08/04/2024
♦ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး♦
-------------------------------------------------------------
►လိပ်ခေါင်းရောဂါက ကျား၊မ မရွေးဖြစ်ပွားနိုင်ပြီး လူသိများတဲ့ ရောဂါတစ်ခုပါ။ Hemorrhoids လို့ ခေါ်တဲ့ ဒီရောဂါဖြစ်တာကို ရှက်စရာလို့ လူတစ်ချို့က ရှုမြင်တတ်ကြပါတယ်။ ရောဂါဖြစ်မှာကို ကြောက်ကြပေမယ့် ဘာကြောင့်ရောဂါဖြစ်နိုင်တယ်၊ ဘယ်လိုလက္ခဏာတွေ ပြသတတ်တယ်ဆိုတာမျိုးကိုတောင်မှ မသိချင်တတ်ကြပါဘူး။
💠ရောဂါဖြစ်လာရင် ဆရာဝန်ကို တင်ပါးလှန်ပြရပြီး နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးရလေ့ရှိတယ်ဆိုတာနဲ့တင် အလွန်ရှက်စရာကောင်းတဲ့ကိစ္စလို့ ထင်မြင်ယူဆသွားကြတာပါ။
🔶တကယ်တော့ လိင်ခေါင်းရောဂါဆိုတာက စအို ဒါမှမဟုတ် အူမကြီးရဲ့ အောက်ဘက်က သွေးပြန်ကြောတွေ ရောင်ရမ်းတဲ့ဝေဒနာဖြစ်ပါတယ်။ မဖြစ်ချင်ဘူးလို့ ဆိုပင်ဆိုငြားသော်လည်းပဲ အသက် ၅၀ ကျော်လူကြီးတွေရဲ့ ၅၀% လောက်ဟာ လိပ်ခေါင်းဝေဒနာ ခံစားနေရတတ်ပါတယ်။
🔴ဒီတော့ အသက်ကြီးလာရင် မဖြစ်ချင်လည်း ဖြစ်နိုင်ခြေ ၅၀% ရှိတယ်ဆိုတဲ့ သဘောမျိုးပါ။ ဒီလိုဆိုရင်တော့ဖြင့် ရောဂါကိုဖြစ်စေနိုင်တဲ့ ဝေဒနာတွေကို သိရှိထားဖို့ လိုအပ်လာပါတယ်။ လိပ်ခေါင်းဖြစ်ရတာဟာ အထိုင်များတာ၊ ဝမ်းသွားရာမှာ စနစ်မကျတာနဲ့ အသက်အရွယ်တွေကြောင့်ပါပဲ။
🟣လိပ်ခေါင်းရောဂါဟာ ပြင်းထန်ဆိုးရွားတဲ့ရောဂါမျိုးမဟုတ်ပါဘူး။ လူ့သဘာဝအရ ဖြစ်တတ်ပေမယ့် ကူးစက်နိုင်စွမ်းလည်းမရှိပါဘူး။ ဒီအတိုင်းကျန်းမာအောင်နေရင်း အလိုလိုတောင် ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးပါ။ ကုသနိုင်တဲ့ ဆေးဝါးတွေကလည်း အလွယ်တကူရရှိနေပါပြီ။
🟢ဒါပေမယ့် ကိုယ့်မှာလိပ်ခေါင်း ရှိနေမနေကိုတော့ စောလျင်စွာ သိရှိထားဖို့ လိုအပ်ပါတယ်။ ရောဂါဝေဒနာဆိုတာမျိုးက အချိန်ကြာလေလေ ပိုဆိုးရွားလေလေ ဖြစ်သွားနိုင်တယ်မဟုတ်လား။
🔸ခုဖော်ပြပေးမယ့်အချက်တွေကတော့ အဖြစ်များပြီး ရုတ်တရက်ဆိုရင် လိပ်ခေါင်းလက္ခဏာမှန်း သတိမမူမိတတ်ကြတဲ့ ရောဂါလက္ခဏာ ၇ မျိုးအကြောင်းပါ။ ဒါတွေကတော့
🔘စအိုဝ ယားယံတာ
စအိုဝယားယံတာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့် လိပ်ခေါင်းဝေဒနာကြောင့် ပိုဖြစ်နိုင်ပါတယ်။ သိသိသာသာ သတိမထားမိကြပေမယ့် လိပ်ခေါင်းရောဂါသည်တွေရဲ့ အဖြစ်အများဆုံး လက္ခဏာလို့ဆိုလို့ရပါတယ်။
🔘မနာကျင်ပဲ သွေးယိုစီးတာ
အတွင်းလိပ်ခေါင်းသမားတွေ ကြုံရတတ်တဲ့ ပြဿနာပါ။ အတွင်းလိပ်ခေါင်းဟာ အူမကြီးအောက်ပိုင်းဝန်းကျင်မှာဖြစ်လေ့ရှိပြီးတော့ စအိုကနေတဆင့် မနာကျင်ပဲနဲ့ သွေးယိုစီးတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အတွင်းလိပ်ခေါင်းဆိုတာ သိနိုင်ပါတယ်။
🔘စအိုဝကို သန့်စင်အောင်ထားဖို့ ခက်လွန်းနေတာ
ကိုယ့်ရဲ့ စအိုဝကိုတော့ ကိုယ်တိုင်မမြင်တွေ့နိုင်ကြဘူးပေါ့။ ဒါပေမယ့် သန့်ရှင်းတယ်၊ မသန့်ရှင်းဘူးဆိုတာကို ကိုယ်တိုင် ခံစားမိတတ်ကြပါတယ်။ စနစ်တကျသန့်စင်ပေမယ့် သန့်စင်တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးမရပဲ မကြာခဏညစ်ပတ်နေတယ်၊ စိုတိုတိုခံစားမိတယ်ဆိုရင်တော့ လိပ်ခေါင်းဆိုတာ သေချာပါပြီ။
🔘အတွင်းခံတွေ ညစ်ပေနေတတ်တာ
စအိုကနေ ယိုစိမ့်လာတဲ့ အညစ်အကြေးတွေကြောင့် အတွင်းခံတွေဟာ အမြဲတစေ စွန်းနေတာတွေ၊ အနံ့ဆိုးစွဲထင်နေတာတွေဖြစ်နေတယ်ဆိုရင် လိပ်ခေါင်းလက္ခဏာဖြစ်နိုင်ပါတယ်။ လိပ်ခေါင်းဝေဒနာရှိနေရင် စအိုဝကို ပြည့်ပြည့်ဝဝမပိတ်ထားနိုင်တာကြောင့် ခုလိုဖြစ်ရတာပါ။
🔘ဝမ်းမကြာခဏ ချုပ်တာ၊ အိမ်သာတက်တိုင်း စိတ်ကျေနပ်မှုမရတာ
လိပ်ခေါင်း ဝေဒနာရှိတဲ့သူအများစုမှာ ဝမ်းမကြာခဏချုပ်တာ၊ ဒါမှမဟုတ် ကာလရှည်ဝမ်းချုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ဝမ်းသွားတိုင်း အားရတယ်လို့မခံစားရပဲ ဝမ်းထဲမှာ စားကြွင်းစားကျန်တွေ ရှိနေသေးတယ်ဆိုတဲ့ ခံစားချက်မျိုး ရနေတာပါပဲ။
🔘စအိုဝ ရောင်ရမ်းနာကျင်တာ
စအိုထိပ်ဝနေရာ ပတ်ပတ်လည်မှာ ရောင်ရမ်းတာ၊ နာကျင်နေတာမျိုးတွေ ဖြစ်လာခဲ့ရင်လည်း လိပ်ခေါင်းလက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဒီလိုလက္ခဏာမျိုးက ဘဝတစ်လျှောက်လုံး အိမ်သာကို အကြာကြီးတက်တာမျိုး၊ အိမ်သာတက်ချင်စိတ်ကို ချုပ်တည်းထားတာမျိုး မကြာခပြုလုပ်တတ်သူတွေမှာ အဖြစ်များပါတယ်။
🔘အသားပိုတွေ ထွက်လာတာ
စအိုနဲ့ အနီးအနားမှာ အသားပိုတွေ ထွက်လာရင်တော့ လိပ်ခေါင်းဆိုတာ သေချာနေပါပြီ။ တချို့က ဒီလက္ခဏာမျိုးကို အရေပြားရောဂါတစ်စုံတစ်ရာအဖြစ် အမှတ်မှားတတ်ကြပါတယ်။တကယ်တမ်းက လိပ်ခေါင်းရောဂါရဲ့ လူသိနည်းတဲ့ လက္ခဏာတစ်ရပ်သာဖြစ်ပါတယ်။
လိပ်ခေါင်းရောဂါ ချက်ချင်းပျောက်ကင်းချင်ရင် => ဂျပန်နည်းပညာ HOMOSTOP သောက်ပါ။
အောက်ပါကဲ့သို့သော ပြဿနာများကို ချက်ချင်းဖြေရှင်းပါ။
👉သွေးဝမ်းများ
👉 စအိုနာခြင်း။
👉 စအိုကွဲခြင်း။
👉 အတွင်းလိပ်ခေါင်းများ - ပြင်ပလိပ်ခေါင်းများ - ရောစပ်လိပ်ခေါင်းများ
💥 ပထမဆုံးဝယ်ယူသူများအတွက် အထူးလျှော့စျေးများ
=> 50% လျှော့စျေး နှင့် ယနေ့ အခမဲ့ ပို့ဆောင်ပေးပါတယ်!!!
ချက်ခြင်းတိုင်ပင်ဆွေးနွေးဖို့အတွက် သင့်ဖုန်းနံပတ်ကို အောက်တွင်ထားခဲ့ပါ။