03/05/2026
🧑⚕️ အစာအိမ်ရောင်ခြင်းအကြောင်း
အစာအိမ်ရောင်ခြင်း ဆိုတာ အစာအိမ်ရဲ့ အတွင်းဘက်နံရံ အမြှေးပါးလေးတွေ ရောင်ရမ်းတာ၊ ပွန်းပဲ့တာ ဒါမှမဟုတ် ပါးလွှာသွားတာကို ဆိုလိုတာပါ… အစာအိမ်ရောင်ရတဲ့ အဓိကအကြောင်းရင်းများကတော့ H. pylori ဘက်တီးရီးယားပိုးက အစာအိမ်ရောင်ခြင်းနဲ့ အစာအိမ်အနာဖြစ်ခြင်းရဲ့ အဓိကအကြောင်းဖြစ်ပါတယ်
👉 အကိုက်အခဲပျောက်ဆေးများ (Ibuprofen, Aspirin) စတဲ့ ဆေးတွေကို အစာအိမ်ဆေးမပါဘဲ ရေရှည်သောက်သုံးခြင်း။
👉 အရက်အလွန်အကျွံသောက်ခြင်း…. အရက်က အစာအိမ်နံရံကို လောင်စေပြီး ရောင်ရမ်းစေပါတယ်။
👉 ကြီးမားတဲ့ ခွဲစိတ်မှု၊ ထိခိုက်ဒဏ်ရာ သို့မဟုတ် ပြင်းထန်တဲ့ ဖျားနာမှုတွေကြောင့် စိတ်ဖိစီးမှုများတဲ့အခါ အစာအိမ်ရောင်တတ်ပါတယ်။
👉 အစပ်များတာ၊ အဆီအစိမ့်များတာနဲ့ အချိန်မမှန်ဘဲ စားတာတွေကလည်း အစာအိမ်ရောင်ခြင်းကို ပိုဆိုးစေပါတယ်။
❗အစာအိမ်ရောင်ရင် ဘယ်လိုခံစားရမလဲ?
👉 ဗိုက်အပေါ်ပိုင်း (ရင်ညွန့်) အောင့်ခြင်း၊ ပူခြင်း သို့မဟုတ် အောင့်တောင့်တောင့် ဖြစ်ခြင်း။
👉 အစာစားပြီးနောက် ဗိုက်အရမ်းကယ်ခြင်း သို့မဟုတ် တင်းကျပ်ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက် ပျက်ခြင်း၊
👉 အခြေအနေဆိုးရင် ဝမ်းအမည်းရောင်သွားခြင်း သို့မဟုတ် အန်ဖတ်ထဲမှာ သွေးပါခြင်း။
✖️ရှောင်ရန်
အစပ်နှင့် အချဉ်: ငရုတ်သီး၊ ချဉ်လွန်းတဲ့ အသီးအနှံများ။
အဆီအစိမ့်: ဆီကြော်စာတွေက အစာခြေရခက်စေပါတယ်။
ကဖင်းနှင့် အရက်: ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်ကို ရှောင်ပါ။
ဆေးလိပ်: ဆေးလိပ်သောက်ခြင်းက အစာအိမ်နံရံ အနာကျက်နှုန်းကို နှေးကွေးစေပါတယ်။
❗ဆောင်ရန်
👉အစာကို နည်းနည်းနဲ့ အကြိမ်ခဏခဏစားပါ။ တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းချင်း ၄-၅ ကြိမ် ခွဲစားပါ။
👉အစာစားချိန် မှန်ပါစေ။ ဗိုက်ထဲမှာ အစာမရှိဘဲ အက်စစ်တွေ ထွက်နေတာက အစာအိမ်နံရံကို ပိုထိခိုက်စေပါတယ်။
👉ဒိန်ချဉ် သောက်ပေးပါ။ ဒိန်ချဉ်မှာပါတဲ့ Probiotics က အစာအိမ်လမ်းကြောင်းအတွက် ကောင်းမွန်စေပါတယ်။
👉ရေကို ပုံမှန်သောက်ပါ။
🧑⚕️ ဘယ်အချိန်မှာ ဆရာဝန်ပြသသင့်လဲ?
အစာအိမ်အောင့်တာက တစ်ပတ်ထက်ကျော်ပြီး မသက်သာရင် ဒါမှမဟုတ် ဝမ်းအမည်းရောင်တွေ သွားရင်၊ သွေးအန်ရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသင့်ပါတယ်။
#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ