Pacific Medical Industries Ltd.

Pacific Medical Industries Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pacific Medical Industries Ltd., Pharmaceuticals, No. 209/210/211, Corner of Kwan At Mintharkyi Road and Strand Road, Industrial Zone, Dagon Seikkan Township, Yangon.

Happy Birthday to Pacific AA Group Employees Born from January to June! 🎉🎉🥳🥳🥳2025 ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အတွင်းမွေးဖွာ...
12/08/2025

Happy Birthday to Pacific AA Group Employees Born from January to June! 🎉🎉🥳🥳🥳

2025 ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အတွင်းမွေးဖွားသော Pacific-AA Group ဝန်ထမ်းများအတွက် Happy Birthday အစီအစဉ်အား Pacific AA Group ၏ ရုံးချုပ်အပါအဝင် ၊ distribution centers များ၊ စက်ရုံများ၊ နယ်ရုံးခွဲ အသီးသီးတို့တွင် ယနေ့ 11.8.2025 နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ပျော်ရွှင်စရာ မွေးနေ့အစီအစဉ်သို့တက်ရောက်ခဲ့ကြသော မွေးနေ့ရှင် ဝန်ထမ်းများ အား Pacific AA Group ၏ Management မှ ဆုမွန်တောင်းစကားများ ပြောကြားခဲ့ကြပြီးနောက် မွေးနေ့ကိတ်ခွဲခြင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲနှင့် ရေခဲမုန့်ကျွေးခြင်းအပြင် ပျော်ရွှင်စွာဖြင့်သီချင်းသီဆိုခြင်းအစီအစဉ်များ ပြုလုပ်ကာ Happy birthday အစီအစဉ်အား ဝန်ထမ်းအားလုံး ပျော်ရွှင်စွာ ကျင်းပခဲ့သော ပုံရိပ်များအား မျှဝေပေးလိုက်ပါသည်။

Happy Birthday to Pacific AA Group Employees Born from January to June! 🎉🎉🥳🥳🥳

The Happy Birthday celebration for Pacific-AA Group employees born between January and June 2025 was held today, 11th August 2025, at the headquarters, distribution centers, manufacturing plants, and branch offices. The event was organized with great excitement and energy. After heartfelt birthday wishes from the Management of Pacific AA Group, the birthday cake cutting ceremony took place, followed by treats such as Mohinga, Coconut noodles, and ice cream. There was also a joyful program of singing songs. We are sharing pictures from this delightful celebration, where all employees celebrated together with happiness.



🙏ကနဦး ၂.၅ ဘီလျံကျပ် (ကျပ်သိန်းပေါင်း ၂၅,၀၀၀/-) ကို ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် Pacific AA Foundation မှပထမအဆင့် လှူဒါ...
13/04/2025

🙏ကနဦး ၂.၅ ဘီလျံကျပ် (ကျပ်သိန်းပေါင်း ၂၅,၀၀၀/-) ကို ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် Pacific AA Foundation မှ
ပထမအဆင့် လှူဒါန်းထောက်ပံ့ကူညီရန် သတ်မှတ်၍ ဆောင်ရွက်ခဲ့သော်လည်း လိုအပ်ချက်များပေါ်မူတည်ပြီး ထပ်မံ၍ ၅.၅ ဘီလျံကျပ်
(ကျပ်သိန်းပေါင်း ၅၅,၀၀၀/-) ကို
ဒုတိယအဆင့် ဆက်လက်လှူဒါန်းမည်ဖြစ်ပါသည်။ 🙏

သို့ဖြစ်ပါ၍ စုစုပေါင်း (၈) ဘီလျံကျပ် (ကျပ်သိန်းပေါင်း ၈၀,၀၀၀/-) ကို Pacific AA Foundation မှ
ထောက်ပံ့ကူညီလှူဒါန်းလျက်ရှိနေပါကြောင်း ဝမ်းမြောက်ကြည်နူးစွာမျှဝေပါသည်။

ဒုတိယအကြိမ် မတည်လှူဒါန်းထောက်ပံ့နေမှူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(I)
💉 ကာကွယ်ဆေးများထိုးရန်၊
အင်ဆူလင်ဆေးများထိုးရန်၊ ကင်ဆာဆေးများထိုးရန်နှင့် ကလေးလူနာများအတွက် အလွန်
အသုံးဝင်သော 3.79 billion kyats, ကျပ် (သိန်းပေါင်း - ၃၇,၉၀၀/-သိန်း/-) တန်ဖိုးရှိ
Japan နိုင်ငံ၏ ထိပ်တန်းဆေးပစ္စည်းကုမ္ပဏီ Nipro Corporation ၏ Nipro အမှတ်တံဆိပ် (1cc) ဆေး
ထိုးပြွန် (1cc syringes) အချောင်း 17,034,000 pcs ((၁၇)သန်းကျော်) ကို Nipro ကုမ္ပဏီ၏အကူအညီဖြင့် လှူဒါန်းခြင်း

(II)
💊ဒုတိယအကြိမ် ပြည်သူ့ဆေးရုံကြီး(၁၃)ရုံ (မန္တလေးမြို့ ကုတင် (၃၀၀) ဆံ့သင်ကြားရေးဆေးရုံကြီး၊မိတ္ထီလာပြည်သူ့ဆေးရုံကြီး၊
ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီး၊ကျောက်ဆည်ပြည်သူ့ဆေးရုံကြီး၊စစ်ကိုင်းပြည်သူ့ဆေးရုံကြီး၊နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင် -၁၀၀၀)၊ ပေါင်းလောင်းဆေးရုံ၊ ရွှေကြာပင်ဆေးရုံ၊ဒက္ခိဏ ပြည်သူ့ဆေးရုံ၊ လယ်ဝေးပြည်သူ့ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ကန်တော်နဒီဆေးရုံ နှင့် မန္တလေးမြို့ အရိုးရောဂါအထူးကုဆေးရုံကြီး)
သို့ Pacific-AA Foundation မှ ကျပ် (သိန်းပေါင်း-၅,၅၀၀/-) တန်ဖိုးရှိ
ဆေးဝါးများ ကိုယ်တိုင်ကိုယ်ကျ အရောက်ပို့ လှူဒါန်းခြင်း

(III)
👷ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေးရှိ ပြည်သူများ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
အတွက် ငွေသားကျပ် (သိန်းပေါင်း၈၃၀၀သိန်း/-) လှူဒါန်းခြင်း
တို့ဖြစ်ပါသည်။

ပထမအကြိမ် ကနဦးအလှူအဖြစ်
(IV)
ငလျင်ဘေးဒါဏ်သင့် ဒေသများရှိ တိုက်နယ်ဆေးရုံစုစုပေါင်း(၃၃) ရုံသို့
💰MMK-1,838,624,700/- (သိန်းပေါင်း ၁၈,၃၈၆ သိန်းကျော်/-)
တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများ ကိုယ်တိုင်သွားရောက်လှူဒါန်းထောက်ပံ့လှူဒါန်းခြင်း 🙏
(V)
Pacific-AA Group အောက်ရှိ သောဝန်ထမ်း ( 53 ) ဦးအတွက် ပြန်လည်နေရာချထားရေးထောက်ပံ့ လှူဒါန်းငွေ စုစုပေါင်းကျပ် (155,750,000 -/) ငွေ (ကျပ်သိန်းပေါင်း ၁၅၅၇ သိန်း/-)အား ပေးအပ်ခြင်း

(VI)
ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက်အထူးရည်ရွယ်ကာ Pacific AA Foundation, Roche Myanmar နှင့် အလှူရှင် စုစုပေါင်း (၁၉၂) ဦး မှ
သွေးလှူဒါန်းခြင်း၊ သွေးအလှူရှင်များအတွက် အဟာရကျွေးမွေးခြင်း၊ သံဓာတ်အားတိုးဆေးဝေဌခြင်းအတွက် သိန်း(၅၀)နှင့် အမျိုးသားသွေးလှူဘဏ်သို့ ငွေသား ကျပ်စုစုပေါင်း ကျပ် (သိန်း၅၀) လှူဒါန်းခြင်း

တို့ကို ၁၂.၄.၂၅ အထိ စုစုပေါင်း
ငွေကျပ် 7.169 billion kyats
(ငွေကျပ် ၇၁,၆၉၃/- သိန်း)
ရှိပြီဖြစ်ပါကြောင်းနှင့် ကျန်ငွေများကိုလည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါကြောင်း လှူဒါန်းခဲ့သည့် ကုသိုလ်များကို ကြည်နူးစွာမျှဝေပါသည်။🙏🙏🙏

Pacific-AA Foundation Earthquake Relief Donations
The Pacific-AA Foundation initially allocated 2.5 billion kyats (equivalent to 2500 million kyats) as part of its first-phase support for victims of the recent earthquake. In response to further identified needs, the Foundation has committed an additional 5.5 billion kyats (5500 million kyats) as part of a second-phase initiative.
The Foundation is pleased to announce a total contribution of 8 billion kyats (8000 million kyats) in humanitarian assistance and donations.

The second phase of support comprises the following:
1. Medical Equipment Donation:
A contribution of over 17,034,000 units (17 million) of 1cc syringes under the Nipro brand, valued at 3.79 billion kyats (379 million kyats), donated together with Nipro Corporation, a leading Japanese medical equipment manufacturer. These syringes are highly beneficial for vaccine administration, insulin delivery, cancer treatments, and use in pediatric care.
2. Medical Supply Donations to Public Hospitals:
Delivery of essential medicines valued at 550 million kyats to 13 public hospitals, including:
* Mandalay Teaching Hospital (300 beds)
* Meiktila Public Hospital
* Pyin Oo Lwin Public Hospital
* Kyaukse Public Hospital
* Sagaing Public Hospital
* Naypyidaw Public Hospital (1,000 beds)
* Paunglaung Hospital
* Shwe Kya Pin Hospital
* Dakkhinayone Public Hospital
* Lewe Public Hospital
* Mandalay Public Hospital
* Kandawgyi Hospital
* Mandalay Orthopedic Hospital
These contributions were personally delivered by representatives of the Pacific-AA Foundation.
3. Financial Support for Disaster Relief:
A cash donation of 830 million kyats was made to support rescue operations and the resettlement of earthquake-affected communities in Mandalay Region, Sagaing Region, Naypyidaw, Pyinmana, and Lewe.
The first phase of donations included:
1. Distribution of Medical Supplies:
Delivery of medical supplies and equipment valued at approximately 1.83 billion kyats (183.86 million kyats) to 33 township hospitals across earthquake-affected areas.
2. Support for Employees:
A total of 155.75 million kyats was provided as resettlement support to 53 employees under the Pacific-AA Group.
3. Blood Donation Initiative:
In collaboration with Roche Myanmar, the Foundation organized a blood donation drive involving 192 donors, specifically in aid of earthquake victims. Nutritional support was provided to donors, along with the distribution of iron supplements worth 5 million kyats and a separate cash donation of 5 million kyats to the National Blood Bank.

As of April 12, 2025, the total value of the Foundation's donations amounts to 7.169 billion kyats (7.169 million kyats). The Pacific-AA Foundation is honored to share these charitable contributions in the spirit of compassion and solidarity with all.




ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာခြင်းနှင့်ပြည့်စုံသောနှစ်သစ်အခါသမယကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Pacific Medical Industries L...
12/04/2025

ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာခြင်းနှင့်ပြည့်စုံသော
နှစ်သစ်အခါသမယကို ပိုင်ဆိုင်နိုင်ပါစေကြောင်း
Pacific Medical Industries Ltd မှ ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။




🩸🩸ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက်အထူးရည်ရွယ်ကာ Pacific AA Foundation, Roche Myanmar နှင့် အလှူရှင် စုစုပေါင်း (၁၉၂) ဦး မှ...
07/04/2025

🩸🩸ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက်အထူးရည်ရွယ်ကာ Pacific AA Foundation, Roche Myanmar နှင့် အလှူရှင် စုစုပေါင်း (၁၉၂) ဦး မှစုပေါင်း၍ အမျိုးသားသွေးလှူဌာနတွင် ၂၀၂၅ခုနှစ် ဧပြီလ(၆)ရက်နေ့ မနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြပါသည်။ 🩸🩸

မြန်မာနိုင်ငံဆိုင်ရာ Siwtzerland Head of Mission Mr. Daniel Derzic နှင့် သံရုံးဝန်ထမ်းများမှ ၎င်းတို့၏ တစ်သီးပုဂ္ဂလဆန္ဒအရ သွေးလာရောက်လှူဒါန်းခဲ့ပြီး Switzerland Head of Mission Mr. Daniel Derzic မှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါသည်။ ထို့နောက်Pacific AA Foundation မှ Chairman ဦးဇော်မိုးခိုင်နှင့် Vice Chairwoman Dr. Saw Nay Nwe တို့မှအမျိုးသားသွေးလှူဌာနသို့ လှူဒါန်းငွေကျပ် သိန်း(၅၀)တိတိအား Professor Dr.အယ်လ်ထူးဖေထံသို့ပေးအပ်လှူဒါန်းခဲ့ပါသည်။
Professor Dr. သီတာအောင်မှလဲ သွေးလှူဘဏ်ဖြစ်ပေါ်လာရခြင်းအကြောင်းများနှင့် လှူဒါန်းမှူအတွက် ကျေးဇူးတင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Roche Myanmar မှ Ms. Christina Yong မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ သွေးလှူဒါန်းကြသော ဝန်ထမ်းများနှင့် အလှူရှင်များကို သံဓာတ်အားဆေး FEROPAC (၁၉၂)ဘူး၊ မနက်စာနှင့် နေ့လည်စာများ ကျွေးမွေးခဲ့ပါသည်။

မွန်မြတ်သောကာလဒါနအလှူဖြစ်သည့် သွေးများလှူဒါန်းခဲ့ကြသော Pacific-AA Foundation, Roche Myanmar နှင့် အလှူရှင် စုစုပေါင်း (၁၉၂)ဦးတို့၏သွေးလှူဒါန်းနေကြပုံများအားကျေးဇူးတင်စွာဖြင့်ပြန်လည်မျှဝေလိုက်ရပါသည်။

🩸🩸A Simple Act of Giving to Support Earthquake Survivors🩸🩸

On the morning of April 6, 2025, a total of 192 dedicated staff members and donors from Pacific AA Foundation and Roche Myanmar came together to donate blood at the National Blood Center, in a united effort to support those affected by the recent earthquake.

We were honored by the presence of Mr. Daniel Derzic, Head of Mission of the Embassy of Switzerland in Myanmar, together with Embassy staff, who joined the donation on their own private initiative. Mr. Derzic also shared a few heartfelt words with attendees.

As part of the initiative, Pacific AA Foundation’s Chairman U Zaw Moe Khine and Vice Chairwoman Dr. Saw Nay Nwe presented a donation of 5 million kyats to Professor Dr. Eh Htoo Phe of the National Blood Center.

Professor Dr. Thida Aung shared the inspiring history of the Blood Bank and expressed her appreciation for the support. Ms. Christina Yong from Roche Myanmar also delivered a warm thank-you speech to all participants.
Each of the 192 blood donors received FEROPAC iron supplements, breakfast, and lunch as a token of gratitude for their selfless act.

We are proud to share some powerful images from the day — capturing the spirit of compassion and unity in action. 💉❤️

Pacific-AA Foundation မှ ငလျင်ဘေးဒါဏ်သင့် ဒေသများဖြစ်သော 🇲🇲မန္တလေးတိုင်းဒေသကြီး၊🇲🇲စစ်ကိုင်းတိုင်းဒေသကြီး၊ 🇲🇲နေပြည်တော်ပြ...
06/04/2025

Pacific-AA Foundation မှ ငလျင်ဘေးဒါဏ်သင့် ဒေသများဖြစ်သော
🇲🇲မန္တလေးတိုင်းဒေသကြီး၊
🇲🇲စစ်ကိုင်းတိုင်းဒေသကြီး၊
🇲🇲နေပြည်တော်ပြည်ထောင်စုနယ်မြေ
🇲🇲ပဲခူးတိုင်းဒေသကြီးရှိ
🏥ဆေးရုံ (၃၃)ရုံအား
💰MMK-1,838,624,700/- (သိန်းပေါင်း ၁၈,၃၈၆ သိန်းကျော်/-)
တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း 🙏

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွန်းလွဲချိန်တွင် မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား 7.7 အဆင့်ရှိ မြေငလျင်ကြီးကြောင့်မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအပါအဝင် ငလျင်ဘေးဒါဏ်သင့်ဒေသအသီးသီးတွင် ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးခဲ့ရပါသည်။

အဆိုပါ ငလျင်ဘေးဒါဏ်သင့် ဒေသများရှိပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဆေးကုသရေးလုပ်ငန်းစဉ်အသီးသီးအတွက် တစ်တပ်တစ်အားပါဝင်ကူညီသည့်အနေဖြင့် Pacific-AA Foundation မှ
မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းရေးအဖွဲ့ (၁) ဖြင့်

(၁)အုတ်တွင်းတိုက်နယ်ဆေးရုံ
(၂)ရေတာရှည်တိုက်နယ်ဆေးရုံ
(၃)ဆွာတိုက်နယ်ဆေးရုံ
(၄)မြို့လှတိုက်နယ်ဆေးရုံ
(၅)ရေနီတိုက်နယ်ဆေးရုံ
(၆)သာဝတ္ထိတိုက်နယ်ဆေးရုံ
(၇)လယ်ဝေးတိုက်နယ်ဆေးရုံ
(၈)ပေါင်းလောင်းယာယီဆေးရုံ
(၉)ပျဉ်းမနားဆေးရုံကြီး
(၁၀)တပ်ကုန်းဆေးရုံကြီး
(၁၁)တောင်ငူဆေးရုံကြီး
(၁၂)ကျွဲပွဲ တိုက်နယ်ဆေးရုံ
(၁၃)ညောင်ခြေထောက် တိုက်နယ်ဆေးရုံ
(၁၄)ဇေယျဝတီတိုက်နယ်ဆေးရုံ
(၁၅)ဖြူး ပြည်သူ့ဆေးရုံကြီး
(၁၆)ညောင်ပင်သာတိုက်နယ်ဆေးရုံ
(၁၇)အောင်မြင်တိုက်နယ်ဆေးရုံ
(၁၈)ပဲနွယ်ကုန်း တိုက်နယ်ဆေးရုံ
(၁၉)ကျောက်တံခါးတိုက်နယ်ဆေးရုံ အစရှိသည့် ဆေးရုံများသို့လည်းကောင်း၊

မြေပြင်သို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းရေးအဖွဲ့ (၂) ဖြင့်
(၂၀) သဲတောတိုက်နယ်ဆေးရုံ
(၂၁) ရွှေတောင်တိုက်နယ်ဆေးရုံ
(၂၂) မင်းစု တိုက်နယ်ဆေးရုံ
(၂၃) ညောင်ဖီးတိုက်နယ်ဆေးရုံ
(၂၄) ပုလိပ် တိုက်နယ်ဆေးရုံ
(၂၅) ဝမ်းတွင်းတိုက်နယ်ဆေးရုံ
(၂၆) မြစ်သားတိုက်နယ်ဆေးရုံ
(၂၇) စဉ့်ကိုင်တိုက်နယ်ဆေးရုံ
(၂၈) ပုသိမ်ကြီးတိုက်နယ်ဆေးရုံ
(၂၉) မိထ္ထီလာ ဆေးရုံ
(၃၀) ကူမဲတိုက်နယ်ဆေးရုံ
(၃၁) ကျောက်ဆည်ဆေးရုံ
(၃၂) အမရပူရဆေးရုံ
(၃၃) တံတားဦးဆေးရုံ အစရှိသည့်ဆေးရုံများသို့ လည်းကောင်း
စုစုပေါင်းဆေးရုံ (၃၃) ရုံသို့ ငလျင်ဘေးဒါဏ်သင့်ပြည်သူများဆေးဝါးကုသရေးအတွက် MMK-1,838,624,700/- (သိန်းပေါင်း ၁၈,၃၈၆ သိန်းကျော်/-)
တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါသည်။ 🙏
ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့ကြသော Pacific AA Foundation (Pacific AA Group) မှ ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ 💙🌟

ငလျင်ဘေးဒဏ်သင့် ပြည်သူများအားလုံး ဘေးဒုက္ခဆင်းရဲများမှ အမြန်ဆုံးလွတ်မြောက် ၍ ပြန်လည်ထူထောင်နိုင်ကြပါစေရန်အတွက် Pacific AA Foundation မှဆုတောင်းလျှက် တတ်နိုင်သမျှဝိုင်းဝန်းကူညီလျှက်ရှိပါကြောင်း တင်ပြအပ်ပါသည်။






Pacific-AA Foundation Donates Over MMK 1.83 Billion Worth of Medicines and Medical Devices to 33 Hospitals in Earthquake-Affected Regions 🙏
Following the devastating 7.7 magnitude earthquake that struck Myanmar on March 28, 2025 — impacting areas across Mandalay Region, Sagaing Region, Naypyidaw Region, Shan State, and Bago Region — the Pacific-AA Foundation stepped in to support those in urgent need.
In response to the disaster, we donated medical supplies valued at MMK 1,838,624,700 (over MMK 183.86 million) to assist with emergency medical care, rescue, resettlement, and rehabilitation efforts. Our dedicated teams personally delivered these donations to 33 hospitals across the affected regions.
Donation Team 1 visited:
1. Aungwin Township Hospital
2. Yedashe Township Hospital
3. Swa Township Hospital
4. Myohla Township Hospital
5. Yeini Township Hospital
6. Thawatti Township Hospital
7. Lewe Township Hospital
8. Paunglang Temporary Hospital
9. Pyinmana General Hospital
10. Tatkon General Hospital
11. Taungoo General Hospital
12. Kywebwe Township Hospital
13. Nyaungchayhtauk Township Hospital
14. Zeyyawadi Township Hospital
15. Phyu Public General Hospital
16. Nyaungpintha Township Hospital
17. Aungmyay Township Hospital
18. Penwegone Township Hospital
19. Kyauktaga Township Hospital
Donation Team 2 visited: 20. Thetaw Township Hospital
21. Shwetaung Township Hospital
22. Minsu Township Hospital
23. Nyaungphee Township Hospital
24. Puleik Township Hospital
25. Wundwin Township Hospital
26. Myittha Township Hospital
27. Sintgaing Township Hospital
28. Patheingyi Township Hospital
29. Meiktila Hospital
30. Kume Township Hospital
31. Kyaukse Hospital
32. Amarapura Hospital
33. Tadaoo Hospital
We extend our heartfelt gratitude to all Pacific-AA Foundation (Pacific AA Group) team members who traveled to personally deliver these donations. 💙🌟
Our thoughts and prayers are with everyone affected by the earthquake. May you all recover swiftly and rebuild your lives with strength and hope. The Foundation remains committed to providing continued support in any way we can.

Pacific-AA Group မှ ငလျင်ဘေးဒါဏ်သင့် ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့လှူဒါန်းခြင်း 🙏 🙏 🙏 ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွ...
05/04/2025

Pacific-AA Group မှ ငလျင်ဘေးဒါဏ်သင့် ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့လှူဒါန်းခြင်း 🙏 🙏 🙏

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွန်းလွဲချိန်တွင် မြန်မာနိုင်ငံပြည်တွင်း၊ မန္တလေးမြို့ ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား 7.7 အဆင့်ရှိ မြေငလျင်ကြီးကြောင့်မြန်မာနိုင်ငံ အတွင်းရှိ ငလျင်ဘေးဒါဏ်သင့်ဒေသအသီးသီးတွင် ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးခဲ့ရပါသည်။

အဆိုပါ ငလျင်ဘေးဒါဏ်သင့်ဒေသများရှိ မိဘ ပြည်သူများအား Pacific-AA Group မှ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် Pacific-AA Group အောက်ရှိ ဝန်ထမ်းများထဲမှ ငလျင်ဒါဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုခံခဲ့ရသောဝန်ထမ်း ( 59 ) ဦးအတွက် ထောက်ပံ့ လှူဒါန်းငွေ စုစုပေါင်းကျပ် ( 170,750,000 -/) အား ပေးအပ်ခဲ့သော ပုံရိပ်များအား မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။



 #ကူဖို့လှူဖို့ဝယ်ယူစို့ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီလိုသော စေတနာရှင်များအတွက် Pacific Medical Industries Ltd မှထုတ်လုပ...
03/04/2025

#ကူဖို့လှူဖို့ဝယ်ယူစို့

ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီလိုသော စေတနာရှင်များအတွက် Pacific Medical Industries Ltd မှထုတ်လုပ်သော ဆေးဝါးများကိုလည်း ဧပြီလ (၈) ရက်နှင့် (၉) ရက်နေ့များမှာ မနက် (၉) နာရီခွဲ မှ ညနေ (၆) နာရီခွဲထိ MYANMAR EXPO @ FORTUNE PLAZA မှာ အကျိုးအမြတ်မယူသော စျေးနှုန်းများဖြင့် ရောင်းချပေးသွားပါမည်။

ပါဝင်ကူညီနိုင်၊ လှူဒါန်းနိုင်ပါရန်အတွက် လာရောက်ဝယ်ယူကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

#ကူဖို့လှူဖို့ #ဝယ်ယူစို့ #ကူဖို့လှူဖို့ဝယ်ယူစို့
ပွဲအကြောင်းလေးကိုတော့ အောက်က link မှာ ဝင်ကြည့်ပါနော်။

https://www.facebook.com/share/p/16LSdFThsS/

#ကူဖို့လှူဖို့ဝယ်ယူစို့

၂၀၂၅ မတ်လတွင် ဖြစ်ပေါ်ခဲ့သော ငလျင်ဒဏ်ခံစားနေရသူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီရန်အတွက် လိုအပ်သော စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားအထွေထွေပစ္စည်းများကို လုပ်ငန်းရှင်အသင်းများမှ ပံ့ပိုး၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများနှင့် လှူဒါန်းလိုသော‌စေတနာရှင်များအား ချိတ်ဆက်ပေးနိုင်ရေးကို ဧပြီလ (၈) ရက်နှင့် (၉) ရက်နေ့များတွင် နံနက် ၀၉း၃၀ မှ ညနေ ၀၆:၃၀ ထိ MYANMAR EXPO HALL @ FORTUNE PLAZA တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားအထွေထွေပစ္စည်းများကို လုပ်ငန်းရှင်များက အကျိုးအမြတ်မယူသောဈေးနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ပါသည်။ ငလျင်ဒဏ်သင့်ဒေသများသို့ MDEA မှကြီးကြပ်၍ Ninja Van နှင့် Royal Express တို့မှ အခမဲ့ ပို့ဆောင်သွားမည် ဖြစ်ပါသည်။

သက်ဆိုင်ရာဒေသများသို့ရောက်ရှိသွားပါက မိမိတို့အစီအစဥ်ဖြင့်သော်လည်းကောင်း၊ MDEA ၏စီမံခန့်ခွဲမှုဖြင့်သော်လည်းကောင်း ဖြန့်ဖြူးကူညီနိုင်၊ လှူဒါန်းနိုင်ပါသည်။

ပါဝင်ကူညီနိုင်၊ လှူဒါန်းနိုင်ပါရန်အတွက် လာရောက်ဝယ်ယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#ကူဖို့လှူဖို့ #ဝယ်ယူစို့ #ကူဖို့လှူဖို့ဝယ်ယူစို့

မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် Pacific-AA Foundation ၏ဆေးဝါးအလှူ 🙏🙏🙏၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့...
30/03/2025

မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် Pacific-AA Foundation ၏ဆေးဝါးအလှူ 🙏🙏🙏

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွန်းလွဲချိန်တွင် မြန်မာနိုင်ငံပြည်တွင်း၊ မန္တလေးမြို့ ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား 7.7 အဆင့်ရှိ မြေငလျင်ကြီးကြောင့်
မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးခဲ့ရမှုအတွက် ထပ်တူဝမ်းနည်း ကြေကွဲရပါသည်။ 🙏

✍️ ငလျင်ဒါဏ်ဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရန်၊ ဆေးကုသမှူပေးရန် ဆေးဝါးများဝယ်ယူလှူဒါန်းလိုသော အလှူရှင်များအတွက် ပြည်တွင်းဆေးဝါးစက်ရုံ Pacific Medial Industries Ltd (PMI) မှ ထုတ်လုပ်ပြီး AA Medical Products Ltd မှ ဖြန့်ချီလျှက်ရှိသော ဆေးဝါးများကို Pacific-AA Foundation မှ တစ်တပ်တစ်အားကူညီလှူဒါန်းလိုပါသဖြင့် တစ်ဘူးဝယ်ယူပါက နောက်ထပ်တစ်ဘူး ထပ်တူ လှူဒါန်းခြင်း (1+1) အစီအစဉ်ဖြင့် ပါဝင်လှူဒါန်း ကုသိုလ်ယူသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဆေးဝါးဝယ်ယူလှူဒါန်းလိုသော အလှုရှင်များအနေဖြင့်အောက်ပါ ဖုန်းနံပါတ်များသို့ဆက်သွယ်မှာယူနိုင်ပါသည်။

လှူဒါန်းရန်အတွက်ဆေးဝါးဝယ်ယူလိုပါက ဆက်သွယ်ရန် -
📞 095117165
📞 09425751889

ဝယ်ယူလှူဒါန်းနိုင်မည့် Pacific Medical Industries Ltd (PMI) မှ ထုတ်လုပ်သော ဆေးဝါးများအား ပူးတွဲပါ စာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ငလျင်ဘေးဒဏ်သင့် ပြည်သူများအားလုံး ဒုက္ခဆင်းရဲများမှ အမြန်ဆုံးလွတ်မြောက် နလန်ထူပါစေကြောင်း Pacific AA Foundation မှဆုတောင်းလျှက် တတ်နိုင်သမျှဝိုင်းဝန်းကူညီလျှက်ရှိပါကြောင်း တင်ပြအပ်ပါသည်။




Pacific AA Group ၏ "Annual Staff Party 2024"ပွဲအခမ်းအနားကျင်းပခြင်း 🎉🎉🎉 ✍️အစဉ်အလာမပြတ်ကျင်းပခဲ့သော Pacific AA Group ၏ "A...
31/12/2024

Pacific AA Group ၏ "Annual Staff Party 2024"ပွဲအခမ်းအနားကျင်းပခြင်း 🎉🎉🎉

✍️အစဉ်အလာမပြတ်ကျင်းပခဲ့သော Pacific AA Group ၏ "Annual Staff Party 2024"ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် သာကေတမြို့နယ်ရှိ Pacific AA Distribution Center တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

✍️ဦးစွာပထမ အခမ်းအနား သို့တက်ရောက်လာသော ဝန်ထမ်းများအား Pacific AA Group ၏ Group Vice Chairwoman Dr. Saw Nay Nwe မှ Pacific AA Group နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း၊ Pacific AA Group ၏ Group Chairman ဦးဇော်မိုးခိုင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းများဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး တနိုင်ငံလုံးမှ(ရန်ကုန်, မန္တလေး,နေပြည်တော်,ပုသိမ်,ပြည်,မြိတ်,မကွေး,မုံရွာ,တောင်ကြီး,မြစ်ကြီးနား,ထားဝယ်,တောင်ငူ,ပြင်ဦးလွင်,ဟသ်ာတ,ကျိုင်းတုံ,ပဲခူး,မိတ္ထီလာ,ဖျာပုံ,မြဝတီ)ဝန်ထမ်းပေါင်း ၈၀၀ ကျော်တက်ရောက်ခဲ့ကြပါသည်။

✍️အခမ်းအနားတွင် လုပ်သက်နှစ်ရှည်ဝန်ထမ်းများဖြစ်သော လုပ်သက်နှစ်၂၀အထက်ဝန်ထမ်းများ၊လုပ်သက်၁၅နှစ်အထက်ဝန်ထမ်း များနှင့် လုပ်သက် ၁၀နှစ်အထက် ဝန်ထမ်းများ စုစုပေါင်း ၁၄၁ ဦးအား စုစုပေါင်း ငွေသား ကျပ်သိန်းပေါင်း ၁၇၉,၅၀၀,၀၀၀ ကျပ်တိတိပေးအပ်ချီးမြှင့်ခဲ့ပါသည်။

✍️ထို့နောက်ထူးချွန်ဝန်ထမ်းများ အားဆုချီးမြှင့်ခဲ့ပြီး ဆုအမျိုးအစားများမှာ Best Employee Award,Outstanding Leadership Award,Best Accounting Professional Award,Best Salesperson Award,Best Operations Employee Award,Special Contribution Awards တို့ဖြစ်ကြပြီး ထူးချွန်၀န်ထမ်း ၅၅ဦးအား ငွေကျပ်သိန်းပေါင်း ၁၆၉,၉၅၀,၀၀၀ ကျပ်တိတိအားချီးမြှင့်ပေးအပ်ခဲ့ပါသည်။

✍️အခမ်းအနားတက်ရောက်ခဲ့သော ဝန်ထမ်းများအားလဲရွှေဆွဲပြားများအပါအဝင် iPhone 13 Pro,Apple watches များ,Samsung Galaxy Tablets,Samsung Galaxy A4,LG လက်မ 50 TV,Chigo Aircon,Vivo V50 Lite,Honor Pad အစရှိသောငွေကျပ်သိန်းပေါင်း ၃၀၀ ကျော်တန်ဖိုးရှိ ဆုမဲပေါင်း ၂၀ကို ကံစမ်းမဲ ပြုလုပ်ပေးခဲ့ပါသည်။

✍️ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် နိုင်ငံကျော်အဆိုတော် မျိုးကြီးနှင့် စိုင်းစိုင်းခမ်းလှိုင်တို့မှသီဆိုဖျော်ဖြေပေးခဲ့ကြပြီး Azale Dancer group မှလဲအကအလှများဖြင့်ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။


Pacific AA Group's 'Annual Staff Party 2024' Celebration 🎉🎉🎉


✍️The Pacific AA Group's 'Annual Staff Party 2024' was held at the end of the year at the Distribution Center in the Tharkeyta Industrial Zone, with great enthusiasm and joy.

✍️The first ceremony was opened with an overview of the Pacific AA Group by Dr. Saw Nay Nwe, Group Vice Chairwoman, and a welcoming address by U Zaw Moe Khaing, Group Chairman. More than 800 employees from all over the country (Yangon, Mandalay, Nay Pyi Taw, Pathein, Pyay, Myeik, Magway, Monywa, Taunggyi, Myitkyina, Dawei, Taungoo, Pyinoolwin, Hinthada, Kyaingtone, Bago, Meikhtila, Pyarpon, Myawaddy) attended the event.

✍️At the ceremony, a total of (141) long-serving employees, categorized into those with over 20 years of service, over 15 years of service, and over 10 years of service, were honored with a total of 179,500,000 kyats in cash rewards.

✍️Outstanding employees were also recognized with awards, including the Best Employee Award, Outstanding Leadership Award, Best Accounting Professional Award, Best Salesperson Award, Best Operations Employee Award, and Special Contribution Awards. A total of (55) outstanding employees received a total of 169,950,000 kyats in cash rewards.

✍️Additionally, all attendees had the chance to participate in a lucky draw for 20 prizes worth over 300 million kyats. Prizes included gold pendants, iPhones, LG 50-inch TV, Chigo Aircon, Apple watches, Samsung Galaxy Tablets, Samsung Galaxy phones, Vivo V50 Lite, Honor Pad, etc.

✍️The entertainment program featured performances by famous singers Myo Gyi and Sai Sai Kham Hlaing, while the Azale Dancer group captivated the audience with beautiful dances, making the event a success.


23/12/2024

ကျန်းမာ၊ ချမ်းသာပြီး အောင်မြင်မှုများနှင့်ပြည့်စုံသည့်
၂၀၂၅ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း
Pacific-AA Group မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


Pacific Medical Industries Ltd (PMI) ဆေးဝါးစက်ရုံမှ “Transform Your Vision into Reality By Becoming A Brand Owner” ပွဲအခ...
26/10/2024

Pacific Medical Industries Ltd (PMI) ဆေးဝါးစက်ရုံမှ “Transform Your Vision into Reality By Becoming A Brand Owner” ပွဲအခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံရှိ အနောက်တိုင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ Pacific Medical Industries Ltd (PMI) သည် “ Transform Your Vision into Reality By Becoming A Brand Owner” အခမ်းအနားကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့ ၊ ကြာသပတေးနေ့ ညနေ (6:00 )PM မှ (9:00)PM အထိ
LOTTE HOTEL (MAIN BALL ROOM) ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် Pacific Medical Industries Ltd (PMI) ၏ Founder & Group Chairman ဦးဇော်မိုးခိုင် မှ ရှေးဦးစွာ အခမ်းအနား ၏ ရည်ရွယ်ချက် နှင့် နိုင်ငံသားပိုင် နိုင်ငံတကာ အဆင့်မှီပြည်တွင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ Pacific Medical Industries Ltd အနေဖြင့် မြန်မာပြည်ရှိ ပထမဆုံး ပုဂ္ဂလိကအနောက်တိုင်းဆေးဝါးစက်ရုံ တည်ထောင်နိုင်ခဲ့ခြင်းကြောင့် ပြည်တွင်း ဆေးဝါး ထုတ်လုပ်မှုကဏ္ဍနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် တိုးတက်ပြောင်းလဲမှု များစွာကို ဖော်ဆောင်နိုင်ခဲ့ ပါကြောင်း၊ ယခုလိုအနောက်တိုင်းဆေးဝါးစက်ရုံရှိခြင်းအားဖြင့် နောက်ဆုံးပေါ် ဆေးဝါးများ ရရှိရန် ခက်ခဲမှု၊ ဆေးဝါးတင်သွင်းရန် အခက်အခဲရှိနေသူများအတွက် အတူလက်တွဲ ဖြေရှင်းနိုင်မှာ ဖြစ်တဲ့သည့် အပြင် မိမိကိုယ်ပိုင် Brand ဆေးဝါး ထုတ်လုပ်လိုသူ၊စိတ်ဝင်စားသူ လုပ်ငန်းရှင်များ အတွက်လည်း အခွင့်အလမ်း ကောင်းများရရှိနိုင်ပြီဖြစ်ကြောင်းကို အဖွင့်နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ PMI ၏ CEO ဖြစ်သူ Mr. Devan Pillay မှ စက်ရုံရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဆေးဝါးထုတ်လုပ်ရေးစက်ရုံအခန်းကဏ္ဍများကိုအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး PMI ၏ General Manager: Business Development ဖြစ်သူ Mr. Anan Anpruang နှင့် International Business Development Manager Dr.ကျော်သီဟ တို့မှ PMI စက်ရုံ၏ ဆေးဝါးများထုတ်လုပ်နိုင်မှု၊ ထုတ်လုပ်နိုင်သော ဆေးဝါးအမျိုးအစားများ၊ ထုတ်လုပ်နိုင်သည့် အရေအတွက်၊ Private Label Manufacturing အားစိတ်ပါဝင်စားသော လုပ်ငန်းရှင်များအတွက် PMI နှင့်ချိတ်ဆက်ဆောင်ရွက်ပုံလုပ်ငန်း အဆင့်ဆင့် တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Co-founder & Group Vice Chairman Dr. စောနေနွယ် မှ လက်ရှိ ပြုလုပ်နေသည့် CSR လုပ်ငန်းဆောင်တာများကို ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို Pacific Medical Industries (PMI) ၏ မိတ်ဖက်ကုမ္ပဏီကြီးများ၊ ဆေးဝါးကုန်သည်ကြီးများ၊ ဆေးဆိုင်ပိုင်ရှင်ကြီးများ ၊ Professor ဆရာကြီးများနှင့်အထူးကုဆရာဝန်ကြီးများနှင့် ဆေးရုံဆေးခန်း ပိုင်ရှင်များ၊ ဆေးဝါးထုတ် လုပ်ရန် စိတ်ဝင်စားသူများ စသည့်တို့မှ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကိုလည်း မေးမြန်း ဆက်လက်ပြီး နာမည်ကျော် အဆိုတော်များ ဖြစ်သော ထွန်းအိ‌ြန္ဒာဗိုလ်၊ ဝေလ နှင့် နီနီခင်ဇော် တို့မှလဲ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ကြွရောက်လာသူ များအနက်မှ ကံထူးရှင်များကို Apple iPhone 16 Promax 256 GB , M4 iPad Pro 13 (2024)နှင့် M3 Mac Book Air (2024)များ ကံစမ်းမဲနှိုက်၍ ရွေးချယ်ပေး အပ်ခဲ့ပြီး အခမ်းအနားကို ခမ်းခမ်းနားနား ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Private Label Manufacturing ကိုစိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် PMI ၏ Chief Operating Officer – U Htoo Aung Kyaw, htooaungkyaw@pacific-aa.com, Phone : 095135740 သို့ဆက်သွယ်နိုင်ပြီး PMI ၏အသေးစိတ်အချက်အလက်များကို www.pmipharma.com တွင်လေ့လာနိုင်ပါသည်။

Private Label Manufacturing ပွဲအခမ်းအနားတွင်တင်ဆက်ခဲ့သော video များအား အောက်ပါ Youtube link များတွင်လေ့လာနိုင်ပါသည်။

Opening Video of Private Label Manufacturing Event (4 Eras ) - https://www.youtube.com/watch?v=cQPbSSZLs0M

Private Label Manufacturing Video - https://www.youtube.com/watch?v=MfIoPRaZjRc

Pacific Medical Industries Ltd Documentary Video - https://www.youtube.com/watch?v=TILD7_QxRnQ
----------------------------------------

Transform Your Vision into Reality by Becoming a Brand Owner

Pacific Medical Industries Ltd (PMI), Myanmar's first private, locally-owned pharmaceutical manufacturing company, held an event titled “Transform Your Vision into Reality by Becoming a Brand Owner” on Thursday, October 24, 2024, from 6:00 PM to 9:00 PM at the LOTTE HOTEL (Main Ballroom).

During the event, U Zaw Moe Khine, the Founder and Group Chairman of PMI, introduced the purpose of the gathering and highlighted PMI’s achievements as Myanmar’s pioneering private pharmaceutical factory meeting international standards. He emphasized that establishing such a facility has significantly advanced the domestic pharmaceutical sector and improved public healthcare. PMI factory also alleviates challenges for those struggling to access or import the latest medicines, offering solutions and opportunities for entrepreneurs interested in producing their own branded pharmaceuticals.

Following this, Mr. Devan Pillay, CEO of PMI, outlined the factory’s objectives and various pharmaceutical manufacturing sectors. Additionally, Mr. Anan Anpruang, General Manager of Business Development and Dr. Kyaw Thiha, International Business Development Manager discussed PMI’s production capabilities, the types and quantities of medicines manufactured and the step-by-step process for entrepreneurs interested in private label manufacturing. Lastly, Dr. Saw Nay Nwe, Co-founder and Group Vice Chairman provided insights into Pacific-AA Group’s current CSR initiatives.

The event attracted a diverse audience including PMI’s partner companies, major pharmaceutical distributors, pharmacy owners, professors and specialists, hospital and clinic owners, Attendees actively engaged in discussions and enjoyed performances by renowned singers Htun Aeindra Bo, Wai La, and Ni Ni Khin Zaw. The event also featured a raffle with lucky winners receiving prizes such as iPhone 16 Pro Max (256 GB), M4 iPad Pro (2024, 256 GB ) and M3 MacBook Air (2024). The event concluded successfully and with grandeur.

Entrepreneurs interested in private label manufacturing can contact the Chief Operating Officer via htooaungkyaw@pacific-aa.com or contact no 095135740. For further details about PMI, please visit www.pmipharma.com.



Pacific-AA Group ဝန်ထမ်းများ၏ ၂၀၂၄ ခုနှစ် ဝါကျွတ် ကန်တော့ပွဲ 🙏🙏🙏✍️၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် Pacific AA Gro...
15/10/2024

Pacific-AA Group ဝန်ထမ်းများ၏ ၂၀၂၄ ခုနှစ် ဝါကျွတ် ကန်တော့ပွဲ 🙏🙏🙏

✍️၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် Pacific AA Group ၏ဝန်ထမ်းများမှ Group CEO & Managing Director ဖြစ်သူ ဦးဇော်မိုးခိုင်နှင့် Group Deputy Managing Director ဒေါက်တာစောနေနွယ်တို့အား ဝါကျွတ်ကာလတွင် လူကြီးမိဘဆရာသမားများကို ကန်တော့ကြသည့် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း ရိုသေလေးစားဂါရ၀တရားဦးထိပ်ထား၍ ဝါကျွတ်ကန်တော့ပွဲပြုုလုပ်ခြင်းအား Virtual zoom ဖြင့် ကြည်နူးဖွယ်ရာ ကျင်းပခဲ့ပါသည်။

✍️Pacific-AA Group ၏ အကြီးအကဲများမှလည်း ဝန်ထမ်းများအားလုံးအပေါ်တွင် ဆုတောင်းစကားများ ပြောကြားခဲ့ကြပြီး ဝန်ထမ်းပေါင်း ၉၅၀ ကျော်အတွက်အတွက်ကန်တော့ကျိုးဆုငွေအဖြစ် ကျပ်သိန်းပေါင်း ၁၀၃၀ ကျော် အား ဝန်ထမ်းအသီးသီးအား ခွဲဝေချီးမြှင့်ပေး ခဲ့ပါကြောင်း ကြည်နူးဝမ်းမြောက်စွာဖြင့် မျှဝေအပ်ပါသည်။ 🙏🙏🙏

Pacific AA Group Employees’ Thadingyut Homage Ceremony

✍️On October 14, 2024, employees of Pacific AA Group paid homage for Thadingyut to Group CEO and Managing Director U Zaw Moe Khine, Group Deputy Managing Director Dr. Saw Nay Nwe, and various other elders and senior members, in keeping with a respected Burmese custom. This homage ceremony was conducted virtually via Zoom.

✍️The Group Chairman and Deputy Managing Director of Pacific AA Group also shared words of goodwill with the staff and provided a Thadingyut allowance totaling above 103 million kyats for a total of above 950 employees, which was distributed among them.



Address

No. 209/210/211, Corner Of Kwan At Mintharkyi Road And Strand Road, Industrial Zone, Dagon Seikkan Township
Yangon
11441

Telephone

+951532577

Website

Alerts

Be the first to know and let us send you an email when Pacific Medical Industries Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram