08/10/2024
သူမ ကျွန်တော်ကို မချစ်တော့မှာ ကြောက်နေခဲ့သလို၊
ကျွန်တော်မဟုတ်တဲ့ အခြားတစ်ယောက်ကို သူမ ချစ်မိသွားမှာကိုလဲ ကြောက်ခဲ့မိပါတယ်။
အမှတ်တရတွေအကုန်လုံးကို ကျွန်တော်တစ်ယောက်ထဲပဲ သိမ်းထားရမှာ ကြောက်ခဲ့မိသလို၊
အဲ့အမှတ်တရတွေက သူမ ဘဝအတွက် ဘာမှမဟုတ်အရေးမကြီးခဲ့တဲ့ အရာတွေဖြစ်သွားမှာကိုလဲ
ကြောက်ခဲ့မိပါတယ်။
သူမရဲ့ မျက်နှာလေးကို လက်ဖြင့် သေချာထိတွေ့ခဲ့ရချိန်မှာ ကျွန်တော့် ဘဝရဲ့ ချစ်ရသော ဖြစ်တည်မူလေးပါလားလို့ တွေးရင်း၊
ဆုံးရူံးသွားရမှာကိုလဲ ကြောက်နေခဲ့ ဖူးပါတယ်။
ကျွန်တော်ကြောက်ခဲ့ရသော အရာများ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ၊ အကြောက်တရား တွေအားလုံးကို ရင်ဆိုင်ဖို့ ခွန်အားမရှိခဲ့တဲ့ အခါ၊
မိမိ့ကိုကိုယ် လိမ်ညာ နှစ်သိမ့်ခြင်းဖြင့်
ရှေ့ဆက်ခဲ့ရပါတယ်။
အကယ်၍များ တစ်နေ့နေ့မှာ ကျွန်တော်လဲ လွှတ်လပ်စွာပြိုလဲခွင့်ရအုန်းမယ်ဆိုရင်၊
သူမနဲ့ပါတ်သတ်သမျှတွေကို
နားကျည်း တတ်လာမယ် ထင်ပါရဲ့ဗျာ။