Slark - Fitness

Slark - Fitness 𝗛𝗲𝗹𝗽𝗶𝗻𝗴 𝗬𝗼𝘂 𝗕𝗲𝗰𝗼𝗺𝗲 𝗬𝗼𝘂𝗿 𝗕𝗲𝘀𝘁 𝗦𝗲𝗹𝗳 🔱
https://www.facebook.com/KrixSlark

➲  Gym ဆိုတာ ဘာလဲ 🤔➲  လူတွေဘာကြောင့် Gym သွားကြတာလဲ 🤔➲  Gym သွားရင် ဘယ်လိုအကျိုးကျေးဇူးတွေ      ရမှာလဲ 🤔🤔➲  Gym ဆိုတာက က...
10/10/2023

➲ Gym ဆိုတာ ဘာလဲ 🤔
➲ လူတွေဘာကြောင့် Gym သွားကြတာလဲ 🤔
➲ Gym သွားရင် ဘယ်လိုအကျိုးကျေးဇူးတွေ
ရမှာလဲ 🤔🤔

➲ Gym ဆိုတာက ကျွန်တော်တို့ ခန္ဓာကိုယ် သန်စွမ်းမှုနဲ့ ကျန်းမာရေးကို မြှင့်တင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ အလေးတွေ ၊ စက်ပစ္စည်းတွေ ၊ ကျန်အထောက်အကူပြု ပစ္စည်းတွေ ရှိတဲ့ နေရာတစ်ခုဖြစ်တယ် ။ 21 ရာစုက စပြီး Gym ဆိုတဲ့ အသုံးအနှုန်းကပိုမိုကျယ်ပြန့်လာပြီးတော့ နေရာတိုင်းမှာလည်း Gym တွေကို ပုံစံအမျိုးမျိုးနဲ့ ဖွင့်လာကြတယ် ။ Gym တွေ ပိုမို များပြားလာရခြင်းက လူကြီး ၊ လူငယ် တွေအတွက် တစ်နေ့တာမှာ လှုပ်ရှားမှုရှိစေမယ် ကျန်းမာရေးကောင်းပြီး ပိုမို သန်စွမ်းလာစေချင်တဲ့အတွက်ကြောင့် ဖြစ်တယ် ...

➲ ဒါနဲ့.... လူတွေဘာ​ဖြစ်လို့ Gym သွားကြတာလဲ 🤔
➲ ဘာတွေများ ရမှာ မို့လို့လဲ 😂
ကဲ... ဒါဆိုရင် လူတွေဘာကြောင့် Gym သွားဖြစ်ရတာလဲဆိုတာ အကြောင်းအရင်းကိုပြောပြမယ်...
ဒီနေ့ခေတ် ကုန်စျေးနှုန်းတွေတက် ၊ အလုပ်ချိန်တွေမအားတာကို Gym ဆော့ပြီးဘာလို့အပင်ပန်းခံနေရတာလဲ ??

① Health & Fitness Goals

လူတွေအများကြီး Gym သွားဆော့နေရတဲ့အကြောင်းအရင်း တစ်ခုက ကျန်းမာဖို့အတွက်နဲ့ ခန္ဓာကိုယ် သန်မာပြီး လှပဖို့အတွက်ဖြစ်တယ် ။ လူတစ်ယောက်ချင်းဆီတိုင်းမှာ ရည်ရွယ်ချက် တစ်ခုဆီရှိတယ်...
➲ ဝိတ်ချချင်တာလား ?
➲ ဝိတ်တင်ချင်တာလား ?
➲ ကျန်းမာရေးအတွက် လာဆော့တာလား ?
ရည်ရွယ်ချက် တစ်ခုဆီကို သူတို့ မျှော်လင့်ပြီးလာဆော့ကြတယ် ။

② Daily Life Style & Discipline

ဒီလို ရည်ရွယ်ချက် တစ်ခုချင်းဆီထားပြီးတော့ Gym ဆိုတဲ့ နေရာကို သီးသန့်သွားနေတာကြောင့်မို့ ကျွန်တော်တို့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲသွားပြီး စည်းကမ်းလည်း ပိုရှိလာတာကို တွေ့ရတယ် ။ လေ့ကျင့်ခန်းလုပ်ပြီး နောက်ဆက်တွဲလုပ်ရမယ့် အကြောင်းအရင်းတွေ ( အစားအသောက်ထိန်းသိမ်းခြင်း ၊ အလုပ်ချိန် စီမံခြင်း ) လည်း များလာပြီး အချိန်ကြာလာတာနဲ့အတူ ကျွန်တော်တို့ Life style ထဲကို စိမ့်ဝင်လာတာ တွေ့ရတယ် ။

③ Self-Confidence & Self-Respect

​ လေ့ကျင့်ခန်းပြုလုပ်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲလာတာ ၊ ကျန်းမာရေးအခြေအနေ တိုးတက်လာတာကို မြင်ရခြင်းက ကိုယ့်ကိုယ် ကို ယုံကြည်မှုတိုးစေပြီးတော့ တန်ဖိုးထားလေးစားမှုကိုလည်း တိုးလာစေတယ် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်လာပြီး နေ့စဥ်ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မှာဖြစ်တယ် ။

④ Stress Relief

လေ့ကျင့်ခန်း ပြုလုပ်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျစေတယ် 💯
မှန်ပါတယ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက
စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်ခံစားချက် ကို မြင့်တင်ပေးနိုင်တဲ့ Body's natural stress relievers ( ခေါ် ) Endorphins(အင်​ဒိုဖင်) ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးတယ်... အဲ့တာကြောင့် တစ်နေကုန်စိတ်ပင်ပန်းနေရပြီး လူမှု့အသိုင်းအဝိုင်းနဲ့ လက်တွဲလုပ်ကိုင်ရတဲ့ သူတွေအတွက် Gym ဆော့ခြင်းက အကောင်းဆုံး အပန်းဖြေစခန်းတစ်ခုပါပဲ...

⑤ Social Interaction

Gym တွေက လေ့ကျင့်ခန်းပြုလုပ်ရုံသက်သက် နေရာတစ်ခုသာ မကဘဲနဲ့ လူတွေအများနဲ့ တွေ့ဆုံဆွေးနွေးနိုင်တဲ့ နေရာတစ်ခုဖြစ်တယ် ။ လူကြီး လူငယ်မရွေး မိမိ သူငယ်ချင်းများနှင့် လေ့ကျင့်ခန်းတူတူ ပြုလုပ်တာ ဒါမှမဟုတ် စိတ်တူကိုယ်တူ ဝါသနာတူ တဲ့ ပြင်ပ လူသစ်များနဲ့ လေ့ကျင့်ခန်းပြုလုပ်နိုင်ပြီး မိတ်ဆွေဖွဲ့ စကားပြောနိုင်ကြတယ် ။ Group Classes တွေ Personal Trainer တွေနဲ့ Gym မှာ ရှိတဲ့ သူတွေနဲ့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် စကားပြောဆိုမှုတွေက တစ်နေ့တာ စိတ်ဖိစီးမှုကို လျော့နည်းစေရုံသာမက Social skill ကိုပါ တိုးတက်လာစေတယ် ။

⑥ Preventative Health Care

လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခြင်းက ကျွန်တော်တို့အနာဂတ် ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ် ။
သန့်ရှင်းတဲ့ အစားအစာတွေ စားသုံးခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက သာမန် လေ့ကျင့်ခန်း မပြုလုပ်တဲ့သူတွေထက် နှလုံးရောဂါ ၊ ဆီးချို ၊ သွေးတိုးရောဂါ ၊ အရိုးပွရောဂါ တွေဖြစ်နိုင်ချေကို လျော့နည်းစေတယ် ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာ မက ဘဲ စိတ်ပိုင်းဆိုင်ရာ အခြေအနေပါ တိုးတက်လာတဲ့အတွက် ကျွန်တော်တို့နေ့စဥ်လှုပ်ရှားနေထိုင်မှုကို အနည်းနဲ့အများ အကျိုးပြုပါတယ် ။

Gym ဆိုတာ ဘာလဲ ?
ဘာလို့ လူတွေ Gym ကို သွားကြတာလဲ ?
Gym သွားရင် ဘာတွေရမှာလဲ ? ဆိုတာကို ရှင်းပြခဲ့ပြီဖြစ်လို့ စာကို အဆုံးထိဖတ်တဲ့ မိတ်ဆွေလည်း
အိမ်မှာဖြစ်ဖြစ် Gym သွားကစားရင်းဖြစ်ဖြစ်
တစ်နေ့တာကို ကိုယ်လက်လှုပ်ရှားမှုပြုပြီး နေကြပါလို့ အကြံပြုပါတယ် 😉



Address

Yagon

Telephone

+959966481515

Website

Alerts

Be the first to know and let us send you an email when Slark - Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Slark - Fitness:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category