Kaung Taw Win Medical Center

Kaung Taw Win Medical Center healthcare

21/03/2025

နောက်ကျမနှေးထိုးနှံပေး ရာသီတုတ်ကွေးဆေး..

ရာသီတုတ်ကွေးကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ပြင်းထန်စွာဖျားနာခြင်းကိုလည်း တစ်စိတ်တစ်ပိုင်းကာကွယ်ပြီးသားဖြစ်စေပါတယ်။
မိုးဦးမကျခင် အမြန်ဆုံးစာရင်းပေးပြီး ထိုးနှံနိုင်ပါပြီနော်.....

ဇာတ်ကျီးပေါင်းရောဂါအကြောင်းသိကောင်းစရာဒီဟာကဘယ်လိုရောဂါလည်း???ဇာတ်ကျီးပေါင်းရောဂါဆိုတာ......အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ....
15/03/2025

ဇာတ်ကျီးပေါင်းရောဂါအကြောင်းသိကောင်းစရာ
ဒီဟာကဘယ်လိုရောဂါလည်း???
ဇာတ်ကျီးပေါင်းရောဂါဆိုတာ......
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ.. ဇာတ်ကြောတစ်လျောက်မှာရှိတဲ့အရိုးတွေပျက်စီးတာကနေ အစပြုဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ????
သဘာဝသဘောတရားကြီးရဲ့ဖြစ်စဉ်ကြီးလိုပေါ့ ...ဖြစ်ပြီးရင် ပျက်ဆိုတဲ့အတိုင်းအိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာတွေကြောင့် ဇာတ်တို့ဂုတ်တို့နေရာက အရိုးတွေ၊ အရိုးတွေကိုချိတ်ဆက်ထားတဲ့ အရိုးနုအပြားလေးတွေ ပြဲစုတ်ပျက်စီးလာတာကြောင့် ကျီးပေါင်းဆိုတာကြီး ဖြစ်လာရခြင်းဖြစ်ပါတယ်။
ကျမတို့ဒီဘက်ခေတ်မှာ.... ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ပတ်သတ်ပြီး အလုပ်လုပ်ရတာ၊ အာရုံစိုက်စရာတွေများလာတာတွေကလည်း.. အရိုးနဲ့ အရိုးနုတွေပျက်စီးခြင်းကို ပိုမိုပြီးမြန်ဆန်လာစေပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ???
အများအားဖြင့် ............
၁) ဇာတ်တစ်လျောက်နာကျင်မယ်၊ တောင့်တင်းမယ်
၂)ပုခုံး၊ လက်မောင်း၊ လက်တစ်လျောက် နာကျင်မှုတွေဖြစ်လာမယ်
၃)အရမ်းဆိုးလာရင် လက်မောင်းနဲ့လက်တစ်လျောက် ထုံကျဉ်မှုကို ခံစားရမယ်
၄)အထူးသဖြင့် ခေါင်းအနောက်ဘက်ခြမ်းကိုက်မယ်
၅)လက်တစ်လျောက် ကြွက်သားတွေနာကျင်တာ ခံစားရပြီဆိုရင်တော့ သေချာသလောက် သင်ဇာတ်ကြီးပေါင်းရောဂါခံစားနေရပြီဆိုတာ သိရှိနိုင်ပါပြီ။
သေချာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ???
X-rays or MRIs ရိုက်ကြည့်လိုက်တာနဲ့ သိရှိနိုင်ပါတယ်။
ဒါဆိုရင် ကုသမှုအပိုင်းကရော?????
၁)အနားယူပါ... ဆရာဝန်ညွန်ကြားတဲ့ သောက်ဆေး‌တွေသောက်ပါ
၂)သက်ဆိုင်ရာနေရာနဲ့ ပတ်သတ်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ
၃)ယနေ့တိုးတက်လာတဲ့ခေတ်ကြီးမှာ ကာယကုသခြင်း(Physiotherapy) တွေဖွံ့ဖြိုးလာပြီဆိုတော့ Physiatrists တွေနဲ့ သေချာပြသဆွေးနွေးမှုရယူပြီး သက်ဆိုင်ရာနေရာကို သက်ဆိုင်ရာ စက်ပစ္စည်းတွေနဲ့ ကုသမှုရယူပါ
၄)အပေါ်် က ကုသမှုဆိုင်ရာတွေနဲ့ ကုသမှုမရရင်တော့ ခွဲစိတ်ကုသမှုခံယူခြင်းသည်သာ အ‌ကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
#
#
#

20/12/2024

#မေ့ဆေးအသုံးပြုခွဲစိတ်ပြီးနောက် ရှောင်ရန်/ဆောင်ရန်

ခွဲခန်းမှထွက်ပြီး တစ်ပါတ်အတွင်းမေ့ဆေး၏ ဘေးထွက်ဆိုးကျိုးများခန္ဓာကိုယ်ထဲတွင်ခံစားရလေ့ရှိပါသည်။
ခွဲစိတ်ပြီးနောက်.....
- လှဲနေပါ။
- ရေများများသောက်ပါ။
- ဆီများများသွားပါ။
- အစာကိုအရည်မှ ~အပျော့~
အပျော့မှ~ အမာဘက်သို့ဖြေးဖြေးချင်းစားသုံးပါ။သို့မှသာ ပျို့အန်ခြင်းကိုရှောင်ရှားနိုင်ပါမည်။
- ကြာကြာမထိုင်ရ။ မူး/မိုက်တတ်သည်။
- ခေါင်းကိုက်ခြင်းသည် အဖြစ်များသောဘေးထွက်ဆိုးကျိုးဖြစ်‌‌သောကြောင့်ညွှန်ကြားထားသော အကိုက်အခဲပျောက်ဆေးများကိုမှီဝဲပါ။
👍ဤအချက်များကိုလိုက်နာခြင်းဖြင့် ဆိုးကျိုးခံစားရမှုများကို လျော့ချနိုင်ပါသည်။

( ) 🦠 မျောက်ကျောက်ဆိုတာဘာလဲ၊???ဘာ့ကြောင့်လူတွေ ပါးစပ်ဖျားမှာရုတ်တရက်ဖြစ်ပေါ်လာသလဲ????👉mpox ဆိုတာ viral infection တစ်မျို...
19/08/2024

( ) 🦠 မျောက်ကျောက်ဆိုတာဘာလဲ၊???
ဘာ့ကြောင့်လူတွေ ပါးစပ်ဖျားမှာရုတ်တရက်ဖြစ်ပေါ်လာသလဲ????

👉mpox ဆိုတာ viral infection တစ်မျိုးဖြစ်ပြီး monkeypox virus ကြောင့်ကူးစက်ရခြင်းဖြစ်ပါတယ်။
👉ဒီ 🦠 virus ကူးစက်ပျံ့ပွားနှုန်းက သိပ်ဖြစ်လေ့ဖြစ်ထမရှိပါဘူး။
👉ပထမဆုံးတွေ့ရှိမှုအနေနဲ့ ၁၉၅၈ ခုနှစ်၊ အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိကနိုင်ငံတွေ့မှာ မျောက်တွေကိုဓာတ်ခွဲစမ်းသပ်စစ်ဆေးရင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။
👉အာ့တာကြောင့်ပဲ မျောက်မှာတွေ့ရတဲ့ virus 🦠 အမျိုးအစားဖြစ်လို့ Monkeypox (mpox) လို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။

☝️ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်မလဲ???

ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်မှထွက်ရှိတဲ့ အရည်များ၊
သူရဲ့ အဝတ်အစားအသုံးအဆောင်များမှ တဆင့်
တိရိစ္ဆာန် ကနေတဆင့် လူ......🙉🔁👭🧑‍🤝‍🧑
လူမှ လူအချင်းချင်း ကူးစက်နိုင်ပါတယ်။👭🔁🧑‍🤝‍🧑

🤔ဒါဆို ရဲ့ရောဂါလက္ခဏာတွေက ဘာတွေဖြစ်မလဲ???

-အဖျားတက်မယ်၊ ချမ်းစိမ့်စိမ့်ဖြစ်မယ်🤒🥶
-ခေါင်းကိုက်မယ်🤕
-ကြွက်သားတွေနာကျင်မယ်
-လင့်နုတ်တွေယောင်ယမ်းမယ်
-မောပမ်းလွယ်မယ်🥵
-ဖျားပြီး တစ်ရက်ကနေသုံးရက်အကြာမှာ ခန္ဓာကိုယ်အနှံ့ အဖုအပိန့်တွေထွက်လာမယ်

🙈ကူးစက်လွယ်တဲ့မျောက်ကျောက်ရောဂါကို ဘယ်လိုကုသမလဲ???ကာကွယ်ကြမလဲ???🙊

🐵၂၀၁၈ခုနှစ်ကထွက်တဲ့ Tecovirimat လို့ခေါ်တဲ့ ကျောက်ကြီးရောဂါ(smallpox) ကိုကုသတဲ့ဆေးနဲ့ကုသလို့တော့ရပါတယ်။
သို့သော် အာ့တာကိုကျယ်ကျယ်ပျံ့ပျံ့ လက်ခံထားတာတော့မရှိသေးပါဘူး။
🐵ကျောက်ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာတော့ ကာကွယ်မှုရှိနိုင်ပါတယ်။
🐵အကောင်းဆုံးကတော့ ကိုဗစ်-၁၉တုန်းကလို...
🤲🫲🫱-မကြာခဏလက်ဆေးမယ်
👉🤝👈-တစ်ဦးနှင့်တစ်ဦးခပ်ကွာကွာနေကြတာကတော့ ကူးစက်မှုကို လျော့ချနိုင်တဲ့ အကောင်းဆုံးကာကွယ်မှုပါပဲ။

Address

ThuMateTar 7th Street
Yangon

Telephone

+959965055413

Website

Alerts

Be the first to know and let us send you an email when Kaung Taw Win Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kaung Taw Win Medical Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram