May Thae

May Thae Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Thae, Alternative & holistic health service, Yangon.

2026 မှာ👉 တစ်လကို ၁ ကြိမ် Free Meditation Session လုပ်ပေးမယ်လို့ ကိုယ်တိုင် ကတိပေးထားတဲ့အတွက်January လအတွက် Protection M...
30/01/2026

2026 မှာ
👉 တစ်လကို ၁ ကြိမ် Free Meditation Session လုပ်ပေးမယ်လို့
ကိုယ်တိုင် ကတိပေးထားတဲ့အတွက်
January လအတွက် Protection Meditation Session ကို Free အ​နေနဲ့ စီစဥ်​ပေးထားပါတယ် 🤍
အ​သေးစိတ်ကို
ဒီ Telegram Channel ​လေးထဲမှာ ​ပြောထား​ပေးတာမို့ Subscribe မလုပ်ရ​သေးရင် လုပ်ပြီး Post ​လေး ဝင်ဖတ်ကြည့်ပါ​နော်
https://t.me/+dJl335jK8qhmMDk1

ဒီ​နေ့ည Deep Cleansing Session ​လေး​ရော Join ထားပြီးပြီလား?

အဓိဌာန်​တွေ ဝင်ရတာ သ​ဘောကျတဲ့သူ​တွေဒါမှမဟုတ် ခုချိန်မှာ အဓိဌာန်ဝင်ချင်​နေတဲ့သူ​တွေရှိရင် 2026 တစ်နှစ်လုံး ကျမနဲ့တူတူ အဓိ...
26/01/2026

အဓိဌာန်​တွေ ဝင်ရတာ သ​ဘောကျတဲ့သူ​တွေ
ဒါမှမဟုတ်
ခုချိန်မှာ အဓိဌာန်ဝင်ချင်​နေတဲ့သူ​တွေရှိရင်
2026 တစ်နှစ်လုံး ကျမနဲ့တူတူ အဓိဌာန်​တွေဝင်ကြမယ် ✨

မနှစ်ကတုန်းက
ဘုရားစာ​ကို စာရေးပြီး ပူဇော်တဲ့ အဓိဌာန်လေးလုပ်​ပေးဖြစ်ခဲ့ပါတယ်

ဒီနှစ် 2026 မှာလဲ ပထမအကြိမ် အဓိဌာန် ပြီးခဲ့ပြီမို့
မနက်ဖြန် ဒုတိယအကြိမ် ပြန်စပါမယ် 🙏

ကျမနဲ့အတူ
အဓိဌာန်ဝင်ချင်တဲ့ အမတွေ, ညီမလေးတွေ
ဒီ Channel လေးထဲကို လာခဲ့ပေးပါ 🥰
https://t.me/+dJl335jK8qhmMDk1

2026 တစ်နှစ်တာလုံး
✨ ကံကောင်းခြင်း
✨ အောင်မြင်ခြင်း
✨ စိတ်အေးချမ်းမှု
✨ ငွေကြေးပြည့်ဝမှု
✨ မိသားစုအေးချမ်းမှု
တွေကို အပြည့်အဝ လက်ခံရရှိဖို့
ဘက်ပေါင်းစုံကနေ အားစိုက်ကြိုးစားကြရအောင်ပါ 💪💪💪

တူတူ အလင်းကို ရွေးကြမယ် 🌟
တူတူ ကံကောင်းခြင်းကို ဖိတ်ခေါ်ကြမယ် 🌈

#ဆုလာဘ်ရတနာ

ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာမှာ ခိုအောင်းနေတဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ဖို့ အချိန်ရောက်ပါပြီ ✨ ​နေ့စဉ်ဖြတ်သန်းနေရတဲ့ လူမ...
21/01/2026

ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာမှာ ခိုအောင်းနေတဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ဖို့ အချိန်ရောက်ပါပြီ ✨

​နေ့စဉ်ဖြတ်သန်းနေရတဲ့ လူမှုပတ်ဝန်းကျင်ကြားမှာ ကိုယ်မသိလိုက်ပဲ စွဲကပ်လာတဲ့ Negative Energy တွေ,
စိတ်ဓာတ်ကျစေမဲ့ အပြောအဆိုတွေနဲ့ ကံဇာတာ အညံ့အဆိုးတွေကြောင့် လေးလံထိုင်းမှိုင်းနေပါသလား?

​ဒီလို အဆိုးစွမ်းအင်တွေကို အမြစ်ပြတ်ဖယ်ရှားပြီး ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်နိုင်ဖို့ "Deep Cleansing Online Session" ကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်

• ​ဘာတွေ ပါဝင်မလဲ?
• ​Body မှာ သက်ရောက်နေတဲ့ Negative Energy များကို သန့်စင်ခြင်း
• ​စိတ်ကို ထိခိုက်စေတဲ့ Negative Talks ​တွေရဲ့ ဆိုးကျိုးသက်ရောက်မှုကို ဖယ်ရှားခြင်း
• ​ဘဝလမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ ကံအညံ့များကို သန့်စင်ခြင်း

​🗓 Date: 30.Jan.2026
🕗 Time: ည 8:00 Pm
📍 Location: Online (Private Group/Zoom)

​ပိုမိုတောက်ပတဲ့ အနာဂတ်နဲ့ ပေါ့ပါးတဲ့ စိတ်ခန္ဓာကို ပိုင်ဆိုင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ

📌 Online Session ဖြစ်လို့ နေရာမရွေး ပါဝင်နိုင်ပါတယ်
📩 ပါဝင်ချင်သူတွေ DM / Messenger မှာ စာပို့ပြီး Register လုပ်ထားပေးပါနော်

#ဆုလာဘ်ရတနာ


ကိုယ်ဟာ “Negative Energy” တွေကို မသိမသာ သယ်ပိုးထားမိနေပြီလား? ကိုယ်လက်ခံသည်ဖြစ်စေ, လက်မခံသည်ဖြစ်စေ …ကိုယ်သိသည်ဖြစ်စေ, မသ...
19/01/2026

ကိုယ်ဟာ “Negative Energy” တွေကို မသိမသာ သယ်ပိုးထားမိနေပြီလား?

ကိုယ်လက်ခံသည်ဖြစ်စေ, လက်မခံသည်ဖြစ်စေ …
ကိုယ်သိသည်ဖြစ်စေ, မသိပဲဖြစ်စေ …
နေ့စဉ်နဲ့အမျှ ကျွန်မတို့ဆီကို Negative Energy တွေ လာရောက်ချိတ်ဆက်နေပါတယ်

တခါတရံ
• အကြောင်းမဲ့ စိတ်တိုလာတယ်
• စိတ်ဓာတ်ကျပြီး မလုပ်ချင် မကိုင်ချင် ဖြစ်လာတယ်
• ဘာလုပ်လုပ် အဆင်မပြေပဲ ထစ်ငေါ့နေတတ်တယ်
• ကံကောင်းခြင်းတွေ လက်တစ်ကမ်းရောက်မှ လွဲချော်သွားတတ်တယ်
ဒီလိုအခြေအနေတွေဟာ
စိတ်အတွင်းပိုင်းမှာ Negative Energy တွေ အနည်ထိုင်နေတဲ့ အချက်ပြလက္ခဏာတွေ ဖြစ်နိုင်ပါတယ်

▪︎ကိုယ်တိုင် မသိမသာ ပြုမူမိခဲ့တဲ့ အပြုအမူတွေကြောင့် ဖြစ်လာတဲ့ ကံအကျိုးသက်ရောက်မှုတွေနဲ့
▪︎ပတ်ဝန်းကျင်ကနေ လာရောက်ထိခိုက်တဲ့ စွမ်းအင်အညံ့တွေ
ဒီအရာတွေ ပေါင်းစပ်လာတဲ့အခါ
ကျွန်မတို့ရဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို
အတားအဆီး အနှောင့်အယှက်တွေ ဖြစ်စေတတ်ပါတယ်

ဒါကြောင့်
Body, Mind & Soul ကို အခါအားလျော်စွာ သန့်စင်ပေးဖို့က မဖြစ်မနေ လိုအပ်ပါတယ်
ဘာကြောင့်လဲဆိုတော့—
▪︎ နေ့စဉ်နဲ့အမျှ ကိုယ်မသိမသာ လက်ခံနေမိတဲ့ Energy တွေရှိသလို
▪︎ ကိုယ်မသိပဲ ပြုမူမိလိုက်တဲ့ မကောင်းသော အပြုအမူတွေကနေ ဖြစ်လာတဲ့ ကံအကျိုးတွေဟာလည်း ကိုယ့်ဆီကို ပြန်လာတတ်ပါတယ်

ဒီအရာတွေဟာ
ကျွန်မတို့ရဲ့ နေ့စဉ်ဘဝခရီးလမ်းမှာ
မမြင်ရတဲ့ အလေးချိန်လိုပဲ ကိုယ့်ကို လေးလံစေပါတယ်

Negative Energy တွေနဲ့ ကံအညံ့တွေကို သန့်စင်ခြင်းဆိုတာ
ဖုန်တင်နေတဲ့ မှန်တစ်ချပ်ကို ပြန်တိုက်ချွတ်လိုက်သလိုပါပဲ
မှန်ကြည်လာမှသာ မြင်ကွင်းက ရှင်းလင်းလာသလို
စိတ်စွမ်းအင် သန့်ရှင်းလာမှသာ
ကံကောင်းခြင်းတွေကလည်း အလွယ်တကူ ဝင်ရောက်လာနိုင်တာပါ

သန့်စင်နိုင်တဲ့ နည်းလမ်းတွေက အများကြီးရှိပါတယ်
အဲဒီနည်းလမ်းတွေကို နောက်ရက်မှာ ထပ်ပြီး မျှဝေပေးပါမယ် 🤍

အခု ဒီစာကို အဆုံးထိ ဖတ်ပြီးပြီဆိုရင်
ကိုယ့်ကိုကိုယ် တစ်ခါလောက် မေးကြည့်လိုက်ပါ—
“ငါ့ရော Negative Energy တွေ ဘယ်လောက်တောင် သယ်ပိုးထားမိနေပြီလဲ?”

“ကိုယ်ခံစားနေရတဲ့ အချက်ကို Comment မှာ ရေးထားပေးပါ”

#ဆုလာဘ်ရတနာ


မနက်ဖြန် ည (8:00) နာရီမှာ“Release Fears & Inner Blocks” Healing Session စတင်တော့မှာပါ ⏳ Join ဖို့အတွက် အခုအချိန်ထိ တုံ့ဆ...
16/01/2026

မနက်ဖြန် ည (8:00) နာရီမှာ
“Release Fears & Inner Blocks” Healing Session စတင်တော့မှာပါ ⏳

Join ဖို့အတွက် အခုအချိန်ထိ တုံ့ဆိုင်းနေသေးတယ်ဆိုရင်
ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းလေး တစ်ချက်ပြန်မေးကြည့်ပါ…

“ငါ့ရဲ့ 2026 ကို
အရင်ကလို ကြောက်စိတ်တွေနဲ့ပဲ ဆက်ဖြတ်သန်းဦးမှာလား…
ဒါမှမဟုတ် ဒီနေ့ပဲ အသစ်စတင်ဖို့ ဆုံးဖြတ်လိုက်မလား?”

“ငါမလုပ်နိုင်ဘူး”
“ငါ့အတွက် မဖြစ်နိုင်ပါဘူး”
ဆိုတဲ့ အဖျက်စိတ်တွေက
ကိုယ့်ဘဝမှာ အချိန်​တော်​တော်ကြာကြာ ​နေရာယူထားခဲ့ပြီးပါပြီ …

ဒီညဟာ နောက်ဆုံး Register လုပ်နိုင်တဲ့ ညပါ

မနက်ဖြန်ညမှာတော့
ကျွန်မတို့တွေ အတူတူ ပေါ့ပါးသွားကြမယ် 🕊️

🗓 Session Details
📍 Topic : Release Fears & Inner Blocks
📅 Date : January 17 (Friday)
⏰ Time : 8:00 PM
💻 Platform : Zoom
💰 Fee : 72,000 MMK

📩 Join မယ်ဆို Page Chat မှာ “JOIN” လို့ပို့လိုက်ပါ

#ဆုလာဘ်ရတနာ

&InnerBlocks
​

✨ 2026 အတွက် အဓိဌာန်ဝင်ကြမယ် ✨ မနှစ်ကလိုပဲဘုရားစာရေးပြီး ပူဇော်တဲ့ အဓိဌာန်လေးကိုမနက်ဖြန်ကစပြီး 2026 တစ်နှစ်လုံးအတွက် စတင...
15/01/2026

✨ 2026 အတွက် အဓိဌာန်ဝင်ကြမယ် ✨

မနှစ်ကလိုပဲ
ဘုရားစာရေးပြီး ပူဇော်တဲ့ အဓိဌာန်လေးကို
မနက်ဖြန်ကစပြီး 2026 တစ်နှစ်လုံးအတွက် စတင်မယ်နော် 🙏

ကျမနဲ့အတူ
အဓိဌာန်ဝင်ချင်တဲ့ အမတွေ, ညီမလေးတွေ
ဒီ Channel လေးထဲကို လာခဲ့ပေးပါ 🥰
https://t.me/+dJl335jK8qhmMDk1

2026 တစ်နှစ်တာလုံး
✨ ကံကောင်းခြင်း
✨ အောင်မြင်ခြင်း
✨ စိတ်အေးချမ်းမှု
✨ ငွေကြေးပြည့်ဝမှု
✨ မိသားစုအေးချမ်းမှု
တွေကို အပြည့်အဝ လက်ခံရရှိဖို့
ဘက်ပေါင်းစုံကနေ အားစိုက်ကြိုးစားကြရအောင်ပါ 💪💪💪

တူတူ အလင်းကို ရွေးကြမယ် 🌟
တူတူ ကံကောင်းခြင်းကို ဖိတ်ခေါ်ကြမယ် 🌈

#ဆုလာဘ်ရတနာ

အိပ်မက်​တွေနဲ့ ကိုယ့်ရဲ့ကြားမှာ “မမြင်ရတဲ့ တံတိုင်း” ရှိနေသလို ခံစားရဖူးလား? 🧱 ​လူတိုင်းမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ, ပန်းတို...
14/01/2026

အိပ်မက်​တွေနဲ့ ကိုယ့်ရဲ့ကြားမှာ “မမြင်ရတဲ့ တံတိုင်း” ရှိနေသလို ခံစားရဖူးလား? 🧱

​လူတိုင်းမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ, ပန်းတိုင်တွေ ရှိကြပါတယ် ဒါပေမဲ့...
"ရှေ့ဆက်ဖို့ ကြိုးစားတိုင်း တစ်ခုခုက နောက်ကနေ ဆွဲထားသလိုပဲ"
"လုပ်ရမှာ သိပေမယ့် ဘာကြောင့်မှန်းမသိ မစတင်နိုင်ပဲ အချိန်​တွေဆွဲနေမိတယ်"
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးပြီး လမ်းပျောက်နေသလို ခံစားရတယ်"

​ဒါတွေက ကိုယ့်မှာအရည်အချင်း မရှိလို့ မဟုတ်ပါဘူး
ကိုယ့်ရဲ့ စိတ်အာရုံထဲမှာ ခိုင်မာစွာ အမြစ်တွယ်နေတဲ့ Inner Blocks (အတွင်းစိတ် အတားအဆီးများ) ကြောင့်သာ ဖြစ်ပါတယ်

​💡 Inner Blocks ဆိုတာက ဘာလဲ?
​ကျွန်မတို့ မသိစိတ်ထဲမှာ သိမ်းဆည်းထားတဲ့ အတိတ်က နာကျင်မှုတွေ, ကျရှုံးမှုတွေနဲ့ ပတ်ဝန်းကျင်က ရိုက်သွင်းပေးလိုက်တဲ့ "မဖြစ်နိုင်ပါဘူး" ဆိုတဲ့ အယူအဆ (Limiting Beliefs) တွေပဲ ဖြစ်ပါတယ်

ဒါတွေကို အလွှာလိုက် ခွဲခြားကြည့်မယ်ဆိုရင် -
• ​Fear (ကြောက်ရွံ့စိတ်) : "မှားသွားရင် ဘယ်လိုလုပ်မလဲ?" "သူများတွေ ကဲ့ရဲ့မလား?" ဆိုတဲ့ စိုးရိမ်စိတ်တွေက သင့်ကို ခြေလှမ်းသစ် မလှမ်းနိုင်အောင် ခြေချင်းခတ်ထားတတ်ပါတယ်
• ​Self-Doubt (သံသယ) : "ငါ ဒါနဲ့ ထိုက်တန်ရဲ့လား?" "ငါ တကယ်ရော လုပ်နိုင်မှာလား?" ဆိုတဲ့ မေးခွန်းတွေက သင့်ရဲ့ Potential တွေကို ပိတ်ပင်ထားပါတယ်
• ​Bad Habits (အကျင့်ဆိုးများ): အချိန်ဆွဲခြင်း (Procrastination) နဲ့ လိုတာထက် ပိုတွေးခြင်း (Overthinking) တွေဟာ စိတ်ထဲက ကြောက်ရွံ့မှုကို ဖုံးကွယ်ဖို့ ဦးနှောက်က ဖန်တီးလိုက်တဲ့ ခုခံမှု ယန္တရားတွေပါ

​🌿 Solution: Release & Reset (လွှတ်ချပေးပြီး အသစ်ပြန်စတင်ခြင်း)
​ဒီအတားအဆီးတွေကို ကျော်လွှားဖို့ဆိုရင် အတင်းရုန်းကန်နေတာထက် "အမြစ်" ကို ရှာပြီး ဖြုတ်ချဖို့ လိုပါတယ်
• ​အတွင်းစိတ်ထဲက ပိတ်မိနေတဲ့ ခံစားချက်တွေကို ဖော်ထုတ်မယ်
• ​ကိုယ့်ကိုယ်ကိုယ် ပြန်လည် ယုံကြည်မှု (Self-trust) တည်ဆောက်မယ်
• ​ပေါ့ပေါ့ပါးပါးနဲ့ ရှေ့ဆက်နိုင်မယ့် စိတ်ခွန်အားကို ဖြည့်တင်းမယ်

​✨ မနက်ဖြန်အတွက် ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ကြည့်ဖို့ Tip အ​နေနဲ့ စာအုပ်တစ်အုပ်ထဲမှာ ဒီမေးခွန်းကို ရေးကြည့်ပါ👇
ခဏလောက် ငြိမ်ငြိမ်လေးထိုင်ပြီး စာအုပ်တစ်အုပ်ထဲမှာ ရေးကြည့်ပါ
"ငါ့ရဲ့ ဒီပန်းတိုင်ကို မလျှောက်လှမ်းနိုင်အောင် ငါ့စိတ်ထဲက ဘာက တားဆီးနေတာလဲ?"
"ဘယ် fears ​တွေ / blocks က ငါ့ကို ဘာကြောင့် ရပ်နေစေတယ်?”
ထွက်လာတဲ့ အဖြေတွေကို ချရေးလိုက်ရုံနဲ့တင် သင့်ရဲ့ Awareness က စတင် ပွင့်လာမှာပါ

​📌 ပိုမိုနက်ရှိုင်းတဲ့ Healing နဲ့ Clearing တွေကို အတူတူလုပ်ဆောင်ချင်ရင် ...
လာမယ့် Jan 17 မှာ ကျင်းပမယ့် "Release Fears & Inner Blocks" Online Session မှာ ကျွန်မတို့ အတူတူ လေ့ကျင့်သွားကြပါမယ်

2026 ကို လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေမပါပဲ အကောင်းဆုံး စတင်လိုက်ရအောင် 🕊️

#ဆုလာဘ်ရတနာ

​



"2026 ခုနှစ်မှာ အသစ်တဖန် ပြန်လည်မွေးဖွားခြင်း - May Thae မှ ဆုလာဘ်ရတနာ သို့..."​လူတွေရဲ့ အကြိုက်တွေက တစ်နေ့နဲ့တစ်နေ့ မတူ...
12/01/2026

"2026 ခုနှစ်မှာ အသစ်တဖန် ပြန်လည်မွေးဖွားခြင်း - May Thae မှ ဆုလာဘ်ရတနာ သို့..."
​
လူတွေရဲ့ အကြိုက်တွေက တစ်နေ့နဲ့တစ်နေ့ မတူသလို, တစ်နှစ်နဲ့တစ်နှစ်မှာလည်း ကျွန်မတို့ရဲ့ Energy တွေ, ခံယူချက်တွေက ပြောင်းလဲတိုးတက်လာတတ်ပါတယ်

ဒီပြောင်းလဲမှုတွေအရ 2026 ခုနှစ်မှာတော့ "May Thae" ဆိုတဲ့ နာမည်ထက် "ဆုလာဘ်ရတနာ" ဆိုတဲ့ နာမည်အသစ်လေးနဲ့ ခရီးသစ်တစ်ခုကို စတင်​နေပါပြီ

​ကျွန်မနဲ့ Energy ကိုက်ညီသူတွေ, ချစ်ခင်သူတွေနဲ့အတူ နွေးထွေးတဲ့ Community လေးတစ်ခု ပြန်လည်တည်ဆောက်ချင်လို့ Page အသစ်နဲ့ Channel အသစ် လေးတွေ ဖွင့်လှစ်ထားပါတယ်

​Healing Session အစီအစဉ်​တွေက​တော့
• ​Monthly Paid Sessions: တစ်လလျှင် (3) ကြိမ်သာ သီးသန့်စီစဉ်ပေးသွားပါမယ်
• ​Monthly Free Session: ပညာကုသိုလ်အဖြစ် တစ်လလျှင် (1) ကြိမ် Free Session ပြုလုပ်ပေးပါမယ် (Free ဆိုပေမဲ့ Energy Exchange အနေနဲ့ Lucky Money / Happy Money လေးတွေကိုတော့ ကျေးဇူးတင်စွာနဲ့ လက်ခံပါမယ်ရှင်)
​ဒီ Session အသစ်တွေကို Page အသစ်နဲ့ Channel အသစ်တွေမှာပဲ တင်ပေးသွားမှာမို့ အခုပဲ အောက်က Link လေးတွေကနေ Join ထားပေးပါဦးနော်

Page အသစ် --- https://www.facebook.com/share/1DEpzKkqed/
Telegram Channel အသစ် --- https://t.me/+dJl335jK8qhmMDk1
Tiktok အသစ် --- https://www.tiktok.com/.thae1336?_r=1&_t=ZS-930XhfKTkzH

#ဆုလာဘ်ရတနာ

⏰ Early Bird နောက်ဆုံးနေ့ — ဒီည 12 နာရီအထိသာ! “ငါ့ဘဝက ဘာလို့ မပြောင်းလဲသေးတာလဲ?”“ဘာလို့ အမြဲတမ်း စိတ်ထဲမှာပဲ Plan တွေရှိ...
12/01/2026

⏰ Early Bird နောက်ဆုံးနေ့ — ဒီည 12 နာရီအထိသာ!

“ငါ့ဘဝက ဘာလို့ မပြောင်းလဲသေးတာလဲ?”
“ဘာလို့ အမြဲတမ်း စိတ်ထဲမှာပဲ Plan တွေရှိနေရတာလဲ?”
အကြောင်းရင်းက ရိုးရှင်းပါတယ် …..
👉 အပြင်မှာ မစတင်နိုင်တာ မဟုတ်ဘူး
👉 အတွင်းမှာ ပိတ်နေတာတွေ မဖယ်ရှားနိုင်သေးတာပါ
ကြောက်စိတ်တွေ
အတိတ်က အနာတွေ
ကိုယ့်ကိုယ်ကို မယုံနိုင်တဲ့ စိတ်တွေ
“မင်း မလုပ်နိုင်ပါဘူး” လို့ ပြောနေတဲ့ အသံတွေ …..
အဲဒီအရာတွေ မဖြုတ်မချင်း
ဘယ်လောက်ပဲ အိပ်မက်ကြီးကြီး ရှိပါစေ
ဘယ်လောက်ပဲ ဆုံးဖြတ်ချက်ခိုင်ခိုင် ချထားပါစေ
ရှေ့မတိုးနိုင်ပဲ ….. အဲဒီနေရာမှာပဲ ရပ်နေမိတတ်ပါတယ်
ဒါကြောင့်

လာမယ့် Jan 17 – Release Fears & Inner Blocks Online Session မှာ
ကျွန်မတို့ အမြစ်ကနေ ဖယ်ရှားမယ့်အလုပ်ကိုပဲ လုပ်မှာပါ 🌿
✔ ကြောက်စိတ်တွေကို တိတိကျကျ ဖော်ထုတ်မယ်
✔ မမြင်ရတဲ့ Inner Blocks ကြိုးတွေကို ဖြုတ်ချမယ်
✔ Self-doubt ကို ဖြတ်တောက်မယ်
✔ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်တည်ဆောက်မယ်

ဒီ Session က
“ငါ တကယ် ပြောင်းလဲချင်တယ်”
“2026 ကို ခါတိုင်းနဲ့မတူပဲ ဖြတ်သန်းချင်တယ်”
ဆိုတဲ့သူတွေ အတွက်ပါ 🤍

🔥 Early Bird – 54,000/- MMK
⏰ ဒီနေ့ Jan 12 နောက်ဆုံးနေ့သာ!
မနက်ဖြန်ကစပြီး 72,000/- MMK ပြန်တက်ပါပြီ
ဒီည 12 နာရီကျော်သွားရင်
ဒီစျေးနဲ့ မရတော့ပါဘူးနော် ⚠️

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ…
“2026 ကို အဟောင်းတွေကို သယ်ပြီးပဲ ဝင်မလား?”
“ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးနဲ့ အသစ်စတင်မလား?”
ဆုံးဖြတ်ချက်က ဒီညပဲပါ ✨
မနက်ဖြန်ဆိုရင် နောက်ကျသွားနိုင်ပါတယ် …..

📩 Register Now 👉 Messenger မှာ စာပို့လိုက်ပါ

🗓 Session Details
Topic : Release Fears & Inner Blocks
Date : January 17 (Friday)
Time : 8:00 PM
Platform : Zoom





#ဆုလာဘ်ရတနာ

ကျွန်မတို့တွေကလေ ... နှစ်သစ်တစ်ခု ရောက်လာတိုင်း "ငါ ဘာတွေဖြစ်ချင်တယ်, ဘာတွေရချင်တယ်" ဆိုတဲ့ List တွေကိုပဲ အားတက်သရော ရေး...
10/01/2026

ကျွန်မတို့တွေကလေ ... နှစ်သစ်တစ်ခု ရောက်လာတိုင်း "ငါ ဘာတွေဖြစ်ချင်တယ်, ဘာတွေရချင်တယ်" ဆိုတဲ့ List တွေကိုပဲ အားတက်သရော ရေးတတ်ကြတာ 📝✨

​တကယ်တမ်းကျတော့ အဲဒီ List တွေထဲကအတိုင်း ဖြစ်မလာတာဟာ ကိုယ်က အစီအစဉ်ဆွဲတာ မတော်လို့, ကံတွေညံ့နေလို့ဆိုတာတွေနဲ့ သက်ဆိုင်သလိုပဲ ... 👣
​နောက်ထပ် တကယ်ဖြစ်နေတာက .....
ရှေ့ကို လှမ်းချင်ပေမဲ့ ခြေထောက်မှာ အလေးတုံးကြီး ချည်ထားသလိုမျိုး, ဒါမှမဟုတ် လက်ထဲမှာ အထုပ်အပိုးတွေ အများကြီး သယ်ထားပြီးမှ တောင်တက်ဖို့ ကြိုးစားနေသလို ဖြစ်နေတာပါ 🎒⛰️

​ကျွန်မတို့ အားလုံးရဲ့ ဟိုးအတွင်းစိတ်ထဲမှာ ...
💡 "မင်း မလုပ်နိုင်ပါဘူး" လို့ တိုးတိုးလေး ပြောနေတဲ့ အကြောက်တရားတွေ
🩹 "အရင်ကလည်း ရှုံးဖူးတာပဲ" ဆိုတဲ့ အတိတ်က အနာဟောင်းတွေ
👥 "သူများတွေ ဘာပြောမလဲ" ဆိုတဲ့ ပတ်ဝန်းကျင်အပေါ် စိုးရိမ်စိတ်တွေ .....
​အဲဒီ Inner Blocks တွေက ကျွန်မတို့ကို မသိမသာ ဆွဲချထားတတ်ကြတယ် ⛓️⚓

​အသစ်တွေ ထပ်ဖြည့်ဖို့ပဲ စဉ်းစားနေပြီး, အတွင်းက ပိတ်ဆို့နေတဲ့ အဟောင်းတွေကို ဖယ်ရှားဖို့ (Release လုပ်ဖို့) မေ့နေကြတာပါ 🧹

အမှိုက်တွေ ပြည့်နေတဲ့ အခန်းထဲကို ပရိဘောဂအသစ်တွေ ထပ်ထည့်လို့ မရသလိုပေါ့ 📦🚫

​ဒါကြောင့် 2026 မှာ ကျွန်မတို့ တကယ် ရှေ့ဆက်ချင်တယ်ဆိုရင် အရင်ဆုံး လုပ်ရမှာက "အပိုတွေ ဖယ်ထုတ်ဖို့" ပါပဲ ✨

​လာမယ့် (17) ရက်နေ့မှာ လုပ်မယ့် "Release Fears & Inner Blocks" Online Session မှာ ကျွန်မတို့ ဒါတွေကိုပဲ အတူတူ လုပ်ကြမှာပါ 🤝🌿

​ကိုယ့်ကို ရှေ့မတိုးနိုင်အောင် ဆွဲထားတဲ့ အရာတွေကို ရှာဖွေမယ် ပြီးရင် တစ်ခုချင်းစီ ဖြုတ်ချပြီး 2026 ကို အပေါ့ပါးဆုံး ပုံစံနဲ့ ရှေ့ဆက်ကြမယ် 🕊️🚀

​ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရအောင် ...
"ငါ့ရဲ့ အိပ်မက်တွေက စာအုပ်ထဲမှာပဲ ရှိနေဦးမှာလား? 📖
တကယ် လက်တွေ့ ဖြစ်လာဖို့ အဟန့်အတားတွေကို ဖယ်ရှားဖို့ အဆင်သင့်ဖြစ်ပြီလား?"

​အခုမှ စတင်မယ့် 2026 ခရီးလမ်းမှာ ပေါ့ပေါ့ပါးပါးနဲ့ အရှိန်အဟုန်နဲ့ သွားနိုင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် Release Fears & Inner Blocks Online Session ​လေးက​နေ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🤍✨

​🗓 Session Details
📍 Topic : Release Fears & Inner Blocks
📅 Date : January 17 (Friday)
⏰ Time : 8:00 PM
💻 Platform : Zoom
​💰 Session Fee : 72,000/- MMK
🔥 Early Bird : 54,000/- MMK (Jan 12 ရက်နေ့ မတိုင်ခင်သာ!)
📩 Messenger Link - [http://m.me/172516130253661]

#ဆုလာဘ်ရတနာ

&InnerBlocks
​

🔹▫️🔸️ Healing ဆိုတာဘာလဲ? Healing ဆိုတာဟာ ..... ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကနေ ပြန်...
09/01/2026

🔹▫️🔸️ Healing ဆိုတာဘာလဲ?

Healing ဆိုတာဟာ ..... ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကနေ ပြန်လည်ကောင်းမွန်လာအောင်, ဟန်ချက်ညီလာအောင် လုပ်ဆောင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်
ဒါဟာ ဆေးသောက်လို့ ပျောက်ကင်းသွားတာမျိုးတင်မကပဲ အတွင်းစိတ်ငြိမ်းချမ်းမှု ရရှိတာကိုလည်း ဆိုလိုပါတယ်

တနည်းအားဖြင့် ​ပြောရရင် Body (ခန္ဓာကိုယ်), Mind (စိတ်), Soul (စိတ်ဝိညာဉ်) တို့ထဲမှာ ဖြစ်နေတဲ့
နာကျင်မှု, ပိတ်ဆို့မှု, မညီမျှမှုတွေကို သဘာဝနည်းလမ်းနဲ့ ပြန်လည်ညှိပေးခြင်း ဖြစ်ပါတယ်

ဆေးသောက်ခြင်းတစ်ခုတည်းမဟုတ်ပဲ
👉 စိတ်အခြေအနေ
👉 စွမ်းအင် (Energy)
👉 သိစိတ်/မသိစိတ်
👉 စိတ်ဝိညာဉ်အားလုံးကိုပါ ထိတွေ့စေတဲ့ ကုသခြင်းပါ

"Healing ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်လာအောင် သင်ယူတဲ့ ခရီးစဉ်တစ်ခုပါ"

Healing ဆိုတာ ဘာလဲ? ဆိုတာကို ​ပြောပြ​ပေးပြီးပြီမို့ ဒီ​နေ့မှာ​တော့ Healing အမျိုးအစား ဘယ်နှမျိုးရှိလဲဆိုတာ​လေးကို ​ပြောပြ​ပေးပါမယ်

🔹 Healing အမျိုးအစား ဘယ်နှမျိုးရှိလဲ? ဆိုရင် ပုံမှန်က​တော့ .......
▪︎Physical Healing
▪︎Mental Healing
▪︎Emotional Healing
▪︎Spiritual Healing ဆိုပြီး (4)မျိုးခွဲခြားထား​ပေမဲ့

တချို့က .......
▪︎Physical Healing
▪︎Mental Healing
▪︎Emotional Healing
▪︎Energy Healing
▪︎Subconscious Healing
▪︎Spiritual Healing ဆိုပြီး Deep Healing အ​နေနဲ့ (6)မျိုး ခွဲကြတဲ့သူ​တွေလဲရှိပါတယ်

အဲဒီမှာ Energy Healing ဆိုတာက Spiritual Healing ထဲမှာ ပါဝင်ပြီးသားကိုမှ ပိုပြီး Deep ဖြစ်​အောင် ခွဲထုတ်ထားတာပဲဖြစ်ပါတယ်
အဲဒီလိုပဲ Subconscious Healing ဆိုတာကလဲ Mental နဲ့ Emotional ကြားက ကိုယ်တိုင်​တောင်မသိပါပဲ, သတိမထားမိပါပဲနဲ့ စွဲနေတဲ့ အမူအကျင့်ဟောင်းတွေ, ငယ်စဉ်က ရခဲ့တဲ့ စိတ်ဒဏ်ရာ (Trauma) တွေကို စိတ်ရဲ့ ဟိုးအောက်ခြေထိ ဆင်းပြီး ကုသတာပါ

ဒီ​တော့ (6)မျိုးလုံးကို ပြန်ပြီး ရှင်းပြရရင် .......

▫️Physical Healing : ဆိုတာဟာ အပြင်ပန်း ခန္ဓာကိုယ်နဲ့ ဆိုင်တဲ့ ကုသမှုပါ မျက်မြင်တွေ့ရတဲ့ ဒဏ်ရာတွေ, ရောဂါဝေဒနာတွေကို ကုသတဲ့ ရုပ်ပိုင်းဆိုင်ရာ ကုသခြင်းဖြစ်ပါတယ်

▫️Mental Healing : ဆိုတာဟာ အတွေးအခေါ် တွေနဲ့ ပတ်သက်ပါတယ် ကိုယ့်ရဲ့ ဦးနှောက်က အချက်အလက်တွေကို ဘယ်လို လက်ခံသလဲ? ဘယ်လို တုံ့ပြန်သလဲ? ဆိုတာကို ညှိယူခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကုသခြင်းဖြစ်ပါတယ်

▫️Emotional Healing : ကိုယ့်ရဲ့ခံစားချက်တွေကို ကိုယ်တိုင်နားလည်ပြီး လက်ခံနိုင်အောင် လုပ်ဆောင်တာပါ ခံစားချက်တွေကို အောင့်အည်းသိမ်းဆည်းမထားပဲ စနစ်တကျ ထုတ်ဖော်တတ်ဖို့ လုပ်​ဆောင်ခြင်းဟာ ခံစားချက်ပိုင်ဆိုင်ရာ ကုသခြင်းပဲဖြစ်ပါတယ်

▫️Energy Healing : လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်နဲ့ အတွင်းထဲမှာ စီးဆင်းနေတဲ့ စွမ်းအင် Vibration ​တွေ Frequency တွေကို ပြန်လည်မျှတအောင် လုပ်ဆောင်ခြင်းကို စွမ်းအင်ပိုင်းဆိုင်ရာကုသခြင်းပဲဖြစ်ပါတယ်

▫️Subconscious Healing : ကိုယ်တိုင်​တောင် သတိမထားမိတဲ့ စိတ်ရဲ့ ဟိုးအောက်ဆုံး (Subconscious Mind) ထဲက ယုံကြည်ချက်အမှားတွေနဲ့ အတိတ်က နက်ရှိုင်းတဲ့ ဒဏ်ရာတွေကို ကုသခြင်းကို မသိစိတ်ကုသခြင်းလို့​ခေါ်ပါတယ်

▫️Spiritual Healing : မိမိကိုယ်ကို ပြန်လည်တွေ့ရှိဖို့နဲ့ ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လုပ်ဆောင်ခြင်းက ဝိညာဥ်​ရေးရာ ကုသခြင်းပါ

ဒီ (6) မျိုးလုံးဟာ အဆင့်ဆင့် တဆင့်ချင်း တက်သွားတာမျိုး မဟုတ်ပဲ စက်ဝိုင်းတစ်ခုလို ဆက်စပ်နေတာပါ
ဒီ (6) မျိုးစလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတဲ့ ကွင်းဆက်တွေ ဖြစ်တဲ့အတွက် တစ်နေရာကစပြီး Healing ရတာနဲ့ ကျန်တဲ့အပိုင်းတွေကိုပါ အကျိုးသက်ရောက်မှုဖြစ်စေပါတယ်

​ဥပမာလေးတွေနဲ့ ​ပြောပြရရင် .......

​🔸️Physical Healing ရလာတဲ့အခါ
​ခန္ဓာကိုယ် ကျန်းမာလာရင် (သို့မဟုတ်) အိပ်ရေးဝဝအိပ်ပြီး အာဟာရပြည့်ဝလာရင် Mental (စိတ်) ပိုင်းမှာ ကြည်လင်လာပါတယ် စိတ်ကြည်လင်တော့ Emotional (ခံစားချက်) တွေကလည်း တည်ငြိမ်လာပြီး စိတ်တို, စိတ်ဆတ်တာတွေ လျော့နည်းသွားပါတယ်

​🔸️Mental Healing ရလာတဲ့အခါ
​အတွေးအခေါ်တွေ (Mindset) ပြောင်းလဲပြီး Stress တွေကို စနစ်တကျ ကိုင်တွယ်တတ်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ Cortisol (စိတ်ဖိစီးမှုဟော်မုန်း) ကျဆင်းသွားပြီး Physical (ရုပ်ပိုင်းဆိုင်ရာ) နာကျင်မှုတွေ, ရောဂါ​ဝေဒနာတွေ သက်သာသွားတတ်ပါတယ်

🔸️Energy Healing ရလာတဲ့အခါ
​ခန္ဓာကိုယ်ထဲက စွမ်းအင်စီးဆင်းမှုတွေ မျှတလာတဲ့အခါ စိတ်ရဲ့ ဟိုးအောက်ခြေက ပိတ်ဆို့နေတဲ့အရာတွေ (Subconscious) ပွင့်ထွက်သွားတတ်ပါတယ်
Energy ကောင်းနေတဲ့သူဟာ အလုပ်လုပ်ရာမှာလည်း ပိုပြီး လန်းဆန်းတက်ကြွလာတဲ့အတွက် Physical ပိုင်းကိုပါ အထောက်အကူပြုပါတယ်

​🔸️Subconscious Healing ရလာတဲ့အခါ
​ငယ်စဉ်က စွဲနေတဲ့ ကြောက်စိတ် ဒါမှမဟုတ် Trauma တွေကို ကုသနိုင်သွားတဲ့အခါ လက်ရှိမှာ ဖြစ်နေတဲ့ အကြောင်းရင်းမရှိပဲ ဝမ်းနည်းတာ,ဒေါသထွက်တာမျိုး (Emotional) တွေ ပျောက်သွားပါတယ် အဲဒီအခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာပြီး ဘဝရဲ့ ရည်ရွယ်ချက်ကို မြင်လာရတဲ့ Spiritual ပိုင်းအထိ အကျိုးရှိသွားပါတယ်

​ဒါကြောင့် Healing ဆိုတာ "အိမ်တစ်လုံး ပြင်တာနဲ့ တူပါတယ်"
• ​အမိုးကို ပြင်လိုက်ရင် အထဲက ပရိဘောဂတွေ မိုးမစိုတော့သလို
• ​အောက်ခြေ ဖောင်ဒေးရှင်းကို ပြင်လိုက်ရင် တစ်အိမ်လုံး ခိုင်ခံ့သွားတာမျိုးပါ

​"ဘယ်နေရာကပဲ စတင်ပြီး ကုစားကုစား နောက်ဆုံးမှာတော့ တစ်ကိုယ်ရည်လုံး (Holistic) ကောင်းမွန်ခြင်းဆီကိုပဲ ဦးတည်သွားတာပဲ ဖြစ်ပါတယ်"

ဒီ (6) မျိုးထဲမှာ အခုလောလောဆယ် ကိုယ့်အတွက် ဘယ်အချက်က ပိုပြီး လိုအပ်နေတယ်လို့ ခံစားရလဲဆိုတာ Comment ​ရေးခဲ့ပြီး .....
ဒီစာကိုဖတ်ရတာ ကိုယ့်အတွက် အကျိုးရှိတယ်လို့ ယူဆရင် တခြားသူ​တွေလဲ ဗဟုသုတရ​အောင် Copy မယူပဲ Share လုပ်ခြင်းဖြင့် မျှ​ဝေ​ပေးပါဦး​နော် 🤍

#ဆုလာဘ်ရတနာ







"ဘာကြောင့် ငါ့ရည်မှန်းချက်တွေက စာအုပ်ထဲမှာပဲ ရှိနေသေးတာလဲ?""ဘာလို့ တစ်ခုခုလုပ်မယ်ကြံတိုင်း ကြောက်စိတ်က အရင်ဝင်လာတာလဲ?"ပန...
07/01/2026

"ဘာကြောင့် ငါ့ရည်မှန်းချက်တွေက စာအုပ်ထဲမှာပဲ ရှိနေသေးတာလဲ?"
"ဘာလို့ တစ်ခုခုလုပ်မယ်ကြံတိုင်း ကြောက်စိတ်က အရင်ဝင်လာတာလဲ?"
ပန်းတိုင်တွေ ဘယ်လောက်ပဲ ကောင်းကောင်း ရေးထားနိုင်ပါစေ
အတွင်းက ကြောက်စိတ်တွေ, အဟန့်အတားတွေ မဖယ်ရှားနိုင်သရွေ့
အဲဒီပန်းတိုင်တွေက အိမ်မက်ထဲမှာပဲ နေလိမ့်မယ်

ဒါကြောင့် ...
Clear Path 2026 Journey ရဲ့ ဒုတိယမြောက် ခြေလှမ်းအဖြစ်
"Release Fears & Inner Blocks" Online Session ကို ပြင်ဆင်ထားပါတယ် 🌿

📍 ဒီ Session မှာ ဘာတွေလုပ်မလဲ?
✨ 2026 ကို အကောင်းဆုံးဖန်တီးမယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်
အတွင်းမှာ ရှိနေတဲ့ ...
အကြောက်တရားတွေ, ပိတ်နေတာတွေကို တိတိကျကျ ရှာဖွေမယ်
ပြီးရင်
အဲဒီ Fear တွေကို ရင်ဆိုင်ပြီး လွတ်မြောက်နိုင်အောင် ကြိုးစားမယ်

✨ Inner Blocks (မမြင်ရတဲ့ကြိုးတွေ)
ကိုယ့်ကို ရှေ့မတိုးနိုင်အောင် ဆွဲထားတဲ့
အတွင်းက အဟန့်အတားတွေကို ဖော်ထုတ်ပြီး
အမြစ်ကနေ ဖယ်ရှားပေးမယ်

✨ Bad Habits (Procrastination & Self-doubt)
အလုပ်ရွှေ့ဆိုင်းတတ်တဲ့ အကျင့်
ကိုယ့်ကိုယ်ကို မယုံနိုင်တဲ့ စိတ်
အဲဒီအကျင့်ဟောင်းတွေကို ဖြတ်တောက်ပြီး Self-Trust ပြန်တည်ဆောက်မယ်

📍 ဒီ Session က ဘယ်သူတွေအတွက်လဲ?
✔ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲနေသူ
✔ ကြောက်စိတ်ကြောင့် အမြဲ ရပ်နေမိတဲ့သူ
✔ စိတ်ပင်ပန်းပြီး လမ်းပျောက်နေသလို ခံစားနေရတဲ့သူ
✔ အသစ်စတင်ချင်ပေမယ့် မစတင်နိုင်တဲ့သူ
✔ 2026 မှာ ဘဝကို တစ်ဆင့်မြှင့်ချင်တဲ့သူတိုင်း

🗓 Session Details
Topic : Release Fears & Inner Blocks
Date : January 17 (8:00 PM)
Platform : Zoom
Session Fee : 72,000/- MMK
🔥 Early Bird – 54,000/- MMK (Jan 12 မတိုင်ခင်သာ!)

"အတားအဆီးတွေကို မကျော်လွှားပဲ ရှေ့ဆက်ဖို့ ကြိုးစားနေတာဟာ
Hand Brake ဆွဲထားပြီး ကားမောင်းနေသလိုပါပဲ"

2026 မှာတော့ ဒီဘရိတ်တွေကို ဖြုတ်ချပြီး
အရှိန်နဲ့ သွားကြရအောင် 🤍


&InnerBlocks



Address

Yangon

Website

Alerts

Be the first to know and let us send you an email when May Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram