Cosmic Tarot & Oracle

Cosmic Tarot & Oracle ✨ Guiding souls through Oracle wisdom. Here to help you heal, grow & find clarity — You’re not alone. DM me for personal reading to find solution 💌

✨ Divine Messages for the Month of “𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 2025”Pick a Pile reading through Oracle Guidance ခါတိုင်းဆို လဆန်းမှတင်ပေး...
31/08/2025

✨ Divine Messages for the Month of “𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 2025”

Pick a Pile reading through Oracle Guidance

ခါတိုင်းဆို လဆန်းမှတင်ပေးဖြစ်ပေမယ့် ဒီတစ်ခါတော့ လကုန်အမှီလေး ကြည့်ပေးထားပါတယ်။

အရင်ဦးဆုံး စိတ်ငြိမ်အောင်လို့ အချိန် ၃ စက္ကန့်ခန့် အသက်ရှူထုတ် လုပ်ပြီး မိမိနှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ကာ September လအတွက် Divine Message ကို ရယူလိုက်ပါ။

General reading ဖြစ်တဲ့အတွက် သိပ် serious မဖြစ်ပါနဲ့။

Take what resonate and leave the rest.

❣️Personal reading မေးလိုပါက
https://www.facebook.com/share/p/1NkPPdQUrf/?mibextid=wwXIfr

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

ဒီလကုန် နောက်တစ်ပတ်ထဲ Oversea Business Trip သွားမှာမို့ booking ၂ ပတ်ခန့် ပိတ်ပါမယ်။လက်ခံပြီးသား reading တွေကိုလည်း ဒီရက...
28/08/2025

ဒီလကုန် နောက်တစ်ပတ်ထဲ Oversea Business Trip သွားမှာမို့ booking ၂ ပတ်ခန့် ပိတ်ပါမယ်။

လက်ခံပြီးသား reading တွေကိုလည်း ဒီရက်ထဲ ဖြတ်ပေးနေပါတယ်နော်။

Reading အသစ်မေးလိုသူများ 30 August အထိပဲ ထပ်လက်ခံပေးပါမယ်။ မဟုတ်ရင် နောက်၂ ပတ်နေမှ booking ပြန်လက်ခံနိုင်မှာမို့ပါရှင်။

Thank you!

Zune Wint Hte
Cosmic Tarot & Oracle 🔮

💌 Reading Inquiry တွေဝင်နေမှန်းသိပေမယ့် သွေးတော်တော် တိုးနေလို့ စာမဖြေပေးနိုင်သေး​လို့ပါနော်Will get back to you once I’...
15/08/2025

💌 Reading Inquiry တွေဝင်နေမှန်းသိပေမယ့် သွေးတော်တော် တိုးနေလို့ စာမဖြေပေးနိုင်သေး​လို့ပါနော်

Will get back to you once I’m feeling better.
Thanks!

Zune Wint Hte,
Cosmic Tarot & Oracle 🔮

🦋 ဒီနေ့မှာတော့ Energy Reading ကြည့်ပေးရတဲ့ reader တစ်ယောက်ရဲ့ challenge လေးတွေကို ပြောပြချင်တယ်ရယ်။ ကျွန်မအနေနဲ့ client ...
10/08/2025

🦋 ဒီနေ့မှာတော့ Energy Reading ကြည့်ပေးရတဲ့ reader တစ်ယောက်ရဲ့ challenge လေးတွေကို ပြောပြချင်တယ်ရယ်။ ကျွန်မအနေနဲ့ client တ်ိုင်း အတွက် အဓိကသုံးတဲ့ divination tools ကတော့ Oracle ဆိုတာ ကျွန်မ client တော်တော်များများ သိကြပါတယ်။ ဆိုတော့ ဒီ post လေးကတော့ For your pleasure reading ပေါ့နော်။

✨ Oracle နဲ့ အဟောတွေကြည့်ပေးတဲ့အခါ Mind, Soul, Body အကုန် align ဖြစ်နေမှ ကြည့်ပေးလို့ရတယ်ဆိုတာကို ကျွန်မစာတွေမှာ ကြုံရင်ကြုံသလို ပြောပြပေးလေ့ရှိတာမို့ ကျွန်မ client တွေဆိုရင် Urgent case ကလွဲလို့ ကျွန်မ နေကောင်းနေ၊ fully charged ဖြစ်နေမှပဲ ကြည့်ပေးပါဆိုတဲ့သူတွေ များပါတယ်။ ဒါသည်လည်း blessing တစ်ခုပါပဲ။

🦋 ဆိုတော့ ဒီနေရာမှာ ပထမဆုံး highlight လုပ်ချင်တာက physical health နဲ့ mental health နှစ်ခုလုံးပဲရယ်။ Oracle သည် Energy Reading ဖြစ်တဲ့အတွက် reader ရဲ့ energy consumption percentage အင်မတန်များပါတယ်။
ဒါကြောင့်မို့ reading အဟောတွေမကြည့်ခင်မှာ ကျွန်မတို့လို reader တွေအနေနဲ့ ကျန်းမာရေးကောင်းနေဖို့က အရေးကြီးသလို စိတ်အဆင်ပြေနေတဲ့အချိန်လည်း ဖြစ်ဖို့လိုပါတယ်။ တစ်ခါတစ်လေ ကိုယ့်က်ိုယ်ကိုယ် မညှာမတာတွေ အလုပ်ပေးထားမိရင်လည်း Client reading ကြည့်ရင်းနဲ့ကို Oracle က ကျွန်မတ်ို့တွေကို ပြန်ဆူတတ်သေးတယ်ရယ်။

🦋 ဒုတိယ challenge ကတော့ Client ရဲ့ မေးခွန်းအတွက် အဖြေသည် သူလိုချင်တဲ့ အဖြေမျိုး ဖြစ်မနေတဲ့ အခါပါပဲ။ Client ဘက်က ဒီအဖြေအပေါ် အရမ်းမျှော်မှန်းထားမှန်း သိနေတော့ လက်တွေ့မှာ သူမျှော်လင့်ထားသလို ဟုတ်မနေဘူး ဆန့်ကျင်ဘက် ရလာဒ်တွေဖြစ်နေတယ်လို့ ပြောဖို့ဆိုတာ ကျွန်မတို့အတွက် အင်မတန် ခက်ပါတယ်။
အမှန်တရားဖြစ်နေပေမယ့် တစ်ဖက်သားရဲ့ မျှော်လင့်ချက် ကို ရိုက်ချိုးသလို မဖြစ်ချင်တာလည်း အမှန်ပဲရယ်။
သို့ပေသိ ကျွန်မမှာ မြင်သမျှအကုန်ပြောပြပေးရမယ့် တာဝန်ရှိတာမို့ သေချာကို နားလည်လွယ်အောင် ရှင်းပြရပါတယ်။ ဒါကြောင့်မို့ Client reading တွေကြည့်တဲ့အခါမှာ အားကုန်တာချင်းအတူတူ Positive way ဘက်ရောက်တဲ့ အဖြေတွေဆို ကျွန်မတို့မှာ client အတွက် ထပ်တူ ဝမ်းသာရသလို Negative way ဘက် ရောက်တဲ့ အဖြေတွေဆို energy consumption အပြင် Client ရဲ့ negative energy တွေပါ ကူးပါတယ်။ သောကမီးတွေပေါ့။

👩🏻‍💻 ကျွန်မမှာက ဒီအလုပ်အပြင် personal life မှာ 9-6 office life ရှိတဲ့အတွက် reading တွေကြည့်ဖို့ ဘယ်လိုမှ အားမရှိတဲ့ နေ့တွေလည်း ရှိတယ်ရယ်။ ဒါပေမယ့် ကျွန်မတို့ဆရာမ ကျွန်မတို့တွေကို appraisal ထိုင်တုန်းကပြောဖူးတယ်။ ဆရာမဆီမှာလည်း ဆရာမရဲ့ guidance ကိုမှ လိုအပ်လို့ ရောက်လာတဲ့ client တွေရှိသလို ကျွန်မတို့တွေမှာလည်း ကျွန်မတို့ solution ရှာပေးဖို့လိုအပ်တဲ့သူတွေ ရှိနေဦးမှာတဲ့။ ဒါကြောင့်လည်း အချိန်မရရတဲ့ကြားက ပုံမှန်လေးပဲ ကျွန်မလည်း Oracle Reader life ကို ဆက်သွားဖြစ်နေတာပါပဲ။

နောင်ဘယ်အချိန်လောက်အထိ ဒီ spiritual work တွေကို ဆက်လုပ်နိုင်ဦးမလဲတော့ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်ရမှာပေါ့လေ။

🦋အခုချိန်မှာတော့ ရေစက်ပါလို့ ကျွန်မဆီရောက်လာတဲ့ client တွေအတွက်ကို ကျွန်မ မအားအားတဲ့ကြားက ရှိနေပေးဦးမှာပါ။

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🪴 How to Take Care of Your Energy?🦁 8.8 Lion Gate Special Knowledge Sharing 🌿 တစ်နေ့က ကျွန်မရဲ့ ရုံးက colleague အကိုတစ်ယ...
07/08/2025

🪴 How to Take Care of Your Energy?
🦁 8.8 Lion Gate Special Knowledge Sharing

🌿 တစ်နေ့က ကျွန်မရဲ့ ရုံးက colleague အကိုတစ်ယောက် က ၈ ရက် ၈ လ ကဘာကြီးလဲတဲ့?
သူလာမေးတော့ ကိုယ်တောင် ကြောင်သွားပြီး ၈ လေးလုံးဟာလားပေါ့။ ပြီးမှ ဘယ်ဟုတ်မလဲ Facebook မှာ 8.8 Lion Gate Portal နဲ့ ပက်သက်တဲ့ posts တွေ hit ဖြစ်နေလ်ို့ သူက ကိုယ့်လာမေးတာ။ ကျွန်မက spiritual အလုပ်တွေလုပ်မှန်း ကျွန်မ colleague တွေက သိကြတာမို့လေ။
အဲ့ကျမှ ကျွန်မလည်း အခြေခံအကျဆုံး အလွယ်ဆုံးလုပ်လို့ရတဲ့ tips လေးတွေကို ပြောပြဖြစ်လိုက်ပါတယ်။ တစ်ချို့ သူတွေအတွက်ကျ ဒီလို spiritual related things တွေက အလှမ်းဝေးတတ်ကြတယ်ရယ်။ စိတ်ဝင်စားတဲ့သူတွေ လောက်သာ တီးမိခေါက်မိ ရှိတတ်တာဆိုတော့လေ။

🌿 ဒီတော့ 8.8 portal နဲ့ ပက်သက်ပြီး ဘာတွေ လုပ်ဖ်ို့ လိုမလဲ? ဘာလုပ်လို့ရမလဲ? ဆိုတဲ့သူတွေအတွက် Energy Care Tips လေးတစ်ချို့ကို sharing လုပ်ပေးလိုက်ပါတယ်။

🌿 ကျွန်မပြောပြမယ့် Tips လေးတွေကတော့ 8.8 လို Lion Gate Portal ပွင့်တဲ့အချိန်မျိုးမှာသာ လုပ်လို့ရတာ မဟုတ်ပဲ အခြားသော အခါကြီးရက်ကြီး special occasion တွေမှာလည်း ကိုယ့် energy ကို upgrade လုပ်ဖ်ို့၊ ကောင်းတဲ့ energy တွေကို attract လုပ်ဖို့၊ maintain လုပ်ထားဖို့ပါ မှတ်ထားနိုင်ပါတယ်။

(၁) မိမိရဲ့နေအိမ်ပတ်ဝန်းကျင်၊ surrounding ကို သန့်ရှင်းအောင်ထားပါ။ မလိုအပ်သော၊ အသုံးမပြုတော့သော ပစ္စည်းအဟောင်းများကို စွန့်ပစ်ပါ။

(၂) Sage, Palo Santo တို့လို incense များကို ထွန်းညှိကာ မိမိနေအိမ်ရဲ့ အိမ်ထောင့်များပါမကျန် smoke cleansing လုပ်ပါ။

(၃) ရေချိုးသည့်အခါ intention ဖြင့်ချိုးပါ pink salt ရှိလျှင် pink salt ပါ ထည့်သွင်း အသုံးပြု၍ချိုးပါ။ Pink salt အလွယ်တကူ မရနိုင်ပါကလည်း ရေချိုးနေချိန်မှာ “ဤရေချိုး သန့်စင်ခြင်းအားဖြင့် မိမိ၏ Mind, Soul, Body မှ negative energy တွေအကုန် သန့်စင်ဆေးကြောလိုက်ပါပြီ” ဆိုတဲ့ intention ထားပြီး ချ်ိုးပါ။

(၄) Meditation or Breathwork လုပ်ပါ။

(၅) ပြီးနောက် မိမိ၏နှုတ်မှဖြစ်စေ၊ စိတ်ထဲမှဖြစ်စေ
✨“I let go of the things that no longer serve me. I am aligned with the best things that are meant for me” ✨ ဆိုတာလေးကို ရွတ်ဆိုပေးပါ။

(၆) Have Gratitude!
မိမိဘဝထဲမှာ ပိုင်ဆိုင်ထားတဲ့ ကောင်းသောအရာလေးတွေ တစ်ခုချင်းစီ စဉ်းစားကာ ကျေးဇူးတင်စိတ်ပွါးပါ။ အနည်းဆုံးတော့ မိမိဟာ အခုချိန်မှာ အသက်ရှင်နေသေးတယ်၊ စားစရာရှိပြီး နေစရာ အရိပ်အာဝါသ ရှိတယ်ဆိုတာလည်း gratitude ထားဖို့ အချက်တစ်ချက်ဖြစ်ပါတယ်။

(၇) မကောင်းသောစကားဆိုခြင်း၊ မကောင်းသော အတွေးများ တွေးခြင်းကို ရှောင်ရှားပါ။ တွေးမိလျှင်လည်း စိတ်ကို ပေါ့ပေါ့ပါးပါးပဲထားတာ တခြားတစ်ခုခုဖြင့် အာရုံပြောင်းလိုက်ပါ။

(၈) Stay hydrated and avoid alcohol.
ဒီတစ်ခါ 8.8 က သောကြာနေ့မှာ ကျရောက်တဲ့အတွက် TGIF ကျတဲ့အခါ alcohol လေးရှောင်နိုင်ရင်တော့ မိမိအတွက် ပိုကောင်းပါလိမ့်မယ်။

(၉) Cleansing၊ Bath Ritual နဲ့ Meditation များ လုပ်ပြီးတဲ့အခါမှာ Healing sound or Frequency Music များကို နားထောင်ပေးပါ။ ဒီအချက်က mandatory တော့ မဟုတ်ပါဘူး။

🎼 စိတ်ထဲမှာအဆင်မပြေတဲ့အရာတွေကို ဖြေလျော့နိုင်ဖို့ 528 Hz frequency music ကို ရွေးချယ် နားထောင်နိုင်သလို၊ Lion Gate occasion အတွက် 888 Hz frequency music ကိုလည်း ရွေးချယ် နားထောင်နိုင်ပါတယ်။

🌿 နားလည်အလွယ်ဆုံးရှင်းပြရရင်တော့ မိမိရဲ့ mind, soul, body ကို သန့်ရှင်းအောင် တည်ငြိမ်အောင် ထားဖို့က အရေးကြီးဆုံးပါပဲ။ မိမိ energy က ကောင်းနေမှ ကောင်းတဲ့ energy တွေကို attract လုပ်နိုင်မှာပါ။ Coz energy starts within you, dear!

🌿 အထက်ဖော်ပြပါ tips တွေသည် energy works တွေထဲမှာ အလွယ်ကူဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်သလို ကျွန်မဆရာမ ဒေါ်မေနီနီဦး ကျွန်မတ်ို့တွေကို သင်ကြားပေးခဲ့တဲ့ lecture များထဲမှတစ်ချို့ကိုပါ ကောက်နှုတ်ထည့်သွင်း ကာ sharing လုပ်ပေးခြင်း ဖြစ်ပါတယ်။

✍️ တကယ်လို့ သင့်အနေနဲ့ manifestation method တွေကို စိတ်ဝင်စားပါကလည်း အခြားသော လောကီ ဆရာ၊ ဆရာမများ ဝေမျှသည့် manifestation method တွေကိုလည်း try ကြည့်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခု မှတ်ထားစေချင်တာက manifestation လုပ်ရုံနဲ့တော့ ဆုတောင်းတွေ ပြည့်တာ မဟုတ်ပါဘူး။ ဆုတောင်းတွေတိုင်းမှာ တန်ရာတန်ကြေး price tag ရှိတဲ့ အတွက် မိမိဘက်က လုံလောက်တဲ့ effort ကို ထုတ်နိုင်မှသာ ဆန္ဒတွေ ပြည့်လာမှာဖြစ်ပါတယ်။

နောက်ထပ် post အသစ်များမှာ ပြန်ဆုံကြပါစို့လားရှင်

With Love,
Zune Wint Hte
Cosmic Tarot & Oracle🔮

💥 လျှပ်တပြက် reminder⚡️ Mercury retro is still here နော် ချစ်သောတို့ရေ🪐 Saturn က လည်း Aries ကနေ Pisces ကို retrograde သွ...
05/08/2025

💥 လျှပ်တပြက် reminder

⚡️ Mercury retro is still here နော် ချစ်သောတို့ရေ

🪐 Saturn က လည်း Aries ကနေ Pisces ကို retrograde သွားနေပြီမို့ သတိမမူ ဂူမမြင် ဆိုသလိုပဲ unintentionally လုပ်မိ ပြောမိတာကနေ ပြသနာမဖြစ်စေဖို့ ဂရုစိုက်ကြပါ။

▪️ ကတောက်ကဆတစ်ခုဖြစ်ဖို့ဖန်လာပြီ ဆိုတာနဲ့ ချက်ချင်း ဖြေရှင်းဖို့ ကြိုးစားပါ။

▪️ Mutual communication တစ်ခုမှာ issue ဖြစ်ပြီဆိုတာနဲ့ transparency ရှိရှိ ဖြေရှင်းပါ။

▪️ တစ်ခုခုဆို အဆင်ပြေရင် ပြေတယ်၊ မပြေရင်မပြေဘူး Clearly highlight လုပ်ပါ။

▪️ မလိုလားအပ်တဲ့ ပြသနာ အသေးဖွဲ့လေးတွေကနေ အဖုထစ် မကျန်ခဲ့ပါစေနဲ့။

▪️ သတိလက်လွတ် ပြောမှားဆိုမှား ဖြစ်နိုင်တာလေးတွေကိုလည်း ဒီကာလမှာသတိလေးနဲ့ ထိန်းနိုင်ကြပါစေ။

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

▪️ တစ်ခါတစ်လေကျရင် ဘဝမှာ အရင်ကကြုံဖူးတဲ့ အခြေနေမျိုး ဒါမှမဟုတ် အရင်က ခံစားဖူးတဲ့ စိတ်ခံစားချက် မျိုးတွေ ပြန်ကြုံရတတ်ကြတယ...
31/07/2025

▪️ တစ်ခါတစ်လေကျရင် ဘဝမှာ အရင်ကကြုံဖူးတဲ့ အခြေနေမျိုး ဒါမှမဟုတ် အရင်က ခံစားဖူးတဲ့ စိတ်ခံစားချက် မျိုးတွေ ပြန်ကြုံရတတ်ကြတယ်ဟုတ် …

ဒီလိုအခြေနေတွေကို same pattern ပြန်လည်တယ် လို့ ပြောကြသလို Universe ရဲ့ Test တွေလို့လည်း ဆ်ိုနိုင်ပါတယ်။ တစ်ချ်ို့သော ဘဝရဲ့သင်ခန်းစာတွေ၊ အမှားတွေ၊ စိတ်ဒဏ်ရာတွေကို အချိန်ကြာလာတဲ့အလျောက် ကျွန်မတို့ကတော့ ကိုယ့်ကိုယ်ကိုယ် heal ဖြစ်သွားပြီ Lesson Learned ဖြစ်သွားပြီ၊ Move On နိုင်ခဲ့ပြီလို့ ထင်ကြပေမယ့် ကိုယ့်မသိစိတ်ထဲမှာတော့ heal ဖြစ်သလိုလို မဖြစ်သလိုလို ကျန်နေတတ်ကြပါတယ်။ အဲ့ဒိအခါ Universe ကလည်း ကျွန်မတို့တွေ ဒီ lesson တွေကို တကယ် learn ဖြစ်မဖြစ် same scenario တွေ ဖန်တီးပြီး စမ်းသပ်လေ့ရှိတယ်ရယ်။

▪️ အဲ့ဒိအခါ အရင်ဆုံးခံစားလိုက်ရတာက It’s again ဆိုတဲ့ feeling ကြီးပေါ့။ ဒါပေမယ့် ကိုယ်က တကယ် heal ဖြစ်ထားတယ်၊ အမှားတွေကနေ သင်ခန်းစာယူထားတယ်ဆိုရင် ကျွန်မတို့ရဲ့ intuition က alert လှမ်းလုပ်ပါတယ်။

⚠️ ဒါသည် danger zone နော် Remember what happened last time right? စသဖြင့်ပေါ့။ ဒီကနေမှ ကျွန်မတ်ို့တွေက test တွေကို ဘယ်လိုကျော်ဖြတ်မလဲ Next move ကို ဘယ်လို ရွှေ့မလဲ စဉ်းစားမိကြမှာပါ။ မိမိဥာဏ်ရှိသလို warning sign ပြထားတဲ့ အရာတွေကို ရှောင်သွားတတ်ဖို့ပေါ့။ ကိုယ်က အတိတ်က ဘဝသင်ခန်းစာတွေ၊ အမှားတွေကို lesson learned မဖြစ်သေးဘူး၊ heal မဖြစ်သေးဘူး ဆိုရင်တော့ ဒီလို same scenario တွေ ပြန်ကြုံရတိုင်းမှာ trauma တွေ trigger ဖြစ်ပြီး looping ပတ်နေဦးမှာပါပဲ။ Looping ပတ်တာ များလာလေလေ ကိုယ့်အတွက်အဆင်မပြေတဲ့ အရာတွေ ဘဝမှာများလာလေလေဆိုတာကိုတော့ သိစေချင်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတ်ို့လို spiritual အလုပ်တွေလုပ်နေကြတဲ့သူတိုင်းက အခါအားလျော်တိုင်း healing သည် ဘယ်လောက်အရေးကြီးကြောင်း ပြောပြလေ့ရှိကြတာရယ်။

▪️ ဒီနေရာမှာ အပိုဆောင်းအချက်နေနဲ့ ဝေမျှချင်တာက Healing ဖြစ်ဖို့ the very first step သည် က််ိုယ့်ကို နာကြင် စေခဲ့တဲ့ သူတွေကိုခွင့်လွှတ်ပေးဖ်ို့ ၊ ကြင်နာဖ်ို့မဟုတ်ပဲ မိမိကိုယ်ကိုယ် အရင်ဆုံး ခွင့်လွှတ်ပေးရမှာဖြစ်ပါတယ်။ အတိတ်က ကြုံခဲ့ရတဲ့အရာတွေသည် (intentionally) မိမိရဲ့ အမှားကြောင့် မဟုတ်ပဲ ဒီလိုဖြစ်ဖို့ကို ရှောင်လွှဲမရခဲ့လို့ ဆိုတာကို စိတ်ထဲမှာပြောပေးပါ။ Self talk လုပ်လည်း ရပါတယ်။ It’s important to learn how to mother yourself.
ကျွန်မကတော့ Inner child healing လုပ်တဲ့အခါ self talk ပြောပေးတာကို personally prefer ဖြစ်ပါတယ်။ Trauma တွေရင်ဆိုင်ခဲ့ရတဲ့ မိမိကိုယ်ကိုယ် ခွင့်လွှတ်နိုင်ပြီ ကြင်နာပေးနိုင်ပြီဆိုမှ နောက်တစ်ဆင့်သည် ကိုယ့်ကိုယ် trauma ပေးခဲ့တဲ့သူတွေ အရာတွေကို ခွင့်လွှတ်မလား၊ detach လုပ်မလားပါပဲ။ ဒီနေရာမှာ အဖြစ်များကြတာက က်ိုယ့် အားနည်းချက်ကြောင့် ဖြစ်ခဲ့ရတဲ့ trauma မျိုးဆို ကိုယ့်ကိုယ်ကိုယ် ပိုပြီး ခွင့်လွှတ်ပေးဖို့ ခက်ခဲတတ်ပါတယ်။ But you have to give it a try. Coz healing starts within you.

▪️ ကျွန်မအနေနဲ့ ကိုယ်နဲ့ ရေစက်ဆုံလာသမျှ လူတိုင်းကို Healing ဖြစ်အောင်ကြိုးစားဖို့ကို encourage လုပ်တယ် ဆိုပေမယ့် တစ်ချို့သော trauma တွေသည် ဘယ်လိုမှ move on လို့မရဘူးဆိုတာကိုလည်း နားလည်တယ်ရယ်။ ဂရုဏာလည်း သက်မိတယ်။ ဒီလို အနေထားတွေကိုရော ဘယ်လို ရင်ဆ်ိုင်ရမလဲ ဆိုတာကို နောက်ပို့စ်အသစ်မှာ ဆက်လက်မျှဝေပေး သွားပါမယ်။

So, stay tuned!

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🌛 Bed time မတိုင်ခင် အတွေးလေးတစ်ဖြတ်▪️ တစ်နေ့တာရဲ့ အဆုံးသတ်မှာ လေးလံတဲ့နှလုံးသားတွေနဲ့ အိပ်ယာမဝင်မိပါစေနဲ့။▪️ အပြောင်းလဲ...
29/07/2025

🌛 Bed time မတိုင်ခင် အတွေးလေးတစ်ဖြတ်

▪️ တစ်နေ့တာရဲ့ အဆုံးသတ်မှာ လေးလံတဲ့နှလုံးသားတွေနဲ့ အိပ်ယာမဝင်မိပါစေနဲ့။

▪️ အပြောင်းလဲကြမ်း မျက်နှာဖုံးတွေများတဲ့ လောကကြီးမှာ မိမိရဲ့ Authentic Self နဲ့ ရှင်သန်ရတာ ပင်ပန်း ပေမယ့် တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါမှာတော့ ကောင်းမွန်တဲ့ အရာလေးတွေကိုပဲ စဉ်းစားပြီး အိပ်ယာဝင်ပါ။

▪️ အကယ်၍ မိမိဟာ ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုရင်တောင် အနည်းဆုံးတော့ ဒီနေ့တစ်ရက်ကို အရှုံးမပေးပဲ ကျော်ဖြတ်နိုင်ခဲ့တာလေးအတွက်ကိုဖြစ်ဖြစ် ဂုဏ်ယူပါ။ ဒါတင်မဟုတ်ဘူး မိမိရဲ့ မိသားစုဝင်တွေ၊ ချစ်ရသူတွေနဲ့ အတူရှိနေနိုင်သေးတယ်၊ အမိုးအကာအောက်မှာနေရပြီး တစ်နေ့ သုံးနပ်အစာစားနိုင်သေးတယ်ဆိုရင် သင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ 70% သောလူတွေထက် ကံကောင်းနေပါပြီ။

🍀 At least, be proud of yourself for holding on.

🍀 Life can be tough at some point.
🍀 However, you will get through this.

💛 With Love,
Zune Wint Hte @ Vitamin Youth
Cosmic Tarot & Oracle 🔮

☕️ Which cup of tea is for you? Choose one!💌 Universe messages through Oracle.✨ အချိန် ၃ စက္ကန့်ခန့် အသက်ရှူထုတ်လုပ်ပြီး...
27/07/2025

☕️ Which cup of tea is for you? Choose one!

💌 Universe messages through Oracle.

✨ အချိန် ၃ စက္ကန့်ခန့် အသက်ရှူထုတ်လုပ်ပြီး
နှစ်သက်ရာတစ်ပုံကို ရွေးချယ်လိုက်ပါ။

✨ General Reading ဖြစ်တဲ့အတွက်
အရမ်းကြီး tension မထားပါနဲ့။

✨ Take what resonate and leave the rest.

🔮 Personal reading မေးလိုပါက
https://www.facebook.com/share/p/1NkPPdQUrf/?mibextid=wwXIfr

💛 With Love,
Zune Wint Hte @ Vitamin Youth
Cosmic Tarot & Oracle 🔮

✨ Hello Loves!ဒီတစ်ခါ Mercury Retrograde မှာ အဆင်ပြေကြရဲ့လားရှင်▪️အပြောမတတ်ရင် ဆဲနေသလိုပဲဆိုတဲ့ စကားက Mercury Retrograde...
26/07/2025

✨ Hello Loves!

ဒီတစ်ခါ Mercury Retrograde မှာ အဆင်ပြေကြရဲ့လားရှင်

▪️အပြောမတတ်ရင် ဆဲနေသလိုပဲဆိုတဲ့ စကားက Mercury Retrograde ကာလနဲ့တော့ ကွက်စတိပါ။
ဒီကာလမှာ စကားက ရိုးရိုးပြောတောင် ဆန်းဆန်းကြားတာ၊ tone color အနေထားကအစ နားထဲမှာ ကန့်လန့်ကြီး ဖြစ်တတ်ကြတာမို့ ဂရုစိုက်ကြပါနော်။ အထူးသဖြင့် ကိုယ်နဲ့ မျက်နှာပျက်လို့မဖြစ်တဲ့ ဆက်ဆံရေးမျိုးရှိတဲ့ သူတွေနဲ့ဆို ကိုယ်ပြောချင်တဲ့ စကားရဲ့အဓိပ္ပာယ်ကို တစ်ဖက်လူ သဘောပေါက် မလွဲဖို့ သေချာရှင်းပြနိုင်အောင် ကြိုးစားပါ။
တစ်ခုခုဆို တစ်ခါတည်း on the spot ရှင်းပြနိုင်ပါစေ။
ဖြေရှင်းနိုင်ပါစေ။ ကိုယ့်ဘက်ကလည်း mindfulness လေးနဲ့ communication issue တွေကို handle လုပ်နိုင်ဖို့လိုပါတယ်။

▪️ Mercury retro ရဲ့ ထုံးစံအတိုင်း ကိုယ့်ဘဝထဲ လူဟောင်းတွေ ပြန်ဝင်လာရင်လည်း ဝမ်းသာမနေကြပါနဲ့ဦး။ အထူးသဖြင့် ex တွေပေါ့။ သူတို့က ခဏတစ်ဖြုတ် ဝင်နားတာကို ကိုယ့်ကို ချစ်လွန်းလို့ ပြန်လာတယ် မထင်ပါနဲ့။ စောင့်ကြည့်ပါဦးနော်။

▪️ နောက်တစ်ခုကတော့ technology / transportation နဲ့ ပက်သက်သမျှ delay ဖြစ်တတ်လို့ ဘယ်အရာမဆို ahead of time ဖြစ်အောင်လုပ်ပါ။ Preparation တွေနဲ့အတူ၊ Plan A / Plan B ချပြီး ဒီကာလကို ရင်ဆိုင်ကျော်ဖြတ်ပါ။

✨ ဒီအချက်လေးတွေကို သတိထားလိုက်ရင်တော့ Mercury Retrograde ကို easy peasy ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

📍 Personal reading မေးလိုပါက
https://www.facebook.com/share/p/1NkPPdQUrf/?mibextid=wwXIfr

With Love,
Zune Wint Hte @ Vitamin Youth
Cosmic Tarot & Oracle 🔮

ဆရာမ : ဒီတစ်ယောက်ကိုတော့ စောင့်ကြည့်ဦးနော်               ဖြစ်နိုင်ရင် ဒီကာလမှာ ရည်းစားမထားနဲ့ဦးClient : အဖြေပြန်ပေးလိုက်...
20/07/2025

ဆရာမ : ဒီတစ်ယောက်ကိုတော့ စောင့်ကြည့်ဦးနော်
ဖြစ်နိုင်ရင် ဒီကာလမှာ ရည်းစားမထားနဲ့ဦး

Client : အဖြေပြန်ပေးလိုက်ပြီ ဆရာမရယ်

ဆရာမ : 🤦🏻‍♀️

ကျွန်မ client တွေကတော့ ခဏခဏချစ်မိလို့
လိုင်းပေါ်တဲ့ team ကပါပဲရှန်

ဟာသအမြင်ဖြင့်သာ 🫰🏻
Cosmic Tarot & Oracle 🔮

💚 ဒီ post လေးမှာတော့ ကျွန်မအနေနဲ့ ကျွန်မတို့တွေ နေထိုင်လျက်ရှိတဲ့အိမ်ခန်း၊ အိပ်ခန်းတွေမှာ ကောင်းမွန်တဲ့ energy တွေ aura ...
19/07/2025

💚 ဒီ post လေးမှာတော့ ကျွန်မအနေနဲ့ ကျွန်မတို့တွေ နေထိုင်လျက်ရှိတဲ့အိမ်ခန်း၊ အိပ်ခန်းတွေမှာ ကောင်းမွန်တဲ့ energy တွေ aura တွေကို ဘယ်လို restore ပြန်လုပ်ကြမလဲ၊ ဘယ်လိုဆက်နွယ်နေလဲဆိုတာကို sharing လေး လုပ်ပေးချင်ပါတယ်။

☀️အခုလို weekend အချိန်မှာဆိုရင် တော်တော် များများက အလုပ်နားရက်ဖြစ်ကြမယ်ထင်ပါတယ်။ နားရက်ဆိုတော့ teenager တွေ၊ လူငယ်တွေကတော့ သူငယ်ချင်းတွေနဲ့ ချိန်းတွေ့ကြမယ်၊ လျှောက်လည်ကြ မုန့်တွေသွားစားကြမယ်။ ဒါက တစ်ချို့သူတွေရဲ့ recharge လုပ်တဲ့ ပုံစံတစ်ခုလို့မြင်ပါတယ်။ ဒီနေရာမှာ အလုပ်ပိတ်ရက်မို့ / နားရက်မို့ ကိုယ် နေချင်သလိုလေးတွေ နေရတာကောင်းတယ် ဆိုပေမယ့် တစ်ကိုယ်ရယ် တစ်ကာယ လုပ်စရာရှိတာလေးတွေကိုလည်း အချိန်ပေးနိုင်ဖို့ လိုတယ်ရယ်။

🍁 ဥပမာ - ကိုယ်ဝတ်ပြီးသားအဝတ်လေးတွေကို
နေ့စဉ် မလျှော်နိုင်ရင်တောင် တစ်ပတ်စာ စုလျှော်တာ၊ တစ်ပတ်တစ်ခါလောက် ကိုယ့်အိမ်ခန်း၊ အိပ်ခန်းကို ဖုန်ရှင်း ကြမ်းတိုက်တာ၊ တစ်ပတ်တစ်ခါ သို့မဟုတ် နှစ်ပတ်တစ်ခါလောက် အခန်းနံရံထောင့်နားတွေက ကြပ်ခိုးတွေ ပိုးချည်မျှင်လေးတွေ ရှင်းတာမျိုးလေးတွေ လုပ်သင့်ပါတယ်။

☘️ တစ်ချို့သူတွေအတွက်က ဒီလို household chores တွေကို လုပ်နေကြပေမယ့် တစ်ချို့အတွက်ကျ အမျိုးစုံသော အကြောင်းကိစ္စတွေကြောင့် ဒီလိုလျှော်ဖွပ် သန့်ရှင်းရေးတွေကို မလုပ်မဖြစ် မလျှော်မဖြစ် အနေထားမျိုးကျမှပဲ လုပ်ဖြစ်ကြပါတယ်။

ဒီနေရာမှာ ဒါတွေမလုပ်ရင်ရော ဘာဖြစ်လဲ❓လို့ မေးခွန်းထုတ်ချင်တဲ့ သူတွေလည်း ရှိမယ်ထင်ပါတယ်။

✨ ကျွန်မပြောချင်တဲ့ point ကလည်း အခုမှလာတာပါ။

⚠️ ကျွန်မတို့တွေ ဝတ်ပြီးသားအဝတ်တွေကို
သေချာ မလျှော်ဖွပ်ပဲ ပြန်ဝတ်တဲ့အခါ ၊ သန့်ရှင်းမှုမရှိတဲ့ နေရာရပ်ဝန်းတွေမှာ နေထိုင်တဲ့အခါ ကျွန်မတို့တွေရဲ့ Aura ကိုကျဆင်းစေပါတယ်။ ဘာလို့ဆို ဝတ်ပြီးသားအဝတ်တွေဟာ public area တွေအများကြီးသွားထားရသလို၊ လူပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံထားရတဲ့အတွက် energy အမျိုးစုံကပ်ပါလာလို့ပါပဲ။

▪️ လူတစ်ယောက်မှာ Aura ကျလာတဲ့အခါ -

(၁) မိမိပြောတဲ့စကားမအောင်တာ၊ ဩဇာမညောင်းတာ (ကိုယ်ပြောတာ မှန်နေသည့်တိုင် လူတွေလက်မခံချင်တာမျိုးပေါ့)

(၂) လူမလေးစားတာ၊ ကိုယ့်ကို respect မပေးတာ
(ကိုယ်က ရွှေတွေငွေတွေ၊ branded တွေ ဘယ်လောက်ပဲ ဝတ်ထားပါစေ လူရုပ်မထွက်တာ)

(၃) မိမိစိတ်ခံစားချက်တွေကလည်း လေးလံထိုင်းမှိုင်းပြီး ဘာမှမလုပ်ချင်မကိုင်ချင်တာ၊ စိတ်ကူး အကြံဥာဏ်သစ် ဦးနှောက်ကမထွက်တာ

(၄) မိမိကိုယ်ကိုယ် ယုံကြည်မှု Self Confidence အားနည်းလာပြီး တစ်ခုခုဆို မလုပ်ရဲမကိုင်ရဲ၊ ဒွိဟစိတ်တွေ များလာတာ

(၅) Negative Energy, Negative Thoughts တွေကို ပိုတွေးမိ absorb လုပ်မိတာမျ်ိုးတွေဖြစ်လာတတ်ပါတယ်။

✅ နောက်ပြီး အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးကတော့ Hygiene အတွက်ပါပဲ။ ကျွန်မတ်ို့တွေရဲ့ ခန္ဓာက်ိုယ်က သန့်ရှင်း ကျန်းမာသန်စွမ်းနေတဲ့အခါ အတွေးခေါ်တွေကအစ လတ်ဆတ်နေစမြဲ ဆိုတာ အားလုံးလည်း သတိထားကြည့်ရင် သိကြမှာပါ။

✨ နောက်ထပ် tips တစ်ခုအနေနဲ့ မိမိတို့ရဲ့
နေအိမ်ရပ်ဝန်းလေးကို သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ နှစ်သက်ရာ Air Freshener ကောင်းကောင်း သို့မဟုတ် Humidifier အနံံ့ကောင်းကောင်းလေးတွေ သုံးပေးလို့လည်း ရပါတယ်။ ဒါကတော့ Optional ပါ။ မဖြစ်မနေသုံးခိုင်းတာ မဟုတ်ဘူးနော်။ နေအိမ်ရပ်ဝန်းလေးက အနံ့သက်ကအစ ကောင်းမွန်နေတဲ့အခါ စိတ်ကြည်လင်စေသလို အစောင့်ရှောက်ကောင်းတွေကိုလည်း ဖိတ်ခေါ်ရာ ရောက်ပါတယ်။

🍃 ကျွန်မကိုယ်တိုင်လည်း Client တွေအတွက် reading တွေ မဖတ်ခင်မှာ တစ်ကိုယ်ရည်သန့်ရှင်းရေးအပြင် ဒီလို ကိုယ့်အိမ်ခန်း၊ အိပ်ခန်းကို အမြဲရှင်းလင်းပြီးမှ reading အဟောတွေဖတ်ပေးရတာကို ပိုသဘောကျတယ်ရယ်။ စိတ်ရောကိုယ်ပါ declutter လုပ်လိုက်တဲ့ သဘောပါပဲ။ ကျွန်မက Oracle Reader ဆိုတော့ Mind, Soul, Body အကုန် align ဖြစ်ဖို့ကလည်း လိုတယ်ရယ်။

🌟 အဓိကပေးချင်တဲ့ message ကတော့ ကျွန်မတို့တွေ သတိမထားမိလိုက်နိုင်တဲ့ ဒီလိုကိစ္စအသေးဖွဲ့လေးတွေကလည်း ကျွန်မတို့တွေရဲ့ daily life မှာ impact ဖြစ်စေတယ်ဆိုတာပါပဲ။

🌿 ဒီတော့ အားလုံးပဲ ကိုယ့်ရဲ့ Energy နဲ့ Aura လေးတွေကို သေချာ maintain လုပ်ထားနိုင်ဖို့ ဒီ post လေးနဲ့ remind လုပ်ပေးလိုက်ပါတယ်။

🌱 သန့်ရှင်းတဲ့ နေရာရပ်ဝန်းလေးတွေက ကျွန်မတို့တွေကို ကောင်းမွန်တဲ့ Aura နဲ့ Energy တွေ ခံစားရရှိစေတဲ့အခါ နေ့စဉ်ဘဝအတွက် အထောက်ကူဖြစ်မှာ အမှန်ပါပဲ။

With love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cosmic Tarot & Oracle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram