Dr. Diet

Dr. Diet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Diet, Medical and health, Yangon.

19/09/2025

Hi everyone! 🌟 You can support me by sending Stars -

Whenever you see the Stars icon, you can send me Stars!

10/09/2025
10/09/2025

ဆီးချိုကျဖို့၊ဝိတ်ကျဖို့မည်သည့်ဆန်ရွေးရမည်နည်း ဘတ်စမာတီ(basmati ) လား?? ရိုးရိုးဆန်လား??

ရိုးရိုးဆန်ဖြူ - Glycemic index များသောကြောင့် ခန္ဓာကိုယ်ရဲ့ သွေးအချိုဓာတ်လျင်မြန်စွာ တက်စေပါသည်။အလွယ်တကူဗိုက်ပြန်ဆာနိုင်ပါသည်။တစ်ခြားဆန်များထက် ကယ်လိုရီအနည်းငယ်ပိုများပါသည်။

ဘတ်စမာတီ ( basmati )- Glycemic index နည်းသောကြောင့် သွေးအချိုဓာတ်ကိုဖြည်းဖြည်းခြင်း တက်စေပါသည်။ ဗိုက်ပြည့်ဝသည့်ခံစားမှုကိုပေးနိုင်ပါသည်။ ထို့ကြောင့် ဆီးချိုရောဂါ ရှိသူများအတွက် သင့်တော်ပါသည်။
ထို့ကြောင့် ဝိတ်ချချင်တယ်၊ ဆီးချိုသမားများအတွက်ဆိုရင်တော့ ဘတ်စမာတီ ( basmati ) နဲ့ ပိုသင့်တော်ပါသည်။
ချွင်းချက် - ဘယ်ဆန်အမျိုးအစားပဲရွေးရွေးပါ ပိုအရေးကြီးသောအရာမှာ စားသည့်ပမာဏ ( portion size ) ပင် ဖြစ်ပါသည်။
လေးစားစွာဖြင့်
DOCTOR WELLNESS

10/09/2025

I got over 2,400 reactions on my posts last week! Thanks everyone for your support! 🎉

08/09/2025

အိပ်စက်ခြင်းနှင့်ဝိတ်ကျခြင်း
ဝိတ်ချရာတွေအစားအသောက်လျော့ခြင်းအပြင်နောက်ထက်အရေးပါသောအချက်မှာ ကောင်းမွန်စွာ တစ်ရက် ၈ နာရီအထက် အိပ်စက်ခြင်းပေဖြစ်သည်။
အ​ဘယ့်ကြောင့်ဆိုသော်

- [ ၁] ကောင်းစွာအိပ်စက်ခြင်းဖြင့်ခန္ဓာကိုယ်ရှိဆာလောင်ခြင်းနှင့်ပြည့်ဝခြင်းဟော်မုန်း( ghrelin and leptin hormone )ကိုမျှတမှုရှိအောင်ထိန်းထားပေးနိုင်ခြင်း
- [ ၂] အိပ်ရေးမဝပါကအစားစားလိုစိတ်ကိုပိုဖြစ်စေပါသည်။ အထူးသဖြင့်အချိုဓာတ် နှင့် ကာဗိုဟိုက်ဒရိတ် ( carbohydrate) ကိုပိုစားချင်စိတ်ဖြစ်ခြင်း။
- [ ၃] ကောင်းစွာအိပ်ခြင်းသည် ခန္ဓာကိုယ်ထဲရှိကယ်လိုရီများ​ကိုကောင်းစွာကုန်ဆုံးစေသည်
- [ ၄] စိတ်ခွန်အားနှင့် energy ကောင်းစွာရရှိသောကြောင့် လေ့ကျင့်ခန်းလုပ်ရာတွင်အထောက်အကူပေးပါသည်။
လေးစားစွာဖြင့်
DOCTOR WELLNESS

အစာလည်းဆေး၊ ဆေးလည်းအစာ!!!It is not not only food but also medicine too.  food #
07/09/2025

အစာလည်းဆေး၊ ဆေးလည်းအစာ!!!
It is not not only food but also medicine too.
food #

07/09/2025

ထောပတ်သီးစားခြင်းမှရနိုင်သောအကျိုးကျေးဇူးများ
ထောပတ်သီးစားခြင်းဖြင့်များစွာသောကျန်းမာရေးအတွက်ကောင်းမွန်သောအာဟာရဓာတ်များစွာရနိုင်ပါသည်။ ထို့ကြောင့် အစွမ်းထက်သောအစာ ( superfood )လို့ပင်တင်စားခေါ်ကြသည်။
- [1] နှလုံးရောဂါအတွက်ကောင်းသော အိုမီဂါ၃ ( omega3 ) & oleic acid များစွာပါဝင်ပါသည်။
- [2] သကြားပါဝင်မှုနည်းပြီးအမျှင်ဓာတ်ပါဝင်မှုများသောကြောင့်သွေးထဲလျှင်မြန်စွာသကြားဓာတ်တက်ခြင်းကိုကာကွယ်ပေးပါသည်။
- [3] Antioxidant များစွာပါဝင်သောကြောင့်ခန္ဓာကိုယ်ထဲ မကောင်းသည့်ဓာတ်( free radicals ) ကိုနည်းစေပါသည်။
- [4] မကောင်းသောအဆီဓာတ်ကိုနည်းစေပြီးကောင်းသောအဆီဓာတ်ကိုများစေပါသည်။
- [5] အူလမ်းကြောင်းမှ အာဟာရစုပ်ယူမှုကိုကောင်းစေပါသည်။
- [6] စားပြီးဗိုက်ပြည့်ဝသည့်ခံစားမှုရသောကြောင့် ကိုယ်အလေးချိန်ထိန်းရာတွင်အသုံးဝင်ပါသည်။

မည်သို့စားသုံးနိုင်သနည်း။
Salad , smoothie , sandwich များလုပ်၍စားသုံးနိုင်ပါသည်။
facts

လေးစားစွာဖြင့်
DOCTOR WELLNESS

03/09/2025

သွေးတိုးရောဂါနှင့်ဆားမည်မျှစားသင့်သနည်း
ဆားဆိုသည်မှာ ဆိုဒီယမ်(sodium) နှင့် ကလိုရိုက်( Chloride ) ပါဝင်ပါသည်။ ဆိုဒီယမ် ကိုခန္ဓာကိုယ်အတွက်အာရုံကြောလှုံ့ဆော်ရန်၊ ကြွက်သားများလှုပ်ရှားရန် နှင့် ကိုယ်ခန္ဓာအတွင်းရေဓာတ်လုံလောက်အောင်ထိမ်းညှိရန် စသည့်နေရာများတွင်အသုံဝင်ပါသည်။ သို့သော် လိုအပ်သည်ထက်ပိုရျ်စားသုံးပါက သွေးတိုးရောဂါနှင့်သူ၏နောက်ဆက်တွဲ နှလုံးရောဂါနှင့်လေဖြန်းသည်အထိဖြစ်နိုင်ပါသည်။

မည်သည့်အစာများတွင်ဆားပါဝင်နေသနည်း
နေ့စဉ်စားသုံးနေသောအစာများတွင်
၈၀ ရာခိုင်နှုန်း(80%) လောက်သည် အသင့်စားအစားအစာ ( processed food)နှင့် အဆာပြေမှုန့်များ ( package food ) ထဲတွင်ပါဝင်နေသည်။ အဘယ့်ကြောင့်ဆိုသော် အစာများတာရှည်ခံရန် နှင့်အရသာပိုမိုကောင်းမွန်စေရန် ဆားကို အသုံးပြုရခြင်းကြောင့်ပေ။ထို့ကြောင့် အစားအစာများ၏ ဆိုဒီယမ် (sodium) ပါဝင်မှု ( food label ) သေချာဖတ်ကြည့်ခြင်းအားဖြင့် ပိုမိုကျန်းမာကောင်းမွန်သော အစားအစာများရွေးချယ်နိုင်မည်ဖြစ်သည်။

နေ့စဉ်ဆားမည်မျှစားသင့်သနည်း။
Australia heart association guideline အရ
ပုံမှန်လူတစ်ဦးတစ်နေ့စားသင့်သောဆားပမာဏမှာ
၅ ဂရမ် (5 gram) (သို့မဟုတ်) လက်ဖက်စားဇွန်းတစ်ဇွန်းထက်မပိုသောပမာဏစားခြင်းအားဖြင့် သွေးတိုးရောဂါ ဖြစ်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။

လေးစားစွာဖြင့်
DOCTOR WELLNESS

31/08/2025

Cholesterol ( ကိုလက်စရော )သွေးထဲများခြင်းသည်ကောင်းတာလား/ဆိုးတာလား
Cholesterol (ကိုလက်စရော ) ဆိုသည်မှာ သွေးကြောထဲအဆီနှင့်တူသောပစည်းလေးတွေပါ။ ထိုအရာများကို ကိုယ်ခန္ဓာရဲ့ ဆဲလ်လေးတွေဖြစ်တည်ဖို့၊ ဟော်မုန်းတွေထုတ်ဖို့၊ vitamin D ထုတ်ပေးဖို့အတွက်အသုံးပြုကြပါတယ်။
သို့သော် လိုအပ်သည်ထက် cholesterol ပမာဏများလာပါက နှလုံးရောဂါနှင့်လေဖြန်းခြင်း တို့ဖြစ်စေနိုင်ပါတယ်။ အဘယ့်ကြောင့်ဆိုသော်မကောင်းသည့် ကိုလက်စရော (bad cholesterol )များသွေးကြောထဲ ပိတ်လာခြင်းကြောင့်ပေ။ မကောင်းသည့် ကိုလက်စရောများကို သွေအဖြေများတွင် LDL ဟု ဖော်ပြကြသည်။
ခန္ဓာကိုယ်ထဲတွင်ကောင်းသည့် ကိုလက်စရော( good cholesterol ) များလည်းရှိပါသည်။ ထိုအရာများကို HDL ဟု သွေးအဖြေများတွင်ရေးကြသည်။ HDL ( good cholesterol ) များ ကခန္ဓာကိုယ်ရှိ LDL ( bad cholesterol ) များကိုဖယ်ရှားပေးကြသည်။

Good cholesterol များအောင်မည်သို့လုပ်ဆောင်ရမည်နည်း??
- အစာအုပ်စုစုံလင်စွာစားပေးပါ
- လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ
- ဆေးလိပ်မသောက်ပါနှင့်
- ပုံမှန်ကိုယ်အလေးချိန်အတွင်းနေထိုင်ပါ
အသေးစိတ်သိလိုပါက အာဟာရဆရာဝန်များနှင့်ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

လေးစားစွာဖြင့်
DOCTOR WELLNESS

31/08/2025

Omega 3 ( အိုမီဂါ ၃ ) အကြောင်း သိသင့်သည်များ
Omega 3 ဆိုသည်မှာ ကျန်းမာရေးအတွက်ကောင်းမွန်သောအဆီဓာတ်( unsaturated fat) ဖြစ်ပါသည်။
Omega 3 ဘယ်နှစ်မျိုးရှိပါလဲ?
- DHA (Docosahexaenoic acid)
- EPA ( Eicosapentanoic acid)
- ALA ( alpha linolenic acid)
အကြမ်းဖျင်းအားဖြင့်သုံးမျိုးရှိပါသည်။ ဒါလေးတွေသိထားခြငိးအားဖြင့်မိမိတို့ဝယ်ယူမည့်ဆေးအမည်(သို့မဟုတ်) အစားအစာထဲတွင်မည်သည့်ပမာဏပါဝင်သည်ကို အကြမ်းဖျင်းနားလည်နိုင်ပါသည်။

Omega 3 ကိုမည်သည့်အစားအစာမှရရှိနိုင်သနည်း။
- [1] Plant source ( Alpha linolenic acid)
Walnuts သစ်ကြားသီး၊ flax seed( နှမ်းကြပ်စေ့ )၊ Chia seed ( ချီယာအစေ့ )
- [2] Marine source ( EPA and DHA)
Fatty fish and fish oil ( အဆီဓာတ်ပါသောငါးနှင့်ငါးအဆီ )၊ krill or algae ( ရေမှော် )၊ DHA ၊ EPA ပါသောနို့
နှင့်အစားအစာများ

လေးစားစွာဖြင့်

DOCTOR WELLNESS

DOC

ကလေးငယ်တို့အတွက်ဥာဏ်ကောင်းစေသောအစားအစာများ         သဘာဝကပေးသောအစားအစာများကသင့်ကလေးဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးစေသည်ကိုသင်သိပ...
30/08/2025

ကလေးငယ်တို့အတွက်ဥာဏ်ကောင်းစေသောအစားအစာများ
သဘာဝကပေးသောအစားအစာများကသင့်ကလေးဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးစေသည်ကိုသင်သိပြီးပါပြီလား?အောက်ပါအစားအစာများသည်ကလေးငယ်တို့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဥာဏ်ရည်ထက်မြတ်မှုအတွက်အထောက်အကူပြုပေးနိုင်ပါသည်။
- [၁] ဆဲလ်မွန်ငါး- Omega 3 ဓာတ်မြောက်မြားစွာပါဝင်ခြင်းကြောင့်ဦးနှောက်အတွက်အထောက်အကူဖြစ်စေပါသည်။
- [၂] ထောပတ်သီး- ဦးနှောက်ဖွံ့ဖြိုးရန်လိုအပ်သောကောင်းမွန်သောအဆီ (unsaturated fat) မြောက်မြားစွာပါဝင်ပါသည်။
- [၃] ဘယ်ရီသီး - antioxidant များစွာပါဝင်ပါသည်။
- [၄] ကြက်ဥ- ကြက်ဥထဲပါဝင်သော ကိုလင်း( choline ) ဓာတ်သည် ဦးနှောက်ဆဲလ်များဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်တစ်မျိုးပါ။
- [၅] Broccoli - Super food လို့တင်စားခေါ်ရအောင်ပင်broccoli ထဲ brain boosting anti oxidant ပါပါတယ်။
- [၆] အစေ့အဆံ - Omega 3, Magnesium နဲ့ လိုအပ်သောအဆီဓာတ် (essential fatty acid) ပါသောကြောင့် စိတ်ပိုင်းဆိုင်ရာကော၊ ဦးနှောက်ပါကောင်းမွန်စေပါတယ်။
- [၇] ဟင်းနုနွယ် နဲ့ အစိမ်းရောင်အရွက်- Folate, calcium, iron , vitamin E and K များစွာပါပါတယ်။

လေးစားစွာဖြင့်
Doctor Wellness
Doctor Wellness

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Diet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram