02/06/2024
✅ခါးနာခြင်း အကြောင်းများနှင့် ကုသနည်းများ
ခါးနာတယ်ဆိုတာ လူတိုင်းနီးပါးကြုံတွေ့ရတဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။လူလတ်ပိုင်းအရွယ် ၈၀%လောက်ဟာ သူတို့တစ်သက်တာမှာ ခါးနာမှုကို တစ်ကြိမ်တော့ခံစားဖူးကြပါတယ်။
ခါးနာတယ်ဆိုတာက ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်ထိ အားလုံးခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။နေ့စဥ်သွားလာမှုတွေလုပ်ရင်းနဲ့ကို ခါးနာတာက အမှတ်မထင်ခံစားရနိုင်ပါတယ်။
✅ဘာတွေကများ ခါးနာစေတာလဲ?
ခါးနာစေနိုင်တဲ့အကြောင်းအရင်းများကတော့ အများကြီးပါ.....
#အလေးအပင်မတာ
#ရုတ်တရက် အထိုင်အထလုပ်မိတာ
#ကိုယ်နေဟန်ထား မမှန်တာ
#ပြုတ်ကျတာ
#ချော်လဲတာ
#လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာ
#မတော်တဆ ထိခိုက်မိတာ
#အဆစ်ရောင်နာ
#အရိုးပြားတာ
#အရိုးကြောညပ်တာ
#အာရုံကြောညပ်တာ
#ကြွက်သားရောင်တာ
#ကျောက်ကပ်ရောဂါ စတဲ့ပြဿနာအမျိုးမျိုးကြောင့် ခါးနာတာကိုခံစားရနိုင်ပါတယ်။
✅ခါးနာတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ခါးနာတဲ့အခါ...
#ရေသောက်တာ
#ရေနွေးအိပ်ကပ်တာ
#ရေခဲဝတ်ကပ်တာ
#နှိပ်နယ်ပေးတာ
#ဆေးလိမ်းတာ
#လေ့ကျင့်ခန်းလုပ်တာ
#အနားယူတာမျိုးတွေ လုပ်ပေးရပါမယ်။ဒီလိုလုပ်ဆောင်မှုနဲ့အတူ ၃ရက်အကြာမှာ ခါးနာတာသက်သာသွားမယ်ဆိုရင် ဒါကရိုးရိုးခါးနာတာပါ...
✅ဘယ်အခြေအနေဆိုစိုးရိမ်ရမလဲ?
တကယ်လို့အပေါ်မှာပြောသလိုတွေလုပ်ဆောင်တယ်။ဒါပေမယ့် ၃ရက်ကျော်တဲ့အထိ ခါးနာတာမသက်သာဘူး။ခါးနာတာမသက်သာတာနဲ့အတူ ဒီလိုတွေခံစားရမယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူဖို့ လိုနေပါပြီ။
#ခါးထဲကစူးကနဲ့နာကျင်မယ် ဒါကကြွက်သား ဒါမှမဟုတ် အရွတ်စုတ်ပြဲတာဖြစ်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်တာကတော့ ကိုယ်တွင်းအဂ်ါတစ်ခုခုမှာ ရောဂါခံစားနေရတာပါ။
#ခါးထဲကနေအနှံမှာ တဆစ်ဆစ်နာမယ် နာကျင်မှုနေရာစုံကိုရွေ့နေမယ် ခြေလက်တွေထဲအထိ နာကျင်မယ်ဆိုရင်တော့ အာရုံကြောညပ်နေတာဖြစ်နိုင်ပါတယ်။
#ခါးနာရင်းက ခြေထောက်တွေထဲအားမရှိသလို ခံစားရမယ် ခါးထဲကနေ နာတဲ့အခါ ခြေထောက်တွေပါနာလာတာ ခြေထောက်တွေထဲအားမရှိသလိုခံစားရတာက အာရုံကြောဖိမိနေတာ တင်ပါးဆုံက အာရုံကြောတွေ ညပ်နေတာမျိုးဖြစ်နိုင်ပါတယ်။
#ဆီးဝမ်းမနိုင်တာမျိုးဖြစ်မယ်
ခါးနာတာက ခါးတင်နာတာမဟုတ်ဘဲ ဆီးတွေဝမ်းတွေကို မထိန်းနိုင်တဲ့အထိဖြစ်နေတာဆိုရင် အာရုံကြောပျက်စီးနေတာ ကြောရိုးမကြီးပိုးဝင်နေတာ ဦးနှောက်အမြှေးရောင်နေတာတွေကို ဖြစ်နိုင်ပါတယ်။
#ပေါင်ရင်းကထုံနေတာ (သို့)တဆစ်ဆစ်စူးပြီး နာမယ် ခါးနာတာက ပေါင်ခြံ ဒါမှမဟုတ် ပေါင်ရင်းကထုံနေမယ် ဒါမှမဟုတ် တဆစ်ဆစ်စူးပြီး နာနေမယ်ဆိုရင် အာရုံကြောပြင်းပြင်းထန်ထန် ထိခိုက်တာဖြစ်နိုင်သလို ကျောရိုးမကြီး ထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။
#ခါးနာတာက အဆိုးရွားဆုံးအနေနဲ့ အောက်ပိုင်းသေသွားတာမျိုးထိ ဖြစ်စေနိုင်တာကြောင့် သေချာလေးဂရုစိုက်စေချင်ပါတယ်။
#အထိုင်အထခက်ခဲခြင်း #အရိုးပွ #လေးဘက်နာ #ကျီးပေါင်း #ဂေါက် #ဒူးနာ #ခါးနာ #အရိုးအဆစ်ဝေဒနားများအတွက်အကောင်းဆုံး #စေတနာဖြင့်ပြန်လည်မျှဝေပါသည် #အားလုံးပဲကျန်းမာချမ်းသာကြပါစေ #ကျန်းမာရေးနဲ့ပက်သက်တဲ့ဗဟုသုတများကိုမျှဝေပေးနေတာဖြစ်တဲ့အတွက်pageကိုlike follow & Shareလေးလုပ်ပေးသွားအုန်းနော်🥰