09/04/2022
📸 👶Baby HieHie Photo Challenge 👶📸
✨Hello ... မေမေတို့ရေ!
မေမေတို့ရဲ့ချစ်စရာကောင်းတဲ့သားသားမီးမီးလေးတို့အတွက် မြန်မာ့နှစ်သစ်ကူးအတာသက်ြန်အထိမ်းအမှတ်အဖြစ် ဟီအဲဟီအဲ မှ ကလေးအလှဓာတ်ပုံပြိုင်ပွဲလေးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။✨
❤️ဒါကြောင့် ဘေဘီလေးတို့ရဲ့ချစ်စဖွယ်အမူအရာလေးများကို မေမေတို့က ဖုန်းနဲ့ဖြစ်စေ၊ ကင်မရာဖြင့်ဖြစ်စေ ရိုက်ကူးပြီး နှစ်သက်ရာ အကောင်းဆုံး ပုံ(၁)ပုံကို ရွေးချယ်ပေးပြီး ယခု post ရဲ့ အောက်မှာ comment ပေးပို့ ပြိုင်ပွဲဝင်နိူင်ပါတယ်။❤️
✨ပြိုင်ပွဲဝင်ရာတွင် ပြုလုပ်ရမည့်အချက်များ ✨
1. Hie Hie Cooling Gel Page ကို Like & Share လုပ်ပေးပါ။
2.မူရင်း postအောက်မှာ ပြိုင်ပွဲဝင်မည့် ပုံ(၁)ပုံ ကို ကလေးရဲ့အမည်၊အသက်နှင့်အတူ Comment မန့်ပေးပါ။ ကလေးအသက်(၆)လမှ (၃)နှစ်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။
3. Like အများဆုံးရရှိသည့် Photo Comment (၃)ပုံ ကိုရွေးချယ်ပြီး ပထမ၊ဒုတိယ၊တတိယဆု(၃)ဆု ကို ဆုချီးမြင့်ပေးသွားမှာဖြစ်ပါတယ်။
4. Like အများဆုံးရရှိရန်အတွက် Share , Mention and tagများပြုလုပ်နိုင်ပြီး မူရင်းပို့စ်မှာရှိတဲ့ ကွန်မန့်ရဲ့ Likeအရေအတွက်ကိုပဲ အတည်ပြုသွားမှာဖြစ်ပါတယ်။
5. Like အရေအတွက်ကို ရေတွက်ရာတွင် သတ်မှတ်ရက်အတွင်းပြိုင်ပွဲဝင်ထားသည့် ပုံများကိုသာစိစစ်ရေတွက်သွားမှာဖြစ်ပြီး၊မည်သည့် Reaction (👍,❤️,🥰,😯,😆,😥,😡) ကိုမဆို ထည့်သွင်းရေတွက်ပေးသွားမှာဖြစ်ပါတယ်။
6.ပြိုင်ပွဲဝင်ပို့စ်နှင့်ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာကိစ္စတစုံတရာပေါ်ပေါက်လာပါက page adminများရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။
ယခုပြိုင်ပွဲဟာ ဖေဖေ၊မေမေတို့ရဲ့ချစ်ခြင်းများဖြင့် ကြီးပြင်းလာကြတဲ့ဘေဘီလေးတွေရဲ့ချစ်စဖွယ် ပုံရိပ်များကိုထင်ဟပ်ပြသချင်သောရည်ရွယ်ချက်ဖြင့်ပြုလုပ်ပေးခြင်းဖြစ်တာကြောင့် သတ်မှတ်ထားသောနည်းလမ်းများဖြင့်သာ အနိုင်ရရှိဖို့ ကြိုးစားကြစေလိုကြောင်းတိုက်တွန်းလိုက်ပါတယ်။ မိသားစုအားလုံးကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးရင်း Winner Babyလေးတွေကို ရင်ခုန်စွာမျှော်လင့်နေပါပြီနော်။
✨ပြိုင်ပွဲကျင်းပမည့်ရက် ✨
(8.4.2022) မှ (12.4.2022)အထိ
✨ဆုကြေငြာပေးမည့်ရက်✨
(14.4.2022)
✨ဆုပေးအပ်မည့်ရက်✨
(18.4.2022)
✨ပေးအပ်မည့်ဆုများ✨
🎁ပထမဆု (200,000)သိန်း နှင့်
ဟီအဲဟီအဲ အပူကျပလာစတာဘူးလက်ဆောင်
🎁ဒုတိယဆု (150,000)သိန်း နှင့်
ဟီအဲဟီအဲ အပူကျပလာစတာဘူးလက်ဆောင်
🎁တတိယဆု (100,000)သိန်း နှင့်
ဟီအဲဟီအဲ အပူကျပလာစတာဘူးလက်ဆောင်