ဆန္ဒမွန် အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့

  • Home
  • Myanmar
  • Yangon
  • ဆန္ဒမွန် အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့

ဆန္ဒမွန်  အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့ +95 9420745814 + 95 9428208038

28/11/2024
နှလုံးသွေးကြော ရောဂါနှင့် ပတ်သက်ပြီး ဗဟုသုတ ရစေရန် နှင့် အရေးပေါ် ဖြစ်ခဲ့လျှင် အချိန်ဟာအရမ်းအရေးကြီးတာကြောင့် ဆေးရုံ ရွေ...
17/11/2022

နှလုံးသွေးကြော ရောဂါနှင့် ပတ်သက်ပြီး ဗဟုသုတ ရစေရန် နှင့် အရေးပေါ် ဖြစ်ခဲ့လျှင် အချိန်ဟာ
အရမ်းအရေးကြီးတာကြောင့် ဆေးရုံ ရွေးချယ်မှု့ဟာလဲ အရေးကြီးပါတယ်။
နှလုံးသွေးကြော အရေးပေါ်ပိတ် သွားခဲ့သည် ရှိသော် အမြန်ဆုံး ထိရောက်တဲ့ ကုသမှု့ဟာ အသက်ရှင်ဖို့ အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ နှလုံးကြွက်သားထိခိုက်မှု့ဟာပိုပိုဆိုးလာမှာဖြစ်တဲ့ အတွက် မှန်မှန်ကန်ကန် ဆေးရုံ ရွေးချယ်ရပါမယ်။
နှလုံးသွေးကြော နှင့် ပတ်သက်သော အကူအညီများ ရယူလိုပါက
အခမဲ့ မေးမြန်းပါ။
Life is very precious.
0942 0745 814

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများကူးစက်ခံရပြီ...
15/07/2022

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

14/07/2022

ထိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၈ ဦးအထိမြင့်တက်၊ စင်ကာပူမှာလည်း ၃ ဦးသေဆုံးပြီးတစ်ရက်တည်း ကူးစက်သူတစ်သောင်းခွဲကျော်ထိရှိ
=======================================

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၈ ဦးအထိ မြင့်လာပြီး အာဆီယံမှာဆိုရင်တော့ စင်ကာပူနိုင်ငံမှာ သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။

ထိုင်းမှာ အရင်နေ့က သေဆုံးသူ ၂၅ ဦးပဲ ရှိရာကနေ ဒီနေ့ ဇူလိုင်လ ၁၄ ရက်မှာ သေဆုံးသူ ၂၈ ဦးအထိ မြင့်တက်သွားတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရော၊ စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ အတည်ပြုလူနာဟာ နေ့စဥ် ထောင်ချီရှိနေဆဲဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်တွေတုန်းကထက်စာရင် နှစ်နိုင်ငံစလုံးမှာ ကူးစက်နှုန်း သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၃ ဦးရှိတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနကကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ် မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဇီဗကွဲဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ပြည်ပက ပြန်လာသူတွေမှာတွေ့ရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သံသယပိုးတွေ့လူနာတွေကို ရောဂါပိုးရှိ မရှိ စစ်ဆေးတာကို ဇွန်လကုန်ပိုင်းအတည်းက ပြုလုပ်ခဲ့ပြီး ပိုးတွေ့ရှိခဲ့တာဖြစ်ပေမဲ့ သီတင်းတစ်ပတ်ကျော်ကြာမှ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၌ အိုမီခရွန် BA.4 တစ်ဦးနှင့် BA.5 ၅ ဦးစစ်ဆေးတွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်=======================...
14/07/2022

မြန်မာနိုင်ငံ၌ အိုမီခရွန် BA.4 တစ်ဦးနှင့် BA.5 ၅ ဦးစစ်ဆေးတွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်
========================================

ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန် ၃၀ ရက်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူများအနက် ကိုဗစ်(၁၉) မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသ ယဓာတ်ခွဲနမူနာ ၁၆ ခုအား ဆေးသုတေသနဦးစီး ဌာန(Department of Medical Research)တွင် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 ရောဂါကူးစက်ခံထားရသူ တစ်ဦးနှင့် BA.5 ရောဂါကူးစက်ခံထားရသူ ၅ ဦးတို့အား တွေ့ရှိခဲ့ရသည်ဟု ဇူလိုင် ၁၁ ရက်ကထုတ်ပြန်ခဲ့သည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများသည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများဖြစ်ကာ ကိုဗစ်(၁၉)ရောဂါပိုး ဓာတ်ခွဲအတည်ပြုစဉ်ကပင် သတ်မှတ်ရက်အ တိုင်းသီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုးများသည် ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့်သေ ဆုံးမှုလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ကျန်း မာရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းနှင့်ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါမျိုး ရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှနိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Fight)နှင့်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)များ၊နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်ဝင်ရောက်လာသူများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိသည်။

မိုးရာသီ အကြိုတုပ်ကွေး ကာကွယ်ဆေးများထိုးနိုင်ပါပြီ ခင်ဗျ။ အိမ်တိုင်ရာရောက်ဝန်ဆောင်မှု့ပေးပါမည်။စျေးနှုန်း  စုံစမ်းပါရန်။...
21/04/2022

မိုးရာသီ အကြိုတုပ်ကွေး ကာကွယ်ဆေးများထိုးနိုင်ပါပြီ ခင်ဗျ။ အိမ်တိုင်ရာရောက်ဝန်ဆောင်မှု့ပေးပါမည်။စျေးနှုန်း စုံစမ်းပါရန်။
0942 0745 814

11/02/2022

"Immunity Passport"
***

Omicron ကူးစက်မှုက ထွက်လာတဲ့ immunity ကို robust immunity လို့ သုံးနှုန်းပါတယ်။
အလွန်အားရကျေနပ်ဖွယ်ကောင်းတဲ့၊ အလွန့်အလွန် ကောင်းတဲ့ immunity ပေါ့။
သုတေသနစာတမ်းတွေအရ ဒီ immunity ကို delta က မဖောက်နိုင်ဘူးလို့ ဆိုပါတယ်။

ဒီရက်တွေမှာ တုပ်ကွေးလက္ခဏာရှိလို့ မိတ်ဆွေတွေဆက်လာရင် RDT စစ်ခိုင်းပါတယ်။ လိုအပ်ရင် ကိုယ်တိုင် သွားစစ်ပေးသလို တလက်စတည်း ကျန်မိသားစုတွေပါ စစ်ပါတယ်။

သေချာပါတယ်။ လည်ပင်းနာတယ်ဆိုတာနဲ့ positive ဖြစ်သလို တအိမ်တည်းနေ ကျန်မိသားစုဝင်တချို့လည်း ရောဂါလက္ခဏာ မရှိဘဲ positive ထွက်ပါတယ်။

အဖြစ်များလို့ ခင်မင်တဲ့ မိတ်ဆွေထံ ဆက်ပြီး စစ်ထားကြည့်ဖို့ တိုက်တွန်းရာမှာ ၅ယောက်အနက် ၄ယောက် positive ပါ။
ဘာရောဂါလက္ခဏာမှ မရှိတာမို့
Asymptomatic positive ပေါ့။

တုပ်ကွေးအတွက် ဆေးလေးဘာလေးပေးပြီး
၃ရက်အကြာမှာ ပြန်စစ်ခိုင်းပါတယ်။

ဒီနေ့တော့ အရင်ရက်တွေက P သမားတွေ ပြန်စစ်ကြရာမှာ N ဖြစ်ကုန်ကြပါပြီ။

အများစုဟာရောဂါလက္ခဏာလည်း သက်သာစပြုပါပြီ။

Testတွေ စစ်လို့ Positive ပြနိုင်တဲ့ရက် ပြန်ကောင်းလို့ Negative ပြနိုင်တဲ့ ကြားကာလ အချိန်၊
ဆိုလိုတာ စစ်လို့ positive ပေါ်နိုင်ချိန်ဟာ အလွန်အမင်း တိုတောင်းပါတယ်။
ပုံကိုကြည့်ပါ။

ကိုယ့်မှာ Omicron ဖြစ်လိုက်တယ်ဆိုတာ တိတိကျကျ သိထားဖို့ လိုပါတယ်။ အမိအရ စစ်မိထားဖို့ လိုပါတယ်။

ဒါကြောင့် တုပ်ကွေးလက္ခဏာရှိတာနဲ့ မိတ်ဆွေတွေကို စစ်ခိုင်းသလို
ကိုယ်တိုင်က exposure များလို့ မကြာမကြာ စစ်ပါတယ်။

မစစ်ထားမိရင် နောင်အခါ
Omicron ကူးစက်ခံရလား မခံရသေးဘူးလား၊
Robust immunity ရှိမရှိ ကိုယ့်ကိုယ်ကိုတိုင် မရေမရာ သံသယ ဖြစ်နေရလိမ့်မယ်လေ။

သိထားတဲ့အခါ အလှူအတန်း မင်္ဂလာပွဲ လူစုလူဝေးပွဲ တက်ရမယ်ဆိုရင် တက်သင့်မသင့် ဆုံးဖြတ်နိုင်တာပေါ့။

ခုဆို မတ်လမှာ မင်္ဂလာပွဲတပွဲ တက်ဖို့ရှိနေတယ်။
တက်သင့်မသင့် immunity passport စောင့်နေတာ
ခုထိတော့ အောင်စာရင်းထဲ မပါ၊ မရသေးပါ။
😄

ကိုယ့်မွေးနေ့ ညစာစားဖို့ ဖိတ်ရင်လည်း immunity passport ရထားသူတွေပဲ ရွေးဖိတ်မလားလို့လေ။
Credit. ..

07/02/2022

😷 Omicron 😷
ပြန်လည် မျှဝေပေးပါတယ် (ဖတ်ကြည့်ကြပါ)

⬛Omicron Day 1 (အဆိုးဆုံးနေ့)

🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်
အရိုးထဲထိ လှိုက်စိမ့်ပြီးချမ်းတာ….တခါမှမဖြစ်ဖူးဘူး….ဘယ်လိုချမ်းတာကြီးမှန်းကိုမသိ….လူကနတ်ဝင်သည်လို တုန်တက်နေတာ

🦠 ခါးအောက်ပိုင်းတပြင်လုံး အရမ်းကို ကိုက်တာ
တကိုယ်လုံးလည်း အထိမခံနိုင်အောင် နာကျင်ကိုက်ခဲပေမယ့် ခါးနေရာဝန်းကျင် အဆိုးဆုံးဖြစ်ပါတယ်
ခေါင်းကလည်း ထုံနေအောင်ကိုက်ပါတယ်
လှိမ့်ပိမ့်နေသော နေ့တစ်နေ့ပေါ့

🦠 ပါရာစီတမော သောက်တုန်းခဏပဲအဖျားကျပြီး တနေကုန်အဖျားပြန် ပြန်တက်ပါတယ်

🦠တနေကုန်နုံးပြီး အိပ်ချင်ပါတယ်၊ တနေကုန်နီးပါး အိပ်တာပါ

🦠 လည်ချောင်းမနာ၊ ချောင်းမဆိုး၊ နှာမမွှန်လို့ ရိုးရိုးဖျားလို့ပဲ ထင်ခဲ့ပေမယ့် နှာခေါင်းနှိုက်လိုက်တော့ positive ပါ 🥲

⬛Omicron Day 2

🦠 အိပ်ယာနိုးနိုးချင်း သတိထားလိုက်မိတာက မဖျားတော့၊ မချမ်းနေတော့တာပဲ
ချွေးတွေရွှဲပြီး နိုးလာတာ

🦠 ခေါင်းလည်း တအားကြီးမကိုက်နေတော့ဘူး၊ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာတွေပါ ဗြုန်းဆိုပျောက်သွားလို့ ပျော်နေရာက……

🦠 တံတွေးမျိုချလိုက်မိတာမှာ စဂွမ်းပါတယ်
လည်ချောင်းထဲမှာ မီးဖုတ်ထားတဲ့ သံချွန်နဲ့စိုက်ထားသလိုကို ပူပြီးနာနေတာပါ
တနေကုန် အစားကိုမနည်းမျိုချရပါတယ်
အနံ့အရသာ မပျက်ပါဘူး…..နာလွန်းလို့ မျိုချဖို့ခက်တာပါပဲ

🦠 အိပ်ချင်ချက်ကတော့ ရှယ်ပါပဲ….Day 2 လည်း တနေကုန်အိပ်ပါ
နိုးလာတာနဲ့ ဝေဒနာတခုခုနဲ့နိုးလာတာကတော့ တရားနဲ့ဖြေပေါ့လေ 🥲

⬛Omicron Day 3

🦠 အိပ်ယာနိုးလာတာနဲ့ ရင်ဘတ်ထဲကနေလည်ချောင်းထဲထိ ပူပြီးနာတာပါပဲ
ရိုးရိုးလည်ချောင်းနာတာထက် အများကြီးခံရတာဆိုးပါတယ်
ဆရာဝန်ပေးတဲ့ဆေးသောက်မှ နေသာသွားပါတယ်
မဟုတ်ရင် လည်ချောင်းမှာ ဆူးလုံးအကြီးကြီး တစ်နေသလိုပါ

🦠 လည်ချောင်းအရမ်းယားပြီး ချောင်းစဆိုးပါတယ်
မရပ်မနားတော့မဟုတ်ပေမယ့် လည်ချောင်းတွေပြန်နာလာတဲ့ထိ ဆိုးတာမို့ လည်ပင်းနာတာက အခြေနေပို ပိုဆိုးလာပါတယ်

🦠 နှာခေါင်း တဖက်ပိတ် တဖက်ပွင့်ဖြစ်ပါတယ်
နှာခေါင်းပိတ်တော့ အသက်ရှုကျပ်သလိုဖြစ်ပေမယ့် oxygen မကျပါ

🦠 လုံးဝ မဖျားတော့သလို ကိုယ်လက်ကိုက်ခဲတာ ဘာညာ လုံးဝမရှိတော့ပါ

🦠 ထုံးစံအတိုင်းပဲ နုံးပြီးအိပ်ချင်ပါတယ်

⬛Omicron Day 4 (Today)

🦠 လည်ချောင်းက ပိုဆိုးလာပါတယ်
(ထွက်ခတ်ခတ်နေတာ ဖြစ်မယ်ထင်ပါတယ်)
နိုးလာချိန်မှာ တကယ့်ကို လည်ပင်းမှာ ဆူးလုံးကြီးတစ်လုံးလာတစ်နေသလို၊ သံချွန်နဲ့စိုက်ထိုးခံထားရသလိုပါ

🦠 နောက် မနေ့က ချောင်းဆိုးထားတဲ့အရှိန်ကြောင့် ထင်ရ….အာသီးယောင်နေတဲ့နေရာကြီးအပြင် လည်ပင်းတစ်ခုလုံး စပ်ဖျင်းဖျင်းနဲ့ အရမ်းနေရထိုင်ရဒုက္ခဖြစ်….
ဒီနေ့လည်း လည်ချောင်းထဲမှာအရမ်းယားပြီး ချောင်းဆိုးပါတယ်

🦠 ဒီနေ့တော့ မနေ့ကလောက် အစားအများကြီး သိပ်မစားနိုင်ပါ (စားတာတော့စားတယ်….မနေ့ကလောက် အများကြီးမစားနိုင်)
တော်တော်ကြီး လည်ပင်းက ဒုက္ခပေးနေတာမို့ 😣

🦠 လူက ဆေးရှိန်ကြောင့်လား၊ ပိုးကြောင့်လားမသိ….
လှုပ်လှုပ်ဆို မောပါတယ်၊ မူးချင်ပါတယ်
နားတွေထဲလည်း အူပြီးထုံနေပါတယ်

🦠 လူမမာကြီးလို ပစ်လဲသွားတာမျိုးတော့ မဟုတ်ပေမယ့် ချောင်းဆိုး လည်ပင်းနာက ပုံမှန်ထက် အဆများစွာဆိုးဝါးတာပါနော်
(တကယ်ကို ဘာနဲ့မှ ဘယ်တုန်းကဖြစ်ဖူးတာနဲ့မှ မတူဘူး 😞)

ဘယ်နှရက်လောက် ဒါကြီးကိုဆက်ခံစားရဦးမှာလဲ 😭
မဖြစ်သေးတဲ့လူတွေ အရမ်းဂရုစိုက်ပါနော် 🥺

Credit to Aye Nyein Swe

အိုမီခရွန် ရောဂါလက္ခဏာများ======================အိုမီခရွန်ဟာ အရင် ဗီ​ဇပြောင်းပိုးတွေလိုမျိုး အနံ့ပျောက်၊ အရသာ ပျောက်တယ်ဆိ...
03/02/2022

အိုမီခရွန် ရောဂါလက္ခဏာများ
======================

အိုမီခရွန်ဟာ
အရင် ဗီ​ဇပြောင်းပိုးတွေလိုမျိုး
အနံ့ပျောက်၊ အရသာ ပျောက်တယ်ဆိုတဲ့
ပုံစံမျိုးနဲ့ မလာတော့ပါဘူး...

အဲတာကြောင့် ရောဂါဖြစ်နေမှန်း
သိရှိဖို့ ခက်ခဲပါတယ်...
ထို့ကြောင့် ထိန်းချုပ်နိုင်ဖို့လည်း
ခက်ခဲခြင်း ဖြစ်ပါတယ်...
( ကူးစက်မှုလည်း အလွန် လျင်မြန်ပါတယ် )

အစောဆုံး သိနိုင်တဲ့
ရောဂါလက္ခဏာတွေ​ကတော့...

- လည်ချောင်းယား၊ နောက်ကျောအောင့်
- နှာရည်ယို၊ နှာပိတ်၊ နှာချေ
- ကြွက်သားနာကျင်၊ ခေါင်းကိုက်
- မောပန်း၊ ညဘက် ချွေးထွက်

တို့ ဖြစ်ပါတယ်...

အနံ့ပျောက်၊ အရသာပျောက်တာမျိုး
သိပ်မဖြစ်တော့တဲ့ အတွက်...
နေမကောင်း ဖြစ်ရင်တောင်မှ
ကိုဗစ် ဟုတ်/မဟုတ် ​ခွဲခြားရ ခက်သွားပါပြီ...

ထို့ကြောင့် နေမကောင်း ဖြစ်တာနဲ့
ငါ အအေးပတ်တာ နေမှာပါဟု
ဖြေသိမ့်မနေပဲ...
ကိုဗစ် သံသယ ထားပြီး စစ်ဆေးသင့်ပါတယ်...

စစ်ဆေးလို့ သိမှ မိမိမှ တဆင့်
အခြားသူတွေကို မကူးစက်အောင်
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်...
( ထို့ပြင်... အနာသိရင် ဆေးရှိပါတယ်
အနာမသိရင် ဆေးလည်း မရှိပါ )

အိုမီခရွန်ဟာ အရင်ပိုးတွေလိုပဲ
အသက်ငယ်သူများ အတွက်
ပြဿနာ သိပ်မရှိပေမယ့်
အသက်အရွယ် ကြီးရင့်သူများ၊
ရောဂါအခံ ရှိသူများကိုတော့
အန္တရာယ် ကောင်းကောင်း ပေးနိုင်နေဆဲပါ...
( ထို့ကြောင့် သံသယ ရှိရင် ကိုဗစ်စစ်ပါ
စစ်ဖို့ မကြောက်ကြပါနဲ့ )

ကာကွယ်ဆေး ထိုးထားရင်
သာမန် ရောဂါ လက္ခဏာများသာ ခံစားရပါတယ်...
ထို့ကြောင့် ကာကွယ်ဆေး ထိုးကြပါ...
( Booster ထိုးထားရင် ပိုကောင်းပါတယ် )

အားလုံးပဲ အိုမီခရွန်ကို
အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ
ခင်ဗျာ 🙏🙏

. Dr Aung myat. thu

မိုးရာသီ တုပ်ကွေးကာကွယ်ရန် အတွက်ဆေး(၄)မျိုးစပ်INJ.VAXIGRIP TETRAဆေးကို အိမ်အရောက်ဝန်ဆောင်မှု့ပေးပါမည်။ ကလေး၊လူကြီးအားလုံ...
28/01/2022

မိုးရာသီ တုပ်ကွေးကာကွယ်ရန် အတွက်
ဆေး(၄)မျိုးစပ်
INJ.VAXIGRIP TETRA
ဆေးကို အိမ်အရောက်ဝန်ဆောင်မှု့ပေးပါမည်။ ကလေး၊လူကြီးအားလုံးထိုးနိုင်ပါသည်။
Ph.09420745814

Address

Yangon

Telephone

+959420745814

Website

Alerts

Be the first to know and let us send you an email when ဆန္ဒမွန် အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆန္ဒမွန် အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram