Honey Kid Syrup

Honey Kid Syrup Honey Kid ကလေးအားဆေးရည်

ကလေးတွေကို သဘာဝရဲ့အကောင်းဆုံး လက်ဆောင်ပေးပြီးပြီလား?နုနယ်တဲ့ကလေးငယ်တွေနဲ့ အသင့်တော်အကိုက်ညီဆုံးက Chemical ကင်းတဲ့၊ သဘာဝပ...
18/09/2025

ကလေးတွေကို သဘာဝရဲ့အကောင်းဆုံး လက်ဆောင်ပေးပြီးပြီလား?

နုနယ်တဲ့ကလေးငယ်တွေနဲ့ အသင့်တော်အကိုက်ညီဆုံးက Chemical ကင်းတဲ့၊ သဘာဝပစ္စည်းတွေပါပဲ။ ဒါ့ကြောင့် ကလေးတွေအတွက် အားဆေးရွေးချယ်တဲ့အခါ chemical free ဖြစ်တာကို သေချာရွေးဖို့တော့ လိုမယ်နော်။

Honey Kid ကို သဘာဝရဲ့အချိုအရသာအတိုင်းရအောင် Sugar Free Formula နဲ့ ပျားရည်၊ လိမ္မော်

သီးနဲ့ နာနတ်သီးတို့ရဲ့ အနံ့အရသာကိုထည့်ထားတော့ မွှေးမွှေးချိုချိုနဲ့ သောက်ချင်စရာဖြစ်နေတာပေါ့။ ဒါ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကလည်း ၂၂ မျိုးအထိပါဝင်တာဆိုတော့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကို လုံးဝစိတ်ချထားလို့ရပါပြီ။

သားသားမီးမီးတို့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် ပရိုတင်း (အသားဓာတ်) က မရှိမဖြစ်ပါပဲ။အသားဆိုပတ်ပြေးနေတတ်တဲ့ ကလေးလေးတွေကို ဘယ...
31/08/2025

သားသားမီးမီးတို့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် ပရိုတင်း (အသားဓာတ်) က မရှိမဖြစ်ပါပဲ။

အသားဆိုပတ်ပြေးနေတတ်တဲ့ ကလေးလေးတွေကို ဘယ်လိုမျိုး စီမံပြီးကျွေးဖြစ်လဲ?

ဘဝတူ မေမေအချင်းချင်းသိရဖို့ ကောမန့်မှာ မျှဝေပေးခဲ့ကြပါဦး။

ကျောင်းမှာတက်ကြွလန်းဆန်းနေတဲ့ ကလေးလေးဖြစ်ဖို့ အဖြေကတစ်ခုတည်းပဲ 😍ဒါကတော့ ကလေးတို့အကြိုက် အရသာချိုချိုလေးနဲ့ Honey Kid အား...
24/08/2025

ကျောင်းမှာတက်ကြွလန်းဆန်းနေတဲ့ ကလေးလေးဖြစ်ဖို့ အဖြေကတစ်ခုတည်းပဲ 😍

ဒါကတော့ ကလေးတို့အကြိုက် အရသာချိုချိုလေးနဲ့ Honey Kid အားဆေးပါပဲ 🐝 🍯

Honey Kid မှာဆိုရင်
🐝 အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဇင့်ဓါတ်
🐝 ရာသီအကူးအပြောင်းတွေမှာ ဖြစ်တတ်တဲ့ တုတ်ကွေးနဲ့ အခြားရောဂါပိုးတွေကို ခုခံပေးနိုင်တဲ့ ဆေးပြောင်းပန်းလို့ခေါ်တဲ့ Echinacea Purpurea
🐝 ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ ဗီတာမင် C
🐝 အရိုးအဆစ်တွေကို သန်မာစေတဲ့ ဗီတာမင် Dနဲ့
🐝 ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းအားကို တိုးတက်ကောင်းမွန်စေတဲ့ ဗီတာမင် B6, B12 တို့ပါဝင်တဲ့အတွက် ကလေးတွေရဲ့ နေ့စဉ်လိုအပ်တဲ့ဓာတ်တွေကို Honey Kid ကနေ အပြည့်အဝရရှိစေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သားသားမီးမီးတို့ရဲ့ နေ့စဉ်လိုအပ်ချက်ကိုဖြည့်ဖို့ အခုပဲ Honey Kid ကို နီးစပ်ရာဆိုင်တွေမှာ ဝယ်ထားလိုက်ရအောင်နော် 🤗🤗

"အစကောင်းမှ အနှောင်းသေချာ Honey Kid နဲ့ အစပြုပါ"


ကလေးတွေအရပ်ရှည်ပြီး ဉာဏ်ရည်ထက်မြက်ဖို့ ဘာတွေလုပ်ကြမလဲ ⭐⭐မေမေဖေဖေတိုင်းက ကိုယ့်သားသားမီးမီးလေးတွေကို ကျန်းကျန်းမာမာ၊ အရပ်...
23/08/2025

ကလေးတွေအရပ်ရှည်ပြီး ဉာဏ်ရည်ထက်မြက်ဖို့ ဘာတွေလုပ်ကြမလဲ ⭐⭐

မေမေဖေဖေတိုင်းက ကိုယ့်သားသားမီးမီးလေးတွေကို ကျန်းကျန်းမာမာ၊ အရပ်မြင့်မြင့်၊ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးလေးတွေအဖြစ် မြင်ချင်ကြတာ သဘာဝပါပဲ။ ဒီလိုဖြစ်ဖို့အတွက် အဓိကအကျဆုံးကတော့ မှန်ကန်ပြည့်စုံတဲ့ အာဟာရ ရရှိဖို့ပါပဲ

ဒါဆို ကလေးတွေ ဖွံ့ဖြိုးကြီးထွားမှုအတွက် အဓိကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဘာတွေဖြစ်မလဲ ❓

✨ ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သင်ယူမှုနဲ့ မှတ်ဉာဏ်စွမ်းရည်ကို အားပေးတဲ့ Vitamin B-Complex
✨ အာရုံစူးစိုက်မှုကို ကောင်းမွန်စေတဲ့ Iron
✨ ဦးနှောက်ဆဲလ်တွေရဲ့ ဆက်သွယ်မှုကို အားကောင်းစေပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ Zinc

⭐ ကလေးရဲ့ အရိုးတွေသန်မာပြီး အရပ်ရှည်ဖို့အတွက် အခြေခံအကျဆုံး ဓာတ်ဖြစ်တဲ့ Calcium

⭐ ခန္ဓာကိုယ်က Calcium ကို ကောင်းကောင်းစုပ်ယူနိုင်အောင် ကူညီပေးတဲ့ Vitamin D( Vitamin D မပါရင် Calcium ဘယ်လောက်သောက်သောက် အကျိုးမရှိနိုင်ပါဘူး)

⭐ ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးတဲ့ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး အစားအစာ စားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေတဲ့ Lysine

ဒီဓာတ်တွေ ပြည့်ပြည့်စုံစုံရရှိနေမယ်ဆိုရင်တော့ ကလေးတွေကလည်း အရပ်ရှည်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေဖြစ်ကြစေမှာ အသေအချာပါပဲ 🤗

Honey Kid မှာဆိုရင်တော့ အခုလိုမျိုး ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် (၂၂) မျိုးပါဝင်တာဆိုတော့ Honey Kid တစ်မျိုးတည်းတိုက်ရုံနဲ့ လိုအပ်တဲ့ ဗီတာမင်တွေ ပြည့်စုံပြီးသား ဖြစ်နေစေမှာပါနော် 😍😍

"အစကောင်းမှ အနှောင်းသေချာ Honey Kid နဲ့ အစပြုပါ"

မိုးက တဖွဲဖွဲ၊ အပြင်လည်းထွက်မရ၊ သားသားမီးမီးတို့ကလည်း အိမ်ထဲမှာ ပျင်းနေပြီလား မေမေတို့ရေ...စိတ်မပူပါနဲ့။ မိုးအေးအေးနေ့လေ...
22/08/2025

မိုးက တဖွဲဖွဲ၊ အပြင်လည်းထွက်မရ၊ သားသားမီးမီးတို့ကလည်း အိမ်ထဲမှာ ပျင်းနေပြီလား မေမေတို့ရေ...

စိတ်မပူပါနဲ့။ မိုးအေးအေးနေ့လေးတွေကို အိမ်ထဲမှာတင် အပျော်တွေနဲ့ ပြည့်နှက်နေတဲ့ အမှတ်တရနေ့လေးတွေ ဖြစ်သွားစေမဲ့ Activities လေးတွေကို Honey Kid ကပြောပြပေးပါမယ်နော်

💒အိမ်တွင်းခံတပ် တည်ဆောက်ကြမယ်
စောင်တွေ၊ ခေါင်းအုံးတွေ၊ ကုလားထိုင်တွေကိုသုံးပြီး သားသားမီးမီးတို့အတွက် သီးသန့် ကစားကွင်းလေးတစ်ခု ဖန်တီးပေးလိုက်ပါ။ သူတို့ကိုယ်ပိုင်နေရာလေးမှာ ပုံပြောစာအုပ်တွေဖတ်တာ၊ အရုပ်တွေနဲ့ကစားတာက စိတ်ကူးစိတ်သန်းကို အားကောင်းစေပြီး အရမ်းကို ပျော်စရာကောင်းပါတယ်။

🎨 လက်ရာမြောက်ပန်းချီလေးတွေဖန်တီးမယ်
စက္ကူအဖြူ၊ ရောင်စုံခဲတံ၊ ဖယောင်းရောင်စုံ ဒါမှမဟုတ် ရေဆေးဗူးလေးတွေနဲ့ သူတို့ရဲ့ စိတ်ကူးထဲက ပုံရိပ်တွေကို ဆွဲခိုင်းပါ။ မိုးစက်လေးတွေ၊ သက်တန့်ပုံလေးတွေ ဆွဲခိုင်းခြင်းက သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးသလို၊ အာရုံစူးစိုက်မှုကိုလည်း အားကောင်းစေပါတယ်။

💎 အိမ်တွင်းရတနာရှာပုံတော်ဖွင့်မယ်
အိမ်ထဲမှာ အရုပ်လေးတွေ၊ စာအုပ်လေးတွေကို ဖွက်ထားပြီး သားသားမီးမီးတို့ကို ရှာခိုင်းလိုက်ပါ။ ဒါက သူတို့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ လေ့လာစူးစမ်းလိုစိတ်ကို တိုးတက်စေမယ့် လှုပ်ရှားမှုတစ်ခုပါ။ ရတနာရှာတွေ့တဲ့အခါ ဆုပေးတာမျိုးလေးတွေ လုပ်ပေးမယ်ဆိုရင် သူတို့လေးတွေ ပိုပျော်ရွှင်စေမှာပါ။

📚 ဇာတ်လမ်းပုံပြင်တွေနဲ့ စိတ်ကူးကမ္ဘာလေးတွေမေးမယ်
မေမေဖေဖေက ပုံပြောပြတာပဲဖြစ်ဖြစ်၊ ကလေးတွေကိုယ်တိုင် ဇာတ်လမ်းဖန်တီးပြီး ပြန်ပြောပြခိုင်းတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ အသံနေအသံထား အမျိုးမျိုးနဲ့ ဇာတ်ကောင်စရိုက်တွေကို သရုပ်ဆောင်ပြခြင်းက ကလေးတွေရဲ့ ဘာသာစကားဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပြု‌စေပါတယ်။

💃🕺 ကခုန်ကြမယ်၊ ပျော်ကြမယ်
ကလေးတွေကြိုက်တဲ့ သီချင်းဖွင့်ပြီး အတူတူခုန်ကြ၊ လှုပ်ရှားကြပါ။ ဒါက အိမ်ထဲမှာတင် အားကုန်သုံးပြီး လန်းဆန်းတက်ကြွစေမဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ သူတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေမှာပဲ ဖြစ်ပါတယ်။

ဒီလို ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ဆို သားသားမီးမီးတို့မှာ အားအင်အပြည့် ရှိနေဖို့လည်း လိုအပ်ပါတယ်။ မိုးအေးအေးမှာ နေကောင်းကျန်းမာပြီး အားအင်အပြည့်နဲ့ ဆော့ကစားနိုင်ဖို့အတွက်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်စုံမျှတစွာပါဝင်တဲ့ Honey Kid ကိုသာ ပုံမှန်တိုက်ပေးနော် 🤗🤗

"အစကောင်းမှ အနှောင်းသေချာ Honey Kid နဲ့ အစပြုပါ"





ဟိုဟာမစားချင်ဘူး၊ ဒီဟာမစားချင်ဘူးဆိုပြီး ချေးများတဲ့သူတွေအတွက် နည်းတစ်ခုရှိတယ် 😎အဲ့တာကတော့ Honey Kid ပါပဲ 🐝 🍯Honey Kid မ...
21/08/2025

ဟိုဟာမစားချင်ဘူး၊ ဒီဟာမစားချင်ဘူးဆိုပြီး ချေးများတဲ့သူတွေအတွက် နည်းတစ်ခုရှိတယ် 😎

အဲ့တာကတော့ Honey Kid ပါပဲ 🐝 🍯

Honey Kid မှာဆိုရင် အစားစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ ဇင့်ဓါတ်အပါအဝင် အခြားသော ဗီတာမင်နဲ့ သတ္တုဓါတ် (၂၂) မျိုးပါဝင်လို့ အစားချေးများတဲ့ကလေးလေးတွေ အနေနဲ့ အကုန်ကြိုက်၊ အကုန်စား ဖြစ်စေမှာ အသေအချာပါပဲ 😍

ဒါကြောင့် အိမ်မှာအစားချေးများတဲ့ ဆရာမလေးတွေရှိရင် Honey Kid နဲ့ ပေးတွေ့လိုက်တော့ 😁

"အစကောင်းမှ အနှောင်းသေချာ Honey Kid နဲ့ အစပြုပါ"


မိုးရာသီမှာ ကလေးတွေအတွက် ဗီတာမင် C က ဘာလို့ အရေးကြီးတာလဲ 💛မိုးစက်တွေနဲ့အတူ စိမ်းလန်းနေတဲ့ မိုးရာသီက သာယာပေမဲ့ သားသားမီးမ...
20/08/2025

မိုးရာသီမှာ ကလေးတွေအတွက် ဗီတာမင် C က ဘာလို့ အရေးကြီးတာလဲ 💛

မိုးစက်တွေနဲ့အတူ စိမ်းလန်းနေတဲ့ မိုးရာသီက သာယာပေမဲ့ သားသားမီးမီးတို့အတွက်တော့ အအေးမိ၊ နှာစေး၊ ဖျားနာခြင်းလိုမျိုး နေမကောင်းဖြစ်လွယ်တဲ့ ရာသီဥတုတစ်ခုပါပဲ။ ဒီလိုအချိန်မှာ ကလေးတို့ရဲ့ ကိုယ်ခံစွမ်းအား ကောင်းမွန်နေဖို့ကတော့ အဓိကသော့ချက်လို့ ပြောရမှာပါ။

ဒါဆို ကိုယ်ခံစွမ်းအားကို ဘယ်လိုမြှင့်တင်ပေးကြမလဲ ❓

အဖြေကတော့ ဗီတာမင် C ပါပဲ 💛💛

ဗီတာမင် C ကို မိုးရာသီမှာကလေးတွေအတွက် ဘယ်လိုအရာတွေကို ကောင်းမွန်စေနိုင်မှာလဲဆိုတော့

✨ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း
ဗီတာမင် C က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ ဝင်ရောက်လာတဲ့အခါ တိုက်ထုတ်ပေးမဲ့ သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးလို့ ဖျားနာခြင်းကနေ ကာကွယ်ပေးပါတယ်။

✨ အအေးမိခြင်းကို သက်သာစေခြင်း
ဗီတာမင် C ကို ပုံမှန်မှီဝဲခြင်းက အအေးမိ၊ နှာစေးဖြစ်တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပြီး နေမကောင်းဖြစ်တဲ့ရက်ကို ပိုပြီးတိုတောင်းစေပါတယ်။

✨ အားအင်ပြည့်ဝစေခြင်း
ဗီတာမင် C က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ သံဓာတ် စုပ်ယူမှုကို အားကောင်းစေပါတယ်။ သံဓာတ်ပြည့်ဝမှ ကလေးတွေ လန်းဆန်းတက်ကြွပြီး အားအင်အပြည့်နဲ့ ဆော့ကစားနိုင်မှာပါ။

✨ ဆဲလ်တွေကို ကာကွယ်ပေးခြင်း
ဗီတာမင် C က အစွမ်းထက် Antioxidant တစ်မျိုးဖြစ်လို့ ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် ခန္ဓာကိုယ်တွင်းက ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

ကလေးတွေဆိုတာ အစားရွေးတတ်တာဖြစ်လို့ နေ့စဉ်အစားအစာကနေ ဗီတာမင် C လုံလောက်စွာရဖို့ဆိုတာ မေမေတွေအတွက် စိန်ခေါ်မှုတစ်ခုပါ။

ဒီအခက်အခဲကို ဖြေရှင်းဖို့ဆိုရင်တော့ Honey Kid က်ုသာ သတိရလိုက်ပါနော် 🤗

Honey Kid မှာ ကလေးတို့ရဲ့ ကိုယ်ခံစွမ်းအားအတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin C အပြင် တခြားအရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း မျှတစွာ ပါဝင်ပါတယ်။

ဒါကြောင့် ဒီမိုးရာသီမှာ သားသားမီးမီးတို့ကို ရောဂါဘယတွေကနေ ကာကွယ်ပြီး ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် Honey Kid ကို နေ့စဉ်တိုက်ကျွေးလိုက်ကြရအောင်နော် 💛💛

"အစကောင်းမှ အနှောင်းသေချာ Honey Kid နဲ့ အစပြုပါ"



ကလေးလေးတွေ နေကောင်းကျန်းမာကြပါရဲ့လား မေမေတို့ရေ 🥰🥰Honey Kid နဲ့အတူ July လ တစ်လလုံးကို ကျန်းမာပျော်ရွှင်စွာနဲ့ အကောင်းဆုံ...
19/08/2025

ကလေးလေးတွေ နေကောင်းကျန်းမာကြပါရဲ့လား မေမေတို့ရေ 🥰🥰

Honey Kid နဲ့အတူ July လ တစ်လလုံးကို ကျန်းမာပျော်ရွှင်စွာနဲ့ အကောင်းဆုံးကျော်ဖြတ်ခဲ့ပြီးပြီဆိုတော့ ရှေ့ဆက်ပြီးလည်း ကလေးတွေရဲ့ အလုံးစုံ ကျန်းမာခြင်းတွေအတွက် Honey Kid နဲ့ပဲ အတူတူ ဆက်လက်ဖြတ်သန်း သွားကြရအောင် 🤗

Honey Kid မှာဆိုရင် ကလေးတွေအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (၂၂) မျိုးပါဝင်လို့ ကိုယ်ခံအားကောင်းခြင်း၊ အစားစားချင်စိတ်ကိုဖြစ်ပေါ်စေခြင်း၊ အရိုးအဆစ်တွေကိုသန်မာစေခြင်း၊ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းအားကို တိုးတက်ကောင်းမွန်စေခြင်း စတဲ့ အချက်တွေကို ရယူနိုင်မှာဖြစ်လို့ ပုံမှန်လေးတိုက်ကျွေးပေးဖို့သာ မမေ့နဲ့နော် 💛💛

"အစကောင်းမှ အနှောင်းသေချာ Honey Kid နဲ့ အစပြုပါ"



မေမေက အားဆေးသောက်ရအောင်ဆိုတာနဲ့ မီးမီးကတော့ ပြေးပုန်းတာပဲလေ။ဉာဏ်ကောင်းဖို့ အရပ်ရှည်ဖို့ အားဆေးသောက်ရမယ်လို့ မေမေကပြောပြပ...
30/07/2025

မေမေက အားဆေးသောက်ရအောင်ဆိုတာနဲ့ မီးမီးကတော့ ပြေးပုန်းတာပဲလေ။

ဉာဏ်ကောင်းဖို့ အရပ်ရှည်ဖို့ အားဆေးသောက်ရမယ်လို့ မေမေကပြောပြပေမဲ့ မသောက်ချင်ပါဘူး။

ဖေဖေဝယ်လာပေးတဲ့ Honey Kid အားဆေးရည်သောက်ပြီးတဲ့ နောက်မှာတော့ မီးမီးလိမ္မာသွားပါပြီ။ အရင်လို အားဆေးဆိုတဲ့ အသံကြားတိုင်း ပြေးမပုန်းတော့ဘူး။ မေမေကတိုက်ဖို့ မေ့နေရင်တောင် သတိပြန်ပေးနေရတယ်။ အရသာချိုချိုလေးဆိုတော့ အချိုကြိုက်တဲ့ မီးမီးနဲ့က ကွက်တိ။ Sugar Free Formula ပါလို့ ချောင်းလည်းမဆိုးဘူးတဲ့။

မီးမီးကြိုက်တဲ့ Honey Kid အားဆေးချိုချိုလေး ကုန်သွားရင် နောက်တစ်ဘူး ထပ်ဝယ်ပေးပါဦးနော် မေမေ။

တုပ်ကွေးရာသီရောက်ပြီဆိုတာနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် မိဘတွေမှာ ပိုစိတ်ပူလာရပါပြီ။ စိတ်ပူနေရတဲ့ ဖေဖေ၊ မေမေတို့အတွက်...
29/07/2025

တုပ်ကွေးရာသီရောက်ပြီဆိုတာနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် မိဘတွေမှာ ပိုစိတ်ပူလာရပါပြီ။ စိတ်ပူနေရတဲ့ ဖေဖေ၊ မေမေတို့အတွက် ဘေဘီလေးတွေကို တုပ်ကွေးအပါအဝင် ကူးစက်လွယ်တဲ့ရောဂါတွေကနေ ကာကွယ်နိုင်မဲ့ အချက် (၅) ချက်ကို ဖော်ပြပေးသွားပါ့မယ်။

၁။ လက်ကိုသေချာဆေးပါ - ဆပ်ပြာနဲ့ရေသုံးပြီး လက်ကိုမကြာခဏဆေးခိုင်းပါ။ လက်သန့်ဆေးရည် (hand sanitizer) လည်း ဆောင်ထားပေးပါ။

၂။ ကိုယ်ခံအားကောင်းအောင်ပြင်ဆင်ကျွေးမွေးပါ - အာဟာရပြည့်ဝတဲ့ အစားအစာတွေ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို လုံလောက်အောင်ကျွေးပြီး ဗီတာမင်စီပါတဲ့ အစားအစာတွေကို ပိုကျွေးပါ။

၃။ အိပ်ရေးဝဝအိပ်ခိုင်းပါ - ကလေးတွေရဲ့ ကိုယ်ခံအားကောင်းဖို့ နေ့စဉ်အိပ်ချိန်ပြည့်ဝဖို့ အရေးကြီးပါတယ်။

၎။ လူစုလူဝေးရှောင်ပါ - တတ်နိုင်သမျှ လူစည်ကားတဲ့နေရာတွေ၊ အလုံပိတ်နေရာတွေကို ရှောင်ပါ။

၅။ တုပ်ကွေးကာကွယ်ဆေးထိုးပါ - ကလေးအတွက် တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

ဒီအချက်တွေအပြင် ကလေးတွေကို ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့အနေနဲ့ Honey Kid အားဆေးရည်ကိုလည်း မှန်မှန်တိုက်ဖို့ မမေ့ပါနဲ့နော်။ ကလေးငယ်လေးတွေ တုပ်ကွေးရာသီကို ကျော်ဖြတ်နိုင်ပြီး ကျန်းမာထက်မြက်သူများ ဖြစ်ကြပါစေလို့လည်း Honey Kid က ဆုမွန်ကောင်းတောင်းပေးပါရစေရှင်။

အမေဖြစ်လာပြီဆိုကတည်းက သမီးလေးကို ဖြစ်စေချင်တာတွေအများကြီး ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ အဲဒီအများကြီးထဲမှာမှ အရေးအကြီးဆုံးကတ...
28/07/2025

အမေဖြစ်လာပြီဆိုကတည်းက သမီးလေးကို ဖြစ်စေချင်တာတွေအများကြီး ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ အဲဒီအများကြီးထဲမှာမှ အရေးအကြီးဆုံးကတော့ သမီးလေးကို ကျန်းမာနေစေချင်တာပါပဲ။

အဲဒါကြောင့် ကိုယ်ခံအားကောင်းပြီး သွက်လက်ကျန်းမာစေတဲ့ Honey Kid ကို ရွေးချယ်ပြီး တိုက်ဖြစ်တယ်။

ကံကလည်း ကိုယ့်ဘက်ပါနေတယ်ဆိုရမလားပဲ Honey Kid မှာ သမီးလေးရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ် ၂၂ မျိုးတောင် ပါဝင်နေတာကြောင့် ခန္ဓာကိုယ်လည်း အာဟာရပြည့်သလို ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်တွေကိုပါ ကောင်းမွန်စေတယ်လေ။

အရသာလေးကလည်း ကလေးတို့အကြိုက် ချိုချိုချဉ်ချဉ်လေးဆိုတော့ သမီးလေးက ဘယ်တော့မှ မငြင်းဘူး။

ကျန်းမာနေလို့ ကျေးဇူးပါ …

ကျန်းမာဖို့အထောက်အပံ့အဖြစ် Honey Kid ကို ရွေးချယ်ပေးလို့ ကျေးဇူးပါ သမီးလေးရေ ....

ဆေးတိုက်ရခက်တာမို့ ဆေးဆို ချိုတာလေးပဲ ရနိုင်မလားဆို သိပ်ရတာပေါ့Honey Kid က ပျားရည်နဲ့ အသီးအနှံတွေကို ပေါင်းစပ်ထုတ်လုပ်ထာ...
27/07/2025

ဆေးတိုက်ရခက်တာမို့ ဆေးဆို ချိုတာလေးပဲ ရနိုင်မလားဆို သိပ်ရတာပေါ့

Honey Kid က ပျားရည်နဲ့ အသီးအနှံတွေကို ပေါင်းစပ်ထုတ်လုပ်ထားလို့ သဘာဝချိုချဉ်အရသာကို ပေးစွမ်းနိုင်တဲ့အပြင် ဘေဘီလေးတို့လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ် ၂၂ မျိုးတောင် ပါဝင်တာမို့ မေမေတို့ ရှာနေတာ ဒါမျိုးလေးပဲ ဟုတ် ?

“ချိုချိုလေးနဲ့ အာဟာရလည်း ပြည့်စေမှာ … Honey Kid ကို ရွေးချယ်ပါ”

Address

V59J+856, ယမနေ(၉)လမ်း
Yangon

Website

Alerts

Be the first to know and let us send you an email when Honey Kid Syrup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram