Taw Win Thitsar clinic

Taw Win Thitsar clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taw Win Thitsar clinic, Hospital, No(267/273), ShweBonThar Street, Pabaden Township, Yangon.

🩵 မင်္ဂလာရှိသော ဗုဒ္ဓဘာသာဝင်များ၏ ဝါဆိုလပြည့်နေ့အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ‌ကြောင်း "တော်ဝင်သစ္စာ...
09/07/2025

🩵 မင်္ဂလာရှိသော ဗုဒ္ဓဘာသာဝင်များ၏ ဝါဆိုလပြည့်နေ့အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ‌ကြောင်း "တော်ဝင်သစ္စာဆေးခန်း" မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။




🎉🎉Eid Al-Adha Mubarak 🎉🎉ရက်မြတ်ချိန်ခါ (07/06/2025) Saturday နေ့တွင်ကျရောက်သော မွန်မြတ်လှသည့် ကုရ်ဘာနီ အီးဒ်နေ့မှာ ကောင်...
07/06/2025

🎉🎉Eid Al-Adha Mubarak 🎉🎉

ရက်မြတ်ချိန်ခါ (07/06/2025) Saturday နေ့တွင်ကျရောက်သော မွန်မြတ်လှသည့် ကုရ်ဘာနီ အီးဒ်နေ့မှာ ကောင်းမှုအလှူဒါနများ ပြုလုပ်ဆောက်တည်ရင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပါစေကြောင်း "တော်ဝင်သစ္စာ ဆေးခန်းမိသားစု" မှ ဆုတောင်းစကားမျှဝေလိုက်ရပါတယ်ရှင့်။




🎉🎉🎉 "နှစ်သစ်ဆုတောင်း" 🎉🎉🎉🗓🗓🗓မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်💦 💦💦မြန်မာ့ရိုးရာသကြင်္န်💦 💦💦နှစ်သစ်ကူး အချိန်အခါသမယ တွင် မြန်မာပြ...
17/04/2025

🎉🎉🎉 "နှစ်သစ်ဆုတောင်း" 🎉🎉🎉

🗓🗓🗓မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်

💦 💦💦မြန်မာ့ရိုးရာသကြင်္န်💦 💦💦

နှစ်သစ်ကူး အချိန်အခါသမယ တွင် မြန်မာပြည်သူပြည်သား အားလုံး ကျက်သရေ မင်္ဂလာအပေါင်းတို့နှင့်ပြည့်စုံ၍ ကိုယ်၊စိတ်၊ နှလုံး ကျန်းမာ၊ချမ်းသာ၊ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း "တော်ဝင်သစ္စာ ဆေးခန်း" မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါရစေရှင့်။🙏🙏

#နှစ်သစ်ဆုတောင်း
#မြန်မာနှစ်သစ်ကူး

☘️သင်္ကြန်ဆေးခန်းပိတ်ရက်ကြေညာခြင်း 🤗☘️၁၂.၄.၂၀၂၅ မှ ၁၈.၄.၂၀၂၅ အထိ မြန်မာနှစ်သစ်ကူးကာလအတွင်း "တော်ဝင်သစ္စာ" အရိုးအကြောနှင်...
12/04/2025

☘️သင်္ကြန်ဆေးခန်းပိတ်ရက်ကြေညာခြင်း 🤗

☘️၁၂.၄.၂၀၂၅ မှ ၁၈.၄.၂၀၂၅ အထိ မြန်မာနှစ်သစ်ကူးကာလအတွင်း "တော်ဝင်သစ္စာ" အရိုးအကြောနှင့် ပြန်လည်သန်စွမ်းရေးအထူးကုဆေးခန်းကို ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။
✅ ၁၉.၄.၂၀၂၅ နေ့မှ စ၍ပုံမှန် အတိုင်းပြန်လည်ဖွင့်လှစ်ပါမည်ရှင့်။

🎍မြန်မာနှစ်ကူး အခါရက်များတွင် ဘေးကင်းကျန်းမာပြီး နှလုံးစိတ်ဝမ်း ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏



#တန်ခူးလ

🛎Vaxigrip Tetra နှင့် Skycell Flu vaccine လေးမျိုးစပ် ရာသီတုပ်ကွေး ကာကွယ်ဆေး) 2025 ကြိုတင်စာရင်းပေး ထိုးနှံနိုင်ပါပြီ။🛎🗞...
18/03/2025

🛎Vaxigrip Tetra နှင့် Skycell Flu vaccine လေးမျိုးစပ် ရာသီတုပ်ကွေး ကာကွယ်ဆေး) 2025 ကြိုတင်စာရင်းပေး ထိုးနှံနိုင်ပါပြီ။🛎

🗞️(၁) မေး- ရာသီတုပ်ကွေးကာကွယ်ဆေးဆိုတာဘာလဲ?

📑. ဖြေ - နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က ဒေသဆိုင်ရာ အသီးသီးတွင် ဖြစ်ပွားလေ့ရှိသော ဖြစ်ပွားနိုင်တဲ့ H1 N1 Inflenza virus strain ကို ကာကွယ်ဆေးတီထွင်စေကာ ထိုးနှံပေးသော ကာကွယ်ဆေးဖြစ်ပါတယ်၊၊

🗞️(၂) မေး-ထိုးနှံထား လျှင်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ ?

📑. ဖြေ - မြန်မာနိုင်ငံတွင် မုတ်သုံမိုးဦးကျ ကာလတွင် ရာသီတုပ်ကွေးအဖြစ်များပြီး၊တုပ်ကွေးကြောင့် ပြင်းထန်သောအဆုပ်ရောင်ရော ဂါဖြစ်ပွားခြင်း၊ အသက်သေဆုံးခြင်း များဖြစ်ပွားနိုင်ပါတယ်၊၊ကာကွယ်ဆေး ကိုမုတ်သုံရာသီမဝင် ခင် (၁၄) ရက်ကြိုတင်ထိုးထားခြင်းသည် အကောင်းဆုံးဖြစ်ကာ၊ထိုးနှံထားသူ များအနေဖြင့် အသက်သေဆုံးခြင်း၊နောက်ဆက်တွဲရောဂါများဖြစ်ပွားခြင်းမှ ၈၅% ကာကွယ်ပေးနိုင်ပါတယ်၊၊

🗞️(၃)မေး - ဘယ်လိုလူများထိုးနှံသင့်ပြီး၊ဘယ်လိုလူများမထိုးနှံသင့်ပါ သလဲ၊၊

📑. ဖြေ -လူတိုင်းထိုးသင့်ပါတယ်။ မဖြစ်မနေထိုးသင့်သူများက
(၁) အသက် (၆၅)နှစ်အထက် လူကြီးများ
(၂) ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၆)လ အထက် ကလေးသူငယ်များ
(၃) နာတာရှည်ရောဂါ အခံရှိသူများ။
(၄) covid ရောဂါဖြစ်ပွားထား၍ အဆုတ် ထိခိုက် ဖူးသူများ။
(၅)ကျောက်ကပ်ရောဂါဖြစ်နေသူများ၊သွေးတိုးဆီးချို ရောဂါဖြစ်နေသူများ၊

WHO ကျန်းမာရေးအဖွဲ့ကြီး ကထုတ်ပြန်ချက်အရ အရင်နှစ် ထိုးခြင်းတွင် severe allergic reaction ဖြစ်ဖူးသူများမှ လွဲ၍ ကျန်သူများအားလုံးထိုးသင့်ပါတယ် ၊၊

🚨FDA approved နှင့် Registered vaccine များကို cold chain system နှင့် ဆေးသိုလှောင်မှု စနစ်တကျဖြင့် ထိုးနှံပေးပါတယ်။

📌ရာသီတုပ်ကွေး၊ရိုးရိုးတုပ်ကွေး နှင့် COVID 19 ရောဂါ လဏ္ခာများ မှာ အနည်းငယ်ဆင်တူခြင်း၊ အသက်ရှူလမ်းကြောင်း မှကူးစက်ခြင်း စသော အချက်များကြောင့် နာတာရှည်ရောဂါအခံရှိသူများ၊ ကလေးသူငယ် များကို ကြိုတင်ကာကွယ် နိုင်သော seasonal flu vaccine 💉 ကိုတနှစ်တခါ ပုံမှန်ထိုးထားသင့်ပါသည်။

-ကာကွယ်ဆေးထိုးနှံ လိုသူများ အနေနှင့်

📲 🏨တော်ဝင်သစ္စာ အရိုးအကြောနှင့်အထွေထွေရောဂါ အထူးကုဆေးခန်း
အမှတ်(၂၆၇/၂၇၃)၊ပထမထပ်၊ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ပန်းဘဲတန်းမြို့နယ်
၊ရန်ကုန်။
📲hotline 01384766, 01389564,09988242684,09750075214, သို့ကြိုတင်စာရင်းပေး ထိုးနှံနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

#အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု
#တော်ဝင်သစ္စာဆေးခန်း

#2025ရာသီတုတ်ကွေး
#ရာသီတုတ်ကွေးကာကွယ်ဆေး




#တုတ်ကွေးရောဂါ




#ကာကွယ်ဆေးအမျိုးမျိုး

🚨သတိထားသင့်တဲ့ အသည်းရောင်အသားဝါ (A) ပိုး နှင့်(A)ကာကွယ်ဆေး အကြောင်း 🚨🔀ရောဂါကူးစက်ပုံလမ်းကြောင်း (transmission) 🔀🔀-fecal-...
10/03/2025

🚨သတိထားသင့်တဲ့ အသည်းရောင်အသားဝါ (A) ပိုး နှင့်(A)ကာကွယ်ဆေး အကြောင်း 🚨

🔀ရောဂါကူးစက်ပုံလမ်းကြောင်း (transmission) 🔀🔀

-fecal-oral Route

-ပိုးရှိသောမစင် ထိတွေ့ထားသော မသန့်ရှင်းသော ရေ၊ တွေ့ထားမိသော အစားအသောက်များကို စားသောက်မိခြင်း၊ကိုင်မိထားသော မသန့်ရှင်းသော လက်ဖြင့်ချက်ပြုတ်ထားသော အစားအသောက် (အညစ်အကြေးစွန့်ပြီးနောက် လက်ကို စင်ကြယ်စွာမဆေးကြောဘဲ အစားအသောက် ချက်ပြုတ်ပြင်ဆင်ခြင်း၊ စားသောက်ခြင်းမှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်သည်။)

-သေချာစွာ မချက်ပြုတ်ထားသော၊တနည်း မသန့်သော ရေနှင့်ထိထားသော အသား၊ငါးများ။ ညစ်ညမ်းသော ရေဖြင့်ထိထားသော ဟင်းသီး၊ဟင်းရွက်များ၊ မကျက်သေးသော အစားအစားများ။

-မသန့်ရှင်းသော၊ ပိုးမသန့်စင်ထားသော သောက်သုံးရေများ၊ တွင်းရေများ၊ မသန့်ရှင်းသော တနည်း ပိုးရှိမစင်နဲ့ထိတွေ့ ထားသော သောက်သုံးရေခွက်၊ပန်းကန် များ။

-စအိုလမ်းကြောင်း၊ ပါးစပ်တို့ဖြင့် ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း။

-ရောဂါပိုးရှိနေသော အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးနောက် သေချာ လက်မဆေးပဲ အစားအသောက် သို့မဟုတ် ပါးစပ်ထဲသို့ လက်ထည့်မိခြင်း။ (ဗိုင်းရပ်စ်ပိုးသည် အရာဝတ္တုမျက်နှာပြင်များပေါ်တွင် လပေါင်းအနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်သည်။)

🤕ရောဂါလက္ခဏာများ (symptoms)🤕

-အသားဝါခြင်း၊မျက်လုံးအတွင်းဝါခြင်း၊ဆီးဝါထိန်နေခြင်း၊
-နုံးချည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊
-ညာဖက်ဗိုက်နာခြင်း၊ပျို့အန်ခြင်း၊ဝမ်းပျက်ဝမ်းလျှောခြင်း၊အစားမစားနိုင်လောက်အောင် ဗိုက်ထိုးခြင်း
-ဝမ်းပုံမှန်ထက် အရောင်ဖျော့နေခြင်းများ

🚨ရောဂါလက္ခဏာများမှာ ရောဂါကူးစက်ပြီး (၂) ပတ်အတွင်း စတင်ပြီး (၂) ပတ်မှ (၈) ပတ်အကြာထိ acute hepatitis state (အသည်းရောင်နေခြင်း၊ အသည်း enzyme များတက်နေခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းများ ဖြစ်နိုင်ကာ ပြင်းထန်သော အခြေအနေများနှင့် နာတာရှည် ရောဂါအခံရှိသူများအနေဖြင့် ဆေးရုံတက်၍ ကုသမှုခံရနိုင်ပါတယ်။🚨

🧘‍♂️🧘ရောဂါကူးစက်နိုင်ခြေများသူများ

- ရေဆိုးရေညစ်များဖြင့် နေ့စဉ်ထိတွေ့အလုပ် လုပ်နေရသူများ၊
- ရောဂါရှိသူဖြင့် အတူနေထိုင်စားသောက်ခြင်းရှိသူများ၊
- လူဦးရေထူထပ်သော နေရာများတွင် နေထိုင်သူများ၊ အစုအဖွဲ့ဖြင့် ချက်ပြုတ်စားသောက်သူများ၊
- မူးယစ်ဆေးဝါးသုံးစွဲသူများ၊လိင်တူဆက်ဆံသူများ၊
- ကျန်းမာရေးဝန်ထမ်းများ၊ အစုအဖွဲ့ဖြင့်နေထိုင်စားသောက် အလုပ်လုပ်ရသူများ၊

🔀အထက်ဖော်ပြပါ ရောဂါကူးစက်နိုင်ခြေများသူများ သို့မဟုတ် ကူးစက်မှုမြင့်တက်နေသောနေရာများတို့ ခရီးသွားရမည့်သူများအနေဖြင့် Hepatitis (A) ကူးစက်ခံရမှု ရှိ၊မရှိ စစ်ဆေးနိုင်ကာ ကြိုတင်ကာကွယ်ဆေးထိုးထားနိုင်ပါတယ်ရှင့်။

💉🚨ကာကွယ်ဆေး အမျိုးအစားများ နှင့်ထိုးနှံရမည့် အကြိမ်အရေအတွက်၊ကာကွယ်နှုန်း💉🚨

- 1)Avaxim 80 (inactivated Absorbed vaccine)- အသက် (၁) နှစ်အထက် နှင့် အသက် (၁၅) နှစ်အောက်၊ပထမတကြိမ်ထိုးပြီး (၆) လခြားဒုတိယတကြိမ် စုစုပေါင်း (၂) ကြိမ်ထိုးနှံရန် လိုအပ်ပြီး (၂) ကြိမ်ထိုးနှံပြီးပါက (၃၀) နှစ်အထိ ရောဂါ ကာကွယ်နိုင်၊ လိုအပ်ပါက (သို့မဟုတ်) ရောဂါပိုးပြန့်နှံရာသို့ ခရီးသွားမည်ဆိုပါက booster (၁) ကြိမ်ထပ်မံထိုးနှံနိုင်ပါတယ်။

- 2)Avaxim 160 (inactivated absorbed vaccine)- အသက် (၁၅) နှစ်အထက်မှ (၆၅) ထိ၊ပထမတကြိမ်ထိုးပြီး (၆)လခြား ဒုတိယတကြိမ် စုစုပေါင်း (၂) ကြိမ်ထိုးနှံရန် လိုအပ်ပြီး (၂) ကြိမ်ထိုးနှံပြီးပါက (၃၀) နှစ်အထိ ရောဂါ ကာကွယ်နိုင်၊ လိုအပ်ပါက (သို့မဟုတ်) ရောဂါပိုးပြန့်နှံရာသို့ ခရီးသွားမည်ဆိုပါက booster (၁) ကြိမ်ထပ်မံထိုးနှံနိုင်ပါတယ်။

- 3)Biovac A (live attenuated vaccine ) - အသက် (၁) နှစ်အထက် မှ (၆၅) နှစ်အထိ ထိုးနှံနိုင်ပြီး (၁) ကြိမ်သာ ထိုးနှံရန်လိုအပ်ပါမည်။ ပုံမှန်အားဖြင့် booster ထိုးနှံရန် မလိုအပ်သော်လည်း လိုအပ်ပါက (သို့မဟုတ်) ရောဂါပိုးပြန့်နှံရာသို့ ခရီးသွားမည်ဆိုပါက booster (၁) ကြိမ်ထပ်မံထိုးနှံနိုင်ပါတယ်။

🎁တော်ဝင်သစ္စာဆေးခန်းမှ ကာကွယ်ဆေး အမျိုးမျိုး ကိုကြိုတင် booking ယူ၍ထိုးနှံ နိုင်ပါတယ်ရှင့်။

🎁cold chain စနစ်တကျ ဖြင့် Digital QR cards စနစ်ကြောင့် နိုင်ငံခြားသွားမည့်သူများ၊ ကျောင်းသွားတက်သူများ နှင့် သင်္ဘောသားများ ယုံကြည်စွာ ကျွန်မတို့ကာကွယ်ဆေးထိုး ဝန်ဆောင်မှုကို ရွေးချယ်နိုင်ပါတယ်ရှင့်။

-ကာကွယ်ဆေးထိုးနှံ လိုသူများ အနေနှင့် ကြိုတင် booking ယူပေးရန်လိုအပ်ပါတယ်ရှင့်။

-ဆေးစျေးနှုန်းများ နှင့် ဆေးရရှိမှုက အပြောင်းအလဲ ရှိနိုင်တာကြောင့် အသေးစိတ်ကို page cb မှာမေးမြန်းနိုင်ပါတယ်ရှင့်။

-MM FDA approved vaccine များနှင့် WHO recommended vaccine များသာအသုံးပြုထိုးနှံပေးပါတယ်ရှင့်။

💁‍♂️vaccine အမျိုးမျိုးကို cold chain စိတ်ချစွာ အိမ်တိုင်ရာရောက် ထိုးနှံခြင်း၊စသော Home Visit medical treatment and services အမျိုးမျိုးအတွက် ကျွန်မတို့ တော်ဝင်သစ္စာဆေးခန်းကြီးကို ယုံကြည်စိတ်ချစွာ appointment လုပ်နိုင်ပါတယ်ခင်ဗျာ။

🕚 မနက် (၁၀) နာရီမှ 🕖 ညနေ (၇) နာရီထိ

နေ့စဉ် ပိတ်ရက်မရှိ တိုင်ပင်ဆွေးနွေးကုသ နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့် ။🥰

🏥 လိပ်စာ- အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန် မြို့။

☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊၀၉-၉၈၈၂၄၂၆၈၄

Hot line - 09-750075214/ 095089529



#တော်ဝင်သစ္စာဆေးခန်း
#ပြန်လည်သန်စွမ်းရေးဆေးခန်း
#အထွေထွေရောဂါ





#ကာကွယ်ဆေးမျိုးစုံထိုးနှံပေးခြင်းဝန်ဆောင်မှု
#အပိုဆောင်းထိုးနှံခြင်း





#အိမ်တိုင်ရာရောက်ဆေးထိုးဝန်ဆောင်မှု
#အလုပ်အကိုင်ရှာဖွေရေး


#သင်္ဘောသား
#ဆေးစစ်ဝန်ဆောင်မှု
#ပြည်ပအလုပ်အကိုင်ရှာဖွေရေး











#ကလေးများကျန်းမာရေး
#ကလေးများအတွက်vaccine

💉‘ခွေးရူးပြန်ကာကွယ်ဆေးကို မဖြစ်မနေ ဘာကြောင့်ထိုးသင့်တာလဲ?’🐶🐱🐱🐶ခွေးလေး ကြောင်လေးတွေကို ချစ်တယ်။သူတို့နဲ့ လက်ပွန်းတတီးနေဖြ...
07/02/2025

💉‘ခွေးရူးပြန်ကာကွယ်ဆေးကို မဖြစ်မနေ ဘာကြောင့်ထိုးသင့်တာလဲ?’🐶🐱

🐱🐶ခွေးလေး ကြောင်လေးတွေကို ချစ်တယ်။သူတို့နဲ့ လက်ပွန်းတတီးနေဖြစ်တယ်ဆိုရင် သတိထားရမှာက ခွေးရူးပြန် ရောဂါ အကြောင်းပါပဲ။ ဘာမှ မဖြစ်လောက်ပါဘူးလို့ တွေးထင် နေကြပေမယ့် ရောဂါလက္ခဏာ တစ်ကြိမ် ပေါ်ပြီးတာနဲ့ သေဆုံးနိုင်သလို ဒီရောဂါကြောင့် အခုအချိန်ထိ အရွယ်မရွေး ကျားမ မရွေး သေဆုံးနေဆဲ ဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။

🦠ခွေးရူးပြန်​ရောဂါ ဆိုတာ ဘာလဲ?

🦠ခွေးရူးပြန် ရောဂါဟာ Rabies virus လို့ ခေါ်တဲ့ ခွေးရူးပြန် ရောဂါပိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွါးတာ ဖြစ်ပြီး တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ ရောဂါပိုး တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဗိုင်းရပ်စ်ဟာ ဦးနှောက်နဲ့ အာရုံကြော စနစ်ကို အဓိက ထိခိုက်နိုင်တာ ဖြစ်ပြီး ရောဂါ လက္ခဏာအားဖြင့် ပြင်းထန်သလို သေဆုံးနိုင်တဲ့ ကူးစက်ရောဂါ တမျိုး ဖြစ်ပါတယ်။

🔀ခွေးရူးပြန် ရောဂါ ဘယ်လို ကူးစက်တာလဲ?

ခွေးရူးပြန် ရောဂါဟာ ခွေး၊ ကြောင်၊ လင်းနို့ စတဲ့ တိရစ္ဆာန် တွေကနေ အဓိက ကူးစက်နိုင်ပြီး အထူးသဖြင့် လူတွေနဲ့ အထိအတွေ့ များတဲ့ ခွေး၊ ကြောင် ရဲ့ သွားရည်ကနေ ကူးစက်မှုနှုန်း အမြင့်ဆုံး ဖြစ်ပါတယ်။ ခွေး၊ ကြောင်နဲ့ လက်ပွန်းတတီးနေမိရာကနေ အကိုက်ခံရတာ၊ အကုတ်ခံရတာနဲ့ ထိုတိရစ္ဆာန် လေးတွေရဲ့ သွားရည်က မိမိရဲ့ အရေပြား ပွန်းပဲ့မှု အနာတွေကို ထိခိုက်မိရာကနေ ကူးစက်နိုင်တာဖြစ်ပါတယ်။

🪧ခွေးရူးပြန် ရောဂါရဲ့ လက္ခဏာ တွေက ဘာတွေလဲ?

ခွေးရူးပြန် ရောဂါ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုတာနဲ့ ဒီဗိုင်းရပ်စ်ဟာ ဦးနှောက်နဲ့ အာရုံကြော စနစ်ထဲကို ရောက်ရှိသွားပြီး ရက်သတ္တပတ် ဒါမှမဟုတ် နှစ်ချီ ကြာတဲ့အခါမှာ ရောဂါရဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ အာရုံကြောစနစ်ကို အဓိကထိခိုက်နိုင်ပြီး လက္ခဏာအနေနဲ့ စိတ်ရှုပ်ထွေးတာ၊ ကယောင်ကတမ်းပြောတာ၊ ရေကြောက်တာ၊ အိပ်မပျော်တာ၊ သတိလစ်မေ့မြောတာနဲ့ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလို ကြောက်စရာကောင်းတာကြောင့် ခွေးရူးပြန်ရောဂါဟာ အထူးသတိထားရမယ့် အခြေအနေတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။

🎁ခွေးရူးပြန် ရောဂါကို ဘယ်လို ကာကွယ်ကုသမလဲ?

ခွေးရူးပြန် ရောဂါကို ကုသနိုင်မယ့် ဆေး မရှိသေးပါဘူး။ ဒါ့ကြောင့်လည်း ခွေးရူးပြန် ရောဂါကြောင့် သေဆုံးမှုတွေကို မဟန့်တားနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာ တစ်ခုက ဒီရောဂါကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတော့ ရှိပါတယ်။ ခွေးရူးပြန် ကာကွယ်ဆေးမှာ ရောဂါပိုးနဲ့ မထိတွေ့ခင်မှာ ထိုးရတဲ့ PrEP (pre exposure prophylaxis) နဲ့ ရောဂါပိုးနဲ့ ထိတွေ့ပြီးမှပဲ ထိုးကြတဲ့ PEP (Post Exposure Prophylaxis) ဆိုပြီး ၂ မျိုး ရှိပါတယ်။

(၁) Pre-exposure Prophylaxis (PrEP)

PrEP ကတော့ ရောဂါပိုးနဲ့ ထိတွေ့ခြင်း မရှိသေးဘူး၊ ဒါပေမယ့် ခွေးရူးပြန် ရောဂါ ကူးစက်နိုင်ချေ များတဲ့ သူတွေမှာ ထိုးလေ့ ရှိပါတယ်။ ဥပမာအားဖြင့် ခွေး ကြောင် တိရစ္ဆာန်တွေနဲ့ တိုက်ရိုက် ထိတွေ့နေသူတွေ၊ တိရစ္ဆာန်ထိန်းသိမ်းမွေးမြူရေး ဆိုင်ရာမှာ အလုပ်လုပ်နေသူတွေ၊ လုပ်အားပေး တွေဟာ ခွေးရူးပြန် ကာကွယ်ဆေး (PrEP) ကို မဖြစ်မနေ ထိုးနှံထားသင့်ပါတယ်။ မိမိအိမ်မှာ မွေးထားတဲ့ ခွေး၊ ကြောင်လေးတွေကိုလည်း ကာကွယ်ဆေး ထိုးနှံထားနိုင်ရင် အကောင်းဆုံးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(၂) Post-exposure Prophylaxis (PEP)

PEP ကတော့ ရောဂါပိုးနဲ့ ထိတွေ့ပြီးသူ၊ ဥပမာအားဖြင့် ခွေး၊ ကြောင် အကိုက်ခံရသူတွေ အနေနဲ့ ခန္ဓာကိုယ်အတွင်း ရောဂါပိုး မပြန့်နှံခင် ကာကွယ်တဲ့ အနေနဲ့ ထိုးနှံကြတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာတော့ ဆေးကို အတတ်နိုင်ဆုံး စောနိုင်သမျှစောအောင် ထိုးနှံဖို့ အရေးကြီးတာကြောင့် ခွေး၊ ကြောင် အကိုက်ခံရခြင်း၊ ထိတွေ့မိရာကနေ သံသယရှိတယ်ဆိုတာနဲ့ ထိုးနှံရမှာ ဖြစ်ပါတယ်။

ခွေးရူးပြန် ကာကွယ်ဆေးကို ထိုးနှံခြင်းအားဖြင့် ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်တဲ့ ဆန့်ကျင်ပစ္စည်း (Antibodies) ကို ထုတ်ပေးတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက်မှာ ဗိုင်းရပ်စ်နဲ့ ထိတွေ့ ခဲ့ရင်တောင် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် ပြင်ဆင်ပြီးသား ဖြစ်တာကြောင့် ရောဂါရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကို အမြန်ဆုံး ထိုးမယ်၊မှန်မှန်ကန်ကန်လည်း ထိုးမယ်ဆိုရင် ရောဂါကို ရာနှုန်းပြည့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အထိရောက်ဆုံးကတော့ ကာကွယ်ဆေးကို ရောဂါပိုးနဲ့ ထိတွေ့ပြီးနောက် ၂၄ နာရီအတွင်း မဖြစ်မနေ ထိုးနှံဖို့ လိုပါတယ်။

ကာကွယ်ဆေးကို အကြိမ်ရေ ပြည့်အောင် မဖြစ်မနေ ထိုးနှံဖို့ အရေးကြီးသလို ပထမဆုံးအကြိမ် ဆေးကို ထိတွေ့ခဲ့ရတဲ့ ပထမဆုံးနေ့မှာ ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ ဘေးထွက််ဆိုးကျိုး အနေနဲ့ ထိုးတဲ့ နေရာမှာ အနည်းငယ် နာကျင်တာ၊ ရောင်ရမ်းတာ၊ အဖျားငွေ့ငွေ့ရှိတာ၊ ခေါင်းကိုက်တာနဲ့ မူးဝေတာလောက်ပဲ ဖြစ်နိုင်ပြီး တခြားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိနိုင်ပါဘူး။

ခွေးရူးပြန် ရောဂါဟာ ကိုက်ရာ၊ ခြစ်ရာ သေးသေးလေးကနေ အသက်ပေးရတဲ့ အခြေအနေအထိ ရောက်နိုင်တဲ့ ရောဂါဆိုးတစ်ခု ဖြစ်ပါတယ်။ ကုရာနတ္ထိ ဆေးမရှိတဲ့ ဒီခွေးရူးပြန် ရောဂါကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ အသက်ပေးနေရတာ ဖြစ်လို့ ခွေးရူးပြန် ကာကွယ်ဆေးကို ကြိုထိုးနှံခြင်း၊ ဒါမှမဟုတ် ရောဂါပိုးနဲ့ ထိတွေ့ပြီး ၂၄ နာရီအတွင်းမှာ အချိန်မှီ ကာကွယ်ဆေးထိုးနှံခြင်းကသာ ရောဂါကို ကာကွယ်နိုင်တဲ့ တစ်ခုထဲသော နည်းလမ်း ဖြစ်ကြောင်း ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်၊၊ 🐱🐱🐶🐶

အရိုးအကြောဆိုင်ရာ နာကျင်မှုတွေ သက်သာစေဖို့ တော်ဝင်သစ္စာ ဆေးခန်းကို ယုံကြည် အားထားကြပါစို့’

🏥 လိပ်စာ- အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန် မြို့။

☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊၀၉-၉၈၈၂၄၂၆၈၄

Hot line - 09-750075214/ 095089529




#အရိုးအကြောအထူးကုဆေးခန်း
#ဒူးနာရောဂါ
#တော်ဝင်သစ္စာဆေးခန်း
#ပြန်လည်သန်စွမ်းရေးဆေးခန်း
#အထွေထွေရောဂါ


#ခွေးရူးပြန်ရောဂါ
#ကာကွယ်ဆေး

Reference
https://www.cdc.gov/vaccines/hcp/vis/vis-statements/rabies.html #:~:text=I%20learn%20more%3F-,Why%20get%20vaccinated%3F,infects%20the%20central%20nervous%20system.

https://lacvets.com/blog/why-is-the-dog-rabies-vaccine-important/

https://purimedicalbali.com/3-important-reasons-why-you-should-take-rabies-vaccine/

03/02/2025

ဒူးကျီးပေါင်းနှင့် ဒူးနာဝေဒနာ အမြန်သက်သာချင်ရင်တော့ တတ်ကျွမ်းသော အကြောအဆစ်အထူးကုဆရာဝန်ကြီးများ နှင့် တိုင်ပင်ပီး တော်ဝင်သစ္စာဆေးခန်းမှာ လာရောက်အမြန်ဆုံးကုသမှုခံယူ လိုက်ပါရှင့်။🔷🔹

🏥 လိပ်စာ- အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန် မြို့။

☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊၀၉-၉၈၈၂၄၂၆၈၄

Happy Chinese New Year🧧Gong Xi Fa Chai🧧ယနေ့ကျရောက်သော မင်္ဂလာ တရုတ်နှစ်သစ်ကူး (🐍နှစ်ကူး) အချိန်မှစ၍ မိဘပြည်သူအားလုံးစိတ်...
29/01/2025

Happy Chinese New Year

🧧Gong Xi Fa Chai🧧

ယနေ့ကျရောက်သော မင်္ဂလာ တရုတ်နှစ်သစ်ကူး (🐍နှစ်ကူး) အချိန်မှစ၍ မိဘပြည်သူအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကံကောင်းခြင်း ၊ပျော်ရွှင်ခြင်းများ
ပိုင်ဆိုင်နိုင်ပါစေကြောင်း တော်ဝင်သစ္စာဆေးခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။


20/01/2025

ဒူးနာဝေဒနာ အမြန်သက်သာချင်ရင်တော့ တတ်ကျွမ်းသော အကြောအဆစ်အထူးကုဆရာဝန်များ နှင့် တိုင်ပင်ပီး တော်ဝင်သစ္စာဆေးခန်းမှာ လာရောက်အမြန်ဆုံးကုသမှုခံယူ လိုက်ပါရှင့်။🔷🔹

🏥 လိပ်စာ- အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန် မြို့။

☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊၀၉-၉၈၈၂၄၂၆၈၄

Address

No(267/273), ShweBonThar Street, Pabaden Township
Yangon
PO11131

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959750075214

Alerts

Be the first to know and let us send you an email when Taw Win Thitsar clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Taw Win Thitsar clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category