
26/12/2024
သတိပြု ဂရုစိုက်ကာကွယ်ပါ “𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬” ရောဂါ 🦠
𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 ရောဂါဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ဖြစ်ပွားနေတာဖြစ်ပြီး
ခု ၂၀၂၄ မှာ ပိုမို ဖြစ်ပွားလာတာကြောင့် အားလုံးပဲ သတိပြုကာကွယ်ရန် ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်ရှင် ..
𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 ဟာ လူအချင်းချင်းကူးစက်နိုင်ပြီး အစာအိမ်နှင့် အူလမ်းကြောင်းကို ဒုက္ခပေးသော ဗိုင်းရပ်စ်တစ်မျိုးပဲ ဖြစ်ပါတယ် ..
ဘယ်လို ကူးစက်နိုင်သလဲဆိုရင် ..
✔ မကျက်သော ကမာကောင် အစိမ်းစားသုံးခြင်း
✔ အသင့်စား အစားအစာများ စားခြင်း
✔ မသန့်ရှင်းသောရေကို သောက်သုံးခြင်း
✔ ရောဂါရှိသူများ၏ အသုံးအဆောင်များ၊
ထိတွေ့ထားသော မျက်နှာပြင်များကို ကိုင်တွယ်မိခြင်းဖြင့် ဗိုင်းရပ်စ် ကူးဆက်နိုင်ပါတယ် ..
𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 လက္ခဏာများကတော့ ..
👉 အစာအိမ်နာခြင်း
👉 အော့အန်ခြင်း
👉 ပင်ပန်းနွမ်းနယ်ခြင်း
👉 ကိုယ်ပူခြင်း ၊ ကိုယ်လက်ကိုက်ခဲခြင်း
👉 ဝမ်းပျက်ခြင်း
👉 ခေါင်းကိုက်ခြင်း
👉 ရောဂါလက္ခဏာ ဆိုးရွားလျှင် ခန္ဓာကိုယ်မှ
ရေဓာတ်ခမ်းခြောက်ခြင်းတို့ဖြစ်ပေါ်လာနိုင်ပါတယ် ..
🦠 𝐍𝐨𝐫𝐨𝐯𝐢𝐫𝐮𝐬 ရောဂါဆိုးဟာ အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက်(၅)နှစ်အောက်ကလေးများ ၊ အသက်ရွယ်ကြီးသူများ ၊ ကိုယ်ခံအားနည်းသူများတွင် ရောဂါလက္ခဏာ ပိုမိုဆိုးရွားနိုင်ပါတယ်ရှင် ..
🚫 ဗိုင်းရပ်ကူးစက်ခြင်းမှ ကာကွယ်နိုင်အောင်
✔ အခွံမာရေသတ္တဝါများ ၊ ကမာကောင်များကို စနစ်တကျချက်ပြုတ်စားသောက်ခြင်း
✔ ရေကို ကျိုချက်သောက်ခြင်း
✔ လက်ကို မကြာခဏ ဆေးကြောခြင်း
✔ ရောဂါဖြစ်ပွားပါက လက္ခဏာများသက်သာပြီး နှစ်ရက်အထိ အိမ်မှာ အနားယူခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်ရှင် ..
အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေရှင် ❤