All Is Well Health & Wellness Hub "Wellness Corner"

All Is Well Health & Wellness Hub "Wellness Corner" "Quality Service at an Affordable Price"

05/02/2025

Page alert ❗️

အားလုံးပဲ မင်္ဂလာပါနံနက်ခင်းပါ...🥰

ကျွန်တော်တို့ All Is Well Health & Wellness Hub ရဲ့ ဒီ Wellness Corner
page လေးကို မကြာခင်ရပ်နားသွားမှာဖြစ်ပြီ All Is Well ရဲ့ Service update တွေ၊ Promotion တွေ၊ ကျန်းမာရေးအသိပညာတွေကို All Is Well "Health & Wellness Hub" page လေးမှာဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် All Is Well "Health & Wellness Hub" page ကို Like & Follow လုပ်ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်...🤩

ကျန်းမာခြင်းသုခနှင့်ပြည့်စုံပြီး သာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ...

Send a message to learn more

👨‍⚕️🧑‍⚕️ပျော်ရွှင်စရာ သီတင်းကျွတ် အချိန်အခါဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်.....🙏
16/10/2024

👨‍⚕️🧑‍⚕️ပျော်ရွှင်စရာ သီတင်းကျွတ် အချိန်အခါဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်.....🙏

✨We are hiring!✨Job Title: Part-Time Marketing and Business Development Specialist (Healthcare)Contract Duration: 3 Mont...
28/08/2024

✨We are hiring!✨

Job Title: Part-Time Marketing and Business Development Specialist (Healthcare)
Contract Duration: 3 Months (with potential for renewal)
Work Hours: 15-20 hours per week
Location: All is Well / Remote
-------------------------------------------------------------------------------------------------------------
JOB OVERVIEW
We are seeking a dynamic and experienced Marketing and Business Development Specialist with a background in the healthcare or hospital industry to join our team on a part-time basis. The successful candidate will be responsible for promoting our wellness and aesthetic services, driving sales growth, and effectively marketing our new member card program.

KEY RESPONSIBILITY
Strategy Development
• Develop and implement comprehensive marketing strategies tailored to both wellness and aesthetic services.
• Create annual marketing plans, including budgeting and forecasting, to ensure the effective allocation of resources.
• Create a promotional plan for the member card program to increase customer loyalty and retention.
Market Research
• Conduct market research to identify trends, customer needs, and potential areas for clinic expansion.
• Analyze competitor strategies and market positioning.
Digital Marketing
• Understand the of performance of traditional and digital marketing channels
• Manage online campaigns, including social media, email marketing etc.
• Develop and execute content strategies to engage and attract potential clients.
Partnership Development
• Establish partnerships with local businesses, gyms, and other healthcare providers to drive referrals and collaborations.
• Identify and pursue sponsorship and event opportunities to promote the clinic.
Sales Growth
• Develop and execute targeted sales campaigns to increase patient bookings and service utilization.
• Monitor sales performance and adjust strategies as needed to achieve sales targets.
• Analyze sales data and feedback to refine marketing strategies and improve sales performance.
Lead the team
• Set clear goals and objectives for the team and provide lead, mentor, and develop a high-performing marketing team.
Customer Engagement
• Design and implement customer engagement initiatives, including loyalty programs, referral programs, and patient feedback systems.
• Provide training and support to clinic staff to ensure consistent messaging and high-quality patient interactions.

QUALIFICATION
Bachelor’s degree in marketing, Business Administration, or a related field.
Proven experience in marketing or business development within the healthcare or hospital industry.
Strong understanding of wellness and aesthetic markets.
Excellent communication, negotiation, and interpersonal skills.
Proficiency in digital marketing tools and platforms.
Ability to work independently and as part of a team.
Creative thinker with a results-oriented approach.

Interested candidates should submit their resume and a cover letter detailing their relevant experience and explaining how they can contribute to the growth of our clinic.
Please submit your CV here - alliswell.wellnesshub@gmail.com or Viber No. - +959409888688.

အိမ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲ ပြသာနာတွေကို ခံစားနေရလား ‼️‼️လူတိုင်းအတွက် တစ်နေ့တာ ရုန်းကန်လှုပ်ရှားဖို့၊အားအင်များနဲ့ လန...
31/05/2024

အိမ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲ ပြသာနာတွေကို ခံစားနေရလား ‼️‼️

လူတိုင်းအတွက် တစ်နေ့တာ ရုန်းကန်လှုပ်ရှားဖို့၊အားအင်များနဲ့ လန်းဆန်းတက်ကြွနေဖို့ အိပ်စက်ခြင်းဟာ အလွန်အရေးကြီးပါတယ်။

အိပ်စက်ခြင်းဟာ ကိုယ်ခန္ဓာ ကျန်းမာစွာရပ်တည်နိုင်ဖို့နဲ့ မွေးဖွားလာကတည်းက ကြီးထွားဖွံ့ဖြိုးဖို့ အဓိကကျတဲ့ လည်ပတ်ခြင်းတစ်ခု ဖြစ်ပါတယ်။

အိပ်စက်ခြင်းကနေ ခန္ဓာကိုယ်အတွက်

➡️ ကိုယ်ခံအားစနစ် မြှင့်တင်ကာ ဟော်မုန်းများကို
ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။

➡️ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို တိုး‌‌တက်‌စေပြီးမှတ်ဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းညှိမှုကို မြှင့်တင်ပေးပါတယ်။

➡️ စိတ်ခံစားမှုများကို လျှော့ချပေးကာ အာရုံစူးစိုက်မှု အားကောင်းစေကာ စိတ်တည်ငြိမ်စေတယ်။

➡️ လုပ်နိုင်စွမ်း (Productivity) တိုးတက်စေတယ်။

➡️ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) ကို မြှင့်တင်ပေးပါတယ်။

➡️ ကြွက်သားများကို အားဖြည့်ပေးပြီးနှင့်
ငယ်ရွယ် နုပျိုခြင်းကို အထောက်အပံ့ပေးတယ်။

✅ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဆိုရင်
ဒီအချက်တွေကို ပြုလုပ်ပေးပါ။

🔋ဆူညံတဲ့ ပတ်ဝန်းကျင်၊ မီးတွေလင်းထိန်၊ အလင်းရောင် စူးရှတာတို့ မရှိဘဲ အနှောင့်အယှက်ကင်းတဲ့ နေရာဖြစ်ဖို့ လိုပါတယ်။

🔋 အိပ်ခါနီးမှာ ဖုန်းကြည့်တာ၊ တီဗီအကြာကြီးကြည့်တာတွေ လုံးဝမလုပ်ပါနဲ့။

🔋 အိပ်ခါနီးမှာ စိတ်ကို လန်းစေမယ့် ကော်ဖီ၊ လက်ဖက်ရည် တွေကို မသောက်ပါနဲ့။ (အနည်းဆုံး ၂ နာရီလောက် စောပြီး သောက်ပါ။)

🔋 ဗိုက်ဟောင်းလောင်း မထားပါနဲ့။ အိပ်ခံနီးမှာ အစာအိမ်အတွက် နွားနို့တစ်ခွက်နဲ့ မုန့်တစ်ခုခု စားပေးပါ။

🔋 အိပ်ခါနီး ရေချိုးမယ်ဆိုရင် ရေအေးနဲ့မချိုးဘဲ ရေနွေးလေးနဲ့ ချိုးပေးပါ။

သို့ပေမယ့် အိမ်ရေးမဝတဲ့သူတစ်ယောက်မှာ ထိခိုက်မှုများစွာ ရှိနိုင်ပါတယ်။

💤 အိပ်ရေးမဝခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင်
စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နိုင်လာပါတယ်။

💤 အိပ်ရေး ပျက်တာကြာလာပြီဆိုရင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်လာပါတယ်။

အိပ်ရာမဝသူတွေမှာ ဖြစ်တတ်တဲ့အရာများ
================================
(၁) ကိုယ် ခံစွမ်းအားကျဆင်းလာမယ်။
(၂) စိတ်တိုလွယ်လာမယ်။
(၃) ကိုယ်အလေးချိန် မြင့်တက်လာမယ်။
(၄) မျက်ကွင်းညိုခြင်း၊ ဝက်ခြံပေါက်ခြင်း၊
(၅) အသားအရေလျော့တွဲကျခြင်း၊
(၆) အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းများ
(၇) အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာမယ်။
(၈) သတိ မေ့လွယ်လာမယ်။
(၉) သွေးတွင်း သကြားဓါတ်ကို ထိန်းချုပ်ရ ခက်လာစေတဲ့အတွက် ဆီးချိုရောဂါ ဖြစ်နိုင်တယ်။

ဒါ့ကြောင့် ပုံမှန်အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက်အလွန် အရေးကြီးပါတယ်။

✅ ညအိပ်ချိန် ၇-၉ နာရီအကြား အိပ်စက်နိုင်ရင်
ခန္ဓာကိုယ်ကျန်းမာရေးနဲ့ လုပ်ဆောင်နိုင်စွမ်း စွမ်းရည်တွေလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။

ဒီ Post လေးကို လွတ်လပ်စွာ ကူးယူ Share နိုင်ပါတယ်။ 👋🏻 ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတများကို ဖတ်ရှုနိုင်ဖို့ Like & Follow လေးလုပ်ထားဖို့ မမေ့ပါနဲ့နော် ။

⏰ Clinic Hours:
9:00 AM - 8:00 PM (Everyday)

📍 Visit us at:
No. 34, Ground floor, Thiri Mingalar Street, Myayni North Q, Sanchaung Township, Yangon 11111, Myanmar.

📞 Contact us:
Phone - 09 409888688
Viber - 09 409888688

"Best Health-care Services for all of your family"

✅ လူတိုင်းကတော့ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတာပဲ။ ဒါပေမယ့် ...ပျော်ရွှင်ကျန်းမာဖို့ကတော့ သင့်အပေါ် အလုံးစုံ မူတည်သွာ...
30/05/2024

✅ လူတိုင်းကတော့ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတာပဲ။ ဒါပေမယ့် ...

ပျော်ရွှင်ကျန်းမာဖို့ကတော့ သင့်အပေါ် အလုံးစုံ မူတည်သွားပါပြီ။ ကျန်းမာရေးကောင်းမွန်ဖို့ အတွက် လိုက်နာရမယ့် အချက်တွေဟာ အများကြီးရှိပါတယ်။

All Is Well အနေနဲ့ သင့်ကျန်းမာရေးကို အထူးသဖြင့် လိုက်စားရန် အကြံပြုချင်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အာဟာရ မျှတအောင် စားသုံးပါ။

နေ့စဉ် စားသောက်မှုပုံစံထဲမှာ ငါးသီးဟင်းရွက်၊ အစေ့အဆန်၊ အသီးအနှံတွေကို အထူးသဖြင့် အလေးထား စားသုံးပါ။ ထို့အပြင် ပဲတီ၊ နို့ထွက်ပစ္စည်းများ၊ အမဲသား၊ ငါးသားတို့ကို Portion နဲ့ အညီ စားသုံးပေးဖို့ အရေးကြီးပါတယ်။

၂။ အသင့်စား အစားအသောက်များကို လျှော့စားပါ။

အခုခေတ်မှာ အပေါများဆုံးကတော့ Ready-Made တွေ၊ Fast Food တွေပါပဲ။ ဒါတွေက ကျန်းမာရေးနဲ့ ညီညွှတ်မှု အာမခံချက် လျှော့စားပါ။

၃။ ရေတစ်‌နေ့ကို များများပါ။

လူတစ်ယောက်မှာဆိုရင် တစ်နေ့လျှင် ရေ (၂)လီတာ သို့မဟုတ် (၈) ခွက်ခန့် သောက်သုံးရမှာ ဖြစ်ပါတယ်။

၄။ အိပ်ရေးမပျက်ပါစေနဲ့။

အိပ်ရာဝင်ဖို့ အချိန်ကျပြီးရင် အိပ်စက်ဖို့ ကြိုးစားပါ။ အိပ်ရေးမပျက်အောင် ကြိုးစားပါ။ လူကြီးများအတွက် အနည်းဆုံး ၇ နာရီမှ ၈နာရီ ဝန်းကျင် အိပ်စက်ရန် လိုအပ်ပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ပါ။

အတတ်နိုင်ဆုံး စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ဖို့ အားကစားနည်းမျိုးစုံကို လုပ်ပါ။ Gym သွား၍ဖြစ်စေ၊ Home Workout ဖြစ်စေ တစ်ပတ်အတွင်း (၁၅၀) မိနစ် ရေချိန်မှီ အသားတင် လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

၆။ စိတ်ညစ်စရာများကို ကြာကြာမတွေးပါနဲ့။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း Healthy ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ စိတ်ပင်ပန်းမှုများကို လျော့ချပေးပါ။ လူတိုင်းမှာ စိတ်ညစ်စရာ ကိစ္စများရှိတဲ့အတွက်ကို အဖြေရှာ မြန်မြန် Move On လုပ်ပါ။ စိတ်ပင်ပန်းစရာများလာရင် လူပါ ပင်ပန်းလာပါတယ်။

၇။ ကိုယ်ပိုင် Time, မိသားစု Time ရှိပါစေ။

ဒီအချက်က သင့်အတွက်ရော၊ အနီးဆုံးရှိသူများ အတွက် လိုအပ်ပါတယ်။ မိသားစု၊ ချစ်သူ နှင့် သူငယ်ချင်းများအတွက် အချိန်သီးသန့်ဖယ်ပါ။ အတူတူ စကားဝိုင်းဖလှယ်ခြင်း၊ စိတ်လှုပ်ရှားစရာများ၊ Quality Date များလုပ်ပြီးကုန်ဆုံးပါ။

၈။ ဆေးလိပ်နှင့် အရက်မသုံးစွဲပါနဲ့။

ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အတွက် ဆေးလိပ်မသုံးစွဲပါနှင့်။ ကျန်းမာချင်ရင် အရက်သောက်ခြင်းကိုလည်း ပမာဏကိုလည်းလျှော့ချပါ။

၉။ ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပါ။

ကိုယ်ကျန်းမာဖို့ ထိုးရမယ့် ကာကွယ်ဆေးများကို မပျက်မကွက် ထိုးပါ။ သင့်ခန္ဓာကိုယ်အတွက် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို Health Checkup ပုံမှန်ပြုလုပ်ပေးပါ။ ပိုကျန်းမာချင်ရင် ပိုဂရုစိုက်ဖို့ လိုပါတယ်။

ကျန်းမာရေးကောင်းစွာ ထိန်းသိမ်းရန် အတွက် လိုအပ်သော အချက်အလက်များကို အထူးဂရုပြုပါ။ နေ့စဉ်ကျန်းမာရေးစနစ်ကျကျ လိုက်နာနိုင်ပါက သင့်အနာဂတ် ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လာရင် အခက်တွေ့နေချိန်တိုင်း All is Well ကို သတိရလိုက်ပါ 🙌

⏰ Clinic Hours:
9:00 AM - 8:00 PM (Everyday)

📍 Visit us at:
No. 34, Ground floor, Thiri Mingalar Street, Myayni North Q, Sanchaung Township, Yangon 11111, Myanmar.

📞 Contact us:
Phone - 09 409888688
Viber - 09 409888688

"Best Health-care Services for all of your family"

#အဝလွန်ခြင်း #ကျန်းမာရေး

🫃🏻🤰 အဝလွန်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ခန္ဓာကိုယ်အဆီများ အလွန်အကျွံ စုဆောင်းခြင်းကြောင့် လက္ခဏာရပ်...
25/05/2024

🫃🏻🤰 အဝလွန်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ခန္ဓာကိုယ်အဆီများ အလွန်အကျွံ စုဆောင်းခြင်းကြောင့် လက္ခဏာရပ်များ ဖြစ်ပါတယ်။

အဝလွန်၊ မလွန်ကို ဘယ်လို တိုင်းတာကြလဲ ?

လူတစ်ဦးရဲ့ ကိုယ်အလေးချိန်နှင့် အရပ်အမြင့်မှရရှိသည့် ကိန်းဂဏန်းတန်ဖိုးဖြစ်သည့် Body Mass Index (BMI) ကို အသုံးပြု၍ တိုင်းတာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ BMI 30 နှင့်အထက်ကို အဝလွန်ခြင်းဟု သတ်မှတ်သည်။

‼️ အဝလွန်ခြင်းကို သတ်မှတ်သည့် အခြေအနေများ

▪️ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI)
▪️အဝလွန်ခြင်း- BMI 25-29.9
▪️အဝလွန်ခြင်းအဆင့် I (အလယ်အလတ်): BMI 30-34.9
▪️အဝလွန်ခြင်းအဆင့် II (ပြင်းထန်): BMI 35-39.9
▪️အဝလွန်ခြင်းအဆင့် III (အလွန်ပြင်းထန်)- BMI 40 or more

ခါးလုံးပတ်
-----------------

ခါးလုံးပတ်ကို တိုင်းတာခြင်းဖြင့်လည်း ဗဟိုအဝလွန်ခြင်းကို မကြာခဏ အကဲဖြတ်နိုင်တယ်။

♂️ အမျိုးသားများအတွက် 40 လက်မ (102 စင်တီမီတာ)

♀️ အမျိုးသမီးများအတွက် 35 လက်မ (88 စင်တီမီတာ)

ဖော်ပြပါ ရလဒ် ထက်ပိုခြင်းသည် အဝလွန်ခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေ မြင့်မားကြောင်း ညွှန်ပြနေပါတယ်။

ခန္ဓာကိုယ်အဆီရာခိုင်နှုန်း %
-----------------------------------------

ဆေးခန်းချိန် ညှိမှုများတွင် အသုံးနည်းသော်လည်း ခန္ဓာကိုယ် အဆီရာခိုင်နှုန်းဟာ ခန္ဓာကိုယ် အဆီပမာဏကို ပိုမိုတိကျစွာ တိုင်းတာနိုင်တယ်။ အမျိုးသားများအတွက်၊ ခန္ဓာကိုယ်အဆီရာခိုင်နှုန်း 25% နှင့်အထက် နှင့် အမျိုးသမီးများအတွက် 32% နှင့်အထက် သည် အဝလွန်ခြင်းဟု ယူဆပါသည်။

‼️အဝလွန်ခြင်းနှင့် ဆက်စပ်သော နောက်ဆက်တွဲကျန်းမာရေးအခြေအနေများ

အဝလွန်ခြင်းသည် ကျန်းမာရေးဆိုင်ရာ ပြဿနာများစွာနှင့် ဆက်စပ်နေပြီး၊ အောက်ပါရောဂါများနှင့် ပတ်သက်နေသည်။

🫀နှလုံးသွေးကြောရောဂါများ (Cardiovascular Diseases)

🫀အဝလွန်ခြင်းသည် သွေးတိုးခြင်း (Hypertension)

🫀နှလုံးရောဂါ (Heart Disease)

🫀သွေးကြောပိတ်ခြင်း (Atherosclerosis)

🫀 ရေရှည်ဆီးချိုရောဂါ (Type 2 Diabetes)
အဝလွန်ခြင်းသည် အဆီပိုများခြင်းကြောင့် ကိုယ်ခံအားက ဆီးချိုကို ထိန်းချုပ်မရတော့ဘဲ၊ ရေရှည်ဆီးချိုရောဂါဖြစ်စေပါတယ်။

🫀အဆစ်အမြစ်ရောင်ရောဂါ (Osteoarthritis):
ကိုယ်အလေးချိန်ပိုများခြင်းကြောင့် အဆစ်များ ပေါ်တွင် ဖိအားများပြီး အဆစ်အမြစ်ရောင်ရောဂါဖြစ်နိုင်သည့်အပြင်၊ ခါးနာခြင်း (Lower back pain) များလည်းဖြစ်နိုင်ပါတယ်။

🫀ကင်ဆာရောဂါအမျိုးမျိုး (Various Cancers) အထူးသဖြင့် အစာအိမ်၊ အူ၊ ရင်သား၊ ကျောက်ကပ်၊ အသည်းနှင့် ဆီးကျိတ်ကင်ဆာများကို ဖြစ်စေပါသည်။

🫀 အိပ်မပျော်ခြင်းနှင့် အသက်ရှုမဝရောဂါ (Sleep Apnea and Respiratory Problems)
အဝလွန်ခြင်းကြောင့် အသက်ရှုမဝခြင်း (Obstructive Sleep Apnea) နှင့် အသက်ရှုရခက်ခြင်း (Asthma)စသည့် ပြဿနာများဖြစ်နိုင်ပါတယ်။

🫀 စိတ်ပိုင်းဆိုင်ရာ ပြဿနာများ (Mental Health Issues)
အဝလွန်ခြင်းသည် စိတ်ကျရောဂါ (Depression)နှင့် စိတ်ဖိစီးမှု (Anxiety) ကိုဖြစ်စေပါတယ်။

🫀 အသည်းဆိုင်ရာ ပြဿနာများ (Liver Disease)
အဝလွန်ခြင်းသည် အသည်းအဆီဖုံးခြင်း (Non-alcoholic Fatty Liver Disease) နှင့် အသည်းခြောက်ခြင်း (Cirrhosis) တွေကို ဖြစ်စေပါတယ်။

🫀မျိုးမပွားနိုင်ခြင်း (Infertility)
အမျိုးသားများတွင် လိင်အင်္ဂါစွမ်းဆောင်ရည်လျှော့ကျခြင်းနှင့် အမျိုးသမီးများတွင် Polycystic O***y Syndrome (PCOS) စသည်တို့ဖြစ်ပွားနိုင်ပါတယ်။

🫀ပင်ပန်းနွမ်းနယ်ခြင်း (Fatigue)
ကိုယ်အလေးချိန်ပိုများခြင်းကြောင့် ပိုမို၍ပင်ပန်းနွမ်းနယ်မှုများ ဖြစ်နိုင်ပါတယ်။

အဝလွန်ခြင်းအတွက်ကုသခြင်း နှင့် ဆောင်ရန်ရှောင်ရန်များ

အဝလွန်ခြင်းကို ကုသရာတွင် ပုံမှန်အားဖြင့်အစားအသောက် ပြောင်းလဲမှုများ၊ ကိုယ်လက်လှုပ်ရှားမှုတိုးမြင့်ခြင်း၊ အမူအကျင့်ပြုပြင်မွမ်းမံမှုများနှင့် အချို့ကိစ္စများတွင် ဆေးဝါးများအသုံးပြု၍ကုသခြင်း သို့မဟုတ် ခွဲစိတ်မှုတို့ ပါဝင်ပါသည်။ ရည်မှန်းချက်မှာ အဝလွန်ခြင်းနှင့် ဆက်နွှယ်သော ကျန်းမာရေးပြဿနာများကို လျှော့ချရန် ကျန်းမာသန်စွမ်းသော ကိုယ်အလေးချိန်ကို ထိန်းထားရန်ဖြစ်သည်။

အဝလွန်ခြင်း ကုသရာတွင်
✅ လူနေမှုပုံစံပြောင်းလဲခြင်း
✅ မျှတသောအစားအစာ၊
✅ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်း၊
✅ အပြုအမူဆိုင်ရာကုထုံး။
✅ ကိုယ်အလေးချိန်ကျစေရန်အတွက် ဆေးဝါးများ။
✅ ပြင်းထန်သော ကိစ္စများအတွက် Bariatric ခွဲစိတ်မှုများ လုပ်နိုင်ပါတယ်။

✅ ပုံမှန်စောင့်ကြည့်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ အာဟာရပညာရှင်များနှင့် ကာယကုထုံး ပညာရှင်များပါ၀င်သော ဘက်စုံနည်းလမ်းများဖြင့် အဝလွန်ခြင်းကို ထိထိရောက်ရောက် စီမံခန့်ခွဲရန် လိုအပ်ပါတယ်။

နိဂုန်းချုပ်အနေနဲ့ အဝလွန်ခြင်းဟာ ကျန်းမာရေးအတွက် ပြဿနာများစွာဖြစ်စေပါတယ်။ အထူးသဖြင့် ကျန်းမာရေးကောင်းမွန်စေရန် အစားအသောက်များကို သင့်တော်စွာ စီမံ၍စားသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ပြီး အဝလွန်ခြင်းကို ထိန်းချုပ်ဖို့ တိုက်တွန်းလိုပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လာရင်
အခက်တွေ့နေချိန်တိုင်း All is Well ကို သတိရလိုက်ပါ 🙌

⏰ Clinic Hours:
9:00 AM - 8:00 PM (Everyday)

📍 Visit us at:
No. 34, Ground floor, Thiri Mingalar Street, Myayni North Q, Sanchaung Township, Yangon 11111, Myanmar.

📞 Contact us:
Phone - 09 409888688
Viber - 09 409888688

"Best Health-care Services for all of your family"

#အဝလွန်ခြင်း #ကျန်းမာရေး

🌕 ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့ (၂၂.၅.၂၀၂၄) အခါသမယတွင် ကျရောက်သော ကဆုန်လပြည့်နေ့မှာ မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမ...
22/05/2024

🌕 ကဆုန်လပြည့် (ဗုဒ္ဓနေ့)

ယနေ့ (၂၂.၅.၂၀၂၄) အခါသမယတွင် ကျရောက်သော ကဆုန်လပြည့်နေ့မှာ မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာ ချမ်းသာခြင်းများ ပြည့်စုံကြပါစေလို့ All Is Well & Wellness Hub မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏



#ကဆုန်လပြည့်နေ့

မိုးအေးလာရင် ဖျားနာအောင်လုပ်မယ့် တုပ်ကွေးပိုးတွေကို ကာကွယ်ဖို့ Vaccination (ကာကွယ်ဆေး) ထိုးဖို့လိုလား ?ရာသီတုပ်ကွေး ဖြစ်...
19/05/2024

မိုးအေးလာရင် ဖျားနာအောင်လုပ်မယ့် တုပ်ကွေးပိုးတွေကို ကာကွယ်ဖို့ Vaccination (ကာကွယ်ဆေး) ထိုးဖို့လိုလား ?

ရာသီတုပ်ကွေး ဖြစ်ပြီဆိုရင် တစ်ကိုယ်လုံးကကိုက်ခဲ၊ အဖျားကတက်၊ ပါးစပ်ကပျက်နဲ့ ခံစားရတော်တော်ခက်တယ်။

✅ အများစုဟာ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေးကို ထိုးကြပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးခင် ဘာတွေသိထားဖို့လိုလဲ လေ့လာကြည့်ရအောင် ‼️

ℹ️ ဆေးထိုးပြီးရင် တုပ်ကွေး မဖြစ်တော့ဘူးလား ?
💉 လုံးဝ မဖြစ်တော့တာ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဆေးထိုးပြီးရင်လည်း တုပ်ကွေးကာကွယ်တဲ့ နည်းလမ်းတွေကို ဆက်လိုက်လိုက်နာရမှာပါ။

ℹ️ ဘယ်အရွယ်ကစပြီး ကာကွယ်ဆေးထိုးလို့ရလဲ ?
💉 ရာသီတုပ်ကွေးကာကွယ်ဆေးကို ကလေးတွေ ထိုးထားဖို့လိုမယ် ဆိုပေမယ့် ကလေး အသက် (၆) လကျော်ပြီးမှသာ တုပ်ကွေး ကာကွယ်ဆေးထိုး လို့ရမှာပါ။

ℹ️ ဓာတ်မတည့်တာမျိုးဖြစ်နိုင်လား ?
💉 တုပ်ကွေး ကာကွယ်ဆေးကဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ ဥ အမျိုးမျိုးနဲ့ ဓာတ်မတည့်တာ၊ အရင်က ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာ ဖြစ်ဖူးတယ်ဆိုရင် ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ သေချာလေးတိုင်ပင်သင့်ပါတယ်။

ℹ️ ကာကွယ်ဆေးက တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်လား ?
💉 ကာကွယ်ဆေးက တစ်နှစ် (1) ကြိမ် ထိုးဖို့လိုပါမယ်။

ℹ️ တုပ်ကွေးကာကွယ်ဆေးထိုးပြီးရင် ခန္ဓာကိုယ်မှာ ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ ?
💉 တုပ်ကွေး ကာကွယ်ဆေးထိုးပြီး တစ်ရက် နှစ်ရက်လောက်အတွင်း ကြွက်သား နာကျင်ကိုက်ခဲတာ၊ အဖျား တက်တာတွေ ဖြစ်နိုင်ပါတယ်။ တုပ်ကွေး ကာကွယ်ဆေးကြောင့် တုပ်ကွေး ဖြစ်သလို လက္ခဏာ ခံစားရနိုင်ပေမယ့် တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးတော့ မဖြစ်နိုင်ပါဘူး။

ℹ️ ဘယ်သူတွေက ရာသီတုပ်ကွေး ကာကွယ်ဆေး အထိုးသင့်ဆုံးလဲ ?
💉 ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ခံအားနည်းသူတွေ၊ ဆီးချိုရောဂါရှိသူအသည်းရောဂါရှိသူ၊ ကျောက်ကပ်ရောဂါရှိသူ၊ အဝလွန်နေသူတွေ၊ ခုခံအားကျ ကူးစက်ရောဂါခံစားနေရသူတွေ၊ ကင်ဆာရောဂါရှိသူတွေ၊ ပန်းနာရင်ကျပ်ရောဂါခံစားနေရသူတွေ၊ ကင်ဆာရောဂါခံစားနေရသူတွေ၊ နာတာရှည်ရောဂါတစ်ခုခုရှိသူတွေက မဖြစ်မနေကာကွယ်ဆေးထိုးထားသင့်ပါတယ်။

ℹ️ ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်လား ?
💉 ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကာကွယ်ဆေးဓာတ်ပြုမှုကြောင့် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ အဖျား ငွေ့ငွေ့လေးရှိမယ်။ ဆေးထိုးထားတဲ့နေရာက နာနေမယ်။အားကုန်နေသလို ဖြစ်နေမယ်။ ရောင်ရမ်းမယ်။ အသက် ရှုရခက်မယ်။ ထုံနာကျဉ်နာ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဒီလို ရာသီတုပ်‌ကွေး ကာကွယ်ဆေးထိုးချင်ရင် All is Well မှာလည်း ထိုးပေးနေပါပြီ 🙌

⏰ Clinic Hours:
9:00 AM - 8:00 PM (Everyday)

📍 Visit us at:
No. 34, Ground floor, Thiri Mingalar Street, Myayni North Q, Sanchaung Township, Yangon 11111, Myanmar.

📞 Contact us:
Phone - 09 409888688
Viber - 09 409888688

"Best Health-care Services for all of your family"



" မိုးတွင်းရဲ့အဖြစ်အများဆုံး Seasonal Flu အကြောင်း"မကြာမီ ကျရောက်တော့မယ့် မိုးတွင်းမှာ အဖြစ်များတဲ့  (Seasonal Flu) နဲ့ ...
13/05/2024

" မိုးတွင်းရဲ့အဖြစ်အများဆုံး Seasonal Flu အကြောင်း"

မကြာမီ ကျရောက်တော့မယ့် မိုးတွင်းမှာ အဖြစ်များတဲ့ (Seasonal Flu) နဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာလေးတွေကို ဝေမျှပေးသွားပါမယ်။

🔺 ရာသီတုပ်ကွေး (Seasonal Flu) ဆိုတာ ဘာလဲ‼️

ဗိုင်းရပ်စ် တစ်မျိုး (Influenza Virus) ကြောင့် ကမ္ဘာ့ နိုင်ငံအနှံ့မှာ ဖြစ်လေ့ရှိတဲ့ ရောဂါပိုးဖြစ်ပါတယ်။ အသက်အရွယ်တိုင်း ကလေးအစ လူကြီးအဆုံး ဖြစ်လေ့ရှိပါတယ်။

🔺 Seasonal Flu ဘယ်လို ကူးစက်လဲ‼️

လေထဲကတစ်ဆင့် ပျံ့နှံ့ပြီး အသက်ရှု လမ်းကြောင်းကနေ တစ်ယောက်မှ တစ်ယောက်သို့ အလျင်မြန်ဆုံး ကူးစက်စေပါတယ်။ ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးရာမှ ဗိုင်းရပ်စ် အမှုန်အမွှား (Droplets) များကို ရှူမိရာမှ တဆင့်ကူးစက်နိုင်ပါတယ်။

🔺 ရောဂါလက္ခဏာများ (Signs & symptoms) ‼️

ဖျားနာ၊ ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက်ခဲ၊ ခေါင်းကိုက်၊ မအီမသာဖြစ်စေပါတယ်။ တခါတရံ အော့အန်ပြီး လူကို နုံးစေကာ၊ ဝမ်းပျက် ဝမ်းလျှော ဖြစ်စေပါတယ်။

🔺 နောက်ဆက်တွဲ ရောဂါ ပြဿနာတွေရှိလား‼️

အရမ်းဆိုးရွာစေနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာများမရှိသော်လည်း ကလေး၊ လူကြီး၊ နာတာရှည် ရောဂါအခံရှိသူတွေ ဂရုစိုက်ဖို့ လိုပါတယ်။ အဆုတ်ယောင်ခြင်း၊ လေပြွန်ယောင်ခြင်း တွေဖြစ်တတ်ပါတယ်။

✅ ကာကွယ်ရမယ့် နည်းလမ်းများ

1️⃣ လက်မကြာခဏ ဆေးပေးပါ။ (ရေနှင့်ဆပ်ပြာကို အသုံးပြုပြီး စက္ကန့်(၂၀)ခန့် စနစ်တကျ ဆေးကြောပါ။ လက်ဆေး ဆပ်ပြာရည်နဲ့လည်း သန့်စင်နိုင်ပါတယ်)

2️⃣ နှာစေး၊ ချောင်းဆိုးပါက လက်ကိုင်ပဝါ (သို့) လက်မောင်းတံတောင်ဆစ်ဖြင့် ဖုံးအုပ်၍ နှာချေ ချောင်းဆိုးပါ။

3️⃣ အပြင်သွားရင် Mask တပ်ပါ။

4️⃣ နေမကောင်းဖြစ်လျှင် အပြင်၊ ကျောင်း၊ အလုပ် မသွားဘဲ အိမ်မှာအနားယူပါ။

5️⃣ ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ဆေးခန်းပြသရန် လိုအပ်ပါက
All Is Well ရဲ့ ဆေးခန်းကို 📞 ဖုန်းဆက်ကာ ဘာလုပ်ရမလဲ အဆင့်ဆင့်ကို မေးမြန်းပြီး ကုသမှု ခံယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက် ကုသမှု ခံယူလိုပါကလည်း
All is Well မှ ကိုယ့်မိသားစုအရင်းချာသဖွယ် နွေးနွေးထွေးထွေးဖြင့် ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လာရင် အခက်တွေ့နေချိန်တိုင်း All is Well ကို သတိရလိုက်ပါ 🙌

⏰ Clinic Hours:
9:00 AM - 8:00 PM (Everyday)

📍 Visit us at:
No. 34, Ground floor, Thiri Mingalar Street, Myayni North Q, Sanchaung Township, Yangon 11111, Myanmar.

📞 Contact us:
Phone - 09 409888688
Viber - 09 409888688

"Best Health-care Services for all of your family"



30/04/2024

☀️ ရာသီဥတုအရမ်းပူလို့ နေထိုင်မကောင်းရင်ပဲဖြစ်ဖြစ်၊ နေကောင်းခါစ အားမရှိလို့ပဲဖြစ်ဖြစ်... All Is Well Health & Wellness Hub ရှိနေပါပီနော်...
ကျန်းမာရေးနဲ့ပတ်သက်ပီ အမြဲတမ်းစိတ်ချယုံကြည်ပေးတဲ့ ညီ‌မလေး Phoo Phoo Vlog by Phoo - Pho Thit Nwe ကိုလည်းကျေးဇူးတင်ပါတယ် 🥰

&wellness

ဆီးချိုရောဂါ (𝗗𝗶𝗮𝗯𝗲𝘁𝗲𝘀)ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို အစားအသောက် နှင့် နေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။၂၀၁၆ တ...
29/04/2024

ဆီးချိုရောဂါ (𝗗𝗶𝗮𝗯𝗲𝘁𝗲𝘀)ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို အစားအသောက် နှင့် နေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၂၀၁၆ တုန်းက လူပေါင်း (၁.၆) သန်းဟာ ဆီးချိုကြောင့်သေဆုံးခဲ့ရတယ်လို့ WHOက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဆီးချိုရောဂါဟာ ကျွန်ုပ်တို့‌ရဲ့ ပတ်၀န်းကျင်နဲ့ ရင်းနှီးပြီးသား ရောဂါတစ်မျိုးဖြစ်ပြီး မိသားစုဝင်ထဲမှာ၊ သူငယ်ချင်း၊ အသိ မိတ်ဆွေတွေထဲမှာ ‌ပျမ်းမျှ လူ (၂) ဦးလောက် ဆီးချိုရောဂါကို ခံစားနေကြရပါတယ်။

ဆီးချို‌ရောဂါဆိုတာ ရေရှည် ဝေဒနာခံစားရတဲ့နာတာရှည်ရောဂါ တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။

ဆီးချိုဖြစ်ရတဲ့ အကြောင်းအရင်းက
နေ့စဉ်စားသုံးလိုက်တဲ့အစားအစာ (Carbohydrates ကစီဓာတ်) က တစ်ဆင့် သကြားဓာတ်ကိုရယူပေးတယ်။

နောက်ပြီး ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်ကို ပန်ကရိယ (မုန့်ချိုအိတ်) က ပြန်ထုတ်ပေးတယ် ။

အင်ဆူလင်ကို မထုတ်ပေးနိုင်တာ (သို့မဟုတ်) ပန်ကရိယက အလုပ် ကောင်းကောင်း မလုပ်နိုင်တော့တဲ့အခါ သကြားဓာတ်တွေ များလာပြီး (ဆီးချိုရောဂါ) ဖြစ်လာပါတယ်။

‼️ဆီးချိုရောဂါ ဘယ်နှစ်မျိုးရှိသလဲ?
အကျဉ်းချုပ်အားဖြင့်
- အမျိုးအစား (၁)
- အမျိုးအစား (၂) နဲ့
- ကိုယ်၀န်ဆောင် ဆီးချိုရောဂါဆိုပြီး ခွဲခြားနိုင်တယ်။

ဆီးချိုရောဂါဖြစ်သော လက္ခဏာရပ်များ
============================
(၁) ရေငတ်ခြင်း
(၂) ဆီးသွား ပမာဏများခြင်း
(၃) အမြင်အာရုံ ဝေဝါးခြင်း
(၄) ပိန်လာခြင်း
(၅) ခန္ဓာကိုယ် နုံးခြင်း
(၆) မိန်းမကိုယ် ပိုးဝင် အဖြူဆင်းခြင်း
(၇) အနာကျက်နှေးခြင်း စတာတွေ ဖြစ်ပါတယ်။

ဆီးချိုရောဂါကို ဘယ်လိုကာကွယ်ရမလဲ ?
==============================
- အိပ်ရေးဝဝအိပ်ပေးပါ။
- အစားအစာ‌တွေထဲက သကြားပမာဏကို လျှော့ချမယ်။
- နေ့စဉ် ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။
- ကိုယ်အလေးချိန်များပါက ချပါ။
- Depression များကို လျှော့ချပါ။
အသင့်စားအ‌စားအသောက်တွေနဲ့ အချိုရည်တွေကို လျှော့သောက်ပါ။

ဆီးချို ကာကွယ်ဖို့ အစားအသောက် ဘယ်လိုစားရမလဲ ?
===========================
✅ အဆီများများပါတဲ့ ငါးစားပါ။
✅ အမျှင်ဓာတ် လုံလောက်အောင် စားပါ။
✅ Vitamin D ဓါတ်များများ ဖြည့်တင်းပါ။
✅ ရေများများသောက်ပေးပါ။
✅ အစေ့အဆန်၊ ဒိန်ချဉ် နဲ့ နွားနို့သောက်ပေးပါ။
✅ အစားစားချိန် သတ်သတ်မတ်မတ်ထားပါ။ ( နည်းနည်း မှန်မှန် ခွဲစားပါ)

⏰ Clinic Hours:
9:00 AM - 8:00 PM (Everyday)

📍 Visit us at:
No. 34, Ground floor, Thiri Mingalar Street, Myayni North Q, Sanchaung Township, Yangon 11111, Myanmar.

📞 Contact us:
Phone - 09 409888688
Viber - 09 409888688

"Best Health-care Services for all of your family"




🌞 လတ်တလော အပူချိန်မြင့်မားမှုကြောင့် မဖြစ်မနေ ဒီအချက်များကို လိုက်နာပါ !!!လူအများစုဟာ 🌞 အပူလွန်ကဲလာတဲ့အတွက်အောက်ပါအထွေထွ...
26/04/2024

🌞 လတ်တလော အပူချိန်မြင့်မားမှုကြောင့် မဖြစ်မနေ ဒီအချက်များကို လိုက်နာပါ !!!

လူအများစုဟာ 🌞 အပူလွန်ကဲလာတဲ့အတွက်
အောက်ပါအထွေထွေ ရောဂါလက္ခဏာများ

🪫 နှာစေးခြင်း
🪫 ချောင်းဆိုးခြင်း
🪫 လည်ချောင်းနာခြင်း
🪫ချွေးထွက်များခြင်း
🪫 ဖျားနာခြင်း
🪫 မူးမေ့လဲခြင်း
🪫 ဝမ်းပျက်ခြင်းများကို ခံစားနေရတာကြောင့်
အထူးဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။

အပူဒဏ် ကာကွယ်ခြင်းအနေဖြင့် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ပါတယ်။

✅ ရေများများသောက်ပါ။
✅ ဓာတ်ဆားရည်၊ Electrolytes ဖျော်ရည်များလည်း သောက်ပါ။
✅ ရုတ်တရက်အေးနေသောနေရာမှ အပူထဲသို့ ချက်ချင်းမသွားရပါ။ ၁၀မိနစ်ကျော်ခန့်နားပြီးမှသွားပါ။
✅ ကားသုံးသူများ ကားပေါ်မှချက်ချင်းမဆင်းပါနှင့်။
✅ အပူထဲမှပြန်ရောက်ရောက်ချင်း ရေခဲရေ သောက်ခြင်းကို ရှောင်ရှားပါ။
✅ နေအရမ်းပြင်းသောအချိန်တွင် ရေချိုးခြင်းကိုရှောင်ပါ။
✅ မဖြစ်မနေ အရေးကြီးကိစ္စ ရှိမှသာနေ့လည်ဘက် အပြင်ထွက်ကြပါ။

အပူချိန်ကြောင့် လက္ခဏာများပြင်းထန်လာပါက လူနာကို အနီးစပ်ဆုံး ဆေးရုံ၊ ဆေးခန်းသို့ ပြပါ။

ဒါ့အပြင် All Is Well ရဲ့ ဆေးခန်း 📞 ဖုန်းဆက်ကာ ဘာလုပ်ရမလဲ အဆင့်ဆင့်ကို မေးမြန်းပြီး ကုသမှု ခံယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက် ကုသမှု ခံယူလိုပါကလည်း
All is Well မှ ကိုယ့်မိသားစုအရင်းချာသဖွယ် နွေးနွေးထွေးထွေးဖြင့် ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လာရင် အခက်တွေ့နေချိန်တိုင်း All is Well ကို သတိရလိုက်ပါ 🙌

⏰ Clinic Hours:
9:00 AM - 8:00 PM (Everyday)

📍 Visit us at:
No. 34, Ground floor, Thiri Mingalar Street, Myayni North Q, Sanchaung Township, Yangon 11111, Myanmar.

📞 Contact us:
Phone - 09 409888688
Viber - 09 409888688

"Best Health-care Services for all of your family"




Address

No. (34), Ground Floor, Thiri Mingalar Street, Myayni North Quarter, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Website

Alerts

Be the first to know and let us send you an email when All Is Well Health & Wellness Hub "Wellness Corner" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram