Thainakarin Hospital - Myanmar

Thainakarin Hospital - Myanmar The Hospital You Can Trust🩺
သင့်ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရသော နွေးထွေးစွာဝန်ဆောင်မှုပေးနေသည့် မြန်မာပြည်ရုံးခွဲ

31/12/2025

Wishing you all the best of health, wealth and happiness in the coming year

Happy New Year to you all .. 🎆✨

29/12/2025

၂၀၂၅ ခုနှစ်အတွင်းမှာ Thainakarin ဆေးရုံကို ယုံကြည်အားကိုးပြီး ကျွန်တော်တို့နဲ့အတူ လက်တွဲခဲ့ကြတဲ့ KOL များ၊ ပညာရှင် များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တို့အတွက်တော့ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုနဲ့ စိတ်ကျေနပ်မှုဟာ အကြီးမားဆုံးသောမှတ်တိုင်တစ်ခုပါပဲ။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးခရီးလမ်းမှာ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ အတူရှိခွင့်ရခဲ့တာကို ဂုဏ်ယူမိပါတယ်။

နောင်နှစ်ပေါင်းများစွာမှာလည်း လူတိုင်းအတွက် နွေးထွေးပြီး အားကိုးထိုက်တဲ့ ကျန်းမာရေးအဖော်မွန်အဖြစ် ဆက်လက်ရှိနေပါ့မယ်။

Thainakarin Hospital Myanmar

ဒီခရစ္စမတ်ရာသီမှာကိုယ်ရော စိတ်ပါ ကျန်းမာစေပြီးနေ့ရက်တိုင်းကို အားအင်ပြည့်ဝစွာ ဖြတ်သန်းနိုင်ပါစေလို့ ထိုင်းနက္ကရင်ဆေးရုံမ...
25/12/2025

ဒီခရစ္စမတ်ရာသီမှာ
ကိုယ်ရော စိတ်ပါ ကျန်းမာစေပြီး
နေ့ရက်တိုင်းကို အားအင်ပြည့်ဝစွာ ဖြတ်သန်းနိုင်ပါစေလို့ ထိုင်းနက္ကရင်ဆေးရုံမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် ..

Merry Christmas & Wishing You Good Health Always! 🎅🎄

゚

👶 ကလေးအသက်က ပြောသင့်တဲ့အရွယ်ရောက်နေတာတောင် စကားမပြောလာဘူး ၊ ပြောပေမယ့် စကားမပီလာဘူး ..• မွေးကင်းစကလေးတွေမှာ အကြားအာရုံစစ...
23/12/2025

👶 ကလေးအသက်က ပြောသင့်တဲ့အရွယ်ရောက်နေတာတောင် စကားမပြောလာဘူး ၊ ပြောပေမယ့် စကားမပီလာဘူး ..

• မွေးကင်းစကလေးတွေမှာ အကြားအာရုံစစ်ဆေးခြင်းက အ‌ရေးကြီးပါတယ်နော် •

ကလေးငယ်လေးတွေမှာ အကြားအာရုံထိခိုက်ခြင်းက စကားပြောနဲ့ သင်ကြားရေးအပိုင်းမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။

ခေတ်မှီအကြားအာရုံစစ်ဆေးခြင်းတွေနဲ့ စောစောစီးစီး စစ်ဆေးသိရှိမှ ကုသမှုအပိုင်းမှာရော ပြန်လည်ကောင်းမွန်ရေးအပိုင်းမှာပါ အထောက်အကူဖြစ်စေမှာပါ။

အကြားအာရုံထိခိုက်နိုင်ချေရှိသောကလေးများ

★ မိသားစုမျိုးရိုးထဲတွင် နားမကြားသော မျိုးရိုးရှိဖူးသူများ
★ ကိုယ်ဝန်ဆောင်စဥ် မိခင်တွင် ဂျိုက်သိုးကဲ့သို့ ရောဂါပိုးဝင်ဖူးသူများ
★ နားရွက်/ နားပေါမပါသောကလေးများ
★ နေ့မစေ့ လမစေ့ မွေးသောကလေးများ
★ မွေးကင်းစတွင် အသားဝါဓာတ်အရမ်းများခဲ့ဖူးသူများ
★ ကလေးဘဝတွင် ဦးနှောက်အမြှေးရောင်ရောဂါပိုး ဖြစ်ဖူးသူများ
★ အကြားအာရုံထိခိုက်စေသောဆေးဝါးများ မှီဝဲခဲ့ရသူများ
★ မျိုးရိုးဗီဇ ပုံမမှန်သောရောဂါရှိသူများ

👂အကြားအာရုံစစ်ဆေးနည်းများ

1. Otoacoustic emission (OAE)- နားထဲမှာရှိတဲ့ အကြားအာရုံကြောရဲ့ လုပ်ဆောင်အားကို စစ်ဆေးခြင်းဖြစ်ပါတယ်။
2. Auditory Brainstem Response (ABR) testing- ကလေးအိပ်နေတဲ့အချိန်မှာ electrodes များတပ်ဆင်ပြီး အကြားအာရုံကို စစ်ဆေးခြင်းဖြစ်ပါတယ်။

ဘန်ကောက်မြို့ ထိုင်းနက္ကရင်ဆေးရုံကြီးမှာလဲ ကလေးအသက် ၂၄-၄၈ နာရီအတွင်း First newbron screening အနေနဲ့ OAE စစ်ဆေးပါတယ်။ အဖြေမကောင်းလျှင် တစ်လနေရင် ပြန်စစ်ပါတယ်။ အဖြေမကောင်း နားနှာခေါင်းလည်ချောင်းဆရာဝန်ကြီးများက ပြန်ကြည့်ပြီး ABR ဖြင့် အတည်ပြုပါတယ်။

အကြားအာရုံထိခိုက်နိုင်ချေများတဲ့ကလေးမျိုးဆိုရင် OAE ရော ABR ရော နှစ်ခုလုံးနဲ့ စစ်ဆေးမှုပြုလုပ်ပါတယ်။

အကြားအာရုံထိခိုက်သောကလေးများကို စောစောစီးစီးကုသမှုပေးခြင်းဖြင့် ကောင်းမွန်သောလူနေမှုဘဝကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်ရှင်။

ပျော်ရွှင်ကျန်းမာတဲ့ဘဝလေးကို ပိုင်ဆိုင်ချင်ရင် ထိုင်းနက္ကရင်ဆေးရုံနဲ့ဆွေးနွေးတိုင်ပင်လိုက်ပါနော်

ဖုန်း - 09 407 8888 65/64
မြန်မာပြည်ရုံးခွဲလိပ်စာ - အမှတ် ၃၆/၃၈ ၊ အလံပြဘုရားလမ်းမပေါ် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ရန်ကုန်မြို့ ။


"HPV ကာကွယ်ဆေး ယောကျာ်းတွေအတွက် ဘာကြောင့် လိုအပ်လာတာလဲ"HPV ဗိုင်းရပ်စ်/လိင်အင်္ဂါကြွက်နို့ ဗိုင်းရပ်စ်ပိုးက အမျိုးသမီးတွ...
22/12/2025

"HPV ကာကွယ်ဆေး ယောကျာ်းတွေအတွက် ဘာကြောင့် လိုအပ်လာတာလဲ"

HPV ဗိုင်းရပ်စ်/လိင်အင်္ဂါကြွက်နို့ ဗိုင်းရပ်စ်ပိုးက အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတယ်လို့ အသိများကြပါတယ်။

💉 HPV vaccine ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးဆိုပြီး အမျိုးသမီးတွေမှာ အထိုးများကြပါတယ်။ တကယ်တော့ HPV ဗိုင်းရပ်စ်ပိုးက အမျိုးသမီးတွေမှာပဲ မဟုတ်ပဲ အမျိုးသားတွေမှာလဲ အန္တရာယ်ရှိပါတယ်။

လိင်မှတစ်ဆင့်/ အရေပြားချင်း ထိတွေ့ချင်းမှတစ်ဆင့်ကူးဆက်နိုင်တဲ့ ဒီ HPV ဗိုင်းရပ်စ်ပိုးက

အမျိုးသားတွေမှာ

✓ လိင်အင်္ဂါကြွက်နို့
✓ စအိုကင်ဆာ၊
✓ လိင်အင်္ဂါကင်ဆာ
✓ လည်ချောင်းကင်ဆာ တွေကို ဖြစ်စေနိုင်ပါတယ်။

ကူးစက်နိုင်ချေများသူများ

၁. အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှုများသူများ
၂. အကာအကွယ်မသုံးပဲ လိင်ဆက်ဆံဖော်များသူများ
၃. HIV ကဲ့သို့ ကိုယ်ခံအားကျဆင်းမှုရောဂါ ကူးစက်ခံရသူများ
၄. HPV ကာကွယ်ဆေးမထိုးထားသူများ

ဒါကြောင့်မလို့ အမျိုးသားတွေမှာလဲ လိင်ဆက်ဆံမှုမစတင်ခင်အချိန်မှာတည်းက HPV ကာကွယ်ဆေးထိုးနှံထားတာ အကောင်းဆုံးပါပဲ။

HPV အန္တရာယ်က ကာကွယ်ဖို့ အမျိုးသမီးတွေမှာရော အမျိုးသားတွေမှာရော အရေးကြီးပါတယ်နော်။

HPV ကာကွယ်ဆေးထိုးနှံမှုနဲ့ ပတ်သတ်ပြီး အသေးစိတ်ဆွေးနွေးလိုပါက 09 407 8888 65/64 ကိုဆက်သွယ်နိုင်သလို Page Messenger မှာလည်း ဆက်သွယ်နိုင်ပါတယ်ရှင် ။



"ဆောင်းလေအေးက သာယာပေမယ့် အရေပြားအတွက်တော့ ပြဿနာတစ်ခုပဲနော်" အခုဆိုရင် ရာသီဥတုက ⛄ဆောင်းရာသီအအေးဖက်ကို ရောက်လာပြီမို့လို့ ...
16/12/2025

"ဆောင်းလေအေးက သာယာပေမယ့် အရေပြားအတွက်တော့ ပြဿနာတစ်ခုပဲနော်"

အခုဆိုရင် ရာသီဥတုက ⛄ဆောင်းရာသီအအေးဖက်ကို ရောက်လာပြီမို့လို့ အရေပြားမှာ ပြဿနာလေးတွေ ကြုံရနိုင်ပါတယ်။

ဆောင်းရာသီမှာအဖြစ်များတဲ့ အရေပြားပြဿနာလေးတွေကတော့

၁. အသားခြောက်ခြင်း
၂. အသားယားခြင်း
၃. နှုတ်ခမ်းကွဲခြင်း
၄. ခြေဖနောင့်ကွဲခြင်း
၅. ဦးရေပြား ဗောက်ထခြင်း
၆. အရေပြား နှင်းခူရောဂါ ပြန်ကြွခြင်း တို့ ဖြစ်ပါတယ်။

အခုလို ဖြစ်ရတဲ့ အကြောင်းရင်းက အေးမြတဲ့လေ၊ စိုထိုင်းစနည်းလာမှုတို့ကြောင့် ဖြစ်ပါတယ်။

အဲ့တော့ ဒီပြဿနာလေးကနေ ကာကွယ်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်ရှင်။

၁. အစိုဓာတ်ကို ဖြည့်တင်းဖို့ Moisturizer ခရင်/ အဆီများကို အရေပြားမှာလိမ်းပေးပါ။

၂. နှုတ်ခမ်းကို နှုတ်ခမ်းအဆီလိမ်းပေးပါ

၃. ခြေထောက်မကွဲအောင် Moisturizer လိမ်းပေးပါ။

၄. ရေနွေးပူပူမဟုတ်ပဲ နွေးရုံလောက်ရှိတဲ့ရေနဲ့ ရေချိုးပါ။

၅. ဦးရေပြားကို ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ တစ်ပတ်ကို ၂-၃ ကြိမ်အထိပဲလျှော်ပါ။

၆. ပုံမှန်ထပ် ရေကို များများပိုသောက်ပါ။

၇. အေးလွန်းတဲ့နေရာမှာဆိုရင် အပြင်ထွက်တဲ့အခါ လက်အိတ်၊ ခြေအိတ် နဲ့ လည်ပင်းစည်းများကို ဝတ်ဆင်ပါ။

ဒီနည်းလမ်းလေးတွေနဲ့ ဆောင်းရာသီအအေးဓာတ်ကြားမှာ အရေပြားကျန်းမာကို လှပစွာ ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။


15/12/2025

ဆေးရုံဆိုရင် ကြောက်စရာလို့ ထင်နေတုန်းလား? 🤍
စိန်ဖြိုးနဲ့ ရီရီတို့ ကိုယ်တိုင် လာရောက်ကုသပြီး
Thainakarin Hospital ရဲ့ Facility တွေကို အနီးကပ် ပြသထားပါတယ် 🏥✨

သန့်ရှင်းမှု၊ အဆင့်မြင့်စက်ကိရိယာတွေ၊
လူနာအတွက် စိတ်ချမ်းသာစေတဲ့ Design တွေကို
Video ထဲမှာ တစ်ခါတည်း ကြည့်လိုက်နော် ..

𝐓𝐡𝐚𝐢𝐧𝐚𝐤𝐚𝐫𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫.
𝑻𝒉𝒆 𝒉𝒐𝒔𝒑𝒊𝒕𝒂𝒍 𝒚𝒐𝒖 𝒄𝒂𝒏 𝒕𝒓𝒖𝒔𝒕!


11/12/2025

ကင်ဆာဖြစ် နိုင်တဲ့ အချက်ကြီး (၃) ချက် 💁‍♀️

𝗗𝗿.𝗧𝗵𝗮𝗻𝗱𝗮𝗿 𝗠𝘆𝗶𝗻𝘁

𝑻𝒉𝒂𝒊𝒏𝒂𝒌𝒂𝒓𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 𝑴𝒚𝒂𝒏𝒎𝒂𝒓
𝑻𝒉𝒆 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 𝒀𝒐𝒖 𝑪𝒂𝒏 𝑻𝒓𝒖𝒔𝒕 !

゚

မနက်စာကို ဘာကြောင့်စားသင့်တာလဲ ?? လူတော်တော်များများက အလုပ်နောက်ကျလို့ရယ် ၊ အိပ်ယာထနောက်ကျတာကြောင့်ရယ် ၊ အကြောင်းအမျိုးမ...
09/12/2025

မနက်စာကို ဘာကြောင့်စားသင့်တာလဲ ??

လူတော်တော်များများက အလုပ်နောက်ကျလို့ရယ် ၊ အိပ်ယာထနောက်ကျတာကြောင့်ရယ် ၊ အကြောင်းအမျိုးမျိုးကြောင့် မနက်စာကို ကျော်သွားတတ်ကြပါတယ် ..

ဒါဆိုရင် မနက်စာမရှောင်သင့်တဲ့ အချက်တွေထဲက (၅) ချက်ကို ပြောပြပေးသွားမယ်နော် ။

၁) ဇီဝဖြစ်ပျက်မှုနဲ့ စွမ်းအင်ကို မြှင့်တင်ပေးတယ် ။
- မနက်စာက ညအိပ်စဉ် အစာမစားထားတဲ့ ခန္ဓာကိုယ်ကို glucose ပြန်ဖြည့်ပေးပြီး
Metabolism ကို စတင်လုပ်ဆောင်စေတဲ့အတွက် နေ့စဥ်လုပ်ငန်းတွေမှာ အားအင်မကုန်ခမ်းသွားဖို့ ကာကွယ်ပေးပါတယ် ။

၂) အသိဥာဏ်ကောင်းမွန်ဖို့ မြှင့်တင်ပေးတယ် ။
- မနက်စာစားသုံးခြင်းက မှတ်ဥာဏ်နဲ့အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး မနက်စာမစားတာ ကြာလာရင် စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို လျော့ကျစေပါတယ်။

၃) ကိုယ်အလေးချိန်ထိန်းချုပ်နိုင်စေတယ်။
- ကိုယ်အလေးချိန် ထိန်းနေတဲ့သူတွေက မနက်စာကို စားသင့်ပါတယ် ။ မနက်စာက ဗိုက်ပြည့်စေပြီး ဆာလောင်မှုကိုလည်း လျှော့ချပေးပါတယ် ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Fast food လိုမျိုး အစားစာရွေးချယ်မှု နဲ့ နေ့လယ်စာ (သို့) ညစာ အလွန်အကျွံစားသုံးခြင်းကို တားဆီးပေးပါတယ် ။

၄) Nutrient Intake မြှင့်တင်ပေးတယ်။
- မနက်စာ စားသုံးခြင်းက တစ်နေ့တာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် အမျှင်ဓာတ်များကို ပိုပြီး ပံ့ပိုးပေးပါတယ် ။

၅) ရောဂါဝင်ရောက်နိုင်ချေကို လျော့ချပေးတယ် ။
- မနက်စာစားခြင်းက အမျိုးအစား ၂ ဆီးချိုရောဂါ ၊ သွေးတိုး နဲ့ နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်ရှင် ။

ကဲ ဒါကြောင့် သင်က မနက်စာကို စားကျင့်ပျက်နေပြီဆိုရင် ပုံမှန်လေးပြန်စားဖို့ တိုက်တွန်းလိုက်ပါတယ်နော် ။

ကျန်းမာရေးနဲ့ပတ်သတ်ပြီး စစ်ဆေးကုသမှုများပြုလုပ်လိုပါက 09 407888865/09407888864 ကို ဆက်သွယ်နိုင်ပါတယ်ရှင် ။


#မနက်စာစားသုံးခြင်း

💮 ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်း အဖြစ်များဆုံး ကင်ဆာတစ်ခုဖြစ်တဲ့ ရင်သားကင်ဆာရဲ့ အဆင့်များကို မျှဝေလိုက်ပါတယ်။“ရင်သားကင်ဆာကို...
03/12/2025

💮 ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်း အဖြစ်များဆုံး ကင်ဆာတစ်ခုဖြစ်တဲ့ ရင်သားကင်ဆာရဲ့ အဆင့်များကို မျှဝေလိုက်ပါတယ်။

“ရင်သားကင်ဆာကို ယေဘုယျအားဖြင့် အဆင့် ၅ဆင့်” ခွဲခြားထားပါတယ်။

▪ Stage 0 (or) Ductal carcinoma insitu (DCIS)- ကင်ဆာအကျိတ်က ရင်သားတစ်သျှူးရဲ့အောက်ခြေအလွှာအထိရောက်နေပေမယ့် အပြင်ဖက်ကို ပျံ့နေခြင်း မရှိသေးဘူး
နောက် ငါးနှစ် အသက်ရှင်နိုင်ချေ ၉၉ % နီးပါးရှိပါတယ်။

▪ Stage 1 -ကင်ဆာက ရင်သားအောက်ခြေ တစ်သျှူးကိုဖောက်သွားပါပြီ၊ ချိုင်းမှာရှိတဲ့ ပြန်ရည်ကျိတ်တွေဆီကို တော့ မရောက်သေးပါဘူး၊၊ အကျိတ်အရွယ်အစားက ၂ စင်တီမီတာ ထမကြီးပါဘူး။
နောက် ငါးနှစ် အသက်ရှင်နိုင်ချေ- ၉၈ % နီးပါးရှိပါတယ်။

▪ Stage 2- အကျိတ်က ၂ စင်တီမီတာ ထက်မကြီးပေမယ့် ချိုင်းမှာ ရှိတဲ့ ပြန်ရည်ကျိတ်တွေဆီကို ပျံ့နေခြင်း (သို့)
- အကျိတ်က ချိုင်းမှာ ရှိတဲ့ ပြန်ရည်ကျိတ်တွေဆီကို မပျံ့သေးပေမယ့် ၂ စင်တီမီတာနဲ့ ၅ စင်တီမီတာ ကြား အရွယ်အစား ဖြစ်နေပါပြီ။ နောက် ငါးနှစ် အသက်ရှင်နိုင်ချေ- ၉၈ % နီးပါးရှိပါတယ်။

▪ Stage 3- အကျိတ်က ၅ စင်တီမီတာ ထက်ကြီးပြီး ချိုင်းမှာ ရှိတဲ့ ပြန်ရည်ကျိတ်တွေဆီကိုပျံ့နေပါပြီ။
နောက် ငါးနှစ် အသက်ရှင်နိုင်ချေ- ၈၄ % နီးပါးရှိပါတယ်။

▪ Stage 4- ရင်သားကင်ဆာနောက်ဆုံးအဆင့်ဖြစ်ပြီး အကျိတ်က အဆုတ်/ အရိုး/ အသည်း နဲ့ ဦးနှောက်တွေကို ပျံ့နှံ့နေပါပြီ။
နောက် ငါးနှစ် အသက်ရှင်နိုင်ချေ- ၂၄ % နီးပါးရှိပါတယ်။

ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာရော အမျိုးသားတွေမှာပါ ဖြစ်နိုင်တဲ့အပြင် “အသက်ငယ်တဲ့သူတွေမှာ”လဲ ဖြစ်နိုင်ပါတယ်။

ရင်သားကင်ဆာအစောပိုင်းလက္ခဏာတွေက သိသာမှုသိပ်မရှိတဲ့အတွက် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်မှ စောစီးစွာ ကုသမှုယူနိုင်ပြီးအသက်အန္တရာယ်မှလဲ လွတ်ကင်းနိုင်မှာဖြစ်ပါတယ်။

ရင်သားကင်ဆာစစ်ဆေးကုသမှုနဲ့ ပတ်သတ်သည်များ အသေးစိတ်သိရှိလိုပါက 09 407 8888 65/09 407 8888 64 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။




“မိဘတိုင်းသတိထားစရာ..ကလေးအတက်ရောဂါ” 👶အတက်ရောဂါဆိုတာ ဦးနှောက်ဆဲလ်တွေကနေ ပုံမှန်မဟုတ် လျှပ်စီးကြောင်းတွေ ထွက်ပေါ် လာတဲ့ ရ...
02/12/2025

“မိဘတိုင်းသတိထားစရာ..ကလေးအတက်ရောဂါ” 👶

အတက်ရောဂါဆိုတာ ဦးနှောက်ဆဲလ်တွေကနေ ပုံမှန်မဟုတ် လျှပ်စီးကြောင်းတွေ ထွက်ပေါ် လာတဲ့ ရောဂါတစ်ခုပါ။

ဘယ်လိုအကြောင်းရင်းတွေကြောင့် ဖြစ်တတ်လဲ??

✓ မျိုးရိုးဗီဇ
✓ မွေးရာပါ ဦးနှောက်ဖွဲ့စည်းမှုပုံမမှန်ခြင်း
✓ မွေးချိန်ကြာမြင့်ပြီး ဦးနှောက်သို့ အောက်စီဂျင် ပြတ်တောက်ခြင်း
✓ ဦး‌နှောက် အမှေးပါးရောင်ခြင်း
✓ ဦးနှောက်အကျိတ်ရှိခြင်း

ကလေးတွေမှာ တွေ့ရတဲ့ အတက်ရောဂါရဲ့ လက္ခဏာတွေက -
• ခန္ဓာကိုယ်တစ်ခုလုံး (သို့) ခြေထောက်/လက်တစ်ချောင်းပဲ တက်ခြင်းမျိုး ဖြစ်နိုင်သလို
• ရုတ်တရက်သတိလစ်သွားခြင်း
• တနေရာထဲကို စိုက်ကြည့်နေခြင်း
• လျှာထွက်ခြင်း/ လျှာကိုက်ခြင်း
• အသက်ရှုခဏရပ်ခြင်း မျိုးလဲ တွေ့ရနိုင်ပါတယ်။

⁎ အတက်ရောဂါလို့ သတ်မှတ်ဖို့ ရောဂါလက္ခဏာတွေကို ပဲကြည့်ပါတယ်။ ဦး‌နှောက်အာရုံကြောဆရာဝန်တွေက လိုအပ်လျှင် electroencephalogram (EEG) နဲ့ ဦးနှောက်ကို MRI or CT scan ရိုက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။

⁎ အတက်ကျဆေးများကတော့ အတက်ရောဂါအတွက် အဓိကကုထုံးဖြစ်ပါတယ်။ ဘယ်လိုအတက်ရောဂါမှာ ဘယ်လို‌ဆေးမျိုးပေးလဲ ဆိုတာတော့ ကွဲပြားမှုရှိပါတယ်။

⁎ အတက်ရောဂါကို သေချာမကုသလျှင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သင်ကြားမှုအပိုင်းကို ထိခိုက်နိုင်တဲ့အတွက် ကလေးဦးနှောက်နဲ့ အာရုံကြောဆရာများနဲ့ ပုံမှန်ပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။


“ဆီးသွားလျှင် သွေးပါခြင်း” ကပုံမှန်ပဲလား ? အန္တရာယ်များလား ?🩸သွေးပါတယ်ဆိုတာက ဆီးအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်ဆီးအိ...
27/11/2025

“ဆီးသွားလျှင် သွေးပါခြင်း” ကပုံမှန်ပဲလား ? အန္တရာယ်များလား ?

🩸သွေးပါတယ်ဆိုတာက ဆီးအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်

ဆီးအိမ်ကင်ဆာဆိုတာ ဆီးအိမ်နံရံမှာရှိတဲ့ဆဲလ်တွေ ပုံမမှန်ပွားများလာပြီး ကင်ဆာအသွင်ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ကုသမှု မလုပ်ရင် ဆီးအိမ်အတွင်းဖက်နဲ့ အခြားသော ဆီးလမ်းကြောင်း အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့သွားနိုင်ပါတယ်။

ဘာကြောင့်ဖြစ်စေနိုင်လဲ?

🟢 ဆေးလိပ်သောက်ခြင်း
🟢 မိသားစုမျိုးရိုးထဲတွင် ဆီးအိမ်ကင်ဆာရှိခြင်း
🟢 ရာဘာ၊ပလပ်စတစ်နဲ့ အဝတ်အထည်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းများနဲ့ ထိတွေ့ခြင်း
🟢 ပိုးဝင်ပြီး နာတာရှည် ဆီးအိမ်ယောင်ယမ်းခြင်း
🟢 ယခင်က ဆီးအိမ်အနီးနားတစ်ဝိုက်ကို ဓာတ်‌ရောင်ခြည်ပေး ကုသထားခြင်း

ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ?

🟥 ဆီးသွားရင် နာကျင်မှုမရှိပဲ သွေးပါခြင်း
🟥 မကြာခဏ ဆီးသွားခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးပူခြင်း
🟥 ဆီးစပ် (သို့) ခါးအနောက်ပိုင်းတွင် နာကျင်ခြင်း
🟥 ကိုယ်ခန္ဓာအလေးချိန် ကျဆင်းလာခြင်း

ဒါကြောင့် ဆီးထဲမှာသွေးပါရင် မပေါ့ဆသင့်ပါဘူး။ ဆီးနဲ့ ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ပြသပြီး

✓ ဆီးစစ်ခြင်း
✓ အာထရာဆောင်းရိုက်ခြင်း၊ (အကျိတ်တည်နေရာနဲ့ အရွယ်အစားအတွက်) ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
✓ ဆီးလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း တို့ဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။

အခုလိုမျိုး ဆီးအိမ်ကင်ဆာနဲ့ ပတ်သက်ပြီး စစ်ဆေးခြင်း၊ နောက်ဆုံးပေါ် ကုသခြင်းများကို ဘန်ကောက်မြို့ ထိုင်းနက္ကရင်ဆေးရုံကြီးမှာ ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ ပြသပြီး ကုသလို့ရပါပြီရှင် ။





Address

No 36/38, Alanpya Pagoda Street, Mingalar Taung Nyunt Township
Yangon

Alerts

Be the first to know and let us send you an email when Thainakarin Hospital - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thainakarin Hospital - Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram