American Vision

American Vision American Vision Eye Care Centers. (Eye Hospitals and Quality Eyewear Boutiques)
Phone: +95-9-750 779103

(Eye Hospitals and Quality Eyewear Boutiques)
Phone: +(01) 242476, 241897, 241897
https://americanvisionmyanmar.com/
admin@myanmaramericanvision.com

Valentine’s Day ဆိုတာ ချစ်သူတွေအတွက်ပဲလား? တကယ်တော့ အချစ်ဆိုတာ ကိုယ်တန်ဖိုးထားရတဲ့သူတိုင်းအတွက်ပါ! ❤️ကိုယ့်ကို အမြဲဂရုစိ...
11/02/2026

Valentine’s Day ဆိုတာ ချစ်သူတွေအတွက်ပဲလား? တကယ်တော့ အချစ်ဆိုတာ ကိုယ်တန်ဖိုးထားရတဲ့သူတိုင်းအတွက်ပါ! ❤️

ကိုယ့်ကို အမြဲဂရုစိုက်ပေးတဲ့ မိဘ၊ အမြဲဘေးမှာရှိနေပေးတဲ့ သူငယ်ချင်းတွေ၊ ဒါမှမဟုတ် အမြဲကြိုးစားနေတဲ့ ကိုယ့်အတွက်‌လည်း လက်ဆောင်ပေးလို့ရပါတယ်။

နေ့စဉ်ဘဝရဲ့ အခိုက်အတန့်တိုင်းမှာ အမြဲအသုံးဝင်ပြီး ဘယ်သူနဲ့မဆို လိုက်ဖက်နေမယ့် American Vision ရဲ့ Classic ဒီဇိုင်းမျက်မှန်လေးတွေက ချစ်ရသူတွေအတွက် အစစ်မှန်ဆုံး ဂရုစိုက်မှုတစ်ခုပါပဲ။ နေရောင်အောက်မှာပဲဖြစ်ဖြစ်၊ အလုပ်လုပ်ချိန်မှာပဲဖြစ်ဖြစ် နေ့တိုင်းဝတ်ဖြစ်နေမယ့် မျက်မှန်လေးက နွေးထွေးတဲ့ မေတ္တာကို ချစ်ရသူရဲ့အနားမှာ အမြဲရှိနေသလို ခံစားရစေမှာ အသေအချာပါပဲ။

အခုဆိုရင် Valentine's Day Promotion - 15% Discount လည်းရှိနေတာမို့ အမြန်ဆုံးလာရောက်ပြီး စိတ်ကြိုက်ရွေးချယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

✨ မျက်စိနဲ့ ပတ်သက်လာရင် တစ်နေရာတည်းမှာ ပြီးပြည့်စုံတာ မူလပထမ American Vision ✨

Valentine Day's Special - Up to 15% OFFချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့ Valentine's Season ရောက်တော့မယ်ဆိုတော့... ချစ်ရ...
01/02/2026

Valentine Day's Special - Up to 15% OFF
ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့ Valentine's Season ရောက်တော့မယ်ဆိုတော့...
ချစ်ရသူတွေအတွက် လက်ဆောင်ဝယ်ဖို့ ပြင်ဆင်နေပြီလား 👀✨

ဒီနှစ် Valentine’s မှာ American Vision ကနေ ထူးထူးခြားခြား Promotion လေး စီစဥ်ပေးထားပါတယ်။

🏷️ 10% Off
ချစ်ရတဲ့ လက်တွဲဖော် ဒါမှမဟုတ် မြတ်နိုးရတဲ့ မိဘ၊ မောင်နှမ၊ သူငယ်ချင်း ဘယ်သူနဲ့ပဲဖြစ်ဖြစ် အတူတူလာဝယ်ရုံနဲ့တင် 10% Discount ချက်ချင်းရမှာပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးနော် ❕

🏷️ Extra 5% Off
ဆိုင်လေးအပေါ် သဘောကျတဲ့ အမှတ်တရစကားလေးတွေကို Google Maps မှာ Positive Review ရေးပေးလိုက်ရုံနဲ့ နောက်ထပ် 5% Discount အပို ထပ်တိုးရဦးမှာပါ။

စုစုပေါင်း 15% အထိတောင် Discount ရနိုင်မယ့် အခွင့်အရေးဆိုတော့ လက်လွတ်မခံသင့်ဘူးနော် 😍

📅 Promotion Period: ဖေဖော်ဝါရီ (1) ရက် မှ ဖေဖော်ဝါရီ (15) ရက် အထိ

ဒီ Valentine’s မှာ ချစ်ရသူတွေနဲ့အတူ American Vision ကို လှမ်းလာခဲ့ပြီး ရှင်းလင်းပြတ်သားတဲ့ မြင်ကွင်းတွေကို လက်ဆောင်ပေးလိုက်ကြရအောင် 🌹👓

အသက် ၄၀ ကျော်လာတဲ့အခါမှာ စာဖတ်ဖို့အတွက် အနီးမျက်မှန်တစ်လက် အဝေးအတွက် တစ်လက် မျက်မှန် ၂ လက်နဲ့  ခဏခဏ ချွတ်လိုက်တပ်လိုက် လ...
31/01/2026

အသက် ၄၀ ကျော်လာတဲ့အခါမှာ စာဖတ်ဖို့အတွက် အနီးမျက်မှန်တစ်လက် အဝေးအတွက် တစ်လက် မျက်မှန် ၂ လက်နဲ့ ခဏခဏ ချွတ်လိုက်တပ်လိုက် လုပ်နေရတာတွေက အလုပ်ရှုပ်စေပါတယ်။ အထူးသဖြင့် Bifocal တွေလို မှန်မှာ ပါဝါအကွက်ပါတာကို မကြိုက်ဘူးဆိုရင်တော့ Progressive Lens က အသင့်တော်ဆုံးပါပဲ။

Progressive Lens တစ်လက်ရှိရုံနဲ့တင် ခရီးသွားရင်း ပတ်ဝန်းကျင်အလှအပတွေကို ကြည့်မလား၊ ဖုန်းကြည့်မလား၊ စာဖတ်မလား... အားလုံးကို မှန်တစ်ချပ်တည်းမှာတင် အဆင်ပြေပြေ မြင်တွေ့နိုင်ပါပြီ။

ဒါ့အပြင် မှန်မှာ ပါဝါအကွက် မပါတာကြောင့် လူငယ်တစ်ယောက်လို စတိုင်ကျကျနဲ့ ပိုမိုနုပျိုသွားစေမှာပါ။ အဝေးကနေ အနီးကို ကြည့်တဲ့အခါမှာလည်း အမြင်အာရုံ ထောက်သွားတာမျိုးမရှိဘဲ သဘာဝအတိုင်း ချောမွေ့ကြည်လင်တာကို ခံစားရမှာဖြစ်ပါတယ်။

အဝေး၊ အလယ်၊ အနီး အားလုံးကို မျက်မှန်တစ်လက်တည်းမှာ ကြည်ကြည်လင်လင် မြင်နိုင်ဖို့အတွက် အရည်အသွေးမြင့် Progressive Lens တွေကို American Vision မှာ ယုံကြည်စွာ လာရောက်ပြုလုပ်နိုင်ပါပြီ။

မျက်စိအတွက်ဆို တစ်နေရာတည်းမှာ ပြီးပြည်စုံတာ မူလပထမ American Vision

နေကာမျက်မှန်ဝယ်တဲ့အခါ Polarized Sunglasses ဆိုတဲ့ စကားလုံးကို ကြားဖူးကြတယ်ဟုတ် ❓Polarized Sunglasses တွေက သာမန်နေကာတွေထက...
28/01/2026

နေကာမျက်မှန်ဝယ်တဲ့အခါ Polarized Sunglasses ဆိုတဲ့ စကားလုံးကို ကြားဖူးကြတယ်ဟုတ် ❓

Polarized Sunglasses တွေက သာမန်နေကာတွေထက် ဘာတွေ ပိုသာသလဲဆိုတာ ကြည့်လိုက်ကြရအောင် ... 👀

🕶️ Polarized Sunglasses တွေက
🍃 ကားလမ်းမ၊ ရေပြင်နဲ့ မှန်တွေကနေ ပြန်လာတဲ့ စူးရှတဲ့ အလင်းပြန်ဒဏ်ကို အပြည့်အဝ ဖယ်ရှားပေးလို့ မျက်လုံးညောင်းညာမှုကို သက်သာစေပြီး မျက်လုံးကို အေးမြစေပါတယ်။

🍃 Color Contrast ကို ပိုကောင်းစေလို့ ပတ်ဝန်းကျင်က အရောင်တွေကို ပိုမိုကြည်လင်ပြီး စိုပြည်ပြတ်သားစွာ မြင်ရစေပါတယ်။

🍃 အလင်းစူးတာတွေ မရှိတော့လို့ ကားမောင်းတဲ့အခါ ဒါမှမဟုတ် အပြင်သွားတဲ့အခါ မြင်ကွင်းကို ပိုပြီး သဲသဲကွဲကွဲ မြင်ရစေတာကြောင့် ဘေးကင်းစိတ်ချရပါတယ်။

ဒါကြောင့် နေကာဝယ်မယ်ဆိုရင် မျက်လုံးအေးအေးနဲ့ ကြည်ကြည်လင်လင် မြင်ရစေဖို့ Polarized Sunglasses ကို ထည့်သွင်းစဉ်းစားဖို့ အကြံပြုပါရစေနော်။ 🥰

"

အတွင်းတိမ်ဆိုတာ အသက်ကြီးလာတာနဲ့အမျှ လူတိုင်း ကြုံရမယ့် ရောဂါတစ်ခုပါ။ အတွင်းတိမ်က ဆေးစား၊ ဆေးသောက်ရုံ၊ မျက်စဉ်းထည့်ရုံနဲ့...
20/01/2026

အတွင်းတိမ်ဆိုတာ အသက်ကြီးလာတာနဲ့အမျှ လူတိုင်း ကြုံရမယ့် ရောဂါတစ်ခုပါ။ အတွင်းတိမ်က ဆေးစား၊ ဆေးသောက်ရုံ၊ မျက်စဉ်းထည့်ရုံနဲ့ ပျောက်ကင်းသွားတဲ့ ရောဂါမျိုးမဟုတ်ပါဘူး။ သဘာဝကပေးထားတဲ့ မျက်စိမှန်ဘီလူးလေး သက်တမ်းကြာလို့ ယိုယွင်းလာရာကနေ အမြင်အာရုံကြည်လင်မှုမရှိတော့ဘဲ တိမ်လိုဖြစ်ကာ ဝေဝါးလာတာက အတွင်းတိမ်ရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

အတွင်းတိမ် ပျောက်ကင်းဖို့အတွက် ကုသနည်းက "ခွဲစိတ်တာ"ပါပဲ။ ခွဲစိတ်ကုသပြီး မှန်ဘီလူးလေး ပြန်ထည့်လိုက်ခြင်းဖြင်း နဂိုအာရုံကြောအခံ ကောင်းရင်ကောင်းသလောက် ကြည်လင်တဲ့ အမြင်အာရုံကို ပြန်လည်ရရှိနိုင်မှာပါ။

အဲလိုခွဲစိတ်ပြီး မှန်ဘီလူးပြန်ထည့်တဲ့အခါမှာ Monofocal Lens နဲ့ Multifocal Lens ဆိုပြီးနှစ်မျိုးရှိပါတယ်။ ပုံမှန်အတွင်းတိမ်ခွဲစိတ်တဲ့အခါမှာ အများဆုံးသုံးကြတာက Monofocal Lens ဖြစ်ပါတယ်။ သူက အာရုံကြောအခံကောင်းရင်ကောင်းသလောက် အဝေးကို ကြည်လင်စေပြီး အနီးအတွက်ဆိုရင်တော့ စာကြည့်မျက်မှန် ဆက်တပ်ပေးဖို့ လိုပါတယ်။

Multifocal Lens ကတော့ မျက်မှန်ပြန်တပ်စရာမလိုဘဲ အနီး၊အဝေး၊ အလယ် (၃) မျိုးစလုံးကို အာရုံကြောအခံကောင်းရင်ကောင်းသလောက် အမြင်အာရုံပြန်လည်ကြည်လင်စေပါတယ်။ အတွင်းတိမ်ခွဲစိတ်ပြီးတဲ့အခါမှာ မျက်မှန်ပြန်မတပ်ချင်ဘူးဆိုတဲ့သူတွေအနေနဲ့ မျက်စိပြသတဲ့အချိန်မှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပေးဖို့လိုပါတယ်။

American Vison မှာဆိုရင် နောက်ဆုံးပေါ် စက်ပစ္စည်းဖြစ်တဲ့ Carl Zeiss (Germany) Phaco စက်ကြီးနဲ့အသုံးပြုကာ အတွင်းတိမ်ကို ချေပြီး Monofocal or Multi-focal IOL lens ဖြစ်တဲ့ Germany နိုင်ငံထုတ် Zeiss Lens ကိုအသုံးပြုပေးတာဖြစ်ပါတယ်။ ခွဲစိတ်ပေးတဲ့အခါမှာလဲ စိတ်ချယုံကြည်ရပြီး ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေ ကိုယ်တိုင်ခွဲစိတ်ကုသပေးလျက်ရှိပါတယ်။

အတွင်းတိမ်နဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

✨ မျက်စိနဲ့ ပတ်သက်လာရင် တစ်နေရာတည်းမှာ ပြီးပြည့်စုံတာ မူလပထမ American Vision ✨

American Vision (Shwe Bon Thar)
အမှတ် ၃၉၇, ရွှေဘုံသာ လမ်း (အထက် ဘလောက်) ၊ ပန်းဘဲတန်းမြိုနယ်
Hotline ph - 09778611888
09453403324, 09750779103, 09750779104, 09942778777


မျက်မှန်၊ မျက်ကပ်မှန်အပြင် မျက်စိနဲ့ ပတ်သက်တဲ့ ဆေးပစ္စည်းတွေကို တစ်နေရာတည်းမှာ အချိန်ကုန်သက်သာစွာ ဝယ်ယူချင်ရင်တော့ Ameri...
16/01/2026

မျက်မှန်၊ မျက်ကပ်မှန်အပြင် မျက်စိနဲ့ ပတ်သက်တဲ့ ဆေးပစ္စည်းတွေကို တစ်နေရာတည်းမှာ အချိန်ကုန်သက်သာစွာ ဝယ်ယူချင်ရင်တော့ American Vision Eye Care Center ရှိတယ်နော် 🤗

👌အထူးကု မျက်စိကျွမ်းကျင် ဆရာဝန်ကြီးတွေကိုယ်တိုင် ခေတ်မှီ မျက်စိစမ်းသပ်စက်များဖြင့် စမ်းသပ်ပေးခြင်း၊ အရည်အသွေးမြင့် နောက်ဆုံးပေါ်စက်တွေ အသုံးပြုကာ ကုသပေးခြင်း။

✨ စစ်မှန်သော Branded ပါဝါ၊ နေကာ အပြင် နာမည်ကြီး မျက်ကပ်မှန် တံဆိပ်တွေဖြစ်တဲ့ ACUVUE နဲ့ Maxim စတာတွေကို တစ်နေရာတည်း စုံလင်စွာ ရွေးချယ် ဝယ်ယူလို့ရပါတယ်။

ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တွေမှာ ဖွင့်လှစ်ထားလို့ မိမိနဲ့ နီးစပ်ရာ American Vision ဆိုင်ခွဲကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ရန်ကုန်ဆိုင်ခွဲများ - သွားလာရလွယ်ကူပြီး အချက်အချာကျတဲ့ နေရာတွေဖြစ်တဲ့
🏠ရွှေဘုံသာဆိုင်ခွဲ
- အမှတ် ၃၉၇, ရွှေဘုံသာ လမ်း (အထက် ဘလောက်) ၊ ပန်းဘဲတန်းမြို့နယ်
☎️ 09778611888,
09453403324, 09750779103, 09750779104, 09942778777

🏠မြေနီကုန်းဆိုင်ခွဲ
- အမှတ် ၂၄၉၊ ဗားကရာလမ်း (ဂမုံးပွင့် ကုန်တိုက် ဘေး) ၊ မြေနီကုန်း
☎️09453403295, 09750779110

🏠မင်္ဂလာဈေးဆိုင်ခွဲ
- D-1 , စက်ရုံလမ်းမကြီ၊ မင်္ဂလာဈေး အနီး
☎️ 09453403293, 09750779108

🏠ရွှေပုန်းညက်ရိပ်မွန်ဆိုင်ခွဲ
- အမှတ် ၂၅၊ ရွှေပုန်းညက်ရိပ်မွန် ရေကြောင်းကောလိပ်ရှေ့၊
ဘုရင့်နောင်လမ်းမကြီး
☎️09453403294, 09750779109

🏠လှည်းတန်းဆိုင်ခွဲ
- No. 527, မြေညီထပ်, M Tower Shopping Mall, ပြည်လမ်း, ကမာရွတ်မြို့နယ်
☎️ 09-943776777

🏠Makro ဆိုင်ခွဲ
- #02-03 Makro Mall (ထွက်ပေါက်အနီး), No.322 အထက်ပုဇွန်တောင်လမ်း, ပုဇွန်တောင်မြို့နယ်
☎️09-266 335 220

မန္တလေးဆိုင်ခွဲ လိပ်စာနှင့် ဖုန်းနံပါတ်များ
မန္တလေးဆိုင်ခွဲ (၁)
ဘလောက် (၇) အမှတ် ၃၃- ၃၆၊ ၇၉ လမ်း (၂၇ လမ်းနှင့် ၂၈ လမ်းကြား)
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့
☎️09944087000, 09402639898
ဆိုင်ဖွင့်ချိန် - မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ

မန္တလေးဆိုင်ခွဲ (၂)
၁၂၆(အေ) ၊ ၃၂ လမ်းနှင့် ၇၅လမ်းထောင့်၊ မန္တလေးမြို့
☎️ 09895153028, 09402639899, 09752604291
ဆိုင်ဖွင့်ချိန် - မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ

မန္တလေးဆိုင်ခွဲ (၃)
၁၁၈၊ ၂၆(ဘီ)လမ်း၊ ဈေးချိုနာရီစင်အနီး၊
၈၃ လမ်းနှင့် ၈၄လမ်းကြား၊ မန္တလေးမြို့
☎️09446808182, 09752604293
ဆိုင်ဖွင့်ချိန် - မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ

နေပြည်တော်ဆိုင်ခွဲ
- ဇ (၄၁) ၊ ဇီဝကဆေးဆိုင်တန်း၊ သပြေကုန်းဈေးရှေ့၊ ဇမ္ဗူသီရိမြို့နယ်။
☎️09453403291, 09752631888
ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီမှ ည ၇ နာရီအထိ

✨ မျက်စိနဲ့ ပတ်သက်လာရင် တစ်နေရာတည်းမှာ ပြီးပြည့်စုံတာ မူလပထမ American Vision ✨


မျက်ကပ်မှန်ဆိုတာက မျက်လုံးရဲ့ အနူးညံ့ဆုံး မျက်သားနဲ့ ထိတွေ့နေရတဲ့ အရာဖြစ်တဲ့အတွက် တပ်ထားတဲ့အချိန်မှာ သက်တောင့်သက်သာရှိပြ...
12/01/2026

မျက်ကပ်မှန်ဆိုတာက မျက်လုံးရဲ့ အနူးညံ့ဆုံး မျက်သားနဲ့ ထိတွေ့နေရတဲ့ အရာဖြစ်တဲ့အတွက် တပ်ထားတဲ့အချိန်မှာ သက်တောင့်သက်သာရှိပြီး မျက်လုံးနဲ့တစ်သားထဲဖြစ်နေဖို့ အရမ်းအရေးကြီးတယ်နော်!

မျက်ကပ်မှန်ကြောင့် မျက်လုံးနီလာတာ၊ ခိုးလို့ခုလု ဖြစ်တာအပြင် ရေဓာတ်ပါဝင်မှုနည်းလို့ မျက်လုံးခြောက်သွေ့တာတွေကင်းဝေးပြီး တစ်နေ့တာလုံးကို အစိုဓာတ်အပြည့်နဲ့ သက်တောင့်သက်သာရှိစေမယ့် မျက်ကပ်မှန်ကိုရှာနေရင်တော့ 1-DAY ACUVUE®️ MOIST လေးရှိပါတယ်။ 🤗

1-DAY ACUVUE® MOIST မျက်ကပ်မှန်တွေဟာ
💦 LACREON®️ နည်းပညာကြောင့် သဘာဝမျက်ရည်လို အစိုဓာတ်ကို ရရှိနိုင်ပြီး မျက်လုံးနီတာ၊ မျက်လွှာပွတ်တိုက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

💦 UVA နဲ့ UVB ကို 97% အထိကာကွယ်ပေးတဲ့အပြင် ရေဓာတ် ၅၈% အထိပါဝင်လို့ နေ့စဉ် သက်တောင့်သက်သာရှိရှိ လှုပ်ရှားသွားလာနိုင်ပါတယ်။

💦 ပါးလွှာတဲ့ Lens ကြောင့် တပ်ထားမှန်း မသိသာပဲ တစ်နေ့တာလုံး သက်တောင့်သက်သာရှိစေတယ်။
💦 တစ်ခါသုံး မျက်ကပ်မှန်ဖြစ်လို့ နေ့စဉ်မျက်ကပ်မှန် ဆေးရတာ၊ သိမ်းရတာတွေ မလိုတော့တဲ့အပြင် ခရီးခဏခဏသွားတဲ့သူတွေ အလုပ်ရှုပ်မခံချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ 🤩
💦 တစ်ဘူးမှာ အခု ၃၀ (၁၅ စုံ) ပါဝင်ပြီး တစ်စုံကို ၁ ရက်သုံး (Daily Disposable contact lens) ဖြစ်ပါတယ်။

အရည်အသွေးကောင်းပြီး မျက်ဝန်းကို သက်တောင့်သက်သာဖြစ်စေတဲ့ 1-DAY ACUVUE®️ MOIST မျက်ကပ်မှန်တွေကို American Vision ဆိုင်ခွဲတွေမှာ ရွေးဝယ်နိုင်တာမို့လို့ အခုပဲသွားဝယ်လိုက်တော့နော်။ 🥰

✨ မျက်စိအတွက်ဆို အားလုံးတစ်နေရာတည်း ပြီးပြည့်စုံတာ မူလပထမ American Vision ✨

#1-DAYACUVUE®MOIST

✨ New Year, New Look! ✨နှစ်သစ်မှာ ကိုယ့်ကိုယ်ကို ပိုလှတဲ့ New Version လေးဖြစ်ဖို့ ဆုံးဖြတ်ထားလား? ဒါဆိုရင်တော့ အရင်ဆုံး ...
03/01/2026

✨ New Year, New Look! ✨
နှစ်သစ်မှာ ကိုယ့်ကိုယ်ကို ပိုလှတဲ့ New Version လေးဖြစ်ဖို့ ဆုံးဖြတ်ထားလား? ဒါဆိုရင်တော့ အရင်ဆုံး မျက်ဝန်းလေးတွေကနေ စပြီး Glow ကြည့်ရအောင်။ ✨💖

Maxim Contact Lens ရဲ့ ကာလာလေးတွေက သဘာဝဆန်ဆန်လေးနဲ့ မျက်ဝန်းကို တောက်ပစေလို့ ဘယ်လို Outfit နဲ့ပဲဖြစ်ဖြစ် တစ်နေကုန် ယုံကြည်မှုရှိနေမှာပါ။ တစ်လခံ (Monthly Contact Lens) အမျိုးအစားဖြစ်လို့ နေ့တိုင်းတပ်ဖို့လည်း အရမ်းတန်တယ်နော်။

ပါဝါရှိတဲ့သူတွေအတွက်လည်း ပါဝါနဲ့ရွေးချယ်နိုင်တာမို့ မိမိရဲ့ မျက်စိပါဝါလေးပြောပြီး စိတ်ကြိုက်ကာလာလေးတွေ ရွေးချယ်နိုင်ပါတယ်။ 👓✨

✅ UV Protection ပါဝင်လို့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးသလို ✅ Color-Lock System ကြောင့် မျက်လုံးအတွက်လည်း ဘေးကင်းစိတ်ချရပြီး တစ်နေ့လုံး သက်သောင့်သက်သာ ရှိစေမှာပါ။

ဒီတော့ နှစ်သစ်မှာ Maxim Contact Lens လေးနဲ့အတူ ပိုမိုတောက်ပတဲ့ နှစ်သစ်ကို ဖြတ်သန်းလိုက်ရအောင်။🛍️💃

American Vision ဆိုင်ခွဲတိုင်းမှာ in stock ရှိတာမို့ စိတ်ကြိုက်အရောင်လေးတွေ လာရွေးလိုက်တော့နော်!

✨ မျက်စိအတွက်ဆို တစ်နေရာတည်းမှာ ပြီးပြည့်စုံတာ မူလပထမ 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐕𝐢𝐬𝐢𝐨𝐧 ✨

Happy New Year 2026!နှစ်သစ်မှာ စီးပွားလာဘ်လာဘများ တိုးပွားကာ၊ ကြည်လင်တဲ့ အမြင်အာရုံသစ်များနဲ့အတူ တောက်ပတဲ့ အောင်မြင်မှုပ...
31/12/2025

Happy New Year 2026!
နှစ်သစ်မှာ စီးပွားလာဘ်လာဘများ တိုးပွားကာ၊ ကြည်လင်တဲ့ အမြင်အာရုံသစ်များနဲ့အတူ တောက်ပတဲ့ အောင်မြင်မှုပန်းတိုင်များဆီသို့ အရောက်လှမ်းနိုင်ပါစေကြောင်း American Vision မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

📢 ဝန်ထမ်းခေါ်ယူခြင်း 📢We are hiring!Myanmar American Vision Co., Ltd ၏ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဆိုင်ခွဲများနှင့် ရု...
28/12/2025

📢 ဝန်ထမ်းခေါ်ယူခြင်း 📢
We are hiring!
Myanmar American Vision Co., Ltd ၏ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဆိုင်ခွဲများနှင့် ရုံးတွင် တာဝန်ထမ်းဆောင်ရန် အတွက်ဝန်ထမ်းခေါ်ယူခြင်းဖြစ်ပါသည်။

✉️ CV Form ကို hr@mavgroup.net သို့ Email ဖြင့် ပေးပို့လျှောက်ထားနိုင်သလို လူကိုယ်တိုင်လည်း လာရောက်လျှောက်ထားနိုင်ပါတယ်။
(သို့မဟုတ်)
အောက်ဖော်ပြပါ Viber ဖုန်းနံပါတ်များသို့လည်း ပေးပို့လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန် –
📍 ရန်ကုန် – 09-407 226 660 (Viber)
📍 မန္တလေး – 09-453 403 282 (Viber)
📍 နေပြည်တော် – 09-453 403 291 (Viber)

ရုံးခွဲသုံးခုတွင် Walk-in လည်းလျှောက်ထားနိုင်ပါသည်။
ရုံးခွဲများ –
📍 ရန်ကုန် – အမှတ် ၃၉၇၊ ရွှေဘုံသာလမ်း၊ ပန်းဘဲတန်း | 📞 09-407 226 660
📍 မန္တလေး – အမှတ် ၃၃-၃၆၊ ရ၉လမ်း | 📞 09-453 403 282
📍 နေပြည်တော် – ဇ(၄၁)၊ သပြေကုန်း | 📞 09-453 403 291

🚐 Ferry ဖြင့်အကြိုအပို့
🏠 နယ်ဝေးမှ လာရောက်သူများအတွက်လည်း အဆောင် စီစဉ်ပေးထားပါသည်။
*Facebook messenger မှ CV ပေးပို့စုံစမ်းခြင်းသည်းခံပါ။

ပျော်ရွှင်စရာ Holiday ရာသီလေးမှာ ကိုယ်တိုင်အတွက်ဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံးလက်ဆောင်မွန်တစ်ခု ဖန်တ...
27/12/2025

ပျော်ရွှင်စရာ Holiday ရာသီလေးမှာ ကိုယ်တိုင်အတွက်ဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံးလက်ဆောင်မွန်တစ်ခု ဖန်တီးပေးဖို့ စဥ်းစားနေလား။ ✨

အမြဲတမ်းအသုံးဝင်ပြီး စတိုင်ကျနေစေမယ့် Holiday Gift Guide လေး ရောက်ရှိလို့လာပါပြီ။ 🎁🕶️

မျက်မှန်ဆိုတာ အမြင်အာရုံကို ကာကွယ်ပေးရုံတင်မကဘဲ ကိုယ့်ရဲ့ Confidence ကိုပါ မြှင့်တင်ပေးနိုင်တဲ့ Accessory တစ်ခုပါ။ ခရီးသွားရင်းပဲဖြစ်ဖြစ်၊ အပြင်ထွက်ရင်းပဲဖြစ်ဖြစ် ဘယ် Outfit နဲ့မဆို လိုက်ဖက်ပြီး ကိုယ့်ရဲ့ Look ကို ပိုပေါ်လွင်စေမှာပါပဲ။ 📸✨"

American Vision မှာဆိုရင် နာမည်ကြီး Branded နေကာ/ပါဝါ မျိုးစုံကို စိတ်ကြိုက်ရွေးချယ်နိုင်သလို တစ်နှစ်မှာ တစ်ခါပဲ ရနိုင်တဲ့ "Year-End SALE" က Jan11 ရက်နေ့အထိ ရှိနေတာမို့လို့ ဆိုင်မှာ ကိုယ်တိုင်တပ်ကြည့်ပြီး စိတ်ကြိုက်ရွေးချယ်ဖို့ ဖိတ််ခေါ်လိုက်ပါတယ်။

✨ မျက်စိအတွက်ဆို တစ်နေရာတည်းမှာ ပြီးပြည့်စုံတာ မူလပထမ 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐕𝐢𝐬𝐢𝐨𝐧 ✨

Wishing you all a Merry Christmas! 🎄✨ခရစ္စမတ်အချိန်အခါလေးမှာ နွေးထွေးမှု၊ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်န...
25/12/2025

Wishing you all a Merry Christmas! 🎄✨
ခရစ္စမတ်အချိန်အခါလေးမှာ နွေးထွေးမှု၊ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့ အမှတ်တရကောင်းတွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း American Vision မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🎅🎁

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Alerts

Be the first to know and let us send you an email when American Vision posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to American Vision:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category