Peti Toe Healthcare Clinic

Peti Toe Healthcare Clinic healthcare service

21/05/2025

ကျန်းမာရေးဝန်ဆောင်မှုများအတွက်
09785533768
09785533817 ဖုန်းများကို
မနက်၉နာရီမှ ညနေ၅နာရီတွင်း
ဆက်သွယ်မေးမြန်းပေးပါရှင် 🙏

🙏🏻🙏🏻🙏🏻
18/10/2024

🙏🏻🙏🏻🙏🏻

🚨ရေကြီးရေလျှံမှုဖြစ်ပြီးနောက်  သောက်သုံးရေသုံးရေတွင် အနံ့၊ အရသာ ထူးထူးခြားခြား ဖြစ်နေပါက မသုံးပါနှင့်။ 🚨သောက်သုံးရန်၊ အစ...
22/09/2024

🚨ရေကြီးရေလျှံမှုဖြစ်ပြီးနောက် သောက်သုံးရေ
သုံးရေတွင် အနံ့၊ အရသာ ထူးထူးခြားခြား
ဖြစ်နေပါက မသုံးပါနှင့်။

🚨သောက်သုံးရန်၊ အစားအစာချက် ပြုတ်ပြင်ဆင်ရန်
သို့မဟုတ် ရေချိုးရန် အတွက်
ညစ်ညမ်းနိုင်ခြေရှိသော ရေကို အသုံးမပြုပါနှင့်။

🚨 သောက်သုံးရန် ပိုးသတ်ထားသော​ရေ သို့မဟုတ်
ကျိုချက်ထားသော ရေကို အသုံးပြုရန် လိုအပ်သည်။

🚨 ကျန်းမာရေးကောင်းမွန်စေရန်အတွက်
ရေဓာတ် ပြည့်ဝနေစေရန် ရေများများသောက်ရန်
လိုအပ်ပါသည်။

🚨သောက်သုံးရေကို စိတ်ချရသော
ရေအရင်းအမြစ်မှ ရယူသုံးစွဲပါ။

🚨အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။

🚨 စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။

🚨တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်အစာမစားမီ လက်ဆေးပါ။

🚨အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ။

🚨ကူးစက်​​တတ်​သော အ​ရေပြား​ရောဂါနှင့်
အဆိပ်ရှိသတ္တဝါများ/ထိခိုက်ရှနာခြင်းမှ
ကင်း​ဝေး​စေရန် ကလေးများကို ရေကြီးနေသော
နေရာရှိရေထဲတွင် ဆော့ကစားခြင်း မပြုစေရ။

🚨ပတ်ဝန်းကျင်ကို ရှင်းလင်းပါ။

🚨ခြင်ပေါက်ဖွားရာနေရာများကို ဖယ်ရှားပါ။

🚨မသန့်ရှင်းသောအစားအစာများဖယ်ရှားပါ။

🚨ရေကြီးနေသောနေရာမှ ရေဖြင့် ထိတွေ့မိသော အစားအစာများနှင့် ပျက်စီးသွားသော
အစားအစာများကို စွန့်ပစ်ပါ။

🚨ရေကြီးပြီးနောက် အဖြစ်အများဆုံးသော
ကျန်းမာရေး အန္တရာယ်များမှာ အစာအိမ်နှင့်
အူလမ်းကြောင်းရောဂါ၊ အရေပြားရောဂါ၊
မျက်စိရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ
ကူးစက်ရောဂါများဖြစ်ပါသည်။

🚨ရေကြီးရေလျှံမှု၏ ကျန်းမာရေးဆိုင်ရာ
သက်ရောက်မှုများတွင် နာတာရှည်ရောဂါများ
ပိုဆိုးလာခြင်း၊ မသန်စွမ်းမှု၊ အာဟာရချို့တဲ့မှုနှင့်
စိတ်ကျန်းမာရေးပြဿနာများအပါအဝင်
ဆင်းရဲမှုဆိုင်ရာရောဂါများကိုခံစားရနိုင်ပါသည်။

မြန်မာပြည်သူပြည်သားအ​ပေါင်း
ကျန်းမာချမ်းသာကြ​စေရန်
ဆု​တောင်း​မေတ္တာပို့သအပ်ပါသည်။
#ရေ‌ဘေး
#ရေကြီးရေလျှံ #သောက်သုံးရေပြဿနာ
#​ကျန်းမာ​ရေးသတိပြုစရာ

Mpox (မျောက်ကျောက်)ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် Mpox (မျောက...
22/08/2024

Mpox (မျောက်ကျောက်)ရောဂါ
ကာကွယ်ရေးနှိုးဆော်ချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပါသည်။
ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ
• ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်း၊
• ရောဂါပိုးရှိသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်း၊
• ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊ (စကားပြောခြင်း၊ အသက်ရှူခြင်း)
• ရောဂါပိုးရှိသူ၏အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခြင်း၊
• ရောဂါပိုးများ ကပ်တင်ကျန်နေသည့် အသုံးအဆောင်ပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့် ကိုင်တွယ် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊
• မသန့်ရှင်းသောဆေးထိုးအပ်နှင့် ဆေးရုံသုံးပစ္စည်းများမှတစ်ဆင့်် ကူးစက်ခြင်း၊
• Mpox ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခြင်း၊
• မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက်တွင် ကူးစက်ခြင်း၊
ရောဂါပျိုးရက်
• ရောဂါပိုးစတင်ဝင်ရောက်ပြီး (၁)ရက်မှ (၂၁) ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပါသည်။
သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ
• မျက်နှာ၊ ပါးစပ်၊ လက်နှင့် ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နှင့်လိင်အင်္ဂါများတွင် အနီကွက်များ ထွက်ခြင်း၊ အရည်ကြည်ဖုများ ပေါက်ခြင်း၊
• ဖျားခြင်း (>38.5 °C)၊
• အကျိတ်များရောင်ရမ်းခြင်း၊
• လည်ချောင်းနာခြင်း၊
• ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း၊
• မောပန်းနွမ်းနယ်ခြင်း၊
(လွန်ခဲ့သည့်(၂၁)ရက်အတွင်း ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများတွင် အထက်ပါ လက္ခဏာများဖြစ်ပွားလာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ပါသည်။)
ကာကွယ်နိုင်မည့်နည်းလမ်းများ
• Mpox (မျောက်ကျောက်) ရောဂါလက္ခဏာခံစားနေရသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်ထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်းများကို ရှောင်ကြဉ်ပါ၊
• အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း (Mask) ကို တပ်ဆင်ပါ၊
• သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ် ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း (Mask) တပ်ဆင်ခြင်းကို ပြုလုပ်ပါ၊
• လက်ကို ဆပ်ပြာနှင့် ရေ သို့မဟုတ် အယ်လ်ကိုဟောအနည်းဆုံး (၆၀%) ပါဝင်သော ရေမလို လက်သန့်စင် ဆေးရည်အသုံးပြု၍ စနစ်တကျဆေးကြောပါ၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်လုံးများကို ကိုင်တွယ်ခြင်း မပြုပါနှင့်၊
• တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရန် ဆောင်ရွက်ပါ၊
• နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ၊
• အသုံးအဆောင်ပစ္စည်းများ (အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ အဝတ်အထည်စသည့်…) များကို ရေ၊ ဆပ်ပြာ နှင့်စနစ်တကျလျှော်ဖွပ်၍ အသုံးပြုပါ၊
• တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်၊ အသားများကို ကျက်အောင်ချက်ပြုတ်စားပါ၊
Mpox (မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း(သို့မဟုတ်) ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုနှင့်ကုသမှုခံယူပါ။

အခုချိန်မှာ လူတိုင်းသတိထားသင့်သည့် ကူးစက်လွယ်မျက်စိနာရောဂါအန္တရာယ် 🧑‍⚕️🧑‍⚕️အခုရက်ထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိထားသင...
11/10/2023

အခုချိန်မှာ လူတိုင်းသတိထားသင့်သည့်
ကူးစက်လွယ်မျက်စိနာရောဂါအန္တရာယ် 🧑‍⚕️🧑‍⚕️

အခုရက်ထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိထားသင့်တာလေးကတော့ ကူးစက်လွယ်တဲ့ မျက်စိနာခြင်းပဲဖြစ်ပါတယ်။ မျက်စိနာတယ်ဆိုတာ အပေါ်ယံမျက်ကြည်လွှာရောင်ရမ်းခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။
ပုံမှန်အားဖြင့် ကလေးငယ်တွေမှာ ပိုမိုအဖြစ်များတာ
ကိုလည်းတွေ့ရပါတယ်။ 🧑‍⚕️🧑‍⚕️

အခုရက်ပိုင်းအတွင်းမှာတော့ မိုးအကုန် ဆောင်းအကူးရာသီအကူးအပြောင်းကြောင့် ဘက်တီးရီးယား ပိုးမွှားတွေ ပေါက်ဖွားမှုနှုန်းများလာတဲ့အတွက်ကြောင့် ‌
မျက်စိနာခြင်းကို အသက်အရွယ်မရွေး တော်တော်များများဖြစ်ပွားကြပါတယ်။💯💯

ပုံမှန်ဆိုရင် adenovirus လို့ခေါ်တဲ့ ဗိုင်းရစ်ကြောင့်အဖြစ်များကြပေမဲ့ နောက်ပိုင်းတွေမှာ herpes simplex virus နဲ့ varicella-zoster virus အပါအဝင်အခြားဗိုင်းရပ်စ်များကြောင့်လည်း မျက်စိနာတာကို ဖြစ်နိုင်ကြောင်းလေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

ဒါဆို မျက်စိနာရင် ဘာတွေဖြစ်နိုင်မလဲ?

မျက်စိနာခြင်းရဲ့ လက္ခဏာတွေကတော့...

✅မျက်လုံးတစ်၀ိုက်ယားယံခြင်း ။

✅မျက်လုံး တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး နီရဲခြင်း။

✅မျက်ရည်ပူများထွက်ခြင်း ။

✅မျက်လုံးအတွင်းစူးအောင့်အောင့်ခံစားရခြင်း ။

✅အမြင်အာရုံများ‌ ဝေ၀ါးခြင်း ။

✅မျက်၀ပ်များထွက်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရစေပါတယ်။

အခုလို မိုးအကုန် ဆောင်းအကူးကာလမှာ အဖြစ်များတာကတော့ ဗိုင်းရစ့်ကြောင့် အဖြစ်များကြပါတယ်။
မျက်စိနာခြင်းက ကူးစက်တတ်တာကြောင့် အရာ၀တ္ထုတွေကို မကိုင်တွယ်မှီ လက်အရင်ဆေးဖို့တော့လိုပါတယ်။ 🧑‍⚕️🧑‍⚕️

တကယ်လို့ သင်ဟာ မျက်စိနာနေပြီဆိုရင်တော့
တခြားသူများကို မကူးစက်စေရန်
မျက်လုံးအား လက်ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းမှ
ရှောင်ကျဥ်ပေးရပါမယ်။ 🙅

မျက်စိနာတာကို သက်သာစေရန်-

✅အဝတ်စတစ်ခုကို ရေဆေးပါ။

✅လေးထောင့် ခေါက်ပါ။

✅ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့်ထား‌ေပးရပါမယ်။

✅ပြီးရင် မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
✅ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာထည့်ပြီး
ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။

✅ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပြီး မျက်လုံးတစ်၀ိုက်ကို ကပ်ပေးရပါမယ်။

✅မျက်စဥ်းဆေးကို ၂ နာရီခြားတစ်ခါ ၃ နာရီခြားတစ်ခါ ပုံမှန်ထည့်ပေးပါ။

✅မျက်၀ပ်များကို သန့်ရှင်းသော အ၀တ်များဖြင့် သန့်ရှင်းရေးလုပ်ပေးရပါမယ်။

အခုပြောပြပေးလိုက်တဲ့အကြောင်းအရာလေးတွေကတော့ မျက်စိနာခြင်းမှ ကာကွယ်ရန်နှင့် မျက်စိနာနေရင် ဘယ်လို ကုသရမလဲဆိုတဲ့အချက်လေးတွေပဲဖြစ်ပါတယ်၊၊ မျက်စိနာခြင်းက ပြင်းထန်အခြေအနေတစ်ခုမဟုတ်ပေမဲ့ မျက်စိနာခြင်းကို ကူးစက်ခံရပြီဆိုရင်တော့ နေ့စဥ်လူနေမှုဘ၀တွေမှာ များစွာအနှောက်အယှက်ဖြစ်စေတာကြောင့် မပေါ့ဆသင့်ပါဘူး၊၊🙅🙅




#မျက်စိနာခြင်း

အဖြူဆင်းခြင်းနှင့် အမျိုးသမီးကျန်းမာရေးအဖြူဆင်းခြင်းဆိုတာ အရွယ်ရောက်ပြီးသား မိန်းကလေးတိုင်းတွေ့ကြုံရတတ်တဲ့ သာမန်ဖြစ်ရိုး...
28/09/2023

အဖြူဆင်းခြင်းနှင့် အမျိုးသမီးကျန်းမာရေး

အဖြူဆင်းခြင်းဆိုတာ အရွယ်ရောက်ပြီးသား မိန်းကလေးတိုင်းတွေ့ကြုံရတတ်တဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် ရှက်စရာကိစ္စမဟုတ်ပါ။🧑‍⚕️👩🏼‍⚕️

အဖြူဆင်းတာဟာ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ဂလင်းတွေကနေ ထုတ်ပေးတဲ့ အရည်ကြည်လေးတွေပါ။အဲ့ဒီ့အရည်ကြည်လေးတွေက မိန်းမကိုယ်အတွင်းရှိဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားသန့်စင်ပေးခြင်းဖြင့် မိန်းမ‌ကိုယ် ပိုး၀င်ခြင်းကိုကာကွယ်တာဆီးပေးပါတယ်။

အဖြူဆင်းခြင်းမှာ သာမန်အဖြူဆင်းခြင်းနှင့် သာမန်မဟုတ်တဲ့ အဖြူဆင်းခြင်းဆိုပြီးရှိပါတယ်။သာမန်အဖြူဆင်းခြင်းမှာ အနံ့မရှိသော အရည်ကြည် သို့မဟုတ် နို့နှစ်ရောင်ရှိတဲ့ အဖြူဆင်းခြင်းတို့ဖြစ်ပါတယ်။သာမန်မဟုတ်တဲ့အဖြူဆင်းခြင်းမှာတော့...

✅မှိုရောဂါကြောင့်အဖြူဆင်းခြင်း။

✅ အဖြူဆင်းချိန်ဆီးပူတာ ဆီးကျင်တာမျိုးဖြစ်
ခြင်း။

✅ အဖြူဆင်းချိန်အနံ့ပြင်းများနံခြင်း။

✅သာမန်ထက်အရည်ပြစ်များဆင်းခြင်း။

✅ အမြုပ်ထွက်ခြင်း။

✅မိန်းမကိုယ်ယားယံခြင်း။

✅ အခဲပုံစံအဖြူဆင်းခြင်းစသည့်လက္ခဏာတွေပဲဖြစ်ပါတယ်။

သာမန်မဟုတ်တဲ့အဖြူဆင်းခြင်းကိုကာကွယ်နိုင်တဲ့နည်းလမ်းတွေ‌ကတော့.....🧑‍⚕️👩🏼‍⚕️

✅တစ်ကိုယ်ရည်သန့်ရှင်းမှုကို ပုံမှန်ပြုလုပ်ခြင်း။

✅PH level မျှတသောသန့်စင်ဆေးရည်အသုံးပြု
ခြင်း။

✅ပေါ့ပါးသော အတွင်းခံများ ၀တ်ဆင်ခြင်း။

✅လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုခြင်း။
စသည့်နည်းလမ်းတွေနဲ့ အထိုက်အလျောက်ကာကွယ်နိုင်ပါတယ်။

သင့်အနေနဲ့ သာမန်မဟုတ်တဲ့ အဖြူဆင်းခြင်း လက္ခဏာများကို ခံစားနေရပြီဆိုရင်တော့ ဆေးရုံဆေးခန်းများသို့သွားရောက်ပြီး ဆေးကုသမှုအမြန်ခံယူဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။🧑‍⚕️👩🏼‍⚕️

လူငယ်တွေရေပန်းစားလာတဲ့ (K)လို့ခေါ်တဲ့K Powdered milk Party Drug အကြောင်းတစေ့တစောင်း💯🔹2020 ခုနှစ်နောက်ပိုင်းတွေမှာ K powd...
26/09/2023

လူငယ်တွေရေပန်းစားလာတဲ့ (K)လို့ခေါ်တဲ့
K Powdered milk Party Drug အကြောင်းတစေ့တစောင်း💯

🔹2020 ခုနှစ်နောက်ပိုင်းတွေမှာ K powdered milk (K) လို့ခေါ်တဲ့ တရားမ၀င် မူးရစ်ဆေးတစ်မျိုးဟာ မြန်မာ ထိုင်း အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံတွေမှာ သုံးစွဲမှု များပြားလာပါတယ်။🧑‍⚕️

🔹မြန်မာနိုင်ငံမှာလည်း K ကို Bar တွေ Club တွေ နဲ့ KTV တွေမှာ Party Drug အနေနဲ့ တရားမ၀င်သုံးစွဲနေကြတာကို တွေ့နေရပါတယ်။ သုံးစွဲသူအများစုကလည်း ဆယ်ကျော်သက်အရွယ်ကနေ 30 ၀န်းကျင်လူငယ်ပိုင်းတွေအများစုအသုံးပြုကြပါတယ်။🧑‍⚕️🧑‍⚕️🧑‍⚕️

🔹K တရားမ၀င်မူးရစ်ဆေးဝါးမက်သာဖက်တမင်း ၊
ဟီးရိုးအင်းနဲ့ စိတ်ကျရောဂါက်ိုကုသဆေး သို့မဟုတ် အိပ်ဆေးများပါဝင်တဲ့ Ketamine (ကက်တမင်း)တို့ကိုရောနှောပြီးအမှုန်ပုံစံပြုလုပ်ထားတဲ့ တရားမ၀င်မူးရစ်ဆေးဝါးတစ်မျိုးပဲဖြစ်ပါတယ်။🧑‍⚕️🧑‍⚕️🧑‍⚕️

🔹K က စွဲလမ်းမှုကို အလွန်အမင်ဖြစ်စေတဲ့ မူးရစ်ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ဘိန်းဖြူ၊စိတ်ကြွဆေး(WY)တို့နဲ့ မတူတဲ့ အချက်ကတော့ သွေးထဲမှာအာနိသင်အကြာကြီး မကျန်စေပဲ (၃)ရက်ကနေ (၁)ပတ်အတွင်းပျက်ပြယ်စေတဲ့ အတွက်ကြောင့် Party တို့လို ပျော်ပွဲရွှင်ပွဲတွေမှာ K ကို အဓိက ထား အသုံးပြုလာတာကိုတွေ့ရပါတယ်၊၊🙅🙅🙅

🔹Kဟာ မူးရစ်ဆေး၀ါးဖြစ်တဲ့ အတွက်ကြောင့် နည်းနည်းလောက် သုံးစွဲလိုက်ယုံနဲ့ ရုပ်ပိုင်ဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရစေတယ်၊၊

🔹ဖြစ်ရပ်တစ်ခုကို ပြန်ကြည့်မယ်ဆိုရင် 2021 ခုနှစ် January လမှာဆိုရင် ကျွန်တော်တို့ အိမ်နီးချင်းထိုင်းနိုင်ငံမှာK ကို အလွန်အကျွံသုံးစွဲတဲ့ အတွက် လူ(၆)ဦးတစ်ရက်တည်းမှာပင် သေဆုံးခဲ့ ရပါတယ်၊၊

🔹K Powdered Milk ဟာ သုံးစွဲပြီးပြီးချင်း စိတ်ပျော်စေပြီး လေထဲလွင့်သလို ခံစားရစေတာကြောင့် Party Drug အဖြစ်လူသိများရခြင်းပဲဖြစ်ပါတယ်၊၊

🔹K ကိုနည်းနည်းပဲ သုံးသုံး အလွန့်အကျွံပဲသုံးသုံး ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေပါတယ်။

ဒါတွေကတော့....
❗နှုတ်ခမ်းတွေပြာလာမယ်။
❗စိတ်နဲ့ ကိုယ်နဲ့ ကွာနေသလို ခံစားရစေမယ်။
❗မူး‌ဝေအော့အန်ချင်သလိုခံစားရစေမယ်။
❗ထင်ယောင်ထင်မှားတွေဖြစ်မယ်။
❗မျက်လုံးများကြောင်တောင်တောင်ဖြစ်စေမယ် စတဲ့ ဆိုးကျိုးတွေကို ခံစားရစေပါတယ်။

အလွန့်အကျွံအများအပြားသုံးမိရင်တော့...

❗အသက်ရှုနှုန်းတွေ နှေးလာမယ်။
❗ဦးနှောက်စွမ်းဆောင်ရည်တွေကျဆင်း
လာမယ်။
❗အကြောဆွဲသလိုတွေဖြစ်လာတာ
❗သတိလစ်မေ့မြောစေတဲ့ အပြင်ကိုမာအဆင့်
ထိတောင်ရောက်နိုင်ပါတယ်၊၊

🔹ဒါတင်မကသေးပဲ ဆီး၊အူနဲ့ ကျောက်ကပ်ပိုင်းတွေမှာလည်း ရောဂါမျိုးစုံကို ခံစားရနိုင်ပါတယ်၊၊အရက်ဆေးခြောက်တို့လို တခြားမူးရစ်စေတဲ့ အရာတွေနဲ့ တွဲသုံးမိလိုက်ရင်တော့ အသက်အန္တရယ်ကို ထိခိုက်စေနိုင်လောက်ထိအောင် ဆိုးကျိုးတွေကို ခံစားရစေတတ်ပါတယ်၊၊

🔹ဒီတော့ Kကို အပျော်အပါးကိစ္စတစ်ခုတည်းနဲ့ သုံးမယ်ဆိုရင်တော့ မသုံးခင်အချိန်တည်းက ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးတွေကို အရင်လေ့လာကြည့်သင့်ပါတယ်၊၊ဒါမှသာ မိမိကိုယ်ကိုနှင့်ပတ်၀န်းကျင်အတွက် ဆင်ခြင်နိုင်မဲ့ အပြင်မူးရစ်ဆေးရဲ့ သားကောင်ဘ၀ကို မရောက်ရှိတော့မှာပဲဖြစ်ပါတယ်။

ဲ့ဆိုးကျိုးများ

✅ကာကွယ်ဆေးအမျိုးမျိုးထိုးနှံနိုင်ဖို့အတွက် ယခု ချက်ချင်းစာရင်းပေးသွင်းနိုင်ပါပြီ၊၊✅ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို​၍ကောင်း...
26/09/2023

✅ကာကွယ်ဆေးအမျိုးမျိုးထိုးနှံနိုင်ဖို့အတွက်
ယခု ချက်ချင်းစာရင်းပေးသွင်းနိုင်ပါပြီ၊၊

✅ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို​၍
ကောင်းမွန်ပါသည်။ဒါကြောင့်ရောဂါပိုး
မကူးစက်ခံရခင် ကာကွယ်ဆေးထိုးခြင်းဖြင့်
သင်နှင့်သင်ချစ်ရတဲ့မိသားစုများကို ကာကွယ်လိုက်ပါ။

✅ကျွန်တော်တို့ Peti Toe Healthcare serviceမှ
Covid ကာကွယ်ဆေး အပါအ၀င် တခြား
ကာကွယ်ဆေးအမျိုးအစားများကိုလည်း
သက်သာသောစျေးနှုန်း ကောင်းမွန်သော
၀န်ဆောင်မှုများဖြင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်၊၊🧑‍⚕️

ရရှိနိုင်သည့် ကာကွယ်ဆေးအမျိုးအစားများမှာ-

💉Covid ကာကွယ်‌ဆေး

✅Covishield
✅Covaxin
✅Moderna Spikevax
✅ Pfizer

​နောက်ဆုံးထွက်Bivalentရရှိနိုင်ပါသည်။

💉ပြင်းထန်အဆုတ်​ရောင်​ရောဂါ ကာကွယ်​ဆေး

✅PREVNAR 13®

💉သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

✅Gardasil 4 / 9

💉အသည်းရောင်အသား၀ါ(B)ပိုးကာကွယ်ဆေး

✅Euvax B
✅Bevac(India)

💉ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး(4မျိုးစပ်)

✅vaxigrip tetra

✅အထက်ပါကာကွယ်ဆေးအမျိုးအစားများကို
Cold Chain စနစ်တကျစီစဉ်ထားပြီး
ဆေးစစ်မှန်မှုအာမခံပါသည်။🧑‍⚕️

✅အနယ်နယ်အရပ်ရပ်မှ ​ဆေးသီးသန့်
လက်မှတ်သီးသန့်ဝယ်ယူလိုပါကလဲ
စနစ်တကျပို့​ဆောင်​ပေးပါသည်။

✅ကာကွယ်ဆေးများကိုတစ်ကြိမ်မှ
မထိုးရသေးသည့်သူများနှင့်Booster ထိုးမည့်သူများ
စာရင်းပေးသွင်းနိုင်ပါသည်။

✅နိုင်ငံခြားနှင့် ပြည်တွင်းခရီးစဥ်များထွက်ရန်
QRပါ​သော လက်မှတ် လိုအပ်သူများအတွက်လည်း
ဦးစားပေးဆောင်ရွက်ပေးနေပါသည်။

📌သင်္ဘောသားများ yellow bookတပါတည်း
ယူဆောင်လာပါရှင် တံဆိပ်တုံး တစ်ခါတည်း
ထုပေးပါသည်။

📌နိုင်ငံခြားသားcompanyကြီးများနှင့်ဝန်ထမ်းများ

📌စက်ရုံလုပ်သားများ

📌ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ

📌NGO/UNအဖွဲ့အစည်း/သံရုံးဝန်ထမ်းနှင့်
မိသားစုဝင်များ စသည့်

✅အဖွဲ့အစည်းများကိုလည်းကာကွယ်‌ဆေး
ထိုးနှံခြင်းအားဆောင်ရွက်ပေးနေပါသည်။

✅အိမ်ပင့်(Home service) အစီအစဥ်များဖြင့်လည်း
လူကြီးမင်းတို့အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့်
ကာကွယ်ဆေးထိုးနှံနိုင်ပါပြီ၊၊

✅booking ရယူရန်အတွက် chatbox တွင်
အမည်၊ဖုန်းနံပါတ်ချန်ထားပေးပါရှင်၊၊

ကာကွယ်ဆေးနှင့်ပတ်သက်ပြီး
သိလိုသမျှမေးမြန်နိုင်ရန်
☎️ ဖုန်းနံပါတ် ☎️

09 785533768
09 785533817

ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။






#တုပ်​ကွေး
® #ပြင်းထန်အဆုတ်​ရောင်
ိုးကာကွယ်ဆေး
#အသည်းရောင်အသားဝါBပိုးကာကွယ်ဆေး
#သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး


#ရာသီတုပ်ကွေးကာကွယ်ဆေး၄မျိုးစပ်
#ပြည်ပထွက်မည့်သူများအတွက်လည်းထောက်ခံချက်စာရွက်စာတန်းများကိုပါဆောင်ရွက်ပေးပါမည်

လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါတစ်ခုလား ? 🤔လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါ တစ်ခု မဟုတ်ပါဘူး။🧑‍⚕️🧑‍⚕️လိပ်ခေါင်းရောဂါ ...
25/09/2023

လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါတစ်ခုလား ? 🤔

လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါ တစ်ခု မဟုတ်ပါဘူး။🧑‍⚕️🧑‍⚕️

လိပ်ခေါင်းရောဂါ စဖြစ်တဲ့ စအိုဟာ သေးငယ်တဲ့ သွေးကြောမျှင်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး စအို ကြွက်သားတွေ လျော့ရဲလာတဲ့အခါမှာ
ဒီသွေးကြောမျှင်လေးတွေက ရောင်ရမ်းပြီး
ဖောင်းလာတဲ့ အခြေအနေမျိုးကို လိပ်ခေါင်းရောဂါဖြစ်စဥ်လို့ခေါ်ပါတယ်။ 🧑‍⚕️

လိပ်ခေါင်းရောဂါက အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အဓိကကတော့ ၀မ်းချုပ်လွယ်တဲ့သူတွေ၊ ရေသောက်နည်းတဲ့ သူတွေမှာ ပိုပြီး အဖြစ်များ
နိုင်ပါတယ်။ 🧑‍⚕️

လိပ်ခေါင်းရောဂါက အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဆိုပြီး အုပ်စုနှစ်ခု
ခွဲခြားထားပါတယ်။ ပုံမှန်ကတော့
တစ်မျိုးတည်း ဖြစ်ကြပေမဲ့ တစ်ချို့ သူများတွင် အပြင်လိပ်ခေါင်းရော အတွင်းလိပ်ခေါင်း‌‌ရောဖြစ်တတ်ကြပါတယ်။

လိပ်ခေါင်းရောဂါရဲ့ ရောဂါလက္ခဏာ‌တွေကတော့...

✅၀မ်းသွားစဥ် အညိုမဲမဲသွေး၀မ်းသွားခြင်း

✅အဖြူရောင်ချွဲများပါခြင်း။

✅၀မ်းသွားရခက်ခဲခြင်း။

✅စအို တစ်၀ိုက် ရောင်ရမ်းခြင်း။

✅စအိုတွင် အဖုအလုံးထွက်လာခြင်း ။

✅သွေးထွက်သော်လည်း နာကျင်မှုမရှိခြင်း။

စတဲ့ ရောဂါ လက္ခဏာတွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။

အဆိုပါလက္ခဏာတွေက အပြင်လိပ်ခေါင်းမှာ အများဆုံးဖြစ်တတ်ပြီး အတွင်းလိပ်ခေါင်းမှာတော့ နာကျင်မှုကို ခံစားရလေ့မရှိပါဘူး။

ဘယ်သူတွေမှာ အဖြစ်များလဲဆိုတော့

🔰အ၀လွန်သူများ

🔰၀မ်းမကြာခဏ ချုပ်တတ်သူများ ၊၀မ်းလျှော
တတ်သူများ

🔰ကိုယ်၀န်သည်များ

🔰ကြာရှည်စွာအညောင်းထိုင်ရသူများ

🔰အိမ်သာ အချိန်ကြာမြင့်စွာတက်သူများ

🔰စအိုဖြင့်လိင်ဆက်ဆံသူများ

🔰အမျှင်ဓါတ်နည်းတဲ့ အစားအစာများစားခြင်း
စတာတွေကြောင့် အဖြစ်များကြပါတယ်၊၊

လိပ်ခေါင်းရောဂါက မကူးစက်တတ်သလို
ရောဂါအခြေအနေ မပြင်းထန်တတ်ပါဘူး။
တချို့သူများတွင် အလိုလို ပျောက်သွားတတ်ပြီး
နည်းလမ်းမှန်ကန်တဲ့ ဆေးများသောက်သုံးရုံနဲ့လည်း ပျောက်ကင်းနိုင်ပါတယ်။

ဒါကြောင့် လိပ်ခေါင်းရောဂါက ရှက်စရာရောဂါတစ်ခုမဟုတ်သလို အရမ်းစိုးရိမ်စရာလည်း မလိုပါဘူး၊၊တကယ်လို့ရောဂါဒဏ်ကို မခံနိုင်လောက်အောင် အရမ်းခံစားနေရပြီဆိုရင်တော့ နီးစပ်ရာကျွမ်းကျင်ဆရာ၀န်ကြီးများနှင့် တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်၊၊🧑‍⚕️🧑‍⚕️



#လိပ်ခေါင်းရောဂါ
#အပြင်လိပ်
#အတွင်းလိပ်

အမျိုးသမီးတိုင်းကာကွယ် သားအိမ်ခေါင်းကင်ဆာ ရောဂါ အန္တရာယ် ⚠️သားအိမ်ခေါင်းကင်ဆာလို့ပြောလိုက်တာနဲ့ အမျိုးသမီးတိုင်းကို ဒုက္...
23/09/2023

အမျိုးသမီးတိုင်းကာကွယ် သားအိမ်ခေါင်းကင်ဆာ ရောဂါ အန္တရာယ် ⚠️

သားအိမ်ခေါင်းကင်ဆာလို့ပြောလိုက်တာနဲ့ အမျိုးသမီးတိုင်းကို ဒုက္ခအပေးနိုင်ဆုံး ‌ရောဂါတစ်ခုဆိုတာ
ပြောစရာမလိုလောက်ပါဘူး။ဘာလို့လဲဆိုတော့ သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာပဲ
ဖြစ်တတ်တဲ့ ကင်ဆာ ရောဂါတစ်မျိုးဖြစ်လို့ပါ။ 🧑‍⚕️🧑‍⚕️

သားအိမ်းခေါင်းကင်ဆာက ကမ္ဘာတဝှမ်းလုံးမှာ ဒုတိယ ဖြစ်ပွားမှုအများဆုံး ကင်ဆာတစ်မျိုးပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နှစ်စဉ်အမျိုးသမီးဦးရေ ၆၀၀၀ ကနေ ၈၀၀၀ ကြား ဖြစ်ပွားနေကြပြီး နေ့စဥ် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှု ဦးရေကလည်း ၅ ဦးနှင့် အထက်သေဆုံးနေကြရတယ်လို့ စစ်တမ်းတွေ အရသိရပါတယ်။🧑‍⚕️🧑‍⚕️

ဒါဆို သားအိမ်ခေါင်းကင်ဆာက ဘယ်ကနေစဖြစ်လဲ?

သားအိမ်ခေါင်းကင်ဆာက HPV virus လို့ခေါ်တဲ့ (Human papilloma virus)ကြောင့်ဖြစ်ရတာပါ။
HPV Virus 100 ကျော်ရှိတဲ့ အထဲမှ နံပါတ် 16 နဲ့ 18 က သားအိမ်ခေါင်းကင်ဆာကို ဖြစ်နိုင်ခြေအမြင့်ဆုံးဖြစ်ပါတယ်။ တခြားနံပါတ်တွေကတော့ လိင်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ဖြစ်ပွားပါတယ်။

သားအိမ်ခေါင်းကင်ဆာက စစကူးချင်းမှာ
ရောဂါ လက္ခဏာမှ မပြပဲ နှစ်အနည်းငယ်အကြာ
ကင်ဆာအဆင့်ရောက်မှ လက္ခဏာပြတာကြောင့် အသက် ၂၁ နှစ်ပြည့်ပြီးသူ အမျိုးသမီးတိုင်း
သားအိမ်ခေါင်းကင်ဆာကို မဖြစ်မနေစစ်ဆေးသင့်ပါတယ်။ 🧑‍⚕️🧑‍⚕️

ရောဂါလက္ခဏာတွေကတော့...

❗အတူနေစဥ်သွေးဆင်းတာ
❗ဆီးစပ်ကိုက်တာ
❗အတူနေစဥ်သာမန်မဟုတ်တဲ့ နာကျင်မှုမျိုး
ခံစားရတာ
❗အဖြူဆင်းတာ အနံ့နံတာ သွေးစတွေပါလာတာ
❗သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ
စတဲ့ မူမမှန်တဲ့ လက္ခဏာတွေကို ကြုံတွေနေရပြီဆိုရင်တော့ ကျွမ်းကျင်ဆရာ၀န်များနှင့် နောက်မကျခင်
အမြန်ပြသသင့်ပါတယ်။

ဒါဆို သားအိမ်ခေါင်းကင်ဆာကို ဘယ်လို ကာကွယ်ကြမလဲ?

သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေး ထိုးနှံခြင်းပါပဲ။အသက် ၉ နှစ်အရွယ်မှ စလို့ အရွယ်ရောက်ပြီးသူအမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကို မဖြစ်မနေထိုးနှံသင့်ပါတယ်။🧑‍⚕️🧑‍⚕️

ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးနှံရတဲ့ ပုံစံမျိုးမဟုတ်ပဲ ဆေးအာနိသင် ကောင်းမွန်စွာ လည်ပတ်နိုင်အောင် 9 နှစ်ကနေ 14 နှစ်အတွင်း ကလေးငယ်များဆိုရင်( 2 ကြိမ်) 14 နှစ်အထက်ဆိုရင်( 3 ကြိမ်) ထိုးနှံပေးရပါတယ်။ဒါ့အပြင် 5 နှစ်ပြည့်ရင်‌ နောက်တစ်ကြိမ်ထပ်မံထိုးခြင်းဖြင့် အမျိူးသမီးတိုင်းအတွက် အန္တရာယ်အရှိဆုံးနဲ့ ကြောက်ဖို့အကောင်းဆုံး သားအိမ်ခေါင်းကင်ဆာရောဂါရန်မှ ကာကွယ်လိုက်ပါ။🧑‍⚕️🧑‍⚕️

ဆေးအမျိုးအစားနဲ့ အသေးစိတ်ထိုးနှံခြင်းအကြောင်းအရာကို ကျွမ်းကျင်ရာဆရာဝန်ကြီးများနဲ့ သားဖွားမီးယပ်အထူးကုတွေနဲ့တိုင်ပင်ထိုးနှံပေးသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံလိုပါက
ကြိုတင် bookingရယူနိုင်ပါပြီ။
ဆက်သွယ်ရန်
☎️𝟬𝟵-𝟳𝟴𝟱𝟱𝟯𝟯𝟳𝟲𝟴
☎️𝟬𝟵-𝟳𝟴𝟱𝟱𝟯𝟯𝟴𝟭𝟳



#အမျိုးသမီးတိုင်းကာကွယ်သားအိမ်ခေါင်းကင်ဆာရောဂါအန္တရာယ်
#သားအိမ်ခေါင်းကင်ဆာ
#ကာကွယ်ဆေး

စိတ်ဖိစီးမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ?🤔စိတ်ဖိစီးမှုဆိုတာ လူတိုင်းနီးပါးဖြစ်ဖူးကြပါလိမ့်မယ်။ မိသားစု လုပ်ငန်းခွင် န...
23/09/2023

စိတ်ဖိစီးမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ?🤔

စိတ်ဖိစီးမှုဆိုတာ လူတိုင်းနီးပါးဖြစ်ဖူးကြပါလိမ့်မယ်။ မိသားစု လုပ်ငန်းခွင် နဲ့ relationship တွေမှာ အဆင်မပြေမှုတွေ ကြုံတွေ့ကြရတဲ့ အခါမှာ စိတ်ဖိစီးမှုတွေကို စတင် ခံစားရကြပါတယ်။🧑‍⚕️

စိတ်ပင်ပန်းလာတဲ့အခါ အဆင်မပြေတာတွေများလာတဲ့ အခါမှာ ခန္ဓာကိုယ်ထဲကနေ
Stress ဟော်မုန်းတွေ ထွက်လာပါတယ်။🧑‍⚕️

Stress ဟော်မုန်းတွေ ထွက်လာတဲ့
အခါမှာ ခန္ဓာကိုယ်က နှလုံးခုန်နှုန်းတွေမြန်လာတာ စိတ်အလိုမကျတော့တာ တစ်ခုခုဆို မဖြေရှင်းနိုင်တော့တာ ကြွက်သားတွေ တင်းရင်းလာတာ နဲ့ အသက်ရှူနှုန်းတွေ မြန်လာတာ စတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်နိုင်ပါတယ်၊၊🧑‍⚕️

တစ်ခါတစ်လေ စိတ်ဖိစီးမှုတွေကို အများအပြားခံစားလာရပြီဆိုရင် အတွေးအမှားတွေ ၀င်လာပြီး ကိုယ့်ကိုယ်ကို Su***de လုပ်တဲ့ အခြေအနေတွေထိအောင် ရောက်နိုင်တာကြောင့်မို့ စိတ်ဖိစီးမှုကို မပေ့ါသင့်ပါဘူး ။

တကယ်လို့ စိတ်ဖိစီးမှုတွေကို ခံစားနေပြီဆိုရင်လည်း အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေပြီး မြန်မြန်ဖြေရှင်းဖြေရှင်းသင့်ပါတယ်။

စိတ်ဖိစီးမှုခံစားနေပြီဆိုရင်...

✅စိတ်ကို သက်တောင့်သက်သာဖြစ်အောင်ထား
ပါ။

✅အသက်ကို ဖြေဖြေးမှန်မှန်ရှူသွင်း/ရှူထုတ်ပေး
ရပါမယ်။

✅မလုပ်နိုင်တဲ့ အကြောင်းအရာ ကိစ္စတွေကို
မလုပ်နိုင်ဘူးပြောပါ။

✅ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။

✅တစ်ရေးတစ်မော အိပ်ပါ။

✅ကိုယ်ခံစားနေရတာကို ယုံကြည်ရသူတွေမှာ
ရင်ဖွင့်ပါ။

✅သီချင်းများကို နားထောင်ပါ။

စိတ်ဖိစီးမှုတွေကို ကြုံတွေ့ရတဲ့အခါ စိတ်တွေရှုပ်ထွေးနေပြီးအပေါ်က အချက်လေးတွေကို လုပ်ကြည့်ပြီးဖြေရှင်းသင့်ပါတယ်။

တကယ်လို့အပေါ်က အချက်တွေကို မလုပ်ပဲထားလိုက်ရင် စိတ်အခြေအနေတွေ ပိုဆိုးလာပြီးရေရှည်မှာ စိတ်ရောဂါဖြစ်နိုင်တဲ့ အနေအထားထိရောက်နိုင်တာမို့လို့ လုံး၀ကို မပေါ့သင့်ပါဘူး။

အပေါ်က အချက်လေးတွေနဲ့ ဖြေရှင်းလို့မရဘူးဆိုရင် နီးစက်ရာဆေးရုံဆေးခန်းတွေကို သွားပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။🧑‍⚕️🧑‍⚕️



#စိတ်ဖိစီးမှု
#စိတ်ဖိစီးမှုကိုဖြေရှင်းခြင်း

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959785533768

Website

Alerts

Be the first to know and let us send you an email when Peti Toe Healthcare Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Peti Toe Healthcare Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram