Tat Lan

Tat Lan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tat Lan, Medical and health, Yangon.

🥚 ကြက်ဥအခွံကို ရေစိမ်ပြီး အပင်တွေကို ပန်းပွင့်များများပွင့်စေကာ အသီးများများသီးစေရန် ပြုလုပ်နည်း 🥚​💡 လိုအပ်သောပစ္စည်းမျာ...
16/09/2025

🥚 ကြက်ဥအခွံကို ရေစိမ်ပြီး အပင်တွေကို ပန်းပွင့်များများပွင့်စေကာ အသီးများများသီးစေရန် ပြုလုပ်နည်း 🥚

​💡 လိုအပ်သောပစ္စည်းများ.....
* ​ကြက်ဥအခွံ
* ​ဆန်ဆေးရည်
* ​ရှာလကာရည်

​👉 ကြက်ဥအခွံ အရည်ဖျော်နည်း
* ​ကြက်ဥအခွံများကို ဆေးကြောပြီး နေပူလှန်းကာ သေချာ
ခြောက်သွေ့အောင် ပြုလုပ်ပါ။ ထို့နောက် ကြိတ်စက်ဖြင့်
သော်လည်းကောင်း၊ ထောင်း၍သော်လည်းကောင်း
အကြမ်းကြိတ်ထားပါ။
* ​ဆန်ဆေးရည် (ထမင်းချက်မည့်ဆန် သို့မဟုတ် ကောက်
ညှင်းဆန်လည်း ရသည်) ကို ပုလင်းထဲသို့ ထည့်ပြီး ရှာလ
ကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။ ထို့နောက် ကြိတ်
ထားသော ကြက်ဥအခွံများကို ထည့်ပါ။
* ​ပုလင်းကို ပိတ်ပြီး ၈ ရက်မှ ၁၀ ရက်ခန့် စိမ်ထားပါ။
* ​အရည်ဖျော်ပြီးသား ကြက်ဥအခွံအရည် စားပွဲတင်ဇွန်း
၃ ဇွန်းကို ရေ ၅ လီတာဖြင့် ရောပါ။ ထို့နောက် အပင်ရင်း
ကို လောင်းပေးခြင်း သို့မဟုတ် အပင်တစ်ခုလုံးကို
ဖြန်းပေးခြင်း ပြုလုပ်ပါ။ ကြက်ဥအခွံ အဖတ်များကိုမူ
အပင်ရင်းတစ်ဝိုက်တွင် ဖြူးပေးနိုင်ပါသည်။

​🎯 ဒီနည်းလမ်းက ဘာကြောင့် ကောင်းသလဲ...?
​ကြက်ဥအခွံမှာ ကယ်လ်စီယမ်ဓာတ် အလွန်ကြွယ်ဝပါတယ်။ ကယ်လ်စီယမ်ဓာတ်က အပင်တွေကို သန်စွမ်းစေပြီး ပန်းများများပွင့်ကာ အသီးများများသီးစေပါတယ်။ ဒါ့အပြင် အပင်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ သစ်သီးပင်တွေမှာ အသီးများများ သီးလာအောင် လှုံ့ဆော်ပေးသလို အရွက်စားရတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စိမ်းစိုပြီး ကြွပ်ဆတ်စေပါတယ်။
​
Crd- MON SOUNG

14/09/2025

လေလည်ပီးတိုင်း ကိုယ့်ကျန်းမာရေးကို ပြန်သုံးသပ်ပါ

လေလည်တိုင်းပြေလည်ဖို့ ဒီ၁၂ ချက်ကဘာလေးတွေသတိပြုရမလဲ ပြောပြပေးပါလိမ့်မယ်။

-အနံ့အရမ်းပြင်းရင် - အစာခြေစနစ်အားနည်းနေတာဖြစ်နိုင်တယ်။
-အရမ်း frequent ဖြစ်ရင် - အမျှင်ဓာတ်များတဲ့ အစားအစာတွေကြောင့်ပါ။
-နို့နံ့လိုနံရင် - lactose intolerance ဖြစ်နေတာ ဖြစ်နိုင်တယ်။
-ပုပ်အဲ့အဲ့အနံ့ - ပရိုတိန်းဓာတ် အရမ်းများနေတာပါ။
-ဟင်းသီးဟင်းရွက်နံ့လို - အမျှင်ဓာတ်တွေ fermentation ဖြစ်နေတာမို့ ပုံမှန်ပါပဲ။
- ကြက်သွန်ဖြူနံ့လို - sulfur-rich foods တွေကနေ ဖြစ်တာပါ။
-ချိုတဲ့အနံ့ 🫢- blood sugar imbalance ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။
-အသံမထွက်ဘဲ အနံ့ဆိုးရင် - များသောအားဖြင့် sulfur-related ပါပဲ။
-အရမ်း frequent ဖြစ်နေရင် - IBS (Irritable Bowel Syndrome) လက္ခဏာဖြစ်နိုင်တယ်။
-ရှားရှားပါးပါး လေလည်ရင် - အစာခြေတာ နှေးနေတာ ဖြစ်နိုင်တယ်။
- လေလည်ရင်း နာကျင်ရင် - bloating ဒါမှမဟုတ် blockage နဲ့ ဆက်စပ်နေတယ်။
-ညဘက်တွေမှ လေလည်ရင် - food intolerance ကြောင့် ဖြစ်တတ်ပါတယ်။

ပုံမှန်အခြေအနေများ-
• နေ့တစ်နေ့မှာ ၁၄-၂၃ ကြိမ် လေထွက်တာ ပုံမှန်ပါ
• အမျှင်ဓာတ်များတဲ့ အစားအစာတွေကြောင့် လေလည်တာ ပုံမှန်ပါ
• ဟင်းသီးဟင်းရွက်တွေ fermentation ဖြစ်ပြီး လေလည်တာလည်း သဘာဝပါပဲ
သတိထားရမယ့် လက္ခဏာများ
• အနံ့ရမ်းပြင်းပြီး အစာမကြေဖြစ်ရင်
• ဗိုက်နာ၊ ဖောရောင်ခြင်းတွေ တွဲပါလာရင်
• အစာခြေမကောင်းခြင်း လက္ခဏာတွေ ရှိလာရင်
အကြံပေးချက်များ-
• အစားအစာ မှတ်တမ်းထားပြီး ဘာကြောင့် ပြဿနာဖြစ်သလဲ ရှာဖွေပါ
• ရေများများသောက်ပါ
• ဖြေးဖြေးခြင်းစားပါ
• ပြဿနာဆက်ရှိနေရင် ဆရာဝန်နဲ့ ပြတင်းပါ
ကျန်းမာရေးအတွက် အဆင်ပြေအောင် ဂရုစိုက်နေတာ ကောင်းပါတယ်!လေလည်တိုင်းပြေလည်နိုင်ကြပါစေဗျာ။

လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

“တောင်ဇီးဖြူ” သို့မဟုတ် “တောဇီးဖြူပင်” - အစွမ်းထက်တဲ့ ဆေးဖက်ဝင်အပင်တောင်ဇီးဖြူပင်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အပင...
13/09/2025

“တောင်ဇီးဖြူ” သို့မဟုတ် “တောဇီးဖြူပင်” - အစွမ်းထက်တဲ့ ဆေးဖက်ဝင်အပင်
တောင်ဇီးဖြူပင်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အပင်ငယ်လေးဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ သူ့ရဲ့အရွက်အောက်မှာ အသီးသေးသေးလေးတွေ သီးတာကြောင့် “ဇီးဖြူပင်” လို့လည်း လူသိများပါတယ်။ တခြားနိုင်ငံတွေမှာတော့ သူ့ကို “ကျောက်ပျော်ဆေး” လို့တောင် တင်စားခေါ်ဝေါ်ကြပြီး ကျောက်တည်တာအတွက် ဆေးဖက်ဝင်တယ်လို့ အသိများပါတယ်။
ဒီအပင်မှာ ကျောက်ကပ်၊ အသည်း၊ ဆီးလမ်းကြောင်းနဲ့ အရေပြားပြဿနာတွေကို ကုသနိုင်တဲ့ ဆေးဖက်ဝင်ဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။
အဓိက ကျန်းမာရေး အကျိုးကျေးဇူးများ
1. အသည်းအားဖြည့်ခြင်း - အသည်းကိုကာကွယ်ပေးပြီး အသည်းရောင်အသားဝါ B လို ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးနိုင်တဲ့ Phyllanthin နဲ့ Hypophyllanthin ဓာတ်တွေ ပါဝင်ပါတယ်။
2. ကျောက်တည်ခြင်းကို ကုသခြင်း - ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာရှိတဲ့ ကျောက်တွေကို ပျော်ဝင်စေပြီး ဆီးကနေတဆင့် စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။
3. ကိုယ်ခံစွမ်းအားမြှင့်တင်ခြင်း - ဗီတာမင် C နဲ့ Antioxidant ဓာတ်တွေ ကြွယ်ဝတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။
4. ဆီးချိုထိန်းချုပ်ခြင်း - သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေအတွက် အထောက်အကူဖြစ်စေပါတယ်။
5. အနာကျက်မြန်စေခြင်း - ပွေး၊ ဝဲ၊ ယားနာ၊ ခေါင်းခြောက်၊ အနာသေးနဲ့ အနာစက်တွေအတွက်လည်း သုံးနိုင်ပါတယ်။
6. ဆံပင်ကျန်းမာရေး - ဆံပင်သန်စွမ်းဖို့ ကူညီပေးပြီး ဗောက်နဲ့ ဆံပင်ကျွတ်တာကိုလည်း သက်သာစေပါတယ်။
7. ခေါင်းတစ်ခြမ်းကိုက်ခြင်း - အပင်ရဲ့အမြစ်ကို ဆီနဲ့ချက်ပြီး လိမ်းပေးရင် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်လို့ ရိုးရာအစဉ်အလာမှာ ရှိပါတယ်။
သုံးစွဲနည်းနှင့် သတိပြုရန်
• ပြုတ်ရည် - အရွက်၊ ပင်စည် သို့မဟုတ် အမြစ်ကို ရေနဲ့ပြုတ်ပြီး သောက်နိုင်ပါတယ်။
• ဆေးမှုန့် - နေလှန်းပြီး အမှုန့်ကြိတ်ထားတဲ့ အပင်ကို ရေနဲ့ ရောသောက်နိုင်ပါတယ်။
• လိမ်းဆေး - အရွက်နဲ့ အမြစ်တွေကို သွေးပြီး လိမ်းနိုင်သလို ဆီနဲ့ချက်ပြီးလည်း အသုံးပြုနိုင်ပါတယ်။
• သတိပြုရန် - ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေနဲ့ ဆီးချိုဆေး၊ သွေးတိုးဆေး သောက်နေသူတွေဟာ သမားတော်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။ အလွန်အကျွံသုံးစွဲရင် ပျို့အန်တာနဲ့ ဝမ်းပျက်
ဝမ်းလျှော ဖြစ်နိုင်ပါတယ်။

လည်ပင်းကျီးပေါင်း လေ့ကျင့်ခန်း1- ခေါင်းကို အရှေ့အနောက်  ၁၀ ကြိမ်လုပ်ပါ။2- ခေါင်းကို ဘယ်ညာ ၁၀ ကြိမ်လုပ်ပါ။3- ခေါင်းကို ဘယ...
11/09/2025

လည်ပင်းကျီးပေါင်း လေ့ကျင့်ခန်း

1- ခေါင်းကို အရှေ့အနောက် ၁၀ ကြိမ်လုပ်ပါ။
2- ခေါင်းကို ဘယ်ညာ ၁၀ ကြိမ်လုပ်ပါ။
3- ခေါင်းကို ဘယ်ညာ ဝိုက်၍ ၁၀ကြိမ်လုပ်ပါ။
4- ခေါင်းကို အရှေ့သို့ တိုးထုတ်ခြင်း ၁၀ ကြိမ်လုပ်ပါ။
5- ခေါင်းကို အရှေ့နှင့် အနောက်မှလက်ဖြင့်တကြိမ်စီဖိထား၍ ခေါင်းကို တောင့်ထားရပါမယ်။ ၁မှ ၁၀ မှတ်ပါ။
6- ခေါင်းကို ဘယ်နှင့်ညာဘက်မှလက်ဖြင့် တကြိမ်စီ ဖိထား၍ ခေါင်းကို တောင့်ထားရပါမယ်။ ၁မှ ၁၀ မှတ်ပါ။
7- ခေါင်းကို အနောက်မှ အရှေ့သို့ဆွဲချ၍ အကြောလျော့ပါ။ ၁ မှ ၁၀ မှတ်ပါ။
8- ခေါင်းကို ဘယ် နှင့် ညာ ဘက်သို့ဆွဲချ၍ အကြောလျော့ပါ။ ၁ မှ ၁၀ မှတ်ပါ။
9- ပုခုံးကို အပေါ်သို့ တွန်းတင် တွန်းချ ၁၀ ကြိမ်ပြုလုပ်ပါ။


10/09/2025

အမျိုးသမီးများ ရာသီစက်ဝန်းအတွင်း အားအင်ကုန်ခမ်းမှုကို ဖြည့်တင်းပေးသော အစားအစာများ
ရာသီစက်ဝန်း အတွင်း အားအင်ကုန်ခမ်းမှု ဖြစ်တတ်တာကို ပုံမှန်အားဖြင့် တွေ့ရပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် အထောက်အကူပြုမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

-စွန်ပလွန်သီး (Dates) − သဘာဝ ဂလူးကို့စ် (glucose) ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ချက်ချင်း အားအင်ဖြည့်တင်းပေးပါတယ်။
-ဟင်းနုနွယ်ရွက် (Spinach) − သွေးဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ သံဓာတ်ချို့တဲ့မှုကို ကာကွယ်ပေးပြီး သံဓာတ်ကို အားဖြည့်ပေးပါတယ်။
- ကြက်ဥ (Eggs) − ဟော်မုန်းတွေရဲ့ လုပ်ဆောင်မှုကို ပုံမှန်ဖြစ်အောင် ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်ကို လိုအပ်တဲ့ ပရိုတင်းဓာတ်နဲ့ အာဟာရတွေ ဖြည့်တင်းပေးပါတယ်။
-ကွာနိုအာစေ့ (Quinoa) − တည်ငြိမ်တဲ့ အားအင်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးတာကြောင့် ရုတ်တရက် အားအင်ကျဆင်းတာမျိုး မဖြစ်စေပါဘူး။
-Chia seeds (ချီယာစေ့) − ခန္ဓာကိုယ်ကို ကြာရှည် ခံနိုင်ရည်ရှိစေဖို့ ကူညီပေးတဲ့ Omega-3s အဆီဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။
-ဖရုံစေ့ (Pumpkin seeds) − မဂ္ဂနီဆီယမ် (magnesium) ဓာတ် အားဖြည့်ပေးပြီး ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။
-Dark chocolate (ကိုကိုးများတဲ့ ချောကလက်) − စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး အားအင်ကိုလည်း ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။
-လိမ္မော်သီး (Oranges) − ဗီတာမင်စီ (Vitamin C) ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတယ်။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

ရေ (လုံး၀) မသောက်သင့်ဆုံးအချိန် ♥ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?(ရေခဲရေနဲ့ ရေနွေးတွေကို မဆို...
09/09/2025

ရေ (လုံး၀) မသောက်သင့်ဆုံးအချိန် ♥

ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?
(ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရိုးရိုးသောက်ရေသန့်ကိုသာသောက်ပါ)

(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။

(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီ၀က်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။

- ရေ(လုံး၀) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။

- အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။

- အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။

- ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။

- သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကို ဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကို ဆင်ခြင်ကြပြီး၊ မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေးအသိပေး မျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

(၈) နှစ်လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိုက္တာ သက်သာပျောက်ကင်းသွားတဲ့ ဆိုတဲ့ကိုယ်တွေ့ ဒူးနာပျောက် ဆေ:နည...
06/09/2025

(၈) နှစ်လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိုက္တာ သက်သာပျောက်ကင်းသွားတဲ့ ဆိုတဲ့ကိုယ်တွေ့ ဒူးနာပျောက် ဆေ:နည်း မျှဝေပေးပါ ကုသိုလ်ရပါတယ်🥰🥰

ဒူးနာ ရင်ဘယ်လိုကုသရမလဲ?
=====
မင်္ဂလာပါရှင် လက်တွေ့လေးမို့ မျှဝေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။ ေမမေ ခုထိ ဒူးနာတာ ၈ နှစ်ပါ။

အင်္ဂလိပ် မြန်မာ ဆေ:နည်းလည်းစုံနေတာပါ။ ပြောသမျှ ပျောက်နိုး ကောင်းနိုးရာရ လိုက်သုံးတာလည်းကြာ ခုထိလည်း မသက်သာ။

အခုတော့ ညစဉ် ဆေ:စည်းပြီး အိပ္တာ ၅ ရက်မှာ အတော်ကိုသိသာပြီး သက်သာလာပါတယ်။

ငွေလည်းမကုန် ဘေးထွက်လည်း မရွိတာမို့ ဘာကြောင့်နာနာ စမ်းသုံးကြည့်ပါလို့။

ဆေ:နည်း
=====
ဆေ:နည်းကတော့ လက်ဖက်အသားအစိုနဲ့ ကျောက်ချဉ်ခဲကို ဆတူထောင်းပြီး နာနေတဲ့ ဒူးဂေါင်းမှာ စည်းပေးထားလိုက်ပါ။

မနက်မှာ ပြန်ခွာ နောက်ညမှာ စည်းအိပ်ရုံလေးပါဘဲ။ ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေလို့။

တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
Creditပေးပါတယ်🙏🙏🙏

#ကျန်းမာရေးဗဟုသုတ

မမေ့နဲ့ နှလုံး ရောဂါ အတွက်ငါးကြော်စားမယ် ဆိုခရမ်းချဉ်သီး ၊ မန်ကျည်းမှည့် တို့နှင့် ပြန်ချက်စားပါပြန်မချက်နိုင်ခဲ့ရင် ချဉ...
06/09/2025

မမေ့နဲ့ နှလုံး ရောဂါ အတွက်

ငါးကြော်စားမယ် ဆို
ခရမ်းချဉ်သီး ၊ မန်ကျည်းမှည့် တို့နှင့် ပြန်ချက်စားပါ

ပြန်မချက်နိုင်ခဲ့ရင် ချဉ်ရည်ဟင်း နဲ့ တွဲဖက်စား
( ငါးကြော်ကို ချဉ်ရည်ဟင်းလောင်း ဓာတ်ပြောင်းပါ )

ကြေခဲ ကျက်ခဲတဲ့အစာ
ကောက်ညှင်း အစာတွေကို ချင့် ချိန် ပြီးစားပါ

သတိထားရမှာက
*** ကောက်ညှင်းစားပြီး ***
ရေနွေးသောက် က ဝမ်းချုပ်စေတဲ့အတွက်
ဝမ်းမချူ ပ်စေခြင်လျှင် ရေအေးသောက်

ကာကွယ်ပါ
နှလုံးရောဂါ မဖြစ်အောင် အဆီ အဆိမ့် အစေး အစာတွေရှောင်

မနက်စာ အုန်းနို့ခေါက်စွဲ
နေ့လည်စာ ဒန်ပေါက်
ညနေစာ ငါးသလောက်ပေါင်း တို့ကို
တစ်ရက်တည်း စားသုံးတာမျိုး ကိုရှောင်ပါ

မိုးလင်း အီကြာကွေး ၊ စမှူဆာ
နေ့လည် ငါးကြော် နဲ့ ထမင်း
ညစာ ကိုရီးယားအကင် ၊ ကြက်ဥကြော်
အကြော်စုံတို့နဲ့ စားတာမျိုး ကို ရှောင်ရပါမယ်

ဘာစားစား စားသင့်တာထက် ပိုမစား ပါနဲ့

စားရမည့် ဓာတ်စာများ

ချဉ်ချို အရသာ ၃ ရက်
အေးခါး အရသာ ၃ ရက်
ချိုအေး ငန်အေး အရသာ ၆ ရက် စားပါ

ဥပမာ
မန်ကျည်းဖျော်ရည် ထန်းလျက်ဖြင့်ဖျော် ၃ ရက်
ထန်းလျက်ကော်ဖီ ၃ ရက်
ကန်စွန်းရိုးနီပြုတ်ရည် ၆ ရက် သောက်ပါ

ကောင်းမြတ်သောပေါင်းစပ်ခြင်းသည်
အများကောင်ကျိုး အများချမ်းသာ ၊
လောကစောင့်ရှောက်ရန်အတွက်
အကောင်းဆုံး အင်အားဖြစ်သည်

ဗုဒ္ဓစကား မူရင်းထားလျက်
ခေတ်စားသိပ္ပံ တွဲစပ်ကြည့်ပါ

သတ္တဝါတွေ အစာဝ ၊ အနာကင်း ၊ ဘယာရှင်းကြပါစေ

မြန်မာ့တိုင်းရင်းဆေးဆရာကြီး
( ဩ / သု ) ဦးရန်အောင်
ဆေးမြီးတို ဆေးနည်း

#ကျန်းမာရေး

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လ...
05/09/2025

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လူကြီးတွေမှာဖြစ်သလို အရေပြားခြောက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပြီး ထိခိုက်လွယ်သလို ပိုပြီးတော့လည်းခြောက်သွေ့လွယ်ပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ပြဿနာတွေကလည်း ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့အရေပြားကို မခြောက်သွေ့အာင်ထိန်းသိမ်းပေးဖို့က မိဘတွေအနေနဲ့မေ့မထားသင့်တဲ့အချက်တစ်ခုပါ။ ဒီတစ်ခါတော့ ကလေးအရေပြားကို မခြောက်သွေ့အောင်စောင့်ရှောက်ပေးတာကနေ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကိုပြောပြပေးမယ်နော်။

ကလေးငယ်တွေရဲ့ အရေပြားဟာ အရမ်းပူလွန်း၊အေးလွန်းတဲ့ ရာသီဥတုအခြေအနေနဲ့ပြင်ပလေတွေကြောင့်ခြောက်သွေ့နိုင်သလို အခန်းတွင်းအပူချိန်ပြင်းလွန်းရင်လည်း ခြောက်သွေ့တတ်ပါတယ်။ ကလေးကခြောက်သွေ့လွယ်တဲ့အသားအရေကိုပိုင်ဆိုင်ထားရင်တော့ဖေဖေမေမေတွေအနေနဲ့ ပိုပြီးဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။

အရေပြားမခြောက်သွေ့အောင်ဘာလို့ကာကွယ်သင့်တာလဲ
ကလေးငယ်မှာအရေပြားခြောက်သွေ့တဲ့အခါနောက်ဆက်တွဲအရေပြားပြဿနာတွေဖြစ်တဲ့ ယားယံတာ၊ အရေပြားအဖတ်ကွာတာ၊ Eczema (နှင်းခူ) နဲ့Ichthyosis လို့ခေါ်တဲ့ မျိုးရိုးလိုက်တဲ့အရေပြားပြဿနာကိုခံစားရနိုင်ပါတယ်။ အရေပြားခြောက်သွေ့တဲ့အခါ ယားယံပြီး ကလေးက လက်သည်းနဲ့ကုတ်ခြစ်မိမယ်ဆိုရင်လည်း အရေပြားမှာ အနာတရဖြစ်တာနဲ့ မပျောက်တော့တဲ့ အမာရွတ်တွေထင်ကျန်တာမျိုးဖြစ်နိုင်ပါတယ်။

အရေပြားခြောက်သွေ့နေတယ်ဆိုတာကို သိနိုင်တဲ့လက္ခဏာများ
ထိလိုက်ရင် ခက်ကြမ်းကြမ်းဖြစ်နေတာ
အရေပြားအပေါ်ယံလွှာတွေကွာတာ
အရေပြားပေါ်မှာ အဖတ်လေးတွေဖြစ်နေတာ
အရေပြားယားယံတာ
အရေပြားမှာ အက်ကြောင်းရာလိုမျိုးဖြစ်နေတာ
လက်သည်းနဲ့ကုတ်တဲ့အခါမျိုးမှာ အဖြူရောင်အစင်းဖြစ်ပြီးကျန်နေတာ
ဘာတွေက အရေပြားခြောက်သွေ့တာကိုဖြစ်စေနိုင်တာလဲ
အချို့ကလေးငယ်တွေကတော့မွေးကင်းစကတည်းကအရေပြားခြောက်သွေ့လာတာပါ။ ကလေးတွေကိုအရေပြားခြောက်သွေ့စေနိုင်တဲ့အကြောင်းအရာတွေကတော့ –

ရာသီဥတုခြောက်သွေ့လွန်းတာ
အေးလွန်းတာ
အပူချိန်ပြင်းလွန်းတာ
ရေအကြာကြီးချိုးပေးတာ
အပြင်းစားဆပ်ပြာတွေသုံးတာ
ပြင်ပလေနဲ့ အချိန်ကြာမြင့်စွာထိတွေ့စေတာ
ပင်လယ်ရေလိုမျိုး ဆားပါတဲ့ရေနဲ့ထိတွေ့စေတာ
ကလိုရင်းသုံးထားတဲ့ရေနဲ့ထိတွေ့စေတာ
အရေပြားမခြောက်သွေ့အောင် ထိန်းသိမ်းပေးရင် ဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ
(၁) Ichthyosis ကိုသက်သာစေနိုင်ခြင်း

အရေပြားအပေါ်ယံအဖတ်လေးတွေကွာကျတာပါ။ မျိုးရိုးရှိတဲ့ကလေးတွေမှာအဖြစ်များပါတယ်။ အရေပြားကယေားယံခြောက်သွေ့ပြီး အဖတ်လေးတွေကွာကျတာမျိုးပါ။ အရေပြားကို မခြောက်သွေ့အောင်ထိန်းသိမ်းပေးမယ်ဆိုရင် ကလေးရဲ့ichthyosisရောဂါလက္ခဏာကိုသက်သာစေ မှာလည်းဖြစ်ပါတယ်။

(၂) Eczema (နှင်းခူ) သက်သာစေနိုင်ခြင်း

အရေပြားခြောက်သွေ့တဲ့အခါ Eczema (နှင်းခူ) လိုမျိုးအရေပြားပြဿနာကိုခံစားရနိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ ကလေးရဲ့အရေပြားက နီရဲပြီး ယားယံတဲ့အကွက်တွေဖြစ်နေတတ်ပြီး မိတ်နဲ့ခပ်ဆင်ဆင်တူတတ်ပါတယ်။

(၃) အရေပြားကွာတာကို ကင်းဝေးစေနိုင်ခြင်း

အရေပြားကိုမခြောက်သွေ့အောင် အစိုဓါတ်ထိန်းထားတဲ့အခါ အရေပြားခြောက်သွေ့တာကြောင့်ဖြစ်တဲ့ အပေါ်ယံအရေပြားကွာကျ တာမျိုးကိုမဖြစ်အောင်ကာကွယ်ပြီးသားဖြစ်မှာဖြစ်ပါတယ်။ ကလေးရဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာဖြစ်တဲ့ အရေပြားကွာကျတာမျိုးကို ကင်းဝေးစေမှာလည်းဖြစ်ပါတယ်။

(၄) အရေပြားယားယံမှုကို မဖြစ်စေနိုင်ခြင်း

ကလေးတော်တော်များများကအရေပြားခြောက်သွေ့ယားယံတာမျိုးခံစားကြရပါတယ်။ အရေပြားခြောက်သွေ့မှုက ယားယံမှုကိုပိုဖြစ်စေနိုင်ပါတယ်။ အရေပြားယားယံတဲ့အခါ ကလေးက ကုတ်ဖဲ့မိရာကနေ အနာတွေဖြစ်တာနဲ့ အရေပြားပေါ်မှာအမာရွတ်တွေထင်ကျန်ခဲ့တာလိုမျိုးနောက်ဆက်တွဲအရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။ အရေပြားကိုမခြောက်သေါပအောင် ဂရုစိုက်ပေးခြင်းက ဒီပြဿနာတွေကနေ ကင်းဝေစေနိုင်မှာပါ။

(၅) အရေပြားအနာဖြစ်ခြင်း ကင်းစေနိုင်ခြင်း

အရေပြားမှာ အနာတွေဖြစ်ရတဲ့အကြောင်းအရင်းက ကအရေပြားခြောက်သွေ့ကြမ်းတမ်းတာကြောင့်ပါ။ အရေပြားခြောက်သွေ့ကြမ်းတမ်းတာရဲ့နောက်မှာ အရေပြားကွဲအက်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ပိုးဝင်ကူးစက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အရေပြားမှာ လိုအပ်တဲ့ရေဓါတ်နဲ့ အဆီပြည့်ဝနေမယ်ဆိုရင်တော့ ဒီလိုမျိုးအရေပြားပြဿနာတွေကိုခေါက်ထားနိုင်မှာအသေအချာပါပဲ။

(၆) အသားအရေချောမွေ့စေနိုင်ခြင်း

အရေပြားကို ငယ်စဉ်ကတည်းကသေချာထိန်းသိမ်းပေးမှာ အရွယ်ရောက်လာတဲ့အခါ ကလေးရဲ့အသားအရေကချောမွေ့နေမှာပါ။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးရဲ့ အရေပြားကိုခြောက်သွေ့မှုကင်းပြီး နူးညံ့စိုပြေနေစေဖို့သေသေချာချာထိန်းသိမ်းထားဖို့လိုပါမယ်။ ဒါကြောင့် ကလေးကိုချောမွေ့တဲ့ အသားအရေပိုင်ရှင်ဖြစ်စေဖို့ ငယ်စဉ်ကတည်းကခြောက်သွေ့မှုကင်းအောင်စောင့်ရှောက်ပေးဖို့လိုပါတယ်။

အသားအရေခြောက်သွေ့တဲ့ ကလေးငယ်ကိုဘယ်လိုစောင့်ရှောက်မှုပေးမလဲ
ရေချိုးရင် ဆပ်ပြာမသုံးပေးပါနဲ့
အပျော့စားဆပ်ပြာမျိုးကိုပဲရွေးသုံးပေးပါ
ရနံ့တွေပါတဲ့ပေါင်ဒါတွေမသုံးပေးပါနဲ့
ကလေးအဝတ်တွေကို အပြင်းစားဆပ်ပြာမှုန့်တွေသုံးပြီး မလျှော်ပါနဲ့
ရေအကြာကြီးချိုးပေးတာကိုရှောင်ပါ
ရေချိုးပြီးတိုင်း moisturiser သုံးပေးပါ
ကလေးကိုရေဓါတ်လုံလောက်အောင်ထားပါ
မိခင်နို့လုံလောက်အောင်တိုက်ကျွေးပါ
နေပူရှိန်ပြင်းပြင်းနဲ့ပေးမထိပါနဲ့
ခြောက်သွေ့တဲ့ပြင်ပလေထုကနေကာကွယ်ပေးပါ
ကလေးအခန်းထဲမှာ စိုထိုင်းမှုထိန်းစက်ဖွင့်ပေးထားပါ
အခုပြောပြခဲ့တဲ့အချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီးဖေဖေမေမေတို့လည်း ကိုယ့်ရင်သွေးတွေကို အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကနေ ကင်းဝေးအောင်စောင့်ရှောက်နိုင်ကြပါစေကြောင်း။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Tat Lan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram