
07/09/2025
🌏 နိုင်ငံတကာ လေထုသန့်ရှင်းရေးနေ့ကို ဂုဏ်ပြုခြင်း 🌏
-> စက်တင်ဘာ ၇ ရက်နေ့ ဟာ နိုင်ငံတကာ လေထုသန့်ရှင်းရေးနေ့ (𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗮𝘆 𝗼𝗳 𝗖𝗹𝗲𝗮𝗻 𝗔𝗶𝗿 𝗳𝗼𝗿 𝗯𝗹𝘂𝗲 𝘀𝗸𝗶𝗲𝘀) ဖြစ်ပါတယ်။
-> ဒီနေ့မှာ လေထုသန့်ရှင်းရေးအတွက် ပိုမိုတက်ကြွစွာ ဆောင်ရွက်ကြဖို့ 𝗨𝗡𝗘𝗣 (𝗨𝗻𝗶𝘁𝗲𝗱 𝗡𝗮𝘁𝗶𝗼𝗻𝘀 𝗘𝗻𝘃𝗶𝗿𝗼𝗻𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲) က တိုက်တွန်းထားပါတယ်။
-> တစ်နှစ်လျှင် ကလေးငယ် (၆)သိန်းအပါအဝင် လူပေါင်း (၇)သန်းနီးပါး အရွယ်မတိုင်ခင် သေဆုံးရခြင်းမှာ လေထုညစ်ညမ်းမှုက အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
-> နာတာရှည်ရောဂါများ၊ အဆုတ်ရောဂါ၊ ဆီးချို၊ နှလုံးရောဂါတွေ မဖြစ်ပွားစေဖို့နဲ့ သက်သာစေဖို့အတွက် သန့်ရှင်းသောလေထုက အရေးပါသော အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
-> သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိများအတွက်လည်း သန့်ရှင်းသောလေထုက အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်ပါတယ် ။
👨👩👧👦 ဒါကြောင့် သန့်ရှင်းသောလေထုကို ထိန်းသိမ်းဖို့အတွက် လူတိုင်းမှာတာဝန်ရှိပါတယ်။
အောက်ပါအတိုင်း "𝗖𝗹𝗲𝗮𝗻 𝗔𝗶𝗿 𝗙𝗼𝗿 𝗕𝗹𝘂𝗲 𝗦𝗸𝗶𝗲𝘀" Campaign အတွက် လူတိုင်းပါဝင်ဆောင်ရွက်သင့်သော အချက်များကို တင်ပြလိုက်ပါတယ်။
🍃ကားနဲ့ ခရီးသွားလာမှုကို လျှော့ချခြင်း
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး (ဘတ်စ်ကား၊ ရထား) ကို ဦးစားပေးအသုံးပြုပါ။
🍃 ချိတ်တွဲစီးနင်းခြင်း (Car Pooling) - တစ်နေရာတည်းကို သွားကြမယ့်သူများနဲ့ ကားတစ်စီးတည်းကို ဝေမျှစီးပါ။
🍃 စက်ဘီး/ခြေကျင်နဲ့ သွားလာခြင်း - အနီးတစ်ဝိုက်ကို သွားမယ်ဆိုရင် ကားအစား စက်ဘီးစီးခြင်း၊ ခြေကျင်သွားခြင်းက ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။
🍃 အလုပ်မှာ ဗီဒီယိုကွန်ဖရင့် ပြုလုပ်ခြင်း - မလိုအပ်ဘဲ အပြင်ထွက်စရာမလိုတဲ့ အစည်းအဝေးတွေကို အွန်လိုင်းကနေ ပြုလုပ်ပါ။
🍃 စွမ်းအင်ကို ချွေတာသုံးစွဲခြင်း
မလိုအပ်တဲ့ မီးအားလုံးကို ပိတ်ပါ - အခန်းထဲမှာ မရှိဘူးဆိုရင် မီးပိတ်တတ်တဲ့ အလေ့အထ မွေးမြူပါ။
စွမ်းအင်ချွေတာသည့် မီးသီး/ပစ္စည်းများ (LED)
အဲကွန်းအစား ပန်ကာ - ရာသီဥတု သိပ်မပူဘူးဆိုရင် ပန်ကာကို ဦးစားပေးသုံးပါ။ အဲကွန်းကို ၂၅°C ဝန်းကျင်မှာသာထားပါ။
ပလပ်ခ်များကို မသုံးရင် ချွတ်ထားပါ - ဖုန်းအားသွင်းပြီးရင် ချွတ်ထားတာမျိုး လုပ်ပါ။
🧩𝗥𝗘𝗗𝗨𝗖𝗘 🧩𝗥𝗘𝗨𝗦𝗘 🧩𝗥𝗘𝗖𝗬𝗖𝗟𝗘
စွန့်ပစ်ပစ္စည်း လျှော့ချခြင်းနှင့် ပြန်လည်အသုံးပြုခြင်း
(Reduce) တစ်ခါသုံး ပလပ်စတစ်အသုံးပြုမှု ရှောင်ကြဉ်ပါ - ဈေးဝယ်အိတ်၊ ရေသေတ္တာ၊ ဖန်ခွက်၊ ပလပ်စတစ်ဇွန်း၊ မွှေတံတွေအစား ကိုယ်ပိုင်ယူဆောင်သွားပါ။
(Reuse) ပစ္စည်းများကို ပြန်လည်အသုံးပြုပါ - ပျက်စီးမှ မပျက်စီးသေးရင် ထပ်သုံးပါ။
(Recycle) အမှိုက်ကို ခွဲခြားသိမ်းဆည်းပါ - ပလပ်စတစ်၊ စက္ကူ၊ ဖန်နဲ့ ဇီဝအမှိုက်တွေကို ခွဲခြားပြီး ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်ပါ။
🔥 အမှိုက်များကို မီးရှို့ခြင်း ရှောင်ကြဉ်ပါ - ပတ်ဝန်းကျင်ထဲမှာ အမှိုက်တွေကို မီးရှို့တာဟာ လေထုညစ်ညမ်းမှုကို တိုက်ရိုက်ဖြစ်စေပါတယ်။
🌲 သစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်း
သစ်ပင်စိုက်ပျိုးပါ - သစ်ပင်တွေဟာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အဆိပ်အတောက်ဓာတ်ငွေ့တွေကို စုပ်ယူပေးပါတယ်။
🪵 သစ်ပင် ခုတ်လှဲခြင်းကို တားဆီးပါ - သစ်တောပြုန်းတီးမှုက လေထုညစ်ညမ်းမှုကို များစွာ အားပေးပါတယ်။
💫 အသိပညာဖြန့်ဝေခြင်းနှင့် ပညာပေးခြင်း
မိသားစုဝင်များ၊ မိတ်ဆွေများကို သတင်းအချက်အလက်မျှဝေပါ - လေထုညစ်ညမ်းမှုရဲ့ ဆိုးကျိုးတွေနဲ့ ကာကွယ်နည်းတွေကို ပြောပြပါ။
🎗️ဆိုရှယ်မီဒီယာပေါ်မှာ ကြော်ငြာပါ - စတဲ့ Hashtag တွေနဲ့ ကိုယ်လုပ်နေတဲ့ အလေ့အထကောင်းလေးတွေကို မျှဝေပါ။
လေထုသန့်ရှင်းရေးဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့ လုပ်ဆောင်ချက်နဲ့ မရပါဘူး။ လူတိုင်းက နေ့စဉ်ဘဝထဲမှာ အနည်းငယ်စီ ပြောင်းလဲမှုလုပ်ပေးမယ်ဆိုရင် အတူတကွ သန့်ရှင်းတဲ့လေနဲ့ စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာပါ။