Milk and Motherhood

Milk and Motherhood Welcome to “Milk and Motherhood”, a nurturing hub dedicated to supporting and empowering mothers.

လုပ်စရာတွေများလို့ ဒီမှာမကြော်ငြာဖြစ်ပေမဲ့ consultation နဲ့ private class တွေ ဆက်ရှိပါတယ်။ ဘာလို့ဆက်ရှိရလဲဆိုတော့ မရရအော...
23/10/2024

လုပ်စရာတွေများလို့ ဒီမှာမကြော်ငြာဖြစ်ပေမဲ့ consultation နဲ့ private class တွေ ဆက်ရှိပါတယ်။ ဘာလို့ဆက်ရှိရလဲဆိုတော့ မရရအောင် လာရှာပြီးဆက်သွယ်ဆွေးနွေးကြ၊ သင်တန်းလာတက်ကြလို့ပါ။ တခါတလေ ပင်ပန်းပေမဲ့ ပုံထဲက ကလေးလေးတွေနဲ့ မေမေတို့ရဲ့ အပျော်တွေကနေ အားတွေ အများကြီး ဖြစ်ရပါတယ်။ ❤️



August 1st မှ August 7th အထိ ကမ္ဘာတစ်ဝှမ်းမှာ မိခင်နို့တိုက်ကျွေးတဲ့ မေမေတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် World Breastfee...
04/08/2024

August 1st မှ August 7th အထိ ကမ္ဘာတစ်ဝှမ်းမှာ မိခင်နို့တိုက်ကျွေးတဲ့ မေမေတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် World Breastfeeding Week ကို ကျင်းပကြပါတယ်။

𝐌𝐢𝐥𝐤 𝐚𝐧𝐝 𝐌𝐨𝐭𝐡𝐞𝐫𝐡𝐨𝐨𝐝 မှလဲ မေမေတို့ကို Happy World Breastfeeding Week ပါလို့ နှုတ်ဆက်ရင်း အခက်အခဲတွေအမျိုးမျိုးကနေ ကြိုးစားပြီး မိခင်နို့ချိုကို တစ်စက်နှစ်စက်ကအစ ပမာဏအမျိုးမျိုး အခြေအနေအရ ရအောင်ကြိုးစားတိုက်ကြတဲ့ မေမေတို့အားလုံးအတွက် အထူးပဲဂုဏ်ယူဂုဏ်ပြုပါတယ်ရှင်။

𝐌𝐢𝐥𝐤 𝐚𝐧𝐝 𝐌𝐨𝐭𝐡𝐞𝐫𝐡𝐨𝐨𝐝 မှ World Breastfeeding Week ကို ဂုဏ်ပြုတဲ့အနေနဲ့ မိခင်နို့တိုက်ကျွေးဖို့အခက်အခဲရှိခဲ့ရင် 7th August 2024 အထိ comment (သို့) messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ အားလပ်တဲ့အချိန်မှာ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မေတ္တာဖြင့် ဆွေးနွေးအကြံဉာဏ်ပေးပေးပါမယ်ရှင်။ ☺️

ဒီနေ့ သင်တန်းလေးပြီးသွားပါပြီ။ ခုခေတ်မေမေဖေဖေတွေ အရမ်းတော်ကြတာပဲ တစ်နေတာလုံးသင်တဲ့သင်တန်းကို စာတွေ့ရော လက်တွေ့ရော စိတ်ပါ...
14/07/2024

ဒီနေ့ သင်တန်းလေးပြီးသွားပါပြီ။ ခုခေတ်မေမေဖေဖေတွေ အရမ်းတော်ကြတာပဲ တစ်နေတာလုံးသင်တဲ့သင်တန်းကို စာတွေ့ရော လက်တွေ့ရော စိတ်ပါလက်ပါ သေချာလိုက်လုပ်ကြတာ။ ရောက်လာတော့မဲ့ကလေးလေးကို အရမ်းချစ်တတ်ကြတာပဲ။

ဖြစ်မြောက်အောင် လူအား၊ နှုတ်အားနဲ့ ကူညီပေးကြတဲ့ အစ်မ ညီမတွေကိုလဲ ကျေးဇူးတင်ပါတယ်။

တက်ချင်တဲ့သူတွေအတွက် နောက်ထပ်ဖွင့်မဲ့အတန်းချိန်လေးတွေ ကြေငြာပေးပါ့မယ်။ Stay tuned နော် ❤️❤️❤️

မနက်ဖြန်တွေ့ကြမယ်နော် ❤️
13/07/2024

မနက်ဖြန်တွေ့ကြမယ်နော် ❤️

🔈 ဟယ်လို…

🔈 ပြီးခဲ့တဲ့တစ်ခေါက်က သင်တန်းပြီးသွားမှ ရှိသေးလား တက်ချင်လို့ပါနဲ့ လာလာမေးခံရတဲ့ မွေးကင်းစကလေးပြုစုရေးသင်တန်းလေး ပြန်လာပါပြီ။ တက်ပြီးသူတိုင်း ကိုယ့်ရင်သွေးကလေးလေးကိုပြုစုဖို့ confidence တွေပိုရှိသွားလို့ ခဏတိုင်းမေးခံရလို့ ထပ်ဖွင့်ရတာလေးပါ။

💕 င်္စကာပူမှာဖွင့်မဲ့ဒီသင်တန်းလေးမှာ သင်ပေးမဲ့သူကတော့ နိုင်ငံတကာအမျိုးသမီးနှင့်ကလေးဆေးရုံများမှာ၊ မိခင်နဲ့ ကလေးပြုစုရေးနယ်မှာ ၁၂ နှစ်လုပ်ခဲ့တဲ့ Professional ကလေးပြုစုရေး၊ မိခင်နို့နှင့် ကလေးအာဟာရအထူးပြု Lactation Consultant မှလက်တွေ့၊ စာတွေ့ ဗဟုသုတများကို မျှဝေဖလှယ်ပေးမှာဖြစ်ပါတယ်။ မြန်မာလို သေချာရှင်းပြသင်ကြားပေးမှာဖြစ်ပြီး လိုအပ်တဲ့သူတွေ သင်တန်းလာတတ်သူတွေ ပြည့်ပြည့်ဝဝ အနှစ်တွေရမဲ့ အလွန်အကျိုးရှိတဲ့ ခေါင်းစဉ်ရပ်လေးမို့ ကြိုးစားစီစဉ်ထားပါတယ်ရှင်။

💕 မေမေလောင်းများကိုယ်တိုင်မက ကိုယ် bff မေမေလောင်းတွေရှိရင် baby shower gift ပေးလို့သင့်တော်နော်။

👶🏼 The Newborn Care 👶🏼
“မွေးကင်းစအခြေခံပြုစုနည်း သင်တန်း”

❓ဘယ်သူတွေတက်ရောက်သင့်လဲ?
▪️ ကိုယ့်ရဲ့ရင်သွေးလေးကို မွေးကတည်းက ကျန်းမာထက်မြက်တဲ့ကလေးလေးဖြစ်ဖို့ အဖက်ဖက်ကနေပြင်ဆင်ပြုစုချင်သူ မကြာခင်မိဘဖြစ်တော့မဲ့ ကိုယ်ဝန်ဆောင်မေမေများ။
▪️ မိခင်နို့တိုက်ကျွေးရာမှာ အခက်အခဲဖြစ်နေသူများ ( Baby is less than 3 months old)
▪️ ကလေးပြုစုပေးရမဲ့မိဘဆွေမျိုးများ
▪️ အလုပ်သဘောတရားအရ မွေးကင်းစကလေးအကြောင်း နားလည်ဖို့လိုသူများ

🔸 သင်တန်းစမည့်ရက် - 14 July 2024 Sunday
🔸 သင်တန်းကာလ - မနက် 10 နာရီမှ ညနေ ၄ နာရီ

သင်တန်းအပ်ဖို့အတွက် Register လုပ်မယ်ဆို Whatsapp number - 89343086 မှာ register လို့ရပါတယ်။

Payment confirm ပြီးရင် WhatsApp group ဖွဲပြီး ရက်နီးရင်လိပ်စာအသေးစိပ်ကိုပို့ပေးပါမယ်ရှင်။

🔈 ဟယ်လို… 🔈 ပြီးခဲ့တဲ့တစ်ခေါက်က သင်တန်းပြီးသွားမှ ရှိသေးလား တက်ချင်လို့ပါနဲ့ လာလာမေးခံရတဲ့ မွေးကင်းစကလေးပြုစုရေးသင်တန်းလ...
07/07/2024

🔈 ဟယ်လို…

🔈 ပြီးခဲ့တဲ့တစ်ခေါက်က သင်တန်းပြီးသွားမှ ရှိသေးလား တက်ချင်လို့ပါနဲ့ လာလာမေးခံရတဲ့ မွေးကင်းစကလေးပြုစုရေးသင်တန်းလေး ပြန်လာပါပြီ။ တက်ပြီးသူတိုင်း ကိုယ့်ရင်သွေးကလေးလေးကိုပြုစုဖို့ confidence တွေပိုရှိသွားလို့ ခဏတိုင်းမေးခံရလို့ ထပ်ဖွင့်ရတာလေးပါ။

💕 င်္စကာပူမှာဖွင့်မဲ့ဒီသင်တန်းလေးမှာ သင်ပေးမဲ့သူကတော့ နိုင်ငံတကာအမျိုးသမီးနှင့်ကလေးဆေးရုံများမှာ၊ မိခင်နဲ့ ကလေးပြုစုရေးနယ်မှာ ၁၂ နှစ်လုပ်ခဲ့တဲ့ Professional ကလေးပြုစုရေး၊ မိခင်နို့နှင့် ကလေးအာဟာရအထူးပြု Lactation Consultant မှလက်တွေ့၊ စာတွေ့ ဗဟုသုတများကို မျှဝေဖလှယ်ပေးမှာဖြစ်ပါတယ်။ မြန်မာလို သေချာရှင်းပြသင်ကြားပေးမှာဖြစ်ပြီး လိုအပ်တဲ့သူတွေ သင်တန်းလာတတ်သူတွေ ပြည့်ပြည့်ဝဝ အနှစ်တွေရမဲ့ အလွန်အကျိုးရှိတဲ့ ခေါင်းစဉ်ရပ်လေးမို့ ကြိုးစားစီစဉ်ထားပါတယ်ရှင်။

💕 မေမေလောင်းများကိုယ်တိုင်မက ကိုယ် bff မေမေလောင်းတွေရှိရင် baby shower gift ပေးလို့သင့်တော်နော်။

👶🏼 The Newborn Care 👶🏼
“မွေးကင်းစအခြေခံပြုစုနည်း သင်တန်း”

❓ဘယ်သူတွေတက်ရောက်သင့်လဲ?
▪️ ကိုယ့်ရဲ့ရင်သွေးလေးကို မွေးကတည်းက ကျန်းမာထက်မြက်တဲ့ကလေးလေးဖြစ်ဖို့ အဖက်ဖက်ကနေပြင်ဆင်ပြုစုချင်သူ မကြာခင်မိဘဖြစ်တော့မဲ့ ကိုယ်ဝန်ဆောင်မေမေများ။
▪️ မိခင်နို့တိုက်ကျွေးရာမှာ အခက်အခဲဖြစ်နေသူများ ( Baby is less than 3 months old)
▪️ ကလေးပြုစုပေးရမဲ့မိဘဆွေမျိုးများ
▪️ အလုပ်သဘောတရားအရ မွေးကင်းစကလေးအကြောင်း နားလည်ဖို့လိုသူများ

🔸 သင်တန်းစမည့်ရက် - 14 July 2024 Sunday
🔸 သင်တန်းကာလ - မနက် 10 နာရီမှ ညနေ ၄ နာရီ

သင်တန်းအပ်ဖို့အတွက် Register လုပ်မယ်ဆို Whatsapp number - 89343086 မှာ register လို့ရပါတယ်။

Payment confirm ပြီးရင် WhatsApp group ဖွဲပြီး ရက်နီးရင်လိပ်စာအသေးစိပ်ကိုပို့ပေးပါမယ်ရှင်။

💕 ဒီနေ့ Milk and Motherhood မှ လုပ်ဖြစ်ခဲ့တဲ့ ပထမဆုံး in-person class လေး 💕နာမည်လေးက “𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩𝐬 𝐢𝐧 𝐏𝐚𝐫𝐞𝐧𝐭𝐡𝐨𝐨𝐝: 𝐓𝐡𝐞 𝐍𝐞𝐰...
18/05/2024

💕 ဒီနေ့ Milk and Motherhood မှ လုပ်ဖြစ်ခဲ့တဲ့ ပထမဆုံး in-person class လေး 💕

နာမည်လေးက “𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩𝐬 𝐢𝐧 𝐏𝐚𝐫𝐞𝐧𝐭𝐡𝐨𝐨𝐝: 𝐓𝐡𝐞 𝐍𝐞𝐰𝐛𝐨𝐫𝐧 𝐂𝐚𝐫𝐞 𝐄𝐝𝐢𝐭𝐢𝐨𝐧” လို့ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ မိဘဘဝက ကျယ်ပြန့်ပါတယ်။ ကလေးတိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူလို့ ဘယ်သူမှ ဘာလုပ်လို့ အတိအကျမသင်နိုင်ပေမဲ့ ကလေးလေးရဲ့ ဘဝအစကစပြီး ကိုယ်တတ်နိုင်သလောက်၊ သိသလောက် ပြုစုပေးကြချင်တဲ့ မိဘတွေကို ရည်ရွယ်ပြီး ဒီသင်တန်းလေးစဖြစ်ပါတယ်။

တစ်နေကုန် သင်တန်းမို့ .. ကပြလို့လဲမရတဲ့ topic တွေမို့ ပျင်းနေမှာစိုးပေမဲ့.. အကုန်လုံး စိတ်ဝင်တစား၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အစအဆုံးသေချာလိုက်နားထောင် မှတ်ကြတာ ကြည်နူးစရာကောင်းလိုက်တာ။ ရောက်လာမဲ့ကလေးလေးအတွက် ဒီလိုပညာလိုချင်တဲ့မေမေဖေဖေတို့ကို ကိုယ်အသိပညာပြန်မျှဝေရတာ အင်မတန် ပျော်စရာ၊ ကြည်နူးစရာပါပဲ။

ဒီလိုသင်တန်းရှိမှန်းမသိခဲ့ဘူးဆိုပြီး မျက်တောက်မခက်နားထောင်သူရယ်၊ ကြက်သီးမွေးညင်းပါထတယ်ဆိုတဲ့သူရယ်၊ ကိုယ်ဝန်မရသေးပေမဲ့ ကြိုသိပြီး ပြင်ချင်လို့ ဆိုတဲ့သူတွေရယ်၊ အမေတွေတင်မက အဖေတွေပါ တက်တက်ကြွကြွနဲ့ ပါဝင် practise လုပ်ကြလို့ ပျော်စရာသင်တန်းလေးအနေနဲ့ ကိုယ်အတွက်အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။ မေမေဖေဖေတို့လဲ ပျော်စရာအမှတ်တရရော၊ ဗဟုသုတလေးတွေပါ ရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီအတန်းလေး ဖြစ်မြောက်အောင် စီစဉ်တဲ့အစ်မရယ်၊ နေရာပေးသုံးတဲ့ အစ်မတို့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအတန်းက Proceed တွေကို ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လုပ်တာဖြစ်ပေမဲ့ ဘာလုပ်ချင်လုပ်ချင် အမြဲနောက်ကနေ Support လုပ်ပေးတဲ့ ကိုယ့်မိသားစုကိုလဲ ကျေးဇူးတင်ပါတယ်။

နောက်ခါလဲ အချိန်ထပ်ရရင် ဒီလိုတွေဖွင့်ပေးပြီး တွေ့ကြမယ်နော်။ စိတ်ဝင်စားရင် Messenger မှာကြိုတင်စာရင်းပေးထားနိုင်ပြီး ဖွင့်တဲ့အချိန်ကျရင် reminder စာလေး ပို့ပေးပါမယ်ရှင်။❤️

🎉 Congratulations!! 🎉 မနေ့က လက်ဆောင်ပို့စ်လေးမှာ ကိုယ်ဝန်ဆောင်မေမေ သူငယ်ချင်းလေးတွေကို ပေးဖို့ Tag ပေးကြတာ ကြည်နူးစရာလေး...
16/05/2024

🎉 Congratulations!! 🎉
မနေ့က လက်ဆောင်ပို့စ်လေးမှာ ကိုယ်ဝန်ဆောင်မေမေ သူငယ်ချင်းလေးတွေကို ပေးဖို့ Tag ပေးကြတာ ကြည်နူးစရာလေးတွေ။ အဲထဲက Wheel of Names နဲ့ pick လိုက်တာ Ma Lae Yee Naing မန်းရှင်းခေါ်ထားတဲ့ Ma Aye Mon Oo ပေါက်ပါတယ်။ messenger မှာ နာမည် နဲ့ ဖုန်းနံပါတ်လေးလာပေးပါရှင့်။

ကျန်တဲ့မေမေတွေလဲ စိတ်ဝင်စားရင် messenger မှာ စာရင်းလာပေးပြီး တက်ရောက်နိုင်ပါတယ်ရှင့်။ အမြဲလုပ်ဖြစ်မှာမဟုတ်လို့ ရှိတုန်းလေးတက်ထားနော် 😅

🔈 မကြာခင်မှာမွေးတော့မဲ့ ကိုယ်ဝန်ဆောင်မေမေ သူငယ်ချင်း Bestie လေးတွေရှိကြလား ? မကြာခင် မွေးဖွားတော့မယ့် ရင်သွေးလေးအတွက်  မ...
15/05/2024

🔈 မကြာခင်မှာမွေးတော့မဲ့ ကိုယ်ဝန်ဆောင်မေမေ သူငယ်ချင်း Bestie လေးတွေရှိကြလား ?

မကြာခင် မွေးဖွားတော့မယ့် ရင်သွေးလေးအတွက် မွေးကင်းစသားသားမီးမီးလေးတွေကို ဘယ်လိုတွေဂရုစိုက်စောင့်ရှောက် ရမလဲဆိုတာသိနိုင်ဖို့ 𝐌𝐢𝐥𝐤 & 𝐌𝐨𝐭𝐡𝐞𝐫𝐡𝐨𝐨𝐝 𝐅𝐨𝐮𝐧𝐝𝐞𝐫 ကနေ 𝐍𝐞𝐰𝐛𝐨𝐫𝐧 𝐂𝐚𝐫𝐞 𝐂𝐥𝐚𝐬𝐬 - မွေးကင်းစကလေးသူငယ်ပြုစုနည်းသင်တန်း (in-person class) ဖွင့်လှစ်ပါတော့မယ်။

📆 𝐂𝐥𝐚𝐬𝐬 𝐃𝐚𝐭𝐞 - 18.5.2024 ( 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 )
🕰️ Time - 10AM to 4PM
နေ့လည်စာ နဲ့ snack တည့်ခင်းဧည့်ခံပါမယ်။

ဒီသင်တန်းကို သင်ကြားမျှဝေပေးသွားမယ့် Milk and Motherhood မှ မေမေတို့အတွက် အကောင်းဆုံး pregnancy gift ဖြစ်တဲ့ 𝐍𝐞𝐰𝐛𝐨𝐫𝐧 𝐂𝐚𝐫𝐞 𝐂𝐥𝐚𝐬𝐬 (တစ်ယောက်) ကို လက်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ် ။ လုပ်ရမယ့်အချက်လေးတွေကတော့ လွယ်လွယ်လေးပါနော်။

" စင်္ကာပူမှာနေတဲ့ ကိုယ်လက်ဆောင်ပေးချင်တဲ့ကိုယ်ဝန်ဆောင်မေမေသူငယ်ချင်းတွေကို
Comment မှာ Tag လုပ်ပါ။”

Tag လုပ်ထားတဲ့ မေမေတွေထဲကတစ်ယောက် (ဖေဖေပါတက်လဲရ) ကို ရွေးချယ်ပြီး 𝐍𝐞𝐰𝐛𝐨𝐫𝐧 𝐂𝐚𝐫𝐞 𝐂𝐥𝐚𝐬𝐬 လက်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ် “......🎀🎁🎀

Comment ထဲမှာ Tag လုပ်ထားတဲ့သူတွေထဲက Winnner တစ်တွဲကို မနက်ဖြန်ည 16/5/24 9:30 pm မှာ ကြေညာပေးပါမယ်။

ကဲ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိသားစုဝင်၊ ကိုယ့်မိန်းမ၊ ကိုယ်ကိုယ်တိုင် ကိုယ်ဝန်ဆောင်နေရင် the best pregnancy gift လေးပေးဖို့ ဒီပို့စ်အောက်မှာ tag လိုက်ကြပါဦး။

ကံစမ်းမဲမပေါက်ခဲ့ရင်လဲ Messenger မှာစာရင်းပေးပြီး တက်နိုင်ပါတယ်။ ….


13/05/2024

❤️❤️❤️

12/05/2024

Address

Yangon

Telephone

+959791177813

Website

Alerts

Be the first to know and let us send you an email when Milk and Motherhood posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Milk and Motherhood:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram