Chin The Nyi Naung - ခြင်္သေ့ညီနောင်

  • Home
  • Myanmar
  • Yangon
  • Chin The Nyi Naung - ခြင်္သေ့ညီနောင်

Chin The Nyi Naung - ခြင်္သေ့ညီနောင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin The Nyi Naung - ခြင်္သေ့ညီနောင်, Pharmaceutical Company, No. (2), Kan Thar Yar Street, Mayangone, Yangon.

🧐 ကိုယ့်ရဲ့ ကျန်းမာရေး ဗဟုသုတ ဘယ်လောက်ထိ ကြွယ်ဝသလဲဆိုတာ စစ်ကြည့်ကြမယ်။✅ အနာနဲ့ ဆေးဆိုတာ တည့်ဖို့ အရမ်းအရမ်း အရေးကြီးပါတယ...
21/08/2025

🧐 ကိုယ့်ရဲ့ ကျန်းမာရေး ဗဟုသုတ ဘယ်လောက်ထိ ကြွယ်ဝသလဲဆိုတာ စစ်ကြည့်ကြမယ်။

✅ အနာနဲ့ ဆေးဆိုတာ တည့်ဖို့ အရမ်းအရမ်း အရေးကြီးပါတယ်။ သုံးစွဲရတဲ့ဆေးနဲ့ လျော့ပါးလိုတဲ့ ဝေဒနာက မခေါ်ဘဲ ရန်ဖြစ်ထားရင် ခန္ဓာကိုယ်အတွက် အကျိုးမရှိသလို အခန့်မသင့်ရင်‌ ဘေးဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ဝေဒနာနဲ့ ဆေး တည့်ဖို့ လိုပါမယ်နော်။

🦁 ခြင်္သေ့ညီနောင်မှာ ရှိတဲ့
⭕ အကြော အားတိုးဆေး၊
⭕ လေးဘက်နာဆေး၊
⭕ ကလေးအထူးသက်စောင့်ဆေး၊
⭕ ဆေးပရုတ်ဆီ

ဒီ ဆေး (၄) မျိုးက အောက်ဖော်ပြပါ ဝေဒနာတွေထဲက ဘာကို သက်သာစေနိုင်မလဲ?
ဘာဖြစ်နေရင် ဘယ်ဆေး သုံးသင့်မလဲဆိုတာ ဝင်ဆွေးနွေးပေးသွားကြပါဦးနော်…💙

#ခြင်္သေ့ညီနောင်
#လေးဖက်နာသောက်ဆေးလိမ်းဆေး
#အကြောအားတိုးဆေး
#ဆေးပရုတ်ဆီ
#ကလေးအထူးသက်စောင့်ဆေး

🙌 ကဲ ရွေးချယ်မှုတွေ လုပ်ရတဲ့ အချိန်ကို ရောက်လာပါပြီ။မိတ်ဆွေဟာ ကိုယ့်ကိုယ်ကို❗ ခြေဆစ်လက်ဆစ် အမြဲ ယောင်တတ်တဲ့သူ၊❗ ကိုက်ခဲည...
20/08/2025

🙌 ကဲ ရွေးချယ်မှုတွေ လုပ်ရတဲ့ အချိန်ကို ရောက်လာပါပြီ။

မိတ်ဆွေဟာ ကိုယ့်ကိုယ်ကို
❗ ခြေဆစ်လက်ဆစ် အမြဲ ယောင်တတ်တဲ့သူ၊
❗ ကိုက်ခဲညောင်းညာလွယ်တဲ့သူ တစ်ဦး လို့ ယူဆလိုက်ပါ။

🤔 ဒါဆိုရင် ခြင်္သေ့ညီနောင်ရဲ့ ဘယ် Product ကို အလိုအပ်ဆုံးလို့ ထင်မိပါသလဲ?

🛣️ လေးဘက်နာဆေး ရှိရာလမ်းနဲ့ ဆေးပရုတ်ဆီ ရှိတဲ့လမ်း
လမ်းသွယ်နှစ်ခုကလည်း မျက်စိရှေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ရှိလို့ နေပါတယ်။

မိတ်ဆွေသာဆို ဘယ်လမ်းကို ရွေးမိမလဲဆိုတာ ကောမန့်မှာ ပြောပြပေးခဲ့ပါဦးနော်…🤎

#ခြင်္သေ့ညီနောင် #လေးဖက်နာသောက်ဆေးလိမ်းဆေး

🦁 ခြင်္သေ့ညီနောင်နဲ့ ပတ်သက်ရင် အမြဲလိုလို အရိပ်ပြ၊ အကောင်မြင်တတ်သူတွေ ရှိလား?🧩 ရှိတယ်ဆိုရင် အတူတူ စိတ်အပန်းပြေအောင် ဂိမ်...
16/08/2025

🦁 ခြင်္သေ့ညီနောင်နဲ့ ပတ်သက်ရင် အမြဲလိုလို အရိပ်ပြ၊ အကောင်မြင်တတ်သူတွေ ရှိလား?

🧩 ရှိတယ်ဆိုရင် အတူတူ စိတ်အပန်းပြေအောင် ဂိမ်းလေးဆော့ကြည့်ကြရအောင်။

💁‍♀️ ဒီဘက်ကနေ အီမိုဂျီလေးတွေ ပြမယ်။
ကိုယ်ထင်တဲ့ အဖြေတွေကို ပေါ့ပေါ့ပါးပါး ဖြေကြည့်ခဲ့နိုင်ပါပြီနော်…🤎

#ခြင်္သေ့ညီနောင် #လေးဖက်နာသောက်ဆေးလိမ်းဆေး

🙌 ဦးရဲမြင့်ဆေးတိုက် လက်အောက်ရှိ ခြင်္သေ့ညီနောင် လေးဘက်နာဆေးအသစ်ကို သုံးစွဲပြီးကြပြီလားဗျို့?🪵 ဒီဆေးအသစ်ကို အားလုံးရှေ့မှ...
12/08/2025

🙌 ဦးရဲမြင့်ဆေးတိုက် လက်အောက်ရှိ ခြင်္သေ့ညီနောင် လေးဘက်နာဆေးအသစ်ကို သုံးစွဲပြီးကြပြီလားဗျို့?

🪵 ဒီဆေးအသစ်ကို အားလုံးရှေ့မှောက် မိတ်မဆက်ခင်ကတည်းက လေးဘက်နာ ဝေဒနာတွေ သက်သာစေဖို့ သဘာဝက ရတဲ့ သစ်ဥသစ်ဖုများဖြင့် ပေါင်းစပ်ဖန်တီးထားပါတယ်။

အဓိကပါဝင်တဲ့ ဆေးဘက်ဝင် ပစ္စည်းတွေကတော့
🟤 ပိုးစားပင်၊
🟤 ကြက်မောက်ပျံ၊
🟤 ဆီမီးတောက်အမြစ်၊
🟤 ကြွက်နားရွက်မှို၊
🟤 ပေါက်ပန်းဖြူပွင့် ၊
🟤 ငရုတ်ရွက်၊
🟤 ချဉ်စော်ခါးသီး၊
🟤 ကွမ်းရွက်၊
🟤 ရှဉ့်မတက်အမြစ်ဥ စတဲ့ အဖိုးတန် သဘာဝ ပစ္စည်းများဖြင့် ကျွမ်းကျင် သမားတော်ကြီးများမှ အချိန်ယူ ဖော်စပ်ပေးထားပါတယ်။

လေးဘက်နာဆို သိသိသာသာ ဝေဒနာတွေ လျော့ပါးစေဖို့ ခြင်္သေ့ညီနောင် သောက်ဆေး၊ လိမ်းဆေး နှစ်သက်ရာကို ဆောင်ထားလိုက်တော့နော်…🤎

#ခြင်္သေ့ညီနောင် #လေးဖက်နာသောက်ဆေးလိမ်းဆေး

💊 “ခြင်္သေ့ညီနောင်”ကို ဘယ်လိုရောဂါတွေအတွက် အသုံးပြုနိုင်မလဲ?လေးဘက်နာဆေး “ခြင်္သေ့ညီနောင်”က…🔸 အဆစ်အမျက် ရောင်ရမ်းကိုက်ခဲခ...
09/08/2025

💊 “ခြင်္သေ့ညီနောင်”ကို ဘယ်လိုရောဂါတွေအတွက် အသုံးပြုနိုင်မလဲ?

လေးဘက်နာဆေး “ခြင်္သေ့ညီနောင်”က…

🔸 အဆစ်အမျက် ရောင်ရမ်းကိုက်ခဲခြင်း
🔸 သွေးအားနည်းခြင်း၊ သွေးကြောရောင်ခြင်း
🔸 ဒူးနာခါးနာခြင်းနှင့် အတွင်းဒဏ်ဖြစ်ခြင်း
🔸 အကြောနှင့် ကြွက်သားများ အားနည်းနာကျင်ခြင်း
🔸 ခြေဆစ်လက်ဆစ်များ အကြောကောက်ကွေး၍ ဆန့်မရခြင်း
🔸 ခြေလက်များ ထုံကျင်ခြင်း

စသဖြင့် လေးဘက်နာရောဂါကြီးကြောင့် ဖြစ်ပွားခံစားရတဲ့ ရောဂါလက္ခဏာများအပြင် တခြားသော ထုံကျင်ကိုက်ခဲခြင်းဝေဒနာများအားလုံးကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

✨ သဘာဝ ဆေးဖက်ဝင်ပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ပေးထားတာကြောင့် “ခြင်္သေ့ညီနောင်” လေးဘက်နာ သောက်ဆေးနှင့် လိမ်းဆေးရည်တို့က လူကြီးလူငယ်၊ အသက်အရွယ်မရွေး စိတ်ချလက်ချ မှီဝဲနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြေရှင်းကုသနိုင်ဖို့ လေးဖက်နာဆေးတကာ့ထိပ်ခေါင် “ခြင်္သေ့ညီနောင်”ကိုသာ အားကိုးသုံးစွဲလိုက်ကြနော်…💛

#ခြင်္သေ့ညီနောင် #လေးဘက်နာဆေး #လေးဘက်နာရောဂါ

07/08/2025

🙌 News Feed ပွတ်နေတုန်း ခဏတာ စိတ်အပန်းဖြေသွားအောင် ဆေးဘူးလေးတွေ ဖမ်းကြည့်ရအောင်။

🦁 လှုပ်ရှား ပျံလွှားနေတဲ့ ခြင်္သေ့ညီနောင် လေးဖက်နာဆေးဘူးတွေကို အံဝင်ခွင်ကျဖြစ်အောင် အချိန်ကိုက် ဖမ်းကြည့်ရအောင်ပါ။

⚡ ဘယ်သူတွေ ဘယ်နှခါမြောက်မှာ ဖမ်းမိသွားခဲ့လဲဆိုတာ ကောမန့်မှာ ကြွားလုံးထုတ်ပေးခဲ့ပါဦးနော်…🤎

#ခြင်္သေ့ညီနောင် #လေးဖက်နာသောက်ဆေးလိမ်းဆေး

‼️ အဆစ်အမြစ်တွေက နာတာရှည် ရောင်ရမ်းနေပြီဆို…‼️ ဘယ်သွားသွား ဘာလုပ်လုပ် မသွက်လက်တော့ဘဲ ပင်ပန်းလွယ်နေချိန်ဆို…လေးဖက်နာ အစပျ...
04/08/2025

‼️ အဆစ်အမြစ်တွေက နာတာရှည် ရောင်ရမ်းနေပြီဆို…
‼️ ဘယ်သွားသွား ဘာလုပ်လုပ် မသွက်လက်တော့ဘဲ ပင်ပန်းလွယ်နေချိန်ဆို…
လေးဖက်နာ အစပျိုးနေပြီဆိုတာကို သတိပြုလိုက်ပါ။

⭕ ဒီလို လေးဖက်နာဆိုတာ မျိုးရိုးအလိုက် ဖြစ်ပွားတတ်သလို အရွယ်ရလာတာကြောင့်လည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ မဆိုးရွားပေမယ့် သွားလာလှုပ်ရှားတဲ့အချိန် နာကျင်တတ်တာကြောင့် နေထိုင်ရခက်တဲ့ ရောဂါတစ်မျိုးလို့ ဆိုနိုင်ပါတယ်။

🦁 ဒါကြောင့် လေးဖက်နာလို့ သံသယဝင်တာနဲ့ ဝေဒနာတွေ တစ်စတစ်စ မပွားလာအောင် ခြင်္သေ့ညီနောင် ဆေးကို ဆောင်ထားလိုက်ပါ။ ထိရောက်မှု ရှိပြီး အရွယ်မရွေး မှီဝဲနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။ ဝေဒနာတွေကို ပိုးမွေးသလို မသိမ်းထားဘဲ အမြစ်ဖြတ်နိုင်ဖို့ ခြင်္သေ့ညီနောင် လေးဖက်နာဆေးကို အခုပဲ ဆောင်ထားလိုက်တော့နော်….🤎

#ခြင်္သေ့ညီနောင် #လေးဖက်နာသောက်ဆေးလိမ်းဆေး

✌️ ပူပူနွေးနွေး အသစ်ထွက်ထားတဲ့‌ လေးဖက်နာသောက်ဆေးနဲ့ လိမ်းဆေးနှစ်မျိုးရဲ့ ကွာခြားချက်က ဘာဖြစ်မလဲ?👉 သိသာတဲ့ အဖြေတစ်ခုကို ပ...
01/08/2025

✌️ ပူပူနွေးနွေး အသစ်ထွက်ထားတဲ့‌ လေးဖက်နာသောက်ဆေးနဲ့ လိမ်းဆေးနှစ်မျိုးရဲ့ ကွာခြားချက်က ဘာဖြစ်မလဲ?

👉 သိသာတဲ့ အဖြေတစ်ခုကို ပေးရရင်တော့ သောက်ရတဲ့ဆေး၊ လိမ်းရတဲ့ဆေးဆိုပြီး အဓိက ကွာပါတယ်။

🔘 တူညီတဲ့ အာနိသင်တွေကတော့ အရိုးအဆစ် ရောင်ရမ်းနာကျင်တာ၊ အဆစ်အမြစ် ရောင်ရမ်းခြင်းများ၊ ခါးနာခြင်း၊ ခါးဒဏ်ဖြစ်ခြင်း၊ ခြေလက်ဆစ်များ အကြောကောက်ကွေးပြီး ဆန့်မရဖြစ်ခြင်းတွေပဲ ဖြစ်ပါတယ်။

🟤 အကြောအားနည်းတာ၊ မီးယပ်ချမ်းကြောင့် ကိုက်ခဲတာနဲ့ သွေးအားနည်းတာ၊ ခြေလက်ထုံကျင်တတ်သူများကတော့ သောက်ဆေးကို ပိုရွေးချယ်သင့်ပြီး
🟫 သွေးကြောရောင်ရမ်းခြင်းကြောင့် အတွင်းဒဏ်ရှိသူများ၊ သွေးလည်ပတ်မှု ပိတ်ဆို့တတ်ပြီး ခန္ဓာကိုယ်တွင်း လေရှိသူတွေအနေနဲ့ကတော့ လိမ်းဆေးကို ရွေးချယ်သင့်ပါတယ်။

✔️ မိမိရဲ့ ဝေဒနာအပေါ် မူတည်ပြီး သောက်ဆေးဆိုရင် လူကြီး တစ်နေ့ (၂) ကြိမ်မှ (၃) ကြိမ်၊ ဆေး (၆) ပြားမှ (၈) ပြားအထိ မှီဝဲနိုင်ပါတယ်။

✔️ လိမ်းဆေးဆိုရင်တော့ ဂွမ်း (သို့) ပတ်တီးနဲ့ ဆေးရည်စွတ်ကာ အသာအယာ နှိပ်နယ်ပြီး တစ်နေ့ (၂) ကြိမ်မှ (၃) ကြိမ်အတွင်း (၁၅) မိနစ်ဝန်းကျင်လောက်အထိ လိမ်းနိုင်ပါတယ်။

အခုဆိုရင်တော့ လေးဖက်နာ ဆေးနှစ်မျိုးအကြောင်းကို ပိုနှံ့နှံ့စပ်စပ် နားလည်သွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ ခြင်္သေ့ညီနောင်ကို မှီဝဲကာ လေးဖက်နာဝေဒနာကို လျော့ပါးသက်သာနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…🤎

#ခြင်္သေ့ညီနောင် #လေးဖက်နာသောက်ဆေးလိမ်းဆေး

➰ လေးဖက်နာရှိသူတွေဟာ သွားလာလှုပ်ရှားရခက်၊ နေထိုင်ရခက်တဲ့ အဆင့်ထိ မရောက်အောင် နေ့စဉ်နဲ့ အမျှ အစစအရာရာ အသေးစိတ် ဂရုစိုက်ဖိ...
30/07/2025

➰ လေးဖက်နာရှိသူတွေဟာ သွားလာလှုပ်ရှားရခက်၊ နေထိုင်ရခက်တဲ့ အဆင့်ထိ မရောက်အောင် နေ့စဉ်နဲ့ အမျှ အစစအရာရာ အသေးစိတ် ဂရုစိုက်ဖို့ လိုပါတယ်။

☑️ သောက်သုံးဖို့ လိုတဲ့ ဆေးဝါးတွေကို မှန်မှန်မှီဝဲမယ်။
☑️ ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန် ပြုလုပ်သင့်တဲ့ အပြင် အစားအသောက်ပိုင်းကိုပါ သတိထားဆင်ခြင်ဖို့ လိုပါလိမ့်မယ်။

🟤 အစာအာဟာရ အုပ်စုတွေကို မျှတလုံလောက်အောင် စားတဲ့အခါ ကိုယ်အလေးချိန်ကို ထိန်းပေးသလို ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။ ဒါဆို ဘာတွေကို မစားသင့်တာ ဖြစ်မလဲ?

(က) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေ ❗
(ခ) ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီအဆိမ့်တွေ ❗
(ဂ) အိုမီဂါ (၃) ကြွယ်ဝတဲ့ အစားအသောက်တွေ ❗
ဒီ (၃) မျိုးထဲက ဘယ်တစ်ခုကို ရှောင်သင့်တယ်လို့ ယူဆမိပါသလဲ? ကောမန့်မှာ ဆွေးနွေးပေးခဲ့စေလိုပါတယ်…🤎

#ခြင်္သေ့ညီနောင် #လေးဖက်နာသောက်ဆေး၊လိမ်းဆေး

🚨လောလောလတ်လတ် ခြင်္သေ့ညီနောင်မှ ပြုလုပ်ထားတဲ့ Campaign အစီအစဉ် ကြေညာချက်ပိုစ့်ကို အကြောင်းအမျိုးမျိုးကြောင့် Facebook ဘက...
24/07/2025

🚨လောလောလတ်လတ် ခြင်္သေ့ညီနောင်မှ ပြုလုပ်ထားတဲ့ Campaign အစီအစဉ် ကြေညာချက်ပိုစ့်ကို အကြောင်းအမျိုးမျိုးကြောင့် Facebook ဘက်က ဖျက်ချထားပါတယ်။

အစစ်အမှန် ကံထူးရှင်အသီးသီးအား စာရင်းအတိအကျဖြင့် ဆုငွေများအား လွှဲအပ်ပြီး ဖြစ်ကြောင်းကိုလည်း အသိပေးအကြောင်းကြားလိုက်ရပါတယ်...🙌

🙏 မေလ (၁) ရက်နေ့တွင် ကျရောက်တဲ့ အလုပ်သမားနေ့မှာ ရပ်ဝန်းအသီးသီးမှ အလုပ်သမားများ၊ ဝန်ထမ်းများအားလုံး ကျန်းမာချမ်းသာကြပါစေ။...
01/05/2025

🙏 မေလ (၁) ရက်နေ့တွင် ကျရောက်တဲ့ အလုပ်သမားနေ့မှာ ရပ်ဝန်းအသီးသီးမှ အလုပ်သမားများ၊ ဝန်ထမ်းများအားလုံး ကျန်းမာချမ်းသာကြပါစေ။

⚡ နှစ်ပေါင်းများစွာကတည်းက စည်းလုံးမှုကို ပြသနိုင်ခဲ့တဲ့ အလုပ်သမားနေ့မှစကာ မျှတတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်နိုင်ပါစေ။ တိုးတက်အောင်မြင်တဲ့ ပန်းတိုင်ဆီကို လှမ်းလျှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…💙

#ခြင်္သေ့ညီနောင်

09/01/2025

🦁 "ခြင်္သေ့ညီနောင်ဆိုတဲ့ အစွမ်းထက်တဲ့ တိုင်းရင်းဆေး"
🙌 ဘယ်လို ဆေးဝါးမျိုးတွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးနေပါသလဲ?

🔷 ခန္ဓာကိုယ်တွင်းရှိ အကြောများကို သန်စွမ်းစေမယ့် အကြောအားတိုးဆေး၊
🔷 ကိုက်ခဲညောင်းညာခြင်းတွေကို ပပျောက်စေနိုင်မယ့် ဆေးပရုတ်ဆီ၊
🔷 ကလေးငယ်များအတွက် အထူးသက်စောင့်ဆေး (ဘူးကြီးနှင့် တစ်ခါသောက်ဆေးထုပ်) တွေကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။

🟤 အာနိသင်ထိရောက်မှု ရှိပြီး သဘာဝ ဆေးပစ္စည်းများဖြင့် ဖော်စပ်ထားတဲ့ ဆေးအသစ်ကိုလည်း မကြာခင်မှာ ဖြန့်ချိပေးသွားမှာမလို့ အချစ်အခင်မပျက် ဆက်လက်အားပေးကြပါဦးနော်…💙

#ခြင်္သေ့ညီနောင်

Address

No. (2), Kan Thar Yar Street, Mayangone
Yangon
11062

Telephone

+959781596530

Website

Alerts

Be the first to know and let us send you an email when Chin The Nyi Naung - ခြင်္သေ့ညီနောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram