Thu Khi Tar Dental implant and Orthodontic VIP Centre

Thu Khi Tar  Dental implant and Orthodontic VIP Centre Dental Health

📌20% Promotionကြီး📌နဲ့ အတူ သွားမြစ်တုအစားထိုးကုသခြင်းရဲ့ အကျိုးကျေးဇူးများ 🦷 (Dental Implant) သွားမြစ်တုအစားထိုးကုသခြင်း...
19/12/2023

📌20% Promotionကြီး📌နဲ့ အတူ သွားမြစ်တုအစားထိုးကုသခြင်းရဲ့ အကျိုးကျေးဇူးများ 🦷 (Dental Implant)

သွားမြစ်တုအစားထိုးကုသခြင်းဟာ ဘဝတစ်သက်စာအတွက် အကောင်းမွန်ဆုံး သွားစိုက်ကုသနည်းတစ်မျိုး ပါ။
👉 သူက အခြား သွားစိုက်ကုသခြင်းတွေကဲ့သို့ မကြာခဏဆိုသလို ပြင်ဆင်ရခြင်း၊ လဲလှယ်ရခြင်းမျိုးတွေ လုပ်စရာမလိုပါဘူး။

သွားမြစ်တုအစားထိုး ကုသခြင်းက ကြာရှည်အသုံးပြုရန် သင့်တော်သလို၊ ကုသပြီးရင်လည်း ကိုယ့်ရဲ့ ပင်ကိုသွားတွေလို အသုံးပြုနိုင်တာမို့လို့ ဘဝတစ်သက်စာအတွက် အာမခံချက်ရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

📌 ဒါ့အပြင် "Dental Implant "(သွားအမြစ်တု🦷)စိုက်ခြင်းကို #အရစ်ကျငွေပေးမှုစနစ်လေးနဲ့လဲ ကုသလို့ရနေပါပြီ ခင်ဗျ။

'' သင့်သွားကျန်းမာ သုခိတာ''

‌⏱ ဆေးခန်းဖွင့်ချိန် နံနက် (၉) နာရီမှ ည (၅) နာရီအထိ
📌 ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။

🏥 အမှတ် ​- (၃၅)၊​ မြေညီထပ်၊ သမိန်​ဗရမ်းလမ်းနှင့်​ ဓမ္မဒါနလမ်း​ထောင့်​၊ ဦး​အောင်​သန်းလက်ဖက်ရည်ဆိုင်အနီး၊ တာ​မွေမြို့နယ်၊ ရန်​ကုန်။

📱ဆက်သွယ်ရန်
၀၉ - ၉၇၉၆ ၇၇၇၇ ၆
၀၉ - ၉၅၃၀ ၇၇၇၇ ၆
၀၉ - ၉၅၄၀ ၇၇၇၇ ၆

🏥 No.35, Ground Floor, Corner of Thamain Bayan Stree and Dhamma Dama St, Tarmwe Township, Yangon.

📱 Contact
09 - 9796 7777 6
09 - 9530 7777 6
09 - 9540 7777 6



#သွားကိုက် #သွားနုတ် #သွားဆေးခန်း #တာမွေ

🤭 You ပါးစပ်ရှေ့က လက်ကြီးကို ဖယ်လိုက်ပါတော့  🤭မိမိတို့ ရဲ့ ရှေ့သွားအလှအပဆိုင်ရာ ပြသနာတွေ ဖြစ်တဲ့ ....-  #သွားကျဲခြင်း-  ...
12/12/2023

🤭 You ပါးစပ်ရှေ့က လက်ကြီးကို ဖယ်လိုက်ပါတော့ 🤭

မိမိတို့ ရဲ့ ရှေ့သွားအလှအပဆိုင်ရာ ပြသနာတွေ ဖြစ်တဲ့ ....

- #သွားကျဲခြင်း

- #အတိုအရှည်မညီညာခြင်း

- #သွားဝါသွားညစ်ခြင်း

အစရှိသဖြင့် အလှအပဆိုင်ရာ
ပြသနာတွေကို Dental Veneers သွားကြွေလွှာ ကပ်ခြင်းဖြင့် တာ့တာ လုပ်လို့ရနေပါပြီ ...

#သုခိတာသွားနှင့်ခံတွင်းအထူးကုဆေးခန်း

Ph No - 09979677776

အမျိုးသားနေ့ ဒို့မမေ့     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၇ရကျနေ့၊ ကြာသပတေးနေ့ (၁၀၃)နှစ်မြောက်  #အမျိုးသားအောင်ပွဲနေ့အား  ကျွန်တော...
07/12/2023

အမျိုးသားနေ့ ဒို့မမေ့

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၇ရကျနေ့၊ ကြာသပတေးနေ့
(၁၀၃)နှစ်မြောက် #အမျိုးသားအောင်ပွဲနေ့အား ကျွန်တော်တို့ သုခိတာသွားနှင့်ခံတွင်းအထူးကုဆေးခန်းမိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ခင်ဗျာ။
မြန်မာနိုင်ငံသား/သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။🙏

#အမျိုးသားနေ့ Clinic

သွားတွေထပ်နေလို့ စိတ်ညစ်မနေပါနဲ့. သွားတွေကျဲနေလို့ စိတ်ညစ်မနေပါနဲ့. သွားခေါနေလို့ စိတ်ညစ်စရာမလိုတော့ပါဘူး. (၁) နှစ်ပဲအချ...
03/12/2023

သွားတွေထပ်နေလို့ စိတ်ညစ်မနေပါနဲ့.
သွားတွေကျဲနေလို့ စိတ်ညစ်မနေပါနဲ့.
သွားခေါနေလို့ စိတ်ညစ်စရာမလိုတော့ပါဘူး.

(၁) နှစ်ပဲအချိန်ပေးပါ။
တစ်သက်တာမှာ ပြုံးလိုက်တိုင်း ယုံကြည်မှုအပြည့်နဲ့ အလှဆုံးသွားတွေပိုင်ဆိုင်နိုင်စေဖို့အတွက်

ကျနော်တို့ သုခိတာ မှာ ''သွားညှိအထူးကု ပါရဂူ'' များကိုယ်တိုင် အကောင်းဆုံးတာဝန်ယူကုသပေးလျက်ရှိကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...

''အခမဲ့'' ဆွေးနွေးတိုင်ပင်၍
ကနဦးသွင်းငွေ ( )
#30% 😱😱😱 ပေးသွင်းပြီး
လစဉ် #အရစ်ကျ ဖြင့်ကုသနိုင်မှာဖြစ်လို့ အမြန်လာရောက်ကုသဖို့ ဖိတ်ခေါ်လိုက်ပါရစေ...

သင့်သွားကျန်းမာ သုခိတာ

အမှတ် - (24)၊ ပထမထပ်၊ Orange Supermarketရှေ့ ၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

ဆက်သွယ်ရန်
၀၉ - ၉၇၉၆ ၇၇၇၇ ၆
၀၉ - ၉၅၃၀ ၇၇၇၇ ၆
၀၉ - ၉၅၄၀ ၇၇၇၇ ၆


#သုခိတာ



သွားညှိမကုသမီ သိထားသင့်သမျှအစုံ❗❗❗✅ သွားညှိကုသခြင်းဆိုတာ သွားကျန်းမာရေးဆိုင်ရာအထူးပြုဘာသာရပ်တစ်မျိုးဖြစ်ပါတယ်။ သွားမညီခြ...
22/11/2023

သွားညှိမကုသမီ သိထားသင့်သမျှအစုံ❗❗❗

✅ သွားညှိကုသခြင်းဆိုတာ သွားကျန်းမာရေးဆိုင်ရာအထူးပြုဘာသာရပ်တစ်မျိုးဖြစ်ပါတယ်။ သွားမညီခြင်း၊ ရှေ့ထွက်ခြင်း၊ နောက်သို့ဝင်နေခြင်းအစရှိတဲ့ ပုံမှန်မဟုတ်တဲ့သွားအနေအထားတွေနဲ့ မျက်နှာနှင့်မေးရိုးအချိုးမကျတာတွေကို စနစ်တကျသေချာစစ်ဆေးပြီး နောက်ဆက်တွဲသွားကျန်းမာရေးဆိုင်ရာပြဿနာတွေကို ကာကွယ်ကုသပေးနိုင်တဲ့ ကုသနည်းဖြစ်ပါတယ်။ အများစုကတော့ အလှအပအတွက်သွားညှိကုသကြတယ်လို့သိထားကြပေမယ့် အမှန်တကယ်မှာတော့ သွားညှိကုသခြင်းရဲ့နောက်ကွယ်မှာ အလှအပအတွက်ထက် ပိုအရေးကြီးတဲ့သွားကျန်းမာရေးဆိုင်ရာပြဿနာတွေကို ကြိုတင်ကာကွယ်ကုသခြင်းများ များစွာပါဝင်ပါတယ်။

❓ ဒါဆို ဘယ်လိုလူတွေသွားညှိကုသသင့်သလဲ?

Overjet
- အပေါ်သွားသည် အောက်သွားထက် ရှေ့ရောက်နေသည့်အခြေအနေ (သွားခေါနေခြင်း)
Underbite
- အောက်သွားသည် အရှေ့သွားထက် ရှေ့ရောက်နေသည့်အခြေအနေ (မေးရိုးအခြေအနေ ပြဿနာရပ်များ)
Openbite
- အံသွားများထိနေပြီး ရှေ့သွားများရောက်သည်အခါတွင် ထိစပ်မှု မရှိတော့ပဲ ပွင့်နေသည့် အခြေအနေ
Crossbite
- သွားစိထားသည့် အခါတွင် အံသွားနှင့် ရှေ့သွားများ တစ်ခုနှင့်တစ်ခု အတိအကျ ကိုက်မိခြင်းမရှိပဲ နေရာများလွဲနေခြင်း
Crowding
- သွားများတစ်ခုနှင့် တစ်ခု ထပ်နေခြင်း
Spacing
- သွားများတစ်ခုနှင့် တစ်ခု ကျဲနေခြင်း

📌 သွားညှိကုသဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ အောက်ပါ (၁၀) ချက်ကိုမဖြစ်မနေကြိုတင်သိထားဖို့လိုပါလိမ့်မယ်။

၁။ ကနဦးဆွေးနွေးတိုင်ပင်ခြင်း

✅ ပထမအဆင့်မှာ သွားညှိအထူးကုဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သွားအခြေအနေက သွားညှိကုသပြီးသွားရင် မိမိလိုချင်တဲ့ Result ကိုရနိုင်မရနိုင်၊ မည်မျှထိပြောင်းလဲသွားနိုင်မလဲဆိုတာကို သေချာဆွေးနွေးတိုင်ပင်ရပါ့မယ်။ အဲ့ဒီအတွက် လိုအပ်တဲ့သွားပုံယူတာ၊ သွားဓာတ်မှန်ရိုက်တာတွေနဲ့ မျက်နှာအချိုးတွေကိုတွက်ဖို့ ဓာတ်ပုံရိုက်တာတွေကို ပြုလုပ်ရပါ့မယ်။

✅ တစ်ချိန်တည်းမှာ သေချာစွာမေးမြန်းထားသင့်တဲ့တစ်ချက်ကတော့ ဆွေးနွေးပေးတဲ့ဆရာဝန်ကိုယ်တိုင်ကုသပေးမှာလား၊ အခြားဆရာဝန်ကုသပေးမှာလားဆိုတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဆရာဝန်မတူခဲ့ဘူးဆိုရင် ဆွေးနွေးတုန်းကအခြေအနေတစ်မျိုးနဲ့ အမှန်တကယ်ကုသတဲ့အခြေအနေမတူတဲ့အခါ ကုသမှုရလဒ်ကစိတ်တိုင်းမကျတာတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

✅ နောက်အရေးကြီးတဲ့တစ်ချက်က ကုန်ကျစရိတ်နဲ့ Payment System ပါပဲ။ အများအားဖြင့် သွားညှိကုသခြင်းဆိုင်ရာကုန်ကျစရိတ်များကတော့ Installment (အရစ်ကျ) ပုံစံနဲ့ ပေးသွင်းကြရတာများပါတယ်။ ကနဦးပေးသွင်းခဘယ်လောက်ကျမလဲ၊ တစ်လဘယ်လောက်သွင်းရမလဲဆိုတာကို တိတိကျကျသိထားဖို့လိုပါတယ်။ ဒါ့အပြင် သွားအခြေအနေပေါ်မူတည်ပြီး ထပ်ဆောင်းကုန်ကျစရိတ်ရှိနိုင်၊ မရှိနိုင်၊ ရှိခဲ့ရင်လည်း မည်မျှကုန်ကျနိုင်သည်ဆိုတာကို သေချာစွာမေးမြန်းထားဖို့လိုပါတယ်။ အများအားဖြင့် သွားညှိကုသမှုခံယူသူတွေမှာ သွားပိုးစားနေတာတွေ၊ သွားကျောက်တွေရှိနေတာတွေနဲ့ ဖာဖို့လိုအပ်တဲ့သွားတွေရှိနေတတ်ကြပါတယ်။ နောက်ပြီးကုသမှုအတွက်လိုအပ်တဲ့ သွားနုတ်ဖို့လိုအပ်တာတွေရှိနိုင်တာကြောင့် တစ်ဦးနဲ့တစ်ဦး ထပ်ဆောင်းကုန်ကျစရိတ်ကတော့ တူညီမှုမရှိနိုင်ပါဘူး။ တချို့သူတွေမှာဆိုရင် Screw လို့ခေါ်တဲ့ သွားဖုံးရိုးအတွင်းသေးငယ်တဲ့ တိုင်လေးစိုက်ပြီးသွားညှိကုသဖို့လိုတာတွေရှိတတ်ပါတယ်။ ဒါ့ကြောင့် မကုသမီဆွေးနွေးတိုင်ပင်စဉ်ကတည်းက အထက်ပါကြောင်းအရာများကို သေချာမေးမြန်းဖို့လိုအပ်ပါတယ်။

၂။ ကုသမှုအစီအစဉ်

✅ အထူးကုဆရာဝန်ကနေ မိမိရဲ့မေးရိုးအခြေအနေ၊ သွားဓာတ်မှန်နဲ့ သွားပုံစံတွေပေါ်မူတည်ပြီး သီးသန့်ကုသမှုအစီအစဉ်ကိုဆွဲပေးမှာဖြစ်ပါတယ်။ သွားမညှိခင်မှာကြိုတင်ပြုလုပ်ရမယ့်အရာတွေ (ဥပမာ-သွားကျောက်သန့်ရှင်းရေး၊ အံဆုံးသွားများနုတ်ခြင်းနဲ့ သွားဖာခြင်း) အစရှိတဲ့သွားအခြေအနေတွေများထဲမှ မည်သည့်ကုသမှုတွေကိုအရင်ပြုလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ပြီးကုသပေးမှာဖြစ်ပါတယ်။ နောက်ပြီး သွားညှိကုသမှုဟာ မည်မျှကြာမယ်ဆိုတာကိုလည်း ခန့်မှန်းချေဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

၃။ အသုံးပြုမည့် သွားညှိကုသမှုဆိုင်ရာပစ္စည်းအမျိုးအစားနှင့် ပုံစံများ

✅ ယေဘုယျအားဖြင့် သွားညှိတဲ့ပုံစံ (၃) မျိုးရှိပါတယ်။
- သွားအပြင်မျက်နှာပြင်ပေါ်တွင်သွားညှိတုံးများတပ်၍ညှိခြင်း (Labial Braces)
- သွားအတွင်းမျက်နှာပြင်ပေါ်တွင်သွားညှိတုံးများတပ်၍ညှိခြင်း (Lingual Braces)
- အကြည်စွပ်(သွားအစွပ်)တပ်၍ သွားညှိခြင်း (Clear Aligners) တို့ပဲဖြစ်ပါတယ်။
သွားညှိတုံးတွေများဆိုရင် Traditional နဲ့ Selfligation ဆိုပြီး အမျိုးအစားကွဲပြားပါသေးတယ်။ ဒါ့အပြင် ထုတ်လုပ်တဲ့နိုင်ငံပေါ်မူတည်ပြီး ဈေးအမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုးကွဲပြားပါသေးတယ်။

၄။ ရက်ချိန်းပြသခြင်းများနှင့် ကုသမှုကြာချိန်

✅ သွားညှိကုသခြင်းဆိုတာ အနည်းဆုံး (၈) လကနေ (၃) နှစ်လောက်ထိ ပျမ်းမျှကြာတတ်ပါတယ်။ ကုသနေစဉ်ကာအတွင်း တစ်လ(၁)ကြိမ် သို့မဟုတ် နှစ်လ(၁)ကြိမ် ဆေးခန်းသို့ပုံမှန်လာရောက်ပြသရလေ့ရှိပါတယ်။ မိမိရဲ့သွားအခြေအနေပေါ်မူတည်ပြီး ကုသမှုကြာချိန်နဲ့ ရက်ချိန်းအကြိမ်ရေကွာခြားသွားနိုင်ပါတယ်။

၅။ သွားညှိကုသခြင်းနှင့် ခံတွင်းကျန်းမာရေး

✅ သွားညှိကုသနေစဉ်အတွင်းမှာ ခံတွင်းကျန်းမာရေးကိုအထူးဂရုပြုဖို့လိုအပ်ပါတယ်။ သွားညှိတုံးတွေကြောင့် ပုံမှန်အခြေအနေများထက်စာရင် အစာညပ်တာနဲ့ သွားသန့်ရှင်းရေးအနည်းငယ်ပိုခက်ခဲနိုင်တာကြောင့် အစာစားပြီးတိုင်းသွားတိုက်ခြင်းနဲ့ သွားပွတ်ကြိုးစနစ်တကျသေချာစွာသုံးစွဲခြင်းတို့ကို ပိုမိုဂရုပြုလုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှသာ သွားပိုးစားခြင်းနဲ့ သွားအပေါက်ဖြစ်ခြင်းတို့ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

၆။ အစားအစာများကို ရွေးချယ်စားသုံးခြင်း

✅ သွားညှိအတုံးလေးတွေတပ်ပြီးသွားပြီဆိုရင် အစားအသောက်ကလည်းဂရုစိုက်ရမယ့်အချက်တစ်ချက်ပါပဲ။ အရမ်းမာတာတွေကိုရှောင်ရပါ့မယ်။ ဥပမာ - အရိုးကိုက်တာမျိုး၊ ပဲလှော်အမာတွေဝါးတာမျိုးတွေ၊ အသီးကိုအလုံးလိုက်ကိုက်စားတာမျိုးတွေကြောင့် သွားညှိတုံးလေးတွေပြုတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါ့အပြင် စေးကပ်တဲ့အစားအစာ (ဥပမာ-ကောက်ညှင်း၊ ပီကေ) တို့လိုအရာတွေက သွားညှိကြိုးတွေအကြားကပ်ညိပြီး သန့်ရှင်းရေးလုပ်ရခက်တာမျိုးတွေဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှရှောင်သင့်ပါတယ်။

၇။ နေသားမကျခြင်း

✅ သွားညှိကုသစမှာ သွားညှိတုံးတွေကြောင့် ပါးစပ်ထဲမှာနေသားမကျတာနဲ့ တခါတရံသွားဖုံးသားနဲ့ ပါးစောင်တို့မှာပွန်းတာမျိုးတို့ကြုံတွေ့ရတတ်ပါတယ်။ နောက်ပြီး သွားညှိကြိုးတွေရဲ့တင်းအားကြောင့် စညှိစနဲ့ရက်ချိန်းပြပြီးတိုင်း တစ်ရက်၊ နှစ်ရက်ခန့် သွားတွေတင်းနေတာ၊ အစာစားရင်နာတာမျိုး ခံစားရနိုင်ပါတယ်။ ပါးစပ်အတွင်းပွန်းတာကြုံရရင် Ortho Wax လို့ခေါ်တဲ့ ဖယောင်းတုံးလေးတွေအသုံးပြုတာမျိုး၊ နာတာတွေအတွက် အကိုက်အခဲပျောက်ဆေး (Paracetamol) လိုဆေးမျိုးတွေသောက်သုံးလို့ရပါတယ်။

၈။ ရက်ချိန်းပြသမှုများ

✅ သွားညှိကုသနေစဉ်အတွင်းမှာ အနည်းဆုံး (၁) လတစ်ကြိမ်ရက်ချိန်းပြသနိုင်ရင်တော့အကောင်းဆုံးပါ။ အများဆုံး (၂)လ ကျော်သွားခဲ့ရင် သွားတွေထပ်မံမရွေ့နိုင်တော့တာကြောင့် ကုသချိန်ဟာခန့်မှန်းတာထက် ပိုမိုကြာသွားနိုင်တဲ့အပြင် ရလဒ်ဟာလည်းအဆင်မပြေဖြစ်ပေါ်နိုင်တာကြောင့် ရက်ချိန်မှန်မှန်ပြဖို့အလွန်အရေးကြီးပါတယ်။

၉။ ဆရာဝန်ညွှန်ကြားချက်များကိုစနစ်တကျလိုက်နာခြင်း

✅ ကုသနေစဉ်အတောအတွင်းမှာ ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကို စနစ်တကျလိုက်နာဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ရက်ချိန်းပုံမှန်ပြတာတွေအပြင် သွားကျန်းမာရေးဆိုင်ရာမှာကြားမှုများနဲ့ သွားညှိကုသခြင်းဆိုင်ရာပစ္စည်းများကို စနစ်တကျဖြုတ်တပ်ခြင်းတို့ကို သေချာလိုက်နာဖို့လိုအပ်ပါတယ်။

၁၀။ အကျိုးကျေးဇူးများ

✅ သွားညှိကုသခြင်းဆိုတာ သွားအလှအပနဲ့ ပြည့်စုံတဲ့အပြုံးတွေကိုဖန်တီးပေးနိုင်ရုံသာမက သွားမညီခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲ သွားသန့်ရှင်းရခက်ခြင်းကြောင့် သွားပိုးစားခြင်း၊ အစာဝါးပုံမမှန်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ မေးရိုးအံလွဲခြင်း၊ မေးရိုးနာခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း အစရှိသည်တို့ကိုပါ ကြိုတင်ကာကွယ်ကုသပေးနိုင်တဲ့ ကုသခြင်းနည်းလမ်းတစ်ခုဖြစ်ကြောင်း မျှဝေပေးလိုက်ပါရစေ။
--------------------------------------------------
"သုခိတာ" ၏ သွားညှိအထူးကုဆရာဝန်နှင့် ဝန်ဆောင်မှုများအကြောင်းသိရန်

https://www.facebook.com/permalink.php?story_fbid=pfbid0DUWVwVCPsMp7iURDL82eDP9voTgKsUTMP6jbGiRdjXFMdZfaC3wmqX2JXZP52XMhl&id=100084755860882
---------------------------------------------------
ကုသမှုရလဒ်ပုံများကြည့်ရှုရန်

https://www.facebook.com/permalink.php?story_fbid=pfbid032fXqkm735MXqnbXBQLXRuA3JNY3fGAveZYPbHEa8MLo9MWAVthYbKCdJYFshZ2AZl&id=100084755860882

သွားညှိကုသခြင်းအတွက် အသေးစိတ်သိရှိလိုပါက

"သုခိတာသွားနှင့်ခံတွင်း အထူးကုဆေးခန်း''
💙Facebook Messenger မှတဆင့်လည်းကောင်း
📱09 - 9796 77776
📱09 - 9530 77776
📱09 - 9540 77776 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

💎 သင့်သွားကျန်းမာ သုခိတာ 💎
📆 ပိတ်ရက်မရှိ 📆 ဖွင့်လှစ်ထားပါသည်။
🏥 အမှတ် - အမှတ် (၂၄)၊ပထမထပ်၊ Orange Supermarketရှေ့ ၊သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ် ၊ရန်ကုန်မြို့။


#သွားညှိကုသခြင်း

#သုခိတာ

သွားကြွေလွှာမကပ်ခင်နဲ့ 🤐သွားကြွေလွှာကပ်ပြီး 😬ဘယ်လို့တွေ့ကွာခြားသွားလဲ ?😁😍
22/11/2023

သွားကြွေလွှာမကပ်ခင်နဲ့ 🤐
သွားကြွေလွှာကပ်ပြီး 😬

ဘယ်လို့တွေ့ကွာခြားသွားလဲ ?😁😍

အရစ်ကျသွင်းပြိးသွားညှိကြမယ်
20/11/2023

အရစ်ကျသွင်းပြိးသွားညှိကြမယ်

Address

အမှတ် (၂၄)၊ပထမထပ်၊တာမွေ Orange Super-Marketရှေ့ ၊သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ် ၊ရန်ကုန်မြို့။
Yangon
69764

Website

Alerts

Be the first to know and let us send you an email when Thu Khi Tar Dental implant and Orthodontic VIP Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thu Khi Tar Dental implant and Orthodontic VIP Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram