𝙿𝚢𝚊𝚎 𝙿𝚊𝚒𝚗𝚐 𝙷𝚖𝚞 𝙰𝚞𝚗𝚐

  • Home
  • Myanmar
  • Yangon
  • 𝙿𝚢𝚊𝚎 𝙿𝚊𝚒𝚗𝚐 𝙷𝚖𝚞 𝙰𝚞𝚗𝚐

𝙿𝚢𝚊𝚎 𝙿𝚊𝚒𝚗𝚐 𝙷𝚖𝚞 𝙰𝚞𝚗𝚐 🔮 Astrology is a language. If you understand this language, the sky speaks to you 🔮

Western Horary နည်းနဲ့ ကိုယ့်ဆန္ဒအောင်မြင်မှုရမရကြည့်ကြမယ်……..ဒါက မနေ့က ကိုယ့်သင်တန်းသူတစ်ယောက်က လက်သည်းအလှပြင်ဆိုင်ဖွင်...
22/09/2025

Western Horary နည်းနဲ့ ကိုယ့်ဆန္ဒအောင်မြင်မှုရမရကြည့်ကြမယ်……..

ဒါက မနေ့က ကိုယ့်သင်တန်းသူတစ်ယောက်က လက်သည်းအလှပြင်ဆိုင်ဖွင့်မှာအောင်မြင်နိုင်မလားတဲ့။

Horary ကိုဖြေရင် သူမေးတဲ့အချိန်နဲ့မတွက်ရပဲ
ကိုယ်စကြည့်တဲ့အချိန်နဲ့ပဲတွက်ရပါတယ်။
ကိုယ်သူ့မေးခွန်းကိုကြည့်တာ ၂၁.၉.၂၀၂၅ ( ည ၈ နာရီ ၂၈ မိနစ် ) အဲ့အချိန်နဲ့ပဲ ဇာတာဖွဲ့ပြီးကြည့်ပါတယ်။

အရင်တစ်ခါပြောဖူးသလိုပဲ Asc House 1 ကိုမူသေထားပြီးကြည့်ပါတယ်။ ပုံထဲမှာ house 1 က Venus ဂြိုလ်အုပ်စိုးတဲ့ Ta**us ဖြစ်နေတာမို့ သူပြောတဲ့အလှအပလုပ်ငန်းဖွင့်ဖြစ်နိုင်မယ်ဆိုတဲ့အဖြေကိုရပါတယ်။ ဒါပေမယ့်အဖြေကိုဝေဝေဆာဆာဖြေချင်လို့ထပ်ကြည့်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်း နဲ့လုပ်ရင်အဆင်ပြေနိုင်မလားဆိုတာသိချင်လို့ House 7 lord ကိုရှာပါတယ်။ House 7 lord Mars က House 6 မှာရှိနေတာမို့ House 7 က စရေတွက်ရင် 12 House မှာရပ်နေတာကြောင့် ကိုယ်ပိုင်လုပ်ငန်းနဲ့ဖွင့်မယ်ဆိုအဆင်မပြေလောက်ပါဘူး။

အဲ့ဒါနဲ့ ဘယ်လိုပြေနိုင်မလဲထပ်ကြည့်ချင်လို့ House 1 lord က ဘယ်မှာ ရပ်နေလည်းကြည့်ပါတယ်။ House 1 lord Venus က house 4 မှာရှိနေပေမယ့် House 5 cusp နဲ့ပူးနေတာမို့ အဲ့ဒီ Venus က house 4 အလုပ်ကိုမလုပ်ပဲ House 5 အလုပ်ကိုပဲလုပ်ပါတယ်။ House 5 အချစ်ရေး နဲ့ အကျိုးတူပူးပေါင်းတာကို ပြတာမို့ သူ့ကိုမေးကြည့်ပါတယ်။ ချစ်သူနဲ့အကျိူးတူပူးပေါင်းလုပ်မှာလားဆိုတော့ ဟုတ်တယ်တဲ့။ အဲ့ဒါနဲ့ House 1 lord Venus ပူးနေတဲ့ house 5 lord ဘယ် House မှာရှိလည်း ထပ်ကြည့်ပါတယ်။ House 5 က Virgo မှာရှိနေပြီး lord Mercury က house 5 ကနေမှ House 6 cusp နဲ့ပူးနေပါတယ်။ အဲ့တော့ House 6 ဆိုတာ ဒီအတိုင်းကြည့်ရင် ကြွေးမြီဘာဝဆိုပေမယ့် House 5 က ရေတွက်ရင် House 2 ဖြစ်တဲ့အပြင် House 1 lord Venus နဲ့ မို့ သူက သူ့ချစ်သူနဲ့အကျိုးတူပူးပေါင်းရင် ဝင်ငွေတော့ကောင်းနိုင်ပါတယ်။

ရေရှည်အောင်မြင်နိုင်လားထပ်သိချင်တော့ House 11 နဲ့ဆက်စပ်မှုကိုထပ်ကြည့်ပါတယ်။ Sun နဲ့ Moon က House 11 မှာ ရှိတဲ့ Saturn နဲ့ Neptune ကို opposition တွေမြင်နေတာရယ် House 1 lord Venus က House 1 မှာရှိတဲ့ Uranus ကို Square မြင်နေတဲ့အပြင် Uranus ကလည်း retro သွားနေနတာမို့ ရေရှည်တော့အဆင်မပြေနိုင်ပဲ မိမိဒေါသ အတ္တ မာနကြောင့် ရုတ်တရတ် စကားများပြီး ဆိုင်ကို ပိတ် လိုက်ရတာမျိုးကြုံရနိုင်ပါတယ်။

အချုပ်ကြည့်ရရင် ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ဖွင့်မယ်ဆို မဖြစ်နိုင်ဘူး။ ချစ်သူနဲ့ပူးပေါင်းဖွင့်မယ်ဆိုဖွင့်နိုင်မယ်။ ငွေလည်းဝင်နိုင်ပေမယ့် အလုပ်သိပ်မဖြစ်တာမျိုးရှိပြီး ကိုယ်လုပ်ချင်တာနဲ့ ချစ်သူလုပ်ချင်တာသဘောထားတိုက်ဆိုင်မှုမရှိလို့ ရန်ဖြစ်စကားများပြီး ဆိုင်ပြန်ပိတ်ရတာမျိုးကြုံရနိုင်ပါတယ်။

22/09/2025

ရန်ကုန်မြို့ထဲတစ်ဝိုက်က……
Jo Jo hotpot ဆိုင်မှာ လက်ရှိ in service
အလုပ်လုပ်နေတဲ့ management level ရှိတဲ့
One of the Managers တစ်ယောက်ယောက်လောက်
ကျနော့်ဆီဖုန်းဆက်ပေးပါရန် request လုပ်ပါတယ်
Hot pot အလကားစားချင်လို့ပါဗျ 😋😋😋

✨Numerology အရ ကိုယ့်ရဲ့ မွေးနေ့ နံပတ်တွေနဲ့ Numeroscope လုပ်ပြီး ဇာတာဖွဲ့ကြမယ် ✨ကိုယ့် မွေး ဂဏန်းတွေကို ပုံထဲက Numerosc...
21/09/2025

✨Numerology အရ ကိုယ့်ရဲ့ မွေးနေ့ နံပတ်တွေနဲ့ Numeroscope လုပ်ပြီး ဇာတာဖွဲ့ကြမယ် ✨

ကိုယ့် မွေး ဂဏန်းတွေကို ပုံထဲက Numeroscope ထဲထည့်ပါမယ်။ ပုံထဲကလို ဇယားတိုင်ထောင်ပြီး ဘယ်ဘက်အစွန်ဆုံး အောက်ဆုံးအကွက်ကနေစပြီး 1,2,3,4,5,6,7,8,9 အပေါ်ကိုတက်ကာ အစဉ်လိုက်ထည့်ပါမယ်။ ဘယ်အစွန်အတန်ရပြည့်သွားရင် 4 ကိုအောက်ကနေပြန်ထည့်ပြီး အပေါ်ကိုတက်ပါမယ်။ ပုံထဲက မွေးနေ့က 6.4.1977 ပါ။

မင်မင့် Ex ရဲ့ Numeroscope ဇာတာအရ အောက်ဆုံးအတန်းက သုံးခုပြည့်နေပါတယ်။ အဲ့လိုသုံးခုပြည့်ရင် ကောင်းတဲ့ ယုဂ်တစ်ခုရပါတယ်။ အောက်ဆုံးတန်းက Body ဆိုတဲ့ လက်တွေ့နဲ့ဆိုင်တာတွေကိုပြပါတယ်။ ရုပ်ပိုင်းဆိုင်ရာပေါ့။ ရုပ်ပိုင်းဆိုင်ရာမှာ ကောင်းခြင်းယုဂ်အတော်တော်များများကို သူကပိုင်ဆိုင်ထားပါတယ်။ ရာထူးကြီးတယ်၊ ပညာတွေဘွဲ့ဒီဂရီတွေများတယ်၊ ငွေကြေးချမ်းသာတယ်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဇိမ်ခံရတာကိုကြိုက်တယ်။

သူ့မှာ အလယ်တန်းကျပျောက်နေပါတယ်။ အဲ့လိုပျောက်တာကတော့ အနိဌယုဂ်ဖြစ်ပါတယ်။ mind ဆိုတဲ့ feeling တွေ emotion တွေနဲ့ပတ်သက်ရင် သူ့မှာ bond တွေများပါတယ်။ ငယ်ငယ်ကမိသားစု မိဘတွေရဲ့ချစ်ကြင်နာမှုကိုအပြည့်မရတာ။ ကြီးလာရင်လည်း သူလိုချင်တဲ့သူတွေဆီက ချစ်ခြင်းမေတ္တာကို သူလိုချင်တဲ့ပုံစံအတိုင်းမရတာတွေရှိတတ်ပါတယ်။ ကိုယ့်စိတ်ထဲ energy ကိုက်ပြီး ကီးကိုက်တယ်လို့ထင်သူတွေကိုပဲ အဖက်လုပ်ပေါင်းသင်းပါတယ်။ ကီးမကိုက်ဘူးထင်ရင် အဖက်မလုပ်တတ်ပါဘူး။

အပေါ်ဆုံးအတန်း Soul မှာလည်း နှစ်ကွက်ကိုပိုင်ဆိုင်ထားပါတယ်။ အဲ့ soul က ဆင်ခြင်ဥာဏ်ကိုပြါတယ်။ သုကဘာလုပ်လုပ် သေချာတွေးတောပြီးလုပ်သင့်လုပ်ထိုက်တာတွေကိုပဲ လုပ်တတ်ပါတယ်။ စိတ်ခံစားချက်ကြောင့် လုပ်သင့်တာကိုမလုပ်ပဲနေတာမျိုးမရှိပါဘူး။ ဥပမာ အိပ်ငိုက်လို့အလုပ်မလုပ်တော့ဘူးဆိုတာမရှိပါဘူး။ လုပ်ရမယ်လို့တွေးတာနဲ့သေချာ ဇောက်ချလုပ်ပါတယ်။ စိတ်ခံစားချက်နောက်မလိုက်တတ်ပါဘူး။

အားလုံးခြုံကြည့်ရင် သူကစိတ်ခံစားချက်ကိုသိပ်ဦးစာရမပေးပေမယ့် ကာမဂုဏ်ခံစားရတာ ဇိမ်ခံရတာမျိုးကိုတော့ဦးစားပေးပါတယ်။ ဘာလုပ်လုပ်တွက်ချက်တတ်ပြီး လုပ်သင့်တာကိုပဲဦးစာရပေးလုပ်ပါတယ်။

Trauma များသူဖြစ်ပြီး သူကိုယ်တိုင် အဲ့ အလယ်က energy တွေကိုမဖြည့်ရင် universe ကဖြည့်ဆည်းပေးတတ်ပါတယ်။ သူ့ဘဝမှာ ၂၀၀၀ နောက်ပိုင်း ၂၀၂၂ ခုနှစ်တွေမှာ သူ့ကိုယ်သူ heal လုပ်ဖို့ spiritual လမ်းကြောင်းကိုလျှောက်ဖို့ ဖိအား တွန်းအားတွေပေးခံရတာမျိုးကြုံရတတ်ပါတယ်။

ဒါက အပေါ်ယံကြည့်တာပေါ့နော် အသေးစိတ်ကြည့်ချင်ရင် ဂဏန်း energy တွေနဲ့ထပ်ပြီးကြည့်လို့ရပါတယ်။ Numerology နဲ့လည်း ကိုယ့်ဘဝမှာဘာတွေဖြည့်ဖို့လိုလည်းဆိုတာမျိုးကို ကြည့်လို့ရပါတယ်ဗျ

21/09/2025

Numerology အရ အစားကျူးသူများကို
ဒီရက်မှာမွေးဖွားကြပါတယ်…..။

ကိုယ့်မွေးနေ့၊ မွေးလ၊ မွေးခုနှစ်မှာ
၂ ဂဏန်း ပါသူတွေပါ……..
၂ ဂဏန်း များလေ အစားပိုကျူးလေပါပဲ
၁၁ ရက်နေ့မွေးသူများကလည်း ပေါင်းခြင်း ၂ ရတာမို့
2 energy ရှိပါတယ်။

Numerology မှာ 2 ကို Moon က လွှမ်းမိုးပါတယ်။
Moon ဆိုတာ နေ့စဉ်လှုပ်ရှားမှုနဲ့ အစားအစာကိုပြပါတယ်။

ကိုယ့်ချစ်သူမွေးနေ့မှာ ၂ ဂဏန်းတွေပါရင်
စိတ်ဆိုးလို့ဘယ်လိုမှချော့မရဘူးဆို
မုန့်ဝယ်ကျွေးပြီးသာချော့ပါ

ကိုယ်လိုက်နေတဲ့သူရဲ့ မွေးနေ့မှာ ၂ ဂဏန်းပါရင်
မုန့်များများကျွေးပြီးလိုက်ပါ……

၂ ရော ၆ ရော ၇ရော ပါနေရင် အစားအသောက်ကောင်းကောင်းကို ဇိမ်ခံပြီးစားလို့ရတဲ့နေရာမျိုးကိုရွေးဒိတ်ပါ….

20/09/2025

Virgo ♍️ တွေနဲ့ပတ်သက်ရတာကလဲ
“ဟင်” ဆိုပြီး အသက်တိုတာကလွဲရင်
ဘာမှအဖက်မတင်ဘူးနော် ချစ်တို့…..
ဦးနှောက်က သတိပေးလဲ
နှလုံးသားက မသိတတ်ဘူးရယ်…..
$ Virgo မှ $ Virgo ဖြစ်နေတာ
တစ်ခါတစ်လေကြတော့လဲ
အစ်ကိုရေ မျက်လုံးလေးခဏမှိတ်ပေးပါလား
Surprise လုပ်ချင်လို့ဆိုပြီး
ပါးကြီးပဲဖြတ်ရိုက်ချင်တော့တယ်

19/09/2025

တစ်ပတ်တာအတွင်း ကြုံရမယ့် သင့်အချစ်ရေး ( collective reading )

လတ်တလော ဒီစာမြင်တဲ့သူတွေမှာ ချစ်သူက ကိုယ့်ဆန္ဒမပါပဲ ကိုယ့်ကိုအတင်းအကြပ်စေခိုင်းတာမျိုးတွေရှိနိုင်တယ်။ သူ့စိတ်အလိုကျစေဖို့ ကိုယ့်စိတ်ကိုချိုးနှိမ်လိုက်ရတာမျိုးတွေရှိမယ်။ ကိုယ့်အလုပ်ကိစ္စတွေ ကိုယ့်တာဝန်တွေကိုပြစ်ထားပြီး သူ့အလိုကျလိုက်လျောပေးရတာတွေ ဖြည့်ဆည်းပေးရတာတွေရှိနေတတ်တယ်။ နိုင်ထက်စီးနင်းလုပ်တာမျိုးတွေကြုံနေရမယ်။ နိုင်ထက်စီးနင်းဆိုတာ ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးမှမဟုတ်ပဲ ကိုယ့်သဘောဆန္ဒမပါပဲ သူ့သဘောအတိုင်းလိုက်လျောနေရတာမျိုးကိုဆိုလိုတာပါ။ ကိုယ့်ဆန္ဒတွေကို သူကထည့်သွင်းမစဉ်းစားပဲ သူ့အလိုပဲဖြည့်နေချင်တဲ့အတ္တစိတ်တွေ သင့်ချစ်သူမှာရှိနေတယ်။

အချစ်ရေးအနေနဲ့ ကိုယ့်ချစ်သူဆီကမျှော်လင့်ထားတာမျိုးတွေရလာမှာမဟုတ်ဘူး။ သူဖြည့်ဆည်းပေးတာတွေစောင့်မျှော်နေရမှာထက် ကိုယ့်ဟာကိုယ်ပဲဖြည့်ဆည်းလိုက်ရတာမျိုးတွေရှိလာမယ်။ သူ့ဆီကအလိုက်သိဖို့မျှော်လင့်နေရင်း ကိုယ့်အတွက် ကိုယ်ပဲဖြည့်ဆည်းပေးလိုက်ရမယ်။ သူကတော့ သူလိုတာလေးတွေရှိရင် ကိုယ့်ဆီလာကပ်ချွဲမယ်။ ကိုယ်ပျော်အောင်ထားမယ်။ ဒါပေမယ့် အဲ့ဒါက ကိုယ်ပျော်အောင်ထားပေးတာထက် သူလိုတာကိုလာတောင်းဆိုတာမျိုးပဲရယ်။ သူက သူလိုချင်တာ သူသိချင်တာ သူဖြစ်ချင်တာရသွားပြီဆို ကိုယ့်ကိုမရှိသလိုပြန်သဘောထားလိမ့်မယ်။

အဲ့ကြားထဲ သူနဲ့ကိုယ်ချစ်သူတွေဖြစ်နေတာကို ဒီအတိုင်းအာချောင်ပြီး နင်တို့တွေက မလိုဖက်ဘူး ဘာညာဆိုပြီး တရားချတဲ့သူမျိုးနဲ့လည်းကြုံလိမ့်မယ်။ အဲ့ဒီလူက မကောင်းကြံတာ သင်တို့ထဲက တစ်ယောက်ယောက်ကိုကြိုက်နေတာမျိုးတော့မဟုတ်ဘူး။ သူများစုံတွဲတွေကြားဒီအတိုင်းအာချောင်တတ်တဲ့အလေ့အထရှိနေတာရယ်။

19/09/2025

မနက်စောစော Aqua တစ်ယောက်က
Scorpio နဲ့တွဲတာ အဆင်မပြေလို့
ဘာနဲ့အဆင်ပြေလဲ ဆရာတဲ့
Virgo နဲ့အဆင်ပြေတယ်လို့ အချွန်နဲ့မပေးလိုက်တယ်
🥳🥳🥳

19/09/2025

၇ရက်သားသမီးများ စိတ်ချမ်းသာပါစေ

ငွေဝင်လာဘ်ရွှင်စေမယ့် Wallpaper….
18/09/2025

ငွေဝင်လာဘ်ရွှင်စေမယ့် Wallpaper….

✨၁ ဂဏန်း သမားများအကြောင်း ✨ ( မွေးရက် ၁ ဂဏန်း သမားတွေနဲ့ Life path ၁ ဂဏန်း သမားများ အတွက် )မည်သည့်လမှာမဆို ၁ရက်၊ ၁၀ရက်၊ ...
18/09/2025

✨၁ ဂဏန်း သမားများအကြောင်း ✨ ( မွေးရက် ၁ ဂဏန်း သမားတွေနဲ့ Life path ၁ ဂဏန်း သမားများ အတွက် )

မည်သည့်လမှာမဆို ၁ရက်၊ ၁၀ရက်၊ ၁၉ရက်၊ ၂၈ရက် မွေးသူများ နဲ့ မိမိမွေးရက်မွေးလမွေးခုနှစ်ကို တစ်လုံးတည်းကျန်အောင်ပေါင်းခြင်းရလဒ်က ၁ ဖြစ်နေသူများ ဖတ်လို့ရပါတယ်။

1 energy သမားများကို Sun က လွှမ်းမိုးပါတယ်။

မွေးရက် ၁ ဂဏန်းသမားများသည် ဒီ ၁ energy ရှိသူများဖြစ်ကြပြီး မိမိ life path ( မွေးရက်မွေးလမွေးခုနှစ်ပေါင်းခြင်း တစ်လုံးတည်းကျန်ရလဒ် ဂဏန်း ) 1 energy သမားများကတော့ ဒီ energy ကို အားကောင်းလုပ်ပေးရမည်။ မွေးရက် ၁ ဂဏန်းဖြစ်ပြီး life path လည်း ၁ ဂဏန်းဖြစ်နေလျှင် ထိုသူများသည် past life မှာ lesson မကျေတဲ့သူများဖြစ်ကြတာမို့ ဒီ energy ကိုထပ်ဖြည့်ရသူများဖြစ် ပါသည်။

1 energy သမားများသည် တစ်ယောက်တည်းနေရတာကိုကြိုက်နှစ်သက်ပြီး အများကိုဦးဆောင်နိုင် သူများဖြစ်ကြပါတယ်။ independent အရမ်းဖြစ်ကြပြီး ရဲရင့်တက်ကြွထက်မြက်သူများလည်း ဖြစ်တယ်။ အလုပ်မှာဖြစ်ဖြစ် မိသားစုထဲမှာဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကြားမှာလည်း ဦးဆောင်နိုင်သူများဖြစ်ပါတယ်။

အမြဲတက်တက်ကြွကြွနေတတ်ပြီး motivate အရမ်းဖြစ်တတ်ကြတယ်။ အရာရာကိုစိတ်အားထက်သန်နေပြီးတော့ အောင်မြင်ဖို့ အသိအမှတ်ပြုခံရဖို့ အမြဲကြိုးစားနေတတ်တယ်။

တီထွင်ဖန်တီးဥာဏ်ကောင်းတယ်။ ခေါင်းမာတယ်။ ဆုံးဖြတ်ချက်ချပြီဆို ဘယ်သူ့ကိုမှလည်းမတိုင်ပင်တတ်ဘူး။ ချပြီးတဲ့ဆုံးဖြတ်ချက်အပေါ်မှာလည်း ပြတ်သားတတ်တယ်။ သူများ စကားကိုနားမယောင်ပဲ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဆုံးဖြတ်ချက်ချတယ်။ ယုံကြည်မှုလည်း အရမ်းပြင်းထန်ကြတယ်။ တွေဝေတာမျိုးသိပ်မရှိပဲ ငါလုပ်နိုင်တယ်ဆိုတဲ့ confident ရှိကြတယ်။ သူတို့ခေါင်းထဲမှာ idea အသစ်တွေ အတွေးအခေါ်အသစ်တွေနဲ့ပြည့်နေတတ်တယ်။ ပေါ့ပါးသွက်လက်ကြတာကြောင့် လူအများနဲ့အလွယ်တကူရင်းနှီးလွယ်ကြတယ်။

သူများတွေလုပ်ဖူးတဲ့လမ်းကြောင်းမျိုရမဟုတ်ပဲ စွန့်ဦးတီထွင်ရတဲ့နည်းလမ်းတွေနဲ့ ဘယ်ကိစ္စမဆိုအစပြုတတ်ကြတယ်။ သူများတွေချပေးတဲ့လမ်းကြောင်းကိုသိပ်မလိုက်သလို သူများတွေလမ်းကြောင်းချပေးမှ လျှောက်တတ်သူတွေလည်းမဟုတ်ဘူး။ သူများတွေကိုလည်း လွှမ်းမိုးနိုင်စွမ်းကြီးကြတယ်။

စကားပြောဆိုရတာတွေကိုသိပ်မနှစ်သက်ပဲ သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာပါလာမှ စကားပြောဆိုတတ်ကြတယ်။ စိတ်တူကိုယ်တူရှိတဲ့သူတွေနဲ့ပဲစကားပြောကောင်းကြတယ်။ လူအများအကြောင်းကို စိတ်ဝင်တစားပြောတတ်သူများမဟုတ် လူအများအကြောင်းကို စိတ်ဝင်စားသူတွေမဟုတ်ပဲ ကိုယ့်အကြောင်းကိုသာပြောတတ် စိတ်ဝင်စားတတ်ကြပါတယ်။ စကားပြောဆိုတာထက် စာရေးတဲ့နေရာမှာပိုမိုအားသန်ကြတယ်။ သူတို့အကြံဥာဏ်တွေ အတွေးတွေကို တစ်ခြားသူတွေလေးစားလိုက်နာဖို့ expectation ထားတတ်ကြတယ်။ သူတို့အတွေးတွေကိုအများလက်မခံမှာ စိုးရိမ်တတ်တယ်။

ငွေကြေးနဲ့ပတ်သက်ရင် ကံကိုသိပ်မယုံကြပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ့်အားကိုယ်ကိုးငွေရှာချင်ကြတယ်။ သူတို့ရဲ့စိတ်လုံခြုံမှုဟာ သူတို့ပိုင်ဆိုင်တဲ့ ရုပ်ဝတ္တုပစ္စည်းတွေပေါ်မှာလည်း တိုက်ရိုက်အချိုးကျနေတတ်ပါတယ်။

အလုပ်ထဲမှာဆို သူတို့လုပ်ပိုင်ခွင့်ရဖို့နဲ့ အောင်မြင်မှု ရာထူးရဖို့ကိုအရမ်းလိုလားကြတယ်။ အများနဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားနည်းတတ်တာကြောင့် ကိုယ်ပိုင်လုပ်ငန်းနဲ့ပိုသင့်တော်ပါတယ်။ သူတို့ကိစ္စကိုဝင်စွက်ဖက်တာတို့ သူတို့ကိုအမိန့်ပေးတာတို့ဆို မကြိုက်ကြပါ။ ရယူရတာထက် ဖြည့်ဆည်းပေးဆပ်ရတာကိုပိုနှစ်သက်ကြတယ်။ ရယူခြင်းဟာ သူတို့အတွက် မာနနဲ့သိက္ခာကိုထိခိုက်တယ်လို့ သဘောထားသူများဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီးရတာမျိုးမဟုတ်ရင် သူများပေးစာကမ်းစာကိုမလိုချင်ကြသူများဖြစ်ပါတယ်။

အချစ်ရေးမှာဆို ချစ်သူကိုဦးဆောင်လိုတယ်။ ချစ်သူကိုနားလည်ပေးတဲ့မျက်လုံးထက် ချစ်သူမှာဘာလိုနေလည်းမျက်လုံးတွေနဲ့ပိုကြည့်တတ်ကြတယ်။ multi tasking အားမကောင်းတာကြောင့် ပတ်ဝန်းကျင်ကိုအရေးမစိုက်သူများလို့လည်း အထင်ခံရတတ်ပါတယ်။ ချစ်သူကို ပြုပြင်ကာကွယ်ပေးတတ်ကြပါတယ်။

1 energy over ဖြစ်သွားရင် over confident , over proud, ငါဆိုတဲ့မာန်အရမ်းများပြီး သူများကိုလွှမ်းမိုးချယ်လှယ်လိုကြတယ်။ သူသာအမှန်ပါဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားတယ်။ စိတ်မရှည်တတ်။ တစ်ယူသန်အတွေးတွေအရမ်းများတတ်တယ်။ သူများကိုနားလည်မှုလည်းအရမ်းမပေးနိုင်သူများဖြစ်ပါတယ်။ သူ့နောက်လိုက်မယ့်သူကိုပဲလိုချင်ကြတယ်။ အောင်မြင်မှုကို focus အရမ်းထားတော့ stress များတတ်တယ်။ စိတ်လိုက်မာန်ပါတွေအရမ်းလုပ်တတ်တယ်။ သူလုပ်မှ ဘာမဆိုပြီးမြောက်မယ်ဆိုတဲ့အတွေးတွေရှိတတ်တယ် ။ အပြောင်းအလဲတွေညှိနှိုင်းရတာတွေမကြိုက်တတ်။ အမှန်နဲ့ရင်ဆိုင်ရရင်တောင် အလျော့မပေးတတ်သူများဖြစ်ကြပါတယ်။

ကိုယ်က Life path Number 1 ဖြစ်ပြီး ကိုယ့်မှာ 1 energy balance မဖြစ်ဘူးဆို ရွှေရောင်၊ အဝါရောင်များများဝတ်ပါ။ ကြေးနီခွက်၊ အဝါရောင်ခွက်နဲ့ရေသောက်ပါ။ မနက်တိုင်းနေရောင်ခြည်ကိုများများခံပါ။

18/09/2025

Detail Birthchart ကံထူးရှင်တွေ
Remind လုပ်ပေးပါဦးနော်….

Suddenly I saw a Virgo Man 🥺🥺ချစ်ဖို့ကောင်းပြီး ချစ်လို့မကောင်းတဲ့လူတွေဆိုတာတကယ်ရှိတယ်နော်…..သူတို့ကတစ်စုံတစ်ဂို        ...
18/09/2025

Suddenly I saw a Virgo Man 🥺🥺
ချစ်ဖို့ကောင်းပြီး ချစ်လို့မကောင်းတဲ့လူတွေဆိုတာ
တကယ်ရှိတယ်နော်…..

သူတို့ကတစ်စုံတစ်ဂို
တစ်စုံတစ်ကွာ
တစ်စုံနှစ်ယို
ဘာလချောင်ဂို ( ဘာလချောင်ကြော်လိုပဲ သူမပါ။ ရင်ထမင်းမမြိန်ဘူး များများစားရင်လည်း သွေးတိုးမယ် )

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝙿𝚢𝚊𝚎 𝙿𝚊𝚒𝚗𝚐 𝙷𝚖𝚞 𝙰𝚞𝚗𝚐 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram