14/04/2025
နှလုံးရောဂါဝေဒနာရှင်လေးမဖြိုးဖြူဖြူဇော် အားမြိတ်မြို့ ကျွဲကူးတော့ရကျောင်းနှင့်ရန်ကုန်မြို့တွင်ကုသပေးခဲ့ခြင်း
တနသ်ာရီတိုင်းမြိတ်မြို့ကျွဲကူးတောရကျောင်းရှိသက်တော်ရှည်ဆရာတော်ဘုရားကြီး အား အခါအားလျှော်စွာသွားရောက်ပြုစုကုပေးခဲ့ပါတယ်. ဆရာတော်ဘုရားကျောင်းကိုရောက်လာကြတဲ့ယောဂီများထဲမှ ဝေဒနာရှင်များကလဲ ကျွန်တော့်ကိုတွေ့တယ်ဆို အလုအယက် လာရောက်ကုသလေ့ရှိကြပါတယ်.
ကျွန်တော်ကလဲ အယုတ်အလတ် အမြတ်မရွေးဘဲ ကုသပေးလေ့ရှိပါတယ်.
တစ်နေ့တော့ ဆရာတော်ကျောင်းသို့ ကိုဇော်မိုးလွင်ဆိုသူရောက်လာပြီးတော့ သူ့ရဲ့ သမီးငယ်လေးရဲ့နှလုံးမကောင်းလို့ရန်ကုန်မြို့ရန်ကင်းကလေးဆေးရုံသွားရောက်ပြသကုသလျှက်ရှိသော်လည်း သက်သာမှုမရှိကြောင်း သမီးမှာလမ်းပင်မလျှောက်နိုင်ကြောင်း ကျောင်းလဲမသွားနိုင်ကြောင်းအဖေ့ကိုအမြဲပင်ချီပိုးခိုင်းနေလို့ အမြဲလိုလိုချီပိုးထားရကြောင်း…
ရန်ကင်းဆေးရုံမှာလဲ သမီးငယ်ကဲ့သို့နှလုံးအထူးမကောင်းသညိ့ကလေးငယ်ဝေဒနာရှင်(၈) ယောက်ရှိနေကြောင်းအဲသည်ထဲမှာသမီးလေးက အဆိုးဆုံးဖြစ်ကြောင်း
သမီးလေးမှာဖွံ့ဖြိုးမှုလည်းအားနည်းနေကြောင်း
ဒါကြောင့်သမီးလေးရဲ့အသက်ကိုကယ်တင်ပေးဘို့
အသက်ရှည်ရှည်နေထိုင်ရဘို့ စောင့်ရှောက်ပေးဘို့
စသည် စသည် ဖြင့်ပြောဆိုလာခဲ့ပါတယ်.
ကျွန်တော်ကလည်း လူမရွေး နေရာမရွေး အချိန်မရွေး ကုသပေးတတ်သူဆိုတော့ မြိတ်ကျွဲကူးကျောင်း မြိတ်နေအိမ်
ရန်ကုန်နေအိမ်များသို့ရောက်လာသူကိုဇော်မိုးလွင်တို့သားအဖကိုကုသပေးထားခဲ့ရာအခုတော့ အသက်(၁၅) အရွယ်ရှိအပျိုလေး အဖြစ်ကိုယ်ရောစိတ်ပါကျန်းမာချမိးသာစွာဖြင့်နေထိုင်လျက်ရှိနေပါသည်ခင်ဗျား