14/10/2025
🌺 အိမ်မက်တွေ အကြောင်း 🌺
✨✨✨✨✨✨✨✨✨✨
🌺 ကျွန်တော်ဆီကို အခုရက်ပိုင်းထဲမှာ ထူးထူးခြားခြား ဆိုသလို အိမ်မက်တွေ အကြောင်းလာမေးကြတဲ့ သူလေးတွေများကြတယ်။
အဲတော့ အိမ်မက်တွေနဲ ပတ်သတ်ပြီး ပြောပြချင်တာလေးရှိတယ်။
အိမ်မက်တွေ ဆိုတာက အကြောင်းအရင်း အမျိုးမျိုးကြောင့် မက်တတ်ကြတယ်။
✨ ဘယ်လိုအကြောင်းတွေဆိုရင် သွေး၊လေခြောက်ခြားလို့ မက်တာ ရှိသလို၊စိတ်မှာစွဲလို့ မက်တာလည်းရှိတယ်။တချို့က နိမိတ်တွေအဖြစ်မက်ကြတယ်။
✨ နိမိတ်တွေဆိုတာက တခြားမဟုတ်ဘူးရယ်၊ ကျွန်တော်တို့ ဦးနှောက်က တွတ်ချက်မှုတွေပဲ။
🌺 ကျွန်တော်တို့ ဦးနှောက်က အရမ်းကိုဆန်းကြယ်တယ်။
နိမိတ်တွေ ဘယ်လိုမက်တာလဲဆိုရင် ကျွန်တော်တို့နေစဉ် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဦးနှောက်က မှတ်သားထားပြီး မနက်ဖြန် (သို့မဟုတ်) အချိန်အပိုင်းအခြား တစ်ခုမှာ ဘာဖြစ်နိုင်တယ်ဆိုတာကို တွတ်ချက်ပြီး ကျွန်တော်တို့ အိပ်စက်နေစဉ်မှာ အိမ်မက်အဖြစ် ပြသကြတယ်။
✨ နောက်တစ်မျိုးလည်းရှိသေးတယ်။အဲတာကကျတော့ ကျွန်တော်တို့ အိပ်စက်နေချိန်မှာ သိစိတ်ကို အာရုံလွဲဖို့အတွက် မက်တဲ့ အိမ်မက်မျိုးတွေ ရှိကြတယ်။
အဲတာမျိုးတွေက ဘယ်လိုလဲဆိုရင် ကျွန်တော်တို့ မမြင်ဖူး၊မရောက်ဖူးသေးတဲ့ နေရာတွေ၊လူတွေကို မက်ကြတယ်။
✨ အမှန်တော့ ကျွန်တော်တို့ တစ်ချိန်ချိန်၊တစ်နေရာမှ တွေ့မြင်ခဲ့ဖူးပြီးသားတွေချည်းပဲ၊ကျွန်တော်တို့ သိစိတ်က မမှတ်မိကြတာ ဖြစ်တယ်။
🌺 ကျွန်တော်တို့ မျက်လုံးတွေက Camera က portrait mood လိုပဲ တစ်ခုခုကို အာရုံထားလိုက်ရင် ဘေးကဟာတွေကို မမြင်သလို ဝါးသွားတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မသိစိတ်မှာက အဲတာတွေကို ကျွန်တော်တို့တောင် မသိလိုက်ပဲ မှတ်ထားတယ်။
ကျွန်တော်တို့ အိပ်စက် အနားယူတဲ့အခါ သိစိတ်ကို အာရုံလွဲဖို့ အတွက် မှတ်ညဏ်တွေထဲက အပိုင်းအစတွေကို ဆက်လိုက်ပြီး ဇာတ်လမ်းတစ်ပုဒ် (သို့မဟုတ်) အဖြစ်အပျက်တစ်ခုကို ပြထားရင်း ဆက်ပြီး အိပ်မောကျနေစေဖို့ လုပ်တဲ့အခါ အဲ့အိမ်မက်ထဲမှ ကျွန်တော်တို့ မမြင်ဖူး၊မရောက်ဖူးတဲ့ လူတွေ၊နေရာတွေကို အိမ်မက်အနေနဲ့ မြင်မက်ကြတာပဲ။
🌺 အဲတော့ အိမ်မက်တွေကို လွယ်လွယ်ကူကူ ရိုးရှင်းတဲ့ နည်းနဲ့ ဘယ်လို နိမိတ် ကောက်ယူရမလဲဆိုတဲ့ နည်းလေး ပြောပြမယ်။
✨ ကျွန်တော်တို့ အိမ်မက်ထဲမှာ ဘာကိုပဲမြင်မြင်၊ဘယ်ကိုပဲမက်မက် ကောင်းတယ်။အဲ့လိုပဲ ကိုယ်မြင်မက်တဲ့ အရာတွေ၊သတ္တဝါတွေက တိုက်ခိုက်လာပြီးဆိုရင် မကောင်းဘူး ဆိုပြီး ရိုးရှင်းတဲ့ နည်းလေးနဲ့ မှတ်ထားလို့ရတယ်။
ဥပမာ အိမ်မက်ထဲမှာ မြွေကို တွေ့ရတယ်ဆိုရင် ကောင်းတယ်၊မြွေက တိုက်ခိုက်လာပြီး ဆိုရင်တော့ ကိုယ့်အပေါ်ကို မကောင်းကြုံမဲ့ သူရှိနေပြီးဆိုပြီး မှတ်လို့ရတယ်။
အိမ်မက်ထဲမှာ ခွေးကို တွေ့ရတယ်ဆိုရင် ကောင်းတယ်၊ခွေးက ရန်ပြုတိုက်ခိုက်လာပြီးဆိုရင် ကိုယ့်ကို မကျေနပ်တဲ့သူရှိနေပြီး ကိုယ့်အကြောင်းတွေကို မကောင်းသတင်းတွေ ကြားရတတ်တယ်။
✨ အိမ်မက်တွေဆိုတာ အကြောင်းအမျိုးမျိုး ကြောင့် မက်နိုင်တာမလို့ စိတ်ထဲမှ အရမ်းမစိုးရိမ်ပါနဲ့။
ကျွန်တော် ပြောသလိုမျိုး အိမ်မက်တွေကို ရိုးရှင်းတဲ့ နည်းလေးနဲ့ မှတ်ထားလို့ ရပါတယ်လို့ပြောရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါရစေဗျာ.🌺
🌺 ဆရာရွှေသစ္စာ (ခါတော်မှီဗေဒင်ရပ်၀န်း)