Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင်

  • Home
  • Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင်

Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင် နှစ်ပေါင်း၃၀ကျော်ရပ်တည်လာသော မြောက်ဥက္ကလာဆေးရုံရှေ့မှ အောင်ငြိမ်းအေး ဆေးဆိုင်ဖြစ်ပါတယ်။

27/04/2025

🚨တန်ဖိုးကြီးတဲ့အသက်တွေ... ကာကွယ်ကြ/
စောင့်ရှောက်ကြပါ။
■■■■■■■■■■■■■■■■■■
💟Dr.Lamp-Lady

📣 ဒီလို အချိန် ရောက်လာပြီဆိုရင်ဖြင့် ->
ဒီလို စိုးရိမ်ပူပန် သတိပေးစကားတွေ ...
ရေးသားရတာ..အစဥ်အလာလို ဖြစ်နေငြား-
--------------------------------------
👉- အထူးအားဖြင့်- ယခုနှစ်မှာ- ယခုရက်သတ္တ
တပတ်အတွင်း ... ->

■💥"နေ" မှ -> ပြင်းထန်တဲ့ဆိုလာမီးတောက်များ
ကမ္ဘာမြေသို့- ထုတ်လွှတ်နိုင်ကြောင်း
နာဆာက ထုတ်ပြန်ထားပါတယ် - *

■"နေ့အပူချိန်များမှာ မနှစ်ကဧပြီလကုန်ပိုင်းထက်
ပိုမိုမြင့်ကာ တရိပ်ရိပ်မြင့်တက်နေရာ ...
အခုဧပြီလ(၂၆)ရက်နေ့မှ စတင်ပြီး..
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ ချင်းတွင်း
မြစ်ဝှမ်းဒေသများမှာ အပူချိန် ၄၂ ဒီဂရီအထိ
မြင့်တက်ဖွယ်ရှိနေတယ်လို့ သိရပါတယ် -။

💢အခုဧပြီ(၂၇)ရက်မှ- (၃၀)ရက်အတွင်း...
လက်ရှိအပူချိန်ထက်- (2-3)°C ပိုပူလာနိုင်
ကြောင်းနဲ့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း
လည်း ကြောက်ခမန်းလိလိ,မြင့်တက်နေ
ကြောင်း သိရှိရပါတယ်-။

📣 အသက်-ဥာဏ်စောင့်တာမို့ -
ဒါလေးများ... သတိထားပေးကြပါလို့ ->

● မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီအတွင်း..
အတတ်နိုင်ဆုံး- အပြင်မထွက်ပါနဲ့-။
လိုအပ်လို့-အပြင်ထွက်ရရင်လည်း...
အလွန်အေးတဲ့- Air con:ဖွင့်ထားတဲ့နေရာမှ-
ပူတဲ့​နေရာကို ရုတ်တရက်,ထွက်ခြင်း ရှောင်ပါ-။

● မဖြစ်မနေ- အပြင်ထွက်ရတဲ့အခါတိုင်း..

☆ ရေ ဝဝ,သောက်ပြီး ထွက်ပါ-

☆ ထီး၊ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ-

☆ တတ်နိုင်သမျှ- အရိပ်ရတဲ့နေရာမှ သွားပါ-

☆ အပူကိုအလွန်စုပ်ယူနိုင်တဲ့- အနက်/အနီရောင်
အဝတ်များနဲ့ တင်းကျပ်သော၊ပူသောအဝတ်များ
ဝတ်ခြင်းရှောင်ကြဥ်ပါ-

☆ အရောင်နုဖျော့သော- ချည်ထည်အဝတ်
ပွပွချောင်ချောင်သာ- ဝတ်ဆင်ပါ-

☆ ရေသောက်ဖို့ မမေ့ပါစေနဲ့နော်-

*[ရေသောက်ဖို့မေ့နေတတ်တာမို့- သတိထားပြီး၊
ရေ ခဏခဏ,သောက်ပါနော့်- ]*
ရေခဲရည်/အချိုရည်သောက်မယ့်အစား..
ပုံမှန်ရေသန့်သာ- သောက်ပါ-

☆ (အေးလွန်းခြင်း/ပူလွန်းခြင်းမဟုတ်သော-)
ပုံမှန်ရေသန့်- များများ,သောက်ပေးခြင်းဖြင့်-

* ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးရာမှာ-
အထောက်အကူဖြစ်စေတာကြောင့်-
ရေသောက်ဖို့မမေ့ကြပါနဲ့လို့.. ထပ်ခါထပ်ခါ,
အထူး,သတိပေးပါရစေ🥰

☆ ချွေးထွက်များရင် -> အုန်းစိမ်းရည်၊
ဓါတ်ဆားရည် သောက်ပေးသင့်ပါတယ် -

☆ အရက်သေစာသောက်စားခြင်းရှောင်ကြဥ်ပါ-

☆ မိမိနေထိုင်ရာနေရာမှာ -> အတတ်နိုင်ဆုံး,
အေးမြနေအောင်.. စီစဥ်ပြင်ဆင်ပါ-
ဥပမာ- (မိမိတို့အဆင်ပြေသလို..)
Air con: ,ပန်ကာ၊မီးပျက်တဲ့အခါ-ဆိုလာစံနစ်၊
ဘက်ထရီပန်ကာများ..စသဖြင့်စီစဥ်ထားရှိခြင်း၊
လေဝင်လေထွက်ကောင်းအောင်-
ပြတင်းပေါက်များ..ဖွင့်ထားခြင်း၊
ပတ်ဝန်းကျင်တခွင်တပြင်-ရေဖြန်းထားခြင်း၊
စိမ်းလန်းတဲ့-သစ်ပင်ပန်းပင်၊ပန်းအိုးများ
စိုက်ပျိုးထားရှိခြင်း...

● ဆီးချို၊သွေးတိုး၊နှလုံး၊ကျောက်ကပ်..စတဲ့
ရောဂါအခံရှိသူများ၊ အဝလွန်သူများ..နဲ့
သက်ကြီးရွယ်အိုများ၊ ကလေးငယ်များမှာ -
အပူဒဏ်ကြောင့် ပိုပြီးထိခိုက်နိုင်တာမို့-
အထူးဂရုစိုက်စေချင်ပါတယ် -။

● ကိုယ်ခန္ဓာအပူချိန်- အလွန်မြင့်တက်လာပြီး..
ခေါင်းမူးခေါင်းကိုက်၊ ပျို့ချင်အန်ချင်၊
အကြောတက်၊ မူးမေ့သတိလစ်..ဖြစ်လာတာနဲ့-
အပူရှပ်ခြင်း(Heat Stroke)အန္တရာယ်
အချက်ပေးသံမြည်လာတာမို့...အနီးဆုံးဆေးရုံ/
ဆေးခန်း၊ တတ်ကျွမ်းနားလည်တဲ့-ဆရာဝန်/
ဆရာမများထံ အမြန်ဆုံးပြသပြီး၊
စောင့်ရှောက်ကုသမှုခံယူသင့်ပါတယ်-။
အဲ့လိုလူနာများ...တွေ့ ခဲ့ပါကလည်း ->

*( တန်ဖိုးမဖြတ်နိုင်တဲ့-လူ့အသက်များ...
အလဟဿ,မဆုံးရှူံးရလေအောင်.. )
ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါလို့-
မေတ္တာရပ်ခံ တိုက်တွန်းပါရစေ-။

💖ချစ်ခြင်းမေတ္တာဖြင့်

ဤသတင်းလေးတင်ခွင့်ပြုပါ 🏥✨ကျွန်တော်တို့၏ သွားနှင့်ခံတွင်း ဆေးခန်းကို အကောင်းဆုံးနှင့် ပိုမိုအဆင်ပြေပြီး သန့်ရှင်းသော ဆေးခ...
08/04/2025

ဤသတင်းလေးတင်ခွင့်ပြုပါ 🏥✨

ကျွန်တော်တို့၏ သွားနှင့်ခံတွင်း ဆေးခန်းကို အကောင်းဆုံးနှင့် ပိုမိုအဆင်ပြေပြီး သန့်ရှင်းသော ဆေးခန်းပတ်ဝန်းကျင်အဖြင့် ပံ့ပိုးပေးနိုင်ရန် ပြုပြင်ပြောင်းလဲနေပါတယ်ခင်ဗျ
Renovation လုပ်ငန်းဆောင်ရွက်မှုများအတွင်း
April 2နေ့မှ April 24နေ့ထိ ဆေးခန်းပိတ်ထားမည်ဖြစ်ပြီး တစုံတခုမေးမြန်းရန်ရှိပါက ဆေးခန်း
Hotline : 09751365967 သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
ကျေးဇူးအထူးတင်ပါသည်။ 🙏

အောင်ငြိမ်းအေး သွားနှင့်ခံတွင်းဆေးခန်း
အမှတ်(ဃ/၄၄၃)၊မေဓါဝီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်။မြောက်ဥက္ကလာပဆေးရုံကြီးရှေ့။

04/03/2025
Celebrate new beginnings with love and laughter. Happy New Year! 🎉💕🏥အောင်ငြိမ်းအေး ဆေးဆိုင်🏥🚑ဃ/၄၄၄၊ မေဓါဝီလမ်း၊ မြောက်ဥက...
31/12/2024

Celebrate new beginnings with love and laughter. Happy New Year! 🎉💕

🏥အောင်ငြိမ်းအေး ဆေးဆိုင်🏥
🚑ဃ/၄၄၄၊ မေဓါဝီလမ်း၊ မြောက်ဥက္ကလာပ၊ ရန်ကုန်။
မြောက်ဥက္ကလာပဆေးရုံကြီးရှေ့။
☎️09401621483

18/12/2024

⚠️ Norovirus Alert ⚠️

Outbreak in Thailand is Reported.

အရမ်းလည်း စိတ်မပူပါ နဲ့ဆိုသလို
ပေါ့လည်း မပေါ့ကြစေလို။

တရုတ်နိုင်ငံက စတင် ခဲ့ တဲ့ အစာအိမ် အူလမ်းကြောင်း Virus ပိုး Norovirus ဟာ ထိုင်းနိုင်ငံ ကို ရောက်ရှိနေပြီး ပတ္တရားနား က Rayong ဘက်မှာ လူပေါင်း (၁၄၀၀) ကျော် ကူးစက် ခံ ထား ရတယ် လို့
ထိုင်းကျန်းမာရေးဌာန က မနေ့ က အတည်ပြု ထုတ်ပြန် ခဲ့ ပါတယ်။

Norovirus ကို Winter Virus (သို့) ဆောင်းရာသီ မှာ ဖြစ်တတ်တဲ့ အစာအိမ်အူလမ်းကြောင်း ရောဂါ တမျိုးလို့ ခေါ်တွင်ကြပြီး ကမ္ဘာနဲ့ အဝှမ်း ပြန့်နှံ့တတ်သော ရောဂါ တမျိုးဖြစ်ပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်း ယောင်ယမ်းခြင်း ကို အဓိက ဖြစ်စေပါတယ်။

ကလေးသူငယ်များ နဲ့ အသက်အရွယိကြီးသူ များမှာ ပြင်းထန် ရေဓါတ်ခမ်းခြောက်ခြင်းကို ခံစားရနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်း ရောဂါ ပိုးဖြစ်၍ မသန့်ရှင်းသော ရေ၊ အစားအသောက် မှ ကူးစက်ပါတယ် ။
Virus ထိ တွေ့ထားတဲ့ မျက်နှာ ပြင်များကို ထိတွေ့ ကိုင်တွယ်မိပြီး ကိုင်တွယ်ထားသော လက်နဲ့ အစားအသောက်ပြင်ဆင် စားသောက်တဲ့အခါ ကူးစက်ပါတယ်။

အဖြစ်များ သော ရောဂါ လက္ခဏာများ

1️⃣ ဝမ်းလျှော

2️⃣ အန်

3️⃣ ဝမ်းဗိုက်ရစ်၍ နာကျင်ခြင်း

4️⃣ ချမ်းတုန် ဖျားခြင်း

5️⃣ကြွက်သား နာကျင် ကိုက်ခဲခြင်း

6️⃣ ပင်ပန်းနွမ်းနယ်ခြင်း

Virus ပိုးဖြစ်၍ ကုသ နိုင်တဲ့ ပိုးသတ်ဆေးဝါးမရှိသော်လည်း ရောဂါလက္ခဏာ အလိုက် သက်သာစေရန် ကုသခြင်းဖြင့် ရေဓါတ် ဆုံးရှူံးမှုကြောင့် အသက်သေဆုံး ရခြင်းမှ ကာကွယ်နိုင်ပါတယ်။

ဘယ်လို ကာကွယ်ရမလည်း??

အစားအသောက်ကို ကျက်အောင် ချက်ပြုတ်စားပါ

Norovirus ဟာ အရက်ပြန် ကို ခံနိုင်ရည်ရှိလို့ လက်ကို ဆပ်ပြာ နဲ့ ရေနဲ့ အသုံးပြု၍ မကြာခဏ ဆေးပါ။

Street food များ ကို တတ်နိုင်သလောက် ရှောင်ပါ။

⛑️ FIRST AID MEASURES ⛑️

ဖြစ်လာခဲ့လျင် ဘာလုပ်ရမလည်း???

1️⃣ ရေဓါတ် ဖြည့်တင်းပါ၊ ဓါတ်ဆားရည် အစရှိတဲ့ ရေဓါတ်ဖြည့် အရည် များသောက်သုံး၍ ရေဓါတ်ဖြည့်တင်းပါ

2️⃣ အာဟာရ ရှိအောင် မျှတ စွာ စားပါ။
ကျက်အောင် ချက်စားပါ။

3️⃣အနားယူပါ၊

4️⃣ အိမ်သာသုံးပြီးတိုင်း နှင့် အစာမစားခင် လက်ကိုဆပ်ပြာနဲ့ ရေအသုံးပြု၍ စက္ကန့် (၂၀) ကျော် သည်အထိ ဆေးကြောပါ။

5️⃣ မိမိ မှာ သံသယ လက္ခဏာများ ခံစားနေရပါလျင် အခြားမိသားစုဝင်များအတွက် အစားအသောက် ပြင်ဆင်ခြင်း လုံးဝ မပြုလုပ်သင့်ပါ။

☣️ DANGER SIGNS ☣️

ဘယ်အချိန် မှာ ဆရာဝန် ၊ ဆေးရုံဆေးခန်းကို အချိန်မှီ ဆက်သွယ်ရမလည်း??

1️⃣ (3) ရက်ထက် ပို၍ ခံစားနေရလျှင်

2️⃣ စားသမျှ သောက်သမျှ အကုန် ပြန် အန် နေလျင်

3️⃣ ပြင်းထန်စွာ ဝမ်းဗိုက်နာလျင်

4️⃣ *ရေငတ် ( Extreme Thirst )

*ဆီးမထွက် ( Reduced Urine )

*မျက်တွင်း ဟောက်ပက် ( Sunken eyes )

*သတိ မ ကပ် ( Confusion )

*နှုန်း ချိ ပျော့ခွေ ( Weakness & lethargy)

*အဖျားတက် နေ ( Fever )

စတဲ့ ပြင်းထန် ရေဓါတ်ခမ်းခြောက်ခြင်း၏ လက္ခဏာများ ရှိပါက

နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း တွင်ပြသ၍ ကုသမှု ခံယူပါ။

Thomas (Dr.)
Department of Medical Affair
International Medical Consultant

ကိုးကား;
CDC
World Health Organization
Mayo Clinic
NHS Inform

Photo credit to original owner.

02/11/2024

#ဖုန်းပျောက်
#ဖုန်းအခိုးခံရ

ယနေ့ ၂/၁၁/၂၀၂၄ နေ့ညနေ ၆နာရီခန့်စ၍

အောင်ငြိမ်းအေးဆေးဆိုင်ဖုန်း 09-401621483မှာ အခိုးခံလိုက်ရပါသဖြင့်
ဆိုင် fb page နှင့် ဖြစ်စေ
ဆိုင် ဖုန်းနံပါတ်နှင့်ဖြစ်စေ
viber/Telegram မှဖြစ်စေ
Kpay /Wave money များမှဖြစ်စေ
ငွေကြေးဆိုင်ရာကိစ္စရပ်များ
အခြားမည်သည့်ကိစ္စ အရှုပ်အရှင်းများမဆို ကြုံလာပါက
အောင်ငြိမ်းအေးဆေးဆိုင် နှင့် လုံးဝမသက်ဆိုင်ပါကြောင်း အသိပေးအပ်ပါတယ်ရှင့် 😞😞

#ဖုန်းပျောက်
#ဖုန်းခိုးခံရ

17/10/2024

ယနေ့ကျရောက်သော ၁၃၈၆ ခုနှစ်
ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမလေးမှာ မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ ကျန်းမာချမ်းသာ၍ စီးပွါးလာဘ်လာများ တိုးတက်ကောင်းမွန်ပြီး သာယာပျော်ရွှင်ဖွယ်ရက်ကောင်းရက်မြတ်ဖြစ်ပါစေကြောင်း အောင်ငြိမ်အေး မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်

အောင်ငြိမ်းအေး သွားနှင့်ခံတွင်းဆေးခန်း
———————————————————
🏠 အမှတ်(ဃ/၄၄၃)၊မေဓါဝီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်။မြောက်ဥက္ကလာပဆေးရုံကြီးရှေ့။
☎️ 09751365967
⏰ နေ့စဉ်ပိတ်ရက်မရှိ။

အောင်ငြိမ်းအေး ဆေးဆိုင်
——————————————-
🏥 ဃ/၄၄၄၊ မေဓါဝီလမ်း၊ မြောက်ဥက္ကလာပ၊ ရန်ကုန်။မြောက်ဥက္ကလာဆေးရုံကြီးရှေ့။
☎️09401621483
လက်လီလက်ကားမှာယူရရှိနိုင်သည်။

၁၃၈၅-၁၃၈၆ မြန်မာ့နှစ်သစ်ကူးမဟာသကြင်္န် နှစ်ဆန်း ၂ရက်နေ့ မှစတင်၍ပုံမှန်အတိုင်းပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ခ...
17/04/2024

၁၃၈၅-၁၃၈၆ မြန်မာ့နှစ်သစ်ကူး
မဟာသကြင်္န် နှစ်ဆန်း ၂ရက်နေ့ မှစတင်၍ပုံမှန်အတိုင်းပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း
နှင့် ချစ်ခင်အားပေးဝယ်ယူသူ မိတ်ဆွေများလည်း
နှစ်သစ်မှာ ဘေးဘယာကင်းကွာပြီး ကျန်းမာရွှင်လန်းကြပါစေလို့ အောင်ငြိမ်းအေးမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏

🏥အောင်ငြိမ်းအေး ဆေးဆိုင်
🚑ဃ/၄၄၄၊ မေဓါဝီလမ်း၊ မြောက်ဥက္ကလာပ၊ ရန်ကုန်။
မြောက်ဥက္ကလာဆေးရုံကြီးရှေ့။
☎️09401621483

17/04/2024

🤔စိတ်ပူပင်သောက ကိုဘယ်လိုလျှော့ချမလဲ...

📌ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ (၂၀၁၉) စစ်တမ်းအရ ကမ္ဘာ့လူဦးရေရဲ့ (၃၀၁) သန်းသည် စိတ်ပူပင်သောကများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

🥲စိတ်ပူပင်သောကများခြင်းကြောင့် အိပ်ရေးပျက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ လူမှုဆက်ဆံရေးနှင့် လုပ်ငန်းခွင်အဆင်မပြေမှုများရင်ဆိုင်ရပါတယ်။

🥲ပူပင်သောကစိတ်ဆိုးရွားလာသည်နှင့်အမျှ စိတ်ဓါတ်ကျခြင်း၊ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းများပြုလုပ်သည်အထိ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ပါတယ်။

🚶ဒီလိုဆိုးကျိုးများကိုလျှော့ချဖို့ဆိုရင် ကျန်းမာရေးနှင့်သင့်တော်သောအနေအထိုင်၊ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု (ဥပမာ - တစ်နေ့ ၁၀ မိနစ်ခန့် လမ်းလျှောက်ခြင်း၊ ယောဂကစားခြင်း၊ ရေကူးခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း) စသည့်ကိုယ်ကာယဆိုင်ရာအလေ့အထများသည် ကိုယ်ခန္ဓာတည်ဆောက်မှုကိုကောင်းမွန်စေတဲ့အပြင် စိတ်ပူပန်သောကများကိုပါ လျှော့ချပေးနိုင်ပါတယ်။

📌မိမိတို့ကိုးကွယ်သည့် ဘာသာအလိုက်တရားနာခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလုပ်ခြင်းအားဖြင့် စိတ်ကိုတည်ငြိမ်စေပြီး မှန်ကန်သောဆုံးဖြတ်ချက်များကိုချနိုင်မှာဖြစ်သလို မိမိတို့ဝါသနာပါရာအလုပ်များဖြစ်သော စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ခရီးထွက်ခြင်းတို့သည်လဲ စိတ်ကိုအေးချမ်းစေတဲ့အပြင် အကောင်းမြင်စိတ်ကိုဖြစ်ပေါ်စေတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ပိုတိုးစေမှာ ဖြစ်ပါတယ်။

📌မိမိတစ်ယောက်တည်းအချိန်ကုန်ဆုံးခြင်းထက် မိသားစု၊ သူငယ်ချင်းများနဲ့အတူအချိန်ပေးတွေ့ဆုံခြင်း၊ ပျော်ရွှင်စရာ ရှေးဟောင်းနှောင်းဖြစ်များအကြောင်းပြောခြင်း၊ မိမိခံစားချက်များကိုရင်ဖွင့်ခြင်း၊ အနာဂတ်အတွက်တိုင်ပင်ခြင်း တို့သည် စိတ်ပူပင်သောကများကိုလျှော့ချ‌ပေးနိုင်ပါတယ်။

📌ဒီအပြင် စိတ်သောကကိုပိုဆိုးစေသော အရက်သေစာသောက်သုံးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးခြင်း၊ တားမြစ်ဆေးဝါးများသုံးစွဲခြင်း၊ ကော်ဖီအလွန်အကျွံသောက်သုံးခြင်း တို့ကိုလည်း ရှောင်ရှားရမှာဖြစ်ပါတယ်။

👨‍⚕️မိမိ၏ပူပင်သောကစိတ်များဆိုးရွားလာပြီး စိတ်ကျခြင်းများဖြစ်ပေါ်လာတယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီး လိုအပ်သောဆေးကုသမှုကို ခံယူသင့်ပါတယ်။

💊ယခုကျန်းမာရေးအစီအစဥ်ကို 𝗩𝗶𝗯𝗿𝗮𝗻 အဆင့်မြင့်သဘာဝအားတိုးဆေးမှ ကျန်းမာရေးဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး တင်ဆက်ထားခြင်း ဖြစ်ပါတယ်။

𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲𝘀
Anon., 2022. United Healthcare. [Online]
Available at: https://www.uhc.com/news-articles/healthy-living/coping-with-anxiety-depression

Anon., 2022. World Health Organization. [Online]
Available at: https://www.who.int/news-room/fact-sheets/detail/mental-disorders/?gad_source=1&gclid=Cj0KCQjwqpSwBhClARIsADlZ_Tl_Hm1DoKVd741ncYoAeIP6uM6nN3tt6wkal92Rxfo7nF1LaidWInUaAoXIEALw_wcB

Washington, N., 2024. Healthline. [Online]
Available at: https://www.healthline.com/health/natural-ways-to-reduce-anxiety
[Accessed 13 March 2024].

05/04/2024

😂😂

Happy New Year 2024 !!!!!!
31/12/2023

Happy New Year 2024 !!!!!!

Address


Telephone

+959401621483

Website

Alerts

Be the first to know and let us send you an email when Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင်:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram