White Star Physiotherapy Clinic

White Star Physiotherapy Clinic ဒူးနာခါးနာ အကြောအဆစ် နာကျင်နေပါသလား ခွဲစိတ်ရမှာကြောက်နေတာ မလိုအပ်ပဲ မခွဲစိတ်ချင်ဘူးလား။ ကြယ်ဖြူဆေးခန်းသို့သာ ကြွလှမ်းခဲ့ပါ။
(333)

" သင့်ခါးရိုးဆစ် L4 နဲ့ L5 မှာ ပြသနာရှိနေပြီလား ? "အခုခေတ် ဆေးခန်းလာပြတဲ့ လူနာတွေက ဗဟုသုတ များကြပါတယ်။ တချို့ဆို ဆေးခန်း...
28/03/2026

" သင့်ခါးရိုးဆစ် L4 နဲ့ L5 မှာ ပြသနာရှိနေပြီလား ? "
အခုခေတ် ဆေးခန်းလာပြတဲ့ လူနာတွေက ဗဟုသုတ များကြပါတယ်။
တချို့ဆို ဆေးခန်းပြရင် ခါးနာ တယ်လို့ ရိုးရိုး ပြောတာ ထက် ဘယ် အဆစ်မှာ ဘာဖြစ်နေလို့ ဆိုတာ မျိုး ကိုစပြောပါတယ်။

အထူးသဖြင့် L4 နဲ့ L5 ကြားမှာ ဆရာ ဆိုပြီး အစချီ တတ်ကြပါတယ်။
မှန်ပါတယ် Lumbar spine ခါးရိုးဆစ် ၄ နဲ့ ၅ ကြားဟာ ရောဂါအဖြစ် အများဆုံးနေရာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီနေရာဟာ အင်မတန်ရှုပ်ထွေးနေတဲ့ နေရာဖြစ်လို့ပါ။

ခါးရိုးဆစ်ရဲ့ အောက်ဆုံး အဆစ်ဖြစ်နေတာရယ် အရိုးနု၊ အာရုံကြောများ စွာရှိနေတာရယ်အပြင် ခန္ဓာ ကိုယ် အပေါ်ပိုင်းတခုလုံးကို လိုသလို လှည့်ပြောင်း ထိန်းထားရခြင်း စတာတို့ကြောင့် ဒဏ်ရာဖြစ်ဖို့လွယ်ပါတယ်။

L4 နဲ့ L5 ကြားမှာ ဘာရောဂါတွေဖြစ်တတ်သလဲ ?

L4 အဆစ် ရှေ့ကျွံသွားပြီး အာရုံကြောညပ်ကာ ခါးနာခြင်း ခြေသလုံးတင်းခြင်း၊
L4 အဆစ် နဲ့ L5 ကြားက အရိုးနုကျွံသွားပြီး အာရုံကြောညပ်ကာ ခါးနာခြင်း၊ခြေသလုံးတင်းခြင်း၊
L4 နဲ့ L5 ကို ဆက်သွယ်ထား ချိတ်ထားပေးတဲ့ facet joint အရိုးဆစ်ရောင်ခြင်း၊ ခါးနာခြင်း၊
L4 အဆစ်ရောင်ရမ်းခြင်းကြောင့် ထွက်လာတဲ့ ပရိုတင်းများ အာရုံကြော ဆီရောက်ပြီး ဖိမိသဖြင့် ပေါင်တန်းခြင်း၊
L4 L5 အဆစ် ကျီးပေါင်းတက်ကာ အာရုံကြောညပ်ခြင်းကြောင့် ခါးနာ ပေါင်တန်းခြင်း၊
L4 L5 အဆစ် အာရုံကြော အပေါက်ကျဉ်းခြင်းကြောင့် ခါးနာပေါင်တန်းခြင်း၊
L4 L5 အဆစ် ကိုဆက်သွယ်ထိန်းပေးထားသော အရွတ်များလျော့ရဲမှုကြောင့် အဆစ်များ လျော့ရဲပီး မတည်ငြိမ်ရွေ့လျားမှုကြောင့် အာရုံကြော ညပ်ကာ ပေါင်တန်းခြင်း၊
တို့ဖြစ်တတ်သည်။

L4 L5 မှာဖြစ်သော ရောဂါ အများစုကို အစပိုင်းမှာ မခွဲစိတ်ဘဲ ကုသလေ့ရှိပြီး တချို့ တအားနာကျင်ခြင်း၊ အကြောသေခြင်းတို့ ဖြစ်ပါက ခွဲစိတ်ဖို့ လိုအပ်ကောင်းလိုအပ် ပါလိမ့်မည်။
တကယ်တော့ ရောဂါတခုဖြစ်ပြီဆိုလျှင် ကိုယ့်ရဲ့ ခံစားရတဲ့ဝေဒနာ ၊ရောဂါဖြစ်စဉ်၊ ရှေ့က ကုသမှု တို့ကို တိတိကျကျ တဆင့်ချင်း ဆရာဝန်ကို ရှင်းပြသင့်ပါတယ်။ သို့မှသာ ရောဂါ အစစ်အမှန်ကို ရှာဖွေတွေ့ရှိဖို့ လွယ်ကူပါလိမ့်မယ်။

ကြယ်ဖြူဆေးခန်းမှာ မခွဲမစိတ်ပဲ

📌physiotherapy နည်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း၊
📌လေဆာရောင်ခြည်ကုထုံး (laser therapy)၊
📌အသံလှိုင်းကုထုံး (ultrasound therapy)၊
📌လျှပ်စစ်သံလိုက်လှိုင်းကုထုံး (SWD) တွေနဲ့ သက်သာပျောက်ကင်းအောင် အကောင်းဆုံးကုသပေးနေတာဖြစ်တာမလို့

ဆေးခန်းမှာ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ကြယ်ဖြူဆေးခန်းတွင် လာရောက်ကုသဖို့အတွက် ဆက်သွယ်လိုပါက
m.me/whitestarphysiotherapy?mibextid=2JQ9oc

******************************

ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....

( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...
Ph No,
☎️ 09260555537
☎️ 09796555537

( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...
Ph No,
☎️ 09796555576
☎️ 09796555586

( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....
Ph No,
☎️ 09785537000

( ကြယ်ဖြူဆေးခန်း ၄ )
လိပ်စာ- 22 လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး အင်းစိန်မြို့နယ်.....
Ph No,
☎️ 09795537000


#ကြယ်ဖြူ

#လည်ပင်းကျီးပေါင်း
#အရိုးအကြော #ကြွက်သားနှင့်အရွတ်

ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုပုံမှန်မဟုတ်လို့ စိတ်ပူနေပါသလား။❓White Star ရဲ့ ကျွမ်းကျင် Physiotherapist များနဲ့ April တစ်လလုံး...
28/03/2026

ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုပုံမှန်မဟုတ်လို့ စိတ်ပူနေပါသလား။❓

White Star ရဲ့ ကျွမ်းကျင် Physiotherapist များနဲ့ April တစ်လလုံး အခမဲ့ လာရောက်စမ်းသပ် စစ်ဆေးလိုက်ပါ။

ကလေးငယ်တစ်ယောက်
•ပထမဆုံး ထိုင်နိုင်လာချိန်
•လမ်းလျှောက်နိုင်လာချိန်တိုင်းက
မိဘတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ တွေပါ။💞

ဒါပေမယ့်
တခြားကလေးတွေနဲ့ ယှဉ်ကြည့်လိုက်ရင်
ကိုယ့်ကလေးက လှုပ်ရှားမှုတချို့မှာ နောက်ကျနေသလို ခံစားရရင်
အရင်ဆုံး စိတ်ပူမိတာက သဘာဝပါပဲ။‼️

ဖွံ့ဖြိုးမှုနောက်ကျတယ်ဆိုတာ မိဘတွေရဲ့ အမှားမဟုတ်သလို၊ ကလေးတွေရဲ့ ညံ့ဖျင်းမှုလည်း မဟုတ်ပါဘူး။ ❌

အသက်အရွယ်အလိုက် ရုပ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်း ဖွံ့ဖြိုးမှုတွေ ရှိသင့်တဲ့
အသက်အရွယ်အလိုက် မရှိဘဲ ဖွံ့ဖြိုးမှုနှုန်း အနည်းငယ် ကွာဟနေတာမျိုးပါ။✅

ဥပမာ -

✨အသက် ၆ လကျော်ထိ ခေါင်းမခိုင်တာ
✨၉–၁၀ လအရွယ်မှာ မထိုင်နိုင်သေးတာ ✨လမ်းလျှောက်ချိန် နောက်ကျတာ
✨ခြေလက်တွေ ပျော့ နေတာ ဒါမှမဟုတ် တောင့်နေတာတွေ
✨ခေါ်ရင်လှည့်မကြည့်တာ၊ ပတ်ဝန်းကျင်ကို စိတ်မဝင်စားတာ စတဲ့ လက္ခဏာတွေ ရှိနေရင်
ဒါက Developmental Delay ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေကို စောစီးစွာ သိရှိပြီး ကုသမှုခံယူနိုင်ရင် ကလေးငယ်တွေရဲ့အနာဂတ်ကို စိတ်ပူစရာမလိုဘဲ ကာကွယ်နိုင်ပါတယ်။🥰

🌟 White Star မှာဆိုရင်…

ကလေးငယ်တွေကို ကြောက်ရွံ့မှုမရှိစေဘဲ ကစားကွင်းတစ်ခုလို ပျော်ရွှင်စရာပတ်ဝန်းကျင်မှာ ကျွမ်းကျင် တဲ့ Child Physiotherapist များက စနစ်တကျ ကုသပေးနေပါတယ်။

ဘယ်လို ကလေးတွေကို ကုသပေးနေတာလဲ။⁉️

👶 Development Delay
(ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကလေးတွေ)

👶 Cerebral Palsy
(ဦးနှောက်နှင့် အာရုံကြောချို့ယွင်းမှုကြောင့် ကိုယ်နေဟန်ထား လှုပ်ရှားမှု ပုံမမှန်တဲ့ ကလေးတွေ)

👶Down Syndrome
(မျိုးရိုးဗီဇကြောင့် ဖွံ့ဖြိုးမှုနှေးကွေးတဲ့ကလေးတွေ)

👶Autism spectrum disorder
(လူမှု ပေါင်းသင်း ဆက်ဆံရေးတွေမှာ သူများနဲ့မတူတဲ့ဖွံ့ဖြိုးမှုကြောင့် စိန်ခေါ်မှုရှိနေတဲ့ကလေးတွေ)

👶Attention Deficit Hyperactive Disorders
(အာရုံစူးစိုက်မှုအားနည်းပြီး တက်ကြွလွန်တဲ့ ကလေးတွေ)

👶Developmental Coordination Disorder
(လှုပ်ရှား၊ဖွံ့ဖြိုးမှုဆိုင်ရာ ညှိနှိုင်းရခက်ခဲတဲ့ ကလေးတွေ)

👶Muscular Dystrophies
(ကြွက်သား အားနည်းတဲ့ ကလေးတွေ)

👶Torticollis
(မွေးရာပါလည်ပင်းစောင်းတဲ့ ကလေးတွေ)

👶ကလေးငယ်တွေမှာ ကစားရင်းရတက်တဲ့ အားကစားဒဏ်ရာတွေ

👶အရိုးအကြောအဆစ်ဆိုင်ရာ ဝေဒနာခံစားနေရတဲ့ ကလေးတွေကို

အဓိကထားကုသပေးနေတာဖြစ်ပါတယ်။

White Star ရဲ့ ကုသမှုပုံစံတွေကတော့

✅ လှုပ်ရှားမှုစွမ်းရည် တိုးတက်‌အောင်လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းများ
✅ ကြွက်သားသန်မာမှုနှင့် ဟန်ချက်ထိန်းပေးတဲ့ လေ့ကျင့်ခန်းများ
✅ စိတ်တည်ငြိမ်စေမည့် အသက်ရှူလေ့ကျင့်ခန်း
✅ နာကျင်မှုကိုသက်သာအောင် ကုသပေးတဲ့ နည်းလမ်းများ
✅ ကလေးတွေ ငြီးငွေ့မသွားစေဖို့ ကစားနည်းများကို အခြေခံထားတဲ့ လေ့ကျင့်ခန်းများ

✅ နေ့စဉ်လူမှုဘဝ လှုပ်ရှားမှုဆိုင်ရာ လမ်းညွှန်ချက်တွေအပြင်

✅အိမ်မှာကုသပေးလို့ရမယ့် ကုသရေးလေ့ကျင့်ခန်းတွေနဲ့အတူ

ကလေးတွေကို မိဘတွေအနေနဲ့ အိမ်မှာ ဘယ်လို ပြုစုစောင့်ရှောက်ရမလဲဆိုတာကိုပါ သင်ကြားပေးရင်း ကုသပေးတာပါ။

ဒါ့အပြင်
🌟White Starရဲ့ ကျွမ်းကျင် Child Physiotherapist တွေက

✅Developmental Screening
ကလေးငယ်ရဲ့အရွယ်နဲ့ကိုက်ညီတဲ့ ဖွံ့ဖြိုးမှုနှုန်းရှိမရှိ စစ်ဆေးပေးတယ်။


✅Movement Evaluation
မိမိကလေးရဲ့ လှုပ်ရှားသွားလာပုံ၊ ကိုယ်ဟန်အ‌နေအထား မမှန်မမှန် စစ်ဆေးကြည့်ရှု့ပေးတယ်။

ဒါတင်မကသေး

✅Functional Assessment

ကလေးငယ်ရဲ့ နေစဉ်လှုပ်ရှားမှုတွေမှာ လုပ်နိုင်စွမ်းရှိမရှိ အသေးစိတ် စစ်ဆေးပေး သေးပါတယ်။

ဒီလို အဆင့်ဆင့်ဖြစ်တဲ့ စစ်ဆေးမှုတွေကို စနစ်တကျ ပြုလုပ်ပြီးတဲ့အခါ

✅ ကလေးငယ်တွေ ကစားရင်းနဲ့ လှုပ်ရှားမှုအသစ်တွေကို သင်ယူနိုင်ဖို့ ဘေးကင်းတဲ့ Play-based activities တွေကိုပဲ အသုံးပြုထားပါတယ်။

✅ ကလေးတစ်ယောက်ချင်းစီရဲ့ ဖွံ့ဖြိုးမှု အခြေအနေက မတူညီတဲ့အတွက်
သူတို့နဲ့ အကိုက်ညီဆုံးဖြစ်မယ့်
Individualized treatment plan ကို စနစ်တကျ ရေးဆွဲပြီး ကုသ ပေးတာဖြစ်ပါတယ်။

တကယ်တော့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုအတွက် "အချိန်"
ဆိုတာ အလွန်တန်ဖိုးရှိပါတယ်။✅

ဒီလို အကြောင်းတွေကြောင့်

မိဘတွေအ‌နေနဲ့ စိတ်သက်သာရာရပြီး အခြေအနေကို အချိန်မီ ကိုင်တွယ်နိုင်တတ်အောင်

🌟 White Starက
📅April တစ်လလုံး
👉Child Physiotherapist နဲ့ အခမဲ့ စမ်းသပ် စစ်ဆေးမယ့် အစီအစဉ် ပြုလုပ်ပေးထားပါတယ်။

📩ဒါကြောင့် အခုပဲ Appointment ရယူပြီး ကလေးရဲ့ အနာဂတ်ကို အကောင်းဆုံးပုံဖော်လိုက်ကြရအောင်ပါ။ 🥰

m.me/whitestarphysiotherapy?mibextid=2JQ9oc
****
ကြယ်ဖြူ ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....

🏥လိပ်စာ- 22 လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး အင်းစိန်မြို့နယ်.....
Ph No,
☎️ 09795537000




အချိန်ကြာမြင့်စွာ ထိုင်ခဲ့ခြင်းတွေကြောင့် အသက် (၃၀) ကျော်နောက်ပိုင်းမှာ တင်ပါးခွက်ကနေ ခြေဖျားအထိ နာကျဉ်ပြီး လမ်းလျှောက်လ...
21/03/2026

အချိန်ကြာမြင့်စွာ ထိုင်ခဲ့ခြင်းတွေကြောင့် အသက် (၃၀) ကျော်နောက်ပိုင်းမှာ တင်ပါးခွက်ကနေ ခြေဖျားအထိ နာကျဉ်ပြီး လမ်းလျှောက်လိုမရအောင် စူးအောင့်နေပါသလား။❓

အသက် (၃၀) ကျော်အရွယ်
ကိုမင်း (အမည်လွှဲ) တစ်ယောက် အလုပ်ထဲမှာ စိတ်နှစ်ပြီး အလုပ်လုပ်နေရင်း သူ့ရဲ့ တင်ပါးခွက်ထဲကနေ "စူးခနဲ" နာကျင်မှုကို စတင်ခံစားခဲ့ရပါတယ်။😓

ပထမတော့ "ထိုင်တာများလို့ နာတာပါ" ဆိုပြီး အကိုက်အခဲပျောက်ဆေးလေး သောက်ပြီး
လျစ်လျူရှုခဲ့မိတယ်။

ဒါပေမဲ့ ဝေဒနာက ထင်သလောက် မရိုးရှင်းခဲ့ပါဘူး။😥

‌(၃) ရက်လောက်နေတဲ့အခါ

တင်ပါးကနေ စတင်ပြီး ပေါင်နောက်ခြမ်း၊
ဒူးခေါက်ခွက်အထိကို ဆင်းပြီး နာကျင်ပြီးတော့ ကိုက်ခဲလာတယ်။💢

လမ်းလျှောက်လိုက်တိုင်း
ခြေသလုံးကနေ ခြေဖျားအထိ လျှပ်စစ်စီးသလိုမျိုး "ဖြန်းခနဲ" နာကျင်လာတယ်၊ တချက်တချက်
အပ်နဲ့ထိုးသလို တစစ်စစ် ခံစားရတယ်။😥

ခြေထောက်တခုလုံးကလည်း
နာကျင်ကိုက်ခဲပြီးတော့
ကိုယ့်ခြေထောက်ကို ပြန်ကိုင်ရင်တောင် သူစိမ်းခြေထောက်လိုကိုင်ရသလို ထုံတာမျိုးအထိ ခံစားလာရတယ်။

🛑ဒီလိုဝေဒနာမျိုးကို ဆေးပညာအရ
တင်ပဆုံအာရံကြောညပ်ခြင်း Sciatica Pain လိုခေါ်ပါတယ်။

💡 Sciatica ဆိုတာ ဘာလဲ။?

Sciatica ဆိုတာ ခါးအောက်ပိုင်းကနေ တင်ပါး၊ ခြေထောက်တစ်လျှောက် ဆင်းသွားတဲ့ Sciatic Nerve လိုခေါ်တဲ့ နာဗ်ကြောကြီး ဖိမိတာ ဒါမှမဟုတ် ရောင်ရမ်းတာကြောင့် ဖြစ်ရတဲ့ ဝေဒနာပါ။
ဒါဟာ ရောဂါတစ်ခုထက်စာရင် တခြားသော ကျောရိုးပြဿနာတစ်ခုခုကြောင့် ဖြစ်လာတဲ့ "လက္ခဏာ" တစ်ခုလို ပြောလိုရပါတယ်။ ‼️

👉🏻Sciatica ဖြစ်ရတဲ့ ၉၀% သော အဓိက
အကြောင်းရင်းကတော့
ခါးကျောရိုးဆစ်ကြား အပြားကျွံခြင်းကြောင့်ပါပဲ။
ကျောရိုးဆစ်တွေကြားမှာရှိတဲ့ အရိုးနုအပြားလေး (Disc) ထဲက ဂျယ်လ်လို အနှစ်သားလေးတွေဟာ အပြင်ကို ထွက်လာပြီး နားမှာရှိတဲ့ နာဗ်ကြောကို သွားဖိမိတာမျိုး ဖြစ်ပါတယ်။

💁‍♀️ဘယ်သူတွေမှာ အဖြစ်များလဲ။?

👉🏻အသက်ကြီးလာတာနဲ့အမျှ ကျောရိုးဆစ်တွေ ယိုယွင်းလာသူများ၊

👉🏻ခန္ဓာကိုယ်အလေးချိန်များပြီး အ၀လွန်နေတဲ့သူများ၊

👉🏻လေးလံတဲ့ပစ္စည်း ခဏခဏ
မရသူများ၊ အချိန်အကြာကြီး မောင်းရသူများ၊ အထိုင်များသူများနဲ့

👉🏻ဆီးချိုရောဂါအခံ ရှိသူများမှာ

ဖြစ်နိုင်ခြေများပါတယ်ရှင်။

အချိန်မီ ကုသမှုမခံယူဘဲ ပေါ့ဆနေမယ်ဆိုရင်
အာရုံကြော ထိခိုက်ပျက်စီးမှုက ပိုပြင်းထန်လာနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့

💢ခြေထောက်ကြွက်သားတွေ အားနည်းသွားပြီး
လမ်းလျှောက်မရတော့ပဲ တရွတ်တိုက်ဆွဲပြီး သွားရတာမျိုးနဲ့ ဆီးဝမ်း လုံးဝ ထိန်းမရတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။

🌟ဒီလိုအခြေနေမျိုးထိ မရောက်အောင်
သေချာကုသမှုခံယူချင်တယ်ဆိုရင်တော့
‘ကြယ်ဖြူ’ ဆေးခန်းကို လှမ်းလာခဲ့ပါရှင်။

‘ကြယ်ဖြူ’မှာ ဆိုရင်
Sciatica Pain အပြင် အရိုးအကြော‌အဆစ်
ဝေဒနာအမျိုးမျိုးအတွက်
ကျွမ်းကျင်တဲ့ ဆရာ၀န်များကိုယ်တိုင်
သေချာဆွေးနွေးပေးပြီး
👉🏻မလိုအပ်ဘဲ ဆေးထိုးခြင်း၊
👉🏻ဆေးစွဲသောက်ခြင်း၊
👉🏻ခွဲစိတ်ခြင်းတွေ မလုပ်ရပဲ

📌physiotherapy နည်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း၊
📌လေဆာရောင်ခြည်ကုထုံး (laser therapy)၊
📌အသံလှိင်းကုထုံး (ultrasound therapy)၊
📌လျှပ်စစ်သံလိုက်လှိုင်းကုထုံး (SWD) တွေနဲ့ သက်သာပျောက်ကင်းအောင် အကောင်းဆုံး ကုသပေးနေတာဖြစ်တာမို့

🌟ဝေဒနာကို အချိန်မီ ကုသမှုခံယူရင်း ပေါ့ပါးသွက်လက်တဲ့ နေထိုင်မှုပုံစံကို ပြန်လည်ရရှိနိုင်ဖို 'ကြယ်ဖြူ' နဲ့အတူ ကျန်းမာတဲ့ အနာဂတ်ကို ခုပဲ ပြန်လည်တည်ဆောက်လိုက်ပါ။

**************

ကြယ်ဖြူဆေးခန်းမှာ ကုသမှုခံယူဖို့ဖြစ်စေ၊ အသေးစိတ် စုံစမ်းဖို့ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်တွေကနေ ဆက်သွယ်နိုင်ပါတယ်ရှင်။

⭐️ ( ကြယ်ဖြူဆေးခန်း ၁ )
၅၉၊ သြဘာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
☎️ 09 260555537, 09 796555537

⭐️ ( ကြယ်ဖြူဆေးခန်း ၂ )
၈၃၆၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်။
☎️ 09 796555576, 09 796555586

⭐️ ( ကြယ်ဖြူဆေးခန်း ၃ )
၁၅၂၃၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ် (ထူပါရုံ ၁ ရပ်ကွက်)။
☎️ 09 785537000

⭐️ ( ကြယ်ဖြူဆေးခန်း ၄ )
၂၂ လမ်းသစ်လမ်း၊ အင်းစိန်ပန်းခြံမှတ်တိုင်အနီး၊ အင်းစိန်မြို့နယ်။
☎️ 09 795537000 နဲ့

💬 သိလိုသည်များကို Messenger မှတစ်ဆင့် မေးမြန်းရန်:
m.me/whitestarphysiotherapy
ကို ဆက်သွယ်နိုင်ပါတယ်ရှင် 🩺

#ခါးနာ #အရးအကြော #ကြွက်သားနှင့်အရွတ်

20/03/2026

ကြယ်ဖြူဆေးခန်းကို ယုံကြည်စွာ လာရောက်ကုသပေးသူ ကျေးဇူးရှင်များကို ဝေဒနာလျင်မြန်စွာပျောက်ကင်းပါစေကြောင်း ကြယ်ဖြူမိသားစုအားလုံးမှ ဆုတောင်းမေတ္တာပိူ့သအပ်ပါသည်။☺☺☺
#ကြယ်ဖြူဆေးခန်း

Sciatica pain (​ခါးနာခြင်းနှင့် ပေါင်​တန်​းနာ) အ​ကြောင်​းSciatic nerve ဟာ လူ့ခန္ဓာကိုယ်​မှာ အကြီးဆုံးအာရုံ​ကြော ဖြစ်​ပါတ...
09/03/2026

Sciatica pain (​ခါးနာခြင်းနှင့် ပေါင်​တန်​းနာ) အ​ကြောင်​း

Sciatic nerve ဟာ လူ့ခန္ဓာကိုယ်​မှာ အကြီးဆုံး
အာရုံ​ကြော ဖြစ်​ပါတယ်​။ ၎င်းအာရုံ​ကြောဟာ ခါးဆစ်​ရိုး L4-L5 ​နေရာက စထွက်​ပြီး တင်​ပခွက်​နဲ့ ​ပေါင်​​နောက်​
တ​လျှောက်​မှ ဒူးဆစ်​အ​နောက်​တ​လျှောက်​ supply လုပ်​​ပေးပါတယ်​။
ဒါ​ကြောင်​့​ ခါးရိုးအတက်​ထွက်​သူ၊ ခါးဆစ်​ပြားကျွံသူ နဲ့ ခါးဆစ်​ရိုးကျဉ်​းသွားတဲ့သူ​တွေမှာ sciatica pain (​ပေါင်​တန်​းနာ) ရတတ်​ပါတယ်​။

လက္ခဏာ ​တွေက​တော့ ​ခြေ​ထောက်​တ​ချောင်​း ထုံတာ ကျဉ်​တာ နာတာ ဖြစ်​ပါတယ်​။

အသက်​အရွယ်​ကြီးသူ၊ အဝလွန်​သူ၊ အထိုင်​များတဲ့
အ​လေ့အကျင်​့ရှိသူ နဲ့ ဆီးချိုရှိတဲ့သူ​တွေမှာ ဖြစ်​နိုင်​ပါ
တယ်​။ အချိန်​ကြာမြင်​့စွာထိုင်​ရတဲ့အလုပ်​မျိုး လုပ်​ရသူ (ဥပမာ- စာရင်​းတွက်​ရသူ၊ ကား​မောင်​းသမား) ​တွေမှာ ခန္ဓာကိုယ်​ပုံစံအ​နေအထားမှားယွင်​းမှု​ကြောင်​့ ခါးနာရာမှတဆင်​့ sciatica pain (​ပေါင်​တန်​းနာ) ရတတ်​ပါတယ်​။

​နောက်​ဆက်​တွဲပြသနာများ

ခါးနာပြီး sciatica pain ရ​နေတဲ့သူ​တွေဟာ ​ရောဂါကို​သေချာမကုသဖြစ်​ပါက ​နောက်​ဆက်
တွဲဆိုးကျိုးများစွာကိုခံစားတတ်​ရပါတယ်​။
-တချို့​သောသူ​တွေမှာ ​ခြေ​ထောက်​တ​လျှောက်​လုံးကို​ထောက်​ပံ့​ပေးထားတဲ့ sciatic nerve အာရုံ​ကြော ဖိမိတဲ့ (သို့) ပျက်​စီးတဲ့​နေရာ​ပေါ်မူတည်​ပြီး ​ခြေ​ထောက်​ရှိ
ကြွက်​သားများအားနည်​းတတ်​ပါတယ်​။ များ​သောအားဖြင်​့ ​ခြေကျင်​းဝတ်​​မ​ကော့နိုင်​ခြင်​း၊ ​ခြေမ မ​ကော့နိုင်​ခြင်​းစသည်​့ ကြွက်​သားများလှုပ်​ရှားမှုအားနည်​းနိုင်​ပါတယ်​။
-လမ်​း​လျှောက်​တဲ့​နေရာမှာအ​ရေးကြီးတဲ့ကြွက်​သား​တွေအားနည်​းသွားပါက ​ခြေ​ထောက်​ကြွလမ်​းမ​လျှောက်​နိုင်​​တော့ဘဲ ​ခြေတရွတ်​ဆွဲ​သွားတတ်​ပါတယ်​။
-တချို့​သောသူ​တွေမှာ​တော့ ဆီးဝမ်​းထိန်​းတဲ့ကြွက်​သား​တွေပါ အားနည်​းသွားတတ်​ပါတယ်​။

Physiotherapy treatment

- ပုံမှန် ဂရုတစိုက် ကုသမှုခံယူပြီး အ​ကြောအဆစ်​
ကျွမ်​းကျင်​ပညာရှင်​ (Physiotherapist) နှင့်ပြသ၍
လိုအပ်တဲ့ ခါးကြွက်​သားလေ့ကျင့်ခန်းများ၊ ​ပေါင်​နောက်​ကြွက်​​သားများဆွဲဆန်​့​သော​လေ့ကျင်​့ခန်​းများ၊ အ​နေအထိုင်​ပုံစံ ​ဆောင်​ရန်​​ရှောင်​ရန်​များဖြင်​့ကုသနိုင်​ပါ
တယ်​။
- ​ခြေ​ထောက်​ကြွက်​သားအားနည်​းသူများအတွက်​လည်​း Electrical Stimulation စက်​ဖြင်​့ ကြွက်​သားများပြန်​လည်​သန်​စွမ်​းလာ​စေရန်​ ​ကုသနိုင်​ပါတယ်​။
By PT MYMP

ကြယ်ဖြူဆေးခန်း နှင့်တိုင်ပင်ပါ

#ကြယ်ဖြူဆေးခန်း ၁
၅၉ သြဘာလမ်း ကျောက်မြောင်း တာမွေမြို့နယ်။
ဖုနး် ၀၉၂၆၀၅၅၅၅၃၇ ,09796555537

#ကြယ်ဖြူဆေးခန်း ၂
၈၃၆ မဟာဗန္ဓုလလမ်း (၉လမ်းထိပ်)
လမ်းမတော်မြို့နယ်
ဖုန်း ၀၉၇၉၆၅၅၅၅၇၆ ,09796555586

#ကြယ်ဖြူဆေးခန်း ၃
အမှတ်- ၁၅၂၃၊ ၁ထူပါရုံရပ်ကွက်၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရုပ်ရှင်ရုံမှတ်တိုင်အနီး
ဖုန်းနံပါတ် - ၀၉၇၈၅၅၃၇၀၀၀

ခါးကြောညှပ်ဝေဒနာခံစားနေရသူများအတွက် ရေရှည်မှာဒဏ်မဖြစ်စေဖို့ ကုသမှုခံယူခြင်းနဲ့အတူ လိုက်နာကျင့်သုံးသင့်သော အချက် 7 ချက်🔰....
09/03/2026

ခါးကြောညှပ်ဝေဒနာခံစားနေရသူများအတွက် ရေရှည်မှာဒဏ်မဖြစ်စေဖို့ ကုသမှုခံယူခြင်းနဲ့အတူ လိုက်နာကျင့်သုံးသင့်သော အချက် 7 ချက်

🔰. ခါးကြောညှပ်ပြီး ပေါင်နောက် နဲ့ တင်ပဆုံနာနေတယ်...
ခြေထောက်တွေ ထုံကျဉ်ပြီး ‌‌အားမရှိသလို ခံစားနေရတယ်....
မတ်တပ်ကြာကြာရပ်ရင် စူးပြီထုံကျဉ်နေတယ်...
ဒီလို ရောဂါလက္ခဏာတွေ ခံစားနေရပါသလား ❓

🔰. တကယ်တော့ ခါးကြောညှပ်တယ်ဆိုတာ
L4 - L5 ကြားရှိ ခန္ဓာကိုယ်မှာ အရှည်ဆုံး အာရုံကြောဖြစ်တဲ့ Sciatic Nerve ကို ဖိမိလို့ ၊ ထိခိုက်မိလို့ ဖြစ်ရတဲ့ ရောဂါလက္ခဏာတစ်မျိုးပါ...

🔰. ဒီလို ခံစားရပြီဆိုရင် တစ်ချို့မှာ အိမ်မှာနေရင်း နီးစပ်ရာ ကုသကြသလို ၊ တစ်ချို့ကျတော့ ဆေးခန်းမှာ စနစ်တကျ ကုသကြတာမျိုး ရှိပါတယ်...

🔰. ဒီလို ဝေဒနာသက်သာအောင် နည်းလမ်းမျိုးစုံနဲ့ ကုသနေပေမယ့်
▪️ တစ်ချို့ကျ သက်သာမလာဘူး
▪️ လ နဲ့ ချီပြီး ရောဂါ ခံစားနေရတယ်ဆိုရင်
အချိန်ကုန် ငွေကုန်ပြီး လူပင်ပန်းရမှာတော့ အမှန်ပါပဲ...

ဒါကြောင့် ခါးကြောညှပ်ဝေဒနာကို အမှန်တကယ် သက်သာချင်တယ်ဆိုရင်

✅. အရိုးအကြော အထူးကုဆရာဝန်ကြီးတွေနဲ့ စနစ်တကျ ကုသမှုခံယူပါ...
✅. ဆရာဝန်ကြီးတွေ ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာပါ...
✅. ခါးနာတဲ့နေရာကို ရေခဲကပ်ပေးပါ...
✅. ရေနွေးနဲ့ ရေချိုးပေးပါ...
✅. လမ်းလျှောက်တာ ၊ ရေကူးတာတွေ ပြုလုပ်ပေးပါ...
✅. ခါးကြောညှပ်ဝေဒနာရှင်များအတွက် လေ့ကျင့်ခန်းတွေကို လိုက်လုပ်ပေးပါ...
✅. ကိုယ်နေဟန်ထားမှန်ကန်အောင် ဂရုစိုက်ပေးပါ...

ဒီလိုလွယ်လွယ်ကူကူ အချက်လေးတွေကို လိုက်ပါလုပ်ဆောင်ရုံနဲ့
သင့်ရဲ့ခါးကြောညှပ်ဝေဒနာကို သက်သာစေမှာဖြစ်လို့ မမေ့မလျော့ လုပ်ကြည့်ဖို့ တိုက်တွန်းပါစေ... 😊

ခါးကြောညှပ်ဝေဒနာကို အချိန်မလွန်ခင် ကုသမှု ခံယူပြီး မြန်မြန်ဆန်ဆန်သက်သာလိုပါက
ကြယ်ဖြူဆေးခန်းကိုသာ ယုံကြည်အားထားလိုက်ပါ... ☺️

‼️ ခါးကြောညှပ်ဝေဒနာကို ကြယ်ဖြူဆေးခန်းမှာ တိုင်ပင်ပါ...

ကြယ်ဖြူဆေးခန်းတွင် လာရောက်ကုသဖို့အတွက် ဆက်သွယ်လိုပါက

m.me/whitestarphysiotherapy?mibextid=2JQ9oc
****************************
ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....

( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...

Ph No,
☎️ 09260555537
☎️ 09796555537

( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...

Ph No,
☎️ 09796555576
☎️ 09796555586

( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....

Ph No,
☎️ 09785537000

( ကြယ်ဖြူဆေးခန်း ၄ )
လိပ်စာ- 22 လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး အင်းစိန်မြို့နယ်.....

Ph No,
☎️ 09795537000

#ကြယ်ဖြူ

#လည်ပင်းကျီးပေါင်း
#အရိုးအကြော #ကြွက်သားနှင့်အရွတ် #ခါးကြောညှပ်ဝေဒနာ

09/03/2026

ခါးနာခြင်း ဆောင်ရန် ရှောင်ရန်များ
==================
ခါးနာခြင်းသည် ကုသပျောက်ကင်းသွားသော်လည်း အနေအထိုင်သတိမပြုမိသည့်အခါ ပြန်လည်ဖြစ်တတ်သောရောဂါဖြစ်သည်။ထို့ကြောင့် ခါးနာခြင်း ဆောင်ရန် ရှောင်ရန် နှင့် ခါးလေ့ကျင့်ခန်း link ၂ ခု ဆက်လက်လေ့ကျင့်မှတ်သားထားရန်လိုအပ်သည်။နာနေချိန်တွင် ဆိုင်ကယ်၊စက်ဘီး မစီးရပါ။ မပျော့မမာ လွန်းသော အိပ်ယာရှိရန်လည်း လိုအပ်သည်။

ခါးနာနေပါသလား ????
=============================
လှုပ်ရှားသွားလာရ တာ မကောင်းဘူးဆိုရင် ငါဘာဖြစ်ပြီလဲမသိဘူးဆိုပြီးစိတ်ပူတတ်ကြတယ်။လူတော်တော်များများလည်းကြုံဖူးလေ့ရှိကြပြီးအဓိကဖြစ်တတ်တာ ကတော့ ခြေထောက်တစ်လျှောက်ပေါင် နေရာနဲ့ တစ်ခါတစ်ရံမှာ ဒူးအောက်ပိုင်းက ခြေသလုံး ကြွက်သားတွေ၊ခြေထောက်တွေအထိနာတာ၊ ထုံကျင် တာ စတာအပြင်တင်ပါးခွက်နှင့် ခါးအောက်ပိုင်းနာကျင်ကိုက်ခဲတာ မျိုးလည်းဖြစ်တတ်ပြီး မလှုပ်မရှားနိုင်တာအထိလည်း ဖြစ်တတ်ကြတယ်။လမ်းသွားနေရင်းဆက်မလျောက်နိုင်လို့ ထိုင်လိုက်ရတာမျိုးလည်းဖြစ်နိုင်တယ်။ ဒါကိုပဲအရပ်ထဲမှာတော့ ပေါင်တန်း တယ်၊ အကြောညပ်တယ် လို့ခေါ်တတ် ကြပြီး နာတာကျင်တာဟာ ချောင်းဆိုးတာ၊ နှာချေတာ စတာနဲ့ကြွက်သားတွေအားစိုက်ထုတ်ရတဲ့အခါမှာ ပို ဆိုးတတ်ကြပါတယ်။
ဒါတွေဟာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ကိုယ်ရဲ့နေထိုင်မှုပုံစံ၊အလုပ်အကိုင်၊အလေးအပင်ကိုရုတ်တရက်မမိတာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၁။ခြေထောက်က Sciatic အာရုံကြောမကောင်းလို့ဆိုတာထက် သူ့ရဲ့မြစ် ဖျားခံရာခါးဆစ်ကျောရိုးမကြီးဆီကနာကျင်မှုဟာ အောက် ကိုဆင်းလာတတ်တာဖြစ်တယ်။ ခါးဆစ်ရိုးကြားတစ်ခု နဲ့တစ်ခုမှာရှိပြီး ခါးဆစ်ရိုးတွေကို ချိတ်ဆက်ထောက် ပံ့ပေးထားတဲ့dicsလေးတွေ (Inter-vertebral Disc) ကျွံပြီး ပင်မအာရုံကြော ကို သွားဖိမိတာ ကြောင်ဖြစ်တယ် ။

၂။ခါးဆစ်ရိုးအခေါင်းပေါက်ကျဉ်းလို့အာရုံကြောတွေပိမိတာလည်းဖြစ်နိုင်ပါတယ်။

၃။ခါးကျောရိုးမှာအလုံးအကျိတ်ဖြစ်တာ၊ကင် ဆာဖြစ်တာ၊ သို့မဟုတ်တခြားခန္ဓာကိုယ်တစ်နေရာရာ မှ ကင်ဆာက ဆစ်ရိုးဆီပျံ့နှံ့လာတာ

၄။ ခါးဆစ်ရိုးတွေ နေရာလွဲချော်တာ

၆။ Cauda Equina Syndrome ဒီရောဂါကြောင့် ဆီးမထိန်းနိုင်တာ၊ ဝမ်းမထိန်းနိုင်တာဆိုတာပါ ဖြစ်လာနိုင်ပါတယ်

အထက်မှာဖော်ပြထားတဲ့လက္ခဏာတွေ လိုမျိုးခံစားလာရတဲ့သူတစ်ယောက် နင်း တာနှိပ်တာ၊ အကိုက်အခဲပျောက်ဆေးတွေ လွယ်လွယ် ဝယ်ပြီးသက်သာရုံမျှ ကြာရှည်စားနေတာမျိုးကို ရှောင် ကျဉ်သင့်ပါတယ်။ သေချာနားမလည်ဘဲနဲ့ တလွဲနှိပ်မိ ရင် ခါးရိုးဆစ်ကိုပိုပြီးဒဏ်ဖြစ်စေမှာဖြစ်သလို အကိုက် အခဲပျောက်ဆေးတွေကို ကြာရှည်စွာသောက်မိရင်လည်း ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရနိုင်ပါတယ်​။

ခါးနာခြင်း​ေ​ဆာင်ရန်၊ရှောင်ရန်​

ခါးနာခြင်း သက်သာပျောက်ကင်းစေရန် အောက်ပါအချက်များကိုလဲ သတိပြုလိုက်နာသင့်ပေသည်။

၁။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

ကျမ်းမာတောင့်တင်း၍ မဝမပိန်ခန္တာကိုယ်သည် ခါးနာခြင်းမှကင်းဝေစေသော အရေးကြီးဆုံးသောအချက်တချက်ဖြစ်သည်။ ခန္တာကိုယ်၏အလေးချိန်ကို ခါးကြွက်သားများနှင့်ခြေထောက်ကြွက်သားများမှထောက်ကန်ပေးထားရ၏။အဝလွန်မှု့သည် ခါးကြွက်သားများအပေါ် ဒဏ်ဖြစ်စေ၏။ထို့ကြောင့်သင့်တင့်မျှတသော ကိုယ်အလေးချိန်ရှိပါစေ။

၂။ ကျောနှင့်ခါးကြွက်သားများသန်မာမှုရှိပါစေ။

ခါးနာမှုအများစုသည် လေးလံသောအရာများကို မ၍ဖြစ်စေ၊ဆွဲ၍ဖြစ်စေပြုလုပ်မိရာမှဖြစ်ပွားခြင်းဖြစ်သည်။ထိုသို့အားစိုက်ပြုလုပ်ရာတွင် ကျောရိုးနှင့်ခါးကြွက်သားများကို အသုံးပြုရသောကြောင့် ကြွက်သားများမသန်မာလျှင် ကြွက်သားနှင့်အရွတ်များ အလွယ်တကူ စုတ်ပြဲဒဏ်ရာရရှိ၍ ခါးနာခြင်းဖြစ်ပွားစေနိုင်ပါတယ်။ခါးကြွက်သားများသန်မာလျင်ကျောရိုးကိုလည်းတောင့်တင်းခိုင်မာအောင်အထောက်အပံ့ပေးသောကြောင့် ကျောရိုးဆစ်များလည်း အလွယ်တကူ ဒဏ်ရာ ရခြင်းမှကာကွယ်ပေးနိုင်သည်။ထို့ကြောင့်ခါးကြွက်သားများသန်မာစေရန် လေ့ကျင့်ခန်းများ ပြုလုပ်သင့်သည်။

၃။ခါးကြွက်သားများပျော့ပြောင်းရန် ဆွဲဆန့်ပါ။

ကြွက်သားများမာကြောတောင့်တင်းခြင်းသည် ကြွက်သားအတွင်းရှိ အာရုံကြောများအားဖိညှစ်မှု့ကိုဖြစ်စေသောကြောင့် နာကျင်မှု့ကိုဖြစ်ပေါ်စေပါသည်။ထို့ကြောင့်ကြွက်သားများပျော့ပြောင်းစေရန် ဆွဲဆန့်မှုလေ့ကျင့်ခန်းများကိုလည်း ပြုလုပ်သင့်သည်။ခါးလေ့ကျင့်ခန်း(၁)မှ လေ့ကျင့်ခန်းများကိုပြုလုပ်နိုင်သည်။ယောဂကျင့်စဉ်(yoga)ပြုလုပ်ခြင်းသည်လည်း ကောင်းမွန်သော ကြွက်သားဆွဲဆန့်မှု့လေ့ကျင့်ခန်းပင်ဖြစ်သည်။

၄။ ခန္တာကိုယ်အနေအထားမှန်ကန်ပါစေ။

ကျောရိုးဖြောင့်မတ်မှု့ မရှိသော နေထိုင်ခြင်းသည်လည်း ခါးနာခြင်းဖြစ်ပွားစေသောအချက်တချက်ပင်ဖြစ်သည်။ထို့ကြောင့်ထိုင်သည့်အခါဖြစ်စေ၊ ရပ်သည့်အခါဖြစ်စေ ကျောရိုးအားတည့်မတ်စေရန် သတိပြုသင့်သည်။ခြေတဖက်ထဲပေါ်တွင် အားပြု၍ကြာရှည်စွာရပ်ခြင်း၊ခါးစောင်း၍ထိုင်ခြင်းများကိုရှောင်ကြဉ်သင့်ပေသည်။

၅။ အလေးအပင်မသည့်အခါ သတိပြုပါ။

လေးလံသောအရာများကို မသည့်အခါဖြစ်စေ၊တွန်းသည့်အခါဖြစ်စေ ကျောရိုးကိုဖြောင့်တန်းစွာထား၍ ပြုလုပ်ပါ။အလေးအပင်မသည့်အခါ ခါးကုန်း၍မ ' မဘဲ ဒူးကွေးစောင့်ကြောက်ထိုင်ပြီးမှ အရာဝတၳုကို လက်၂ဖက်နှင့်ရင်ဝယ်ပိုက်၍ ဒူးအားက်ုအသုံးပြု၍ပြန်ထပါ။ အလေးမရသောအလုပ်ကိုလုပ်ကိုင်နေရသောသူများသည် ခါးထိမ်းခါးပတ်(lumbar brace)ကိုဝတ်ဆင်ထားပြီးမှ ပြုလုပ်သင့်သည်။

၆။လေးလံသောအရာများကို လွယ်ခြင်း၊ထမ်းခြင်း၊ဆွဲခြင်းမှရှောင်ပါ။

အထူးသဖြင့် ခါးနာဖူးသောသူများသည် လေးလံသော ပစ္စည်းများ(ပိုက်ဆံအိတ်၊ကျောပိုးအိတ်၊ဈေးခြင်းတောင်း)ကိုသယ်ပိုး မ'ယူခြင်းမပြုလုပ်ပါနဲ့။ကလေးချီခြင်းကိုလဲရှောင်ကြဉ်သင့်သည်။

၇။ စိတ်ဖိစီးမှု့ လျော့ချပါ။

စိတ်ဖိစီးမှု့သည်လည်း ခါးနာခြင်းကိုစိုးရွားစေသော အချက်တချက်ပင်ဖြစ်သည်။တရားထိုင်ခြင်း၊ယောဂပြုလုပ်ခြင်း၊ဂီတနားထောင်ခြင်းများသည် စိတ်ဖိစီးမှု့ကိုလျော့ကျစေနိုင်ပါတယ်။

၈။ ကောင်းမွန်မှန်ကန်စွာ အိပ်စက်ပါ။

ပျော့သော မွေ့ရာ နှင့် ဆိုဖာများပေါ်တွင် အိပ်ခြင်း၊ထိုင်ခြင်းများ ရှောင်ကြဉ်ရပါမည်​။

ခါးလေ့ကျင့်ခန်း(၁..)
https://m.facebook.com/story.php?story_fbid=1859068074330481&id=1462314400672519

.. ခါးလေ့ကျင့်ခန်း(၂..)
https://m.facebook.com/story.php?story_fbid=1864923683744920&id=1462314400672519


ကြယ်​ဖြူ​ဆေးခန်​း နှင်​့တိုင်​ပင်​ပါ
​ကြယ်ဖြူ အရိုးအကြောအဆစ် အထူးကုဆေးခန်း ၁
၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်။
ဖုန်​း၀၉၂၆၀၅၅၅၅၃၇
၀၉၇၉၆၅၅၅၅၃၇

ကြယ်ဖြူ အရိုးအကြောအဆစ် အထူးကုဆေးခန်း ၂
၈၃၆ မဟာဗန္ဓုလလမ်း ၉လမ်းထိပ် လမ်းမတော် မြို့နယ်
ဖုနး် ၀၉၇၉၆၅၅၅၅၇၆

https://m.facebook.com/story.php?story_fbid=1986869428217011&id=1462314400672519

🌾" တောင်သူလယ်သမားနေ့ " 🌾2026 နှစ် မတ်လ 2 ရက်နေ့တွင် ကျရောက် တဲ့ "တောင်သူလယ်သမားနေ့" ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့်မြန်မာ...
01/03/2026

🌾" တောင်သူလယ်သမားနေ့ " 🌾

2026 နှစ် မတ်လ 2 ရက်နေ့တွင် ကျရောက် တဲ့ "တောင်သူလယ်သမားနေ့" ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့်

မြန်မာနိုင်ငံအရပ်ရပ်ရှိ တောင်သူလယ်သမား ဦးကြီးများ

"ရာသီဥတုမှန်၊ အပင်သန်လို့ သီးနှံထွက်နှုန်းကောင်းကြပါစေ"🙏

"စီးပွားလာဘ်လာဘ‌‌တွေ ဒီရေအလားတိုးတက်ကြပါစေ"ကြောင်း "ကြယ်ဖြူ" မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။🙏

#တောင်သူလယ်သမားနေ့
#ကြယ်ဖြူ

ဘာပဲလုပ်လုပ် ဆောင့်ကြောင့် ထိုင်တက်ခြင်းရဲ့ နောက်ကွယ်က အဓိက ဆိုးကျိုး ⚠️📢အချိန်အကြာကြီး ဆောင့်ကြောင့်ထိုင်ခြင်းကရေရှည်မှ...
28/02/2026

ဘာပဲလုပ်လုပ် ဆောင့်ကြောင့် ထိုင်တက်ခြင်းရဲ့ နောက်ကွယ်က အဓိက ဆိုးကျိုး ⚠️📢

အချိန်အကြာကြီး ဆောင့်ကြောင့်ထိုင်ခြင်းက
ရေရှည်မှာ သင့်ခါးကို တိတ်တိတ်လေး ဒုက္ခပေးနေတယ်ဆိုတာသိပါသလား။⁉️

ဘာပဲလုပ်လုပ် ဆောင့်ကြောင့်ထိုင်တတ်တဲ့ အလေ့အကျင့်ဟာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများမှာ ပုံမှန်လိုဖြစ်နေသလို

✔️တော်တော်များများအနေနဲ့
အဝတ်လျှော်တဲ့အချိန်၊ မီးဖိုချောင်အလုပ်တွေ
လုပ်တဲ့အချိန်၊အိမ်သာအသုံးပြုချိန် နဲ့
“ပန်းရံအလုပ်၊စိုက်ပျိုးရေးအလုပ်” တို့လို့
လုပ်ငန်းချိန်တွေမှာ အချိန်အကြာကြီး
ဆောင့်ကြောင့်ထိုင်ပြီး လုပ်တတ်ကြပါတယ်။

✔️တကယ်တော့ ဆောင့်ကြောင့်ထိုင်ခြင်းဟာ ခြေထောက်ကြွက်သားတွေအတွက် လေ့ကျင့်ခန်းအဖြစ် ကောင်းမွန်နိုင်ပေမဲ့၊ ပုံစံမမှန်ဘဲ အချိန်ကြာမြင့်စွာ ထိုင်မိခြင်းကတော့ သင့်ရဲ့ "ခါးရိုးဆစ်တွေအပေါ်" တိုက်ရိုက်ဆိုးကျိုး သက်ရောက်စေပါတယ်။


ဘာကြောင့်လဲဆိုတော့

✔️ဆောင့်ကြောင့်ထိုင်နေတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ထိန်းညှိနိုင်ဖို့အတွက် ခါးအောက်ပိုင်းက ကြွက်သားတွေဟာ အမြဲတမ်း တင်းခံထားရလို့ပါပဲ။

🔺အကျိုးဆက်အနေနဲ့ ကြွက်သားတွေဆီကို သွေးလှည့်ပတ်မှု လျော့နည်းသွားပြီး အောက်ဆီဂျင် ရောက်ရှိမှု နည်းပါးသွားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ "နာတာရှည် ခါးနာခြင်း" ဝေဒနာကို ခံစားလာရတော့တာဖြစ်ပါတယ်။

ဒါဆို ♻️ ကြာရှည်ဆောင့်ကြောင့်ထိုင်ခြင်းကြောင့် ခါးနာခြင်းမဖြစ်ရအောင် ဘယ်လိုကြိုတင် ကာကွယ်မလဲ။❓

🔰 ခုံအနိမ့်လေးတစ်လုံး အမြဲဆောင်ထားပါ။
ဒါဟာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါပဲ ဖြစ်မနေဆောင့်ကြောင့်ထိုင်ပြီး အလုပ်လုပ်ဖို့ လိုလာတဲ့အခါ ခြေဖဝါးပေါ်အားပြုမထိုင်ဘဲ ခုံအနိမ့်လေးပေါ်မှာ ထိုင်လိုက်ခြင်းဟာ ခါးနဲ့ ဒူးပေါ်ကျရောက်တဲ့ ဖိအားကို (၈၀%) မက လျှော့ချပေးစေပါတယ်။

🔰 ခါးကို တတ်နိုင်သမျှ မတ်ထားပါ။

အလုပ်တစ်ခုခုကြောင့် ဆောင့်ကြောင့်ထိုင်ရတော့မယ်ဆိုရင် ခါးကို ကုန်းမချပဲနဲ့ ခါးရိုးကို မတ်မတ်ထားပြီး

ရင်ဘတ်ကို အနည်းငယ်ရှေ့ထုတ်ထားခြင်းက ခါးရိုးဆစ်တွေကြားက အရိုးပြားလေးတွေကို ဖိအားဒဏ်ကနေ အကာအကွယ်ပေးပါတယ်။

🔰 ခြေဖနောင့်ကို မြေကြီးနဲ့ ထိကပ်ထားပါ။

ခြေဖျားလေးနဲ့ပဲ ထောက်ပြီး ထိုင်ခြင်းက ခန္ဓာကိုယ်ဟန်ချက်ကို ပျက်စေပြီး ခါးကြွက်သားတွေကို ပိုပြီး အလုပ်လုပ်စေပါတယ်။
ဒါကြောင့် ခြေဖဝါးအပြည့်ကို မြေကြီးပေါ် ချထားခြင်းက ပိုပြီး ဘေးကင်းပါတယ်။

🔰 ၁၅ မိနစ်ထက် ပိုမထိုင်ပါနဲ့။

ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ (၁၅) မိနစ်ထက် ပိုပြီး တစ်ဆက်တည်း ဆောင့်ကြောင့်မထိုင်ပါနဲ့။ ကြားထဲမှာ ခဏမတ်တပ်ရပ်ပြီး လမ်းလျှောက်တာ၊ ခါးကို ဟိုဘက်ဒီဘက် လှည့်ပေးတာမျိုးကို (၁) မိနစ်လောက်ဖြစ်ဖြစ် ပြုလုပ်ပေးပါနော်။

****************

လက်ရှိမှာ ကြာရှည်‌ဆောင့်ကြောင့်ထိုင်ပြီး
အလုပ်လုပ်မိခဲ့ခြင်းကြောင့် ခံစားနေရတဲ့
ခါးနာဝေဒနာကို ဆေးအမျိုးမျိုးနဲ့
ကုသနေပေမဲ့ မသက်သာပဲ ပိုပိုဆိုးလာလို့
နေ့ရက်တိုင်း စိတ်မချမ်းမသာ ဖြစ်နေရတယ်ဆိုရင်တော့
အချိန်မီ ကုသဖို့အတွက် “ကြယ်ဖြူ”ဆေးခန်းကို
လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်‼️

******************

ကြယ်ဖြူဆေးခန်းမှာ ကုသမှုခံယူဖို့ဖြစ်စေ၊ အသေးစိတ် စုံစမ်းဖို့ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်တွေကနေ ဆက်သွယ်နိုင်ပါတယ်ရှင်။

⭐ ( ကြယ်ဖြူဆေးခန်း ၁ )
၅၉၊ သြဘာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
☎️ 09 260555537, 09 796555537

⭐ ( ကြယ်ဖြူဆေးခန်း ၂ )
၈၃၆၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်။
☎️ 09 796555576, 09 796555586

⭐ ( ကြယ်ဖြူဆေးခန်း ၃ )
၁၅၂၃၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ် (ထူပါရုံ ၁ ရပ်ကွက်)။
☎️ 09 785537000

⭐ ( ကြယ်ဖြူဆေးခန်း ၄ )
၂၂ လမ်းသစ်လမ်း၊ အင်းစိန်ပန်းခြံမှတ်တိုင်အနီး၊ အင်းစိန်မြို့နယ်။
☎️ 09 795537000 နဲ့

💬 သိလိုသည်များကို Messenger မှတစ်ဆင့် မေးမြန်းရန်:
m.me/whitestarphysiotherapy
ကို ဆက်သွယ်နိုင်ပါတယ်ရှင် 🩺

#ခါးနာ #အရိုးအကြော #ကြွက်သားနှင့်အရွတ်

ရုတ်တရက် မျက်နှာတစ်ခြမ်း လှုပ်ရှားမရတော့ဘူးဆို ဒီ အမှား တွေ လုံးဝ မလုပ်မိပါစေနဲ့။🙅မနက်အိပ်ရာနိုးလို့ မျက်နှာသစ်တဲ့အခါ ပါ...
27/02/2026

ရုတ်တရက် မျက်နှာတစ်ခြမ်း လှုပ်ရှားမရတော့ဘူးဆို ဒီ အမှား တွေ လုံးဝ မလုပ်မိပါစေနဲ့။🙅

မနက်အိပ်ရာနိုးလို့ မျက်နှာသစ်တဲ့အခါ ပါးစပ်ထဲကရေတွေ ပြန်ထွက်ကျလာတာ၊
မှန်ကြည့်လိုက်တဲ့အခါ မျက်နှာတစ်ခြမ်းက လှုပ်မရတော့တာမျိုး ကြုံဖူးပါသလား။❓

ဒါမှမဟုတ်

ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရော ဒီလိုဖြစ်တာ မြင်ဖူးပါသလားရှင်။❓

ဒါက 𝐅𝐚𝐜𝐢𝐚𝐥 𝐏𝐚𝐥𝐬𝐲 လို့ခေါ်တဲ့ မျက်နှာ‌ လေတစ်ခြမ်း ဖြန်းခြင်းဖြစ်ပြီး
မျက်နှာမှာရှိတဲ့ အာရုံကြော‌တွေရောင်ရမ်းလာတာကြောင့် ဖြစ်နိုင်ပါတယ်။.🥰

လေဖြတ်တာနဲ့ ဆင်တူလို့ အထင်မှားကြပေမဲ့ တကယ်တော့ သူက အာရုံကြော အအေးမိတာ ဒါမှမဟုတ် ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါပဲ။

ဒီလိုဖြစ်လာတဲ့အခါ အမျိုးမှာ

👉မျက်နှာတစ်ခြမ်း လေးလံလာမယ်၊ လှုပ်ရှားမရတာမျိုး ဖြစ်လာမယ်။
👉မျက်လုံး ကောင်းကောင်း ပိတ်မရတာ
👉ပြုံးလိုက်ရင် ပါးစပ်တစ်ဖက် ရွဲ့သွားတာ
👉ရေသောက်ရင် ပါးစပ်ထောင့်မှ ရေစီးကျတာ
👉နားနောက်ဘက်မှာ နာကျင်လာတဲ့ လက္ခဏာတွေ ကြုံရလာနိုင်ပါတယ်။

ဒီလက္ခဏာတွေ ကြုံလာရရင် အဓိကကတော့ မကြောက်ပါနဲ့ရှင်......🥰

ဒါက စနစ်တကျ ကုသတဲ့အခါ အမြန်ဆုံး ပြန်ကောင်းနိုင်လာပါတယ်။

ဒါပေမဲ့ "မြန်မြန်သက်သာချင်ဇော" နဲ့ ကုသမှုအမှားတွေ လုပ်မိရင်တော့
နဂိုအတိုင်း ပြန်ဖြစ်ဖို့ ခဲယဉ်းသွားနိုင်ပါတယ်။😓

~~~~~~~~~~~~~~~~~~~~~~~
ဒါကြောင့် မဖြစ်မနေ သိထားသင့်တဲ့
𝐃𝐨'𝐬 & 𝐃𝐨𝐧'𝐭𝐬 လေးတွေကို ပြောပြပေးပါမယ်နော်.....🤗

ဒီအချက် ( 3 ) ချက်ကိုတော့ လုံးဝ (လုံးဝ) မလုပ်ပါနဲ့.....🙅

1️⃣ဆေးမြီးတိုတွေနဲ့ လုံးဝ မကုသပါနဲ့
အပူလွန်ကဲတဲ့ ကြပ်ထုပ်ထိုးတာ၊ ပွတ်တိုက်တာတွေက ရောင်နေတဲ့ အာရုံကြောကို ပိုထိခိုက်စေပါတယ်။

2️⃣မျက်နှာကြွက်သားတွေကို ပြင်းထန်စွာ နှိပ်နယ်တာနဲ့ တင်းဖိနှိပ်တာမျိုးမလုပ်နဲ့။

3️⃣ မျက်နှာကို ပန်ကာလေ၊ ကားလေအေးပေးစက်လေတွေနဲ့ တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရပါမယ်။

✅ ဒီအချက် (3)ချက်ကတော့ လိုက်နာဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

1️⃣( ၇၂)နာရီအတွင်း ချက်ချင်းဆရာဝန်ပြပြီး ဆေးကုသမှု ခံယူပါ။

2️⃣မိမိမျက်လုံးကို ဂရုစိုက်ပါ။
မျက်လုံး ပိတ်မရတဲ့အတွက် မျက်ကြည်လွှာ မခြောက်အောင် မျက်စဉ်းခတ်ပေးပါ။
အိပ်တဲ့အခါ မျက်လုံးကို ပိတ်စ (Eye Patch) နဲ့ အုပ်ပြီး အိပ်ပါ။

3️⃣စနစ်တကျ လေ့ကျင့်ခန်းလုပ်ပါ။

ဆရာဝန်ညွှန်ကြားချက်နဲ့အညီ မျက်နှာကြွက်သား လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပေးပါ။

4️⃣စိတ်ဖိစီးမှု လျှော့ချ‌ပြီး ကောင်းစွာ အိပ်စက် အနားယူလိုက်ပါ။

~~~~~~~~~~~~~~~~~~~~~~
Facial Palsy နဲ့ လေဖြတ်တာက (Stroke) ရောဂါခြင်း မတူပေမဲ့လည်း ရောဂါလက္ခဏာတွေ တူညီနိုင်တာကြောင့်

📌ဖြစ်ဖြစ်ချင်း ၇၂ နာရီအတွင်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အမြန်ဆုံး စစ်ဆေးဖို့ လိုအပ်ပါတယ်။

အကယ်၍ ၇၂ နာရီအတွင်း လက္ခဏာတွေ မသက်သာဘူး ဒါမှမဟုတ် ပိုမိုထိရောက်တဲ့ ဆေးကုသမှုနဲ့ လမ်းညွှန်မှုတွေ လိုအပ်တယ်ဆိုရင်တော့ ကြယ်ဖြူဆေးခန်းရှိပါတယ်။

🌟ကြယ်ဖြူ ဆေးခန်းမှာဆိုရင် ဝါရင့်အထူးကု ဆရာဝန်ကြီးတွေကိုယ်တိုင် ရင်းနှီးပျူငှာတဲ့ဆက်ဆံရေးများဖြင့် အတတ်နိုင်ဆုံး မခွဲမစိတ်ရအောင် သေချာကုသစောင့်ရှောက်ပေးနေတာကြောင့် အရိုးအကြောဆိုင်ရာ ရောဂါဝေဒနာတွေအတွက်ဆို ကြယ်ဖြူကိုသာ ဆက်သွယ်လိုက်ပါရှင်...📞
~~~~~~~~~~~~~~~~~~~~~
ကြယ်ဖြူဆေးခန်းတွေ လာရောက်ကုသ ဖို့အတွက် ဆက်သွယ်လိုပါက
m.me/whitestarphysiotherapy?mibextid=2JQ9oc
****
ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....
( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...

Ph No,
☎️ 09260555537
☎️ 09796555537
( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...

Ph No,
☎️ 09796555576
☎️ 09796555586
( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....

Ph No,
☎️ 09785537000
( ကြယ်ဖြူဆေးခန်း ၄ )
လိပ်စာ- 22 လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး အင်းစိန်မြို့နယ်.....
Ph No,
☎️ 09795537000


#လည်ပင်းကျီးပေါင်း
#အရိုးအကြော #ကြွက်သားနှင့်အရွတ်

Address

59 Awba Street, Tamwe Township
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

09260555537

Alerts

Be the first to know and let us send you an email when White Star Physiotherapy Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category