Shin Ye Htut 24hr Medical Clinic

Shin Ye Htut 24hr Medical Clinic 24 hr Medical Clinic 🏥🏥🏥

သတိပြုစရာ သဘာဝဘေးအန္တရာယ်ပါ 😔😔😔
07/04/2025

သတိပြုစရာ သဘာဝဘေးအန္တရာယ်ပါ 😔😔😔

✅ အရေးပေါ် ဖုန်းအားသွင်းရန် လိုအပ်သောသူများ ✅ဘုရင့်နောင်လမ်းမကြီး ၃ ထိပ်မှတ်တိုင်နှင့် ငမောက်စျေးမှတ်တိုင် ကြားရှိ ရှင်ရ...
29/03/2025

✅ အရေးပေါ် ဖုန်းအားသွင်းရန် လိုအပ်သောသူများ ✅
ဘုရင့်နောင်လမ်းမကြီး ၃ ထိပ်မှတ်တိုင်နှင့် ငမောက်စျေးမှတ်တိုင် ကြားရှိ ရှင်ရဲထွတ်ဆေးခန်းတွင်
( မနက် ၈ နာရီမှ ည ၈ နာရီ အတွင်း ) လိုအပ်သူ လာရောက် အရေးပေါ် ဖုန်းအားသွင်းလို့ ရပါတယ်ရှင်
လိုအပ်သူမည်သူမဆို လာရောက်လို့ရပါတယ်ရှင်

လူနာများ အဝင်ရှိသည့်အပြင် အခြားလုံခြုံရေးဆိုင်ရာပြဿနာများကြောင့် မိမိဖုန်းကြိုး မိမိဖုန်း အား ကိုယ်တိုင် ဂရုစိုက် ကြည့်ရှုပေးပါရန် တောင်းဆိုပါတယ်နော်

📍အမှတ် -( ၅၄၉)၊ ဘုရင့်နောင်လမ်းမ၊ ၉ ရပ်ကွက်၊ ရွှေပြည်သာမြို့ (၃ ထိပ်မှတ်တိုင်နှင့် ငမောက်စျေးမှတ်တိုင်ကြား)

☎️- 09260880010

ရှင်ရဲထွတ်ဆေးခန်းမှပထမဆုံး အယောက် ၁၀၀ အတွက် 𝐅𝐥𝐮 𝐕𝐚𝐜𝐜𝐢𝐧𝐞 ကို 𝟏0% လျှော့ဈေးဖြင့် ရယူလိုက်ပါ! 65000 - 6500 = 58500 ပဲကျမယ်န...
27/03/2025

ရှင်ရဲထွတ်ဆေးခန်းမှ
ပထမဆုံး အယောက် ၁၀၀ အတွက် 𝐅𝐥𝐮 𝐕𝐚𝐜𝐜𝐢𝐧𝐞 ကို 𝟏0% လျှော့ဈေးဖြင့် ရယူလိုက်ပါ!

65000 - 6500 = 58500 ပဲကျမယ်နော်

တုပ်ကွေးရောဂါ သည် ရာသီအလိုက် ဖြစ်ပွားလေ့ရှိပြီး သာမန်အအေးမိခြင်းထက် ပိုမိုပြင်းထန်ကာ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သော ရောဂါဖြစ်သည်။ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများ အတွက် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ပါသည်။
တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးနှံခြင်း သည် ကိုယ်တိုင်ကာကွယ်နိုင်စေရုံသာမက မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ရှိသူများ ကိုပါ ကူးစက်မှုမှ ကာကွယ်နိုင်စေရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါသည်။ မဖြစ်မနေ သင့်တော်သောအချိန်တွင် ကာကွယ်ဆေးထိုးထားခြင်း နှင့် ကျန်းမာရေးကို ဦးစားပေးစဉ်းစားခြင်း ပြုလုပ်ပါ။ 💉

ရှင်ရဲထွတ် ၂၄ နာရီ ဆေးခန်း
အမှတ် ၅၄၉၊ ဘုရင့်နောင်လမ်း၊ ၉ ရပ်ကွက်၊ ရွှေပြည်သာ။ (၃ ထိပ်မှတ်တိုင်အနီး)
Ph: 09260880010, 09966961651

👶 ကလေးငယ်များနှင့် အဝလွန်ခြင်းပြဿနာ 👧🏼လတ်တလောက ကလေးငယ်များတွင် အဝလွန်ခြင်း (childhood obesity) ဖြစ်ပွားမှုများလာနေပြီး မ...
27/03/2025

👶 ကလေးငယ်များနှင့် အဝလွန်ခြင်းပြဿနာ 👧🏼

လတ်တလောက ကလေးငယ်များတွင် အဝလွန်ခြင်း (childhood obesity) ဖြစ်ပွားမှုများလာနေပြီး မိဘများအနေနှင့် သက်သာလွယ်ကူသောစားသောက်မှုနှင့် နည်းလမ်းများကြောင့် ကလေးများကျန်းမာရေးထိခိုက်နိုင်သည့်အခြေအနေများသို့ ရောက်ရှိလာနိုင်ပါသည်။

📌 ကလေးအဝလွန်ခြင်းဖြစ်နိုင်သည့် အကြောင်းရင်းများ

✅ မလိုအပ်သည့်ပမာဏထက်ပိုမိုစားသုံးခြင်း
✅ အချိုရည်၊ သရေစာ၊ fast food နှင့် အဆီဓာတ်များသောအစားအစာများစားသုံးခြင်း
✅ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
✅ Screen time များခြင်း (TV, Tablet, Phone)
✅ မျိုးရိုးဗီဇ (Genetics)
✅ ဟော်မုန်းမညီမျှမှုများ

ကလေးငယ်များတွင် သက်တမ်းအလိုက် ကျန်းမာစွာ ကြီးထွားဖို့လိုအပ်သော်လည်း ဝလွန်းခြင်းသည်လည်း ကျန်းမာရေးအတွက် စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်သည်။ အထူးသဖြင့် (5 - 6 နှစ်) အသက်အရွယ်နှင့် ဆယ်ကျော်သက်များတွင် အဝလွန်ခြင်းဖြစ်နိုင်ခြေမြင့်သည်။

⚠ ကလေးအဝလွန်ခြင်းကြောင့် ဖြစ်နိုင်သော ပြဿနာများ

🔸 သွေးတိုး၊ ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်တက်ခြင်း
🔸 သွေးတွင်းအဆီဓာတ်များခြင်း
🔸 အိပ်စဉ် အသက်ရှုကျပ်ခြင်း
🔸 နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း
🔸 ကိုယ်ခံအားကျဆင်းခြင်း
🔸 သည်းခြေကျောက်တည်ခြင်း
🔸 ကိုယ်ရည်ကိုယ်သွေးမတည်မြဲခြင်း
🔸 မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း

💡 ကလေးအဝလွန်ခြင်းကာကွယ်ရန် နည်းလမ်းများ

မိဘများအနေဖြင့် ကလေးများတွင် ကျန်းမာသော နေထိုင်မှုပုံစံများကို စောစောစီးစီးသင်ကြားပေးခြင်းဖြင့် အဝလွန်ခြင်းကို ထိန်းချုပ်နိုင်ပါသည်။

(1) ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးခြင်း

✔ တစ်နေ့ကို အနည်းဆုံး 60 မိနစ်ခန့် လမ်းလျှောက်ခြင်း၊ အားကစားလုပ်ခြင်း၊ စက်ဘီးစီးခြင်း စသည့် လှုပ်ရှားမှုများ ပြုလုပ်ပေးရန်။
✔ ဖိအားမပေးဘဲ ပျော်ရွှင်စွာ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးရန်။

(2) မျှတသော အစားအစာများ ကျွေးခြင်း

✔ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်းပါဝင်သောအစားအစာများကို တိုးမြှင့်ပေးခြင်း
✔ သကြားပါဝင်မှုမြင့်သော အချိုရည်နှင့် သရေစာများကို လျှော့ချခြင်း
✔ Fast food များစားခြင်းကို အတိုင်းအတာထားရန်

(3) Screen Time ကို ကန့်သတ်ခြင်း

✔ တစ်နေ့ ၂ နာရီထက်မကျော်စေရန် ကြိုတင်သတ်မှတ်ထားခြင်း
✔ Screen အသုံးပြုမှု အစား ပြင်ပလှုပ်ရှားမှုများကို အားပေးခြင်း

📌 နောက်ဆုံးအချက်
ကလေးငယ်များ အဝလွန်ခြင်းသည် ရောဂါအန္တရာယ်များစွာဖြစ်နိုင်သည့်အတွက် မိဘများအနေနှင့် လတ်ဆတ်သည့် အစားအစာရွေးချယ်ခြင်း၊ လှုပ်ရှားမှုများမြှင့်တင်ခြင်း၊ Screen time ကိုထိန်းချုပ်ခြင်းတို့ဖြင့် တက်ကြွကျန်းမာသောနေထိုင်မှုပုံစံတစ်ခုကို တည်ဆောက်ပေးသင့်ပါသည်။

ရှင်ရဲထွတ် ၂၄ နာရီဆေးခန်း
အမှတ် ၅၄၉၊ ဘုရင့်နောင်လမ်း၊ ၉ ရပ်ကွက်၊ ရွှေပြည်သာ။ (၃ ထိပ်မှတ်တိုင်အနီး)
Ph : 09260880010, 09966961651

 #ဒီနေ့တော့မရေးမဖြစ်တဲ့ကျန်းမာ​​ရေးဆိုင်ရာဆောင်းပါးလေးရေးခွင့်ပြုပါလူနာအမှတ်၁၁၅နှစ်အရွယ်ကျောင်းသူလေး ခေါင်းအုံတယ်မူးတယ် ...
26/02/2025

#ဒီနေ့တော့မရေးမဖြစ်တဲ့ကျန်းမာ​​ရေးဆိုင်ရာဆောင်းပါးလေးရေးခွင့်ပြုပါ

လူနာအမှတ်၁

၁၅နှစ်အရွယ်ကျောင်းသူလေး
ခေါင်းအုံတယ်မူးတယ် ပြို့ချင်အန်ချင်တယ် အစားမစားနိုင်ဘူး
migraine များလား vestibular neuronitis လား အမေဖြစ်သူကပြောတယ်
စာမေးပွဲနီးလို့စာတွေလည်းလုပ်ရတယ်တဲ့
ဒါပေမယ့်အစားမစားနိုင်တာတော့ ဒီအခြေအနေတွေနဲ့မကိုက်ညီဘူး။
ဒါနဲ့စိတ်ထဲမှာတခုကိုသတိရလို့ ဆီးဝါသလား မေးတော့ ဝါထိန်နေတယ်တဲ့
ဒီမတိုင်ခင်ဖျားသေးလားဆိုတော့ဖျားတယ်ငွေ့ငွေ့လေးတဲ့
ဒီတော့မှ မျက်လုံးကိုကြည့်တော့အဝါရောင်သန်းနေတယ် သိပါပြီ
viral hepatitis A အသည်းရောက်အသားဝါ A

လူနာအမှတ်၂

အသက် ၂၀ ကုမ္ပဏီဝန်ထမ်း ဖျား​​တာ ၅ရက်
ဗိုက်ပြည့်နည်းနည်းစားရုံနဲ့မဆာ
အနားကဆေးခန်းက typhoid လို့ပြောလို့အရည်သောက်နေရတယ်
မသက်သာဘူး မောတယ် အားမရှိဘူး အဖျားကျတယ် လူကမလန်းဘူး
ဆီးတွေဝါသလား ဝါထိန်နေတယ် လာပြန်ပီ
အဲဒီလူနာ၂ယောက်တရက်ထဲလာတယ်

VH လို့ခေါ်တဲ့ဗိုင်းရပ်ပိုးကြောင့်အသည်းရောင် A
အကြောင်းအတိုချုပ်တင်ပြပါမယ်

အခုတလောဖြစ်ကပွားနေတဲ့အသည်းရောင်အသားဂါက A ပါ
သူတို့နှစ်ယောက်လုံးကိုစစ်တာ HAV Antibody IgM positive တွေပါ

လက္ခဏာ

ပထမငွေ့ငွေ့ဖျားတယ် တချို့ဘာလက္ခဏာမှမပြတာလည်းရှိတယ်
အဲဒါရောဂါပျိုး(prodrome)အဆင့် လို့​သတ်မှတ်တယ်
(၂ပတ်မှ ၄ပတ်)အဖျားပျောက်တာနဲ့ဆီးစဝါထိန်လာ ကြာရင် မျက်လုံးဝါ နောက်ဆုံးအသားပါဝါသွားရော ။
ကြိုတင်မှန်းဆကုရင်ပိုပြီးမြန်မြန်ပျောက်နိုင်တယ်။
အဓိကလက္ခဏာက ဘာမှစားမရ ပြို့ချင်အန်ချင် ဖြစ်တာပါပဲ၊
ညအိပ်မရဘူး လူကအားမရှိနုန်းခွေဖြစ်လာပါတယ်
တချို့ကျတော့အသည်းရှိတဲ့ညာဘက်ခြမ်းအောင့်တယ်

ကူးစက်ပုံနဲ့ကာကွယ်ပုံ

အစားအသောက်နဲ့ရေက အဓိက ကူးစက်ပါတယ်
လက်ဆေးခြင်းအလွန်အရေးကြီးပါတယ်
ရောဂါဖြစ်သူကိုသီးသန့်ရေခွက် ထမင်းပန်းကန် သီးသန့်ထားပါ ကာကွယ်ဆေးလည်းရှိပါတယ်

ကုသပုံ

ဘာမှ ထူးထူးခြားခြားကုသနည်းမရှိပါဘူး
အဓိကကတော့ အစားမစားနိုင်လို့ ဂလူးကို့အထုပ်နဲ့ဘာလီရည် သို့ သံပုရာရည် ဖျော်ပြီး များများသောက်ပါ။
ကျနော်ကတော့ အရင်ဆရာကြီးဦးခင်မောင်တင်သင်ပေးတဲ့ များများသောက် များများပေါက် မြန်မြန်ပျောက်ဆိုတာပါပဲ ။
ဂလူးကို့ရေကိုဆီးဖြူလာတဲ့အထိသောက်ပါ။
ဆေးအနေနဲ့သပ်သပ်ပေးစရာမလိုပါ။
အရင်တုန်း့ကတော့ liver enzyme inducer ဆိုတဲ့ reducdyn guronsan essential ဆိုတဲ့ဆေးတွေပေးပါတယ်၊
ဒီဆေးတွေက သုတေသနအရတော့ ဘာမှမလိုပါဘူး၊
ပေးချင်ရင် ကျနော့်ဆရာကြီးဦးခင်မောင်တင် ပြောတဲ့
folic acid နဲ့ vitamin C လောက်သောက်ရင်ရပါတယ်၊
အနားယူဖို့တော့လိုပါတယ်။
ပါးစပ်ကမသောက်နိုင်ရင် ပျို့အန်နေရင် အအန်ရပ်ဆေးနဲ့ပေးပြီးကုပါ။
လိုအပ်ရင်ပုလင်းချိတ်ပါ။

ဒီရောဂါစိုးရိမ်ရသလား

ဒီရောဂါဖြစ်ပွားတဲ့လူ ၁၀၀၀ မှာမှ ၃ယောက်လောက်ပဲဖိတ်စင်နိုင်တယ်၊
အသက်​ ကြီး သူ အသည်းမကောင်းသူတွေ ဖြစ်ပြီး အသည်းပျက်စီးမှု (fulminant hepatic failure) များလာလို့ပါ၊
အဲဒီအဆင့်ကတော့ဆေးရုံတက်ကုသရပါမယ်၊
မကုသနိုင်ရင် hepatic encephlopathy ဦးဏှောက်ယောင်ယမ်းခြင်းဖြစ် coma နဲ့အသက်ဆုံးနိုင်ပါတယ်၊
ဒါပေမယ့် အားလုံးလိုလိုဝါသာမန်ကုသမှုပဲလိုအပ်ပါတယ်၊
သူ့ရဲ့ prognosis က excellent ပါ

ဒီရောဂါဟာနာတာရှည်ဖြစ်သလား

အသည်းရောင်အသားဂါ A အမျိုးအစားဟာ B တွေ C တွေလို နာတာရှည်အသည်းရောင် chronic hepatitis ရောဂါလုံးဝမဖြစ်ပါဘူး၊
တကြိမ်ဖြစ်ထားရင် antibody ရထားလို့ပြန်လည်းဖြစ်လေ့မရှိပါဘူး။
အဓိကကတော့ ဆရာဝန်ကလည်းမြန်မြန်သိ မြန်မြန်ကုဖို့ပါ၊
အခုအခြေအနေကတော့ အများစုဆရာဝန်တွေလည်းတွေ့နေရတယ်လို့ကြားလို့ outbreak အခြေအနေလို့ယူလို့ရေးတာပါ၊
ဒီဆောင်းပါးမှာဆေးပညာအသေးစိတ်တွေမရေးပဲ လူထုနားလည်လွယ်အောင်ပဲရေးထားပါတယ်။

Dr.Win Lwin Thein
Vice Chair at Myanmar Academy Of Family Physicians
Credit
Photo pinterest

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိဖို့လိုပါတယ်.....(Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....)...CP(Auto) ကတေ...
12/02/2025

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိဖို့လိုပါတယ်.....

(Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....)
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်
....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ
......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ
.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....
.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ
.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ
......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ
.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ
.......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ
........ECG ကတော့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ
.........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ
........ Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ
..........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ

(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ) ......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ
.........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ
.........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ
..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ
.......HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ
.......Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ
........Anti HCVကတော့ C ပိုးစစ်တာပါ
..........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ
.........(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ
........USG (Ultrasound)ကတော့ အယ်ထရာဆောင်း

(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)

အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ
..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ
........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ
.....Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ
....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ
.....RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ
... ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ
......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ
.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ
.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ
.......CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ
ကျေးဇူးတင်လျှက်............

ဗဟုသုတရစေရန်အလို့ဌါ ZaBuAung Medical Devices & Pharmaceuticals Products Wholesale and Retail မှပြန်လည်မျှဝေပါသည်၊
ဤpost အား Like & Share လုပ်ခြင်းဖြင့်ကုသိုလ်ယူပေးကြပါခင်ဗျာ။

Credit dr hein laboratory

 #အသည်းအဆီဖုံးနေတယ် ုပ်လိုက်တာ_Ultrasoundမှာ_အသည်းအဆီဖုံးနေတာတွေ့တယ် #အသည်းလည်းနည်းနည်းရောင်နေတယ် ( NASH - Non Alcoholic...
10/02/2025

#အသည်းအဆီဖုံးနေတယ်
ုပ်လိုက်တာ_Ultrasoundမှာ_အသည်းအဆီဖုံးနေတာတွေ့တယ်
#အသည်းလည်းနည်းနည်းရောင်နေတယ်


( NASH - Non Alcoholic Steatohepatitis )

အသည်းအဆီဖုံး တာသိဖို့ အသည်းအကြောင်း နည်းနည်းသိဖို့ လိုပါတယ်။

=> အသည်းဟာ ကိုယ်တွင်းကလီစာ တွေထဲမှာ #အကြီးဆုံးဖြစ်ပါတယ်။
ညာဘက်ဝမ်းဗိုက်ရဲ့ အပေါ်ဆုံးမှာရှိပြီး နံရိုးတွေအောက်မှာရှိပါတယ်
(အသည်းကို ညာဘက်နံရိုးအောက်ကနေစမ်းလို့ မိတာနဲ့ ***အသည်းကြီးနေပါပြီ)

#အသည်းက_ဘာတွေလုပ်လဲ ⁉️
အကြမ်းအားဖြင့်

1. အစာခြေ တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်တယ်
2. ခန္ဓာကိုယ်အတွက် (ခန္ဓာကိုယ်တည်ဆောက်ဖို့) လိုအပ်တဲ့ အသားဓာတ် (Protein) တွေထုတ်ပေးတယ်
3. သံဓာတ်တွေကို သိုလှောင်ထားပေးတယ်
4. အာဟာရဓာတ်တွေကနေ လိုအပ်ရင် စွမ်းအင်အဖြစ်ပြောင်းပေးတယ်
5. သွေးခဲစေတဲ့ ဓာတ်ပစ္စည်းတွေ ထုတ်ပေးပြီး (ဒဏ်ရာရတဲ့အခါ သွေးတွေမဆုံးရှုံးရအောင် ကာကွယ်ပေးတယ်)
6. ကိုယ်ခံအားစနစ်ကို ထောက်ပို့ပေးတယ်
7. အရေးကြီးဆုံးက စားလိုက်/သောက်လိုက်တဲ့အထဲပါတဲ့ အဆိပ်တွေ၊ သောက်လိုက်တဲ့ဆေးတွေ၊ အရက်တွေကို ဖျက်ပေးတယ်

(ဒီထက် ပိုသိချင်ရင်တော့ ဒီ Post လေးမှာ အကျယ်ရေးထားပါတယ် 👉 https://www.facebook.com/104993831383029/posts/124584012757344/ )

___________
ကျွန်တော်တို့ ခန္ဓာကိုယ်က Cells တွေမှာ (အသည်း cells တွေအပါအဝင်) အာဟာရတွေ ကို အဆီအနေနဲ့ သိမ်းထားပါတယ်။ ရည်ရွယ်ချက်က အစာမစားရတဲ့ အချိန်မှာ အဲ့ဒီအဆီကို ပြန်လည်ဖြိုခွဲပြီး စွမ်းအင်အဖြစ် သုံးဖို့ပါ။

လက်တွေ့မှာတော့ စားပဲစားနေပြီး စွမ်းအင်အသုံးပြုမှု (လှုပ်ရှားမှု) မရှိတဲ့အတွက်
သိမ်းထားတဲ့ အဆီတွေများများလာပြီး သာမန် Cells ဘဝကနေ အဆီCells တွေဖြစ်သွားတာပါ။

တရားလွန်စားသောက်နေတဲ့အတွက် အသည်းမှာလည်း အသည်းCells အဖြစ်ကနေ အဆီတွေချည်းရှိတဲ့ Cells တွေဖြစ်ကုန်ပါပြီ။ သာမန်လူတွေရဲ့အသည်းမှာလည်း အဆီတွေရှိပါတယ်။
ဒါပေမယ့် အသည်းစုစုပေါင်းရဲ့ 5-10 % အဆီတွေဝင်နေပြီဆိုရင်တော့ #အသည်းအဆီဖုံးရောဂါ စနေပြီလို့ သတ်မှတ်ပါတယ်။

#အသည်းအဆီဖုံးရောဂါ_မှာ_ဘာတွေခံစားရလဲ ⁉️

#ဘာမှမခံစားရပါဘူး
#ဘာမှမဖြစ်ပါဘူး

Medical Check up လုပ်လို့ဖြစ်စေ
တခြားရောဂါ တခုခုကို စစ်ဆေးရင်း မမျှော်လင့်ပဲ တွေ့ရတာများပါတယ်။

___________
#အသည်းအဆီဖုံးရောဂါ_က_ဘာမှမဖြစ်ဘူးဆိုတော့_စိတ်ပူစရာမရှိဘူးပေါ့ ⁉️

US မှာ အရွယ်ရောက်ပြီးတဲ့သူ (၃) ယောက်မှာ (၁) ယောက်က အသည်းအဆီဖုံး နေပါတယ်။ (ကျွန်တော်တို့ဆီလဲ တူတူလောက်ပဲနေမှာပါ)

#အသည်းအဆီဖုံးရောဂါ က ဘာမှ မခံစားရဘူးဆိုပေမယ့်

အသည်း Cells တွေထဲ အဆီတွေ ထပ်ထပ် ဝင်လာတဲ့အခါ အသည်း Cells တွေကြီးကြီးလာတဲ့ အတွက် #အသည်းကြီးလာပါတယ်။
အပေါ်မှာပြောထားသလို အသည်းက ညာဘက်နံရိုးအောက်မှာပဲရှိရမှာဖြစ်ပေမယ့် ညာဘက်နံရိုးကိုကျော်ပြီး ဗိုက်ဘက်ကိုဆင်းလာတာက အသည်းကြီးလာတာပါ။ ဗိုက်ထောက်ထောက်ကြီးဖြစ်နေတတ်ပါတယ်။

အဆီတွေဝင်ပြီးအသည်း Cells တွေကြီးကြီးလာတဲ့ အတွက် ဘေးနားက အသည်း Cells တွေကို ဖိမိသလို အသည်းကိုအုပ်ထားတဲ့အလွှာလည်းတင်းလာတဲ့အခါ #အသည်းရောင်ပါပြီ ဗိုက်ညာဘက်ကနာတတ်ပါတယ်။
#အသည်းရောင်တာ ဆိုးလာရင် အသားဝါလာတတ်ပါတယ်။

အသည်းရောင်တာလည်း ဂရုမစိုက်ပဲ ဒီတိုင်း ပေပေတေတေဆက်နေတဲ့အခါ ရောင်တဲ့အသည်း Cells တွေ သေသွားပါတယ်။ သေသွားတဲ့ အသည်း Cells တွေ နေရာမှာ Scar tissue (အမာရွတ်တွေဖြစ်လာပါတယ်)
သေသွားတဲ့ အသည်း Cells တွေအစား အသည်း Cells အသစ်တွေထပ်ဖြစ်ပါတယ်၊ အဲ့လို အသစ်ဖြစ်လိုက် ရောင်လိုက် သေလိုက် အမာရွတ်ဖြစ်လိုက် နဲ့ ကြာလာတဲ့အခါ #အသည်းခြောက် တယ်လို့ခေါ်ကြတဲ့ အသည်းကျွတ်ခြင်း (Cirrhosis of Liver) ဖြစ်ပါပြီ။
(Cirrhosis of Liver) ပြီးရင်တော့ အသည်းကင်ဆာကို အချိန်မရွေးပြောင်းနိုင်ပါတယ်။
(Cirrhosis of Liver) မဖြစ်ပဲလည်း အသည်းရောင်ရာကနေ အသည်းကင်ဆာ ဖြစ်သွားနိုင်ပါတယ်။
____________
အဲ့ဒါကြောင့် ပြန်ပြောရရင်

1. အသည်းအဆီဖုံးရောဂါက ဘာလက္ခဏာ မှမခံစားရပါဘူး
2. အရွယ်ရောက်တဲ့သူ (၃) ယောက်မှာ (၁) ယောက်က အသည်းအဆီဖုံး နေပါပြီ
3. ✳️ အသည်းအဆီဖုံးရောဂါက ဆက်မဆိုးသွားအောင် ကာကွယ်နိုင်သလို ပုံမှန်ပြန်ဖြစ်အောင်လည်း လုပ်လို့ရပါတယ်။
4. အဲ့ဒါကိုမှ 🚨 ဂရုမစိုက်ပဲ ပစ်ထားလိုက်ရင် အသည်းရောင်ရောဂါရမယ်
5. အသည်းကျွတ် (အသည်းခြောက်မယ်)
6. အသည်းကင်ဆာဖြစ်မယ်
7. ရေဖျင်းဆွဲ၊ ပိန်လှီ၊ ခြေလက်ဖောရောင်ရာကနေ အသက်ဆုံးရှုံး တဲ့အထိဖြစ်သွားနိုင်ပါတယ်။
___________
အဲ့တော့ အသည်းအဆီဖုံး နေပြီဆိုရင်
- ဆက်ပြီးရောဂါမဆိုးသွားရအောင်
- မူလ ပုံမှန် အသည်းလေး ပြန်ရ ရအောင် လုပ်ဖို့က အရေးကြီးပါတယ်။

(( ထုံးစံအတိုင်းပေါ့ အသည်းအဆီဖုံးနေပါတယ် ဆရာ #ဘာဆေးသောက်ရပါမလဲ ⁉️ )

❌ အသည်းအဆီဖုံးရောဂါ အတွက်*** #ပျောက်တဲ့ဆေး_မရှိပါဘူး ***

Life Style Change ရတာပါ။
နေထိုင်စားသောက်မှုပုံစံကို လုံးဝ ပြောင်းလဲပစ်ရမှာပါ။

- အဝ လွန်နေရင် ကိုယ်အလေးချိန်ကို ကျန်းမာသော နည်းလမ်းတွေသုံးပြီး လျှော့ပါ
(https://www.facebook.com/104993831383029/posts/108040834411662/)
- အရက်မသောက်ပါနှင့် (အသည်းအဆီဖုံးရုံမက အသည်းပါရောင်နေရင် လုံးဝ ရှောင်ရပါမယ်)
- ဆေးလိပ်သောက်တာဟာ ကင်ဆာတိုင်းကိုဖြစ်စေလို့ ရှောင်ရပါမယ်။
- ဆီးချိုရောဂါ၊ Metabolic syndrome ၊ အဝလွန်ခြင်း ၊ Obstructive sleep apnoea ၊ သွေးတွင်းအဆီများခြင်း (Dyslipidaemia) စတဲ့ရောဂါတွေကိုလည်း သေသေချာချာ ကြပ်ကြပ်မတ်မတ် ကုသမှုခံယူရပါမယ်
- ဆေးသောက်လိုသူများအတွက်ကတော့ #ပြသနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး Vitamin E သောက်လို့ရပါတယ်။

အဓိက ကတော့ #အစားအသောက်ပေါ့
- ကဆီဓာတ် (Carbohydrate) လျှော့စားရမှာပါ (ထမင်းအဓိက စားတတ်တဲ့/ကြိုက်တဲ့ ကျွန်တော်တို့အတွက် မလွယ်ဘူးဆိုပေမယ့် လျှော့စားရပါမယ်)
- သွေးတွင်း Glucose ရုတ်တရက်တက်ပြီး Insulin ကမောက်ကမ ဖြစ်စေနိုင်တဲ့ အချိုမုန့်တွေနဲ့ အချိုရည်ကတော့ လုံးဝကို ရှောင်ရမှာပါ
- အချိုကြိုက်တာကို ဘယ်လိုလုပ်ရမလဲ အချိုမုန့်တွေနဲ့ အချိုရည် ကော ရှောင်ရရင် 😀 အသီးတွေစားပါ (အသားအရေလည်းကောင်း အဆိပ်အတောက်တွေလည်းစင်တာပေါ့)
- ဟင်းသီးဟင်းရွက် အများကြီးစားပါ (ကျွန်တော်တို့ နိုင်ငံအတွက်ကတော့ သေသေချာချာဆေးပြီးမှ စားကြပါ) ကျန်းမာချင်လို့ ဟင်းသီးဟင်းရွက် စားကာမှ ပိုသတ်ဆေးမိပြီး ကြွသွားမှာစိုးလို့ပါ (လူယုတ်မာ is everywhere 😅)
- အသားက ကဆီဓာတ်လောက်မဆိုးပေမယ့် ဝက်သားစားတဲ့လူထက် ငါးစားတဲ့ သူက အများကြီးပိုပြီး ကျန်းမာတာပေါ့ (ပင်လယ်စာ စားပေးပါ) ပင်လယ်စာဆိုလို့ ငါးပိ၊ငါးခြောက်တွေ အများကြီးစားရင်တော့ သွေးတိုးရောဂါရပါလိမ့်မယ်
- အဆီကတော့ ပဲဆီ သုံးတာအကောင်းဆုံးပေါ့ (သံလွင်ဆီက ပိုကောင်းတယ် ဆိုပေမယ့် သူ့စျေးကဝယ်မှ မစားနိုင်တာ 😅) ကိုယ့်ဝင်ငွေအရ စားအုံးဆီပဲစားနိုင်တယ် ဆိုလဲ နည်းနည်းပဲသုံးပေါ့ (တစ်ခါသုံးပြီးသားဆီတော့ လုံးဝ ပြန်မသုံးကြပါနဲ့ Trans fat တွေက တော်တော်ကြောက်ဖို့ကောင်းလို့ပါ)
- Intermittent fasting ဆိုတဲ့ နည်းလမ်းကတော့ လုပ်နိုင်ရင် ကောင်းတယ် ဆိုတဲ့ သုတေသနတွေ အများကြီးရှိပါတယ် ၊ တကယ်လည်း ကိုယ်အလေးချိန်ကျသလို (Insulin resistance ကျသွား တဲ့အတွက်)ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်
(ဒါပေမယ့် ရေရှည်လုပ်နိုင်မလုပ်နိုင်ဆိုတာရယ်၊ လုပ်ငန်းခွင်မှာ ဗိုက်ဆာနေပြီး အဆင်မပြေဖြစ်နေမှာရယ်ကို ချိန်ကြပါ )
- Keto diet ကတော့ ကျွန်တော် (ကျွန်တော့ Opinion ပါ) အားမပေးပါဘူး ( ခေတ်အရမ်းစားနေပေမယ့် Diet တစ်ခုမှာ Carbohydrate လျှော့တာမှန်ပေမယ့် အဆီ Potion များများစားခိုင်းတာ မဖြစ်သင့်ပါဘူး)
- အကောင်းဆုံးကတော့ ကောက်ရိုးမီး မဟုတ်ပဲ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ (ဒူးနာလို့ ဟိုနားနာလို့ဒီနားနာလို့ ဘာမှမလုပ်ဖြစ်ဘူးဆိုတဲ့ သူတွေလည်း မနာတဲ့နေရာတွေကို လေ့ကျင့်ခန်းလုပ်ပေါ့)
- Workout ထဲမှာ မလုပ်ရမယ့် Workout ကတော့ ပါးစပ် Workout ပါပဲ 😁 (တခြားဘယ်နေရာမှ မလှုပ်ရှားပဲ မိုးလင်းမိုးချုပ် ပါးစပ်ပဲလှုပ်နေတာလေ တကျွတ်ကျွတ်နဲ့စားနေတာပေါ့)
- အတင်းပြောရင်တောင် Mood ဝင်လာလို့ မျက်နှာမဲ့ရွဲ့ပြီး ကိုယ်ဟန်လက်ဟန်တွေပါလာရင် လေ့ကျင့်ခန်းလုပ်သလိုဖြစ်သေးတယ်လေ (စတာနော်)
- စိတ်ဖိစီးမှုလျှော့ (သူများကို အကောင်းမြင်ရမှာ 😀၊ သံသယစိတ် လျှော့၊ ဣဿာမစ္ဆရိယ လျှော့ရမှာပေါ့)

နေထိုင်စားသောက်မှုပုံစံကို လုံးဝ ပြောင်းလဲပစ်လိုက်နိုင်ရင်တော့ ဖုံးနေတဲ့အဆီတွေထွက်သွားပြီး ကျန်းမာတဲ့အသည်းလေး ပိုင်ဆိုင်နိုင်သလို ခန္ဓာကိုယ်ကလည်းသွယ်လျလှပနုပျိုသွားမှာ အသေအချာပါပဲဗျာ။

ရေးတာအများကြီးဖြစ်သွားပြန်ပါပြီ
ဒီအထိ သေသေချာချာဖတ်လိုက်နိုင်ရင်တော့ အကျိုးတစုံတရာ ရကြမယ်မျှော်လင့်ပါတယ်။

(Ref; myclevelandclinic)
(Photocredit; healthharvardedu)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
01:40 pm/04.12.2021

Address

Ba Yint Naung Road
Yangon

Website

Alerts

Be the first to know and let us send you an email when Shin Ye Htut 24hr Medical Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram