
04/05/2025
“စိတ်ကျန်းမာရေးနဲ့ ပါတ်သက်ပြီး လူတွေအမှားများနေတဲ့ အယူအဆတချို့"
ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ စိတ်ကျန်းမာရေးအကြောင်း ပြောဆိုဆွေးနွေးတာကို တစ်ခါတစ်ရံ ရှက်တတ်၊ ကြောက်တတ်၊ ဖုံးကွယ်တတ်ကြပါတယ်။
အထူးသဖြင့် အယူအဆလွဲမှားမှုတွေကြောင့် လူတွေဟာ ကိုယ့်စိတ်ဒဏ်ရာကို ကုသဖို့ ဝန်လေးနေတတ်ကြပါတယ်။
ဒီတစ်ခါတော့ ကြားရလေ့ရှိတဲ့ အယူအဆမှားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
❌ အယူအဆလွဲ (၁): "စိတ်ရောဂါသည်တွေပဲ ဆရာဝန်ဆီသွားရတာ"
✅ အမှန်တရား: စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်တာက စိတ်ရောဂါရှိမှသွားရတာ မဟုတ်ပါဘူး။
စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ အိမ်ထောင်ရေး/ အလုပ်ခွင်ပြဿနာ၊ စိတ်ထိခိုက်စရာတွေကြုံတဲ့အခါ အထောက်အကူရယူဖို့ သွားတာပါ။ ဒါက ကိုယ့်ကိုယ်ကိုဂရုစိုက်တဲ့ လုပ်ရပ်တစ်ခုပါ။
❌ အယူအဆလွဲ (၂): "အမျိုးသမီးတွေကပဲ စိတ်အားငယ်တတ်လို့ ဆွေးနွေးတိုင်ပင်ကြတာ။ ယောကျာ်းလေးတွေအတွက် ဒါတွေမလိုဘူး။”
✅ အမှန်တရား:စိတ်ခံစားချက်ဆိုတာ လူတိုင်းမှာရှိပါတယ်။ အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။
အခက်အခဲကို ဝန်ခံပြီး အကူအညီတောင်းတာက အားနည်းခြင်းမဟုတ်၊ ရဲရင့်ခြင်းပါ။
❌ အယူအဆလွဲ (၃): "စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေက အကူအညီမလိုဘူး"
✅ အမှန်တရား: တကယ့် စိတ်ဓာတ်ကြံ့ခိုင်သူဆိုတာ ကိုယ့်အခက်အခဲကို ကိုယ်တိုင်သိပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ရှာဖွေတတ်သူတွေပါ။
ကိုယ်တစ်ယောက်တည်း ရုန်းကန်နေမယ့်အစား ကျွမ်းကျင်သူနဲ့ တိုင်ပင်တာက ပိုပြီးထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။
လူမှုအသိုင်းအဝိုင်းမှာ 'ကိုယ့်စိတ်နဲ့ ပါတ်သက်ရင် သူများကို မပြောနဲ့' ဆိုပြီး ပြောလေ့ရှိပါတယ်။ အားနည်းချက်လို့ ထင်လို့ပါ။
ဒါပေမယ့် စိတ်ထဲက ခံစားချက်တွေကို ဖွင့်ဟဝေမျှတာက စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကိုယ့်ရဲ့ ပြဿနာကို နားလည်သူတစ်ယောက်နဲ့ ဆွေးနွေးတာက သင့်ကို ပိုမိုစိတ်သက်သာရာရစေပြီး လွတ်လပ်ပေါ့ပါးစေနိုင်ပါတယ်။
💚စာဖတ်သူ ပါတ်ဝန်းကျင်မှာ ဒီလိုအယူအဆတွေ ကြားဖူးပါသလား?
💚ကိုယ်တိုင် (သို့) မိတ်ဆွေတစ်ယောက်ယောက် အကူအညီလိုနေရင် ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်။