ဓူဝံ မိသားစု ဆေးခန်း

ဓူဝံ မိသားစု ဆေးခန်း To Serve Quality Healthcare with Fair Price.

နိုင်ငံတကာ အသိအမှတ်ပြု အထွေထွေရောဂါကု မိသားစုဆေးပညာသမားတော်ကြီးများ၏ အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှု (ဆေးခန်း/ အိမ်ပင့်) ရရှိနိုငသည့် နေရာ

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 အနေဖြင့် မိဘပြည်သူများအတွက် ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိသားစုသဖွယ် ဖော်ရွေ...
18/08/2025

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 အနေဖြင့် မိဘပြည်သူများအတွက် ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိသားစုသဖွယ် ဖော်ရွေနွေးထွေးပျူငှာစွာဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။

ယခုလက်ရှိ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတဲ့ “𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ”နှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ရန်အတွက် ဆက်သွယ်ရန်အချက်အလက်တွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။

02/06/2025
အတာသင်္ကြန်ကာလ ဆေးခန်းဖွင့်ချိန် ကြိုတင်ကြေညာခြင်း𝐂𝐋𝐋 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐮𝐰𝐮𝐧 𝐂𝐥𝐢𝐧𝐢𝐜 🏥  26, 13th Street, Lanmadaw, Yangon ☎️ +95 9 ...
10/04/2025

အတာသင်္ကြန်ကာလ ဆေးခန်းဖွင့်ချိန် ကြိုတင်ကြေညာခြင်း

𝐂𝐋𝐋 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐮𝐰𝐮𝐧 𝐂𝐥𝐢𝐧𝐢𝐜

🏥 26, 13th Street, Lanmadaw, Yangon
☎️ +95 9 889 877 770



07/04/2025

🌍 ကမ္ဘာ့ကျန်းမာရေးနေ့ 2025 | "𝘏𝘦𝘢𝘭𝘵𝘩𝘺 𝘣𝘦𝘨𝘪𝘯𝘯𝘪𝘯𝘨𝘴, 𝘩𝘰𝘱𝘦𝘧𝘶𝘭 𝘧𝘶𝘵𝘶𝘳𝘦𝘴"

ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ “𝘏𝘦𝘢𝘭𝘵𝘩𝘺 𝘣𝘦𝘨𝘪𝘯𝘯𝘪𝘯𝘨𝘴, 𝘩𝘰𝘱𝘦𝘧𝘶𝘭 𝘧𝘶𝘵𝘶𝘳𝘦𝘴” ဖြစ်ပါတယ်။

အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် နောက်ဆက်တွဲ အခက်အခဲပြဿနာများစွာကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် အဆိုပါ သတင်းစကားလေးဟာ အထူးပင် အဓိပ္ပာယ်ရှိလှပါတယ်။

ယခုလို အခက်အခဲ အကျပ်အတည်းများနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကာလမှာ ကျန်းမာခြင်းဆိုတာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှ ပြန်လည်ကောင်းမွန်လာခြင်းတစ်မျိုးတည်းကို ဆိုလိုခြင်းသာမကပဲ မျှော်လင့်ချက်များပါ ပြန်လည်ရှင်သန်လာခြင်းနှင့် ဘဝများကို အခြေခံမှနေ၍ ပြန်လည်တည်ဆောက်ခြင်းထိပါ ပါဝင်ပါတယ်။

🍼 မိခင်ရော ကလေးပါ ကျန်းမာစေခြင်း

🏥 မြို့ရပ်ရွာတိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီနိုင်ခြင်း

🧠 စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အားပေးကူညီ ဖေးမကာ အထောက်အပံ့များပေးခြင်း

💊 အခြေခံကျန်းမာရေး လိုအပ်ချက်များကို ခွဲခြားဆက်ဆံခံရခြင်းမရှိဘဲ ဂုဏ်သိက္ခာရှိရှိဖြင့် တန်းတူညီမျှအပြည့်အဝခံစားရယူနိုင်ခြင်း

စတဲ့အချက်တွေက မျှော်လင့်ချက်ရှိတဲ့ အနာဂတ်ကို ရရှိစေဖို့ အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ❤️

ကျွန်ုပ်တို့အနေနှင့်လည်း ရင်ဆိုင်ကြုံတွေ့ ထိခိုက်ခံစားခဲ့ရသူများနှင့် အတူရပ်တည်လျက်ရှိပါတယ်။

ကမ္ဘာကြီးရဲ့ မည်သည့်နေရာမှာ မွေးဖွားတဲ့သူဖြစ်ပါစေ (သို့) မည်သည့်အခက်အခဲအတွေ့အကြုံတွေကို ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရပါ‌စေ လူတိုင်းအတွက် ကျန်းမာပျော်ရွှင်ပြီး ဘေးကင်းလုံခြုံစွာဖြင့် လိုအပ်တဲ့ ပံ့ပိုးကူညီမှု‌တွေကို ရရှိနိုင်တဲ့ အနာဂတ်ပိုင်ဆိုင်နိုင်အောင် အတူတကွ ကြိုးစားဖန်တီးသွားကြပါစို့။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:

𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/




13/01/2025

🧬 ခွေးရူးပြန်ရောဂါသည် ကြောက်စရာကောင်းသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေး နှင့် လင်းနို့များမှတစ်ဆင့် လူကိုကူးစက်ခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက် သေဆုံးနိုင်ခြေသည် (၁၀၀%) ရှိသည်။

🐕‍🦺 မိမိ၏ အိမ်မွေးခွေး (ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးထားသောခွေး) အကိုက်ခံရလျှင် ခွေးရူးပြန်ရောဂါ ကူးစက်နိုင်ခြေနည်းသော်လည်း မိမိ၏ခွေးသည် တစ်ခြားပြင်ပ တိရိစ္ဆာန်များနှင့် ထိတွေ့မှုရှိနေလျှင် ရောဂါကူးစက်နိုင်ခြေရှိသဖြင့် မပေါ့ဆသင့်ပါ။ ခွေးရူးပြန်ရောဂါ ကုသရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေး ကြိုတင် ထိုးနှံထားခြင်း ဖြစ်သည်။

________________________________________

🛑 ခွေးရူးပြန်ရောဂါသည် ‌ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုး (Rabies virus) ကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်ပိုးသည် သွေးနွေးသတ္တဝါများ၏ တံတွေးများတွင် တွေ့ရလေ့ရှိသည်။ လူသားများသို့ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေများသောတိရိစ္ဆာန်များမှာ –

▶ အိမ်မွေးတိရိစ္ဆာန်နှင့် မွေးမြူရေးတိရိစ္ဆာန်များဖြစ်သည့် – ကြောင်၊ ခွေး၊ နွား၊ ဆိတ်၊ မြင်းနှင့် မြွေပါ
▶ တောရိုင်းတိရိစ္ဆာန်များဖြစ်သည့် – လင်းနို့၊ ဖျံ၊ ဝံပုလွေ၊ မြေခွေး၊ မျောက်၊ ရက်ကွန်းနှင့် ရှဉ့်

👉 ခွေးရူးပြန်ရောဂါပိုးရှိသော တိရိစ္ဆာန်များ၏ တံတွေးများနှင့် လူများ၏ ပွန်းပဲ့ဒဏ်ရာ ဖြစ်နေသောအရေပြား (သို့) မျက်လုံး (သို့) ပါးစပ်တို့ကို ထိမိ၍ ခွေးရူးပြန် ရောဂါကူးစက်နိုင်သည်။ ရှားရှားပါးပါးကူးစက်နိုင်ခြေရှိသည့်နည်းများမှာ လှိုဏ်ဂူထဲမှ လင်းနို့များနှင့် ထိတွေ့ခြင်း၊ ရောဂါရှိသူထံမှ ကိုယ်တွင်းအင်္ဂါ လက်ခံယူမိခြင်း၊ မျက်ကြည်လွှာ လက်ခံယူမိခြင်း စသည်တို့ဖြစ်သည်။

👉 ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ်၏ အာရုံကြောများကို အဓိက ထိခိုက်ပျက်စီးစေသည်။ ထိုအာရုံကြောများမှတစ်ဆင့် ဦးနှောက်သို့ကူးစက်ပျံ့ပွားပြီး ဦးနှောက် ထိခိုက်ပျက်စီး၍ သေဆုံးရခြင်းဖြစ်သည်။

________________________________________

🎯 ခွေးရူးပြန်ရောဂါကူးစက်နိုင်သော တိရိစ္ဆာန်များ အကိုက်ခံရလျှင် –

▶ အကိုက်ခံရသည့် ဒဏ်ရာကို သေချာသန့်ရှင်းရေးလုပ်ရပါမည်။ အကိုက်ခံရသည့်ဒဏ်ရာကို ရေ နှင့် ဆပ်ပြာတို့ဖြင့် (၁၅)မိနစ်ခန့်ကြာအောင် သေချာစွာ သန့်ရှင်းရေးလုပ်ရမည်။
▶ အနာကို ပိုးသတ်ဆေးရည် (အရက်ပြန်၊ ဘီတာဒိုင်း) နှင့် သန့်ရှင်းရေး ထပ်မံပြုလုပ်ရမည်။
▶ သွေးထွက်နေလျှင် သန့်ရှင်းသော အဝတ်နှင့် သွေးတိတ်အောင် ဖိထားရမည်။
▶ မိမိ၏မိသားစုဆရာဝန် (သို့) နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွား၍တိုင်ပင်ပြသပြီး လိုအပ်ပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေး နှင့် မေးခိုင်ကာကွယ်ဆေးထိုးရမည်။

အထက်ပါတို့ကိုလုပ်ဆောင်ခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

________________________________________

ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် လူသို့ကူးစက်ခံရပြီး ရက်ပေါင်းများစွာကြာသည်အထိ ရောဂါလက္ခဏာ မပြပါ။

📌ခွေးရူးပြန်ရောဂါ၏ ကနဦး ရောဂါလက္ခဏာများ
တုပ်ကွေး ရောဂါလက္ခဏာများကဲ့သို့ – ဖျားခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အကိုက်ခံရသည့်နေရာသည် ပူလောင်ခြင်း၊ ယားယံခြင်း၊ ထုံကျဉ်ခြင်း (သို့) နာကျင်ခြင်း


📌 ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် ဦးနှောက်နှင့်အာရုံကြောတို့ကို ကူးစက်ဝင်ရောက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ –

▶ စိတ်ဂနာမငြိမ်ဖြစ်လွန်းခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ရန်လိုခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း
▶ ခေါင်းကိုက်ခြင်း
▶ လည်ပင်းတောင့်တင်းခြင်း
▶ တက်ခြင်း
▶ ကြွက်တက်ခြင်း
▶ နှလုံးခုန်မြန်ခြင်း
▶ အသက်ရှူမြန်ခြင်း
▶ အစာမျိုရခက်ခြင်း၊ တံတွေးအများအပြားထွက်ခြင်း
▶ မျက်နှာတစ်ခြမ်းရွဲ့ခြင်း
▶ ရေကြောက်ခြင်း
▶ မျက်နှာသို့ လေထိသည်ကို ကြောက်ရွံ့ခြင်း
▶ အကြောသေခြင်း

⚠️ ခွေးရူးပြန်ရောဂါ၏ နောက်ဆက်တွဲပြဿနာများမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာပြီး နောက်ဆုံးအသက်သေဆုံးခြင်း ဖြစ်သည်။ ထို့ကြောင့် ခွေးကိုက်ခံရဖူးပြီး ခွေးရူးပြန်ခြင်းဟု ယူဆရသည့် လက္ခဏာများ ရှိလျှင် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန် လိုအပ်ပါသည်။

________________________________________

💡 ကြောက်စရာကောင်းသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည့် ခွေးရူးပြန်ရောဂါ၏ ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ ကာကွယ်ခြင်း နှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးခြင်း (ခွေးအကိုက်မခံရမီ ကြိုတင်ကာကွယ် ဆေးထိုးခြင်း (Pre-exposure prophylaxis) နှင့် ခွေးအကိုက်ခံရပြီးမှ ကာကွယ်ဆေးထိုးခြင်း (Post-exposure prophylaxis)) စသည့် အကြောင်းအရာများကို ဆက်လက်ဖတ်ရှုနိုင်ရန်အတွက် comment တွင် Link ပေးထားပါသည်။



#ခွေးရူးပြန်‌ရောဂါ

11/12/2024

🌟 စိတ်ဖိစီးမှုသည် သဘာဝတရားအရ လူတွင်ဖြစ်ပေါ်လာသော သာမန်စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတစ်ခုဖြစ်သည်။ စိတ်ဖိအား အနည်းငယ်ရှိခြင်းက မိမိဘဝကို ကောင်းမွန်စေပြီး ကောင်းမွန်စွာလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနိုင်သည်။

🔥 သို့သော် လူတစ်ဦးတွင် နေ့စဉ်စိန်ခေါ်မှုများစွာကြောင့် မိမိလက်ခံနိုင်သော စိတ်ဖိစီးမှုပမာဏထက် ကျော်လွန်သွားပြီး နာတာရှည် စိတ်ဖိစီးလာသောအခါ ထိုတုံ့ပြန်မှုများကြောင့် ခန္ဓာကိုယ်တွင် ထိခိုက်မှုများနှင့် ဝေဒနာများကို ခံစားရစေသည်။ ထိုခံစားမှုများတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်လာသည်။

📌 စိတ်ဖိစီးမှု၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

‣ ခန္ဓာကိုယ်တွင် ကိုက်ခဲနာကျင်ခြင်း
‣ ရင်ဘတ်အောင့်ခြင်း (သို့) နှလုံးခုန်၊ ရင်တုန်နေသကဲ့သို့ ခံစားရခြင်း
‣ ပင်ပန်းနွမ်းနယ်ခြင်း (သို့) အိပ်ရေးပျက်ခြင်း
‣ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း (သို့) တုန်လှုပ်ခြင်း
‣ သွေးပေါင်တက်ခြင်း
‣ ကြွက်သားတင်းမာခြင်း (သို့) မေးရိုးတင်းခြင်း
‣ အစာအိမ် (သို့) အစာခြေပြဿနာများ
‣ လိင်ဆက်ဆံရာတွင် အခက်အခဲရှိခြင်း
‣ ကိုယ်ခံအားစနစ် အားနည်းခြင်း

📌 စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

‣ စိုးရိမ်စိတ် (သို့) စိတ်တိုခြင်း
‣ စိတ်ဓာတ်ကျခြင်း
‣ အထိတ်တလန့်ဖြစ်ခြင်း
‣ စိတ်ပျက် ဝမ်းနည်းမှုဖြစ်ခြင်း

📌 မကြာခဏဆိုသလို၊ နာတာရှည် စိတ်ဖိစီးနေသူများသည် ကျန်းမာရေးနှင့်မညီညွတ်သော အမူအကျင့်များဖြင့် စီမံဖြေရှင်းရန် ကြိုးစားမိတတ်ကြသည်။ ဥပမာ –

‣ အရက်အလွန်အကျွံသောက်ခြင်း (သို့) မကြာခဏသောက်ခြင်း
‣ လောင်းကစားပြုလုပ်ခြင်း
‣ အလွန်အကျွံအစာစားခြင်း (သို့) အစားအသောက်ပုံမမှန်ခြင်း
‣ လိင်ဆက်ဆံခြင်း၊ ဈေးဝယ်ခြင်း (သို့) အင်တာနက်ရှာဖွေခြင်းတွင် အလွန်အကျူး ပါဝင်ခြင်း
‣ ဆေးလိပ်သောက်ခြင်း
‣ မူးယစ်ဆေးဝါးသုံးစွဲခြင်း စသည်တို့ဖြစ်သည်။
ထို့ကြောင့် စိတ်ဖိစီးမှုကို မှန်ကန်သောနည်းလမ်းများဖြင့် လျှော့ချရန် လိုအပ်သည်။

________________________________________

🌈 စိတ်ဖိစီးမှု လျှော့ချရန် နည်းလမ်းများ 🌈

လူတို့၏ အသက်အရွယ်၊ ကျားမ၊ အလုပ်အကိုင်၊ နေ့စဉ်လူနေမှုပုံစံ၊ ဘဝစံနှုန်းခံယူချက်များ၊ လိင်ဆက်ဆံမှုပုံစံ၊ ပညာရေးနောက်ခံ၊ ကိုးကွယ်သည့် ဘာသာရေးနောက်ခံ ကွဲပြားမှုပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦး စိတ်ဖိစီးမှု လျှော့ချသည့်နည်းလမ်းများ ကွဲပြားသည်။

အများအားဖြင့်

● မိမိတစ်ကိုယ်တည်း စိတ်ဖိစီးမှုလျှော့ချသည့် နည်းလမ်း (Self Help Practice) နှင့်
● အခြားသူထံမှ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု အကူအညီရယူခြင်း (Psychological Support) တို့ဖြစ်သည်။

________________________________________

💖 အောက်ပါ မိမိတစ်ကိုယ်တည်း စိတ်ဖိစီးမှုလျှော့ချသည့် နည်းလမ်းများသည် အလုပ်ရှုပ်သော ဘဝတွင် စိတ်ငြိမ်သက်အေးချမ်းမှုကို ပြန်လည်ရရှိစေရန်ကူညီပေးနိုင်သည်။ စိတ်ဖိစီးမှု သက်သာစေသော နည်းလမ်းများသည် အချိန်အများကြီးယူရန် မလိုအပ်ပါ။

1️⃣ မိမိကို စိတ်ဖိစီးစေသည့်အရာ (Stressor) များကို ဖော်ထုတ်ပါ၊ ပြီးလျှင် ရှောင်ကြဉ်ပါ
2️⃣ ပျော်ရွှင်ရယ်မောပါ
3️⃣ ဝင်လေထွက်လေကို သတိကပ်သည့် သတိပဌာန် တရားရှုမှတ်ပါ
4️⃣ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွလှုပ်ရှားသွက်လက်စွာနေပါ
5️⃣ ကောင်းစွာအနားယူပါ၊ အိပ်ရေးဝအောင် အိပ်စက်ပါ
6️⃣ ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို စားသုံးပေးပါ
7️⃣ မိမိ၏ စိတ်ဖိစီးမှုဆိုင်ရာအကြောင်းများ၊ စိတ်ဖိစီးစေသော အတွေးများကို မှတ်တမ်းပြုစုထားပါ
8️⃣ လူမှုကွန်ရက် Social Media ကို လျှော့ချအနားပေးပါ
9️⃣ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတို့ကို လျှော့ချပါ၊ ရှောင်ကြဉ်ပါ
🔟 မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများဖြင့် ပြင်ပတွင်တွေ့ဆုံပါ

❗ စိတ်ဖိစီးမှုကို ထိန်းချုပ်ရန် အထက်ဖော်ပြပါ အချက်များကို လုပ်ဆောင်ခဲ့သော်လည်း စိတ်ဖိစီးမှုလက္ခဏာများ ဆက်လက်ရှိနေပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသနိုင်သည်။

📞 မိမိကိုယ်မိမိနှင့် အခြားသူတစ်ဦးဦးကို ထိခိုက်အောင်၊ အနာတရဖြစ်အောင် အန္တရာယ်ပြုမည့် အတွေးစိတ်ကူးများ ပေါ်လာလျှင်ဖြစ်စေ၊ ကြံစည်နေလျှင်ဖြစ်စေ နီးစပ်ရာ အရေးပေါ်ဌာနသို့ဆက်သွယ်ပါ။ အကူအညီရယူပါ။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:
𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/



#စိတ်ဖိစီးမှု #စိတ်ကျန်းမာရေး

19/11/2024

📢 အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cornell တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူတစ်ဦးဖြစ်ပြီး CLL Health ၏ Senior Technical Advisor for Nutrition ဆရာမကြီးဒေါက်တာခင်မာချိုနှင့်

𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 𝟮𝟭,𝟮𝟮,𝟮𝟱,𝟮𝟲,𝟮𝟳,𝟮𝟴,𝟮𝟵 ရက်များတွင် (ကြိုတင်ရက်ချိန်းရယူပေးရန် လိုအပ်ပါသည်) CLL Health Shin Saw Pu Clinic ၌ လာရောက်တိုင်ပင်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်

---------------------------------------------------------------------

🌟 ဆရာမကြီး ဒေါက်တာခင်မာချိုသည်

🍂 အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူတစ်ဦးဖြစ်ပြီး စဉ်ဆက်မပြတ် ရေရှည် တိုးတက်မှုရှိသော စိုက်ပျိုးထုတ်လုပ်မှုများ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ၊ အစားအသောက် ထုတ်လုပ် စားသုံးမှုစနစ်များ နှင့် အာဟာရပညာဆိုင်ရာနယ်ပယ်များ တွင်၂၅ နှစ်ကျော် အတွေ့အကြုံရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

🍂 ၂၀၂၄ ခုနှစ်အစောပိုင်းတွင် ဆရာမကြီးဒေါက်တာခင်မာချိုကို CLL Health ၏ အာဟာရပညာအကြံပေး (Senior Technical Advisor for Nutrition) အဖြစ် ခန့်အပ်ခဲ့ပါသည်။ ဆရာမကြီးသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cornell တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာရှင်တစ်ဦးဖြစ်သည့်အပြင် International Program Director ရာထူးဖြင့်လည်း (၁၅) နှစ်ကျော် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

🍂 ဆရာမကြီးသည် မြန်မာနိုင်ငံရှိ ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့နှင့် စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ တို့ကိုရရှိထားပြီး ဂျာမနီနိုင်ငံ Giessen တက္ကသိုလ်မှ စိုက်ပျိုးစီးပွားရေး၊ စိုက်ပျိုးပညာပေးနှင့် အစားအသောက်စနစ်နှင့် အာဟာရပညာဆိုင်ရာ ပါရဂူဘွဲ့နှင့် ဘွဲ့လွန်များ ကိုလည်းရရှိထားပါသည်။

🍂 ဆရာမကြီးသည် နယူးယောက်မြို့ရှိ Cornell တက္ကသိုလ်တွင် ပါရဂူဘွဲ့လွန်သုတေသနများအဖြစ် Nutrition Education (Clinical Nutrition and Community Nutrition)၊ Community Economic Development, and Biofuels Industry Development and Education သုတေသနစာတမ်းများကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ၂၅နှစ်တာ ကာလအတွင်း
ဆရာမကြီးသည် စိုက်ပျိုးရေးပညာပေးနှင့် အစာအဟာရဆိုင်ရာ သုတေသနစာတမ်းအစောင် ၂၀၀ ကျော် ပြုစုရေးသားထားပြီးဖြစ်ပါသည်။

---------------------------------------------------------------------

🌱 သင်ကိုယ်တိုင်နဲ့ သင်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူ ဆရာမကြီး ဒေါက်တာခင်မာချိုနဲ့ အာဟာရပိုင်းဆိုင်ရာ လမ်းညွန်အကြံပေးမှုတွေကို လာရောက်တိုင်ပင်ဆွေးနွေးနိုင်တဲ့အကြောင်း သတင်းကောင်းလေးမျှဝေပေးဖို့ ပြောပါရစေ


🍀 ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများ ရယူနိုင်ရန်အတွက် ကြိုတင်ရက်ချိန်းယူပေးပါရန် 🍀

📅 November 21,22,25,26,27,28 and 29
🏥 CLL Health Shin Saw Pu Clinic
📍 12, Shin Saw Pu Street, Ahlone, Yangon 11121, Myanmar
☎️ +95 (0)9 880 44 22 55
📧 contact.ssp@cllhealth.com



အဆင့်မြင့် အိမ်ပင့်ဆေးကုသမှု*****************************CLL Health မိသားစုကျန်းမာရေးဆေးခန်းများရဲ့ အိမ်ပင့်ကျန်းမာရေးစေ...
17/11/2024

အဆင့်မြင့် အိမ်ပင့်ဆေးကုသမှု
*****************************
CLL Health မိသားစုကျန်းမာရေးဆေးခန်းများရဲ့ အိမ်ပင့်ကျန်းမာရေးစောင့်ရှောက်မှုများ (Home Medical Care Service) ကို -

လသာ
လမ်းမတော်
ပန်းပဲတန်း
ကျောက်တံတား
အလုံ
ကြည့်မြင်တိုင်
စမ်းချောင်း
ဒဂုံ
သာကေတ
သုဝဏ္ဏ
တောင် ဥက္ကလာ
သင်္ကန်းကျွန်း စတဲ့ မြို့နယ်တွေကို

⏱️ အချိန်တိုအတွင်း လျင်မြန်စွာ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားရှိပြီ ဖြစ်ပါတယ်။

အရည်အသွေးမြင့်ပြီး စိတ်ချရတဲ့ မိသားစုဆေးပညာသမားတော်များနှင့် မိသားစုဆရာဝန်များမှ မိသားစုသဖွယ် ရင်းရင်းနှီးနှီး ပြုစုကုသမှုပေးသည့် အိမ်ပင့်ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ပါဝင်တာတွေက 😍

👉 အိမ်မှထွက်ဖို့ ခက်နေသူဖိုးဖိုးဖွားဖွားများကို ဆေးကုသပေးခြင်း
👉 လေဖြတ်လူနာများ၊ အောက်ပိုင်းမလှုပ်ရှားနိုင်သူများ ကိုဆေးကုသပေးခြင်း
👉 ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (Rehabilitation) ကို လူနာအိမ်တွင်လုပ်နိုင်ရန် ကျွမ်းကျင်ဆရာမများမှ သင်ကြားပေးခြင်း
👉 အစာထည့်နှာခေါင်းပိုက်၊ ဆီးပိုက် ထည့်/ လဲပေးခြင်း
👉 ပိုးသတ်ဆေးကို အိမ်တွင် ထိုးရန် လိုအပ်သူများကို စနစ်တကျ ထိုးပေးခြင်း
👉 ကင်ဆာလူနာများ၊ အားဆေးသွင်းရန် လိုအပ်သူများ ကို အိမ်တွင် အားဆေးသွင်းပေးခြင်း
👉 နှလုံး အီးစီဂျီ စစ်ဆေးခြင်း
👉 အာထရာဆောင်း တီဗီဓာတ်မှန်ရိုက်ခြင်း
👉 X ray ဓာတ်မှန်ရိုက်ခြင်း
👉 သူနာပြုအကူ ငှါးရမ်းနိုင်ခြင်း

☎️ မနက် (၉) နာရီမှ ညနေ (၆) နာရီထိ ပိတ်ရက်မရှိ ……..

ဖုန်း - 09 761 932 629,
09 889 877 771,
09 889 877 770 သို့ ဆက်သွယ်နိုင်ပါပြီ။


#အိမ်ပင့်
#ဆရာဝန်အိမ်ပင့်
#အိမ်ရောက်ကျန်းမာရေး

07/11/2024

Bipolar Mood Disorder (စိတ်ကြွစိတ်ကျရောဂါ) သည် စိတ်ကြွသည့်လက္ခဏာများ ခံစားရသည့် အချိန်ပိုင်းနှင့် စိတ်ကျသည့်လက္ခဏာများ ခံစားရသည့်အချိန်ပိုင်းတို့ အပြန်ပြန်အလှန်လှန် ရေရှည်ခံစားရတတ်သည့် စိတ်ခံစားချက်ဆိုင်ရာရောဂါ (Mood Disorder) တစ်ခုဖြစ်သည်။ ရောဂါကြောင့် စိတ်ဓာတ် တက်ခြင်း၊ ကျခြင်း၊ စိတ်ဓာတ်ခွန်အား၊ အတွေးအခေါ်၊ အပြုအမူ စသည်တို့တွင် သိသာပြင်းထန်သော အပြောင်းအလဲများ တွေ့ရတတ်ပြီး ထိုပြောင်းလဲမှုများသည် နာရီပိုင်း၊ ရက်ပိုင်း၊ လပိုင်း စသည်ဖြင့် ကြာမြင့်တတ်ပါသည်။

📌 စိတ်ကြွစိတ်ကျရောဂါသည် ဇီဝဖြစ်စဥ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အကြောင်းရင်းများ ဆက်နွှယ်ပြီး ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ထိုအ‌ကြောင်းရင်းများအနေဖြင့်

▪ မျိုးရိုးဗီဇ (Genetics)
▪ ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (Neurotransmitters) အခြေအနေ
▪ စိတ်ဖိစီးမှုဖြစ်စေသော ဘဝဖြစ်စဥ်များ (Stressful life events)
▪ ရုပ်ပိုင်းဆိုင်ရာရောဂါများ
▪ ဆေးဝါးများ
▪ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောအခြားဆေးများ

______________________________________

📌 စိတ်ကြွသည့်ဖြစ်စဥ်တွင် တွေ့ရတတ်သော ရောဂါလက္ခဏာများ 📌

◽️ စိတ်ကြွလွန်းနေခြင်း၊ အလိုလို ပျော်ရွှင်လွန်းနေခြင်း၊ စိတ်ဆတ်လွန်းခြင်း၊ စွမ်းအားများ ပြည့်ဝမြင့်မားနေသည်ဟု ခံစားရခြင်း

◽️ ကိုယ့်ကိုယ်ကို လွန်ကဲစွာအထင်ကြီးခြင်း၊ ယုံကြည်မှု လွန်ကဲလာခြင်း

◽️ လုပ်ဆောင်မှု၊ လှုပ်ရှားမှုများ များလွန်းနေခြင်း

◽️ အချိန်အနည်းငယ်သာ အိပ်စက်ရန်လိုအပ်ခြင်း (အိပ်ချိန်နည်းသော်လည်း အိပ်ရေးဝသကဲ့သို့ လန်းဆန်းနေတတ်ခြင်း)

◽️ စကားအလွန် ပြောလာခြင်း၊ အတွေးများ မြန်လွန်းနေခြင်း၊ အာရုံပျံ့လွင့်လွယ်ခြင်း

◽️ စိတ်လိုက်မာန်ပါ ပြုလုပ်လာတတ်ခြင်း၊ မဆင်မခြင် ပြုမူလာတတ်ခြင်း

◽️ လူမှုရေးအထိန်းအကွပ် လျော့နည်းလာခြင်း

◽️ ဆုံးဖြတ်ချက်များ ကောင်းစွာမချနိုင်ခြင်း၊ ဆိုးကျိုးဆက်များ ဖြစ်လာနိုင်သည့်ကိစ္စများ လုပ်ဆောင်လာခြင်း

◽️ နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့) အခြားကိစ္စများအပေါ် ထိခိုက်လာခြင်း၊ လုပ်ဆောင်ရာတွင် ပြဿနာများဖြစ်လာခြင်း (အဆိုပါလက္ခဏာများ အနည်းဆုံး ရက်သတ္တပတ် (၁)ပတ်ခန့် ရှိနေမှသာ စိတ်ကြွသည့်ဖြစ်စဥ်ဟု သတ်မှတ်လေ့ရှိသည်)

____________________________________

📌 စိတ်ကျသည့်ဖြစ်စဥ်တွင် တွေ့ရတတ်သော ရောဂါလက္ခဏာများ 📌

◽️ အမြဲလိုစိတ်ဓာတ်ကျနေခြင်း

◽️ လုပ်ဆောင်ဖွယ်ရာများအပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း

◽️ ပျော်ရွှင်မှုမရှိခြင်း၊ ဝမ်းနည်းခြင်း၊ မျက်ရည်လွယ်ခြင်း

◽️ သည်းခံနိုင်စွမ်းနည်းပါးလာပြီး စိတ်တိုဒေါသထွက်လွယ်ခြင်း

◽️ စိုးရိမ်စိတ်လွန်ကဲခြင်း

◽️ အိပ်မပျော်ခြင်း သို့မဟုတ် အအိပ်လွန်ကဲခြင်း

◽️ အစားအသောက်ပျက်ခြင်း သို့မဟုတ် ယခင်ထက်ပိုမိုစားလာခြင်း

◽️ ကိုယ်အလေးချိန်လျော့ခြင်း သို့မဟုတ် ကိုယ်အလေးချိန်တိုးလာခြင်း

◽️ စိတ်ရောကိုယ်ပါ ဂနာမငြိမ်ခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း

◽️ ပင်ပန်းနွမ်းနယ်သလို ခံစားရခြင်း၊အကြောင်းရင်းခံကို ရှင်းလင်းမပြနိုင်သည့် ကိုယ်ခန္ဓာရောဂါလက္ခဏာများ ခံစားရခြင်း (ဥပမာ – နာကျင်ကိုက်ခဲနေတတ်ခြင်း)

◽️ အာရုံစူးစိုက်နိုင်စွမ်း၊ စဥ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာခြင်း

◽️ နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့မဟုတ်) အခြားကိစ္စများလုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာခြင်း

◽️ လိင်မှုကိစ္စများတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း

◽️ မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားရခြင်း၊ အားကိုးရာမဲ့သလို ခံစားရခြင်း၊ ကိုယ့်ကိုယ်ကို အသုံးမကျသူတစ်ဦးကဲ့သို့ ခံစားရခြင်း၊ အလွန်အကျွံ အပြစ်ရှိနေသူတစ်ဦးကဲ့သို့ ခံစားရခြင်း

◽️ သေလိုစိတ်၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုစိတ်၊ အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာတတ်ခြင်း

◽️ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် ကြံစည်လုပ်ဆောင်လာတတ်ခြင်း စသည်တို့ကိုပါ ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး တွေ့ရတတ်သည်။

🩺 🔍 စိတ်ကြွစိတ်ကျရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ် သည်။ ကာယကံရှင်နှင့် အခြားသူများကို ထိခိုက်နိုင်သည့် အခြေအနေများရှိခြင်း၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြု ရန် (သို့) အဆုံးစီရင်ရန် အတွေးစိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိပါက အရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည်။ ရောဂါပြင်းထန်မှုအခြေအနေပေါ် မူတည်ပြီး စိတ်ကျန်းမာရေး အထူးကုဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။

___________________________________

ကျန်းမာရေးအသိပညာပေး ဆောင်းပါးများဖတ်ရှုရန် https://www.cllhealth.com/health-library/

Source -
https://www.cllhealth.com/health-library/diseases-and-conditions/200155-bipolar-mood-disorder-%E1%80%85%E1%80%90%E1%80%80%E1%80%85%E1%80%90%E1%80%80%E1%80%9B%E1%80%82/



https:
29/09/2024

https:

မွေးရာပါနှလုံးရောဂါ ဆိုသည်မှာ မွေးဖွားလာသည့်ကလေး၏ နှလုံးဖွဲ့စည်းတည်ဆောက်မှုသည် ပုံမှန်မဟုတ်ဘဲ ချို့ယွင်းချက်ပါလာခြင်းကို ဆိုလိုသည်။

တချို့သော မွေးရာပါနှလုံးရောဂါများသည် လက္ခဏာတစ်စုံတစ်ရာ မရှိဘဲ နှလုံးဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပျောက်သွားတတ်သော်လည်း တချို့ရောဂါများမှာ အသက်အန္တရာယ်ရှိတတ်ပြီး မွေးကင်းစအရွယ်မှစ၍ အကြိမ်ကြိမ်ကုသမှု ခံယူရတတ်သည်။

🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸

ကိုယ်ဝန် ပထမ (၆)ပတ်အတွင်း ကလေးနှလုံးစတင်ဖွံ့ဖြိုးသည့်အချိန်ကတည်းက နှလုံးဖွဲ့စည်းမှု ပုံမမှန်ခြင်း စတင်ဖြစ်တတ်သည်။ မွေးရာပါနှလုံးဖွဲ့စည်းတည်ဆောက်ပုံ ချွတ်ယွင်းခြင်းအကြောင်းရင်းကို သုတေသနပညာရှင်များမှ အတိအကျရှာဖွေ၍ မရသေးပေ။

အောက်ပါအခြေအနေများကြောင့် မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးမှုရာခိုင်နှုန်း များပြားစေနိုင်သည်။

❤️‍🩹 မိသားစုအတွင်း မွေးရာပါနှလုံးရောဂါ ဖြစ်သူများရှိနေခြင်း

❤️‍🩹 ကလေးတွင် မျိုးရီုးဗီဇ ပုံမမှန်ခြင်း (ဥပမာ ဒေါင်းဆင်ဒရုန်း – Down syndrome)

❤️‍🩹 ကိုယ်ဝန်ဆောင်စဉ် မိခင်၌ဂျိုက်သိုးရောဂါ (Rubella) ဖြစ်ခြင်း

❤️‍🩹 ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါအခံရှိပြီး ကိုယ်ဝန်မဆောင်မီ နှင့် ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ဖြစ်အောင် မထိန်းနိုင်ခြင်း

❤️‍🩹 သန္ဓေသားကို ထိခိုက်စေသော ဆေးများ သောက်သုံးမိခြင်း [ ဥပမာ- သာလီဒိုမိုက် (Thalidomide)၊ အဆီကျဆေး (statins)၊ ဝက်ခြံပျောက်ဆေးများနှင့် အချို့သောအတက်ကျဆေး၊ စိတ်ရောဂါကုဆေးများ ]

❤️‍🩹 ကိုယ်ဝန်ဆောင်မိခင် အရက်၊ မူးယစ်ဆေးနှင့် ဆေးလိပ်များသောက်သုံးခြင်း

🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸

ပြင်းထန်သည့် မွေးရာပါနှလုံးရောဂါများကို မွေးပြီးပြီးချင်း (သို့) မွေးပြီးလအနည်းငယ်အတွင်းတွင် သတိထားမိနိုင်ပြီး နှုတ်ခမ်း၊ လျှာ၊ လက်သည်းများပြာလာခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်း၊ နို့စို့သည့်အချိန်တွင်မောခြင်း၊ ချွေးပြန်လာခြင်း၊ ကိုယ်အလေးချိန်မတက်ခြင်း စသောလက္ခဏာများကို တွေ့မြင်ရတတ်ပါသည်။

မပြင်းထန်သည့် မွေးရာပါနှလုံးရောဂါများမှာမူ ကလေးလမ်းလျှောက်သည့် အရွယ်ရောက်မှ သတိထား မိလာတတ်ပြီး ဆော့ကစားသည့်အချိန်တွင် မောလွယ်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ သတိလစ်လဲကျတတ်ခြင်း၊ ခြေချင်းဝတ်နှင့် ခြေထောက်များရောင်လာခြင်း တို့ကို တွေ့ရှိရတတ်ပါသည်။

ပြာတတ်သော မွေးရာပါနှလုံးရောဂါရှိသူ ကလေးများတွင် သွေးတွင်းအောက်ဆီဂျင် နည်းပါးမှု ကြာမြင့်လာသောအခါ တင်းပုတ်လက်ချောင်း (clubbing) ဟုခေါ်သော လက်ချောင်းထိပ်နေရာများ ဖောင်းကားနေခြင်းမျိုးကို တွေ့ရှိရသည်။

🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸

မွေးရာပါ နှလုံးရောဂါဖြစ်ပွါးစေသည့် အဓိကအကြောင်းအရင်းများကို သေချာစွာ မသိရှိသေးသော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။

❤️ ကိုယ်ဝန်ရှိသည်ဟု သိရှိရသည့်အချိန်မှစ၍ ဆရာဝန် (သို့) သားဖွားဆရာမများထံ၌ ကိုယ်ဝန်အပ်နှံ၍ ပုံမှန်စစ်ဆေးမှုခံယူခြင်း

❤️ သင့်တော်သော ကိုယ်ဝန်ဆောင်အားဆေးများနှင့် ဖောလစ်အက်ဆစ် နေ့စဉ်ပုံမှန်သောက်သုံးခြင်း

❤️အရက်၊ မူးယစ်ဆေးများနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း (ဆေးလိပ်ရှောင်ကြဉ်ရာတွင် အိမ်ရှိ အတူနေမိသားစုဝင်များပါ ရှောင်ကြဉ်ရန်လိုအပ်သည်)

❤️ မိခင်လောင်းတွင် ဂျိုက်သိုးရောဂါဖြစ်ပွါးခဲ့ဘူးခြင်း (သို့) ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ဖူးခြင်းမရှိပါက ကိုယ်ဝန်မဆောင်မီ တစ်လအလို၌ ကာကွယ်ဆေးထိုးနှံခြင်း (ငယ်စဉ်မှစ၍ ကာကွယ်ဆေးများအားလုံး ထိုးနှံသင့်သည်)

❤️ သွေးတိုး၊ ဆီးချိုစသည့်အခံရောဂါများရှိပါက ကိုယ်ဝန်ဆောင်ကာလ မတိုင်မီကပင် သေချာစွာ ကုသမှုခံယူခြင်း

❤️ လုပ်ငန်းခွင် (သို့) ပတ်ဝန်းကျင်မှ ကိုယ်ဝန်ကိုထိခိုက်စေသောပစ္စည်းများ _ ဓာတ်ရောင်ခြည်များ၊ အချို့ဓါတုဗေဒပစ္စည်းများ၊ အိမ်သုတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်ခြင်း

❤️ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးဝါးများသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း

________________________________

ကျန်းမာရေးအသိပညာပေး ဆောင်းပါးများဖတ်ရှုရန် https://www.cllhealth.com/health-library/

source - https://www.cllhealth.com/health-library/diseases-and-conditions/200114-congenital-heart-diseases-%E1%80%99%E1%80%9B%E1%80%95%E1%80%94%E1%80%9C%E1%80%9B%E1%80%82/



#နှလုံးရောဂါ
#မွေးရာပါနှလုံးရောဂါများ

23/09/2024

Depression (စိတ်ကျရောဂါ)

စိတ်ကျရောဂါ (Depression) က ရေရှည်ခံစားရတဲ့ စိတ်ခံစားချက်ဆိုင်ရာရောဂါ (Mood Disorder) တစ်ခုဖြစ်ပြီး နေ့စဥ်ဘဝတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်စိတ်ခံစားချက် အပြောင်းအလဲတွေနဲ့ မတူညီပါဘူး။

စိတ်ကျရောဂါဟာ အတွေ့ရများတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဖြစ်ပြီး မည်သူမဆို ခံစားရနိုင်ကာ အမျိုးသမီးများက ရောဂါခံစားရနိုင်ခြေ ပိုများပါတယ်။ ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်သူတွေရဲ့ (၅)% ခန့်ဟာ စိတ်ကျရောဂါကို ခံစားနေကြရပါတယ်။ စိတ်ကျရောဂါကြောင့် လူမှုဆက်ဆံရေး၊ ပညာရေး၊ မိသားစု၊ လုပ်ငန်းခွင်တို့ကို ထိခိုက်စေနိုင်ပြီး ဆိုးကျိုးအနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃

🥀 စိတ်ကျရောဂါ ရောဂါလက္ခဏာများ 🥀

အဓိကတွေ့ရသော လက္ခဏာများ ⋆。゚☁︎。⋆。 ゚☾ ゚。⋆

• အမြဲလိုစိတ်ဓာတ်ကျနေခြင်း
• လုပ်ဆောင်ဖွယ်ရာများအပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း
• ပျော်ရွှင်မှုမရှိခြင်း

ထိုလက္ခဏာများအပြင် ⋆。゚☁︎。⋆。 ゚☾ ゚。⋆

• ဝမ်းနည်းခြင်း၊ မျက်ရည်လွယ်ခြင်း
• သည်းခံနိုင်စွမ်းနည်းပါးလာပြီး စိတ်တို ဒေါသထွက်လွယ်ခြင်း
• စိုးရိမ်စိတ် လွန်ကဲခြင်း
• အိပ်မပျော်ခြင်း (သို့) အအိပ်လွန်ကဲခြင်း
• အစားအသောက်ပျက်ခြင်း (သို့) ယခင်ထက်ပိုမိုစားလာခြင်း
• ကိုယ်အလေးချိန်လျော့ခြင်း (သို့) ကိုယ်အလေးချိန်တိုးလာခြင်း
• စိတ်ရောကိုယ်ပါ ဂနာမငြိမ်ခြင်း (သို့) လေးလံထိုင်းမှိုင်းခြင်း
• ပင်ပန်းနွမ်းနယ်သလိုခံစားရခြင်း
• အကြောင်းရင်းခံကို ရှင်းလင်းမပြနိုင်သည့် ကိုယ်ခန္ဓာရောဂါလက္ခဏာများ ခံစားရခြင်း (ဥပမာ – နာကျင်ကိုက်ခဲနေတတ်ခြင်း)
• အာရုံစူးစိုက်နိုင်စွမ်း၊ စဥ်းစားဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာခြင်း
• နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့မဟုတ်) အခြားကိစ္စများ လုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာခြင်း
• လိင်မှုကိစ္စများတွင် စိတ်ဝင်စားမှု လျော့နည်းလာခြင်း
• မျှော်လင့်ချက်မဲ့/ အားကိုးရာမဲ့သလို ခံစားရခြင်း၊ ကိုယ့်ကိုယ်ကို အသုံးမကျသူ တစ်ဦး/အလွန်အကျွံ အပြစ်ရှိနေသူတစ်ဦးကဲ့သို့ ခံစားရခြင်း
• သေလိုစိတ်၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုစိတ်၊ အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာတတ်ခြင်းနှင့် လက်တွေ့လုပ်ဆောင်လာတတ်ခြင်း တို့ကိုပါ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီး တွေ့ရတတ်ပါတယ်

🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃

🎭 နောက်ဆက်တွဲပြဿနာများ 🎭

• စိတ်ကျရောဂါခံစားရမှု ပြင်းထန်သည့် အခြေအနေပေါ်မူတည်ပြီး နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့) အခြားကိစ္စများ လုပ်ဆောင်ရာ တွင် အခက်အခဲများ၊ စွမ်းဆောင်ရည်များ ကျဆင်းလာခြင်း
• ရုပ်ပိုင်းဆိုင်ရာရောဂါများ နှင့် ကျန်းမာရေးအခြေအနေများ ပူးတွဲရှိနေပါက ကုသမှုမခံယူလိုခြင်း၊ အခြေအနေ ဆိုးဝါးလာနိုင်ခြင်း
• အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးများသုံးစွဲလာခြင်း၊ ယခင်ကထက် ပိုမိုသုံးစွဲလာခြင်း
• မိမိတွင် စိတ်ကျန်းမာရေးပြဿနာ ရှိနေသည်ကို လက်သင့်မခံလိုခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားရသူများတွင် တွေ့ကြုံရတတ်သည့် လူမှုဂုဏ်သိက္ခာစွန်းထင်းမှု၊ နှိမ့်ချခွဲခြား ဆက်ဆံခံရတတ်မှု (Stigma and Discrimination) စသည်တို့ကြောင့် ကုသမှု မခံယူခြင်း၊ အချိန်ကာလကြာမြင့်မှ (သို့မဟုတ်) အခြေအနေဆိုးဝါးလာသော အခါမှသာ ကုသမှုခံယူခြင်း

🍂 စိတ်ကျရောဂါ၏ သတိထားရမည့် အရေးကြီးသော နောက်ဆက်တွဲဆိုးကျိုးဆက်မှာ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုမည့်၊ အဆုံးစီရင်မည့် အတွေးစိတ်ကူး၊ အစီအစဥ်လုပ်ဆောင်ခြင်းများ ဖြစ်ပါတယ် 🍂

🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃

❤️‍🩹 စိတ်ကျရောဂါအတွက် စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ချက်များ [Psychological intervention] ၊ ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy) နှင့် အခြားကုသမှုအမျိုးအစားများဖြင့် ထိရောက်သောကုသမှုများ ခံယူနိုင်ပြီး ရောဂါအခြေအနေပေါ် မူတည်၍ ကုသမှုတွေကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ကြပါတယ် ❤️‍🩹

စိတ်ကျရောဂါကို အမြဲတမ်းကာကွယ်တားဆီးရန် မလွယ်ကူဟုဆိုသော်လည်း စိတ်ကျရောဂါဖြစ်နိုင်သည့် အန္တရာယ်ကို လျော့နည်းစေနိုင်သည့် နည်းလမ်းများရှိပါတယ်။ ထိုနည်းလမ်းများထဲမှ အချို့ နည်းလမ်းများမှာ_

• ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်မှုပုံစံကို ထိန်းသိမ်းထားခြင်း
• စိတ်ဖိစီးမှုကို မှန်ကန်သော နည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းခြင်း
• ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ တရားမှတ်ခြင်း၊ ယောဂ လေ့ကျင့်ခန်းပြုလုပ်ခြင်း တို့ဖြင့် မိမိကိုယ်မိမိ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ခြင်း
• အကျိုးရှိသည့် ဝါသနာပါရာ အလုပ်များလုပ်ဆောင်ခြင်း
• ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်း
• အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
• မိသားစု၊ မိတ်ဆွေများနှင့် အချိန်ပေးပြီး အတူရှိနေခြင်း
• အခက်အခဲ ခံစားချက်များအကြောင်း ရင်းနှီးယုံကြည်စိတ်ချရသူများနှင့် တိုင်ပင်ပြောဆိုခြင်း တို့ဖြစ်ပါတယ်။

☁︎。⋆。 ゚☾ ゚。⋆ စိတ်ကျဝေဒနာခံစားရပါက တတ်ကျွမ်းနားလည်သူများနှင့် ဆောလျင်စွာပြသတိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုရယူခြင်းဖြင့်လည်း နောက်ဆက်တွဲဆိုးကျိုးဆက်များကို ကာကွယ်နိုင်ပါလိမ့်မည် ⋆。゚☁︎。⋆。 ゚☾ ゚。⋆

🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃🍀🍂🍃

ကျန်းမာရေးအသိပညာပေး ဆောင်းပါးများဖတ်ရှုရန် https://www.cllhealth.com/health-library/

source - https://www.cllhealth.com/health-library/diseases-and-conditions/200164-depression-%E1%80%85%E1%80%90%E1%80%80%E1%80%9B%E1%80%82/


#ကျန်းမာသုတ
#စိတ်ကျရောဂါ
#စိတ်ကျန်းမာရေး

Address

No. 26, Ground Floor, 13th Street, Lower Block, Lanmadaw Township
Yangon
1113

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959889877771

Website

Alerts

Be the first to know and let us send you an email when ဓူဝံ မိသားစု ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဓူဝံ မိသားစု ဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

နိုင်ငံတကာ အသိအမှတ်ပြု အထွေထွေရောဂါကုဆရာဝန်ကြီးများဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်မည်ဖြစ်သည်။