Dr. Sai Myat Thu - ကလေးကျန်းမာရေး

Dr. Sai Myat Thu - ကလေးကျန်းမာရေး Dr. Sai Myat Thu ကလေးကျန်းမာရေး Page သည် အခြေခံကလေးကျန်းမာရေးဗဟုသုတများ မျှဝေပေးနေသောPageဖြစ်ပါသည်။

ခရီးကပြန်ရောက်ပါပြီ။ Thailand Symposium တစ်ခုသွားရတာမို့ Online မရှိနိုင်တာပါ။ မနက်ဖြန်ကျရင် ကလေးဖြည့်စွက်စာနဲ့ဆိုင်တဲ့ ...
05/12/2023

ခရီးကပြန်ရောက်ပါပြီ။ Thailand Symposium တစ်ခုသွားရတာမို့ Online မရှိနိုင်တာပါ။ မနက်ဖြန်ကျရင် ကလေးဖြည့်စွက်စာနဲ့ဆိုင်တဲ့ ဗဟုသုတတစ်ခု တင်ပေးမယ်နော်။

ကလေးကို ဖြည့်စွက်စာကျွေးဖို့ "ဆီ" အမျိုးအစား ရွေးချယ်တဲ့အခါကလေးဖြည့်စွက်စာနဲ့ပတ်သက်ပြီး ပြောစရာတွေကတော့ ကုန်တယ်ရယ်မရှိသလ...
05/12/2023

ကလေးကို ဖြည့်စွက်စာကျွေးဖို့ "ဆီ" အမျိုးအစား ရွေးချယ်တဲ့အခါ
ကလေးဖြည့်စွက်စာနဲ့ပတ်သက်ပြီး ပြောစရာတွေကတော့ ကုန်တယ်ရယ်မရှိသလို ဆရာတို့ပြောပြနေကြရတာပါပဲ။ ဒီတစ်ခါတော့ ဖြည့်စွက်စာမှာ ထည့်ကျွေးမယ့် ဆီ အကြောင်း ပြောကြရအောင်နော်။
ဒီတော့ ဆရာတို့ ဘာဆီကျွေးမလဲ မပြောခင် ဘယ်အရွယ်မှာ ဆီ စပြီးထည့်ကျွေးကြမလဲ သိဖို့လိုအပ်ပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက် ကြီးထွားမှု၊ ဖွံ့ဖြိုးမှု၊ မွေးကတည်းကရောဂါပါခြင်းရှိမရှိ စတာတွေပေါ်မူတည်ပြီး အာဟာရဆရာဝန်တွေက ချင့်ချိန်ပြီး အချိန်သတ်မှတ်ကြပါတယ်။ အကြမ်းအားဖြင့်တော့ ကလေးအသက် "ရှစ်လ" ဝန်းကျင်ဆိုရင် ဆီ ကို စပြီးထည့်ကျွေးကြပါတယ်။
ဆီ ကို ဘာကြောင့်ထည့်ကျွေးရသလဲဆိုရင် ဆီ (fat) ဟာ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ အာရုံကြောဖွံ့ဖြိုးမှု ကို ကောင်းမွန်စေတယ်။ အစာခြေစံနစ်ကိုလည်းအထောက်အကူပြုပြီး ဝမ်းသွားရလွယ်စေတဲ့အကျိုးလည်း ရှိပါတယ်။
ဒီတော့ ဆီနှစ်မျိုးရှိတာကိုလည်း သိထားရပါမယ်။ ပြည့်ဝဆီ (Saturated fat) နဲ့ မပြည့်ဝဆီ (Unsaturated fat) ဆိုပြီး ရှိပါတယ်။ ပြည့်ဝဆီ ဟာ လူ့ခန္ဓာကိုယ်အတွက် မကောင်းတဲ့ဆီဖြစ်ပြီး အသား၊ စားအုန်းဆီ၊ ပြန်ကြော်ဆီ တွေကနေ ရရှိပါတယ်။ မပြည့်ဝဆီ ကို အသီး၊အရွက်၊အစေ့အဆံ၊ပင်လယ်ငါး စတာတွေကနေရရှိပါတယ်။
ဒီတော့ဆရာတို့ကလေးတွေအတွက် ကျွေးလို့ရတဲ့ ဆီတွေက မပြည့်ဝဆီတွေဖြစ်ဖို့လိုပါတယ်။
ပဲဆီ၊ နှမ်းဆီ ၊ နေကြာဆီ ၊ ပဲပုပ်ဆီ ၊ သံလွင်ဆီ စတာတွေကတော့ ကလေးမိဘတွေအသုံးများတဲ့ဆီတွေဖြစ်ပါတယ်။
အခုနောက်ပိုင်း သံလွင်ဆီ (Olive Oil) ကို ကလေးဖြည့်စွက်စာအတွက် ပိုသုံးလာကြပါတယ်။
သံလွင်ဆီနဲ့ပတ်သက်ပြီး သေသေချာချာပြောရမယ့် ကိစ္စရှိပါတယ်။
သံလွင်ဆီဖြစ်တိုင်း ကလေးကိုကျွေးလို့မရပါဘူး။ သံလွင်ဆီထုတ်ပိုးမှုပုံစံ သုံးမျိုးရှိပါတယ်။
၁။ လိမ်းရန်အတွက် သံလွင်ဆီ (for exteral use)
သူက အသားအရေအတွက်၊ ဗိုက်ကြီးသည်အကြောပြတ်တဲ့အခါလိမ်းဖို့အတွက်ထုတ်ထားတာပါ။ ကျွေးလို့မရပါဘူး။
၂။ သံလွင်ဆီ ဦးရည် ( Extravirgin Olive Oil)
သံလွင်ဆီဦးရည်ကို ကလေးကိုကျွေးလို့ရပါတယ်။ ဒါပေမယ့် ချက်ပြုတ်ကျွေးဖို့မဟုတ်ပါဘူး။ ဆီဆမ်းဖို့၊ တခုခုသုပ်ဖို့ ပြောရရင်တော့ မီးအပူမပေးဘဲ ဒီတိုင်းတိုက်ကျွေးဖို့ထုတ်တာပါ။ ချက်ပြုတ်လို့ရတော့ရပေမယ့် ထုတ်လုပ်ပုံအရ Smoke point ကွာတာကြောင့် ဒီတိုင်းကျွေးတာပဲကောင်းပါလိမ့်မယ်။
၃။ ချက်ပြုတ်ရန် သံလွင်ဆီ ( Cooking Olive Oil)
ချက်ပြုတ်ကျွေးရင်ထည့်ရမယ့် သံလွင်ဆီဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်နောက်ပိုင်းမှာမှ မြန်မာနိုင်ငံမှာ တွင်ကျယ်လာတဲ့ ဆီတစ်မျိုးရှိပါတယ်။ Young Coconut Oil ( အုန်းနုဆီ) ပါ။ လူလတ်ပိုင်းအရွယ်အဆီကျဖို့ သောက်ကြတာများပေမယ့် တချို့အမေတွေက ကလေးတွေကိုတိုက်ကြပါတယ်။ အုန်းနုဆီကလည်း Extravirgin Oil ပဲဖြစ်တဲ့အတွက် မချက်ပြုတ်ဘဲ ကျွေးဖို့သာသင့်တော်ပါတယ်။
ဒီ့ထက်ပို ထဲထဲဝင်ဝင်သိချင်တဲ့မိဘတွေအတွက် Comment မှာ ဆီအမျိုးမျိုးနဲ့ သူတို့မှာပါဝင်တဲ့ ပြည့်ဝဆီ(Saturated fat)၊ မပြည့်ဝဆီ (MUFA/PUFA/ Unsaturated fat)၊ Omega 3 ပါဝင်မှုအချိုးအစားတွေကို ပြထားပေးပါတယ်။
ဒီလောက်ဆို အတော်စုံစုံသိလောက်ပြီထင်ပါတယ်။
ကျန်းမာကြပါစေ
စိုင်းမြတ်သူ

" နို့တိုက်မိခင် ​ရှောင်ရမယ့် အစားအသောက်တွေ "ဆရာ့ဆီကို မိခင်အစားမရှောင်သင့်တဲ့အကြောင်းရေးပေးပါလို့ တောင်းဆိုသူတွေများတဲ့...
05/12/2023

" နို့တိုက်မိခင် ​ရှောင်ရမယ့် အစားအသောက်တွေ "
ဆရာ့ဆီကို မိခင်အစားမရှောင်သင့်တဲ့အကြောင်းရေးပေးပါလို့ တောင်းဆိုသူတွေများတဲ့အတွက် နို့တိုက်မိခင်နဲ့အစားအသောက်အကြောင်း ရေးလိုက်ပါတယ်။ ဆရာရေ ဆရာ့ကိုပြောတာက အစားမရှောင်ဖို့တိုက်တွန်းဖို့လေ၊ ခုတော့ဆရာက ဘာလို့ရှောင်ရမှာတွေလို့ ခေါင်းစဥ်တပ်တာလဲလို့ မေးစရာဖြစ်နေတာပေါ့။ ဆက်ပြီးဖတ်ကြည့်ပေးပါ။
ဆရာရေ မီးနေသည် နို့တိုက်မိခင် ဘာအစားရှောင်ရမလဲလို့မေးရင် ဆရာအမြဲပြောနေကျက " တညင်းသီးလိုမျိုး မွေးကင်းစ ကနေ အဘိုးအိုအဘွားအိုအထိ ဒုက္ခပေးနိုင်တဲ့ အစားအသောက်ကလွဲရင် အကုန်စား၊ အေး ဒါပေမယ့် တန်ဆေးလွန်ဘေးနော် " လို့အမြဲ ပြန်ဖြေပါတယ်။
မြန်မာနိုင်ငံမှာက အဘိုးအဘွားတွေ အဖေအမေတွေက အစားရှောင်ခိုင်းလို့ အသားမစားရဘူး၊ အသီးအရွက်မစားရဘူး ငါးပြုတ်နဲ့ ထမင်းဆီဆားနယ်ပဲ စားရတယ်ဆိုတဲ့ ကိစ္စတွေက အခုထိရှိနေရ၊ ကြုံနေရ၊ ဆရာတို့ဖြေရှင်းနေရတုန်းပါပဲ။ ဒါကြောင့် နို့တိုက်မိခင် အစားအစုံစားရေး၊ အစုံစားမှ ကလေး အာဟာရမချို့တဲ့ပါမယ့်အရေး၊ ဘယ်ရီဘယ်ရီလို ကလေးအသက်အန္တရာယ်ရှိနိုင်တဲ့ရောဂါမျိုး မဖြစ်ပါမယ့်အရေး ဒါတွေကို ဆက်တိုက်ကိုပညာပေးနေရတာပါ။
ဒါပေမယ့် ဆရာပြောခဲ့သလို တန်ဆေးလွန်ဘေး အနေနဲ့ ဆင်ခြင်ပြီး တတ်နိုင်သမျှရှောင်သင့်တဲ့၊ လျှော့သင့်တဲ့ အစားအစာတွေအကြောင်းပြောပြပါမယ်။
၁။ ကဖင်း (Caffeine) ပါသောအစားအစာများ
ကဖင်းပါတဲ့အစားအစာတွေက ကော်ဖီ၊ လက်ဘက်ရည်၊ လက်ဖက်၊ ပါဝါအားဖြည့်အချိုရည်၊ ချောကလက် စတာတွေဖြစ်ပါတယ်။ ကဖင်း ဓာတ်ဟာ နှလုံးခုန်မြန်စေတယ်၊ အိပ်ချင်စိတ်ကိုလျော့နည်းစေပါတယ်။ ကဖင်းဓာတ်ဟာ မိခင်နို့ကနေ ကလေးဆီကိုနည်းနည်းပဲရောက်နိုင်ပါတယ်။ ဒါပေမယ့် မိခင်က ကော်ဖီ လက်ဖက်ရည် အလွန်အကျွံသောက်မယ်ဆိုရင်တော့ ကလေးဆီရောက်တဲ့ပမာဏများပါမယ်။ လသားကလေးတွေရဲ့ ပထမအစသုံးလေးလအရွယ်ဟာ Growth hormone လို့ခေါ်တဲ့ ကြီးထွားဟော်မုန်းပေါ်မူတည်ပြီး ကလေးက ထွားလာတာဖြစ်ပါတယ်။ Growth hormone ဟာ ကလေးငယ်အိပ်ချိန်မှာ အဓိကထွက်ပါတယ်။ ကဖင်းဓာတ်အများကြီး ကလေးဆီရောက်လို့ မအိပ်ရင် ကြီးထွားမှုမှာ အဟန့်အတားရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကဖင်းပါတဲ့အစားအစာတွေကိုချင့်ချိန်ပါ။
၂။ အသီးအရွက်
ကလေးလေထမှာစိုးလို့ တချို့က မိခင်ကိုအသီးအရွက်(Vegetables)မကျွေးကြဘူး။ အဲဒီတော့ အသီးအရွက်က ရမယ့်အာဟာရစုံအောင်မရဘူး။ မိခင်လဲဝမ်းချုပ်တယ်။ ဒီတော့ အသီးအရွက်ကိုလည်းစားပေးရပါမယ်။ ပုံမှန်နေ့စဥ်စားနေကျပမာဏ စားလိုက်ပါ။ ဒါပေမယ့် ကြိုက်လို့နင်းကန်စားတာမလုပ်ပါနဲ့။ ကလေး လေထိုးတတ်ပါတယ်။
၃။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူအစိမ်းစားတတ်တဲ့မိခင်တွေရှိလို့ပါ။ တစ်မွှာနှစ်မွှာ ဘာမှမဖြစ်ပါ။ အများကြီးစားရင် နို့အရသာပြောင်းပြီး ကလေးက အရသာမကြိုက်ဖြစ်တတ်ပါတယ်။
၄။ တညင်းသီး
ဒါကတော့ ကလေး၊ နို့တိုက်မိခင် အနေနဲ့ထက် အားလုံးနဲ့ဆိုင်လို့ထည့်ရေးတာပါ။ တညင်းသီးမှာ Djenkolic acid လို့ခေါ်တဲ့ အဆိပ်ပါပါတယ်။ တအားစားရင် ကျောက်ကပ်ပျက်ဆီးတတ်ပါတယ်။ အသိသတိ တစ်ခုကပ်ဖို့အတွက် ထည့်သွင်းဖော်ပြပေးတာဖြစ်ပါတယ်။
ကျန်တာတော့ဆရာအများကြီးပြောစရာမရှိပါ။ စားပါ။ မိခင်အစုံ မစား စား အောင် ၊ အစားမရှောင်ရအောင် တိုက်တွန်းနေရတဲ့အချိန်ဖြစ်တဲ့အတွက် ဆင်ခြင်ရမယ့်အစားအစာတွေကိုပဲ ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။
ကျန်းမာကြပါစေ
စိုင်းမြတ်သူ

ဒီတခါ ဆရာမေးတာ မှန်သွားတယ်ပြောရမှာပေါ့နော်။ ဘာလို့ဆို အဖြေမှန်သူနည်းတာကြောင့်ပါ။ ဆိုတော့ မသိသေးတာကိုပြောရတော့ပိုလည်းထိရေ...
05/12/2023

ဒီတခါ ဆရာမေးတာ မှန်သွားတယ်ပြောရမှာပေါ့နော်။ ဘာလို့ဆို အဖြေမှန်သူနည်းတာကြောင့်ပါ။
ဆိုတော့ မသိသေးတာကိုပြောရတော့ပိုလည်းထိရောက်တယ်၊ ကလေးမိဘတွေလည်းပိုအကျိုးရှိပါတယ်။
အဖြေမှန်က "ဗိုင်းရပ်စ်ပိုး" ပါ။
၇၀ ရာခိုင်နှိုန်းသော ဝမ်းပျက်ဝမ်းလျှောခြင်းအကြောင်းရင်းဟာ Rota Virus (ရိုတာဗိုင်းရပ်စ်) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရတာပါ။
ဒါ​ကြောင့် ဆရာ ကျန်းမာရေးပညာပေးတိုင်းမှာထည့်ပြောတဲ့အချက်ရှိပါတယ်။ ဝမ်းလျှောရင် ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးထည့်မတိုက်ပါနဲ့။ ပိုးသတ်ဆေးက ဘက်တီးရီးယား ကို သ တ်တာ။ ဗိုင်းရပ်စ်ကို သ တ်တာမဟုတ်ဘူး ဒါကြောင့် ထည့်တိုက်ရင် ကလေးနုံးမယ်၊ ကြာရင် ဆေးယဥ်ပါးမယ်။ ပိုးသတ်ဆေးထည့်သင့်မထည့်သင့်က ဆရာဝန်နဲ့ပြပြီးမှ ဆရာက လိုမှ တိုက်ပါလိမ့်မယ်။
ဒါဆိုရင်တော့ အဖြေကို သိကြပြီပေါ့နော်။ မသိသေးတဲ့သူတွေအတွက်ကိုလည်း ဗဟုသုတရအောင်ပြန်ဖြန့်ဝေပေးပါ။ မှားသွားလဲစိတ်မညစ်နဲ့ ဒါမှ စွဲအောင်မှတ်မိမှာ။ နောက်လဲဆရာက အမေးအဖြေတွေတင်ပေးနေဦးမှာ ဝင်သာဖြေ။ နောက်ရက်ကျရင် ဝမ်းပျက်ဝမ်းလျှောအကြောင်းကို သေချာထပ်တင်ပေးပါဦးမယ်။
ကျန်းမာကြပါစေ
စိုင်းမြတ်သူ

အဖြေမှန်က - ၂။ ၃လ ဖြစ်ပါတယ်တချို့ဖွံ့ဖြိုးတိုးတက်မှုအားကောင်းတဲ့ကလေးတွေမှာ နှစ်လကျော်နဲ့ခေါင်းခိုင်ပါတယ်။ အများစုကတော့သု...
05/12/2023

အဖြေမှန်က -
၂။ ၃လ ဖြစ်ပါတယ်
တချို့ဖွံ့ဖြိုးတိုးတက်မှုအားကောင်းတဲ့ကလေးတွေမှာ နှစ်လကျော်နဲ့ခေါင်းခိုင်ပါတယ်။ အများစုကတော့သုံးလနေမှခိုင်ပါတယ်။
ခေါင်းခိုင်ဖို့က အရေးကြီးပါတယ်။ ခေါင်းခိုင်ခြင်းကို ဆရာတို့ ဆရာဝန်တွေက အရေးကြီးတဲ့ ပုံမှန်ဖွံ့ဖြိုးခြင်းမှတ်တိုင်တစ်ခုအနေနဲ့ သတ်မှတ်ပြီး ကလေးငယ်တွေရဲ့ တိုးတက်မှုကို စမ်းစစ်ပါတယ်။
ခေါင်းခိုင်ခြင်းကောင်းလာတာနဲ့အတူ ကလေးရဲ့အမြင်အာရုံကို ပံ့ပိုးမှု၊ ခေါ်ရင်ခေါ်တဲ့ဘက်ကိုလှည့်လာနိုင်တာ၊ အစားအသောက်စားနိုင်လာဖို့ အထောက်အကူဖြစ်တာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ စကားပြောဆိုခြင်းရဲ့ပထမအဆင့်ဖြစ်တဲ့ ဘူးဘူးဘားဘားအသံထွက်လာခြင်း စတာတွေကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုပြီး တိုးတက်လာစေပါတယ်။
ကလေးအသက် ခြောက်လအထိမှ ခေါင်းမခိုင်သေးရင်တော့ ကလေးကိုသေချာ စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။
မေတ္တာဖြင့်
Dr. စိုင်းမြတ်သူ

မိခင်နို့တိုက်ရင်းကိုယ်ဝန်ရလာတဲ့အခါ "တရက်တုန်းက မိခင်တစ်ယောက်မေးတယ်။ အရပ်ထဲမှာပြောတဲ့ ကလေးနို့ပုပ်မိလို့ ပိန်တယ်ဆိုတဲ့အက...
05/12/2023

မိခင်နို့တိုက်ရင်းကိုယ်ဝန်ရလာတဲ့အခါ "
တရက်တုန်းက မိခင်တစ်ယောက်မေးတယ်။ အရပ်ထဲမှာပြောတဲ့ ကလေးနို့ပုပ်မိလို့ ပိန်တယ်ဆိုတဲ့အကြောင်းလေးရေးပေးပါ။ ကလေးနို့တိုက်ရင်း ကိုယ်ဝန်ရှိရင် မိခင်နို့က မသန့်တော့လို့ ကလေးကိုဆက်မတိုက်တော့ဘူး။ အဲဒါ ဆက်တိုက်လို့ရပါသလားရှင် ဆိုပြီး မေးထားတာတွေ့ပါတယ်။
ဆိုတော့ ဒါနဲ့ပတ်သက်ပြီး သိသင့်တာလေးတွေကို အမေးအဖြေအနေနဲ့ ပြောပြပါ့မယ်။
✴ မိခင်နို့တိုက်ရင်း နောက်ထပ်ကိုယ်ဝန်ရလာရင် နို့ဆက်တိုက်ရမှာလား။
✅ ဆက်တိုက်ရမှာပါ။ မိခင်နို့ကို မှီခိုနေရသေးတဲ့ တစ်နှစ်မပြည့်ခင် လသားအရွယ်လေးတွေအတွက် အဓိကအာဟာရဖြစ်တဲ့ မိခင်နို့ကို နောက်ကလေးရလို့ဆိုပြီး မဖြတ်သင့်ပါဘူး။
✴ ကိုယ်ဝန်နဲ့ထွက်တဲ့ နို့က နို့ပုပ်တွေလား။
✅ ကိုယ်ဝန်ကြောင့် နို့အရသာဟာ နို့ဦးရည်အရသာမျိုး ပြောင်းချင်ပြောင်းပါလိမ့်မယ်။ ဒါဟာ နို့ပုပ်တာမဟုတ်ပါ။ အသက်ရှင်လျက် အလတ်ကြီးရှိနေတဲ့ ဒီအမေ ၊ သူ့ကိုယ်ထဲကနေ့တိုင်းအသစ်ထွက်တဲ့ နို့ကျမှ ပုပ်တယ်ဆိုတာ အဓိပ္ပါယ်ရှိနိုင်မလား။ တို့ကလေးအမေတွေ ဒီလောက်ကတော့ အလွယ်လေး စဥ်းစားနိုင်မယ်လို့ ဆရာယုံပါတယ်။
✴ နောက်ကလေး မွေးလာရင်ရော နှစ်ယောက်လုံးကိုနို့တိုက်လို့ရပါ့မလား။
✅ ရတာပေါ့။ နှစ်ယောက်လုံးတစ်ပြိုင်နက်တိုက်လဲရပါတယ်။ ဒါမှမဟုတ် တစ်ယောက်ပြီးမှ တစ်ယောက်တိုက်မယ်ဆိုရင်တော့ အငယ်ကိုအရင်တိုက်ပါ။ ပြီးမှအကြီးလေးကိုတိုက်ပါ။
✴ နှစ်ယောက်လုံး အာဟာရလုံလုံလောက်လောက်ရပါ့မလား။
✅ ကလေးတွေက သူတို့လိုအပ်တဲ့နို့ပမာဏ ဝအောင် စို့နိုင်တယ် စို့ရတယ်ဆိုရင် လုံလုံလောက်လောက်ရပါတယ်။ အဲ တစ်ခုတော့အရေးကြီးတယ်။ အမေက ကျန်းမာအောင်နေပါ။ အစုံစားပါ။ နှစ်ယောက်တစ်ပြိုင်နက်တာဝန်ကပိုကြီးတော့ ပင်ပန်းမှာစိုးလို့ပါ။ အစားအစာမျှမျှတတ လုံလုံလောက်လောက်မစားရင် ကလေးတွေ အာဟာရပြည့်တဲ့နို့ မရမှာစိုးလို့ပါ။
ဒီလောက်ဆို တော်တော်စုံစုံသိလောက်ပြီထင်ပါတယ်။
ကျန်းမာကြပါစေ
Dr. စိုင်းမြတ်သူ

05/12/2023

လသားကလေးရဲ့ သဘာဝလေးတွေ

မနက်ဖြန်မနက် Melia Hotel Myanmar မှာ ကျန်းမာရေးဆွေးနွေးပွဲ ပြောဖို့ရှိတာကြောင့် ညနေ လေးနာရီ မှ ခြောက်နာရီခွဲအတွင်းပဲ ဆေး...
05/12/2023

မနက်ဖြန်မနက် Melia Hotel Myanmar မှာ ကျန်းမာရေးဆွေးနွေးပွဲ ပြောဖို့ရှိတာကြောင့် ညနေ လေးနာရီ မှ ခြောက်နာရီခွဲအတွင်းပဲ ဆေးခန်းထိုင်ဖြစ်ပါမယ်။

ဆရာ : သမီး နင့်ကလေးက ဆယ်လရောဟုတ်ရဲ့လား စကားတွေအရမ်းပြောပြီး လမ်းတောင်တွဲလျှောက်နေပြီ ( ထိုစဥ် လက်လွှတ်လိုက်သဖြင့် လေးဘက်...
05/12/2023

ဆရာ : သမီး နင့်ကလေးက ဆယ်လရောဟုတ်ရဲ့လား စကားတွေအရမ်းပြောပြီး လမ်းတောင်တွဲလျှောက်နေပြီ
( ထိုစဥ် လက်လွှတ်လိုက်သဖြင့် လေးဘက်တွားသိုင်း တစ်ဝက် လှိမ့်သိုင်းတစ်ဝက်ဖြင့် ဆေးဘီဒိုကို ခေါင်းနှင့်သွားတိုက် - ဒုံ ဂလွမ်)
ကလေးအမေ: ဟုတ်တယ်ဆရာရေ သန်ကလည်းသန် ကဲချက်ကလဲ မနိုင်တော့ဘူး။ အဲဒါသမီးအပြစ်တွေပါ။
ဆရာ : ဟဲ့ ဘယ့်နှယ်ကလေးဖွံ့ဖြိုးတာပဲ သမီးအပြစ်ဖြစ်ရမှာတုန်း
ကလေးအမေ: အာ.. ဆရာရဲ့ အဲ့ကလေးကိုယ်ဝန်နဲ့တုန်းက သမီး ဝူခုန်းကားတွေဇာတ်လမ်းအတွဲလိုက် ဒါပဲတောက်လျှောက်ကြည့်တာ။ အဲဒါမွေးလဲလာရော ဗြောင်းသတ်အောင် ကဲတော့တာပဲ။
ဆရာ : အော်.. အဲလိုလဲရှိသေးတယ်လား 😃😃😃

Address

မိဂသီဆေးခန်း အခန်း ၀၀၃၊ အမှတ် ၂၅၊ ဘီ (၉)လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Yangon

Alerts

Be the first to know and let us send you an email when Dr. Sai Myat Thu - ကလေးကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category