WaterLab by Dr. Sai

WaterLab by Dr. Sai Blink three times when you feel it kicking in 👁️👁️👁️

⚡ လူ့ကျောက်ကပ်တွေဟာ နေ့တိုင်း သွေး ၁၉၀ လီတာခန့်ကို သန့်စင်ပြီး ခန္ဓာကိုယ်အတွက် ရေကို ပြန်လည်အသုံးချပေးနေပါတယ်။ကိုယ်ပိုင်...
16/09/2025

⚡ လူ့ကျောက်ကပ်တွေဟာ နေ့တိုင်း သွေး ၁၉၀ လီတာခန့်ကို သန့်စင်ပြီး ခန္ဓာကိုယ်အတွက် ရေကို ပြန်လည်အသုံးချပေးနေပါတယ်။

ကိုယ်ပိုင် ရေသန့်စက်လေးတွေ လို့ မထင်မိဘူးလား? 🌀💧



ကျောက်ကပ်ထဲက ရေသန့်စနစ်အကြောင်း အသေးစိတ် ဖတ်ချင်သူတွေအတွက် link 👇👇👇
https://www.facebook.com/share/p/19kSSe9UZk/?mibextid=wwXIfr

15/09/2025

ကြေးနီနဲ့ လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ခွက်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက လူသားတွေ အသုံးပြုခဲ့ကြပါတယ်။ သမိုင်းမှတ်တမ်းတွေအရကတော့ 5000 BC (လွန်ခဲ့တဲ့ နှစ် 7000) လောက်ကစပြီး အရှေ့အလယ်ပိုင်းဒေသမှာ ဖွံ့ဖြိုးခဲ့တဲ့ Mesopotamia လူ့အဖွဲ့အစည်းမှာ ကြေးနီနဲ့လုပ်တဲ့ အိုးခွက်တွေကို စသုံးခဲ့ကြတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း ကြေးနီ နဲ့လုပ်တဲ့ copper cups တွေ copper jugs တွေထဲ ရေထည့်သောက်တာ ကျန်းမာရေးအတွက်ကောင်းတယ် ဆိုပြီး ပြောလာကြပါတယ်။ India ဖက်က Ayurveda လို ရှေးခေတ်ကျမ်းတွေမှာလဲ ကြေးနီခွက်ထဲက ရေ (Tamra jal)ရဲ့ ကောင်းကျိုးတွေကို တွေ့နိုင်ပါတယ်။ အခု ဆောင်းပါးမှာတော့ ကြေးနီခွက်တွေထဲ ရေထည့်သောက်ရင် ဘာတွေဖြစ်မလဲဆိုတာကို ပြောပြသွားပါမယ်။

1. Copper water (Tamra jal) ကြေးနီသောက်ရေ ဆိုတာ ဘာလဲ?

Copper ကြေးနီဓာတ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် သတ်မှတ်ထားတဲ့ ပမာဏအတွင်းမှာဆိုရင် အကျိုးရှိစေတဲ့ ဓာတ်တစ်မျိုးပါ။ ဦးနှောက်အာရုံကြောစနစ်၊ စွမ်းအင်ထုတ်လုပ်မှုစနစ်၊ နှလုံးနှင့်သွေးကြောစနစ်များ ကောင်းမွန်စွာ အလုပ်လုပ်ဆောင်ဖို့ လိုအပ်တဲ့ သတ္တုဓာတ် ဖြစ်ပါတယ်။ လူတယောက်အတွက် တစ်နေ့လိုအပ်ချက် daily value 0.9 mg လောက်လိုအပ်ပါတယ်။ လူတွေအတွက် လိုအပ်သလောက်ကိုလဲ ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအသောက်တွေကနေ ကြေးနီဓာတ် ကို ရနိုင်ပါတယ်။ အထူးသဖြင့် ဂုံး၊ကမာ၊ ခရု စတဲ့ အခွံမာ ရေနေသတ္တဝါတွေ၊ organ meats ကလီစာတွေ၊ အစေ့အဆံ၊ အခွံမာသီး စတာတွေမှာ ကြေးနီဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

ကြေးနီနဲ့ လုပ်ထားတဲ့ ခွက်ထဲ ရေထည့်လိုက်ပြီဆိုရင်တော့ ရေထဲကို ကြေးနီဓာတ်တွေ အချိန်တစ်ခုအတွင်း တဖြည်းဖြည်း ပျော်ဝင်လာပြီး ထိုကြေးနီပျော်ဝင်သွားတဲ့ ရေကို copper water (သို့) Tamra jal လို့ခေါ်ကြပါတယ်။

2. လူအများပြောကြတဲ့ ကြေးနီရေရဲ့ ကျန်းမာရေး ကောင်းကျိုးများ

ကြေးနီရေက ဦးနှောက်နှင့် အာရုံကြောစနစ်၊ နှလုံး နှင့် သွေးကြောစနစ်၊ ခုခံအားစနစ် စတာတွေကို ပိုမိုကျန်းမာလာစေပြီး အရွယ်တင်တဲ့ (anti-aging) effect ပါရှိတယ်လို့ ပြောကြပါတယ်။ သိပ္ပံနည်းကျ စမ်းသပ်ထားတဲ့ research တွေရှိပေမယ့် အတိအကျပြောဖို့ ခက်ပါသေးတယ်။ အများစုပြောကြတဲ့ ကျန်းမာရေးကောင်းကျိုးတွေဆိုတာ ကြေးနီရေသောက်တာထက် ကြေးနီဓာတ်က ရတဲ့ ကျန်းမာရေးကောင်းကျိုးလို့ပြောရင် ပိုမှန်ပါမယ်။ ဘာလို့လဲဆိုတော့ ကြေးနီရေမသောက်ပဲ copper rich food တွေ စားရင်လဲ အလားတူ ကောင်းကျိုးရမှာပါပဲ။

အဲ့လိုဆိုတော့ ကြေးနီခွက်ထဲ ရေထည့်သောက်တာ ဘာမှ မထူးတော့ဘူးလားဆိုပြန်တော့လဲ မဟုတ်သေးပါဘူး။ ထိုရေမျိုးက ပုံမှန်ရေထက် copper ဓာတ် အနည်းငယ်ပိုပါဝင်တဲ့အတွက် အစားအသောက်မျှတအောင် မစားနိုင်တဲ့ အခြေအနေမျိုးမှာ ဖြည့်စွက်စာ suppliment အနေနဲ့တော့ အကျိုးပေး‌ကောင်းပေးပါမယ်။ အဲ့ဒါအပြင် ကြေးနီခွက်ထဲ ရေထည့်သောက်ခြင်းကိစ္စမှာ အရမ်းအကျိုးရှိတဲ့ ကောင်းချက် ၁ ခုရှိပါသေးတယ်။ အောက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

3. Copper ရဲ့ antibacterial effect

ကြေးနီခွက်ထဲကို bacteria ပါဝင်တဲ့ ရေထည့်ထားရင် အချိန်အတိုင်းအတာ တခုအတွင်းမှာ ထိုပိုးတွေကို သေစေနိုင်တဲ့ စွမ်းရည် ကြေးနီမှာ ရှိပါတယ်။ အဲ့အတွက်လဲ ရှေးယခင်ထဲက ကြေးနီခွက်တွေကို အသုံးပြုခဲ့ကြတာပါ။ Contact killing လို့ခေါ်တဲ့ ကြေးနီသတ္တုက bacteria များရဲ့ cell နံရံများကို တိုက်ရိုက်ထိတွေ့ ပျက်ဆီးစေတဲ့ နည်းနဲ့ ပိုးသတ်တာပါ။ လေ့လာစမ်းသပ်မှုတွေအရ ကြေးနီရဲ့ ဘက်တီးရီးယားပိုးသေစေနိုင်တဲ့ antibacterial effect က ကြေးနီခွက်ထဲမှာ ရေကို အနည်းဆုံး ၁၆-၂၄ နာရီ လောက်ထားမှ စတင်သိသာတယ်လို့ ဖတ်ရပါတယ်။

4. ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

Copper များတဲ့ရေ/အစားအစာ ကို လိုတာထက်ပိုပြီး ရေရှည် သောက်သုံး/စားသုံးမိရင်တော့ ကြေးနီအဆိပ်သင့်ခြင်း (copper toxicity) ဖြစ်နိုင်ပါတယ်။ ပျို့တာ အန်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းပျက်တာက စလို့ ပြင်ထန်တဲ့ အနေအထားမျိုးဆိုရင် ကျောက်ကပ်နဲ့ အသည်းကိုပါ ထိခိုက်နိုင်ပါတယ်။ အဲ့အတွက် ကြေးနီရေကို တနေ့ အများဆုံး 700 ml လောက်သာ သောက်သုံးဖို့ အချို့အဖွဲ့အစည်းတွေက ပြောကြတာလဲရှိပါတယ်။

အဲ့အတွက် အနှစ်ချုပ်ရရင် ကြေးနီရေ / copper water / tamra jal ဆိုတာ copper container ထဲမှာ ထည့်ထားပြီး copper အနည်းငယ်ပျော်ဝင်နေတဲ့ ရေကို ခေါ်တာပါ။ သူကရတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိနိုင်‌‌ပေမယ့် တန်ဆေးလွန်ဘေးဖြစ်တတ်ပါတယ်။ Antibacterial action ရဖို့ကတော့ ကြေးနီခွက်ထဲ အနည်းဆုံး ၁၆-၂၄ နာရီ၊ အများဆုံး ၄၈ နာရီ ထားရပါမယ်။ အဲ့အတွက် ကြေးနီခွက်နဲ့ ရေထည့်သောက်မယ်ဆို တစ်ခွက်စာ ခွက်အသေးထက် ပိုများများဆန့်တဲ့ jars တွေ jugs တွေအသုံးပြုတာ ပိုကောင်းပါတယ်။ ဒီမှာ ဗဟုသုတအနေနဲ့ ဖော်ပြရရင် Water treatment media ၁ မျိုးဖြစ်တဲ့ KDF ဆိုတဲ့ media ကလဲ copper and zinc ကနေ ပြုလုပ်ထားတဲ့ media ၁ မျိုးပါ။ KDF အကြောင်းကိုတော့ အောက်ပါ link ကနေ ဝင်ဖတ်နိုင်ပါတယ်။ (KDF Media : https://www.facebook.com/1285023978265758/posts/3077830125651792/?d=n )

Additional Facts : ကြေးနီခွက်ထဲကို acidic ဖြစ်တဲ့ အရက်၊ ဖျော်ရည်၊ သံပုရာရည်လို ထည့်မယ်ဆိုရင်တော့ အဲ့ ကြေးနီခွက်ကို non reactive metals အလွှာတခု ထပ်ထည့်ရပါတယ်။ မဟုတ်ရင် လူကို အဆိပ်ဖြစ်စေတဲ့ copper salt တွေ ဓာတ်ပြုပြီး ထွက်လာတတ်လို့ပါ။
C**ktails ထဲမှာ နာမည်ကြီးတဲ့ Moscow Mule ဆိုတဲ့ cocktail အမျိုးအစားဆိုရင် သူ့ရဲ့ signature က ကြေးနီခွက်ပါ။ ဘာလို့ အဲ့လို mule အမျိုးအစား cocktail တွေကို ကြေးနီခွက်နဲ့ serve လုပ်လဲဆိုတာကိုတော့ စာနဲ့ရေးနေရင် ရှုပ်မှာစိုးလို့ comment ထဲက ပုံလေးမှာ ကြည့်ပေးပါခင်ဗျာ။

Moscow Mule ဆိုတဲ့ cocktail ဖြစ်ပေါ်လာပုံလေးကိုလဲ ဗဟုသုတ ရအောင် အင်္ဂလိပ်ဘာသာနဲ့ သူများရေးထားတာလေး ပြန် share ပေးလိုက်ပါတယ်။

MOSCOW MULE - A BRIEF HISTORY

One fine day in 1941, three entrepreneurs gathered on Hollywood's Sunset Strip and met at the C**k n' Bull bar. One of them was a businessman John Martin who bought Smirnoff vodka, one was a bar owner Jack Morgan who loved his home-brewed C**k n' Bull ginger beer, and the third was a Russian immigrant who couldn't sell her copper mug collection.
These three joined forces and created a new American cocktail. Americans were strangers to Vodka and this cocktail made traditional Russian vodka a necessity in American bars. Through celebrity advertisements, Moscow Mule became the most popular drink in the 50s.
During the Cold War, the drink was named the Smirnoff Mule but in the 21st century, the cocktail gained its popularity back as Moscow Mule drinkers increased. It is ranked as the 8th best-selling cocktail according to Business Insider's 2018 list.

The Moscow Mule became famous because it partnered an immigrant's struggles with the rich and flashy lifestyle of Hollywood.
An Moscow Mule C**ktail Kit for One is made with vodka, mixed with lime juice and ginger beer - simple yet refined.
Copper mugs were perfect for the beverage because Copper conducts temperature and takes on the mule's temperature when it's poured into the glass. This keeps the mule cold and frosty while enhancing the vodka flavor and natural properties of the drink.

အဆုံးထိ ဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Dr. Sai Aung Thant Zin
#နှင့်ရေ

Day 2: Moving forward strong 🚚✨ The tanks are arriving on site and materials are ready. Step by step, the project is tak...
10/09/2025

Day 2: Moving forward strong 🚚✨ The tanks are arriving on site and materials are ready. Step by step, the project is taking shape!

Day 2: Moving forward strong 🚚✨ The tanks are arriving on site and materials are ready. Step by step, the project is taking shape!

ရန်ကုန်မြို့ရှိ 200 m3/day ရေသန့် project တစ်ခုအတွက် ကျန်ရှိနေသေးသော ပစ္စည်းများကို ဆက်လက်ပို့ဆောင်ပေးပြီး မကြာခင် installation စတင်တော့မှာ ဖြစ်ပါတယ်။

Proud of our hardworking team 👷‍♂️👏
09/09/2025

Proud of our hardworking team 👷‍♂️👏

“Filtration Media Delivery – Day 1 🚚
The first batch has been delivered, inspected, and stored properly. More to follow in the coming days.”

200 m3/day Utilized Water Treatment ရေသန့်စင်စနစ် အတွက် ပစ္စည်းများကို ရန်ကုန်မြို့ရှိ Project တည်ရှိရာသို့ စနစ်တကျ စတင်ပို့ဆောင်နေပြီဖြစ်ပါတယ်။ မကြာမီ HydroLab မှ Installation လုပ်ငန်းစဉ်များကို ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပါတယ်။

တစ်နှစ်တစ်ခါ ပေါ်ပေါ်လာသော၊ ဘယ်လိုရှင်းရှင်း ရှင်းပြလို့ မရသော ရေပြဿနာ 🤭
09/09/2025

တစ်နှစ်တစ်ခါ ပေါ်ပေါ်လာသော၊ ဘယ်လိုရှင်းရှင်း ရှင်းပြလို့ မရသော ရေပြဿနာ 🤭

အရင်က တင်ဖူးတဲ့ ရေအမှား အမှန် အမေးအဖြေလေးတွေကို လိုအပ်တာ ပြန်ဖြည့်စွက်ထားပါတယ်။

1. ရေသန့်ဗူးကို နေပူထဲထားရင် ကင်ဆာ cancer ဖြစ်လား?

သုံးတဲ့ဗူးအမျိုးအစား၊ ရှိနေတဲ့ ပတ်ဝန်းကျင် အပူချိန်ပေါ်မူတည်ပါတယ်။ ရေကဖြစ်တာမဟုတ်ပါဘူး၊ ရေထည့်တဲ့ PET ဗူးက chemical တွေ ရေထဲပျော်ဝင်လာတာပါ။ အသေးစိတ်ကို ဒီ link မှာ ဝင်ဖတ်ကြည့်ပါ။


2. ရေသန့်ဖြစ်ဖို့ ကလိုရင်း chlorine ခပ်ရလား?

Chlorine ဆိုတာ ပိုးသတ်စွမ်းရည်၊ ဓာတ်တိုးနိုင်မှု စွမ်းရည်ရှိတဲ့ ဓာတ်ပစ္စည်း chemical တစ်မျိုးပါ။ ရေသန့်စနစ်တွေမှာ chlorine ကို မလိုအပ်ရင် မသုံးပါဘူး၊ ရေသန့် စက်ရုံတွေမှာလဲ လိုအပ်မှသာ အသုံးပြုတာပါ။ စနစ်တကျလုပ်ထားတဲ့ ဘယ်ရေသန့်စက်ရုံက ရေဗူးမဆို သူတို့ရေဗူးထဲကို free chlorine တွေ အပါမခံပါဘူး။ ပါရင်လဲ သောက်တဲ့သူတွေအတွက် အဆင်မပြေပါဘူး။ အဲ့တော့ chlorine ကို ဘယ်နေရာတွေမှာအဓိက သုံးလဲ? လူနေအိမ်၊ လုပ်ငန်းအများအပြားကို ရေပို့ပေးရတဲ့ မြို့ပြရေပေးဝေရေး စီမံကိန်းတွေ၊ အများသုံးရေကူးကန်မျိုးတွေ၊ အရေးပေါ် သောက်ရေလိုအပ်တဲ့ အခြေအနေမျိုးတွေ စတာတွေမှာ ပိုက်လိုင်းတစ်လျှောက်နဲ့ ကန်ထဲ၊ ရေထဲမှာ ပိုးမွှားပေါက်ပွါးမှု မရှိအောင် ပိုးသတ်တဲ့အနေနဲ့ free chlorine ကို dose အနည်းငယ်ထည့်ပေးကြပါတယ်။ အဲ့အတွက် အဖြေကတော့ ရေသန့်ဖြစ်ဖို့ chlorine က အချို့အခြေအနေမှသာ လိုအပ်ပါတယ်။ ရေသန့်စက်ရုံက သောက်ရေသန့်ဗူးတွေမှာ chlorine မပါပါဘူး။

3. Chlorine က အပူပေးရင် chloroform ဖြစ်ပြီး cancer ဖြစ်လား? (Online ပေါ်မှာ ရေသန့်ကို ရေနွေးကျိုရင် chlorine က chloroform ပြောင်းပြီး cancer ဖြစ်တယ်ပြောကြတဲ့ ကိစ္စကို ရှင်းထားတာပါ)။

အပူပေးရုံနဲ့ chlorine ကနေ chloroform မဖြစ်ပါဘူး။ Chlorine က ရေထဲမှာ ပါဝင်နေတဲ့ organic compound အချို့နဲ့ ဓာတ်ပြုပြီးမှ byproducts တွေဖြစ်လာပါတယ်၊ အဲ့ထဲမှာ chloroform လဲအပါအဝင်ပါ၊ အခြားအမျိုးအစားတွေအများကြီးလဲရှိပါသေးတယ်။ ထို disinfection byproducts တွေထဲက အချို့က လူ့ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်စေပြီး cancer ဖြစ်စေတတ်တယ်လို့ လေ့လာထားတဲ့ paper အချို့တော့ ရှိပါတယ်။ အဲ့အတွက်လဲ အချို့နိုင်ငံတွေက မြို့ပြရေပေးဝေရေးစီမံကိန်းတွေမှာ chlorine အစား byproducts အထွက်နည်းတဲ့ chloramine (သို့) အခြား disinfection စနစ်မျိုးတွေကို အသုံးပြုနေကြပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ dose နဲ့တွက်ချက်ပြီး ထည့်ထားတဲ့ chlorinated water ဆိုရင်တော့ ပိုးပေါက်ပွါးမှု နဲ့ chlorine disinfection byproducts ကြောင့် ကျန်းမာရေးထိခိုက်မှု ကောင်းကျိုးဆိုးပြစ်‌တွေကို ယှဉ်ကြည့်ရင် ကောင်းကျိုးက ပိုများတာကြောင့် အချို့နေရာတွေမှာလဲ chlorine ကို ဆက်လက် အသုံးပြုနေကြဆဲပါ။ ဒါပေမယ့် ပြောချင်တာက chlorine ပါဝင်မှု အရမ်းနည်းတဲ့ (သို့) chlorine မပါဝင်တဲ့ ရေကို ကျိုချက်သောက်တာက chloroform ကဲ့သို့ disinfection byproducts တွေ ထွက်နိုင်ခြေ မရှိသလောက်နည်းတာကြောင့် ကင်ဆာမဖြစ်စေနိုင်ပါဘူးလို့ပဲ ပြောရပါမယ်။

4. pH 7 ရှိမှ ရေသန့်ဖြစ်မှာလား?

အဲ့ အဖြေကိုတော့ ဒီ link ထဲမှာ ဝင်ဖတ်ကြည့်ပေးပါ။ < https://www.facebook.com/100057395000887/posts/635773415012486/?mibextid=cr9u03 >

5. Alkali နဲ့ Alkaline ဆိုတာဘာလဲ?

Alkali ဆိုတာ noun (နာမ်) form လို့ ဘာသာပြန်ရပါမယ်။ Alkaline ဆိုတာ Alkali ရဲ့ Adjective (နာမဝိသေသန) form ပါ။ ရေသန့်ပညာအရ Alkalinity ဆိုတာကတော့ သင့်တော်အောင်ဘာသာပြန်ရရင် ရေတခု၏ ရေအတွင်းရှိ အက်စစ်ဓာတ်ကို တန်ပြန်နိုင်နှုန်းလို့ ဘာသာပြန်ရမယ်ထင်ပါတယ်။
ကျွန်တော်တို့ ကြားဖူးနေတဲ့ Alkaline water ဆိုတာကရော ဘာလဲ? ကျန်းမာရေးအတွက် တကယ် အထောက်အကူဖြစ်သလား? စတာတွေကို ဒီ link ထဲမှာ ဖတ်ပေးပါခင်ဗျာ။ < https://www.facebook.com/1285023978265758/posts/2904352269666246/?d=n >

6. ရေသန့်အားလုံး Reverse Osmosis (RO) စနစ်နဲ့ သန့်စင်ရတာလား?
လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ ရေသန့်စနစ်တစ်ခုလုပ်ဖို့ ရေကြမ်း Raw Water Quality ကို အရင်စစ်ဆေးကြည့်ရပါတယ်။ ပြီးမှ သင့်တော်တဲ့ စနစ်ထည့်တာပါ။ သဘာဝ 100% natural mineral water တွေဆိုရင် ဘာ ရေသန့်စနစ်မှ မဖြတ်ထားပါဘူး၊ Source ကနေ တိုက်ရိုက် ပုလင်းထဲထည့်တာပါ။ သဘာဝရေကိုက သန့်စင်စရာမလိုအောင် ကောင်းမွန်နေလို့ပါ။ သဘာဝရေသန့်တွေကို စနစ်တကျ ဘယ်လိုခွဲခြားလဲဆိုတာ သိချင်ရင်တော့ ဒီ link မှာကြည့်နိုင်ပါတယ် < https://fb.watch/5D8ecGlODg/ >
RO စနစ်အကြောင်း ဖတ်ချင်ရင်တော့ ဒီ link လေးက အထောက်အကူဖြစ်ပါမယ် < https://www.facebook.com/1285023978265758/posts/2828209523947188/?d=n >

အဲ့တော့ ရေကို ကျိုချက်သောက်တာ ကောင်းလားလို့မေးရင်.....
ရေထဲမှာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ chemical တွေ လွန်ကဲစွာ ပါဝင်မနေပဲ safe limit တစ်ခုအတွင်း ရှိနေပြီး ပိုးသတ်ဖို့ရည်ရွယ်ချက်နဲ့ ကျိုချက်သောက်ရင်တော့ ဘာရောဂါမှ တိုက်ရိုက်ဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ရေတစ်ခုထဲကိုပဲ ခဏခဏ ပြန်ကြန်ကျိုချက်တာမျိုး (Reboiling) လုပ်ရင်တော့ ရေငွေ့ပြန်ပြီး ရေပမာဏနည်းလာကာ ရေထဲက သတ္တုဓာတ်တွေရဲ့ ပျော်ဝင်နှုန်း concentration ကို ပိုများလာစေနိုင်လို့ သတိတော့ထားရပါမယ်။

ရေကို နေပူထဲထားတာကလဲ ရေက cancer ဖြစ်တာမဟုတ်ပါဘူး။ ရေဗူးက chemical တွေထွက်လာတတ်လို့ဖြစ်ပါတယ်။ အဲ့ဒါကလဲ ပတ်ဝန်ကျင် အနေအထားတွေနဲ့ အများကြီးဆိုင်ပါသေးတယ်၊ နေပူထဲ ထားတိုင်း cancer ဖြစ်မယ်လို့ တရားသေ သတ်မှတ်လို့ မရပါဘူး။

အခြားသိလိုတာတွေလဲ လာမေးနိုင်ပါတယ်။ သိထားမှတ်ထားသလောက် share လုပ်ပေးပါမယ်။ ဒီစာက မည်သူတစ်ဦးတစ်ယောက်ကိုမှ ချိုးနှိမ်လိုစိတ်နဲ့ရေးသားခြင်းမဟုတ်ပါ၊ အမှားအချို့ကို အမှန်ပြင်ဆင်ပေးခြင်းသာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

“TDS နှင့်ရေ”သောက်ရေသန့်လို့ပြောလိုက်ရင် အချို့သောက်သုံးသူတွေက Total Dissolved Solids (TDS) ပမာဏနဲ့ ရေသန့်မသန့်ကို နှိုင...
07/09/2025

“TDS နှင့်ရေ”

သောက်ရေသန့်လို့ပြောလိုက်ရင် အချို့သောက်သုံးသူတွေက Total Dissolved Solids (TDS) ပမာဏနဲ့ ရေသန့်မသန့်ကို နှိုင်းယှဉ်ပြောဆိုလေ့ရှိကြပါတယ်။ TDS နည်းရင်ကောင်းတယ်၊ များရင်မကောင်းဘူး စသဖြင့် အမျိုးမျိုး ပြောဆိုဆုံးဖြတ်တတ်ကြပါတယ်။ Total Dissolved Solids ဆိုတာ ရေထဲမှာ တည်ရှိနေတဲ့ ပျော်ဝင်ဆား၊ ဓာတ်သတ္တုပစ္စည်းတွေနဲ့ အော်ဂဲနစ်ပစ္စည်းတွေရဲ့ စုစုပေါင်း ပမာဏကို တိုင်းတာတဲ့ အညွှန်းကိန်း တစ်ခုဖြစ်ပါတယ်။ TDS ကို ပမာဏအနေနဲ့ ဖော်ပြရင်တော့ ရေ ၁ လီတာ မှာ ဘယ်လောက် မီလီဂရမ် (milligram) အလေးချိန် ပါဝင်လဲဆိုပြီး mg/l နဲ့ ဖော်ပြလေ့ရှိပါတယ်။

တကယ်တော့ ရေတစ်ခုသန့်မသန့်ကိုတော့ TDS တစ်ခုတည်း ကြည့်ပြီး လုံးဝ ဆုံးဖြတ်လို့ မရပါဘူး။ TDS အပြင် ပျော်ဝင် အဆိပ်အတောက်တွေ၊ ပိုးမွှားတွေ၊ အခြား လူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ပြဿနာဖြစ်စေမယ့် chemicals တွေကို ပါ စစ်ဆေးကြည့်ပြီးမှ ဆုံးဖြတ်ရပါတယ်။

TDS တစ်ခုတည်းနဲ့ ရေသန့်မသန့် ပြောလို့ မရနိုင်ပေမယ့် ရေသန့်တစ်ခုမှာ TDS ဘယ်လောက်ပမာဏ ရှိရင် ပိုကောင်းတယ်ဆိုတာမျိုးတော့ သတ်မှတ်ထားကြတာ ရှိပါတယ်။

နိုင်ငံတကာနဲ့ မြန်မာရဲ့ Water Quality Guidelines တွေအရကတော့

• WHO (World Health Organization) အဆိုအရ TDS 1000 mg/L အောက် ရေဆိုရင် သောက်သုံးဖို့ အများအားဖြင့် လက်ခံနိုင်ပြီး၊ 500 mg/L အထက် မှာ အရသာဆိုင်ရာ ပြဿနာတွေနဲ့ ရေနဲ့ ထိတွေ့တဲ့ စက်ပစ္စည်းတွေမှာ ရေဂျိုးတက်ခြင်းပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ (WHO, Background document for WHO Guidelines for Drinking-water Quality, 2017).

• U.S. EPA (Environmental Protection Agency, USA) နဲ့ Canada တို့မှာသောက်သုံးရေအတွက် အရသာ၊ ရောင်၊ အနံ့ ဆိုင်ရာ စံချိန် (Secondary Guidelines) အဖြစ် TDS 500 mg/L အောက် လိုက်နာဖို့ အကြံပြုထားပါတယ်။ EPA Secondary Guidelines ဆိုတာကတော့ non-enforceable guidelines တွေဖြစ်ပြီး aesthetic နဲ့ cosmetic problems တွေကိုသာ အဓိကဖြစ်စေတဲ့အတွက် မဖြစ်မနေ ရှိရမယ်ဆိုတဲ့ guidelines မျိုးတွေတော့ မဟုတ်ပါဘူး။ (EPA, Drinking Water Regulations and Contaminants / Health Canada, Guidelines for Canadian Drinking Water Quality).

• မြန်မာနိုင်ငံ FDA (Food and Drug Administration) မှ National Drinking Water Quality Standards (2014) ထဲမှာလည်း TDS ≤ 1000 mg/L ကို သောက်သုံးရေအတွက် အများဆုံး ခွင့်ပြု စံချိန်အဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာ Guidelines တွေက WHO Guidelines တွေကို အခြေခံထားတာများတော့ WHO နဲ့ အတော်လေး ဆင်တူတာတွေ့ရပါတယ်။

ကျွန်တော့အမြင်ကို ပြောရမယ်ဆိုရင်တော့
Guidelines တွေအရကတော့ သောက်ရေသန့်မှာ TDS ပမာဏ 500 mg/l အောက် ရှိသင့်ပါတယ်။ ဒါပေမယ့် TDS 500 mg/l အထက်ရောက်သွားရင်လဲ ကျန်းမာရေးပြဿနာဆိုတာထက် အရသာ ပြဿနာတွေ အဓိကဖြစ်တာပါ။ ကျန်းမာရေးပြဿနာလို့ပြောဖို့ကတော့ TDS တစ်ခုတည်း များနေရုံနဲ့ မပြီးပါဘူး။

လက်ရှိ မြန်မာ့သောက်ရေ နဲ့ ကမ္ဘာ့သောက်ရေ စျေးကွက်မှာတော့ TDS နဲ့ ပတ်သက်ပြီး အမြင်တွေ အတော်ကွာခြားကြတာ လေ့လာမိပါတယ်။ မြန်မာစျေးကွက်မှာ စက်ရုံတော်တော်များများက ရေအရင်းအမြစ်ကောင်းကောင်း မရှာနိုင်တာ၊ သောက်သုံးသူ local စျေးကွက်က လက်ခံနိုင်တဲ့ ရေအရသာကို အာရုံစိုက်ကြရတာ စတဲ့ အချက်တွေကြောင့် သောက်ရေသန့်စက်ရုံတွေမှာ ရေထဲက ပျော်ဝင်ပစ္စည်းတွေကို လျော့ချဖို့ Reverse Osmosis စနစ်တွေ အသုံးများလာကြပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာစျေးကွက်ထဲက သောက်ရေသန့် အတော်များများဟာ TDS 50-100 mg/l အောက်တွေမှာပဲ ရှိကြတာများပါတယ်။ တချို့ဆို 10 mg/l အောက်တွေထိတောင် ရှိကြပါတယ်။ မဟုတ်ပဲ TDS 150-200 mg/l အထက်လောက်ရှိတဲ့ရေကို ရောင်းမိရင် ရေမှာ သတ္တုဓာတ် အရသာပါလာပြီး သောက်မကောင်းဘူးထင်ကြတာ၊ ထမင်းချက်ရင် အရောင်မလှတာ၊ ရေနွေးကြမ်းဖောက်ရင် အရောင်ရင့်တာ စသဖြင့် သောက်သုံးသူ စျေးကွက်က လက်မခံကြတဲ့ ပြဿနာတွေရှိတော့ စက်ရုံပိုင်ရှင်တွေကလဲ “TDS ချရေး တို့အရေး” တွေဖြစ်ကုန်တာပါ။ အဲ့လို TDS ကျဖို့ကို အာရုံစိုက်ကြရင်းနဲ့ ဘာတွေဆက်ဖြစ်လဲဆိုတော့ ရေရဲ့ အခြား အာရုံစိုက်ရမယ့် pH တို့၊ ပိုးမွှားတို့၊ စနစ်တကျ ထုတ်ပိုးရေးတို့၊ သယ်ယူပို့ဆောင်ရေးတို့ကို အာရုံသိပ်မထားနိုင်ကြတော့ပါဘူး။

အချို့နိုင်ငံတကာ စျေးကွက်မှာတော့ ကျွန်တော်တို့ မြန်မာစျေးကွက်နဲ့ ပြောင်းပြန်ပါ။ TDS အရမ်းနည်းတဲ့ရေတွေကို သောက်သုံးသူတွေကိုယ်တိုင်က အရသာ flat ဖြစ်လို့၊ သတ္တုဓာတ်ပါဝင်မှုနည်းလို့ မရွေးချယ်တာတွေထိ ရှိတဲ့အတွက် Reverse Osmosis နဲ့ သန့်စင်လိုက်တဲ့ နိုင်ငံတကာက သောက်ရေသန့်စက်ရုံတွေဆို သူတို့ရေတွေကို စျေးကွက်မပို့ခင် သတ္တုဓာတ်နဲ့ pH တွေ ပြန်ချိန်ညှိပေးရတာတွေ လုပ်ရပါတယ်။ အချို့ဆို ရေအရင်းအမြစ် အရမ်းကောင်းတဲ့ နေရာက ရေတွေကို သန့်စင်မှု အနည်းငယ်ပဲ လုပ်ပြီး သဘာဝကထွက်တဲ့ ရေအတိုင်း သတ္တုဓာတ်၊ TDS များများနဲ့ ပြန်ရောင်းတာတွေလဲရှိပါတယ်။ တချို့ နာမည်ကြီး ရေသန့် brand တွေဆို TDS 300-400 mg/l လောက်ရှိတတ်ကြပြီး TDS 1000 mg/l ကျော်တဲ့ brand တွေတောင်ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့

TDS ဆိုတာ သောက်သုံးရေ စမ်းသပ်တဲ့ အညွှန်းကိန်းတစ်ခုသာ ဖြစ်ပြီး၊ TDS နည်းရုံ၊ များရုံနဲ့ သန့် မသန့်ကို မဆုံးဖြတ်နိုင်ပါ။ WHO နဲ့ မြန်မာ စံနှုန်းအရ 1000 mg/L အောက် ရေဆိုရင် သောက်သုံးဖို့ လက်ခံနိုင်ပြီး၊ အရသာအဆင့်အတန်းကို သုံးသပ်ချင်ရင် 500 mg/L အောက် ရေတွေက လူအများစုအတွက် ပိုပြီး သင့်တော်ပါတယ်။ ဒါကြောင့် TDS တစ်ခုတည်းကို ကြည့်ပြီး သုံးသပ်မယ်ဆို သောက်ရေတစ်ခုမှာ TDS 500 mg/l အောက် ရှိတာ လူအများစု လက်ခံနိုင်တဲ့အတွက် အကောင်းဆုံးဖြစ်ပါတယ်။

လက်တွေ့မှာဆိုရင်တော့ TDS သာမက ပိုးမွှား၊ အခြား အဆိပ်အတောက်ဓာတ်ပစ္စည်းတွေနဲ့ သယ်ယူပို့ဆောင်
မှု၊ ထုတ်ပိုးမှု စတာတွေပါ ထည့်သွင်းစဉ်းစားပြီးမှ ရေတစ်ခုကို သန့်မသန့် ဆုံးဖြတ်သင့်ပါတယ်လို့ အကြံပေးပါရစေ။

(အခုဆောင်းပါးကို ကျွန်တော်တတ်နိုင်သလောက် အမှားမပါအောင် လေ့လာထားပြီး မြန်မာနိုင်ငံရဲ့ updated guidelines တွေ၊ FDA guidelines တွေကို တိတိကျကျ ရှာမတွေ့တာကြောင့် အမှားရှိရင်လဲ ကျွန်တော့ကို ပြန်လည်မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ်။ ယခုဆောင်းပါးက TDS နဲ့ သောက်ရေကို အဓိက ဦးစားပေးဆွေးနွေးထားတာဖြစ်လို့ TDS နဲ့ သုံးရေ အကြောင်းကိုလည်း ယခု post မှာပဲ ထပ်မံ ဖြည့်စွက်ပေးထားပါဦးမယ်ခင်ဗျာ။)

📚 References
1. WHO (World Health Organization) – Total Dissolved Solids in Drinking-water: Background document for development of WHO Guidelines for Drinking-water Quality (2017).

2. U.S. EPA (Environmental Protection Agency) – National Secondary Drinking Water Regulations (TDS guideline 500 mg/L).

3. Health Canada – Guidelines for Canadian Drinking Water Quality: Guideline Technical Document – Total Dissolved Solids (TDS).

4. Myanmar FDA (Ministry of Health) – National Drinking Water Quality Standards (NDWQS), 2014. (TDS ≤ 1000 mg/L listed in Table 3b, p.22).

#နှင့်ရေ ှင့်ရေ

ရေအကြောင်းတွေ ပြောချင်ရင်တော့ ကျွန်တော့ကို ဆက်သွယ်လို့ရပါတယ်။

Water Treatment Consultation Hotline
09965718943
-----------------------------------

ကျွန်တော့ရဲ့ "နှင့်‌ရေ" ဆောင်းပါးတိုတွေကို ရေးပြီးသလောက် စုပေးထားပါတယ်။ အောက်က link တွေကတဆင့် ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်ခင်ဗျ။

"နှင့်ရေ" က ongoing anthology တစ်ခုဖြစ်လို့ Page မှာ အခု post ကို pin 📌 လုပ်ထားပေးမှာဖြစ်ပြီး နောက်အပိုင်းတွေကိုလဲ ဒီမှာပဲ ဆက်ပြီး update လုပ်ပေးသွားမှာဖြစ်ပါတယ်။

#နှင့်ရေ

Episode (1) - ကျွန်တော် နှင့်ရေ
https://www.facebook.com/share/58A2b5DFXhgzRneV/?mibextid=xfxF2i

Episode (2) - သံဓာတ် နှင့်ရေ
https://www.facebook.com/share/p/WmuGEy7SFSZcXQqJ/?mibextid=qi2Omg

Episode (3) - ကြေးနီ နှင့်ရေ
https://www.facebook.com/share/JhTcMqSoPg46Ge8w/?mibextid=xfxF2i

Episode (4) - ကလေး နှင့်ရေ
https://www.facebook.com/share/p/QCkW6f9QzmNcgo8r/?mibextid=oFDknk

Episode (5) - ချွေး နှင့်ရေ
https://www.facebook.com/share/p/r69d4qTDUSJFUEDR/?mibextid=xfxF2i

Episode (6) - အပြာ နှင့်ရေ
https://www.facebook.com/share/tpFvEcorwVQ14ywG/?mibextid=xfxF2i

Episode (7) - လ နှင့်ရေ
https://www.facebook.com/share/NhRQsq4Z7qALzqDs/?mibextid=xfxF2i

Episode (8) - အသက်ဓာတ် နှင့်ရေ
https://www.facebook.com/share/p/oo3sV4xtNV58F3PV/?mibextid=qi2Omg

Episode (9) - သံသရာ နှင့်ရေ
https://www.facebook.com/share/p/3ewh7SJz7e1jHj2y/?mibextid=qi2Omg

Episode (10) - ဆီးကျောက် နှင့်ရေ
https://www.facebook.com/share/p/CtYdBTsMp2iJ44X1/

Episode (11) - pH နှင့်ရေ
https://www.facebook.com/share/p/15bvYXzMuf/

Episode (12) - ရေစေးဓာတ် နှင့်ရေ
https://www.facebook.com/share/p/1AhqSU2DYD/

ရေတစ်ခုသန့်မသန့်ကို Total Dissolved Solids (TDS) တစ်ခုတည်းကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ ဒါပေမယ့် သောက်ရေသန့်လို့ ခေါ်န...
06/09/2025

ရေတစ်ခုသန့်မသန့်ကို Total Dissolved Solids (TDS) တစ်ခုတည်းကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။

ဒါပေမယ့်

သောက်ရေသန့်လို့ ခေါ်နိုင်ဖို့ TDS ဘယ်လောက်အောက်ဖြစ်ရမလဲ?

၁။ 10 ppm အောက်
၂။ 100 ppm အောက်
၃။ 500 ppm အောက်
၄။ 1000 ppm အောက်
၅။ တိကျတဲ့ သတ်မှတ်မှု မရှိ

အဖြေမှန်ကို မကြာခင် post သပ်သပ် တင်ပေးသွားပါမယ်။

Update: “TDS နှင့်ရေ” အဖြေလေးကို အောက်ပါဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှူနိုင်ပါပြီ ✌️

https://www.facebook.com/share/p/1BtFRNtYY4/?mibextid=wwXIfr

Rejection (%) = (Cf - Cp)/Cf x 100Where: • Cf = Feedwater TDS (mg/L or ppm) • Cp = Permeate TDS (mg/L or ppm)Rejection R...
05/09/2025

Rejection (%) = (Cf - Cp)/Cf x 100

Where:
• Cf = Feedwater TDS (mg/L or ppm)
• Cp = Permeate TDS (mg/L or ppm)

Rejection Rate = 98.36%
Brackish water desalination project after 1 month.

04/09/2025

ကမ္ဘာဂြိုလ် အပူချိန် ၃၈ ဒီဂရီဆဲလ်စီးရက်စ်၊ စိုထိုင်းဆ ၆၀%၊ လေတိုက်နှုန်း ၁ နာရီ ၈ ကီလိုမီတာနှုန်း၊ မိုးရွာသွန်းခြင်းမရှိ၊ တိမ်ကင်းစင်တဲ့ ကောင်းကင်ယံ၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ မြန်မာ စံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်၊ နေမဝင်ခင် ၉ မိနစ်အလိုမှာ ကမ္ဘာလူသားတစ်ယောက် သူနေတဲ့ကမ္ဘာဂြိုလ်ကြီးဟာ အာကာသဟင်းလင်းပြင် ဒီနေစကြဝဋ္ဌာအဖွဲ့အစည်းကြီးထဲကို ဘယ်လိုရောက်လာပါလိမ့်၊ ငါတို့ တွေ ဘာလို့များ ဒီဂြိုလ်၊ ဒီ နေရာမှာမှ လူလာဖြစ်ပါလိမ့်ဆိုပြီး တွေးနေမိတယ်။ ဥာဏ်မှီသလောက်စဉ်းစားရင်း အရှိန်ပါလာတော့ ဂူဂဲလ် တွေခေါက်လိုက် အေအိုင် ကိုမေးလိုက်တွေအထိ ဖြစ်လာတယ်။ ပိုသိလာလေ စိတ်ကူးယဉ်လို့ ပိုကောင်းလာ‌လေ မဟုတ်လား။

ခန့်မှန်း‌တွက်ချက်မှုတွေအရ လွန်ခဲ့တဲ့ နှစ်‌ပေါင်း ၄.၅ ဘီလီယံလောက်မှာ အခု ကျွန်တော်တို့ ရှိနေတဲ့ နေစကြဝဋ္ဌာအဖွဲ့အစည်းကြီးရဲ့နေရာမှာ ဘာ ဂြိုလ်အစိုင်အခဲမှ မရှိ‌သေး။ သက်ရှိဆိုတာ အစအနတောင်မရှိသေးဘူး။ ဓာတ်ငွေ့‌တိမ်တိုက်ကြီးတွေနဲ့ ပြည့်နေတာ။ အလွန်ဝေးတဲ့ အာကာသ အခြား‌နေရာက ကြယ်တွေပေါက်ကွဲလို့ ထွက်လာတဲ့ စွမ်းအင်‌‌တွေလို ပြင်ပစွမ်းအင်တခုခုကြောင့် ဓာတ်ငွေ့တိမ်တိုက်ကြီးတွေက အလယ်နေရာကို ဗဟိုချက်အစပြုပြီး လည်ပတ်လာတယ်၊ တဖြည်းဖြည်းနဲ့ ကျုံ့ဝင်လာတယ်။ ဒီကနေတဆင့် အလယ်နေရာကို ဗဟိုပြုပြီး ဓာတ်ငွေ့တွေလည်ပတ်နေတဲ့ ဓာတ်ပြားပုံစံ အဖွဲ့အစည်းကြီးဖြစ်လာတယ်။ ဓာတ်ငွေ့တိမ်တိုက်လို့ ပြောလိုက်ပေမယ့် သူ့အထဲမှာ ဓာတ်ငွေ့တွေအပြင် ရေခဲမှုန်တွေ၊ အခြား အစိုင်အခဲအမှုန်တွေ စသဖြင့် အများကြီး လွင့်မျောနေတယ်။

ကျုံ့ဝင်လာတဲ့ ဓာတ်ငွေ့တွေ၊ အမှုန်တွေထဲကမှ အလယ်ဗဟိုချက်နားမှာရှိတဲ့ ဓာတ်ငွေ့၊အမှုန် တွေက တဖြည်းဖြည်းနဲ့ စုလာပြီး အခု ကျွန်တော်တို့ မြင်ရတဲ့ နေလုံးကြီးဖြစ်လာတယ်။ ပြင်းထန်တဲ့ ဓာတ်ငွေ့ ပွတ်တိုက်မှု‌တွေ၊ အလွန်မြင့်မားတဲ့ အပူချိန်နဲ့ ဖိအားတွကြောင့် အလယ်ဗဟိုချက်ထဲမှာ nuclear fusion reaction တွေဖြစ်ပေါ်ပြီး နေက စွမ်းအင်နဲ့ အလင်းရောင်ကို ပေးစွမ်းလာတယ်။ အလင်းရောင်၊ စွမ်းအင်နဲ့ အပူချိန်ဆိုတာ‌တွေကလဲ အသက်ဓာတ်ရဲ့ အထောက်အပံ့တွေပါ။

နေဖြစ်လာပြီးတဲ့နောက် နေကို ဗဟိုပြု လှည့်ပတ်နေတဲ့ ဓာတ်ငွေ့တွေ၊ အမှုန်တွေက အချင်းချင်းဆွဲငင်ကြ၊ တိုက်မိကြရင်း ဂြိုလ်ဖြစ်လာမယ့် အစိုင်အခဲအသေးလေးတွေ စဖြစ်လာတယ်။ အစိုင်အခဲ အသေးလေးတွေကလဲ ရှေ့ကဖြစ်စဉ်အတိုင်းထပ်ဖြစ်ပြီး တဖြည်းဖြည်း အရွယ်အစား ကြီးထွားလာရာက‌နေ ဂြိုလ်တွေဖြစ်လာတယ်။ ကမ္ဘာဆိုတာလဲ ဒီလို လမ်းမှာတွေ့သမျှတွေကို တိုက်ရင်းခိုက်ရင်း၊ အသက်ဓာတ်အတွက် ရိက္ခာတွေကိုစုဆောင်းရင်းကြီးထွားလာတဲ့ ဂြိုလ် တစ်ခု။ နေစကြဝဋ္ဌာအဖွဲ့အစည်းထဲမှာ ကမ္ဘာအပါအဝင် ဂြိုလ် ၈ လုံးရှိတယ်။ ဒါပေမယ့် အသက်ဓာတ်ဖြစ်တည်‌နေတာ ကမ္ဘာဂြိုလ် တစ်ခုထဲ။

အသက်ဓာတ်ဆိုတာ ကမ္ဘာဂြိုလ်ဖြစ်တည်ပြီး နှောင်းပိုင်းကာလတွေကျမှ ထွက်ပေါ်လာတဲ့စွမ်းအင်စုတစ်ခု။ ကမ္ဘာမဖြစ်ခင် ဓာတ်ငွေ့တိမ်တိုက်တွေ အဆင့်မှာတုန်းထဲကလည်း ရေခဲတွေရှိနေခဲ့တာပဲ။ ဒါ‌ပေမယ့် အသက်ဓာတ်မဖြစ်ပေါ်နိုင်ခဲ့ဘူး။ အသက်ဓာတ်ဖြစ်ပေါ်စေဖို့ လုံလောက်တဲ့ ပတ်ဝန်းကျင်တွေ၊ ပံ့ပိုးမှုတွေ မရှိနေခဲ့ဘူး။ ရေတစ်ခုထဲနဲ့ အသက်ဓာတ် မဖြစ်နိုင်ပေမယ့် အသက်ဓာတ်တိုင်းအတွက် ရေလိုတယ်။ အတိအကျဆို အသက်ဓာတ်ဖြစ်ပေါ်ဖို့ (၁) တည်ငြိမ်တဲ့ ပတ်ဝန်းကျင်၊ (၂) အရည်သဏ္ဍာန်အဖြစ်တည်ရှိနေသော ရေ၊ (၃) အော်ဂဲနစ် ဓာတ်ပစ္စည်းများ စတဲ့ အခြေခံအုတ်မြစ် (၃) ခု လိုတယ်။

အရည်သဏ္ဍာန်အဖြစ်တည်ရှိနေတဲ့ ရေက အသက်ဓာတ်အတွက် အင်မတန် အရေးကြီးတယ်။ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ၊ တည်ဆောက်မှုနှင့် ဖြိုခွဲမှု ဖြစ်စဉ်တွေဆိုတာ ရေကို ကြားခံပြီးမှ ဖြစ်ပေါ်နိုင်တယ်။ ရေဟာသူနဲ့ထိတွေ့တဲ့ ဓာတ်ပစ္စည်းအတော်များများကို သူ့အထဲပျော်ဝင်နိုင်စေတဲ့ ဂုဏ်သတ္တိရှိတယ်။ ဒါကြောင့်ပဲ သက်ရှိခန္ဓာကိုယ်အတွင်းမှာ ရေက အောက်ဆီဂျင် နှင့် ဓာတ်သတ္တု​ပစ္စည်း​များ၊ အစာအာဟာရတွေနဲ့ စွန့်ပစ်ပစ္စည်းတွေကိုလိုအပ်တဲ့နေရာပို့ဆောင်ပေးတဲ့ တာဝန်ကို ယူထားရတယ်။ ဒါ့အပြင်ရေက ကမ္ဘာကြီးရဲ့‌အပူချိန်နဲ့ သက်ရှိတွေရဲ့ကိုယ်တွင်းအပူချိန်ကို သင့်တင့်တဲ့အနေအထားမှာရှိနေအောင် အမြဲထိန်းချုပ်ထားပေးပြီး အသက်ဓာတ်ဖြစ်တည်ဖို့ကို ပံ့ပိုးပေးပြန်တယ်။ ရေကန်တွေ၊ မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်သမုဒ္ဒရာတွေထဲက ရေထုကြီးက ကမ္ဘာပေါ်ကျရောက်တဲ့ နေရောင်ခြည်အပူချိန်တွေကို စုတ်ယူထားပေးသလို ပင်လယ်သမုဒ္ဒရာရေစီးကြောင်းများကလည်း ကမ္ဘာ့အပူချိန်နဲ့ ရာသီဥတုကို မျှတအောင် လုပ်ဆောင်ပေးနေကြတယ်။ ရေငွေ့ပြန်ခြင်း၊ တိမ်ဖြစ်ပေါ်ခြင်း၊ ငွေ့ရည်ဖွဲ့ခြင်း ဆိုတဲ့နိယာမသဘောတရားတွေကလည်း ကမ္ဘာပေါ်မှာ အပူချိန်မျှတအောင်ဖြစ်တည်နေရခြင်းဖြစ်တယ်။ ကမ္ဘာပေါ်ကသက်ရှိသတ္တဝါအားလုံးအတွက် တည်ငြိမ်တဲ့ ပတ်ဝန်းကျင် ရရှိအောင် ရေကကူညီပံ့ပိုးပေးနေတယ်။

ကုန်ကုန်ပြောရရင် သက်ရှိခန္ဓာကိုယ် cells တစ်လုံးစီ ပုံသဏ္ဍာန်ကျနဖို့၊ အလုပ်ကောင်းကောင်းလုပ်ဖို့၊ cells အတွင်းမှာရှိတဲ့ မျိုးရိုးဗီဇ မှတ်ဉာဏ်တွေကိုသိမ်းဆည်းထားတဲ့ DNA တွေရဲ့ double helix ပုံသဏ္ဍာန် ကျနစွာတည်ရှိနေဖို့ ရေက အများကြီး ပံ့ပိုးထားပေးရတယ်။ Cells တစ်လုံးစီ ကောင်းမှ cells တွေအများကြီးနဲ့ စုပေါင်းတည်ဆောက်ထားတဲ့ ခန္ဓာကိုယ် ဇီဝရုပ်အဖွဲ့အစည်းကြီး ကောင်းမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း လူသားတွေရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်က၆၀ရာခိုင်နှုန်းအထက် ပါဝင်ပတ်သက်နေရတာ ဖြစ်တယ်။

ရေကန်ကြီးတွေကလဲ လူသားမျိုးနွယ်စုတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ မျိုးဆက်ပြန့်ပွားဖို့ အရေးပါတယ်။ လူသားတွေ ရှင်သန်နေထိုင် ပေါက်ဖွားနိုင်ဖို့ ရှေးယခင်ထဲကစပြီး အခုအချိန်အထိ ရေကန်ကြီးတွေကို အားကိုးခဲ့ရတယ်။ ရေကြည်ရာ၊ မြက်နုရာ ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ပိုသာယာတဲ့၊ ရေချို‌ နဲ့ အစာအဟာရ ပေါများတဲ့ အရပ်ဒေသတွေကို ပြောင်းရွှေ့နေထိုင် နိုင်ခဲ့လို့ လူသားမျိုးနွယ်စုတွေ အခုအချိန်အထိ ကမ္ဘာပေါ်မှာ တည်ရှိနေတာဖြစ်တယ်။ ရေကြည်တစ်ပေါက်ရဖို့ မိုင်နဲ့ချီပြီး လမ်း‌လျှောက်နေရရင် ထိုနေရာတွေမှာဖြစ်တည်တဲ့ လူ့ဘဝတွေက ပင်ပန်းဆင်းရဲကြရတယ်၊ တိုးတက်မှု အားနည်းကြတယ်။ ဒါကြောင့် ရေက အသက်ဓာတ်ဖြစ်ဖို့ အထောက်အပံ့ ဖြစ်ရုံသာမက အသက်ဓာတ်တွေ တည်တံ့ခိုင်မြဲဖို့နဲ့ လူသားဘဝတွေ တိုးတက်ဖို့ပါ အရေးပါနေတယ်။

ရန်ကုန်မြို့ကို ရေပေးဝေဖို့ အင်္ဂလိပ်ခေတ်က တည်ဆောက်ခဲ့တဲ့ အင်းလျားကန်နဲ့ ကန်တော်ကြီးကန် တို့ဟာ ရန်ကုန်မြို့ရဲ့ အထင်ကရ ရေကန်ကြီးတွေအဖြစ် ရနေ့တိုင် တည်ရှိနေကြတယ်။ ထိုရေကန်ကြီးတွေအကြောင်း ကဗျာတွေ၊ စာတွေ၊ သီချင်းတွေ ရေးဖွဲ့သီဆိုကြရတဲ့အထိ ဖြစ်ခဲ့ကြတယ်။ အခုဆောင်းပါးကိုတော့ အင်းလျားကန်‌ရေနဲ့ ပတ်သက်တဲ့ ချစ်စရာကောင်းတဲ့ သီချင်းစာသားလေးတစ်ခုနဲ့ အဆုံးသတ်ပါရစေ။

"အင်းလျားရေတစ်စည်လောက်တော့
လိုချင်ပါတယ်၊ ဝယ်ချင်ပါသူ၊
ရွှေမန်းသူတွေ ရေခေါ်ချိုးမယ်၊
တမျိုးနော်လှအောင် မိုးပေါ်ကျသူ၊
အင်းလျားရေကိုယူ၊
အင်းလျားကရေကိုယူ၊
မီးရထားနဲ့တင်ဖို့ကြံတယ်၊
တန်ဆာခက သုံးရာလောက်တော့၊
ယူမှာဧကန်၊
ကြံကြံဖန်ဖန်ရန်ကုန်သူ၊
မန္တလာမြင့်တို့ရန်ကုန်သူ၊
မန္တလေးသွားလို့
အသားမည်း ပြန်သတဲ့ဆူ"

(၁၉၃၈-ခုနှစ်၊ ဇွန်လမှာ ဓာတ်ပြားသွင်းခဲ့ပြီး ခေတ်ဟောင်း ဓာတ်ပြားအဆိုတော် မန္တလာမြင့် သီဆိုကာ နန်းတော်ရှေ့ ဆရာတင် ရေးဖွဲ့ခဲ့တဲ့ ရွှေဘိုနပ်ခါးသီချင်းထဲက စာ‌သားလေးဖြစ်ပါတယ်။)

Dr. Sai Aung Thant Zin
#နှင့်ရေ

200 m3/day Water Treatment Project တစ်ခုအတွက် Pilot Testing ပြုလုပ်ပေးဖြစ်ခဲ့တဲ့ မှတ်တမ်းလေးတွေပါ။ ✅ကုန်ကျစရိတ်များနိုင်...
22/08/2025

200 m3/day Water Treatment Project တစ်ခုအတွက်
Pilot Testing ပြုလုပ်ပေးဖြစ်ခဲ့တဲ့ မှတ်တမ်းလေးတွေပါ။

✅ကုန်ကျစရိတ်များနိုင်မယ့် ရေသန့်စင်စနစ်တွေကို တပ်ဆင်တော့မယ်ဆိုရင် လုပ်ငန်းအပ်နှံသူ၊ လုပ်ငန်းဆောင်ရွက်ပေးမယ့် service provider နဲ့ ရေအသုံးပြုမယ့်သူတွေ ကြား နားလည်မှု လွဲမှားတာတွေ မဖြစ်ရအောင်၊

✅Client ဖက်ကလဲ Service Provider အပေါ် ယုံကြည်မှု ပိုမိုခိုင်မြဲလာအောင်၊

✅Service provider များအနေနဲ့လဲ မိမိအမှန်တကယ် တပ်ဆင်မယ့် ရေသန့်စနစ် design မှာ အားနည်းချက် ရှိမရှိ ကြိုတင်ခန့်မှန်းနိုင်အောင်၊

စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကနဦး ပုံစံငယ်ဖြင့် စမ်းသပ်မောင်းနှင်ခြင်း (Pilot Testing) ကို လုပ်ဆောင်သင့်ပါတယ်။

ရေပြဿနာအမျိုးမျိုးကို ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ Pilot test များ လုပ်ဆောင်ရန် လိုအပ်ခဲ့ရင် ကျွန်တော်တို့ကို သတိရပေးပါ။ ✌️

DM us anytime 💬
Water Consultation Hotline 09965718943

21/08/2025

"pH နှင့်ရေ"

အမျိုးမျိုးသော ရေအခေါ်အဝေါ်များထဲမှာ အခု ပြောပြချင်တာကတော့ ကျွန်တော်တို့ လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ / လူတော်တော်များများလဲ လွဲမှားပြီး ကောက်ချက်ချတတ်ကြတဲ့ ရေတစ်ခုရဲ့ pH ပါ။

❓pH ဆိုတာဘာလဲ? 💦

အကွာအဝေး အနီးအဝေးကို မိုင်/ကီလိုမီတာ နဲ့တိုင်းတာသလို၊ အလေးချိန် ပေါ့ခြင်းလေးခြင်း ကို ပေါင်/ကီလိုဂရမ် နဲ့တိုင်းတာသလို၊ ရေတစ်ခွက် ၏ ချဉ်ခြင်း၊ဖန်ခြင်း (acidic/basic properties) ကို pH နဲ့ တိုင်းတာပါတယ်။ ဒီထက်ပိုပြီး အတိအကျပြောရမယ်ဆိုရင်တော့ pH ဆိုတာ Potential of Hydrogen လို့ပြောပါတယ်။ သတ်မှတ်ထားတဲ့ ရေ တစ်ခုထဲတွင် ပျော်ဝင်/တည်ရှိနေသော Hydrogen Ion (H+) ပမာဏကို တိုင်းတာပြီး pH တန်ဖိုးကို တွက်ထုတ်တာပါ။ ရေတခုထဲမှာ Hydrogen Ion ပမာဏများလေ pH တန်ဖိုးကျလေဖြစ်ပြီး Hydrogen Ion ပမာဏ နည်းလေ pH တန်ဖိုး မြင့်လေဖြစ်ပါတယ်။

ဥပမာ ပေးရရင် pH နည်းတဲ့ ရေတွေမှာ Hydrogen ion ပါဝင်မှု ပမာဏ များပါတယ်။ ထိုရေကို acidic ဖြစ်တယ်လို့လဲခေါ်နိုင်ပါတယ်။ ဘာလို့ acidic ဖြစ်တယ်လို့ခေါ်လဲဆိုတော့ acid compound တွေပျော်ဝင်နေလို့ပါ။ Acid compound တွေဆိုတာ ရေနဲ့ထိတာနဲ့ ရေထဲကို Hydrogen ions တွေ လွှတ်ပေးတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ရေတခုထဲ Hydrogen ion များနေတယ်ဆိုတဲ့သဘောက ထို hydrogen ion တွေကို လွှတ်လိုက်တဲ့ acid တွေများနေတာကိုဆိုလိုတာပဲဖြစ်ပါတယ်။ ထိုကိစ္စကြီးကို pH အဖြစ်တွက်ထုတ်ကာ အရည်တခု acidic ဖြစ်တယ် basic ဖြစ်တယ်ဆိုပြီး ပြန်သတ်မှတ်ကြတာပါ။

ကိုယ်တိုင် တွက်ထုတ်မယ်ဆိုရင်တော့
pH = -Log[H+]
ဆိုပြီး တွက်ထုတ်နိုင်ပါတယ်။

ဥပမာ H+ ပမာဏ 0.0001 moles/liter ရှိတဲ့ အရည်တခုရဲ့ pH ဆိုရင်
pH = -Log[0.0001] = 4 ဆိုတဲ့ အဖြေကို ရပါမယ်။

pH ကို 0 မှ 14 ထိ နံပါတ်များဖြင့်တိုင်းတာကြပါတယ်။

Hydrogen Ion (H+) များ ရင် ရေက ပို ချဉ်/ acidic ပိုဖြစ်ပြီး pH နံပါတ် ၇ ထက် နည်းပါတယ်။

Hydrogen Ion (H+) နည်းရင်တော့ ရေက ပိုဖန်/basic ပိုဖြစ်ပြီး pH နံပါတ် ၇ ထက် များပါတယ်။

နံပါတ် 0-14 ရှိတဲ့ အတွက် အလယ်ကျသော နံပါတ် 7 ကတော့ Netural မျှခြေရှိနေသော၊ မချဉ်၊ မဖန်သော pH ဖြစ်ပါတယ်။

သောက်ရေသန့်သည် pH 7 ပတ်ဝန်းကျင်တွင်ရှိပြီး၊ မုန့်ဖုတ်ဆိုဒါသည် pH 9.5 နှင့် သံပုရာရည်သည် pH 2 လောက်ရှိပါတယ်။

❓ဒါဆို လူအများပြောကြသလို pH 7 ရှိမှ ရေက သန့်တာလား။ 💦

ရေသန့်ခြင်းမသန့်ခြင်းကို pH တစ်ခုထဲနှင့် လုံးဝတိုင်းတာလို့ မရပါဘူး ခင်ဗျာ။ pH ဆိုတာ အထက်မှာ ဖော်ပြထားတဲ့ အတိုင်း ရေတစ်ခု၏ acidic နှင့် basic properties ကိုတိုင်းတာတဲ့ unit တစ်ခုပါ။ ရေသန့်မသန့်ကတော့ အခြား အနည်အမှုန်၊သတ္တုဓာတ်၊ပျော်ဝင်ပစ္စည်းများပါဝင်မှု၊ ပိုးမွှားပါဝင်မှု စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ သို့သော် pH အလွန်နည်းသော (သို့) အလွန်များသော ရေကိုသောက်သုံးရင်တော့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ကမ္ဘာကျန်းမာရေး ကုလသမဂ အဖွဲ့ WHO ကတော့ သောက်သုံးရေကို pH 6.5 မှ 8.5 ကြားရှိသင့်တယ်လို့ သတ်မှတ်ထားပါတယ်။

❓pH နှင့် အပူချိန် ဘယ်လိုသက်ဆိုင်သလဲ။ 💦

အပူချိန်အပြောင်းအလဲက ရေတစ်ခုရဲ့ pH ကို ပြောင်းလဲစေနိုင်ပါတယ်။ ဥပမာ အပူချိန် 25°C မှာ pH 7.0 ရှိနေတဲ့ Pure Water တစ်ခုဟာ အပူချိန် 50°C လောက်ရောက်ရင် pH 6.6 ဝန်းကျင်ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်များလာတာနဲ့အမျှ ရေက ionize ပိုဖြစ်ပြီး H+ ပမာဏလဲ များလာတဲ့အတွက်ကြောင့်ပါ။ အပူချိန် 50°C လောက်မှာရှိတဲ့ Pure Water ရဲ့ Neutral pH ဟာ 6.6 လောက်ဖြစ်ပါတယ်။

❓လူအများစုက pH 7 ဆို ရေသန့်လို့ ဘာကြောင့်ထင်သွားကြတာလဲ။ 💦

ဒီအကြောင်းကို ရှင်းရမယ်ဆို ရေသန့်ဆိုတဲ့ အခေါ်အဝေါ်ကို ပြန်စဉ်းစားရပါမယ်။ ကျွန်တော့ တဦးထဲအမြင်ကို ပြန်မျှဝေရမယ်ဆိုရင် "ရေသန့်ဆို pH 7 ဖြစ်ရမယ်" ဆိုတာ "Pure water has a pH value of 7 at 25°C. This value is considered neutral—neither acidic or basic." ဆိုတာကနေ လာတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ အပူချိန် 25°C မှာ pH 7 ရှိတဲ့ Pure Water ဆိုတဲ့ ဝေါဟာရကို မြန်မာပြန်အယူအဆ မှားသွားတယ်ထင်တယ်။ pH 7 ရှိတဲ့ Pure Water ဆိုတာ တကယ်တော့ ရေထဲမှာ Hydrogen၊ Oxygen H2O မှလွဲပြီး ကျန်ပျော်ဝင်ပစ္စည်းတွေလုံးဝနီးပါး မပါအောင် ဖယ်ရှားထားသော၊ ရေဓာတ် H2O သီးသန့်သာပါဝင်သော အထူးသန့်စင်ထားတဲ့ ရေတွေကို ပြောတာပါ။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆို ဓာတ်ခွဲခန်းတွေထဲမှာ အသုံးပြုဖို့ အထူးသန့်စင်ထားတဲ့ ရေမျိုးပေါ့။ ဒီလိုသန့်စင်ထားတဲ့ Pure Water တွေမှာ Hydrogen ပါဝင်မှု ပမာဏက 0.0000001 moles/liters ရှိပါတယ်။ ဒီ Hydrogen ပမာဏကနေ ‌Pure Water ရဲ့ pH ကို တွက်ထုတ်ကြည့်ပြီး Pure Water pH 7 ဆိုတာကို သက်သေပြလို့ရပါတယ်။

@25°C
pH = -Log[H+]
pH = -Log[0.0000001]
pH = 7

Pure Water pH = 7

ဒါကို မြန်မာလို ဘာသာပြန်ချိန်မှာ Pure Water = ရေသန့် = သောက်ရေသန့် ဖြစ်မယ်လို့ လူအများစုက ယူဆလိုက်ကြပြီး သောက်ရေသန့်ဆို pH 7 ရှိရမယ်ဆိုတဲ့ အယူအဆအလွဲတစ်ခု ပေါ်လာတာပါ။ Pure Water ဆိုတာ သောက်ရေသန့်မဟုတ်ပါဘူး။ ရေမှလွဲပြီး ရှိသမျှအကုန်နီးပါးဖယ်ရှားထားတဲ့ ရေကို ပြောတာဖြစ်တယ်။

ကျွန်တော်တို့ သောက်နေတဲ့ သောက်ရေသန့်တွေက ဒီလို ရှိသမျှဓာတ်အကုန်ဖယ်ထားတာမဟုတ်ပါဘူး။ မြန်မာဈေးကွက်ထဲက သောက်ရေသန့်တွေဆိုတာ ပျော်ဝင်ဓာတ်ပစ္စည်းတွေကို 90-96% လောက်အထိဖယ်ရှားထားတဲ့ RO နည်းပညာသုံး သောက်ရေသန့်တွေများပါတယ်။ အချို့ brand တွေဆို လူအတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေကို တမင် မဖယ်ရှားထားတာမျိုးတောင်ရှိပါတယ်။ ဒါကြောင့် သောက်ရေသန့်တိုင်းက pH 7 ရှိမှာ မဟုတ်ပါဘူး။ ရေထဲပါတဲ့ Hydrogen ion ပမာဏပေါ်မူတည်ပြီး pH က ပြောင်းလဲနေမှာဖြစ်ပါတယ်။

❓pH သည် အရေးကြီးပါသလား? 💦

အရေးကြီးပါတယ်။
ရေသန့်စင်ခြင်းလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စားသောက်ကုန်များ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်သိမ်းခြင်းဆိုင်ရာ လုပ်ငန်များ စသည့်စသည့် လုပ်ငန်းများစွာတို့တွင် အရေးကြီးသော နေရာက ပါဝင်နေပါတယ်။ ထိုရေ အသုံးပြုရသော လုပ်ငန်းများတွင် pH ပြောင်းလဲမှုများသိသိသာသာ ဖြစ်ပေါ်လျှင် လုပ်ငန်းစဉ်များ နှင့် ထုတ်ကုန်များ၊အစားအသောက်များ တွင် ကြီးမားသော အရည်အသွေးနှင့် အရသာပြောင်းလဲမှု စတဲ့ ပြဿနာများစွာဖြစ်ပေါ်နိုင်သည်အထိ အရေးကြီးပါတယ်ခင်ဗျာ။

#နှင့်ရေ

----------

ကျွန်တော့ရဲ့ "နှင့်‌ရေ" ဆောင်းပါးတိုတွေကို ရေးပြီးသလောက် စုပေးထားပါတယ်။ အောက်က link တွေကတဆင့် ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်ခင်ဗျ။

"နှင့်ရေ" က ongoing anthology တစ်ခုဖြစ်လို့ Page မှာ pin 📌 လုပ်ထားပေးမှာဖြစ်ပြီး နောက်အပိုင်းတွေကိုလဲ ဒီမှာပဲ ဆက်ပြီး update လုပ်ပေးသွားမှာဖြစ်ပါတယ်။

#နှင့်ရေ

Episode (1) - ကျွန်တော် နှင့်ရေ
https://www.facebook.com/share/58A2b5DFXhgzRneV/?mibextid=xfxF2i

Episode (2) - သံဓာတ် နှင့်ရေ
https://www.facebook.com/share/p/WmuGEy7SFSZcXQqJ/?mibextid=qi2Omg

Episode (3) - ကြေးနီ နှင့်ရေ
https://www.facebook.com/share/JhTcMqSoPg46Ge8w/?mibextid=xfxF2i

Episode (4) - ကလေး နှင့်ရေ
https://www.facebook.com/share/p/QCkW6f9QzmNcgo8r/?mibextid=oFDknk

Episode (5) - ချွေး နှင့်ရေ
https://www.facebook.com/share/p/r69d4qTDUSJFUEDR/?mibextid=xfxF2i

Episode (6) - အပြာ နှင့်ရေ
https://www.facebook.com/share/tpFvEcorwVQ14ywG/?mibextid=xfxF2i

Episode (7) - လ နှင့်ရေ
https://www.facebook.com/share/NhRQsq4Z7qALzqDs/?mibextid=xfxF2i

Episode (8) - အသက်ဓာတ် နှင့်ရေ
https://www.facebook.com/share/p/oo3sV4xtNV58F3PV/?mibextid=qi2Omg

Episode (9) - သံသရာ နှင့်ရေ
https://www.facebook.com/share/p/3ewh7SJz7e1jHj2y/?mibextid=qi2Omg

Episode (10) - ဆီးကျောက် နှင့်ရေ
https://www.facebook.com/share/p/CtYdBTsMp2iJ44X1/

Episode (11) - pH နှင့်ရေ
https://www.facebook.com/share/p/15bvYXzMuf/

Address

Yangon

Alerts

Be the first to know and let us send you an email when WaterLab by Dr. Sai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to WaterLab by Dr. Sai:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram