကြီးရွယ်အိုတွေ နဲ့
- နာတာရှည်ဝေဒနာ ခံစားနေရသူတွေဟာ အထူးဂရုပြုပြီးနေထိုင်သင့်ပါတယ်။


♦️♦️ Lysine For Children ♦️♦️>> Lysine ဆိုတာခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ Amino acid တစ်မျိုးပဲဖြစ်ပါတယ်။>> Lysine ...
01/03/2023

♦️♦️ Lysine For Children ♦️♦️

>> Lysine ဆိုတာခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ Amino acid တစ်မျိုးပဲဖြစ်ပါတယ်။

>> Lysine ကိုခန္ဓာကိုယ်ကသဘာဝအတိုင်းထုတ်မပေးနိုင်တာကြောင့် Lysine ကြွယ်ဝတဲ့အစားအသောက်တွေနဲ့
ဖြည့်စွက်စာတွေကိုလုံလုံလောက်လောက်စားသုံးပေးဖို့
လိုအပ်ပါတယ်။

>> Lysine ဟာကလေးငယ်တွေ ဖွံဖြိုးကြီးထွားဖို့အတွက်
အဓိကလိုအပ်တဲ့ Protein(အသားဓာတ်ရဲ့)အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

>> အရိုးနဲ့ သွားတွေကို သန်မာစေဖို့အထူးလိုအပ်တဲ့
Calcium ဓာတ်ကိုစုပ်ယူရာမှာလည်း အဓိကပါဝင်လို့
အရပ်ရှည်ဖို့အတွက် အလွန်အထောက်အကူပြုပါတယ်။

>> ဒါ့ပြင် သံဓာတ်နဲ့သွပ်ဓာတ်စုပ်ယူမှု၊ collagenထုတ်
လုပ်မှုတွေမှာလည်းပါဝင်တယ်။

>> ကိုယ်ခံစွမ်းအားကိုလည်းကောင်းမွန်စေတယ်။

>> ကလေးငယ်တွေမှာ Lysine ချို့တဲ့လာတဲ့အခါ
💥 အစားကောင်းကောင်းမစားတာ
💥 ဖွံ့ဖြိုးကြီးထွားမှုနှေးတာ
💥 မကြာခဏပျို့အန်တတ်တာ
💥 ဆံပင်ပါးတာ
💥 အာရုံစူးစိုက်မှုလျော့နည်းတတ်တာ
💥 သွေးအားနည်းတာ စတဲ့ လက္ခဏာတွေကိုခံစားရတတ်ပါတယ်။

>> ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်
တစ်ယောက်ဖြစ်ဖို့မိဘတွေအနေနဲ့ Lysine ကြွယ်ဝတဲ့ အ
စားအသောက်တွေကို ပုံမှန်ကျွေးပေးဖို့ လိုအပ်ပါတယ်။

>> Lysine ကြွယ်ဝတဲ့အစားအသောက်တွေကတော့
Protein ဓာတ်များတဲ့အစားအစာတွေဖြစ်တဲ့
🔹 အနီရောင်ရှိတဲ့ အသားတွေ
🔹 ဒိန်ခဲ
🔹 ပင်လယ်ငါး၊ ဆာဒင်းငါး
🔹 ဥအမျိုးမျိုးနဲ့
🔹 ပဲအမျိုးမျိုး၊ တိုဟူး၊ ပဲပုပ် - တို့ပဲဖြစ်ကြပါတယ်။

♦️♦️ ဘေဘီလေးတွေကို အပတ်စဉ်ကျွေးသင့်တဲ့ အာဟာရ (၅) မျိုး ♦️♦️>> Yoghurt (ဒိန်ချဥ်) - နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီးကလေးငယ...
27/02/2023

♦️♦️ ဘေဘီလေးတွေကို အပတ်စဉ်ကျွေးသင့်တဲ့ အာဟာရ (၅) မျိုး ♦️♦️

>> Yoghurt (ဒိန်ချဥ်) - နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး
ကလေးငယ်လေးတွေရဲ့ အရိုးနဲ့သွားများ ဖွံ့ဖြိုးဖို့ အဓိက
လိုအပ်တဲ့ Calcium ကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်တယ်။ Protein ဓာတ်လည်းကြွယ်ဝတယ်။ အစာကိုလည်းကြေညက်စေပြီးအူလမ်းတလျှောက်အကျိုးပြု
ပိုး(Probiotic) လေးတွေကိုလည်းထုတ်ပေးနိုင်တဲ့ အာဟာရတစ်မျိုးပဲဖြစ်ပါတယ်။

>> Omega 3 ကြွယ်ဝတဲ့ငါးများ - ကလေးငယ်တွေရဲ့
ဦးနှောက်အာရုံခံနိုင်စွမ်း၊ မှတ်ဉာဏ်စွမ်းအားနဲ့ လေ့လာ
သင်ယူနိုင်စွမ်းတွေအတွက်အလွန်အရေးပါတဲ့ Omega 3
Fatty acid ကို ဆဲယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့ မက်ကရယ်ငါး (ငါးသေတ္တာငါး) တို့ကနေ ကြွယ်ဝစွာရရှိနိုင်
တယ်။ ဒါ့ပြင် အာရုံစူးစိုက်နိုင်မှုနည်းတဲ့ ရောဂါလက္ခဏာစုတွေကိုလည်း သက်သာစေနိုင်တယ်။

>> Oats (အုတ်ဂျုံ) - ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ်
ကြွယ်ဝပြီးကလေးတွေအတွကိလိုအပ်တဲ့ စွမ်းအင်ကို
ထုတ်ပေးနိုင်တယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်။ Vitamin B1, vitamin B3, maganese နဲ့ selenium
ဓာတ်တို့လည်းကြွယ်ဝစွာပါဝင်တယ်။

>> Carrots (မုန်လာဥနီ)- ကလေးတွေရဲ့ အမြင်အာရုံအတွက်အလွန်အရေးပါတဲ့ Beta carotene ကြွယ်ဝပြီး
ကြက်မျက်သင့်တာ၊ အမြင်အာရုံအားနည်းတာတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်။

>> Banana (ငှက်ပျောသီး)- ကြွက်သားတွေနဲ့အာရုံကြောတွေ ကျန်းမာဖွံ့ဖြိုးဖို့ အရေးပါတဲ့ Potassium
ဓာတ်ကိုဖြည့်ဆည်းပေးနိုင်ပြီး ဝမ်းပျက်ဝမ်းလျောခြင်း၊
ဝမ်းချုပ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်တယ်။

Ref : Your Pregnancy & Baby magazine (SA 1/23)
Photo- google

🍀🍀 Super Detox Foods 🍀🍀🍅🍅 Tomatoes (ခရမ်းချဥ်သီး) 🍅🍅>>  Beta-carotene, Vitamin C နဲ့ Lycopene တို့ကြွယ်ဝစွာပါဝင်ပြီး ကျန...
19/02/2023

🍀🍀 Super Detox Foods 🍀🍀

🍅🍅 Tomatoes (ခရမ်းချဥ်သီး) 🍅🍅

>> Beta-carotene, Vitamin C နဲ့ Lycopene တို့ကြွယ်ဝ
စွာပါဝင်ပြီး ကျန်းမာရေးအတွက် အလွန်အထောက်အကူ
ပြုလို့ " Superstar of medicinal food "လို့တင်စားခေါ်
ဝေါ်ကြပါတယ်။

>> Lycopene နဲ့တခြား antioxidant တွေအများအပြားပါဝင်ပြီး ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးတယ်။
ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာတွေဖြစ်ပွါးမှုကို
သိသိသာသာလျှော့ချပေးနိုင်တယ်။ မျက်စိကျန်းမာရေး
ကို အထောက်အကူပြုတယ်။

>> Potassium လည်းကြွယ်ဝပြီး ခန္ဓာကိုယ်ရေဓာတ်ကို
ထိန်းညှိပေးတယ်။

>> Glutathione ပါဝင်ပြီး ခန္ဓာကိုယ်တွင်းရှိ အဆီတွေမှာ
ပျော်ဝင်နေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အစွမ်း (Detox) လည်းရှိတယ်။

>> Vitamin C , Viamin E တို့ပါဝင်မှုပမာဏမြင့်မားပြီး
နှလုံးကျန်းမာရေးအတွက်အလွန်အထောက်အကူပြုတယ်။ နှလုံးသေးကြောရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။

>> Chlorine ဓာတ်လည်းပါဝင်ပြီး အသည်းတွင်းမှ အဆိပ်အတောက် တွေကိုဖယ်ရှားသန့်စင်ပေးနိုင်တယ်။
အရေပြားကိုတင်းရင်းလှပစေရုံမက ကိုယ်ခံစွမ်းအားကို
လည်းမြှင့်တင်ပေးနိုင်ပါတယ်။



🍀🍀 Super Detox Foods 🍀🍀❤️❤️ Turmeric ( နနွင်း/ဆနွင်း) ❤️❤️ >>  ခန္ဓာကိုယ်အတွက်အလွန်အစွမ်းထက်တဲ့ antioxidant Curcumin ဓာတ...
17/02/2023

🍀🍀 Super Detox Foods 🍀🍀

❤️❤️ Turmeric ( နနွင်း/ဆနွင်း) ❤️❤️

>> ခန္ဓာကိုယ်အတွက်အလွန်အစွမ်းထက်တဲ့ antioxidant
Curcumin ဓာတ်ပါဝင်ပြီး အဆစ်အမြစ်ရောင်ခြင်း၊အစာ
အိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာဖြစ်တတ်တဲ့ ရောင်
ရမ်းခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်တယ်။

>> ဆီးချိုးရောဂါအမှတ် (၂) (Types 2 Diabetes)ကို
ကာကွယ်ပေးနိုင်တယ်။ သွေးကြောတလျှောက်သွေးခဲလေးတွေဖြစ်ပေါ်ခြင်းကိုထိထိရောက်ရောက်ကာကွယ်
ပေးနိုင်ပြီး နှလုံးသွေးကြောကျဥ်းခြင်း၊ ရုတ်တရက်
လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်တယ်။ခန္ဓာကိုယ်
ကို အန္တရယ်ဖြစ်စေနိုင်တဲ့ ကိုလက်စထရော (LDL
cholesterol)တွေကို လျှော့ချပေးနိုင်တယ်။

>> ဦးနှောက်ဆဲလ်တွေကိုရောင်ရမ်းစေတတ်တဲ့ အဆိပ်
အတောက်တွေကိုလည်း ဖယ်ရှားသန့်စင်ပေးနိုင်ပြီး
အယ်ဇိုင်းမားရောဂါ (Alzimer)ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်။ မှတ်ဉာဏ်စွမ်းအားကို ကောင်းစေတယ်။

>> ကင်ဆာရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးပြီး
ကင်ဆာဆဲလ်များပြန့်ပွါးခြင်း၊ ကြီးထွားခြင်းတွေကို
သက်သာစေတယ်။

>> ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး တုပ်ကွေးဖျားနာကူးစက်ရောဂါတွေကိုလည်း လျင်မြန်စွာသက်သာ
ပျောက်ကင်းစေနိုင်တယ်။

>> အမျိုးသမီးများဓမ္မတာလာခါနီးခံစားရတတ်တဲ့ နာကျင်ကိုက်ခဲတာတွေကိုလည်း သက်သာစေတယ်။

>> ခေါင်းတခြမ်းကိုက်ခြင်း (Migraines) ကိုလည်း
သက်သာပျောက်ကင်းစေနိုင်တယ်။



🍀🍀 Super Detox Foods 🍀🍀 🍍🍍 Pineapple (နာနတ်သီး) 🍍🍍>>  Protein (အသားဓာတ်)ကိုချေဖျက်ပေးနိုင်တဲ့ အလွန်အစွမ်းထက်တဲ့ အစာချေအင...
15/02/2023

🍀🍀 Super Detox Foods 🍀🍀

🍍🍍 Pineapple (နာနတ်သီး) 🍍🍍

>> Protein (အသားဓာတ်)ကိုချေဖျက်ပေးနိုင်တဲ့ အလွန်
အစွမ်းထက်တဲ့ အစာချေအင်ဇိုင်းတစ်မျိုးဖြစ်တဲ့
Bromelain ကြွယ်ဝစွာပါဝင်ပြီး အူလမ်းကြောင်းတလျှောက်ဖြစ်ပွါးတတ်တဲ့ ရောင်ရမ်းခြင်းတွေကို အထူးသက်သာစေပါတယ်။ ဗိုက်နာခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ လေပွခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းတို့ကိုလည်း
သက်သာစေနိုင်တယ်။ အမျှင်ဓာတ်လည်းကြွယ်ဝပြီး ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်။

>> ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွါးခြင်းမှလည်း ကာကွယ်ပေးနိုင်ပြီး အထူးသဖြင့် အူမကြီးကင်ဆာကို ကာ
ကွယ်ပေးနိုင်တဲ့ အလွန်အစွမ်းထက်တဲ့ သဘာဝသစ်သီး
တစ်မျိုးလည်းဖြစ်တယ်။

>> Maganese ဓာတ်ကြွယ်ဝပြီး အမျိုးသားများ သန္ဓေ
အောင်ဖို့အထောက်အကူပြုပြီး သားသမီးရနိုင်ချေကို
မြင့်မားစေတယ်။

>> Bromelain ရဲ့ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ အစွမ်းကြောင့် အဆစ်အမြစ်ရောင်ခြင်း၊ကြွက်သားများ
ရောင်ရမ်းနာကျင်တို့ကိုအထူးသက်သာစေနိုင်ပါတယ်။
အားကစားသမားတွေမှာဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာ
ရရှိမှုတွေကိုလည်း လျင်မြန်စွာသက်သာပျောက်ကင်းစေနိုင်တယ်။

>> သွေးကျဲစေတဲ့အစွမ်းလည်းရှိပြီး နှလုံးသွေးကြောကျဥ်းခြင်း၊ သွေးကြောပိတ်ခြင်းနဲ့ ရုတ်တရက်လေဖြတ်
ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်တယ်။



🍀🍀 Super Detox Foods 🍀🍀 ♦️♦️ Papaya  (သင်္ဘောသီး) ♦️♦️>>  စားသုံးလိုက်တဲ့အစားအစာတွေနဲ့ အသားဓာတ်(Protein)ကို အဓိကချေဖျက်ပ...
13/02/2023

🍀🍀 Super Detox Foods 🍀🍀

♦️♦️ Papaya (သင်္ဘောသီး) ♦️♦️

>> စားသုံးလိုက်တဲ့အစားအစာတွေနဲ့ အသားဓာတ်
(Protein)ကို အဓိကချေဖျက်ပေးနိုင်တဲ့ အစာချေ
အင်ဇိုင်း(Enzymes)တွေဖြစ်တဲ့ Papain နဲ့ Chymon-
papain တို့ကြွယ်ဝစွာပါဝင်ကြတယ်။ အမျှင်ဓာတ်လည်း
ကြွယ်ဝပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်တယ်။
အနာကျက်မြန်စေတယ်။ အစာအိမ်အနာဖြစ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

>> သင်္ဘောသီးစေ့မှာ ကပ်ပါးပိုးတွေကိုသေစေနိုင်တဲ့
အလွန်အစွမ်းထက်တဲ့ Piperazine ဓာတ်တစ်မျိုးပါဝင်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ပိုးတွေကိုလည်း
သေစေနိုင်တယ်။ အသည်းကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်။ အူလမ်းကြောင်းတလျှောက်
မှာရှိတဲ့ သံကောင်၊ ကပ်ပါးကောင်တွေကို ဖယ်ရှားပေးနိုင်
တယ်။

>> Potassium သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှ ဆိုဒီယမ်တွေကို ဆီးမှတဆင့်စွန့်ထုတ်
ဖို့ကူညီပေးလို့ သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်တယ်။
မကောင်းတဲ့ ကိုလက်စထရောတွေ (LDL cholesterol)
တွေကိုလျှော့ချပေးနိုင်တယ်။

>> အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာရောဂါတွေ
ဖြစ်နိုငိချေကိုလျှော့ချပေးနိုင်တယ်။ အာဟာရဓာတ်တွေ
ပြည့်စုံစွာပါဝင်လို့ ကိုယ်ခံစွမ်းအားကိုတက်စေတယ်။
အသားအရေကို စိုပြည်လှပစေတယ်။

>> အဝါရောင်အစွမ်းထက် antioxidant တစ်မျိုးဖြစ်တဲ့
beta-carotene အဓိကပါဝင်ပြီး မျက်စိအမြင်အာရုံအ
တွက်အထူးလိုအပ်တဲ့ Vitamin Aကိုထုတ်လုပ်ပေးနိုင်
တယ်။ အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်တဲ့ အမြင်
အာရုံချို့တဲ့ခြင်း၊ ရေတိမ်ရောဂါ၊ အတွင်းတိမ်ရောဂါနဲ့
ကြက်မျက်သင့်ရောဂါဖြစ်ပွါးတာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။



🍀🍀 Super Detox Foods 🍀🍀🧅🧅 Onions (ကြက်သွန်နီ) 🧅🧅 >>  Sulphur ဓာတ်ပေါင်းတွေဖြစ်ကြတဲ့thiosulphinates,sulphides နဲ့ sulphox...
11/02/2023

🍀🍀 Super Detox Foods 🍀🍀

🧅🧅 Onions (ကြက်သွန်နီ) 🧅🧅

>> Sulphur ဓာတ်ပေါင်းတွေဖြစ်ကြတဲ့thiosulphinates,
sulphides နဲ့ sulphoxides တို့ကြွယ်ဝစွာပါဝင်ပြီး ဘက်တီးရီးယားပိုးတွေကိုသေစေနိုင်တဲ့အစွမ်း (anti-
bacterial) နဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တဲ့အစွမ်း
(antiviral)တို့ရှိတယ်။

>> နှလုံးကျန်းမာကိုအလွန်အထောက်အကူပေးတဲ့
quercetin ဓာတ်ပါဝင်ပြီး သွေးခဲတာ၊ သွေးကြောနံရံတွေ
မာတာတွေကိုလည်းကာကွယ်ပေးနိုင်တယ်။ ခန္ဓာကိုယ် ကိုအကျိုးပြုတဲ့ ကိုလက်စထရော (HDL cholesterol )
ပမာဏကိုမြင့်တက်စေဖို့ ကူညီပေးတယ်။

>> Inulinလို့ခေါ်တဲ့အမျှင်ဓာတ်ပါဝင်ပြီးအူလမ်းကြောင်း
ကိုအကျိုးပြုတဲ့ဘက်တီးရီးယားလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကိုဖြည့်ဆည်းပေးတယ်။
အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကင်ဆာရောဂါတွေဖြစ်ပွါးမှု
ကိုလျော့နည်းသွားအောင် ကူညီပေးပါတယ်။

>> Silicon ဓာတ်လည်းကြွယ်ဝပြီး သွေးလှည့်ပတ်မှုကိုကောင်းစေတယ်။ဒါ့ပြင် အာရုံကြောတွေအားနည်းတာ၊
စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်တာတွေကိုလည်း သက်သာစေတယ်။



🍀🍀 Super Detox Foods 🍀🍀🍉🍉  Melons (ဖရဲသီး၊သခွါးမွှေးသီး) 🍉🍉>>  ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ antioxidant beta-carotene...
09/02/2023

🍀🍀 Super Detox Foods 🍀🍀

🍉🍉 Melons (ဖရဲသီး၊သခွါးမွှေးသီး) 🍉🍉

>> ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ antioxidant beta-
carotene ပါဝင်ပြီး အရေပြားနဲ့အရိုးကျန်းမာရေးအတွက်
အထောက်အကူပြုတယ်။ ဒါ့ပြင် အသက်အရွယ်ကြောင့်
ဖြစ်တဲ့ အမြင်အာရုံချို့တဲ့ခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်။

>> Citrulline လို့ခေါ်တဲ့ amino acids တစ်မျိုးကြွယ်ဝ
စွာပါဝင်ပြီး သွေးကြောလေးတွေကျယ်စေဖို့၊ သွေးပေါင်
ကျစေဖို့နဲ့ သွေးလှည့်ပတ်မှုကိုကောင်းစေဖို့ အရေးပါတဲ့
Nitric oxideထုတ်လုပ်ရာမှာ အလွန်အရေးပါပါတယ်။

>> Potassium (ပိုတက်စီယမ်)ဓာတ်လည်းကြွယ်ဝပြီး
ဆီးရွှင်စေတယ်။ ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းညှိပေးတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။ ဒါ့ပြင်
Lycopene ဓာတ်ပါဝင်လို့ နှလုံးရောဂါဖြစ်ပွါးနိုင်ချေ
ကိုလည်း လျော့ချပေးပါတယ်။

>> Amino acids arginine ကိုထွက်ရှိစေပြီး ကိုယ်ခံအား
ကိုကောင်းစေတယ်။ အနာကျက်မြန်စေတယ်။

>> ဖရဲသီးဟာ ရေဓာတ်အလွန်ကြွယ်ဝပြီး ခန္ဓာကိုယ်မှာ
အက်ဆစ်ဓာတ်များမနေစေဖို့ ကူညီပေးတဲ့ အလွန်အစွမ်း
ထက်တဲ့ Super detox food လည်းဖြစ်ပါတယ်။



🍀🍀 Super Detox Foods 🍀🍀 🍋🍋  Lemons (သံပရိုသီး)  🍋🍋 >>  Phosphorus ဓာတ်ကြွယ်ဝပြီး အာရုံကြောအဖွဲ့အစည်းတွေရဲ့ ကျန်းမာရေးအတွ...
07/02/2023

🍀🍀 Super Detox Foods 🍀🍀

🍋🍋 Lemons (သံပရိုသီး) 🍋🍋

>> Phosphorus ဓာတ်ကြွယ်ဝပြီး အာရုံကြောအဖွဲ့အစည်းတွေရဲ့ ကျန်းမာရေးအတွက်အလွန်အထောက်အ
ကူပြုတယ်။

>> Sodium ပါဝင်မှုလည်းမြင့်မားပြီး ပြန်ရည်ကြောတွေ
အတွင်းက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကိုလည်းဖယ်ရှားသန့်စင်ပေးနိုင်တယ်။ အသည်းနဲ့ သည်း
ခြေအိတ် ကျန်းမာရေးကိုလည်းကောင်းစေတယ်။

>> Vitamin C, အမျှင်ဓာတ်နဲ့ Hesperidin လို့ခေါ်တဲ့
ဓာတ်တစ်မျိုးပါဝင်ပြီး သွေးပေါင်ကျစေတယ်။နှလုံး
သွေးကြောကျဥ်းရောဂါနဲ့ ရုတ်တရက်လေဖြတ်ခြင်း တို့ကိုလည်းကာကွယ်ပေးနိုင်တယ်။

>> ရေနွေးလေးနဲ့ ဖျော်စပ်ပြီးဖျော်ရည်အဖြစ် သောက်
သုံးပေးပါက ပျို့ခြင်း၊ အန်ခြင်း၊ ရင်ပူတာ၊ အစာမကြေ
တာနဲ့ ဗိုက်နာတာတွေကို သက်သာစေတယ်။ ကပ်ပါးပိုး
တွေကိုသေစေတဲ့အစွမ်း (anti-parasitic) လည်းရှိတယ်။

>> Citrate ဓာတ်ကြွယ်ဝပြီး ဆီးကျောက်တည်တာကို ကာကွယ်ပေးနိုင်တယ်။ ဆီးရွှင်စေတဲ့အစွမ်းရှိပြီး ခြေတွေလက်တွေဖောရောင်တာကို သက်သာစေတယ်။ ဆီးလမ်းကြောင်းတလျှောက် ပိုးဝင်တာကိုလည်း ကာကွယ်
ပေးနိုင်ပါတယ်။



🍀🍀 Super Detox Foods 🍀🍀🍇🍇  Grapes (စပျစ်သီး) 🍇🍇>>  အပင်ကရတဲ့ဓာတ်ပေါင်းတွေဖြစ်တဲ့ Anthocyanins,Stilbenes နဲ့တခြား antioxi...
05/02/2023

🍀🍀 Super Detox Foods 🍀🍀

🍇🍇 Grapes (စပျစ်သီး) 🍇🍇

>> အပင်ကရတဲ့ဓာတ်ပေါင်းတွေဖြစ်တဲ့ Anthocyanins,
Stilbenes နဲ့တခြား antioxidantတွေများစွာပါဝင်ပြီး
ကင်ဆာရောဂါအမျိုးမျိုးဖြစ်နိုင်ချေကို လျော့ချပေးနိုင်
တယ်။ အရောင်ရင့်တဲ့ စပျစ်သီးတွေမှာပါဝင်တဲ့ ဓာတ်တွေက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့
ကင်ဆာရောဂါတွေဖြစ်နိုင်ချေကို သိသိသာသာလျော့ချပေးနိုင်ပါတယ်။

>> အစွမ်းထက် Antioxidant 👉 (Resveratrol)ကြွယ်ဝ
စွာပါဝင်ပြီး အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ နှလုံးသွေးကြောကျဥ်းရောဂါဖြစ်ခြင်းတို့မှလည်း ကာကွယ် ပေးနိုင်တယ်။နုပျိုကျန်းမာစေတယ်။

>> Potassium (ပိုတက်ဆီယမ်)ဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်တွင်းမှ ရေဓာတ်ကိုထိန်းညှိပေးတယ်။ အဆိပ်
အတောက်တွေကို ဖယ်ရှားသန့်စင်ပေးတယ်။

>> Antioxidant တွေနဲ့ အမျှင်ဓာတ် ပါဝင်မှုက ခန္ဓာကိုယ်
ဇီဝဖြစ်စဥ်တွေကို ထိန်းညှိကူညီပေးပြီး သွေးတွင်းသကြားဓာတ်စုပ်ယူတာကိုလည်း လျော့ချပေးပါတယ်။
ဆီးချိုဖြစ်နိုင်ချေနည်းစေတယ်။

>> ကိုယ်ခန္ဓာအတွက်အရေးပါတဲ့ ဓာတ်သတ္တုတစ်မျိုး
ဖြစ်တဲ့ Manganese (Mn)ဓာတ်လည်းကြွယ်ဝပြီး မှတ်
ဉာဏ်စွမ်းအားနဲ့ အာရုံကြောအဖွဲ့အစည်းတွေအတွက်
လိုအပ်တဲ့ အာဟာရဓာတ်ကို ပံ့ပိုးပေးတယ်။ ဒါ့အပြင်
ကျန်းမာတဲ့သွေးနီဥလေးတွေ ထုတ်ပေးရာမှာလည်း ပါဝင်ပြီး သွေးအားကောင်းစေတယ်။



🍀🍀 Super Detox Foods 🍀🍀💥💥 Ginger (ချင်းတက် (ဂျင်း) )💥💥>>  ချင်းတက်မှာ ပါဝင်တဲ့ Gingerolဓာတ်ပေါင်းဟာ နာကျင်တာတွေကိုသက်သာစ...
03/02/2023

🍀🍀 Super Detox Foods 🍀🍀

💥💥 Ginger (ချင်းတက် (ဂျင်း) )💥💥

>> ချင်းတက်မှာ ပါဝင်တဲ့ Gingerolဓာတ်ပေါင်းဟာ
နာကျင်တာတွေကိုသက်သာစေတယ်။ရောင်ရမ်းတာတွေ
ကို လျော့ချပေးတယ်။အလွန်အစွမ်းထက်တဲ့ antioxidant တစ်မျိုးလည်းဖြစ်ပါတယ်။

>> ဓာတ်ရောင်ခြည်ကုထုံးခံယူပြီးစသူတွေ၊ ခွဲစိတ်ပြီးစ သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ပျို့အန်တာ
ကိုလည်းသက်သာစေတယ်။ ကားမူးတာကို သက်သာစေတယ်။

>> အူလမ်းကြောင်းတလျှောက်အစာစုပ်ယူချေဖျက်မှု
အားကောင်းစေပြီး လေပွတာ၊ လေထိုးတာ၊ ဗိုက်နာဗိုက်အောင့်တာတွေကို ကာကွယ်ပေးနိုင်တယ်။အစာ
ချေရည်ထွက်ရှိမှုကိုလည်း အကူအညီပေးတယ်။

>> လေ့လာမှုတွေအရ ချင်း(ဂျင်း)မှာပါဝင်တဲ့ အဆီဓာတ်တစ်မျိုးဟာ အစွမ်းထက်တဲ့အကိုက်အခဲပျောက်
ဆေးတွေလိုအာနိသင်ရှိပြီး တုပ်ကွေးဖျားနာခြင်း၊နှာစေး
ချောင်းဆိုးခြင်းနဲ့ ဓမ္မတာလာစဥ် နာကျင်ကိုက်ခဲတာတွေကို အထူးသက်သာစေပါတယ်။



🍀🍀 Super Detox Foods 🍀🍀🧄🧄 Garlic ( ကြက်သွန်ဖြူ ) 🧄🧄>>  ကြက်သွန်ဖြူမှာပါတဲ့ Sulphur ဓာတ်ဟာသွေးကြောတွေအတွက် အလွန်အရေးပါတဲ့...
01/02/2023

🍀🍀 Super Detox Foods 🍀🍀

🧄🧄 Garlic ( ကြက်သွန်ဖြူ ) 🧄🧄

>> ကြက်သွန်ဖြူမှာပါတဲ့ Sulphur ဓာတ်ဟာသွေးကြော
တွေအတွက် အလွန်အရေးပါတဲ့ Nitric oxide တွေထွက်ဖို့
အကူအညီပေးတယ်။ အကျိုးဆက်အနေနဲ့ သွေးကြောတွေကိုကျယ်စေတယ်။ သွေးပေါင်ချိန်ကို ကျစေနိုင်တယ်။သွေးလှည့်ပတ်မှုကို ကောင်းစေတယ်။လေဖြတ်ခြင်းနဲ့သွေးကြောကျဥ်းရောဂါတွေ ဖြစ်နိုင်ချေကိုလျော့ချ
ပေးပါတယ်။

>> သဘာဝကပေးတဲ့ Penicillin လို့တင်စားခေါ်ဝေါ်လောက်တဲ့ Allicin နဲ့ Diallyl sulphides လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေပါဝင်ပြီး ဘက်တီးရီးယားပိုးတွေကိုသေစေနိုင်တဲ့အစွမ်း (Antibacteria)နဲ့ မှိုရောဂါတွေကိုသေစေ
နိုင်တဲ့အစွမ်း (Antifungal)တို့ရှိပါတယ်။ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်တယ်။ အအေးမိပြီးနှာစေးချောင်းဆိုး
တာတွေကိုလည်း သက်သာစေတယ်။

>> Sulfhydryl ဓာတ်ပါဝင်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်
အတောက်တွေနဲ့ အန္တရယ်ဖြစ်စေနိုင်တဲ့ ဓာတ်သတ္တုတွေ
ကို ဖယ်ရှားပေးနိုင်တယ်။

>> ကင်ဆာရောဂါတွေဖြစ်ပွါးခြင်းမှလည်း အထူးကာကွယ်ပေးနိုင်ပါတယ်။

>> ကြက်သွန်ဖြူကို ပုံမှန်စားပေးခြင်းဖြင့် သွေးတွင်း
သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါနဲ့
နှလုံးရောဂါတွေကိုဖြစ်စေနိုင်တဲ့ amino acids တစ်မျိုး
ဖြစ်တဲ့ Homocysteine ပမာဏကိုလည်း လျော့ချပေးနိုင်
ပါတယ်။



🍀🍀 Super Detox Foods 🍀🍀 🥒🥒  Cucumbers (သခွါးသီး)  🥒🥒 >>  အပင်ကရတဲ့ ဟော်မုန်းတွေဖြစ်တဲ့ ( lariciresinol,secoisolariciresi...
30/01/2023

🍀🍀 Super Detox Foods 🍀🍀

🥒🥒 Cucumbers (သခွါးသီး) 🥒🥒

>> အပင်ကရတဲ့ ဟော်မုန်းတွေဖြစ်တဲ့ ( lariciresinol,
secoisolariciresinol နဲ့ pinoresinol ) တို့ကြွယ်ဝစွာ
ပါဝင်ပြီး နှလုံးသွေးကြောကျဥ်းရောဂါနဲ့ (ရင်သား၊ သား
အိမ်၊ မျိုးဥအိမ်၊ ဆီးကျိတ် ) ကင်ဆာရောဂါတွေဖြစ်ပွါးမှု
ကိုလျော့နည်းသွားအောင် ကူညီပေးပါတယ်။

>> ခန္ဓာကိုယ်တွင်းရေဓာတ်ကို ထိန်းသိမ်းပေးပြီး ဆီးရွှင်
စေတဲ့အပြင်ဝမ်းချုပ်တာကိုလည်း ကာကွယ်ပေးတယ်။

>> ဆီးလမ်းကြောင်းတလျှောက်မှာ uric acid တွေများမနေစေဖို့ကူညီပေးလို့ ကျောက်ကပ်နဲ့ ဆီးအိမ်မှာ ကျောက်တည်တာတွေကို ကုသရာမှာ အလွန်အထောက်အကူပြုပါတယ်။

>> အစာချေဖျက်ပေးတဲ့ enzyme တစ်မျိုးဖြစ်တဲ့
(erepsin) ပါဝင်ပြီး စားသုံးလိုက်တဲ့ အသားဓာတ် (protein) တွေကိုချေဖျက်ပေးရာမှာ ကူညီပေးပါတယ်။
ဒါ့ပြင် အူလမ်းကြောင်းတလျှောက်မှာရှိတဲ့ ကပ်ပါးကောင်တွေကို သေစေနိုင်တဲ့အပြင် အူလမ်းကြောင်းကို
လည်း သန့်စင်ပေးနိုင်တယ်။

>> အပင်ကရတဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်တဲ့ (sterols)
ပါဝင်လို့ ခန္ဓာကိုယ်သွေးတွင်းက အန္တရယ်ဖြစ်စေတဲ့
ကိုလက်စထရော (LDL cholesterol) တွေကို လျော့ချပေးရာမှာလည်း အလွန်အထောက်အကူပြုပါတယ်။


🍀🍀 Super Detox Foods 🍀🍀💥💥 Celery (တရုတ်နံနံ) 💥💥>>  Coumarins လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်ပြီး သွေးပေါင်ကျစေတဲ့ အစွမ်းနဲ့...
28/01/2023

🍀🍀 Super Detox Foods 🍀🍀

💥💥 Celery (တရုတ်နံနံ) 💥💥

>> Coumarins လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်ပြီး သွေးပေါင်ကျစေတဲ့ အစွမ်းနဲ့ ခန္ဓာကိုယ်ရေဓာတ်ကို
ထိန်းပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါ့ပြင် သွေးမခဲစေတဲ့
အာနိသင်လည်းရှိတာကြောင့် နှလုံးသွေးကြောပိတ်ခြင်းနဲ့
ရုတ်တရက် လေဖြတ်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်တယ်။

>> စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့
Cortisol ထွက်ရှိမှုကိုလည်း လျော့ချပေးနိုင်လို့ စိတ်ဖိစီးမှုများတဲ့သူတွေအတွက် အစွမ်းထက် Super food ဖြစ်ပါတယ်။

🚫🚫 သွေးမခဲစေတာ၊ သွေးပေါင်ကျတတ်တာတွေကြောင့် ခွဲစိတ်ကုသမှုခံယူမည့်သူတွေ၊ခွဲစိတ်ပြီးခါစသူတွေ၊သွေးပေါင်ကျတတ်သူတွေ သတိထားပြီး စားသုံး
သင့်ပါတယ်။ 🚫🚫

>> အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝစွာပါဝင်လို့ ဝိတ်ချရာ
မှာလည်းအသုံးဝင်ပါတယ်။

>> Silicon ဓာတ်ကြွယ်ဝတဲ့အပြင် Vitamin K လည်းပါဝင်လို့ ဆံပင်နဲ့ အသားအရေ လှပဖို့အထောက်အကူပြု
တယ်။ အရိုး၊အဆစ်၊ကြွက်သားတွေနဲ့ ခန္ဓာကိုယ်
သွေးကြောတွေရဲ့ ကျန်းမာရေးအတွက်လည်း အလွန်အကျိုးပြုပါတယ်။



🍀🍀 Super Detox Foods 🍀🍀🥕🥕 Carrots (မုန်လာဥနီ) 🥕🥕>>  ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Vitamin A ကိုထုတ်လုပ်ပေးရာမှာ အဓိကအရေးပါတဲ့...
26/01/2023

🍀🍀 Super Detox Foods 🍀🍀

🥕🥕 Carrots (မုန်လာဥနီ) 🥕🥕

>> ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Vitamin A ကိုထုတ်လုပ်
ပေးရာမှာ အဓိကအရေးပါတဲ့ Beta-carotene အလွန်
ကြွယ်ဝစွာ ပါဝင်ပါတယ်။

>> အမျှင်ဓာတ်ကြွယ်ဝလို့ နည်းနည်းနဲ့ ဗိုက်ပြည့်စေတဲ့
ခံစားချက်ကို ရရှိစေတဲ့အတွက် ခန္ဓာကိုယ်ဝိတ်ချရာမှာ
အလွန်အကျိုးပြုပါတယ်။ အစာကြေစေတဲ့ အစွမ်းရှိပြီး
ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

>> Calcium ဓာတ်တစ်မျိုးပါဝင်ပြီး ခန္ဓာကိုယ်သွေးတွင်း အန္တရယ် ဖြစ်စေနိုင်တဲ့ ကိုလက်စထရောတွေကို
လျော့ချပေးရာမှာလည်း အလွန်အထောက်အကူပြုပါတယ်။

>> Beta-carotene အပြင် Lutein, Lycopene တို့ပါဝင်
လို့ အမြင်အာရုံကို ကြည်လင်စေတယ်။ ကြက်မျက်သင့်
ရောဂါဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်တယ်။

>> Silicon ဓာတ်ပါဝင်လို့ အရေပြား၊ လက်သည်း/ခြေသည်း တွေရဲ့ ကျန်းမာရေးကိုလည်း အလွန်အထောက်အကူပြုပါတယ်။



👦👧 သားသားမီးမီးတို့ အရပ်ဘယ်လောက်ရှည်မလဲ👦👧>>  ဒီနေ့မှာတော့ ကျန်းမာသန်စွမ်းတဲ့ မိဘတွေက မွေးဖွားလာတဲ့ ရင်သွေးငယ်လေးတွေ ကြီး...
22/01/2023

👦👧 သားသားမီးမီးတို့ အရပ်ဘယ်လောက်ရှည်မလဲ👦👧

>> ဒီနေ့မှာတော့ ကျန်းမာသန်စွမ်းတဲ့ မိဘတွေက မွေးဖွားလာတဲ့ ရင်သွေးငယ်လေးတွေ ကြီးပြင်းလာတဲ့ အခါ
အရပ်ဘယ်လောက်မြင့်မလဲ ဆိုတာကြိုတင်မှန်းဆလို့
ရအောင် အနီးစပ်ဆုံးတွက်ချက်လို့ရတဲဲ့ နည်းလေးမျှဝေ
ပေးလိုက်ပါတယ်။

>> ပုံမှန်အားဖြင့် မိန်းကလေးတွေဟာ အသက်(၁၇-၁၈) နှစ်ထိအရပ်ရှည်လေ့ရှိပြီး ယောကျာ်းလေးတွေ ကတော့
အသက် (၁၉ - ၂၁ )နှစ်အထိ အရပ်ရှည်ဖို့ အခွင့်အလမ်း
ရှိကြပါတယ်။

>> လေ့လာတွေ့ရှိချက်တွေအရ ဒီတွက်နည်းလေးနဲ့
တွက်ချက်ထားတဲ့ ရလဒ်တွေဟာ အရွယ်ရောက်ပြီး
ကလေးတွေရဲ့ အရပ်နဲ့ (၄)လက်မခန့်သာ အတိုးအလျော့ရှိတာကို တွေ့ရပါတယ်။

🍀🍀 Super Detox Foods 🍀🍀 🥬  Cabbage (ဂေါ်ဖီထုပ်) 🥬 >>  Vitamin U လို့ခေါ်တဲ့ S- methylmethionine ဓာတ်အများအပြားပါဝင်ပြီး ...
21/01/2023

🍀🍀 Super Detox Foods 🍀🍀

🥬 Cabbage (ဂေါ်ဖီထုပ်) 🥬

>> Vitamin U လို့ခေါ်တဲ့ S- methylmethionine ဓာတ်
အများအပြားပါဝင်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်း
တလျှောက်မှာဖြစ်တဲ့အနာတွေကို ကျက်မြန်စေဖို့ အလွန်
အစွမ်းထက်ပါတယ်။

>> Chlorine နဲ့ Sulphur ဓာတ်တွေပါဝင်မှုက သွေးတွင်း
အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။

>> အသည်းတွင်းမှ အဆိပ်တွေကို သန့်စင်ပေးနိုင်တဲ့
antioxidant တမျိုးဖြစ်တဲ့ Glutathione ထုတ်လုပ်ရာမှာလည်း ပါဝင်ပြီးအသည်းကျန်းမာရေးကို အထောက်အကူပြုတယ်။

>> Vitamin C, Viamin K, Calcium နဲ့ Sulphur တို့ပါဝင်
မှုက အသားရေ လှပဖို့ ကူညီပေးပါတယ်။ ဝက်ခြံထွက်
တာနဲ့ နှင်းခူရောဂါ တို့ကိုလည်း သက်သာစေတယ်။

>> Sulphur ပါဝင်မှုများလို့ အူလမ်းကြောင်းတလျှောက်
မှာရှိတဲ့ ကပ်ပါးကောင်တွေကို သေစေနိုင်တယ်။ အမျှင်
ဓာတ်လည်းကြွယ်ဝလို့ ဝမ်းချုပ်တာကို ကာကွယ်ပေး
နိုင်ပါတယ်။

(ကိုးကား 👉 Healing foods by Neal’s Yard book)



♦️♦️ Minerals (သတ္တုဓာတ်)  ♦️♦️>> ခန္ဓာကိုယ်မှာVitaminsလို့ခေါ်တဲ့သက်စောင့်ဓာတ်တွေအရေးကြီးသလို ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ...
20/01/2023

♦️♦️ Minerals (သတ္တုဓာတ်) ♦️♦️

>> ခန္ဓာကိုယ်မှာVitaminsလို့ခေါ်တဲ့သက်စောင့်ဓာတ်တွေ
အရေးကြီးသလို ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေ ပုံမှန်
လည်ပတ်ဖို့ Minerals (သတ္တုဓာတ်)တွေကလည်း အလွန်
အရေးပါပါတယ်။ ဒီသတ္တုဓာတ်တွေထဲကမှ ခန္ဓာကိုယ်က
ပမာဏများများလိုအပ်တဲ့ (Macrominerals) 👉 (7)မျိုးရှိပါတယ်။ ဒီသတ္တုဓာတ်တွေကို အစားအသောက်
တွေထဲကနေလည်း သဘာဝအတိုင်းရနိုင်သလို ဖြည့်စွက်စာ (Supplements)တွေကနေလည်း ရနိုင်ပါတယ်။

♦️ Calcium ♦️

>> Calcium (ထုံးဓာတ်)ဟာ အရိုးနဲ့ သွားတွေ ကျန်းမာ
သန်စွမ်းဖို့ အလွန်အရေးပါတဲ့အပြင် အာရုံကြောနဲ့ ကြွက်
သားတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့ အလွန်အထောက်အကူပြုပါတယ်။

♦️ Phosphorus ♦️

>> Phosphorous (မီးစုန်းဓာတ်)ဟာ အရိုးတွေကြံ့ခိုင်ဖို့နဲ့
စားလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲ
ပေးရာမှာ အဓိကပါဝင်ပါတယ်။ Phosphorous ချို့တဲ့လာရင် ကြွက်သားတွေ အားနည်းလာတတ်ပါတယ်။

♦️ Sulfur ♦️

>> Sulfur (ကန့်ဓာတ်)ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့
အရေးပါတဲ့ ကြွက်သားတွေ ၊တစ်သျှူးတွေတည်ဆောက်
ရာမှာလိုအပ်တဲ့ပရိုတိန်းဓာတ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုလည်းဖြစ်ပါတယ်။

♦️ Chloride ♦️

>> Chloride (ကလိုရိုက်)ဟာ အစာအိမ်အတွက်
အရေးကြီးတဲ့ အစာခြေအက်ဆစ်တွေထဲမှာအစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ပါတယ်။

♦️ Sodium ♦️

>> Sodium (ဆိုဒီယမ်)- အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ဆဲလ်တွေအတွင်းမှာရှိတဲ့ အရည်ဓာတ်
ပမာဏကိုအဓိက ထိန်းညှိပေးပါတယ်။ Sodium ပမာဏ
လျော့နည်းလာရင် ခေါင်းကိုက်တာကအစ သတိလစ်
မေ့မြောတဲ့အထိဖြစ်တတ်ပါတယ်။

♦️ Magnesium ♦️

>> Magnesium(မဂ္ဂနီဆီယမ်)- အရိုးတွေ၊ ခန္ဓာကိုယ်
ဆဲလ်တွေအားလုံးမှာတွေ့ရပြီး ကိုယ်ခံစွမ်းအားစနစ်၊
ကြွက်သားနဲ့ အာရုံကြောစနစ်တွေ အတွက်အလွန်အရေး
ကြီးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။Magnesiumချို့တဲ့ရင်
ကြွက်သားတွေ အားနည်းတာ၊ အော့အန်တာ၊နှလုံးကျန်းမာရေးထိခိုက်တာနဲ့ အသက်သေဆုံးတာ အထိဖြစ်
နိုင်ပါတယ်။

♦️ Potassium ♦️

>> Potassium(ပိုတက်ဆီယမ်)- ခန္ဓာကိုယ်ကြွက်သားတွေ၊ အာရုံကြောအဖွဲ့အစည်းတွေနဲ့ ခန္ဓာကိုယ် အရည်
ဓာတ်ကို ထိန်းညှိပေးရာမှာ အလွန်အရေးကြီးတဲ့ ဓာတ်
တစ်မျိုးဖြစ်ပါတယ်။Potassium ချို့တဲ့ရင် ကြွက်တက်တာ၊နှလုံးခုန်မမှန်တာတွေ ဖြစ်လာ
နိုင်ပါတယ်။


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959757160403

Website

Alerts

Be the first to know and let us send you an email when Yaung Chi Thit-YCT by Dr.W posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram