Defence Services Liver Hospital, Mingaladon

Defence Services Liver Hospital, Mingaladon Medical Knowledge especially Liver Care

11/07/2021

🔔 COVID-19 နဲ့ အနံ့ပျောက်ခြင်း 🔔

🩺 Covid-19 မှာ အနံ့ပျောက်တာက နှာစေးလို့ နှာခေါင်းပိတ်လို့ အနံ့ပျောက်တာနဲ့ မတူပါ…

🩺 နှာခေါင်းရဲ့ အတွင်းနံရံ အမှေးပါးမှာ အနံ့ခံနိုင်တဲ့ အာရုံကြောလေးတွေ ရှိပါတယ်…

🩺 နှာစေးလို့ အနံ့မရတာက နှာခေါင်းအတွင်းနံရံအမှေးပါးပေါ်မှာ အကျိအချွဲတွေ အုပ်သွားလို့… အနံ့ခံအာရုံကြောက အာရုံမခံနိုင်တော့တာမို့ အနံ့မရတော့ခြင်း ဖြစ်ပါတယ်…

🩺 COVID-19 မှာ အနံ့မရတော့တာ က ကျတော့… အနံခံတဲ့အာရုံကြောတွေမှာ ဗိုင်းရပ်စ် 🦠 က ကပ်ညိပြီး အာရုံကြောနဲ့ လမ်းကြောင်းတစ်လျှောက်မှာ ဖြစ်ဖြစ် အနံ့ခံတဲ့ဆဲလ်တွေမှာ ဖြစ်ဖြစ် ယောင်ယမ်းပိတ်ဆို့ သွားလို့ အနံ့မရတာမျိုး ဖြစ်ပါတယ်…

❌❌❌ အဲဒါကြောင့်မို့ အနံ့ပြန်ရအောင်ဆိုပြီး… အရွက်/အငွေ့တွေ ရှူတာ… နှာခေါင်းထဲကို တစ်ခုခုထည့်တာတွေက အသုံးမဝင်ပါဘူး… ❌❌❌

⚠️ အခန့်မသင့်ရင် နှာခေါင်းအတွင်းနံရံအမှေးပါး ကို တောင် ထိခိုက်ပျက်စီးစေနိုင်ပါတယ် ⚠️

🩺 အနံ့ပြန်ရအောင် ဘာမှ လုပ်ဖို့ မလိုပါဘူး ခင်ဗျ… ကိုယ်ခံအားကောင်းအောင် ဂရုတစိုက်နေရုံပါ… အများအားဖြင့် ၃ရက်ကနေ ၇ရက်လောက်အတွင်း အလိုလို အနံ့ ပြန်ရတတ်ပါတယ်…

🩺 အရသာပျောက်တာလည်း အဲသဘောပါပဲ…

အားလုံးပဲ COVID-19 ကို အောင်အောင်မြင်မြင် ဖြတ်ကျော် တိုက်ထုတ်နိုင်ကြပါစေ

Stay Safe & Healthy 💪

Dr. Myo

Photos from Steth's post
29/06/2021

Photos from Steth's post

" Vaccine ဆိုတာ ရောဂါပြီးဆေးမဟုတ်ပါ "Ko Naing (Mingaladon) Vaccine ကို ဆေးပညာမှာ Active immunization ဆိုပြီး သုံးကြပါတယ်...
29/06/2021

" Vaccine ဆိုတာ ရောဂါပြီးဆေးမဟုတ်ပါ "

Ko Naing (Mingaladon)

Vaccine ကို ဆေးပညာမှာ Active immunization ဆိုပြီး သုံးကြပါတယ်...
Vaccine ထိုးလိုက်ရင် ခန္ဓာကိုယ်က တုန့်ပြန်ပြီး ရောဂါကို ပြန်တိုက်မယ့် Antibody တွေ ထုတ်ပေးထားတဲ့အတွက် တကယ်လို့ ရောဂါပိုးဝင်ရောက်လာခဲ့ရင် ပြန်တိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားတဲ့ သဘောပါ....
ဒါဆို...
Vaccine က ရောဂါကိုမကာကွယ်ပေးဘူးလား ဆိုတော့
အထိုက်အလျောက် တော့ကာကွယ်ပေးပါတယ်.... ရောဂါပိုးဝင်လာပြီး ရောဂါမဆိုးအောင် Antibody က ကာပေးပါလိမ့်မယ်.... Positive ဖြစ်ပေမယ့် ရောဂါမဆိုးနိုင်တော့ဘူး... နောက်တစ်ခုက တခြားသူတွေကို ကူးနိုင်ခြေ အရမ်းနည်းသွားပါလိမ့်မယ်....
ဒါပေမယ့်......
Vaccine ထိုးထားလို့ ရောဂါမဖြစ်တော့တာမျိုး မဟုတ်ပါဘူး....
လူတိုင်းမှာ မွေးကာစတည်းက ဝက်သက်ကာကွယ်ဆေးတွေ ထိုးပေမယ့်လည်း ဝက်သက်က ဖြစ်နေကြတာပဲလေ...
ဒါပေမယ့်....
အသက်ဆုံးရှုံးတဲ့အထိ ဆိုးဆိုးဝါးဝါးမဖြစ်အောင်
ကာကွယ်ပေးပါတယ်....

နောက်တစ်ခုက Failure rate ပါ....
ကာကွယ်ဆေးထိုးပေမယ့် ခန္ဓာကိုယ်က မတုံ့ပြန်လို့ Antibody မထွက်ဘဲ ဆေးမအောင်တာမျိုးပါ....
ဆေးတိုင်းမှာ Failure rate ရှိပါတယ်.....

ဒီစာကို ရေးဖြစ်တာက....
Covid vaccine ထိုးထားပါလျက်နဲ့
Covid တွေဖြစ်နေကြတယ်... ဆိုတာတွေတွေ့လို့
သိသမျှ ရှင်းပြတာပါ....

နောက်တစ်ခုက....
Positive ဆိုတိုင်း ရောဂါဖြစ်တာမဟုတ်ပါဘူး...
ရောဂါပိုးဝင်ရောက်ခြင်း လို့ပဲ သတ်မှတ်လို့ရပါတယ်...

ဥပမာ - ကျွန်တော်ဆိုလည်း အသည်းရောင်အသားဝါ ဘီပိုး ရှိနေတာ 2006 တည်းကပါ.... ဒါပေမယ့် အသည်းမှာ ဘာပြသနာမှမရှိပါဘူး.... ရောဂါမဖြစ်တဲ့အပြင် သူများတွေကို မကူးနိုင်တဲ့ (မကူးလွယ်တဲ့) Passive carrier အနေနဲ့ရှိနေပေမယ့် ခုထိ စစ်လိုက်တိုင်း Hepatitis B Virus ကတော့ Positive ပါပဲ....

Vaccine ထိုးထားတယ်ဆိုပြီး Mask မတပ်ဘဲ နေလို့ Infection ဝင်ရင် Positive တော့ ဖြစ်နေမှာပါ.....
နောက်တစ်ခုက သူများတွေကို ကူးစက်နိုင်ချေ နည်းတယ်ဆိုပြီး မဆင်မခြင်နေလို့တော့မရပါဘူး....
ကူးစက်နိုင်ချေ နည်းတယ်ဆိုတာ မကူးစက်တာမဟုတ်ပါ

ဒါကြောင့် Covid 19 ကာကွယ်ဖို့......
Mask တပ်ပါ....
လက်ဆေးပါ....
လူစုလူဝေးကို ရှောင်ပါ....

☣☣☣☣☣

NAT D
01/02/2021

NAT D

01/12/2020

ပန်းဝင်ကြတော့မည့် ကိုဗစ်ကာကွယ်ဆေးများ ( ၂)
________________________ ဒေါက်တာတင်ထွန်းဦး

ကို အရေးပေါ် သုံးခွင့်ရရန် US နှင့် EU တွင် လျှောက်ထားလိုက်ပြီး #ဒီဇင်ဘာလ ၂၁ ရက်တွင် US ၌ စတင်ထိုးပေးရန် စီစဉ်နေ။

#ပြင်းထန်သောCOVID19ကို Moderna က ရာနှုန်းပြည့်ကာကွယ်နိုင်ကြောင်းသိရ။

အမေရိကန်ထုတ် Moderna ကို အရေးပေါ်အသုံးပြုခွင့်ရရန် အမေရိကန် FDA နှင့် EU မှ EMA (European Medical Agency) သို့ ၃၀.၁၁.၂၀၂၀ ရက်၌ တင်ပြလိုက်ပြီဖြစ်သည်။

ကနဦးရလဒ်အရ ၉၄.၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ၁၆.၁၁.၂၀၂၀ ရက် က သိခဲ့ရသည့် Moderna သည် ယခု Phase 3 နောက်ဆုံးရလဒ်ကို ထုတ်ပြန်ရာတွင် ၉၄.၁ % ထိရောက်၍ ပြင်းထန်သော COVID-19 ရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်ကြောင်း သိရသည်။ အမေရိကန်တွင် လူ ၃၀၀၀၀ ဖြင့် စမ်းသပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။

FDA က ဒီဇင်ဘာလ ၁၇ ရက်တွင် ဆုံးဖြတ်မည်ဖြစ်၍ ခွင့်ပြုချက်ကျလျှင် ၂၁ ရက်တွင် US ၌ စတင်ထိုးပေးမည် ဖြစ်သည်။ Moderna က Pfizer မှ ဆေးပြီးလျှင် ဒုတိယမြောက် ခွင့်ပြုချက်တင်ခြင်းဖြစ်၍ ၂၀.၁၁.၂၀၂၀ က တင်ထားခဲ့သော Pfizer/BioNTech ကို FDA က ဒီဇင်ဘာလ ၁၀ ရက်တွင် ဆုံးဖြတ်ပေးမည်ဖြစ်သည်။

Moderna ကို ၄ ပတ်ခြား၍ ၂ ကြိမ်ထိုးရမည်ဖြစ်ပြီး ဆေးကို - 20°C တွင် ၆ လ ကျော်ထားနိုင်သဖြင့် သိုလှောင်ရန် မခက်ခဲလှပေ။သယ်ဆောင်ရာတွင် 2 to 8°C (ပုံမှန်ရေခဲသေတ္တာ)တွင် ရက် ၃၀ ထားနိုင်၍ အဆင်ပြေသည်။ US တွင် သုံးရန် ဆေး သန်း ၂၀ ကို မကြာမီရမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် သုံးနိုင်ရန် ရှေ့နှစ်၌ ဆေး သန်း ၁၀၀၀ ကျော် ထုတ်လုပ်မည်ဖြစ်သည်။

လူတစ်ယောက်စာ ဆေး ၂ လုံးကို ၆၆ မှ ၇၄ ဒေါ်လာအတွင်း ကျသင့်မည် ဖြစ်သည်။ ဥရောပက ထိုဆေး သန်း ၁၆၀ ဝယ်ရန် သဘောတူထားပြီး ကနေဒါ၊ ဂျပန် နှင့် ကာတာတို့ကလည်း ဝယ်ယူရန်စီစဉ်နေကြောင်း သိရသည်။

ဒေါက်တာတင်ထွန်းဦး

Ref: The New York Times, Reuters, BBC News, The Guardian.

28/11/2020

#ပန်းဝင်ကြတော့မည့် ကိုဗစ်ကာကွယ်ဆေးများနှင့် #မြန်မာနိုင်ငံအတွက် အလားအလာ
(28.11.20) ========= ဒေါက်တာတင်ထွန်းဦး

Covid-19 ကမ္ဘာ့ကပ်ရောဂါအတွက် ကာကွယ်ဆေးအမျိုးမျိုးကို ဆေးသိပ္ပံပညာရှင်များ၊ ဆေးကုမ္ပဏီကြီးများက တီထွင်စမ်းသပ်လျက်ရှိကြရာ ယခုအခါ ထိရောက်၍ အန္တရာယ်ကင်းမည့် ကာကွယ်ဆေးများကို ခွင့်ပြုချက်ရယူပြီး သက်ဆိုင်ရာနိုင်ငံများတွင် စတင်ထိုးပေးကြတော့မည် ဖြစ်ပါသည်။

နိုင်ငံတကာတွင် Covid ကာကွယ်ဆေး အများအပြားကို စမ်းသပ်လျက်ရှိရာ လူသောင်းနှင့်ချီ၍ စမ်းသပ်ရသော Phase 3 အဆင့် (Efficacy trials) တွင် ဆေး ၁၃ မျိုးရှိပါသည်။

ယနေ့ ၂၈.၁၁.၂၀၂၀ ရက်အထိ နိုင်ငံအားလုံးအသုံးပြုနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြုပြီးသည့် ကာကွယ်ဆေးမပေါ်သေးသော်လည်း သက်ဆိုင်ရာနိုင်ငံ၏ လိုအပ်ချက်အရ အတိုင်းအတာတစ်ခုအထိ ကန့်သတ်သုံးနိုင်ရန် Limited use အဖြစ် တရုတ်တွင် ၂ မျိုး၊ UAE တွင် ၂ မျိုးနှင့် ကြိုတင်သုံးနိုင်ရန် Early use အဖြစ် ရုရှားတွင် ၂ မျိုး စုစုပေါင်း ၆ မျိုးမှာ သီးသန့်ခွင့်ပြုချက် (Approval) ရရှိပြီး အသုံးပြုလျက်ရှိပါသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း အမေရိကန်၊ UK အပါအဝင် အချို့နိုင်ငံများကလည်း အရေးပေါ်အသုံးပြုခွင့် (Emergency Use Authorization) ရယူပြီး​ မိမိနိုင်ငံတွင် စတင်ထိုးပေးကြတော့မည် ဖြစ်ပါသည်။

Phase 3 အဆင့်ရောက် ဆေးများ အနက် အောက်ပါ ၄ မျိုးမှာ ကမ္ဘာ့ COVID ကာကွယ်ဆေးပြိုင်ပွဲတွင် ဦးစွာပန်းဝင်ကြတော့မည်ဟု ဆိုနိုင်ပါသည်။

1. Pfizer/BioNTech

အမေရိကန်နိုင်ငံမှ Pfizer ဆေးကုမ္ပဏီနှင့် ဂျာမနီနိုင်ငံမှ BioNTech တို့ ပူးပေါင်းထုတ်လုပ်သည်။ ၆ နိုင်ငံမှ လူ ၄၃၅၀၀ ဖြင့် စမ်းသပ်ခဲ့၍ Phase 3 ပြီးဆုံးပြီဖြစ်ပြီး ၉၅ % အထိ ထိရောက်မှုရှိကာ ဘေးကင်းစိတ်ချရကြောင်းသိရသည်။ ယင်းကို အရေးပေါ် အသုံးပြုခွင့် ရရှိရန် အမေရိကန် FDA သို့ ၂၀.၁၁. ၂၀ ရက်က တင်ခဲ့ပြီးဖြစ်သည်။

FDA က ၁၀.၁၂. ၂၀ ရက်တွင် ဆုံးဖြတ်မည်ဖြစ်၍ ခွင့်ပြုချက်ကျသည်နှင့် ၂၄ နာရီအတွင်း ဆေးထိုးပေးနိုင်ရန် စီစဉ်ထားပြီးဖြစ်ရာ အမေရိကန်တွင် ဒီဇင်ဘာလ ၁၁ ရက် (သို့မဟုတ် ၁၂ ရက်)၌ စတင်ထိုးပေးတော့မည်ဟု သိရသည်။
အမေရိကန်တွင် ဒီဇင်ဘာအတွင်း ဆေး သန်း ၂၀ ထိုးပေး၍ နောက်လများ တွင် တစ်လလျှင် သန်း ၃၀ စီ ထိုးပေးရန် စီစဉ်လျက်ရှိသည်။

ထိုဆေးကို UK တွင် MHRA (Medicines and Healthcare Products Regulatory Agency) ထံမှ ယခုလမကုန်မီ အရေးပေါ်အသုံးပြုခွင့်ရနိုင်မည်ဖြစ်၍ ဒီဇင်ဘာလ ၁ ရက်မှ စတင်ထိုးပေးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ဒီဇင်ဘာလထဲတွင် UK ၌ ဆေးလုံး ၁၀ သန်း ထိုးပေးမည်ဖြစ်သည်။ ဂျာမနီက ရှေ့လလယ်ခန့်နှင့် စပိန်က ဇန်နဝါရီလတွင် အရေးပေါ်ထိုးပေးနိုင်ရန် စီစဉ်နေကြသည်။ မလေးရှားကလည်း ၂၇.၁၁.၂၀ ရက်က ဆေးလုံးရေ ၁၂.၈ သန်း ဝယ်လိုက်ပြီဖြစ်သည်။

ဆေးကုမ္ပဏီက ယခုနှစ်ကုန်တွင် ဆေး သန်း ၅၀ နှင့် ရှေ့နှစ်အတွင်း သန်း ၁၃၀၀ ထုတ်လုပ်ရန် ရည်မှန်းထားသည်။ ၃ ပတ်ခြား ၂ ကြိမ်ထိုးရမည်ဖြစ်၍ ဆေးကို -75°C အလွန်အေးခဲသည့် အခြေအနေတွင် သိုလှောင်ရမည်ဖြစ်သည်။ လူတစ်ယောက်စာ ဆေး ၂ လုံးကို ၃၉ ဒေါ်လာခန့် ကျသင့်မည်ဖြစ်သည်။

2. Moderna

အမေရိကန်နိုင်ငံ Moderna ကုမ္ပဏီ က ထုတ်လုပ်၍ ကနဦးရလဒ်အရ ၉၄.၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း မကြာမီက သိရသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း ခွင့်ပြုချက်လျှောက်ထားရန် စီစဉ်လျက်ရှိသည်။ အမေရိကန်တွင် လူ ၃၀၀၀၀ ဖြင့် စမ်းသပ်လျက်ရှိသည်။

၎ ပတ်ခြား၍ ၂ ကြိမ်ထိုးရမည်ဖြစ်ပြီး ဆေးကို - 20°C တွင် ၆ လ ကျော်ထားနိုင် သဖြင့် သိုလှောင်ရန် မခက်ခဲလှပေ။ သယ်ဆောင်ရာတွင် 2 to 8°C (ပုံမှန်ရေခဲသေတ္တာ)တွင် ရက် ၃၀ ထားနိုင်၍ အဆင်ပြေသည်။ ဒီဇင်ဘာလကုန်အမီ အသုံးပြုနိုင် မည်ဖြစ်၍ US တွင် သုံးရန် ဆေး သန်း ၂၀ ကို မကြာမီရမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် သုံးနိုင်ရန် ရှေ့နှစ်၌ ဆေး သန်း ၁၀၀၀ ကျော် ထုတ်လုပ်မည်ဖြစ်သည်။ လူတစ်ယောက်စာ ဆေး ၂ လုံးကို ၇၄ ဒေါ်လာကျသင့်မည်ဟုသိရသည်။

3. Sputnik V

ရုရှားနိုင်ငံမှ Gamaleya Research Institute က ထုတ်လုပ်၍ WHO က အသိအမှတ်မပြုသေးသော်လည်း ကမ္ဘာ့ပထမဆုံး COVID ရောဂါကာကွယ်ဆေးအဖြစ် ရုရှားက ကြေညာပြီး ယင်းနိုင်ငံတွင် ယခုနှစ် သြဂုတ်လက စတင်၍ ကြိုတင်အသုံးပြုလျက်ရှိသည်။ ရုရှားအပါအဝင် ၅ နိုင်ငံ၌ လူ ၄၀၀၀၀ ကျော်တွင် Phase 3 စမ်းသပ် လျက်ရှိပြီး ကနဦးရလဒ်များအရ ၉၂ ရာခိုင်နှုန်းခန့် ကာကွယ်နိုင်ကာ ၂၅.၁၁.၂၀ ရက်က ထပ်မံထုတ်ပြန်ချက်အရ ၉၅ % အထိ ထိရောက်မှုရှိကြောင်းသိရသည်။ WHO သို့ တရားဝင်အသိအမှတ်ပြုခံ ရရန် တင်ပြထားပြီဖြစ်သည်။

ယင်းကို အခြားနိုင်ငံများအတွက်အလုံအလောက်ထုတ်လုပ်ပေးနိုင်ကြောင်း ပူတင်က G 20 အစည်းအဝေးတွင် မကြာမီက ပြောကြားခဲ့ပြီး ဤဆေးကြောင့် ရရှိသည့် ရောဂါခုခံနိုင်စွမ်းသည် ၂ နှစ် အထိရှိနေနိုင်ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ၄င်းကို ဗင်နီဇွဲလားက လူ ၁၀ သန်းစာဝယ်မည်ဖြစ်ပြီး ထိုနိုင်ငံ၌လည်း ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။ အိမ်သုံးရေခဲသေတ္တာအပူချိန်တွင် သိမ်းဆည်းနိုင်၍ လူတစ်ယောက်စာ ဆေး ၂ လုံးမှာ ဒေါ်လာ ၂၀ ထက် မများကြောင်း မကြာမီက သိရသည်။

4. Oxford/AstraZeneca

ဗြိတိန်နှင့် ဆွီဒင်တို့၏ AstraZeneca ကုမ္ပဏီနှင့် UK မှ Oxford တက္ကသိုလ် တို့ ပူးပေါင်းထုတ်လုပ်သည်။ အမေရိ ကန်၊ UK, Brazil အပါအဝင် ၇ နိုင်ငံ တွင် လူပေါင်း ၆၀၀၀၀ နှင့် စမ်းသပ်လျက် ရှိသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဆေး သန်း ၃၀၀ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။ တစ်ကမ္ဘာလုံးအတွက် ဆေး သန်း ၃၀၀၀ ထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ယင်း၏ Phase 3 ကနဦး ရလဒ် များကို ၂၃.၁၁.၂၀၂၀ ရက်က ထုတ်ပြန်ခဲ့ရာ ဘရာဇီးနှင့် UK တွင် စမ်းသပ်မှုအရ ၆၂ မှ ၉၀ % အထိ ထိရောက်မှုရှိသည် ဆို၏။ ယေဘုယျအားဖြင့် ၇၀ % ထိရောက်ပြီး မှန်ကန်သောဆေးပမာဏကို ထိုးနိုင်လျှင် ၉၀ % ထိရောက်မည်ဟု UK ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ အိန္ဒိယ နှင့် အခြားနိုင်ငံများမှ စမ်းသပ်မှုရလဒ်များ ကိုလည်း ဆက်လက်ထုတ်ပြန်မည်ဟု သိရသည်။ ထို့ပြင် ၉၀% ထိရောက်မှုရှိသည့် ဆေးအချိန်အဆအတိုင်း ထပ်မံ၍စမ်းသပ်မှုအသစ်ပြုလုပ်ဦးမည်ဟု ဆေးကုမ္ပဏီက ၂၆.၁၁.၂၀ ရက်က ဆိုသည်။

မည်သို့ပင်ဖြစ်စေကာမူ UK က ဆေး သန်း ၁၀၀ ဝယ်ထား၍ ထိုင်းနိုင်ငံကလည်း လူ ၁၃ သန်းစာ ဆေး ၂၆ သန်း နှင့် ဖိလစ်ပိုင်က ဆေး ၂.၆ သန်း ကို ၂၇.၁၁.၂၀၂၀ ရက်က ဝယ်လိုက်ပြီဖြစ်သည်။ ထိုဆေးကို UK ၌ approval ရပြီးမည့်ကာလ ရှေ့နှစ် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလတွင် အရေးပေါ်အသုံးပြုနိုင်ရန် အိန္ဒိယက စီစဉ်နေကြောင်း သိရသည်။

ယင်း၏အားသာချက်မှာ ရိုးရိုးရေခဲသေတ္တာအပူချိန်တွင် သိမ်းဆည်းသိုလှောင်နိုင်၍ လူတစ်ယောက်စာ ဆေး ၂ လုံးကို ၈ ဒေါ်လာခန့်သာ ကျသင့်မည်ဖြစ်သည်။

Johnson & Johnson မှ ဆေးကို Ad 26 ဟုလည်းခေါ်၍ အမေရိကန်က ထုတ်လုပ်သည်။ ဆေးတစ်လုံးသာ ထိုးရမည်ဖြစ်၍ ၁၀ ဒေါ်လာခန့်ကျသင့်မည်ဟု သိရသည်။ ထို့ပြင် တရုတ်နိုင်ငံမှ Sinovac, Sinopharm နှင့် CanSinoBIO ၊ အမေရိကန်မှNovavax၊ သြစတြေးလျနှင့် အိန္ဒိယမှ ဆေးများအပါအဝင် ကျန်ဆေး ၈ မျိုးသည်လည်း Phase 3 တွင် စမ်းသပ်လျက်ရှိရာ တွေ့ရှိချက်များ ကို မကြာမီကာလ၌ ထုတ်ပြန်ဖွယ်ရှိပါသည်။

ကာကွယ်ဆေးများကို WHO, USA ၏ FDA, UK ၏ MHRA နှင့် EU ၏ EMA (European Medical Agency) တို့၏ ခွင့်ပြုချက် အနည်းဆုံးတစ်ခုရလျှင် နိုင်ငံအများစုက လက်ခံယုံကြည် အသုံးပြုကြလေ့ရှိ ကြောင်း သိရပါသည်။

#မြန်မာနိုင်ငံအတွက် အလားအလာ

မြန်မာနိုင်ငံသို့ ►
♦ နိုင်ငံတကာအစိုးရများ/အဖွဲ့အစည်းများက ထောက်ပံ့လှူဒါန်းခြင်း
♦ အထူးအစီအစဉ်များအရ သက်သာသောနှုန်းဖြင့် ဝယ်ယူခြင်း (သို့) အခမဲ့ရခြင်း
♦ နှစ်နိုင်ငံသဘောတူညီချက်အရ ဝယ်ယူခြင်း
♦ သက်ဆိုင်ရာ၏ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက ဆေးကုမ္ပဏီများက နိုင်ငံခြားမှ တင်သွင်းရောင်းချခြင်း စသည်တို့ဖြင့် မကြာမီလများတွင် ကိုဗစ်ကာ ကွယ်ဆေးများ ရောက်ရှိလာဖွယ်ရှိ ပါသည်။

လောလောဆယ် လေ့လာသိရှိချက်များအရ ရောက်လာနိုင်ခြေများသည့် ဆေး ၂ မျိုးမှာ UK ထုတ် Oxford/AstraZeneca နှင့် ရုရှားထုတ် Spunik V တို့ဖြစ်မည်ဟု စာရေးသူ သုံးသပ်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်း ၂ မျိုးစလုံးတွင် မိမိတို့နိုင်ငံနှင့် အောက်ပါအချက်များအရ သင့်လျော်နေကြောင်း တွေ့ရပါသည်။

၁။ ဈေးသက်သာခြင်း
Ox/AZ ဆေး တစ်လုံးလျှင် ၃ ဒေါ်လာမှ ၄ ဒေါ်လာကျသင့်မည်ဖြစ်၍ Sp V ကလည်း တစ်လုံးလျှင် ၁၀ ဒေါ်လာအောက် သာ ဖြစ်သည်။
၂။ အလုံအလောက် ရနိုင်ခြင်း
၃။ ရိုးရိုးရေခဲသေတ္တာ၌ သိုလှောင်ထားနိုင်ခြင်း
၎။ အထိုက်အလျောက်ကာကွယ်နိုင် စွမ်းရှိ၍ အန္တရာယ်ကင်းခြင်း
၅။ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်သော India တွင် ထုတ်လုပ်ရန်စီစဉ်နေခြင်း
Ox/AZ ကို Serum Institute of India နှင့် Sp V ကို Dr Reddy ဆေးကုမ္ပဏီတို့က ထုတ်လုပ်ရန် စီစဉ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ►
♦ WHO က အသိအမှတ်ပြုသော ဆေး (သို့)
♦ သက်ဆိုင်ရာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က တရားဝင်အသိအမှတ်ပြုသောဆေး (သို့)
♦ သက်ဆိုင်ရာထုတ်လုပ်သောနိုင်ငံများ၏ အရေးပေါ်အသုံးပြုခွင့် (EUA) ရရှိသော ဆေးများကိုသာ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

COVAX အဖွဲ့ဝင်ဖြစ်သဖြင့် မြန်မာနိုင်ငံသည် WHO, GAVI အစီအစဉ်အရ ငွေထည့်ဝင်ထားပြီးဖြစ်၍ သက်သာသောဈေးနှုန်း (သို့) အခမဲ့ဖြင့် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထိ ဆေးရနိုင်မည်ဖြစ်သည်။ ရှေ့နှစ် ဧပြီလကုန်မတိုင်မီ လူ ဦးရေ၏ ၃ ရာခိုင်နှုန်း(၁.၆ သန်းကျော်) အတွက် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ လည်း ဆေးရရှိနိုင်ရန် စီစဉ်လျက်ရှိသည်။

သို့ဖြစ်ရာ ပန်းဝင်လာမည့် ကိုဗစ်ကာကွယ်ဆေးများမှ မိမိနိုင်ငံနှင့် သင့်လျော်၍ ရရှိနိုင်မည့်ဆေးများကို အသုံး​ပြုနိုင်ရန် သက်ဆိုင်ရာက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းကောင်း ပါးအပ်ပါသည်။
ဒေါက်တာတင်ထွန်းဦး
Ref; The Telegraph, BBC, AFP, Businessinsider, The New York Times, CNBC News, Business Standard, MOHS.

23/08/2020

Shwe Yaung Hnin Si Cancer Foundation

အသည်းကင်ဆာရောဂါကို သိရှိကာကွယ်ပါ
အပိုင်း (၄)

ကုသမှုအဖြာဖြာ အသည်းကင်ဆာရောဂါ
အပိုင်း( ၂ )

​ဒေါက်တာ​ကျော်ကိုကို​အောင်
အသည်းအထူးကုဆရာဝန်

Q. အသည်းကင်ဆာကို ဆေးဖျန်းခြင်းဖြင့် ဘယ်အချိန်မှာ ကုသရပါမလဲ။
ခွဲစိတ်ကုသမှုမဟုတ်တဲ့ နည်းလမ်း တစ်ခုဖြစ်တဲ့ ပေါင်သွေးကြောမှတဆင့် ဆေးဖျန်းခြင်း (Transarterial Chemo Embolization – TACE) ကို အသည်းကင်ဆာရဲ့ အလယ်ဆင့်ဖြစ်တဲ့ BCLC Stage B မှာ ပြုလုပ်ကြပါတယ်။ အသည်းကင်ဆာလုံးဟာ ၅ စင်တီမီတာထက်လည်းကြီးနေမယ် သို့မဟုတ် ၃ လုံးထက်လည်းပိုနေမယ်ဆိုရင် ဆေးဖျန်းခြင်းဟာ အသင့်တော်ဆုံးပါပဲ။
အသည်း ခြောက်ခြင်းအဆင့်ဟာလည်း အဆင့်ဘီလောက်မှာ ရှိသင့်ပါတယ်။
လူနာဟာ ပုံမှန်အတိုင်း မဟုတ်ရင် တောင်မှ သွားသွားလာလာလှုပ်လှုပ်ရှားရှား ပြုလုပ်နိုင်ရပါမယ်။
အသည်းဆေးဖျန်းမယ်ဆိုရင် ကင်ဆာကြောင့် အသည်းတွင်း သွေးကြောပိတ်ခြင်း မရှိသင့်ပါဘူး။ အသည်းတွင်း ​သွေးကြောပိတ် နေတဲ့အခါ ဆေးဖျန်းမယ်ဆိုရင် အောင်မြင်မှုရာခိုင်နှုန်း နည်းပါးတတ်ပါတယ်။

ဆေးဖျန်းတယ်ဆိုတာကတော့ Doxorubicin သို့မဟုတ် Cisplatin ဆိုတဲ့ ကင်ဆာဆေးကို ပေါင်သွေးကြောမှတစ်ဆင့် အသည်းကင်ဆာလုံးရှိရာဆီသို့ တိုက်ရိုက် ထိုးသွင်းပေးတာပဲဖြစ်ပါတယ်။ ဆေးဖျန်းနည်းဖြင့် ကုသမှုခံယူသူတေွဟာ တစ်နှစ်မှာ ၇၀ ရာခိုင်နှုန်း၊ နှစ် နှစ်မှာ ၅၀ ရာခိုင်နှုန်း ၊ သုံးနှစ်မှာ ၄၀ ရာခိုင်နှုန်း၊ ၅ နှစ်မှာ ၃၀ ရာခိုင်နှုန်း စသည်ဖြင့် သက်တမ်းရှည်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ အသည်းအင်ဇိုင်များ တက်လာခြင်း (၁၈ရာခိုင်နှုန်း)၊ ဖျားခြင်း (၁၇ ရာခိုင်နှုန်း) ၊ ကင်ဆာဆေးကြောင့် ရိုးတွင်းခြင်ဆီ အားနည်းတတ်ခြင်း (၁၃ ရာခိုင်နှုန်း) ၊ ဗိုက်အောင့်ခြင်း (၁၁ ရာခိုင်နှုန်း) နှင့် ပျို့အန်ခြင်း (၆ ရာခိုင်နှုန်း) တို့ကို ခံစားရနိုင်ပါတယ်။

ဆေးဖျန်းပြီးတဲ့အခါမှာတော့ ကင်ဆာရဲ့ တုန့်ပြန်မှုကို သိနိုင်ရန်အတွက် သတ်မှတ် အချိန်အပိုင်း အခြားလိုက် AFP စစ်ခြင်း၊ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းတို့ဖြင့် ပြန်စစ်ဆေးရပါမယ်။ ကင်ဆာရဲ့ တုန့်ပြန်မှုပေါ်မူတည်၍ ထပ်မံဆေးဖျန်းရန်လိုမလိုကို ဆုံးဖြတ်ရပါတယ်။ ဆေးဖျန်းခြင်းကို တခါတရံတွင် မီးရှိ့ခြင်း သို့မဟုတ် သောက်ဆေးများဖြင့်လည်း တွဲစပ် အသုံးပြုနိုင်ပါတယ်။

Q. အသည်းကင်ဆာကို ဆေးဝါးများဖြင့် ဘယ်လိုကုသနိုင်ပါသလဲ။
အသည်းကင်ဆာရဲ့ BCLC Stage C – Advanced Stage မှာဆိုရင် ဆေးဝါးများဖြင့် ကုသတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ အသည်းကင်ဆာအတွက် ဆေးဝါးတွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်မည် ဆိုရင် စားဆေးနဲ့ထိုးဆေးဆိုပြီး နှစ်မျိုးရှိပါတယ်။ စားဆေးတွေထဲမှာ First Line လို့ခေါ်တဲ့ ပထမ ဦးစားပေးအနေနဲ့ သုံးစွဲလေ့ရှိတဲ့ ဆေးတွေကတော့ Sorafenib, Levantinib တို့ပဲဖြစ်ပါတယ်။

Sorafenib ဆေးဝါးဟာ သုတေသနများအရ BCLC Stage C အဆင့် လူနာတွေမှာ သေဆုံးနှုန်းကို ၃၀ ရာခိုင်နှုန်းအထိ
​လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ ကုသမှု မယူတဲ့သူတွေရဲ့ သက်တမ်းထက် ၃လ အသက်ပိုရှည်စေပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ကတော့ ဝမ်း​လျှောခြင်း (၉ ရာခိုင်နှုန်း)၊ လက်နှင့်ခြေထောက် တွင် နာပြီးယားယံသော အနီကွက်များထွက်ခြင်း(၁၆ ရာခိုင်နှုန်း) (ဤသို့ ဖြစ်ပေါ်ပါက ဆေးကို ချက်ချင်းရပ်ပြီး အသည်းဆရာဝန်နှင့် ချက်ခြင်း ပြသရန်လိုပါသည်။) စသည်တို့ကို ခံစားရနိုင်ပါသည်။

Levantinib ဆေးကတော့ သုတေသန တေွ့ရှိချက်များအရ Sorafenib ထက် လူနာရဲ့ သက်တမ်းကို ပိုရှည်စေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ကတော့ သွေးတိုးခြင်း (၂၃ ရာခိုင်နှုန်း)၊ ကိုယ်အလေးချိန်လျော့ကျခြင်း (၈ ရာခိုင်နှုန်း)၊ အစားအသောက်ပျက်ခြင်း (၅ ရာခိုင်နှုန်း)၊ သွေးဉမွှားများ ကျဆင်းခြင်း နှင့် အသည်းအင်ဇိုင်းများတက်ခြင်း (၅ ရာခိုင်နှုန်း)၊ ဝမ်း​လျှောခြင်း (၉ ရာခိုင်နှုန်း)၊ လက်နှင့်ခြေထောက် တွင် နာပြီးယားယံသော အနီကွက်များထွက်ခြင်း(၃ ရာခိုင်နှုန်း)တို့ကို ခံစားရနိုင်ပါတယ်။

အကယ်၍ အဲ့ဒီဆေးများကို တုန့်ပြန်မှုအားနည်းလျင်သော်လည်းကောင်း၊ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်သော်လည်းကောင်း Second Line ဒုတိယအဆင့်အနေဖြင့် အသုံးပြုလို့ရတဲ့ ဆေးဝါးတွေကတော့ Regorafenib, Cabozantinib တို့ပဲဖြစ်ပါတယ်။

ထိုးဆေးတွေအနေနဲ့ကတော့ ကိုယ်တွင်းခုခံမှုစွမ်းအားမှတဆင့် ကင်ဆာဆဲလ်များ ပွားများခြင်း ကို ထိန်းချုပ်ပေးတဲ့ ဆေးဝါးတွေအဖြစ် Nivolumab, Pembrolizumab ဆိုတဲ့ ဆေးဝါး များပဲဖြစ်ပါတယ်။ ဆေးဝါးများဖြင့်ကုသတဲ့အခါမှာ အခြားကင်ဆာများကဲ့သို့ အချိန်သတ်မှတ်ချက်မရှိဘဲ ဆက်တိုက် ကုသရမှာဖြစ်ပါတယ်။ အသည်းကင်ဆာကို အခြားကင်ဆာတေွမှာ အသုံးပြုလေ့ရှိတဲ့ ကင်ဆာဆေးဝါးများဖြင့်တော့ ကုသလို့ မရနိုင်ပါဘူး။

အသည်းကင်ဆာရောဂါကို သိရှိကာကွယ်ပါဆိုတဲ့ အကြောင်းနှင့်ပတ်သက်ပြီး သိလိုသည်များကို ဤစာစု အောက်တွင် မေးမြန်းနိုင်ပြီး နောက်အပတ် စနေနေ့တွင် ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
လာမယ့်အပါတ်မှာ ဆေးဖျန်းခြင်း၊ဓါတ်ကင်ခြင်းများနှင့် ဆေးဝါးများဖြင့်ကုသခြင်း အကြောင်းများကို ဆက်လက်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

မောင်ကျော် (အသည်း)
ဒေါက်တာကျော်ကိုကိုအောင်

20/04/2020

GSM

⚖️စစ်တမ်းဖြည့်သွင်းရေးကိစ္စ⚖️

⚠️Covid 19 ကြောင့်⚠️ကျန်းမာရေးဆိုင်ရာထိခိုက်မှုများရှိနေသလို စီးပွားရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာများအတွက်ဖိအားများကိုခံစားကြရသည့် အချိန်မှာ ဖြစ်နိုင်သမျှ အိမ်တွင်သာနေထိုင်ရေးသည် အလွန်အရေးကြီးသကဲ့သို့ ယခုလိုကာလ အတွင်းတွင် မဖြစ်မနေဖွင့်လှစ်ရမည့် ရုံးများ ၊လုပ်ငန်းများ၊ဆိုင်များနှင့်ဝန်ဆောင်မှုများတွင် ပါဝင်ကြရမည့် ဝန်ထမ်းများအတွက်❗️❗️ရောဂါကူးစက်မှုနှုံး ❗️❗️❗️မရှိစေရေးအတွက်လည်း ဆောင်ရွက်နေကြရတာကြောင့် စီးပွားရေးနှင့်သက်မွေးဆိုင်ရာတို့အတွက် စိန်ခေါ်မှုသည် အတော့်ကိုကြီးထွားလာနေပါသည်။

သို့ဖြစ်၍ လုပ်ငန်းများရဲ့ အခြေအနေကို စစ်တမ်းတစ်ခုကောက်ယူပြီး အကဲဖြတ်နိုင်ရေးအတွက် 📊လက်လှမ်းမီသလောက် ဆောင်ရွက်နိုင်ရန် ချိန်ဆထားပြီး ယခုစစ်တမ်းကို ဖြည့်သွင်းနိုင်ရန်အတွက်စီစဉ်ထားပါသည်။

ဖြည့်သွင်းရာတွင် ဖြည့်သွင်းသူများရဲ့ လုပ်ငန်းဆိုင်ရာအချက်အလက်များကိုအသေးစိတ်ဖြည့်သွင်းစရာမလိုပဲဖြည့်သွင်းသူ၏ လုပ်ငန်းအမည်ကို ဖော်ပြရန်မလိုသကဲ့သို့ လိပ်စာအတိအကျကိုလည်း ဖြည့်သွင်းစရာမလိုအောင်ဆောင်ရွက်ထားပြီး ကိုယ်ရင်ဆိုင်ရတဲ့ အတိုင်းသာ ဖြည့်သွင်းပေးစေလိုပါသည်။

🗝ပါဝင်ဖြည့်သွင်းသောသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် လုပ်ငန်းဆိုင်ရာ ဈေးကွက်ပြိုင်ဆိုင်ခြင်းတွင် အရေးပါသော အချက်အလက်များကို ဖြည့်သွင်းစရာမလိုအောင် စီစဉ်ထားပါသည်။ 🗝

သာမန်အားဖြင့် ယခုကာလသည် 📈
စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပါတ်နိုင်သည့်အနေအထားမရှိခြင်းကို အလွယ်တကူနားလည်သဘောပေါက်နိုင်ကြသော်လည်း စစ်တမ်းတစ်ခုကို ပြုစုခြင်းကမှတစ်ဆင့် ထွက်ရှိလာမည့် အချက်အလက်များသည် ပိုမိုပြီးခြုံငုံနိုင်ကာ
အစိုးရ အလုပ်ရှင် အလုပ်သမား ဈေးကွက် ဝန်ဆောင်မှု ထုတ်လုပ်မှုဆိုင်ရာ စသဖြင့် အတွဲအဆက်အနေအထားကို 🔗🔗သုံးသပ်နိုင်ရေးအတွက် ရည်ရွယ်ပြုစုပါသည်။

ပါဝင်ကူညီဖြည့်သွင်းသူများကို ကျေးဇူးတင်ရှိကြောင်းနှင့် နယ်ပါယ်စုံက မှန်ကန်စွာဖြည့်သွင်းရန် ယုံကြည်ရသူများထံသို့ လက်ဆင့်ကမ်း ဖြန့်ဝေပေးပါရန် တောင်းဆိုအပ်ပါသည်။

--------------------------------------------
ယူနီ

https://ee.kobotoolbox.org/i/::IjnvV2XG

ဇော်ဂျီ

https://ee.kobotoolbox.org/i/::tCq7q1BE

19/04/2020

16/04/2020

Ministry of Health and Sports, Myanmar

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ်၊ ၃၇/၂၀၂၀
(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၆ ရက်)

16/04/2020

Medical Learning - Myanmar

နှစ်(၁၀၀)အတွင်း မျက်နှာများတဲ့ ဆေးပေါင်းအရှင် (သို့မဟုတ်) BCG... B-)
ကနဦးစပြောရရင် ၁၉၀၈တုန်းက Pasteur Institute မှာ Albert Calmette (bacteriologist) နဲ့ Camille Guerin (veterinarian) တို့(၂)ဦးက Mycobacterium bovis strain တစ်မျိုးကို virulence ပျောက်အောင်လုပ်ပြီး live vaccine လုပ်ဖို့ ကြိုးစားကြပါသတဲ့။ (၁၃)နှစ်လောက်ကြာပြီးမှ ၁၉၂၁မှာ vaccine အဖြစ် စ introduce လုပ်နိုင်ခဲ့ပါတယ် (bacille Calmette-Guerin = BCG ဆိုပြီး အမည်တွင်တယ်ပေါ့)။ စတုန်းကဆို orally ပေးရပြီး ၁၉၂၄လောက်မှာမှ immunogenic ပိုဖြစ်တဲ့ route ကိုရွေးမယ်ဆိုပြီး intradermal (deltoid) ဖြစ်သွားတာပါ (ဒါတောင် Brazil မှာ နှစ်အတန်ကြာအထိ orally ပေးနေကြတုန်းပါတဲ့)။
BCG သည် TB ကို 100% အပြည့်အဝကာကွယ်နိုင်တာ မဟုတ်ပါဘူး။ Active TB မဖြစ်အောင် partial protection ပဲပေးနိုင်ပါတယ်။ သူနာမည်ကြီးတာက လူကြီး pulmonary TB ကိုကာကွယ်တာထက် ကလေးတွေမှာ disseminated TB ရယ် TB meningitis ရယ်ကို ကာကွယ်တာပါ။ အစမှာထင်ထားသလို primary TB တို့ reactivation of latent TB တို့ TB person-to-person transmission တို့ကို မတားနိုင်ပါဘူး (ဒါကြောင့်လည်း ပိုကောင်းတဲ့ TB vaccine တွေ ရှာနေကြပါတယ်... ဥပမာ subunit vaccine [attenuated viral vector or adjuvanted fusion protein], whole cell vaccine [genetically attenuated Mycobacterium tuberculosis, killed MTB or recombinant BCG])။ သို့သော် epidemiologically လေ့လာမှုတွေအရ BCG vaccine ထိုးထားတဲ့လူတွေမှာ treatment response ပိုကောင်းတာရယ် autopsy စစ်ဆေးချက်တွေအရ BCG ထိုးထားရင် pulmonary TB foci က ပိုသေးပြီး bacillary burden လည်း နည်းတာကို တွေ့ရပါသတဲ့။

စထွက်တုန်းက TB အတွက် vaccine ဆိုပေမယ့် နှစ်ကြာလာတာနဲ့အမျှ သူ့ရဲ့ immunomodulatory effect ကို သိလာရပြီး အသုံးတွေစွယ်စုံဖြစ်လာပါတော့တယ်။

1. Leprosy & other nontuberculous mycobacteria
Mycobacterial antigens တွေသည် T & B-cell cross-reactivity ရှိကြတာမို့ Mycobacterium tuberculosis ဖို့ထုတ်ထားတဲ့ BCG သည် M. leprae ကိုလည်း သိသိသာသာကာကွယ်နိုင်တာကို တွေ့ကြပါတယ်။ ဒါ့အပြင် nontuberculous mycobacterial lymphadenitis နဲ့ Buruli ulcer ကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

2. Prevention of nonspecific infections
Pathogen တစ်ခုဝင်လာရင် ဒါကို တိုက်ထုတ်ဖို့ immune response လာတဲ့အခါ memory system လည်း ပါပါတယ်။ ပထမတစ်ခါတိုက်ပွဲကို မှတ်ထားပြီး နောင်အခြား unrelated pathogen ထပ်ဝင်လာတာတောင် အခြားတိုက်ပွဲမှာ ကနဦးမှတ်သားထားတာကို ပြန်အသုံးချပြီး ပိုကောင်းတဲ့ response လာတာကို heterologous, nonspecific immunity လို့ခေါ်ပါတယ်။ ဒါမျိုးက BCG မှာ အတော်သိသာပါတယ်တဲ့။ BCG ထိုးလိုက်ရင် innate immunity သည် epigenetic reprogramming ဝင် adaptive changes ဖြစ်လာပြီး nonspecific protection from infection ကို ပေးပါတယ်။ ဒီ trained immunity သည် (၁)နှစ်အထိ ဆက်ရှိနေပါတယ် (ဒါကြောင့်လည်း infant mortality ကျပါသတဲ့)။ BCG သည် mycobacteria ဖြစ်ဖြစ် အခြားအကောင်ဖြစ်ဖြစ်ဝင်လာရင် NK cells ကနေ proinflammatory cytokine production ကိုလည်း များစေပါတယ်။ ဒါတွေသည် pneumonia, leishmaniasis, malaria စတာတွေမှာ အကျိုးရှိ ကာကွယ်မှုအချို့ပေးနိုင်သလို အခြား vaccines တွေထိုးရင်လည်း vaccine response တွေ ပိုကောင်းတာ တွေ့ရပါသတဲ့။ WHO systematic review တစ်ခုအရ neonatal BCG vaccination သည် all-cause mortality ကို 30% reduction နဲ့ association ရှိပါတယ်လို့ ဆိုပါတယ်။ BCG ရဲ့ pathogen protective benefit သည် အစောဆုံးအနေနဲ့ မွေးကင်းစ(၇)ရက်မှာတောင် စပြီပြောပါတယ် (ဒါကြောင့် အချို့ဆေးရုံတွေမှာ မွေးမွေးချင်း BCG ထိုးပေးတဲ့ပုံစံ ရှိပါတယ်)။
BCG ထိုးပြီးရင် scar လေးပေါ်ပါတယ်။ ထိုးပြီး 6-8 weeks ဆို tuberculin skin test (TST) positive ဖြစ်ပါပြီ။ BCG scar ရယ် tuberculin conversion ရယ်သည် BCG-induced cell-mediated immunity (CMI) ရပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ Scar-negative ဆို ထပ်ထိုးဖို့ စဉ်းစားသင့်တယ်လို့လည်း ဆိုကြပါတယ်။

4. Immunomodulation
BCG သည် immune-mediated diseases တွေမှာလည်း အကျိုးရှိပြန်ပါတယ်။ BCG ထိုးထားတဲ့ကလေးတွေမှာ allergic asthma ဖြစ်နှုန်းနည်းပြီး asthma ကလေးတွေမှာလည်း rescue medication သုံးရနှုန်း ကျတယ်လို့ တွေ့ရပါတယ်။
Neonatal BCG vaccination သည် first symptomatic neurologic episode ကနေ multiple sclerosis ကူးတဲ့ conversion rate ကို သိသိသာသာချပေးနိုင်တယ်လို့ ဆိုပါတယ်။

3. Antitumor effect
BCG သည် inhibitory effect on tumor growth ဆိုတာ animal studies တွေမှာသိတာ ကြာလှပါပြီ။ လက်တွေ့မှာလည်း childhood BCG vaccination သည် leukemia, lung cancer တွေမှာ risk reduction ဖြစ်စေပါသတဲ့။ Melanoma ဖြစ်တဲ့လူနာတွေမှာလည်း BCG ထိုးထားဖူးသူတွေက survival ပိုများပါသတဲ့။ တစ်ချို့ stage III melanoma တွေမှာ inoperable ဆို intralesional BCG injection ထိုးရင် tumor ကျုံ့သွားတာကို တွေ့ရပါတယ်တဲ့။
သေချာတာကတော့ non-muscle invasive bladder cancer မှာတော့ BCG immunotherapy က gold standard adjuvant treatment ပါ။ Intravesical BCG သည် local nonspecific immunological boost နဲ့ antitumor activity ကို ပေးဆယ်လို့ ယူဆရပါတယ်။
Recurrent respiratory papillomatosis မှာလည်း intralesional BCG သည် relapse rate ကို ကျစေပါတယ်တဲ့။

4. Diagnostic tool
(၅)နှစ်အောက်ကလေးတွေမှာ အဖြစ်များတဲ့ Kawasaki disease (KD) သည် diagnosis လုပ်ရ ခက်ခဲပါတယ်။ ထူးခြားတာက KD ဖြစ်ပြီဆို BCG site က erythema, induration တွေပေါ်လာတာမို့ indirect diagnostic tool အနေနဲ့ သုံးလို့ရပါတယ်။ BCG site reaction intensity ဆိုးလေလေ KD severity ဆိုးလေးလေလို့လည်း correlation တွေ့ရပါတယ်။

5. Metabolic effect
BCG ကြောင့် immune activate ဖြစ်တဲ့အခါ immune cells တွေရဲ့ glucose consumption များလာတာရယ် regulatory T cells တွေများလာတာရယ် insulin autoreactive T cells ကို သေစေတာရယ်... ဒါတွေကြောင့် type 1 diabetes mellitus လူနာတွေမှာ glycemic control ကောင်းစေတယ်လို့ တွေ့ထားပါတယ်။

6. Animal models
BCG သည် cholesterol-enriched lipoprotein remnants တွေကို liver ဆီ မြန်မြန်သိမ်းစေတယ်၊ intestinal cholesterol absorption ကို ကျစေတယ်၊ vessel မှာ foam cell formation ကိုနည်းစေတယ်... ဒါတွေကြောင့် atherosclerosis ကို နှေးစေပါတယ်တဲ့။ BCG သည် hyperoxic lung injury ကိုလည်း နည်းစေပါတယ်တဲ့။ Non-obese diabetes ကိုလည်း prevention လုပ်ပါသတဲ့။ Alzheimer disease prevention လည်း ရှိပါသတဲ့။
ဒါပေမယ့် ဒါတွေက animal studies မို့ အတိအကျပြောဖို့ အားနည်းပါသေးတယ်။

7. Impact on viral infections
BCG vaccination သည် viral infections အပေါ် positive outcome ကို ပေးပါတယ်။ ဥပမာ
- Acute lower respiratory tract infection (especially by RSV)
- Lower respiratory tract infection (bacterial or viral pneumonia) ဒါတွေရဲ့ incidence ကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။
- HPV ကြောင့်ဖြစ်တဲ့ ge***al warts လူနာတွေမှာလည်း BCG ထိုးထားရင် improved clearance ကို တွေ့ရပါသတဲ့။
- HSV infection ဖြစ်တာကိုလည်း နည်းစေပါသတဲ့။
ဒါတွေက human studies တွေပါ။ Animal studies အရလည်း HSV 1&2, influenza A, HBV, JBE စတဲ့ viral infection တွေမှာ survival ပိုမြင့်တာကို တွေ့ရပါတယ်။
နောက်တစ်ခုက RCT တစ်ခုအရ BCG ထိုးထားတဲ့သူတွေမှာ influenza vaccine ထိုးရင် longer sustained & increased IFN-gamma ပိုရ enhanced antibody titre ပေါ် pandemic influenza A (H1N1) ကို ပိုကာကွယ်နိုင်တာကို တွေ့ရပါတယ်။ BCG နဲ့ HBV vaccine တွဲထိုးရင်လည်း HBV alone ထက် cytokine production တွေ HBV-specific antibody တွေ ပိုတက်တာကို တွေ့ရပါတယ် (ဒီမှာ UCI အရ တွဲထိုးပေးနေတော့ အဆင်ပြေတာပေါ့)။
ဖြစ်နိုင်တဲ့ mechanisms တွေက
A. Heterologous lymphocyte responses
အပေါ်မှာပြောထားပြီးတဲ့အတိုင်းပါပဲ။ BCG သည် enhanced immune responses to secondary unrelated pathogens မို့ပါ။ CD4 & CD8 memory cell activation နဲ့ Th1 & Th17 responses က တက်လာပြီး (၁)နှစ်လောက်အထိကို protection ပေးပါတယ်။
B. Innate immune memory
အပေါ်မှာပြောခဲ့တဲ့ trained immunity ပါ။ BCG သည် epigenetic & metabolic rewiring အားဖြင့် innate immune cells တွေကို (e.g. NK cells, monocytes, macrophages) non-specific memory induction ဖြစ်စေပါတယ်။ သူတို့တွေကနေ pro-inflammatory cytokines (e.g. IL-1beta) တွေထွက်ပြီး viral infection ကို ခုခံပါတယ်။

ဒီ non-specific effects ကို prevention & treatment of viral infections & vaccination strategies တွေမှာ အသုံးချဖို့ စဉ်းစားလာတာ နှစ်အတော်ကြာခဲ့ပါပြီ။
1. BCG ထိုးပြီး latent virus reactivation ကိုတားတဲ့အနေနဲ့ သုံးမလား?
ဥပမာ BCG သည် recurrent HSV infection ကို frequency ရော duration ပါ သိသိသာသာချပေးနိုင်ပါတယ်။
2. Suppression of viral growth အတွက် သုံးကြမလား?
ဥပမာ BCG သည် virus-infected cells တွေထဲ viral replication ကို တားနိုင်တာမို့ HIV တို့ hepatitis-associated liver disease တို့မှာ သုံးကြမလားပေါ့။
3. Global pandemics ဖြစ်ဖွယ်ရှိတဲ့ ဒါမှမဟုတ် ကာကွယ်ဆေးမရှိသေးတဲ့ viral infection protection အတွက် BCG ထိုးမလား?
ဥပမာ BCG ထိုးပြီး influenza-related morbidity & mortality ချမလားပေါ့။
ဒီနံပါတ်3 ပုံစံနဲ့ အခု COVID-19 pandemic မှာ ပြောလာကြတာတွေလည်း ကြားမိကြမှာပါ။ (https://www.researchgate.net/publication/340224580_BCG_vaccination_may_be_protective_against_Covid-19) 2020 March 9 to 24 (၁၅)ရက်အတွင်း world-wide reported cases & fatalities of COVID-19 ကို နိုင်ငံအလိုက် population vaccination programs နဲ့ ချိန်ထိုးကြည့်ပါတယ်။ BCG vaccination မပါတဲ့နိုင်ငံတွေမှာ COVID-19 က 358.4 per million ဖြစ်ပြီး BCG vaccination ပါတဲ့နိုင်ငံတွေမှာ 38.4 per million ပဲ ဖြစ်တာကို တွေ့ရပါတယ်။ Fatality records အရလည်း BCG မထိုးတဲ့နိုင်ငံတွေမှာ 40 per million သေကြပြီး BCG ထိုးတဲ့နိုင်ငံတွေမှာ 4.28 per million ပဲ သေကြပါတယ်။ Case fatality rate (CFR) အရကြည့်ရင်လည်း BCG မထိုးတဲ့နိုင်ငံတွေမှာ 0.33% ရှိပြီး BCG ထိုးတဲ့နိုင်ငံတွေမှာ 0.13% ပဲ ရှိပါတယ်။ Single BCG inoculation နဲ့ booster BCG injection (7-14 years later) မှာတော့ no better outcomes ပါတဲ့။ သတိထားစရာက single time-point study မို့ confounding factors တွေကို အများကြီးထည့်တွက်ဖို့ လိုပါတယ် (ဥပမာ limited testing & reporting, stage of pandemic in each country, differences in national demographics)။ ဒါကြောင့်လည်း 2020 April 12 WHO scientific brief က "There is no evidence that the Bacille Calmette-Guérin vaccine (BCG) protects people against infection with COVID-19 virus." လို့ ြပောထားပါတယ်။ Evidence-based ဖြစ်အောင် clinical trials လုပ်နေပါတယ် (https://clinicaltrials.gov/ct2/show/NCT04328441 နဲ့ https://clinicaltrials.gov/ct2/show/NCT04327206 ပါ)။ "WHO does not recommend BCG vaccination for the prevention of COVID-19. WHO continues to recommend neonatal BCG vaccination in countries or settings with a high incidence of tuberculosis." (https://www.who.int/news-room/commentaries/detail/bacille-calmette-gu%C3%A9rin-(bcg)-vaccination-and-covid-19)

ဒါဖြင့်ရင် BCG ထိုးတိုင်း ကောင်းသလားလို့ မေးစရာရှိလာပါတယ်။ ဆေးတို့ရဲ့ထုံးစံအတိုင်း complications ရှိစမြဲပါ။ Live vaccine ဖြစ်တာမို့ bacteremic infection ဖြစ်သွားစရာအကြောင်း ရှိပါတယ်။ ပြန်ချုံကြည့်ရင် BCG ထိုးရင် 1 in 2500 က local BCG disase (BCGitis) ဖြစ်နိုင်ပြီး 1 in 100,000 က disseminated BCG disease (BCGosis) ဖြစ်ပြီး အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။ ဘာလို့ဖြစ်လဲ လိုက်ကြတဲ့အခါ Mendelian susceptibility to mycobacterial disease (MSMD) ဆိုတာသွားတွေ့ပါတယ်။ Inborn error of immunity ပေါ့။ နောက်တစ်ခုကတော့ live vaccine တို့ရဲ့ထုံးစံအတိုင်း immunodeficiency ရှိနေလို့ပါ... ဥပမာ severe combined immunodeficiency (SCID)။
BCG ကို treatment အနေနဲ့ သုံးလာတဲ့အခါ (e.g. intravesical) ထပ်တွေ့လာတဲ့ ပြဿနာက autoimmune phenomena တွေပါ။ Reiter syndrome (conjunctivitis-urethritis-arthritis), Henoch-Schoenlein purpura, Guillain Barre syndrome စတာတွေဖြစ်တတ်ပါသတဲ့။ ဖြစ်နိုင်တာက autoimmune တို့ရဲ့ထုံးစံအတိုင်း molecular mimicray ပါ။

BCG အကြောင်း reviews များ
1. Non-specific effects of BCG vaccine on viral infections (2019) https://www.ncbi.nlm.nih.gov/pubmed/31055165
2. BCG: a vaccine with multiple faces (2020) https://www.ncbi.nlm.nih.gov/pubmed/31995448

---------

👩‍💻 Stay home ရင်း စာဖတ်ကြမယ်...
📌 Online Medical Learning Centre တစ်ခုကို မိတ်ဆက်ပါရစေ...
🚧 အိမ်ထဲက အိမ်အပြင် မထွက်ရဘဲ ဆက်လေ့လာလို့ရအောင် online learning class တွေဖွင့်ပါမယ်...

🎓 Final Part II (Medicine, Surgery, Child, OG)
🎓 3rd MB (Surgery, Medicine)
🎓 Final Part I (OG, Child, Medicine, Surgery) စတဲ့အတန်းတွေအတွက် ရည်ရွယ်ပါတယ်...

💻 Online system မို့ conventional video lectures အပြင် အခြား learning tools တွေပါ ထည့်သုံးမှာမို့ ပိုပြည့်စုံတဲ့ study facilitation ဖြစ်မှာပါ...
📲 Online မို့ မြို့ နေရာ ဒေသလည်း မရွေးဘူးပေါ့

🧬 ပုံမှန်အတန်းတွေ ဖွင့်သွားမှာဖြစ်သလို သူငယ်ချင်းအုပ်စုလိုက် group ဖွဲ့ပြီးလည်း on-demand classroom (online) ဖန်တီးပေးဖို့လည်း ရှိပါတယ်...

📠 စိတ်ဝင်စားရင် Medical Learning - Myanmar page ကနေ ဒါမှမဟုတ် message ကနေ စုံစမ်းလို့ ရပါတယ်နော်...
🤳 သူငယ်ချင်းတွေ juniors တွေကိုလည်း သတင်းစကားပါးပေးကြပါဦး...

☎️ အခုကစ စာရင်းပေးလို့ရပါပြီ

🎯 Stay home & enjoy your studies!

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Defence Services Liver Hospital, Mingaladon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Comments

28/4
ချစ်မိတ်ဆွေများ အားလုံးပဲ မင်္ဂလာပါဗျာ အသက် ၆၀ကျော် အဖိုးတစ်ယောက်
အစာစားရင့် အော့အန်လို့ပါ ဘာလုပ်ရင့်ကောင်းမလဲ အကြံလေးပေးကြပါ။