17/04/2026
မင်္ဂလာပါရှင်၊ ✨
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အခါသမယမှာ မမမြင့်မာနဲ့အတူ HIV Edu Myanmar နဲ့ Health Myanmar တို့ကနေ မောင်လေး ညီမလေးများအားလုံးကို လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်သ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ 😊
နှစ်ဆန်းတစ်ရက်နေ့ကစပြီး လူတိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး အေးချမ်းသာယာတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။ 💐
ဒါ့အပြင် မမတို့ အလေးအနက်ထား ဆုတောင်းတာတစ်ခုရှိပါတယ်။ အဲဒါကတော့၊ မမတို့နဲ့အတူ ယဉ်တွဲနေထိုင်နေကြတဲ့ HIV ပိုးရှိသူ မောင်လေး ညီမလေးများအားလုံးအတွက် ပိုပြီး ထိရောက် ကောင်းမွန်တဲ့ ဆေးဝါးတွေနဲ့ ကုသနည်းသစ်တွေ အမြန်ဆုံးပေါ်ထွက်လာပါစေလို့ပါ။ 🙏💊
မမတို့ HIV Edu Myanmar နဲ့ Health Myanmar တို့က မောင်လေး ညီမလေးတို့ရဲ့ ကျန်းမာရေးနဲ့ ဘဝအရည်အသွေး တိုးတက်ဖို့အတွက် အမြဲတမ်း ပံ့ပိုးကူညီပေးနေဦးမှာပါ။ 💪 နှစ်သစ်မှာ အေးချမ်းကြပါစေ၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါနော်။