Tat Lan

Tat Lan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tat Lan, Medical and health, Yangon.

အူတွေ (Intestines) ဆေးကြရအောင် အူတွေဆေးခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်းကြောင်းနဲ့ လူ့...
30/11/2025

အူတွေ (Intestines) ဆေးကြရအောင်

အူတွေဆေးခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်းကြောင်းနဲ့ လူ့ကျန်းမာရေးကတိုက်ရိုက်ပတ်သက်နေလို့ ဖြစ်ပါတယ်။ ပြီးတော့အူတွေဟာဒုတိယဦးနှောက်လည်းဖြစ်တယ်။ ဦးနှောက်နဲ့အူတွေကို အာရုံကြောတွေနဲ့ဆက်ထားပြီး ခန္ဓာကိုယ်အတွက်အလုပ်တွေအများကြီးလုပ်ပါတယ်။ ဒါကြောင့်အူတွေ သန့်ရှင်းနေဖို့ လိုပါတယ်။

အူဆေးဖို့ အသုံးပြုမှာကတော့ မုန်လာဥဖြူ ဖြစ်ပါတယ်။ သဘာဝကြီးရဲ့လက်ဆောင်ဖြစ်တဲ့ မုန်လာဥဖြူနဲ့ အူဆေးကြမယ်။ မုန်လာဥဖြူမှာ Fibre အမျှင်ဓါတ်တွေ အများကြီးပါတယ်။ အဲဒီ fibre အမျှင်ဓါတ်တွေက အူအတွင်းနံရံမှာရှိနေတဲ့ မစင်ဂျိုးတွေကအစ အညစ်အကြေးတွေအားလုံးကို တိုက်ချွတ်ဆေးကြောပေးပါတယ်။

စျေးကနေ မုန်လာဥလှလှလေးတွေ ဝယ်မယ်။ ကျောက်ဆားလေးနဲနဲထည့်ပြီးပြုတ်လိုက်မယ်*။ အကြာကြီးပြုတ်စရာမလိုဘူး။ အူဆေးဖို့အတွက် စနေနေ့နေ့လယ်စာစားပြီးနောက်မှာ တခြားဘာမှမစားဘဲမုန်လာဥပြုတ်၁မျိုးပဲ စားရမယ်။ကြိုက်သလောက်စားပါ၊ ဗိုက်ဝအောင်သာစား၊ ဗိုက်ဆာလာတိုင်းစား။ ညအိပ်ယာမဝင်ခင်အထိဆာတိုင်း စားလို့ရပါတယ်။ စားလို့လည်းတော်တော်ကောင်းတယ်။ ရေငတ်လည်းပြေတယ်၊ စားရတာအတော်ကျေနပ်စရာကောင်းပါတယ်။နောက်နေ့မနက် အိပ်ယာထရင် ရေ၁လီတာ သောက်ရမယ်။ပြီးရင်တော့ဝမ်းဗိုက်ထဲကအစာဟောင်းတွေ ရှောရှောရှူရှူ အကုန်ထွက်သွားလိမ့်မယ်။

မုန်လာဥနဲ့အူဆေးခြင်းဟာ အူလမ်းကြောင်းသာမက ကျောက်ကပ်ကိုလည်းသန့်ရှင်းစေပါတယ်။ကျောက်ကပ်သန့်ရှင်းဖို့အတွက် မုန်လာဥပြုတ်စားရင်းရေပိုသောက်ပေးဖို့လည်း လိုပါတယ်။

အူတွေသန့်ရှင်းသွားရင်သွေးလည်းသန့်သွားပါတယ်။ ဘာလို့လဲဆိုရင်သွေးဆိုတာအူတွေကနေစတင်ဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။ သွေးသန့်ရင်ရောဂါကင်းတယ်။ ရောဂါတွေကသွေးထဲမှာရှိနေတော့သွေးသန့်တာနဲ့အမျှ ရောဂါဖြစ်ဖို့ရာနှုန်း နည်းသွားပါတယ်။

အူဆေးပြီးလို့ အူသန့်သွားတာနဲ့လူကပေါ့ပါး လန်းဆန်းသွားလိမ့်မယ်။ ကျန်းမာဖို့အတွက်အူသန့်ဖို့က အဓိကပဲ။ ထမင်းစားရတာလည်းအရသာရှိလာမယ်၊ရေသောက်လို့လည်းကောင်းတယ်၊အလုပ်လုပ်လို့သိပ်ကောင်းတယ်၊ဥာဏ်ရည်ဥာဏ်သွေးတွေ ထက်လာတယ်၊ အိပ်လို့လည်း ကောင်းလာတယ်၊ အစာအိမ်ရောဂါရှိရင်လည်း သက်သာသွားမယ်၊ ခေါင်းကိုက်တာတွေလည်း သက်သာသွားမယ်၊ ညောင်းညာကိုက်ခဲတာတွေလည်းပျောက်သွားမယ်၊ အစာမကြေလေထိုးလေအောင့်တွေလည်းပျောက်သွားမယ်၊ ရုပ်ရည်ပါနုပျိုလန်းဆန်းလာပါလိမ့်မယ်။

တနင်္ဂနေ့မနက်မှာတော့အူဆေးခြင်းကိစ္စပြီးပါပြီ။ ၂၄နာရီ fasting လုပ်ချင်တဲ့သူတွေဆက်လုပ်နိုင်ကြပါတယ်။ Detoxပါဆက်လုပ်ချင်တယ်ဆိုရင်တော့ညဘက်မှာ သံလွင်ဆီပေါင်းစပ်ရည်သောက်လိုက်ရုံပါပဲ။ ဒါကြောင့်အူဆေးလိုသူများ, fasting လုပ်လိုသူများ, Detox ပါလုပ်လိုသူများ၊၂မျိုးလုပ်ချင်သူများ၊ ၃မျိုးလုပ်ချင်သူများ မိမိတို့စိတ်ကြိုက် လုပ်နိုင်ကြပါပြီ။

*ကျောက်ဆား ...
အိန္ဒိယကလာတဲ့ ပန်းရောင်ဆားကို ကျောက်ဆားလို့ ခေါ်ပါတယ်၊ City Mart မှာ ရပါတယ်၊ ဟိမဝန္တာဆားလို့လည်း ခေါ်ပါတယ်၊ ပန်းရောင်ဆားပါ။ မရရင် အိမ်သုံးဆားကို လှော်ပြီး သုံးလို့လည်း ရပါသည်။

မူရင်းရေးသားသူကို Credit ပေးပါတယ်
ပြန်လည်မျှဝေပါသည်။
#ကျန်းမာရေးဗဟုသုတရကြပါစေ #သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ်

သွေးတိုးကျစေရုံသာမက ဆီးချိုပါထိန်းပေးတဲ့ စောင်းလျားသီး🥰၁။ အူမကြီး ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်းစောင်းလျားသီးမှာပါတဲ့ဓာတ...
30/10/2025

သွေးတိုးကျစေရုံသာမက ဆီးချိုပါ
ထိန်းပေးတဲ့ စောင်းလျားသီး🥰

၁။ အူမကြီး ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

စောင်းလျားသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက ကင်ဆာရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဆေးသိပ္ပံလေ့လာမှုတွေအရ စောင်းလျားသီးမှာပါတဲ့ အမျှင်ဓာတ်က အစာအိမ်အူလမ်းကြောင်းက အဆိပ်အတောက်တွေကို နည်းပါးစေကာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

၂။အရောင်ကျစေခြင်း

စောင်းလျားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေနဲ့Flavonoids တွေကြောင့်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အထူးသဖြင့်အရေပြား ရောင်ရမ်းလူနာတွေ စားသင့်ပါတယ်။ ဒါ့အပြင် စောင်းလျားသီးမှာ ဗီတာမင်စီ များစွာပါတာမို့ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။

၃။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ်ပါတာမို့ သွေးတိုးကို ထိန်းညှီကာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၄။နို့တိုက်မိခင်တွေ စားသင့် စောင်းလျားသီးစားတဲ့ နို့တိုက်မိခင်တွေမှာ နို့ပိုထွက်ဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။

၅။အလေးချိန်ကျစေခြင်း

စောင်းလျားသီးမှာ ကယ်လိုရီ၊ ကာဗွန်ဟိုက်ဒြိတ် နည်းပါးပြီး အမျှင်နဲ့ အာဟာရဓာတ်များစွာပါဝင်တာမို့ ခန္ဓာကိုယ်ရဲ့ အစာခြေချက်မှုကို အားပေးကာ ဝိတ်ကျစေနိုင်ပါတယ်။

၆။ကိုယ်ခံအား ကောင်းစေခြင်း

စောင်းလျားသီးမှာ ဗီတာမင်စီပါဝင်မှုများတာမို့ ပုံမှန်စားရင် ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ အလွယ်တကူဝင်လို့ မရတော့ပါဘူး။

၇။ သွေးပေါင်ထိန်းညှီပေးခြင်း

စောင်းလျားသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ် ဓာတ်တွေက နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးတ.ာတွေကို ကာကွယ်ပေးပါတယ်။

၈။ အစာကြေ၊ဝမ်းမှန်စေခြင်း

စောင်းလျားသီးမှာ အမျှင်ဓာတ်များစွာပါတာမို့ ပုံမှန်စားရင် လေပွခြင်း၊ ဝမ်းချုပ်ခြင်းမှာကင်းဝေးစေမှာပါ။

၉။ဆီးချိုကို ထိန်းညှီပေးခြင်း

စောင်းလျားသီးမှာ အမျှင်ဓာတ်နဲ့ တခြား ဓာတ်တွေ များစွာပါတာမို့ ဆီးချိုသမားတွေ ဆီးချို တက်နေရင် နေ့စဉ် တလုံး ပုံမှန် စားသင့်ပါတယ်။

၁၀။ အဆီဓာတ်ကို ချပေးခြင်း

စောင်းလျားသီး ပုံမှန်စားရင်ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အဆီ LDLကို ချပေးပြီး ကောင်းတဲ့ အဆီ HDLကို တက်စေပါတယ်။ အသည်းအဆီဖုံးရောဂါကို လျော့ပါးစေတယ်လို့ ကြွက်တွေနဲ့ လေ့လာထားမှုအရ သိရပါတယ်။

၁၁။ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း စောင်းလျားသီးက ဆီးသွားများစေပါတယ်။ ခန္ဓာကိုယ်ထဲ ပိုနေတဲ့ ဆိုဒီယမ်ဓာတ်တွေကို ဆီးထဲ ပါကာ သန့်စင်ပေးနိုင်ပါတယ်။

၁၂။လည်ချောင်းနာခြင်းကို သက်သာစေခြင်း

စောင်းလျားသီးမှာ အရောင်ကျစေတဲ့ အာနိသင်ရှိတာမို့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ တံတွေးပိုမိုထွက်စေကာ မကောင်းတဲ့ ပိုးမွှားတွေကို နည်းပါးစေပါတယ်။

၁၃။အိပ်ရေးဝစေခြင်း စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်၀စွာပါ၀င်ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

၁၄။မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း ဗီတာမင်အေ ကြွယ်၀စွာပါ၀င်လို့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဆေးဖက်အဖြစ်အသုံးပြုပုံ

စောင်းလျားသီးမှ ဖျော်ရည် (သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့် ချက်စားက ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့် သည်းခြေ အိတ်တို့တွင် ကျောက်တည်ခြင်း တို့ကို သက်သာ ပျောက်ကင်း စေပါသည်။

စောင်းလျားသီးကို စားပေးခြင်းဖြင့် ဆီးရောဂါ၊ ဝမ်းရောဂါ၊ သည်းခြေ၊ ကျောက်ကပ် စတဲ့ရောဂါများကို ကာကွယ်ပေးပါတယ်။

ဆီးချိုရောဂါရှိသူများ စောင်းလျားသီးအစိမ်းကို ငါးပြေမ သို့မဟုတ် အခြားငါးများနဲ့ ဓါတ်စာအဖြစ် မကြာခဏ ချက်စားပါ။ ရောဂါကို ထိန်းပေးနိုင်ပါတယ်။

အသီးမှည့်ကို စားပေးခြင်းဖြင့် ဝမ်းချုပ် ရောဂါ၊ ရေငတ် ရောဂါ ပျောက်ကင်းစေသည်။

စောင်းလျားသီးမှည့်ကို သကြားနှင့် စားပါက အော့အန်ခြင်း၊ အစာမကြေခြင်းကို ပျောက်ကင်းစေသည်။

စောင်းလျားသီးမှည့် ရှာလပတ်ရည် သောက်ပေးပါက အဖျားကို ပျောက်စေသည်။

စောင်းလျားသီးကို အခြား ဟင်းလျာများနှင့် ချက်၍ စားပါက နှုတ်ကို မြိန်စေသည်။

အတွင်း လိပ်ခေါင်း ရောဂါ အတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။

စောင်းလျားသီးကို ချဉ်ရည်ဟင်း ချက်စား ပေးပါက ဆီးနှင့်ဝမ်း ကို မှန်စေသည်။

နှုတ်မမြိန်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ အစာမကြေခြင်း ဖြစ်လျှင် စောင်းလျားသီး အစိမ်းကို ပါးပါးလှီး၍ ငါးနှင့် ချက်စားခြင်းဖြင့် ပျောက်နိုင်သည်။

ရင်ဘတ်နာ၊ လေနာ၊ မီးယပ် ဝမ်းပျက်၊ အသံပျက် ရောဂါများအတွက် စောင်းလျားသီးမှည့် ၂၀ လုံး၊ သကြား ၅ ကျပ်သား၊ ပျားရည် ၁၂ ကျပ်ခွဲသား၊ စမုန်စပါး၊ စမုန်နီ၊ စမုန်ဖြူ၊ စမြိတ်မှုန့် ၂ ပဲစီ ထည့်၍ မွှေပြီး ၁၀ ရက်ခန့် ထားပါ။ ထို့နောက် ည၊ နံနက် ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျ သောက်ပေးခြင်းဖြင့် အဆိုပါ ရောဂါများကို သက်သာ ပျောက်ကင်း စေနိုင်ပါသည်။

—————————————————————————–———

စောင်းလျားသီး
°••••••°
အရှေ့တောင်အာရှ နိုင်ငံအနှံပေါက်ရောက်သည်။ အစား စားချင်စိတ်ကို ဖြစ်ပေါ်စေ -
သည် ကျန်းမာရေးအတွက် အထာက်အကူပြုသော အသီးဖြစ်သည်။

စောင်းလျားသီးတွင် သံဓာတ် , ဗီတာမင်အေ , ဗီတာမင် စီ , အများအပြားပါဝင်ပြီး
အဆီ ဓာတ် လုံးဝ မပါဝင်ပါ။

သတိပြုရန်အချက်

တွဲဖက်မစားရ

★ ) - စောင်းလျားသီးနဲ့ တွဲဖက်မစားသင့်သော အစာ - ငုံသား / နို့ရည် / ရှောက်သီး

ဆေးဖက်ဝင်ခြင်း

၁) ကိုယ်အလေးချိန် ထိန်းပေးနိုင်ခြင်း

အရသာမှာ ချို ချဉ်. ချိုချဉ် ဖြစ်ပြီး ကယ်လိုရီ ၃၃ နဲ့ အဆီ 0.48 ဂရမ်ထက် မပိုပါ -
ကိုယ်အလေးချိန် ထိန်းပေး လိုသူတွေအတွက် အဆင်ပြေသည်။

၂ ) - ရေကျောက်ကို သက်သာစေခြင်း

ကလေးတွေမှာ ဖြစ်တတ်တဲ့ ရေကျောက်နဲ့ ဝက်သက် နာတိုအတွက် စောင်းလျားရွက်နဲ့
အမြစ်ကို ပြုတ်ပြီး ရလာသည့်အနှစ်ရည်ကို လိမ်းပေးလျှင် သက်သာစေသည်။

၃ ) - အရေပြား ကျန်းမာစေခြင်း

စောင်းလျားရွက်က အရေပြားယားယံခြင်း စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းကို သပ်သာစေပြီး
သွေးထွက်တာကို ရပ်တန့်စေပါသည်။

၄ ) - ဝမ်းမှန်စေခြင်း

အမျှင် ပါဝင်မူမြင့်မားတဲ့ စောင်းလျားသီးအမှည့်မှာ အစာချေစနစ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

စောင်းလျားသီးကို ချဉ်ရည်ဟင်း ချက်စားပါက ဆီး ဝမ်းကို မှန်စေသသည်။ အတွင်းလိပ်ခေါင်းအတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။

၅ ) - သွေးလှည့်ပတ်မူကို ကောင်းစေခြင်း

စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ် မြင့်မားစွာ ပါဝင်ခြင်းကြောင့် ကြွက်တက်ခြင်း
မဖြစ်စေသလို ကြွက်သား တစ်သျူးတွေထဲမှာ သွေးလှည့်ပတ်ခြင်းကို ကောင်းစေသည်။

၆ ) - အူလမ်းကြောင်း ကျန်းမာစေခြင်း

စောင်းလျားသီးမှာ Tannin တန်နင် မြင့်မားစွာ ပါဝင်တာကြောင့် ဝမ်းလျောတာကို ကုသပေးနိုင်သလို အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ရှင်းလင်းပေးပါသည်။

၇ ) - လည်ချောင်းနာခြင်း အရက်နာကျခြင်း

ရင်အေးစေသည့်အစာအဖြစ် တရုတ်လူမျိုးတွေက ယုံကြည်ထားပြီး လည်ချောင်းနာနဲ့
အရက်နာကျခြင်းအတွက် သက်သာစေတယ်ဟု သတ်မှတ်ထားသည်။

၈ ) - နှလုံးသွေးကြော ကျန်းမာစေခြင်း

စောင်းလျားသီးမှာ အစွမ်းထက် အင်တီအောက်စီဒင့်တစ်မျိုးဖြစ်တဲ့ ပိုလီဖီနှော ပါဝင်မူ
များတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောင်ရမ်းမူများကို လျော့ကျစေပါတယ်။

၉ ) - ကိုယ်ဝန်ဆောင်သည်များ စိတ်ချစွာစားလို့ရခြင်း

ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သဖြင့်ကိုယ်ဝန်ဆောင်သည်များ ကျန်းမာရေးကို အထောက်
အကူပြုသည် - ကြွက်တက်ခြင်းကို ကာကွယ်ပေးသည် - ဟော်မုန်းများကို ထိန်းညှိပေး
ပြီး စိတ်ဖိစီးခြင်းကို လျော့ကျစေသည်။

၁၀ ) - ခေါင်းကိုက် ဖျားနာခြင်း

'စောင်းလျားသီးအမှည့်ကို ဖျော်ရည်လုပ်သောက်ခြင်းဖြင့် ခေါင်းကိုက် , ဖျားနာ, တုတ်ကွေး. သွေးတိုး ချောင်းဆိုးခြင်းကို သက်သာစေပါသည်။

၁၁ ) - မိခင်နို့ အထွက်များခြင်း

နို့တိုက်မိခင်တွေ စောင်းလျားသီးမှည့်စားခြင်းဖြင့် နို့ထွက်နူန်း များစေသည်ဟု ယူဆ
ကြသည်။

၁၂) - အစာမကြေ ခြင်း

စောင်းလျားသီးအမှည့်ကို သကြားနဲ့ စားပါက အစာမကြေ အော့အန်ခြင်း ပျောက်ကင်း
စေသည်။

၁၃ ) - ကျောက်ကပ်ကျောက်တည်ခြင်း

စောင်းလျားသီးကို ငါးပြေမနဲ့ ချက်စားပါက ကျောက်ကပ် , ဆီးအိမ် နှင့် သည်းခြေ တို့
တွင် ကျောက်တည်ခြင်းကို ပျောက်ကင်းစေသည်။

၁၄ ) - ခံတွင်းပျက်ခြင်း

စောင်းလျားသီး အစိမ်းကို ငါးနဲ့ချက်စားခြင်းဖြင့် အစာမကြေ နူတ်မမြိန်ခြင်း အစားအ
သောက်ပျက်ခြင်း တို့ကို ပျောက်ကင်းစေသည်။

၁၅ ) - ဆီးချိုရောဂါ သက်သာစေခြင်း

စောင်းလျားသီး အစိမ်း အချဉ်သီးနှင့် မိမိကြိုက်ရာငါး တမျိုးမျိုးနဲ့ ချက်စားခြင်းဖြင့် သက်
သာပျောက်ကင်းစေနိုင်သည်။

၁၆ ) - မျက်လုံးကျန်းမာရေး

ဗီတာမင်အေ ပါဝင်သဖြင့် မျက်လုံးရောဂါ ကူးစက်မူများကာကွယ်ပေးပြီး မျက်စိ ကျန်းမာရေးကို အထောက်အကူပြုသည်။
Crd to original writer 🤍🤍
#ကျန်းမာရေး #သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ်

ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲကသင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်ရဲ...
29/10/2025

ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။
ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲက
သင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်ရဲယိုပင်ကိုသာ ရွေးချယ်လိုက်ပါတဲ့။

မိမိအိမ်ရဲ့ မြေမှာ
အနည်းဆုံး ရဲယိုပင် တစ်ပင် စိုက်လိုက်ပါ။

တိုက်ခန်း, ကွန်ဒိုနဲ့
နေတဲ့သူများကတော့
ပန်းအိုးတစ်အိုး နဲ့ စိုက်လိုက်ပါ။

ဒါမှသာ ရဲယိုရွက်လေးတွေ
ထွက်လာတာ မြင်နေရမှ
ရဲယိုရွက်ကို စားဖို့ မမေ့မှာပါ။

တစ်ကယ်လို့ အကြောင်း အမျိုးမျိုးကြောင့်
မစိုက်ဖြစ်ကြဘူး ဆိုရင်လည်း

ရဲယိုရွက်ကို ချက်စားကြဖို့
စေတနာ အရင်းခံနဲ့ တိုက်တွန်းပါတယ်။

ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်း

ရဲယိုရွက် ဘဲဥ အချပ်လိုက်ကြော်

ရဲယိုရွက် ငါးဘတ်မွှေ

ရဲယိုရွက် ငါးခူဟင်း

ရဲယိုရွက် ကြက်ဥမွှေကြော်

ရဲယိုရွက်ကြော်

ရဲယိုရွက် ကြက်ကြော်သုပ်

ရဲယိုရွက် ငါးခူစင်းကော

ရဲယိုရွက် ကြက်သားဟင်း

ကျန်းမာရေးအတွက် ကောင်းလွန်းလို့
ထပ်ချက်စားတဲ့ ရဲယိုရွက်

အသစ် ဟင်းလျှာတွေကို
ထပ်ထပ်ပြီး ဖြည့်ပေးသွားပါမယ်။

အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ။

Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ

ရဲယို နဲ့ ကျန်းမာရေး
**********

အစားအစာတိုင်းက
အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။

ခန္ဓာကိုယ်အတွက်
ကျန်းမာရေး အကျိုးကျေးဇူးတွေ
အများကြီးရစေတာပါ။

ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊

ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး
စားလို့ရသလို

ရဲယိုသီးကိုလည်း
ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။

ရဲယိုပင်က
တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။

ရဲယို က
ဘယ်လိုများဆေးဖက်ဝင်တာလဲ

ရဲယိုသီးရော ရဲယိုရွက်ကပါ
ကျန်းမာရေးအကျိုးကျေးဇူး
တော်တော်လေးများပါတယ်။

သက်ကြီးရွယ်အိုတွေအတွက်ရော

လူငယ်တွေအတွက်ပါ
အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။

ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး
အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။

ရှေးယခင်ကာလတွေကတည်းက
အရေပြားအတွက်ဆေးအဖြစ်

အသုံးပြုခဲ့ကြပါတယ်။

အသီးနဲ့ အရွက်တင် မကပါဘူး။
အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း
ဆေးဖက်ဝင်ပါသေးတယ်။

ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ

ရဲယိုရွက်၊ ရဲယိုသီးတို့မှာ
ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊

ဗီတာမင် A၊ ဗီတာမင် C နဲ့
သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။

ဒါတွေအပြင်
ကင်ဆာ နဲ့ နှလုံးရောဂါတွေကို

ကာကွယ်ပေးနိုင်တဲ့
ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း
ပါဝင်နေပါသေးတယ်။

အစာလည်းဆေး၊
ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို

အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။
မကြိုက်တဲ့သူတွေအတွက်တော့

အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။
ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။

ရဲယိုရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများကတော့

အကိုက်အခဲပျောက်စေတယ်

ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်
အကိုက်အခဲပျောက်ပင်လို့တောင်
ခေါ်ကြတာမျိုးရှိပါတယ်။

လေ့လာမှုတွေအရ ရဲယိုပင်က
အကိုက်အခဲပျောက်စေနိုင်ပြီး

လေးဖက်နာ ဝေဒနာနဲ့
အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို
သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်။


ကိုယ်ခံအားကောင်းစေဖို့
အထောက်အကူပြုပေးပါတယ်။

ဘက်တီးရီးယားတွေ

အန္တရာယ်ကနေ ကာကွယ်ပေးသလို
တုပ်ကွေးလိုမျိုး

ကူးစက်တတ်တဲ့ ရောဂါတွေကနေ
ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ပျော်စေတယ်။

ရဲယိုသီး နဲ့ ရဲယိုရွက်က
ဆီရိုတိုနင်ဟော်မုန်းနဲ့
မယ်လ်လာတိုနင်ဟော်မုန်းတွေကို
လှုံ့ဆော်ပေးပါတယ်။

စိတ်ခံစားမှု ကောင်းမွန်စေပြီး

စိတ်ဓာတ်မကျစေဖို့နဲ့
အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို
လှုံ့ဆော်ပေးမှတော့

စိတ်ဓာတ်ကျမှာ
အိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။

အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။

ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့

ဂုဏ်သတ္တိတွေက
အသားအရေကို နုပျိုစေပြီး

ဆံသားကို သန်စွမ်းစေနိုင်သလို
ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။


ကင်ဆာကာကွယ်ပေးနိုင်တယ်

ရဲယို ရွက် နဲ့ ရဲယိုသီးတွေက
နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင်
လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။

ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို
တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို

ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း
ဟန့်တားပေးနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်

phytonutrients ပါဝင်နေသလို
ဗီတာမင် C နဲ့ ဆီလီနီယမ်တို့

ပါဝင်နေတာကြောင့်
သွေးကြောနံရံတွေကို

Free Radical တွေကြောင့်
ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ်ပါဝင်မှုကြောင့်

သွေးတိုးကျစေနိုင်ပါတယ်။
နောက်ထပ်အာနိသင်တစ်ခုက

သွေးကြောတွေကို ပြေလျော့စေတာပါ။

သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။

သွေးတွင်းက အကျိုးမပြုတဲ့
ကိုလက်စထရောတွေကို ကျဆင်းစေပြီး

သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ဉာဏ်ကောင်းစေနိုင်တယ်

သွေးတွင်းကိုလက်စထရောကို

ကျဆင်းစေနိုင်ပြီး
သွေးကြောတွေထဲမှာ

သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့်
ဦးနှောက်ထဲကို

သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး
ဦးနှောက်ကို ကျန်းမာစေနိုင်သလို
မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။

ဝမ်းမှန်စေနိုင်တယ်

ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ

ပါဝင်နေတာကြောင့်
အူတွေအတွင်းမှာ

စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး
ဝမ်းမှန်စေနိုင်ပါတယ်။

အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို
ထောက်ပံ့ပေးပါတယ်။

ဒါတွေအပြင်

ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့

ဓာတ်တွေက
ကျန်းမာရေးကို တော်တော်လေး

အထောက်အကူပြုပေးတာပါ။

လေနာရောဂါ၊

အတက်ရောဂါတွေကို သက်သာစေနိုင်သလို
ချောင်းဆိုးပျောက်စေပါတယ်။

ဆီးချိုအတွက် အသုံးတည့်သလို

ဆီးသွားရင် နာကျင်တာ၊

အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့

ကင်ဆာကာကွယ်ဖို့နဲ့

လေမဖြတ်အောင်
ကာကွယ်ဖို့အတွက်လည်း

အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။

ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း
စားသုံးပေးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ

Crd original writer 🤍🤍
#ကျန်းမာရေးဗဟုသုတအနေဖြင့်ပြန်လည်မျှဝေတာဖြစ်ပါတယ် #ကျန်းမာရေးဗဟုသုတရကြပါစေ

ဆားငွေ့  ရှူ နည်း(ပြန်လည်တင်ပြခြင်း)တစ်ဆောင်းတွင်းလုံးနှာစေးနေခဲ့ရင်။ လူရှေ့သူရှေ့မရှောင်နှာရည်ကျ၊နှပ်တရှုံ့ရှုံ့ဖြစ်နေခ...
17/10/2025

ဆားငွေ့ ရှူ နည်း
(ပြန်လည်တင်ပြခြင်း)

တစ်ဆောင်းတွင်းလုံးနှာစေးနေခဲ့ရင်။ လူရှေ့သူရှေ့မရှောင်နှာရည်ကျ၊နှပ်တရှုံ့ရှုံ့ဖြစ်နေခဲ့ရင်အလွယ်တကူနဲ့သက်သာစေနိုင်တဲ့နည်းလမ်းကတော့ဆားငွေ့ရှူ တဲ့နည်းပါဘဲ။

ငွေမကုန်ပဲသက်သာစေမဲ့ မီးဖိုချောင်ကဆေးနည်းလေးပါ။

ပြုလုပ်ပုံကတော့ ဟင်းရည်သောက်ကြွေပန်းကန်လုံးထဲမှာပရုပ်ဆီအနည်းငယ်သုပ်လိုက်ပါ။
ပြီးရင်ဆား၊ဟင်းစားဇွန်းနဲ့၃ဇွန်းထည့်ပါ။
ဆူပြီးသားရေနွေးသို့မဟုတ်ဓာတ်ဘူးထဲကရေနွေးပူပူလောင်းထည့်ပါ။

တက်လာတဲ့ ဆားအငွေ့ကို
ဦးခေါင်းမှာတဘက်ပုဝါတစ်ထည်ခြုံပြီးကြွေပန်းကန်ထဲကတက်လာတဲ့အငွေ့ကိုရှူပေးပါ။သေချာအငွေ့နှာခေါင်းထဲရောက်အောင်ရှူပေးပါ။
ပင်လယ်ထဲကဆားငွေ့လေရှူ သလိုမျိုးအကျိုးခံစားရပါလိမ့်မယ်။

ဆားငွေ့ဟာအဆုတ်ကျန်းမာရေးကိုကောင်းစေပါတယ်။နှာစေးတဲ့အရည်ထွက်ကျခြင်းကိုလည်းထိန်းစေပါတယ်။

လေရှူပြွန်ရောင်ခြင်းကိုလည်းသက်သာစေတဲ့အပြင်ပိုးများကပ်တွယ်ပေါက်ဖွားခြင်းမှလည်းဟန့်တားကာကွယ်နိုင်ပါတယ်။

ဒါကြောင့်ငွေကုန်ကြေးကျနည်းပြီးဆေးရုံဆေးခန်းသွားစရာမလိုဘဲဒီနည်းကိုနေ့စဉ်မှန်မှန်ဆောင်ရွက်ခြင်းဖြင့်အဆုတ်အအေးပတ်နှာစေး။ထိပ်ကပ်နာဖြစ်ခြင်များမှကာကွယ်ပေးနိုင်ကြောင်းတင်ပြလိုက်ပါတယ်။

လေဖြတ်ပြီးအိပ်ယာထဲလှဲနေရတဲ့မိဘများကိုလည်း ဒီနည်းဖြင့် ဆားငွေ့ရှူပေးခြင်းဖြင့် အဆုပ်ပွ၊ ချွဲဆိုက်ခြင်းဘေးမှကာကွယ်စေနိုင်ပါတယ်။
လေဖြတ်သူများကိုအဂ်လိပ်ဆေးတိုက်ရုံနဲ့ပစ်မထားကြပါနဲ့။ သူတို့အဆုတ်မပွအောင်ဂရုစိုက်ကြပါ။ဆားငွေ့ရှူပေးပါ၊ မနက်နေရောင်ခြည်လည်းပြပေးပါ။

ကြည်လွင်မြင့်(မုဒြာ)
မူရင်းတင်ဆရာကြီးအား လေးစားပူဇော်လျက်

Crd

အထူးဂရုစိုက်ကြပါ ဒီနေ့ လိုင်းပေါ်မှာအဲ့အကောင်သောင်းကျန်းလို့ တော်တော်ဆိုးဆိုးဖြစ်နေပါတယ် ❗️ဆောင်းရာသီမှာ အဖြစ်များတဲ့ မီ...
06/10/2025

အထူးဂရုစိုက်ကြပါ ဒီနေ့ လိုင်းပေါ်မှာအဲ့အကောင်သောင်းကျန်းလို့ တော်တော်ဆိုးဆိုးဖြစ်နေပါတယ် ❗️
ဆောင်းရာသီမှာ အဖြစ်များတဲ့ မီးပိုးကောင်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ❓

လတ်တလော ကာလအတွင်းမှာ မီးပိုးကောင် အကိုက်ခံရပြီး ဝေဒနာခံစားရသူများ ရှိလာခဲ့ပါတယ်။

ဒါကြောင့် မီးပိုးကောင် ကိုက်ခံရရင် ဘာတွေပြုလုပ်သင့်သလဲ ဘယ်လိုကာကွယ်ရမလည်း တင်ပြပေးလိုက်ပါတယ်ရှင်။

စကိုက်ခံရတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?

စကိုက်ခံရပြီး ၁၂နာရီကနေ ၃၆ နာရီအတွင်းမှာ-

၁။ နီလာမယ်

၂။ မီးလောင်ထားသလို ရေကြည်ဖု ထလာမယ်

၃။ အမာရွတ်လို အဖတ်ဖတ်တွေ တက်လာနိုင်ပါတယ်

၄။ အနာကကိုက်လာမယ်

၅။ပြည်တည်မယ် စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

သက်သာဖို့ အတွက်ရော ဘာတွေလုပ်ရမလဲ?✅

၁။ အကောင်နဲ့ ထိတွေ့တဲ့နေရာကို ချက်ချင်းရေကို အသုံးပြုပြီး စင်ကြယ်အောင်ဆေးပါ

၂။ ကိုက်ခံရတဲ့ နေရာကို ရေခဲရေဝတ်နဲ့ အရောင်ကျစေဖို့ ကပ်ပါ

၃။မပွတ်မိအောင်သတိထားပါ။ အနာပြဲပြီး အမာရွတ်ကျန်တတ်ပါတယ်။

၄။ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုက်ခံရတဲ့ အရေပြား ပတ်ချာလည်ကို Steroid ပါတဲ့ လိမ်းဆေး လိမ်းပါ။ သောက်ဆေး အနေနဲ့ Antihistamine တွေ သောက်သုံးနိုင်ပါတယ်။

ပျောက်ဖို့ကြာမြင့်ချိန်ကတော့ ၁ပတ်ကနေ ၃ပတ် ကြာနိုင်ပြီး အမာရွတ်လို အဖတ်ဖတ်တွေ တက်လာပြီးမှ ပျောက်သွားပါတယ်။

ဆောင်းရာသီမှာ မီးပိုးကောင်အန္တရာယ်ကို အားလုံး ဂရုစိုက်နိုင်ကြပါစေ။ ပြန်လည်မျှဝေသွားဖို့လည်း တောင်းဆိုပါရစေ ရှင်♥️

မီးပိုးကောင်​၏အဆိပ်ကြောင့်ဖြစ်သော အရေပြားနီရဲရောင်ရမ်းနာ ‼️

ပုံမှာပြထားသလိုမျိုး ဘာကြောင့်မှန်းမသိလိုက်ဘဲ အရေပြားပေါ်မှာ ပေါ်လာတာမျိုးပါ။

ထူးဆန်းတာက တံတောင်ဆစ်လို၊ ဒကောက်ကွေးလို နေရာမျိုးဆိုရင် Mirror image လိုမျိုး ၂ဖက်ဆင်တူဖြစ်တာပါ။ Kissing lesion လို့လဲ ခေါ်ပါတယ်။

တချို့က အရေကြည်ဖုလေးတွေ တန်းစီနေလို့ ရေယုန်လို့ ထင်တတ်ကြတယ်။

တချို့ကတော့ မီးပိုးကောင်ကိုက်တာလို့ပြောလေ့ရှိကြတယ်။
တကယ်တော့ ပုံမှာပြထားတဲ့ အင်းဆက် ပိုးကောင် ကြောင့်ဖြစ်တာပါ။

ဒါပေမယ့် ပုရွက်ဆိတ်တို့ ပျားကောင်တို့လို ကိုက်လို့ တုပ်လို့ဖြစ်တာတော့မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်က ထွက်တဲ့အဆိပ်တမျိုးနဲ့ ထိမိလို့ဖြစ်တာပါ။
အဲဒီ insect ပိုးကောင်ကို Rove Beetle လို့ခေါ်ပါတယ်။ Paederin ဆိုတဲ့ Toxin (အဆိပ်) ကို ထုတ်လို့ Paederus Beetle လို့လဲခေါ်ပါတယ်။
အဲဒီ Toxin ထိမိတဲ့နေရာတွေမှာ ရေကြည်ဖု (Blister) တွေနဲ့ အရေပြားနီရဲရောင်ရမ်းတာ (Dermatitis) ကိုဖြစ်စေတာပါ။
မီးရောင်က အဲဒီပိုးကောင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆောင်းတွင်းမှာတော့ အအေးဓာတ်ကြောင့် ထွက်လာတတ်ကြတာပါ။
ပိုး​ကောင်အကြီးရဲ့ အရွယ်အစားက အရှည် 7-10 mm ဗျက် 0.5-1 mm ရှိပါတယ်။ ဦးခေါင်းက အမဲရောင်၊ ခန္ဓာကိုယ်က အနီနဲ့အနက်ကြားရောင်ပါ။
အဲဒီပိုးကောင်ကို ဖိခြေ (Crush) လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က Paederin toxin အဆိပ်ရည် ထွက်လာပြီးအရေပြားကို ထိမိတဲ့ခါ ပုံမှာပြထားသလို ဖြစ်လာတတ်ပါတယ်။
ထိပြီး ၁ရက်လောက်ကြာမှ နီရဲပြီး အရည်ကြည်ဖုတွေ ဖြစ်လာတာပါ။
အဆိပ်အနဲအများပေါ် မူတည်ပြီး နီရဲရုံကနေ အရည်ကြည်ဖုကြီးတွေ အနီစင်းကြောင်းတစ်လျောက်လုံးပေါ်တာမျိုးထိဖြစ်ပါတယ်။
ပိုးကောင်အဆိပ် ပေနေတဲ့လက်နဲ့ မျက်စိနဲ့ တခြားနေရာတွေကို ပွတ်မိကိုင်မိရင်လဲ မျက်စိရောင်တာ ထိမိတဲ့နေရာတွေပါ ရောင်ကိုင်းတာ ဖြစ်နိုင်ပါတယ်။
မော်တော်ဆိုင်ကယ်စီးတဲ့သူတွေ မျက်နှာ၊ မျက်လုံးတို့နဲ့ ပိုးကောင်ရိုက်မိရင် တော်တော်ဆိုးဝါးနိုင်ပါတယ်။
တကယ်လို့ ပိုးကောင် ခန္ဓာကိုယ်ပေါ် တက်နေတာတွေ့ရင် လက်နဲ့သွားမကိုင်ပါနဲ့။ ဖိပြီးခြေမပစ်ပါနဲ့။ အမှတ်တမဲ့ ဖိခြေမိသွားရင် ထိတဲ့နေရာနဲ့ လက်ကို ဆပ်ပြာနဲ့ ရေများများနဲ့ ဆေးပစ်ပါ။
အဝတ်အစားတွေလဲ ချွတ်ပြီးလျှော်ပစ်ပါ။ အဆိပ်တွေပါသွားအောင်ပါ။

နီရဲပြီး ရောင်လာခဲ့ရင် Antihistamines, Topical steroid ဆေးတို့ကို ပေးလို့ရပါတယ်။

Creditဒေါက်တာလှမြတ်နွယ်(ရန်ကုန်ကလေးဆေးရုံကြီး)

ကျန်းမာရေး ဗဟုသုတများ မျှဝေပေးခြင်းဖြင့် လူတိုင်း အကျိုးရှိစွာ အသုံးချနိုင်ပါစေ 😊

ဒေါ်စံ (အသက် ၆၂ နှစ်) သည် နာတာရှည် ဝမ်းချုပ်ခြင်း၊ အစာအိမ် အက်ဆစ်ဓာတ် အချဉ်ရည်ပြန်ဆန်တက်ခြင်း (GERD) နှင့် အိပ်မပျော်ခြင...
06/10/2025

ဒေါ်စံ (အသက် ၆၂ နှစ်) သည် နာတာရှည် ဝမ်းချုပ်ခြင်း၊ အစာအိမ် အက်ဆစ်ဓာတ် အချဉ်ရည်ပြန်ဆန်တက်ခြင်း (GERD) နှင့် အိပ်မပျော်ခြင်း စသည့် ပြဿနာများ ခံစားနေခဲ့ရပါတယ်။ သူမဟာ ငှက်ပျောသီး ပျားရည်စိမ်ကို မနက်တိုင်း ၂ ချပ်စီ စားသုံးကြည့်ပြီးနောက် ၂ ပတ်ခန့်အကြာမှာ သိသိသာသာ သက်သာလာတယ်လို့ ဆိုပါတယ်။
"ကျွန်မ နေ့တိုင်း ဝမ်းမှန်မှန်သွားပြီး ဗိုက်လည်း မနာတော့ဘူး။ အိပ်ရေးလည်း ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာသလို နိုးလာတဲ့အခါမှာလည်း လန်းဆန်းနေတယ်" လို့ ဒေါ်စံက မျှဝေခဲ့ပါတယ်။

ဒါဆိုရင် ဒီရိုးရှင်းတဲ့ အိမ်တွင်းဆေးနည်းကို ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။
ငှက်ပျောသီး ပျားရည်စိမ် ပြုလုပ်နည်း 🍌
ပါဝင်ပစ္စည်းများ......
* သီးမွှေးငှက်ပျောသီး မှည့် (၁၀) လုံး
* ပျားရည်စစ်စစ် (ငှက်ပျောသီး မြုပ်လောက်အောင်)
* သန့်ရှင်းသော ဖန်ပုလင်း (၁) လုံး

ပြုလုပ်ပုံအဆင့်ဆင့်.....
၁။ ငှက်ပျောသီးများကို အခွံနွှာပြီး အနေတော် အတုံးလေးများ လှီးပါ (သို့မဟုတ် အလုံးလိုက်လည်း စိမ်နိုင်ပါတယ်)။
၂။ ဖန်ပုလင်းထဲသို့ လှီးထားသော ငှက်ပျောသီးများကို ထည့်ပါ။
၃။ ငှက်ပျောသီးများ လုံးဝမြုပ်သွားအောင် ပျားရည်ကို လောင်းထည့်ပါ။
၄။ အဖုံးကို လေလုံအောင် ပိတ်ပြီး ရေခဲသေတ္တာ သို့မဟုတ် အေးမြတဲ့နေရာမှာ ၂ ရက်မှ ၃ ရက်ခန့် စိမ်ထားပါ။
၅။ အချိန်စေ့တဲ့အခါ ငှက်ပျောသီးများက နူးညံ့၊ ချိုမြိန်ပြီး မွှေးနေပါလိမ့်မယ်။ စားသုံးရန် အသင့်ဖြစ်ပါပြီ။

စားသုံးနည်း လမ်းညွှန် 🍽
* မနက်စာ မစားမီ ၁-၂ ချပ် စားသုံးပြီး ရေနွေးနွေးလေး
သောက်ပါ။
* ဒါမှမဟုတ် အိပ်ရေးဝဝ အိပ်ပျော်စေရန်အတွက်
ညမအိပ်ခင် စားသုံးနိုင်ပါတယ်။

ငှက်ပျောသီး ပျားရည်စိမ်၏ အံ့ဖွယ် ကျန်းမာရေး အကျိုးကျေးဇူးများ.... 👇

၁။ အစာခြေစနစ်ကို အားဖြည့်ပေးခြင်း
ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူလမ်းကြောင်းကို ကောင်းမွန်စွာ အလုပ်လုပ်စေပါတယ်။

၂။ အစာအိမ်နှင့် အူလမ်းကြောင်းကို ကာကွယ်ပေးခြင်း
အစာအိမ်အက်ဆစ်ကို လျှော့ချပေးပြီး အစာအိမ်အနာ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၃။ လျင်မြန်စွာ ခွန်အားတိုးစေခြင်း...။
ငှက်ပျောသီးမှာပါတဲ့ သဘာဝ သကြားဓာတ်က ချက်ချင်း လန်းဆန်းတက်ကြွစေပါတယ်။

၄။ အစာအိမ် အချဉ်ရည်ပြန်ဆန်တက်ခြင်းကို လျှော့ချခြင်း
အစာအိမ်နှင့် အစာပြွန်ကို ကာကွယ်ပေးတဲ့ အာနိသင်ရှိလို့ပါ။

၅။ ဦးနှောက်နှင့် အာရုံကြောစနစ်ကို အားဖြည့်ပေးခြင်း
ပိုတက်စီယမ်နှင့် ဗီတာမင် B ကြွယ်ဝစွာ ပါဝင်လို့ပါ။

၆။ အိပ်စက်ခြင်းကို ကောင်းမွန်စေခြင်း ပျားရည်မှာ အာရုံကြောကို ပြေလျော့စေတဲ့ ဓာတ်များ ပါဝင်ပါတယ်။

၇။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
ငှက်ပျောသီး၏ ဗီတာမင် C နှင့် ပျားရည်၏ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဖြစ်ပါတယ်။

၈။ သွေးတိုးကို လျှော့ချပေးခြင်း
ငှက်ပျောသီးတွင် ပိုတက်စီယမ် ပါဝင်သောကြောင့် ဖြစ်ပါတယ်။

၉။ ဓမ္မတာလာစဉ် နာကျင်မှုကို လျှော့ချပေးခြင်း
ဟော်မုန်းတွေကို မျှတအောင် ထိန်းညှိပေးလို့ပါ။

၁၀။ အသားအရေကို အားဖြည့်ပေးခြင်း
ပျားရည်က အသားအရေကို နူးညံ့စေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။

MON SOUNG

> အာရုံကြော အားနည်း •••> ခေါင်းချွေး တအားထွက် •••> ဝမ်းချုပ် မူးဝေတာတွေ နေလျှင် •••* အာရုံကြော အားနည်း ခေါင်းချွေး တအားထ...
27/09/2025

> အာရုံကြော အားနည်း •••
> ခေါင်းချွေး တအားထွက် •••
> ဝမ်းချုပ် မူးဝေတာတွေ နေလျှင် •••

* အာရုံကြော အားနည်း ခေါင်းချွေး တအားထွက် ဝမ်းချုပ် မူးဝေတာတွေ အတွက် ပျောက်ကင်း သက်သာစေမည့် ဆေးနည်း....👇

* အာရုံကြောအားနည််း ခေါင်းချွေးတအားထွက် ဝမ်းချုပ်် မူးဝေတက်် သူများအတွက်် ဘာဆေးမှ သောက်စရာ မလိုလောက်အောင် ပျားသံပရာကို လုပ်စားကြည့်လာတာ အတော်လေး အဆင်ပြေပါတယ်။

* ခေါင်းချွေးများ ထွက်လာပြီဆို ဘာမှ မလုပ်ချင်လောက်အောင် စိိတ်ပျက် မိတာ အမှန်ပါ

* ပျားရည်တော့ စစ်ဖို့ လိုမယ် ။ အရမ်းကောင်းတယ် မနက် အိိပ်ယာ ထထချင်း ပျားသံပရာ စားလိိုက်တယ်။ မုန့်ဟင်းငါး ငံပြာရည်ချက်် ငပိိရည် အခုအကုန်စားတာ သွေးတိုး မရှိတာ့ဘူး။

* တအားတော့ မစားနဲ့ပေါ့ နော်် မျှဝေပေးပါ လက်တွေ့ကောင်းတယ် ။ အာရုံကြော အတွက် ဆေးကုထားတာ ချေလက်တွေ ထုံကြင်တာတွေ သက်သာ လာပါလိမ့်မယ်။

>> ပြုလုပ်ပုံ အဆင့်ဆင့်

ဝမ်းသွားတာချက်ချင်းရပ်တန့်စေသောဝမ်းသွားတာချက်ချင်းရပ်တန့်စေသော ဆန်လှော်ရည် ဆေ:ဆိုင်နှင့်ဝေးသောဒေသများအတွက်အများကြီးအသုံး...
22/09/2025

ဝမ်းသွားတာချက်ချင်းရပ်တန့်စေသောဝမ်းသွားတာချက်ချင်းရပ်တန့်စေသော ဆန်လှော်ရည် ဆေ:ဆိုင်နှင့်ဝေးသောဒေသများအတွက်အများကြီးအသုံးဝင်ပါတယ်
______________

တနေ့ ညဖက် အချိန်မရှိတော့မှ အစားမှားလို့ ဝမ်းပျက်ဝမ်းလျော ဖြစ်ခဲ့ပါတယ် ။
ရောင်ခြည်မဂ္ဂဇင်းမှ
ဆေ:နည်းက လွယ်လို့

ဆေ:ကလည်း အိမ်တိုင်းမှာအချိန်မရွေးရှိနိုင်လို့ မခက်တဲ့ဆေ:နည်းပါ ။လွယ်လွန်းလို့ အထင်မသေးစေလိုပါ ။

ဆေ:ကိုညတွင်းခြင်း ပြုလုပ်ပြီးသောက်ခဲ့တာ တကယ်သက်သာခဲ့လို့ ပြန်မျှဝေပါတယ် ။

နက္ခတ္တရောင်ခြည်မှာ ဆေ:နည်းပို့ပေးခဲ့သူလည်း အထူးကျေးဇူးတင်ပါတယ် ကြာပြီဆိုတော့အမည်မမှတ်မိလို့ပါ ခင်ဗျာ ။
ဆစသတနငငမအ
ဆေ:နည်း ……
++++++++
နေအိမ်တွင်ရှိသော
ဆန် လက်တဆုပ်ကို
ဒယ်အိုးတွင် ထည့်၍ လှော်ပါ ။
ဆငဆတသသတသတတကနကငနသနသနသတစတစနစန

အညိုရောင်သန်းလာသောအခါ …
အသင့်ကျိုချက်ထားသော ရေကျက်အအေးခံထားသော
သောက်ရေခွက်ထဲသို့ ဆန်လှော်ကို လောင်းချလိုက်ပါ။

ရှဲကနဲအငွေ့ပျံတက်လာမည် ။

ထိုအရည်ကို ဝမ်းလျောနေသူမှ သောက်ရန်သာဖြစ်သည် ။

ကုသိုလ်ရချင်ရင် shareပေးကြပါနော်....တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်

🥚 ကြက်ဥအခွံကို ရေစိမ်ပြီး အပင်တွေကို ပန်းပွင့်များများပွင့်စေကာ အသီးများများသီးစေရန် ပြုလုပ်နည်း 🥚​💡 လိုအပ်သောပစ္စည်းမျာ...
16/09/2025

🥚 ကြက်ဥအခွံကို ရေစိမ်ပြီး အပင်တွေကို ပန်းပွင့်များများပွင့်စေကာ အသီးများများသီးစေရန် ပြုလုပ်နည်း 🥚

​💡 လိုအပ်သောပစ္စည်းများ.....
* ​ကြက်ဥအခွံ
* ​ဆန်ဆေးရည်
* ​ရှာလကာရည်

​👉 ကြက်ဥအခွံ အရည်ဖျော်နည်း
* ​ကြက်ဥအခွံများကို ဆေးကြောပြီး နေပူလှန်းကာ သေချာ
ခြောက်သွေ့အောင် ပြုလုပ်ပါ။ ထို့နောက် ကြိတ်စက်ဖြင့်
သော်လည်းကောင်း၊ ထောင်း၍သော်လည်းကောင်း
အကြမ်းကြိတ်ထားပါ။
* ​ဆန်ဆေးရည် (ထမင်းချက်မည့်ဆန် သို့မဟုတ် ကောက်
ညှင်းဆန်လည်း ရသည်) ကို ပုလင်းထဲသို့ ထည့်ပြီး ရှာလ
ကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။ ထို့နောက် ကြိတ်
ထားသော ကြက်ဥအခွံများကို ထည့်ပါ။
* ​ပုလင်းကို ပိတ်ပြီး ၈ ရက်မှ ၁၀ ရက်ခန့် စိမ်ထားပါ။
* ​အရည်ဖျော်ပြီးသား ကြက်ဥအခွံအရည် စားပွဲတင်ဇွန်း
၃ ဇွန်းကို ရေ ၅ လီတာဖြင့် ရောပါ။ ထို့နောက် အပင်ရင်း
ကို လောင်းပေးခြင်း သို့မဟုတ် အပင်တစ်ခုလုံးကို
ဖြန်းပေးခြင်း ပြုလုပ်ပါ။ ကြက်ဥအခွံ အဖတ်များကိုမူ
အပင်ရင်းတစ်ဝိုက်တွင် ဖြူးပေးနိုင်ပါသည်။

​🎯 ဒီနည်းလမ်းက ဘာကြောင့် ကောင်းသလဲ...?
​ကြက်ဥအခွံမှာ ကယ်လ်စီယမ်ဓာတ် အလွန်ကြွယ်ဝပါတယ်။ ကယ်လ်စီယမ်ဓာတ်က အပင်တွေကို သန်စွမ်းစေပြီး ပန်းများများပွင့်ကာ အသီးများများသီးစေပါတယ်။ ဒါ့အပြင် အပင်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ သစ်သီးပင်တွေမှာ အသီးများများ သီးလာအောင် လှုံ့ဆော်ပေးသလို အရွက်စားရတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စိမ်းစိုပြီး ကြွပ်ဆတ်စေပါတယ်။

Crd- MON SOUNG

14/09/2025

လေလည်ပီးတိုင်း ကိုယ့်ကျန်းမာရေးကို ပြန်သုံးသပ်ပါ

လေလည်တိုင်းပြေလည်ဖို့ ဒီ၁၂ ချက်ကဘာလေးတွေသတိပြုရမလဲ ပြောပြပေးပါလိမ့်မယ်။

-အနံ့အရမ်းပြင်းရင် - အစာခြေစနစ်အားနည်းနေတာဖြစ်နိုင်တယ်။
-အရမ်း frequent ဖြစ်ရင် - အမျှင်ဓာတ်များတဲ့ အစားအစာတွေကြောင့်ပါ။
-နို့နံ့လိုနံရင် - lactose intolerance ဖြစ်နေတာ ဖြစ်နိုင်တယ်။
-ပုပ်အဲ့အဲ့အနံ့ - ပရိုတိန်းဓာတ် အရမ်းများနေတာပါ။
-ဟင်းသီးဟင်းရွက်နံ့လို - အမျှင်ဓာတ်တွေ fermentation ဖြစ်နေတာမို့ ပုံမှန်ပါပဲ။
- ကြက်သွန်ဖြူနံ့လို - sulfur-rich foods တွေကနေ ဖြစ်တာပါ။
-ချိုတဲ့အနံ့ 🫢- blood sugar imbalance ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။
-အသံမထွက်ဘဲ အနံ့ဆိုးရင် - များသောအားဖြင့် sulfur-related ပါပဲ။
-အရမ်း frequent ဖြစ်နေရင် - IBS (Irritable Bowel Syndrome) လက္ခဏာဖြစ်နိုင်တယ်။
-ရှားရှားပါးပါး လေလည်ရင် - အစာခြေတာ နှေးနေတာ ဖြစ်နိုင်တယ်။
- လေလည်ရင်း နာကျင်ရင် - bloating ဒါမှမဟုတ် blockage နဲ့ ဆက်စပ်နေတယ်။
-ညဘက်တွေမှ လေလည်ရင် - food intolerance ကြောင့် ဖြစ်တတ်ပါတယ်။

ပုံမှန်အခြေအနေများ-
• နေ့တစ်နေ့မှာ ၁၄-၂၃ ကြိမ် လေထွက်တာ ပုံမှန်ပါ
• အမျှင်ဓာတ်များတဲ့ အစားအစာတွေကြောင့် လေလည်တာ ပုံမှန်ပါ
• ဟင်းသီးဟင်းရွက်တွေ fermentation ဖြစ်ပြီး လေလည်တာလည်း သဘာဝပါပဲ
သတိထားရမယ့် လက္ခဏာများ
• အနံ့ရမ်းပြင်းပြီး အစာမကြေဖြစ်ရင်
• ဗိုက်နာ၊ ဖောရောင်ခြင်းတွေ တွဲပါလာရင်
• အစာခြေမကောင်းခြင်း လက္ခဏာတွေ ရှိလာရင်
အကြံပေးချက်များ-
• အစားအစာ မှတ်တမ်းထားပြီး ဘာကြောင့် ပြဿနာဖြစ်သလဲ ရှာဖွေပါ
• ရေများများသောက်ပါ
• ဖြေးဖြေးခြင်းစားပါ
• ပြဿနာဆက်ရှိနေရင် ဆရာဝန်နဲ့ ပြတင်းပါ
ကျန်းမာရေးအတွက် အဆင်ပြေအောင် ဂရုစိုက်နေတာ ကောင်းပါတယ်!လေလည်တိုင်းပြေလည်နိုင်ကြပါစေဗျာ။

လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

“တောင်ဇီးဖြူ” သို့မဟုတ် “တောဇီးဖြူပင်” - အစွမ်းထက်တဲ့ ဆေးဖက်ဝင်အပင်တောင်ဇီးဖြူပင်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အပင...
13/09/2025

“တောင်ဇီးဖြူ” သို့မဟုတ် “တောဇီးဖြူပင်” - အစွမ်းထက်တဲ့ ဆေးဖက်ဝင်အပင်
တောင်ဇီးဖြူပင်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အပင်ငယ်လေးဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ သူ့ရဲ့အရွက်အောက်မှာ အသီးသေးသေးလေးတွေ သီးတာကြောင့် “ဇီးဖြူပင်” လို့လည်း လူသိများပါတယ်။ တခြားနိုင်ငံတွေမှာတော့ သူ့ကို “ကျောက်ပျော်ဆေး” လို့တောင် တင်စားခေါ်ဝေါ်ကြပြီး ကျောက်တည်တာအတွက် ဆေးဖက်ဝင်တယ်လို့ အသိများပါတယ်။
ဒီအပင်မှာ ကျောက်ကပ်၊ အသည်း၊ ဆီးလမ်းကြောင်းနဲ့ အရေပြားပြဿနာတွေကို ကုသနိုင်တဲ့ ဆေးဖက်ဝင်ဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။
အဓိက ကျန်းမာရေး အကျိုးကျေးဇူးများ
1. အသည်းအားဖြည့်ခြင်း - အသည်းကိုကာကွယ်ပေးပြီး အသည်းရောင်အသားဝါ B လို ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးနိုင်တဲ့ Phyllanthin နဲ့ Hypophyllanthin ဓာတ်တွေ ပါဝင်ပါတယ်။
2. ကျောက်တည်ခြင်းကို ကုသခြင်း - ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာရှိတဲ့ ကျောက်တွေကို ပျော်ဝင်စေပြီး ဆီးကနေတဆင့် စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။
3. ကိုယ်ခံစွမ်းအားမြှင့်တင်ခြင်း - ဗီတာမင် C နဲ့ Antioxidant ဓာတ်တွေ ကြွယ်ဝတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။
4. ဆီးချိုထိန်းချုပ်ခြင်း - သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေအတွက် အထောက်အကူဖြစ်စေပါတယ်။
5. အနာကျက်မြန်စေခြင်း - ပွေး၊ ဝဲ၊ ယားနာ၊ ခေါင်းခြောက်၊ အနာသေးနဲ့ အနာစက်တွေအတွက်လည်း သုံးနိုင်ပါတယ်။
6. ဆံပင်ကျန်းမာရေး - ဆံပင်သန်စွမ်းဖို့ ကူညီပေးပြီး ဗောက်နဲ့ ဆံပင်ကျွတ်တာကိုလည်း သက်သာစေပါတယ်။
7. ခေါင်းတစ်ခြမ်းကိုက်ခြင်း - အပင်ရဲ့အမြစ်ကို ဆီနဲ့ချက်ပြီး လိမ်းပေးရင် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်လို့ ရိုးရာအစဉ်အလာမှာ ရှိပါတယ်။
သုံးစွဲနည်းနှင့် သတိပြုရန်
• ပြုတ်ရည် - အရွက်၊ ပင်စည် သို့မဟုတ် အမြစ်ကို ရေနဲ့ပြုတ်ပြီး သောက်နိုင်ပါတယ်။
• ဆေးမှုန့် - နေလှန်းပြီး အမှုန့်ကြိတ်ထားတဲ့ အပင်ကို ရေနဲ့ ရောသောက်နိုင်ပါတယ်။
• လိမ်းဆေး - အရွက်နဲ့ အမြစ်တွေကို သွေးပြီး လိမ်းနိုင်သလို ဆီနဲ့ချက်ပြီးလည်း အသုံးပြုနိုင်ပါတယ်။
• သတိပြုရန် - ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေနဲ့ ဆီးချိုဆေး၊ သွေးတိုးဆေး သောက်နေသူတွေဟာ သမားတော်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။ အလွန်အကျွံသုံးစွဲရင် ပျို့အန်တာနဲ့ ဝမ်းပျက်
ဝမ်းလျှော ဖြစ်နိုင်ပါတယ်။

လည်ပင်းကျီးပေါင်း လေ့ကျင့်ခန်း1- ခေါင်းကို အရှေ့အနောက်  ၁၀ ကြိမ်လုပ်ပါ။2- ခေါင်းကို ဘယ်ညာ ၁၀ ကြိမ်လုပ်ပါ။3- ခေါင်းကို ဘယ...
11/09/2025

လည်ပင်းကျီးပေါင်း လေ့ကျင့်ခန်း

1- ခေါင်းကို အရှေ့အနောက် ၁၀ ကြိမ်လုပ်ပါ။
2- ခေါင်းကို ဘယ်ညာ ၁၀ ကြိမ်လုပ်ပါ။
3- ခေါင်းကို ဘယ်ညာ ဝိုက်၍ ၁၀ကြိမ်လုပ်ပါ။
4- ခေါင်းကို အရှေ့သို့ တိုးထုတ်ခြင်း ၁၀ ကြိမ်လုပ်ပါ။
5- ခေါင်းကို အရှေ့နှင့် အနောက်မှလက်ဖြင့်တကြိမ်စီဖိထား၍ ခေါင်းကို တောင့်ထားရပါမယ်။ ၁မှ ၁၀ မှတ်ပါ။
6- ခေါင်းကို ဘယ်နှင့်ညာဘက်မှလက်ဖြင့် တကြိမ်စီ ဖိထား၍ ခေါင်းကို တောင့်ထားရပါမယ်။ ၁မှ ၁၀ မှတ်ပါ။
7- ခေါင်းကို အနောက်မှ အရှေ့သို့ဆွဲချ၍ အကြောလျော့ပါ။ ၁ မှ ၁၀ မှတ်ပါ။
8- ခေါင်းကို ဘယ် နှင့် ညာ ဘက်သို့ဆွဲချ၍ အကြောလျော့ပါ။ ၁ မှ ၁၀ မှတ်ပါ။
9- ပုခုံးကို အပေါ်သို့ တွန်းတင် တွန်းချ ၁၀ ကြိမ်ပြုလုပ်ပါ။


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Tat Lan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram