MY FOUR

MY FOUR ကျန်းမာ စေမည့် လွယ်ကူ အရသာရှိသော အစားအစာ ပြင်ဆင် ချက် ပြုတ် နည်းများ ကို မျှဝေ ပေး ချင်ပါတယ်။

တနေ့ဘယ်လောက်စားရမှာလဲ ? အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေ တစ်နေ့လျှင် ကယ်လိုရီ 1,600 မှ 2,400 ကြားနှင့် အရွယ်ရောက်ပြီးသူ အမ...
27/05/2024

တနေ့ဘယ်လောက်စားရမှာလဲ ? အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေ တစ်နေ့လျှင် ကယ်လိုရီ 1,600 မှ 2,400 ကြားနှင့် အရွယ်ရောက်ပြီးသူ အမျိုးသားများ 2,200 မှ 3,000 ကြား လိုအပ်တယ်ဆိုပေမဲ့၊ ၎င်းတို့ရဲ့ အသက်၊ အရွယ်အစား၊ အရပ်၊ လူနေမှုပုံစံ၊ ကျန်းမာရေးနှင့် လှုပ်ရှားမှုအဆင့်အပေါ် မူတည်ပီး နဲနဲထပ်ကွဲပါတယ်. ဥပမာ "မ" အသက် ၁၉-၃၀ မှာ ကယ်လိုရီ ၂၂၀၀ လိုပေမဲ့ ၅၀ ကျော်သွားရင် ၁၈၀၀ လောက်ပဲလိုတော့တာမျိုး.။ လှုပ်ရှားမှုနဲသူ ဆိုအဲ့လောက် မလိုအပ်တာ လည်းဖြစ်နိုင်တာပဲ။ အားရင်အားသလို album နဲ့ တွက်ပီးတင် ဖို့ကြိုးစား မယ်၊ ကယ်လိုရီ ၄၀၀ က ၅၀၀ ကြား က နေ့လည်စာ သို့မဟုတ် ညစာပေါ့



Less than 300 calories breakfast 🍲🍚🍳! ကြိုက်တာရွေးစားမယ်..😘 ကော်ဖီ တခွက်ထပ်ထဲ့တောင် ၃၅၀ ကယ်လိုရီ မကျော်လို့
26/05/2024

Less than 300 calories breakfast 🍲🍚🍳! ကြိုက်တာရွေးစားမယ်..😘 ကော်ဖီ တခွက်ထပ်ထဲ့တောင် ၃၅၀ ကယ်လိုရီ မကျော်လို့

အညာ စာ  သခွပ်ပွင့်နဲ့ ညောင်ချဉ်ဖူး သုပ် ။ သခွပ်ပွင့်ကို သူတို့က ဟင်းငုတ်ပွင့်တဲ့ ညောင်ချဉ်ဖူးကလည်း ဆိမ့်ဆိမ့်လေး အချဉ်အရ...
25/05/2024

အညာ စာ သခွပ်ပွင့်နဲ့ ညောင်ချဉ်ဖူး သုပ် ။
သခွပ်ပွင့်ကို သူတို့က ဟင်းငုတ်ပွင့်တဲ့ ညောင်ချဉ်ဖူးကလည်း ဆိမ့်ဆိမ့်လေး အချဉ်အရသာမရှိပဲ နံမည်ကိုက ညောင်ချဉ်ဖူး ကြက်သွန်နီ အစိမ်း ကြက်သွန်ဖြူနီ ဆီချက် မြေပဲထောင်း ပုစွန်ခြောက်မှုန့် နဲ့သုပ်စားတာ တော်တော်ကောင်း

လိုချင်မိနေ တဲ့ kitchen လေးများ... အပြာနုနု အရောင်ဆန်းဆန်း. love it love it 🥰
07/05/2024

လိုချင်မိနေ တဲ့ kitchen လေးများ... အပြာနုနု အရောင်ဆန်းဆန်း.
love it love it 🥰

ပိုအရေးကြီးတယ်
04/05/2024

ပိုအရေးကြီးတယ်

ပူတဲ့ရာသီတွေအတွက်  အေးမြလန်းဆန်းအောင် မိုဟီတို  mojito လုပ်သောက်ကြမယ်။ လုပ်နည်းလေးက လွယ်မှလွယ်သကြားတဇွန်းနဲ့ ပူစီနံ ၁၀ရွ...
04/05/2024

ပူတဲ့ရာသီတွေအတွက် အေးမြလန်းဆန်းအောင် မိုဟီတို mojito လုပ်သောက်ကြမယ်။ လုပ်နည်းလေးက လွယ်မှလွယ်
သကြားတဇွန်းနဲ့ ပူစီနံ ၁၀ရွက်လောက်ကို ချေပါ mint အနံလေးမွှေးလာအောင်။
ဖန်ခွက်အရှည်လေးထဲကို ချေထားတာ‌ တွေထဲ့ သံပုရာသီးအလုံးကြီး တလုံး အရည်ညှစ်းထည့်ပြီး ရမ် အဖြူ ၄၀ မီလီလောက် ထဲ့ပါ ‌ဆိုဒါတစ်ဘူးထဲ့လိုက်ရင် အေး မွှေး နေတဲ့ မိုဟီတို ကိုသောက်လို့ရပါပြီ။
အရက်လွတ်သောက်ချင်ရင်တော့ ရမ်မထည့်ပဲသောက်လို့ကောင်းပါတယ်။
ပံမှန် သကြား ၂ ဇွန်းလောက်ထဲ့ကြပေမဲ့ အချိုလျော့ထားတယ်။


ဒီရာသီနဲ့အလိုက်ဖက်ဆုံး ရင်ကိုအေးမြစေတဲ့ဖရဲသီးဖျော်ရည် 🍉🧋🤩ခက်လိုက်တာ ဖရဲသီးစိပ်လေးတွေ မွှေစက်ထဲထဲ့မွှေ ပြီး ပူစီနံလေး တင်...
01/05/2024

ဒီရာသီနဲ့အလိုက်ဖက်ဆုံး ရင်ကိုအေးမြစေတဲ့ဖရဲသီးဖျော်ရည် 🍉🧋🤩
ခက်လိုက်တာ ဖရဲသီးစိပ်လေးတွေ မွှေစက်ထဲထဲ့မွှေ ပြီး ပူစီနံလေး တင်လိုက်တာ။ ဖရဲသီးထဲမှာ သကြားဓါတ်ပါပီးသားမို့ သကြားထပ်မထည့်ပါဘူးနော်။ 🍉🧋
#ဖရဲသီးဖျော်ရည်

အရမ်းပူတယ်နော် ရင်ထဲမှာ အေးသွားအောင် ဆေးကုလားမ ကျောက်ကျော ချီရာစေ့ ဖျော်ရည်လုပ်သောက်ကြမယ်ရင်ကိုအေးမြစေမယ် အလွယ်ဆုံး  low...
30/04/2024

အရမ်းပူတယ်နော် ရင်ထဲမှာ အေးသွားအောင် ဆေးကုလားမ ကျောက်ကျော ချီရာစေ့ ဖျော်ရည်လုပ်သောက်ကြမယ်
ရင်ကိုအေးမြစေမယ် အလွယ်ဆုံး low carb high fiber ဖျော်ရည်ကို ပျားရည်‌‌ လေးနဲ့ဖျော် အရသာလေးကဲအောက် သံပုရာရည်လေးညှစ်စားပါ။🥤😋
#‌ကျောက်ကျောဖျော်ရည်

#ဆေးကုလားမ

ကော်ဖီ ကိုဝီစကီလို အရသာခံပြီးသောက်ရတဲ့ဖီလင် က အရမ်း ငြိမ့် ☕  ကကတစ်ငါး အသားလွှာပေါင်းလေးနဲ့  healthy choice for me.
26/04/2024

ကော်ဖီ ကိုဝီစကီလို အရသာခံပြီးသောက်ရတဲ့ဖီလင် က အရမ်း ငြိမ့် ☕
ကကတစ်ငါး အသားလွှာပေါင်းလေးနဲ့ healthy choice for me.

အမြည်းအိုင်ဒီယာ ရှယ်လို့မရလို့ကော်ပီလာတာ။ပိတ်ရက်တွေမှာ ဘာလုပ်စားရင်ကောင်းမလဲစဉ်းစား မရဖြစ်နေရင်ပိုပိုကောင်းဆလက် လေးလုပ်စ...
16/04/2024

အမြည်းအိုင်ဒီယာ ရှယ်လို့မရလို့ကော်ပီလာတာ။

ပိတ်ရက်တွေမှာ ဘာလုပ်စားရင်ကောင်းမလဲစဉ်းစား မရဖြစ်နေရင်ပိုပိုကောင်းဆလက် လေးလုပ်စားပါလား။

ဝက်မှိုလုံးရဲ့ချို ကြွပ် မွ နေတဲ့ အရသာကို အချဉ် အစပ် ကဲကဲထဲ့ ရှမ်းနံနံ နဲ့ တရုပ်နံနံရဲ့မွှေးပျံ့ခြင်း တွေ ခရမ်းချဉ်သီး, သခွားသီးလတ်လတ်ဆတ်ဆတ်တွေနဲ့ သုပ်လိုက်တာ ဘာနဲ့မဆိုလိုက်ဖက်နေလို့ 😋

ပထမဆုံးဝက်မှိုလုံးကိုဆီအနည်းငယ်နဲ့ နီညိုရောင်သမ်းလာတဲ့အထိ အိုးပူတိုက်ပါ။ 🍢🫕
ဒုတိယ ‌အဆင့် ဆော့စ် အတွက် ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ကိုထောင်းပါ သံပုရာသီး နှစ်လုံးခန့်ကို အရည်ညှစ်ထဲ့ ပါ ။ငံပြာရည် အကြည် ,ဆား,ဟင်းခတ်မှုန့် အနည်းငယ် နဲ့ sweet chili sauce ကို ရောစပ်ပီးသမအောင်မွှေပါ။ ရှမ်းနံနံနဲ့တရုပ်နံနံ အနည်းငယ်ကို သေးသေးလေးတွေ ဖြစ်အောင် ဖြတ်ပြီး ဆော့အရည်ထဲကိုထဲ့ပါ။ 🥣🧄🌶️
တတိယအဆင့်ကတော့
ခရမ်းချဉ်သီးအလုံးခပ်ကြီးကြီးကို ခပ်သင့်သင့်လှီးပါမယ် အသုတ်မှာ အရည်ရွှမ်းရချင်လို့ အစေ့တွေမဖယ်ပါဘူး။ သခွားသီးကိုတော့ လေးတောင့်လေးဖြစ်အောင် အူတိုင်မပါပဲအပြင်သားတွေချည်းယူထားပါတယ်။ ကြက်သွန်မြိတ်ကြိုက်တယ်ဆိုရင် လက်တစ်ဆစ်လောက်အနေအထားဖြတ်ထည့်ပါ။ 🥒🍅
ဒါဆိုရင်‌တော့ လှီးထားတဲ့ ဝက်မှိုလုံးတွေနဲ့အားလုံး ရောပြီးအရသာနံ့အောင်မွှေလိုက်ရင်တော့ ချဉ်စပ်ချိုမွှေးနေတဲ့ ဝက်မှိုသုပ်ကို ကိုရပါပီ။😍
ဒီအတိုင်းပဲစားစား ဘာနဲ့ပဲ တွဲသောက်သောက် ထမင်းနဲ့ပဲစားစား အရမ်းကိုကောင်းနေပါပြီ။😋🍻🥤
#အမြည်း


သင်္ကြန် အချိန် တွေ တိုင်း လုပ်စားဖြစ်တဲ့ မော်လမြိုင် သင်္ကြန်ထမင်းနဲ့စားရတဲ့ သရက်သီး နဲ့ကြော်တဲ့ငါးခြောက်ထောင်းကြော်အကေ...
12/04/2024

သင်္ကြန် အချိန် တွေ တိုင်း လုပ်စားဖြစ်တဲ့ မော်လမြိုင် သင်္ကြန်ထမင်းနဲ့စားရတဲ့
သရက်သီး နဲ့ကြော်တဲ့ငါးခြောက်ထောင်းကြော်
အကောင်းဆုံးက တော့ ငါးကွန်းရှ ပ် နဲ့ကြော်တာပါ။
ပထမဆုံး ကြက်သွန်နီ အလုံးသင့်သင့်ထက်ခြမ်းခွဲ
သရက်သီးစိမ်းကို ခြစ်ထားပီး အချဉ်ရေတွေကို ညှစ်ပါတယ်။ အချဉ်အရသာလျော့စေချင်လို့ပါ။ ပြီးရင် ကြက်သွန်နီ ကိုအနည်းငယ် နွမ်းအောင်ဆီသတ် သရက်သီးခြစ်ထဲ့ ဆားအနည်းငယ် ဟင်းခတ်မှုန့် ထဲ့
ငရုတ်သီးအရောင်တင်မှုန့်ထဲ့ မွှေ ပီး ပုံထဲကလိုသရက်သီးနွမ်းလာချိန် ကျ ပြုတ်ပြီး အရိုးဖယ်ထောင်းထားတဲ့ ငါးကွန်းရှပ် နဲ့ ကြော်ပါ အရသာမြည်းပြီး ငါးခြောက်နဲ့ သရက်သီးအရသာရော စပ်သွား တဲ့အချိန်ဆို အဆင်သင့်ဖြစ်ပါပီ။
ဖယောင်းရေ နဲ့ထမင်းတော့ မကြိုက်လို့ ရိုးရိုးထမင်းနဲ့ပဲ စားဖြစ်ပါတယ်။ ငရုတ်သီးခြောက်ကြော်လေးကောပါပါစေ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MY FOUR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MY FOUR:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram